← Chapters

ဟိုးကိုကြည့်စမ်း သံချောင်းပေါ်မှာ တစ်ယောက်ယောက်ရှိနေတယ်(ဃ)

Vol. 58 Ch. 903

ဟိုးကိုကြည့်စမ်း သံချောင်းပေါ်မှာ တစ်ယောက်ယောက်ရှိနေတယ်(ဃ)

Vol. 58 Ch. 903

ရွှီချင်း၏ အနောက်တွင် အလွန်ကြီးမားသော အပြာရောင်သံချောင်းသည် ပိုပြီးမြန်ဆန်လာပြီး မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ အပြာရောင်အလင်းပင်လယ်သည် ၎င်းကို ဝန်းရံထားသေးသည်။ ကောင်းကင်နှင့် မြေပြင်က ပြိုကျအက်ကွဲနေစဉ် ၎င်းသည် ရေခဲအလွှာ၏ မျက်နှာပြင်ပေါ်သို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သံချောင်းနှင့် မြေပြင်ကြားတွင် ပေနှစ်သောင်းမျှသာ ကွာခြားတော့၏။

ထိုမျှနီးကပ်သော အကွာအဝေးကြောင့် သံချောင်းမှ ထုတ်လွှတ်နေသော အဖျက်စွမ်းအားသည် အရာအားလုံးကို ပျက်သုန်းသွားစေနိုင်စွမ်း ရှိသည်။ ရေခဲအလွှာ၏ ပြိုကျပျက်စီးမှုသည် အရပ်မျက်နှာအဘက်ဘက်သို့ ဆင့်ပွားပျံ့နှံ့သွားပြီး မြေပြင်ပေါ်တွင် အလွန်ကြီးမားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဘေးပတ်ဝန်းကျင်သည် ဝုန်းခနဲမြည်သံဖြင့်အတူ အက်ကွဲသွားသည်။ အက်ကွဲကြောင်းသည် ပေတစ်သိန်းနက်ရှိုင်းပြီး ဆက်လက်ပြိုကျပျက်စီးနေဆဲပင်။ ရေခဲပြင်အောက်တွင် အိပ်မောကျနေကြသော ဝိညာဉ်များသည် မနိုးလာမီ ထိုဖိအားအောက်မှာ သေဆုံးသွားကြသည်။

နိုးထလာသူများသည် ပို၍ပင် အဖြစ်ဆိုးသေး၏။ သူတို့သည် ဖိအားအောက်မှ မလွတ်မြောက်နိုင်ကြဘဲ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။

သံချောင်းသည် မြေပြင်နှင့် ပိုပြီးနီးကပ်လာသည်။ ပေတစ်သောင်း၊ ပေရှစ်ထောင်၊ ပေငါးထောင်… အစရှိသဖြင့် မြန်ဆန်စွာ ချဉ်းကပ်လာသည်။

မြေပြင်၏ အပိုင်းပိုင်းအစစ အက်ကွဲမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယခု အက်ကွဲကြောင်း၏ အောက်ခြေတွင် မြေကြီးနှင့် မြေဆီလွှာသည် ထွက်ပေါ်လာသည်။ ခေါင်းဆောင်က နေလုံးကို မြှောက်တင်လိုက်သည့်တုန်းကနှင့် မတူညီဘဲ ကိုယ့်ဘာသာ ပြန်လည်ကုသနိုင်သော ရေခဲအလွှာသည် ဤအခိုက်အတန့်မှာ ၎င်း၏ ကုသစွမ်းရည်ကို ဆုံးရှုံးသွားသည်။

နားကွဲလုမတတ် ကျယ်လောင်သော အသံသည် ကမ္ဘာငယ်တစ်ခုလုံးကို တစ်ခါမှမဖြစ်စဖူး တုန်ယင်သွားစေသည်။ အုပ်ချုပ်သူ၏ သံချောင်းသည် ရေခဲပြင်၏ အနက်ပိုင်းထဲသို့ ထိုးဆင်းသွားသည်။

သံချောင်းနှင့် ရေခဲပြင်အလွှာ တွေ့ဆုံသွားသည့်အခိုက် မုန်တိုင်းစက်ကွင်းတစ်ခုသည် ရေခဲပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ သံချောင်း၏ ဖိအားကြောင့် ရေခဲပြင်ပေါ်မှာ တွင်းနက်တစ်ခုဖြစ်ပေါ်လာသည့်အခါ တုန်ခါအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားကြသည်။

ရေခဲအလွှာသည် ဆက်လက် ပေါက်ကွဲသွားပြီး ထိုနေရာကို ဗဟိုပြု၍ လေထဲသို့ မြောက်ကြွသွားသည်။

ငါးဆယ်ကီလိုမီတာ… ငါးရာကီလိုမီတာ… ငါးထောင်ကီလိုမီတာ…

အဆုံးမဲ့ရေခဲအလွှာများသည် တစ်ပြိုင်နက် ပေါက်ကွဲသွားကြသည်။

ထောပတ်ကို ပူနွေးသော ဓားက ထိုးဖောက်သွားသည့်အလား သံချောင်းသည် တွင်းနက်ထဲသို့ ဆက်လက် တိုးဝင်သွားသည်။

နောက်ဆုံးမှာတော့ သံချောင်းသည် တွင်းနက်၏ အောက်ခြေမှ အစစ်အမှန် မြေကြီးဖြင့် တွေ့ဆုံသွားသည်။ မြေပြင်သည် ကြေမွပျက်စီးသွားပြီး အေးခဲနေသော မြေကြီးသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲထွက်သွားသည်။

သံချောင်းသည် ယင်းကို ဖြိုခွဲပစ်လိုက်ပြီး ဤကမ္ဘာငယ်၏ အောက်ခြေမျက်နှာပြင်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။

၎င်းသည် ပို၍အားကောင်းသော အရှိန်အဝါ၊ ပို၍ခိုင်မြဲသော ယုံကြည်မှုနှင့် ပိုပြီးကြောက်စရာကောင်းသော ထက်ရှမှုတို့ဖြင့် ကမ္ဘာငယ်၏ အနက်ပိုင်းထဲသို့ အကြမ်းပတမ်း ဆက်လက် ထိုးဖောက်သွားသည်။

အပြင်ဘက်တွင် ရွှီချင်းသည် လေထဲမှာရှိနေသော်လည်း သူက ထိုနေရာနှင့် အလွန်နီးကပ်သည်။

သို့ဖြစ်၍ မြေပြင်ပြိုကျအက်ကွဲမှု၏ တန်ပြန်အားလှိုင်းများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ့အား ဟန်ချက်ပျက်သွားစေသည်။ သူက ကြိုးပြတ်သွားသော စွန်ပမာ အဝေးသို့ လွင့်စင်သွားသည်။

ခေါင်းဆောင်နှင့် တခြားနှစ်ယောက်သည်တော့ သူတို့သည် လေပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် အန္တရာယ်မရှိသော အကွာအဝေးမှာ ရှိနေကြပြီး ရတနာအရေပြားကို အကာအကွယ်အဖြစ် အသုံးပြုထားကြသည်။ ကောင်းကင်ပေါ်မှ နေလုံးသည်ပင် ခေါင်းဆောင်၏ ဆင့်ခေါ်မှုကြောင့် ပြန်လည်ရောက်ရှိလာပြီး သူတို့နှင့်အတူ ဝန်ထမ်းပိုးထားရသည်။ သို့ဖြစ်၍ သူတို့၏ လက်ရှိအခြေအနေသည် ဘေးကင်းလုံခြုံသည်ဟု ဆိုနိုင်၏။

သို့သော်လည်း သူတို့အားလုံးသည် ရင်တုန်ပန်းတုန် ဖြစ်နေကြသည်။

နှစ်ဖက်သည် မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။ ရွှီချင်း၏ အသံသည် သတိပေးသည့်သဘောဖြင့် ရုတ်တရက် ပျံ့လွင့်လာသည်။

“ မင်းတို့အားလုံး အစွမ်းကုန်သုံးပြီး လေပေါ် ပျံတတ်ကြပါ… အောက်ဘက်မှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာတော့မယ် ”

ထိုသံချောင်း၏ ရည်ရွယ်ချက်ကို ရွှီချင်းသည် ရှင်းလင်းစွာ နားလည်ထားသည်။ သို့ဖြစ်၍ ကမ္ဘာငယ်၏ ပြိုလဲပျက်စီးမှုသည် မြေပြင်မှ စတင်လိမ့်မည်ဖြစ်ကြောင်း သူနားလည်သည်။ သူတို့ကို သတိပေးပြီးနောက် သူက ပြိုကျနေသော ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံသန်းသွားသည်။

ခေါင်းဆောင်နှင့် တခြားနှစ်ယောက်သည် မြန်ဆန်စွာ တုံ့ပြန်ကြသည်။ ယခုအချိန်သည် အတိတ်ကို ပြန်လွမ်းဆွေးနေရမည့်အချိန်မဟုတ်ကြောင်း သူတို့အားလုံး နားလည်ကြသည်။ သို့ဖြစ်၍ သူတို့သည် အစွမ်းကုန်သုံး၍ လေထဲသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။

ဝူကျန်းဝူနှင့် နင်ယန်သည် နှေးကွေးသည်။ ခေါင်းဆောင်သည် သူတို့နှစ်ယောက်၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး ပို၍အားကောင်းသော ခွန်အားကို ထုတ်လွှတ်လိုက်ကာ လေထဲသို့ ပျံသန်းသွားသည်။

ထိုသို့ဖြင့် သူတို့လေးယောက်သည် မြေပြင်နှင့် ဝေးသထက် ပိုပြီးဝေးလာသည်။ သူတို့က ကောင်းကင်နှင့် နီးကပ်လာသည့်အခါ ကမ္ဘာသည် နောက်တစ်ခါ တုန်ယင်လာသည်။

ဤတစ်ကြိမ်တွင် ယခင်ထက် ပို၍ပြင်းထန်ပြီး ပို၍အံ့ဖွယ်ကောင်းသည်။ အားလှိုင်းသက်ရောက်မှု အကျယ်အဝန်းသည် ငါးထောင်ကီလိုမီတာမျှသာ မဟုတ်တော့ပေ။ ယင်းက ဤကမ္ဘာငယ်တစ်ခုလုံးပေါ်သို့ သက်ရောက်သွားခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် စောစောတုန်းက အားလှိုင်းထွက်ပေါ်မှု၏ အရင်းအမြစ်သည် အပေါ်မှ အောက်သို့ဖြစ်ပြီး ယခုတစ်ကြိမ်တွင် အောက်မှ အပေါ်သို့ ဖြစ်သောကြောင့် ဖြစ်သည်။

ဤကမ္ဘာငယ်၏ ရေခဲအလွှာနှင့် အေးခဲနေသော မြေကြီးအောက်တွင် ဧရာမတည်ရှိမှုတစ်ခု ရှိသည်။ ဤအခိုက်အတန့်မှာ ၎င်းသည် ချိပ်တံဆိပ်၏ ဖိနှိပ်ခံရမှုမှ ပြန်လည်ကောင်းမွန်လာနေသည်။

၎င်းသည် တုန်လှုပ်လာပြီး မြေကြီးထဲမှ မြှောက်တတ်လာနေသည်။

ရေခဲအလွှာများသည်လည်း အပေါ်သို့ မြောက်ကြွသွားကြပြီး မရေမတွက်နိုင်သော ရေခဲတုံးများသည် ပေါက်ကွဲထွက်လာကြသည်။ ဧရာမကြေးနီခေါင်းတလားတစ်လုံးသည် မြေကြီးထဲမှ၊ ရေခဲအလွှာထဲမှ ထိုးဖောက်ထွက်လာပြီး ရွှီချင်းနှင့် တခြားသုံးယောက်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ဤသည်မှာ မီးတောက်ပင်လယ်အောက်မှ ခေါင်းတလားနှင့် တစ်ပုံစံတည်းတူညီသည်။

၎င်းသည် အံ့ဖွယ်ကောင်းပြီး ကြီးကျယ်မြင့်မြတ်သည်။

ခေါင်းတလားသည် မြေကြီးထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် မြှုပ်နှံခံထားရသည်။ ဤအခိုက်အတန့်မှာ ၎င်းသည် အပြင်လောက၌ တဖန်ပြန်ထွက်ပေါ်လာသည်။

ရှေးဟောင်းအရှိန်အဝါသည် ကမ္ဘာငယ်ကို လွှမ်းခြုံသွားသည်။

ခေါင်းတလား၏ အဖုံးပေါ်တွင် သံချောင်းတစ်ချောင်း စိုက်ဝင်နေပြီး ခေါင်းတလားပေါ်မှ အဖုံးပေါ်တွင် အက်ကွဲရာများဖြင့် ပြည့်နှက်နေသည်။

အပြာရောင်မြူခိုးသည် သံချောင်းထဲမှ ပေါ်လျှိုးလာပြီး အိမ်ရှေ့စံမင်းသား၏ ပုံရိပ်ထွက်ပေါ်လာသည်။ သူက ခေါင်းတလား၏ အပြင်ဘက်တွင် လွင့်မျောနေပြီး နူးညံ့စွာ ပြောသည်။

“ တတိယအမတော်… နိုးထဖို့ အချိန်ကျပြီ ”

All Chapters