← Chapters

ဝမ်ကူးကုန်းမြေ၏ လျှို့ဝှက်ချက်(ဃ)

Vol. 58 Ch. 895

ဝမ်ကူးကုန်းမြေ၏ လျှို့ဝှက်ချက်(ဃ)

Vol. 58 Ch. 895

“ ဒီတော့ မင်းမြင်လား… သူ ငါတို့အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ… သူ့ရဲ့ညီအကိုမောင်နှမတွေပေါ်မှာလေ ”

ဝတ်စုံနီအမျိုးသမီးသည် အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။

“ တတိယညီတော်ရဲ့ သွေးနဲ့ချီက ဘယ်ကိုစီးဆင်းသွားလဲ မင်းသိလား ”

“ မင်း မကြာခင် တွေ့ရပါလိမ့်မယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ မည်သို့ပြန်ပြောရမည်မှန်း သူမသိပေ။ သူက သက်ပြင်းသာချနိုင်၏။

ဤသို့လာရာလမ်းတစ်လျှောက်တွင် သူသည် တစ်ဖက်လူထံမှ ကိစ္စများစွာကို နားထောင်ခဲ့ရပြီး လဝတ်ပြုဒေသကြီးအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် ပိုပြီးရှင်းလင်းလာသည်။

သို့သော်လည်း ပိုပြီးသူနားလည်လာလေ ဤဒေသကြီးထံမှ သက်ရှိအားလုံး၏ အခက်အခဲကို ပိုပြီးသိမြင်လာလေ ဖြစ်သည်။

“ ကောင်လေး… ငါ့ကိုကူညီပြီး ဒီနေရာက အနီရောင်လရဲ့ အချုပ်အနှောင်စည်းတွေထဲမှာ အပေါက်တစ်ခုဖြစ်အောင် ဖွင့်ပေးပါ… သေးသေးလေးဆိုရင်တောင် အဆင်ပြေတယ် ”

ဝတ်စုံနီအမျိုးသမီးသည် ရွှီချင်းကိုကြည့်လိုက်သည်။ သူ၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလဝိညာဉ်နတ်သူငယ်ကို လှုံ့ဆော်လိုက်သည်။ ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ အနီရောင်လ၏ အချုပ်အနှောင်စွမ်းအင်လှိုင်းများသည် နိုးထလာသည်။

အချုပ်အနှောင်စွမ်းအားသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဘေးပတ်ဝန်းကျင်၌ အနီရောင်ချည်မျှင်များ ပေါ်လျှိုးလာသည်။

ချည်မျှင်နီများသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ကြီးမားသော ကွန်ချာတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ အရာအားလုံးကို လွှမ်းခြုံသွားသည်။

များမကြာမီ ချည်မျှင်နီများအနက် တစ်မျှင်ပေါ်မှာ ခရမ်းရောင်အစက်အပြောက်များ ထွက်ပေါ်လာသည်။

ယင်းက ခရမ်းရောင်ချည်မျှင်သို့ လုံးလုံးပြောင်းလဲသွားသည့်အခိုက် ဤနေရာမှ အနီရောင်လ၏ အချုပ်အနှောင်စည်းများသည် ရုတ်တရက် ရပ်တန့်သွားပြီး ဖြည်းညင်းစွာ လှည့်ပတ်သွားသည်။

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူ့အတွက် ဤနေရာမှ အချုပ်အနှောင်စည်းများကို အသုံးပြုရန် မခက်ခဲပေ။ သို့သော်လည်း အကယ်၍ သူက အပေါက်တစ်ခု ဖွင့်ချင်လျှင် ယင်းက လွယ်ကူသော ကိစ္စမဟုတ်ပေ။ သို့ဖြစ်၍ ဤအခိုက်အတန့်၌ သူလုပ်နိုင်သည်မှာ ဤနေရာမှ အနီရောင်လစွမ်းအားကို စုပ်ယူပြီး အချုပ်အနှောင်စည်းများကို အားနည်းသွားစေမည် ဖြစ်သည်။

သို့မှသာ သူ၏ ခရမ်းလနတ်ဘုရားအခွင့်အာဏာကို အသုံးပြု၍ အပေါက်ငယ်တစ်ခုကို ဖွင့်လှစ်နိုင်လိမ့်ပေမည်။

ဤသည်မှာ သူ၏ လက်ရှိအကန့်အသတ် ဖြစ်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မကြာမီ သုံးရက်ကုန်လွန်သွားသည်။

ထိုသုံးရက်အတောအတွင်း ရွှီချင်းသည် အနီရောင်လစွမ်းအားကို အစဉ်မပြတ် စုပ်ယူပြီး ပေါင်းစပ်ခဲ့သည်။

ယင်းက သုံးရက်မြောက်နေ့ ညနေခင်းအချိန်အထိ ကြာမြင့်ခဲ့ပြီး တောင့်ခံနိုင်သော သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။ ထိုအခါ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အောက်ဘက်ရှိ ရေခဲအလွှာပေါ်သို့ ဖိချလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ အနီရောင်လ၏ အချုပ်အနှောင်စည်းများသည် ချက်ချင်း ပရမ်းပတာဖြစ်လာပြီး ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။

ထိုဝဲကတော့ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝတ်စုံနီအမျိုးသမီး၏ ခန္ဓာကိုယ်သည် ဝေဝါးလာသည်။ မကြာမီ သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး အပြာရောင်မြူခိုးဘောလုံးတစ်လုံးသို့ အသွင်ပြောင်းလဲသွားသည်။ မြူခိုးထဲတွင် အကြွင်းအကျန်ဝိညာဉ်အမျှင်တန်းတစ်ခုကို မသဲမကွဲ မြင်နိုင်ပေသည်။

ထိုဝိညာဉ်သည် လူငယ်တစ်ယောက်ပုံပေါ်သည်။ သူက ရေခဲမြစ်အောက်မှ လူငယ်နှင့် ရုပ်သဏ္ဍာန်ဆင်တူသော်လည်း ပိုပြီးဩဇာကြီးမားသည်။ ဤအခိုက်အတန့်မှာ သူက အလျှင်အမြန် ပျံသန်းသွားပြီး ဝဲကတော့ဆီသို့ ဦးတည်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သူက ဝဲကတော့နှင့်ပေါင်းစပ်သွားပြီး အထဲသို့ ထိုးဖောက်ဝင်နိုင်ရန် ကြိုးစားသည်။

ထိုစဉ် အနီရောင်လ၏ အချုပ်အနှောင်စည်းများသည် ပိုပြီးပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး အတားအဆီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ရွှီချင်းသည် အစွမ်းကုန်ထုတ်သုံး၍ ယင်းကို ထိန်းချုပ်လိုက်သည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သောကြောင့် အချုပ်အနှောင်စည်းကို အတင်းအကျပ် ထိန်းချုပ်လိုက်သည့်အခါတိုင်း သူ၏ ဝိညာဉ်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသည့်အလား နာကျင်ခံစားသွားရသည်။

သူ၏ ခရမ်းလဝိညာဉ်နတ်သူငယ်သည်ပင် တုန်ယင်လာပြီး နာကျင်သော လက္ခဏာများကို ပြလာသည်။

ဤသည်မှာ အကြွင်းအကျန်ဝိညာဉ်က အပြင်ဘက်မှ အထဲသို့ဝင်ရောက်ရန် ကြိုးစားနေခြင်းမျှသာ ဖြစ်သည်။

အကယ်၍ ၎င်းကသာ အကြွင်းအကျန်ဝိညာဉ်မဟုတ်လျှင် သို့မဟုတ် တစ်စုံတစ်ရာက အတွင်းဘက်မှ အပြင်ဘက်သို့ ထွက်လာခြင်းသာဖြစ်လျှင် သူက အရာအားလုံးကို စတေးမည်ဆိုလျှင်ပင် တစ်ဖက်လူကို ဝင်ထွက်နိုင်အောင် ပြုလုပ်ပေးနိုင်မည် မဟုတ်ပေ။

ယခုပင်လျှင် သူက အများကြီး မစွမ်းဆောင်နိုင်ပေ။

သို့သော်လည်း ခေါင်းတလားထဲမှ တည်ရှိမှုသည် မီးတောက်ပင်လယ်အောက်မှ လွတ်မြောက်လာပြီးနောက် ဤနေရာကို ရွေးချယ်ခဲ့လေရာ ထုံးစံအားဖြင့် သူ့မှာ ယုံကြည်မှုရှိသင့်ပေသည်။

ဤအခိုက်အတန့်မှာ သူ၏ ဝိညာဉ်အရိပ်သည် အပြာရောင်အလင်း တလက်လက်တောက်ပလာပြီး အထွတ်အမြတ်အစွမ်းအတွက် လောင်ကျွမ်းပစ်လိုက်သည်။ ထို့နောက် သူက ရွှီချင်းဖွင့်လှစ်ထားသော ဝဲကတော့ထဲသို့ အမြန်ဝင်ရောက်သွားသည်။

ရွှီချင်းသည် ပြင်းထန်သော ဖိအားကြောင့် ပါးစပ်အပြည့်သွေးကို အန်ထုတ်လိုက်ရသည်။ ခရမ်းလဝိညာဉ်နတ်သူငယ်သည်လည်း မှေးမှိန်လာသည်။ လူငယ်၏ အကြွင်းအကျန်ဝိညာဉ်သည်တော့ နောက်ဆုံးမှာ အတားအဆီးကို ချိုးဖောက်နိုင်သွားပြီး အထဲဝင်ရောက်သွားသည်။

အချုပ်အနှောင်စည်းထဲသို့ ဝင်ရောက်ပြီးသောအခါ အကြွင်းအကျန်ဝိညာဉ်သည် သာမန်မျက်စိဖြင့်မြင်နိုင်သော အလျင်ဖြင့် လွင့်ပြယ်သွားနေသည်။ ဤသည်မှာ ၎င်းက အချိန်ကြာကြာ မတည်ရှိနိုင်ဟန် ရသည်။

ထို့ကြောင့် သူက လုံးဝတုံ့ဆိုင်းမနေဘဲ တတိယညီတော်၏ နဖူးပေါ်မှ သံချောင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

သူက လုံးလုံးမလွင့်ပြယ်သွားမီ သံချောင်းထဲသို့ ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် သူ၏ ပါးစပ်ထောင့်မှ သွေးကို သုတ်ပစ်လိုက်ပြီး ဖြည်းဖြည်းချင်း အနောက်ဆုတ်သွားသည်။ ထို့နောက် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး အသက်ရှူခြင်းလုပ်ငန်းစဉ်ကို ပြန်ချိန်ညှိလိုက်သည်။ သူက အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ ဖြစ်သည်။

တစ်ဖက်လူ၏ အစီအစဉ်က အောင်မြင်ခြင်း မအောင်မြင်ခြင်းသည်တော့ သူထိန်းချုပ်နိုင်သောအရာ မဟုတ်ပေ။

ထို့ပြင် သူ့မှာ တစ်ဖက်လူကို ရှာဖွေရန် ခွန်အားမရှိပေ။

တစ်ချိန်တည်းမှာ ထိုနေရာနှင့် ဝေးကွာသော ရေကန်အောက်တွင် ရာပေါင်းများစွာသော ခေါင်းတလားများသည် ရက်အတော်ကြာသည်အထိ သက်တံ့ရောင်လက်တံများ၏ ဆွဲချခံရပြီးနောက် ရေကန်အောက်ခြေသို့ ရောက်ရှိသွားကြသည်။

ထိုနေရာတွင် ဝဲကတော့တစ်ခုရှိပြီး လောဘရမ္မက်နှင့် လိုချင်တပ်မက်သော စိတ်ခံစားချက်များကို ထုတ်လွှတ်နေသည်။

ခေါင်းတလားများသည် ထိုဝဲကတော့၏ ဝါးမျိုခြင်းခံလိုက်ရသည်။

သူတို့သည် ထူးဆန်းသော လောကတစ်ခုဆီသို့ ဝင်ရောက်သွားကြသည်။

ခေါင်းတလားများထဲမှ တစ်ခုထဲတွင် လဲလျောင်းနေသော ခေါင်းဆောင်သည် ထပ်မံမျက်လုံးဖွင့်လိုက်လေသည်။ မျှော်လင့်ချက်ကြီးမားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နောက်ဆုံးတော့ ငါဒီကို ရောက်လာပြီ… ကလေးတွေ မင်းတို့ဖိုးဖိုး ရောက်လာပြီဟေ့ ”

All Chapters