← Chapters

မင်းသမီးမင်မိန်(ခ)

Vol. 58 Ch. 905

မင်းသမီးမင်မိန်(ခ)

Vol. 58 Ch. 905

ဧရာမလက်ဝါးသည် ဤနေရာကို ဖိနှိပ်ချင်သည့်အလား မြောက်ပိုင်းရေခဲလွင်ပြင်တစ်ခုလုံးကို ဖိနှိပ်ချင်သည့်အလားပင်။

ဟင်းလင်းပြင်သည် အက်ကွဲသွားပြီး ရေခဲလွင်ပြင်သည် တုန်ယင်သွားသည်။ နှင်းပွင့်နှင်းချပ်များသည် လေပွေတိုက်ခတ်မှုကြောင့် တလူလူလွင့်ပျံသွားပြီး သက်ရှိအားလုံးသည် မိန်းမောသွားကြသည်။

မဟာလောကအပိုင်းအစထဲတွင် အပြာရောင်မြူခိုးပုံရိပ်သော်လည်းကောင်း မင်းသမီးမင်မိန်သော်လည်းကောင်း အပေါ်မှာ ဖြစ်ပျက်နေသော အရာများကို ဂရုမစိုက်ကြချေ။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ကိစ္စများစွာနှင့် အတွေးများကို အကြည့်တစ်ချက်ဖြင့် ဆက်သွယ်နိုင်ကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရှင်းလင်းစွာ နားလည်နိုင်ကြသည်။

ထိုအခိုက်အတန့်မှာ မင်းသမီးမင်မိန်သည် အိမ်ရှေ့စံမင်းသား၏ လှုပ်ရှားမှုကို နားလည်သွားသည်။

“ နင်သေချာလား ”

သံနှင့်သံချင်း ပွတ်တိုက်သံကဲ့သို့ နားဝင်ဆိုးသော အက်ရှရှအသံသည် ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။

“ အမတော်… နီလာနတ်သမီးက အိပ်မောကျနေတယ်… ဒီလိုအခွင့်အရေးမျိုးက အရမ်းရှားပါတယ်… ဒီနှစ်တွေမှာ ငါတို့ကြားက ရန်ငြိုးအာဃာတတွေကို ဖြေရှင်းဖို့ စတုတ္ထညီတော်ဆီ ငါသွားချင်တယ် ”

“ ရလဒ်က ဘယ်လိုဖြစ်မလဲဆိုတာတော့ ငါမတွေးချင်ဘူး… အခုလို လူမဆန်ဘဲ အသက်ရှင်နေမယ့်အစား အသက်စတေးပြီး ငါဆန္ဒရှိတာကိုပဲ လုပ်ပစ်လိုက်ချင်တယ် ”

အပြာရောင်ပုံရိပ်သည် နူးညံ့စွာ ပြောသည်။

အမျိုးသမီးသည် မည်သည့်စကားမှ ပြန်မပြောပေ။ သူက လက်ကိုသာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဘေးဘက်တွင် မျောလွင့်နေသော အုပ်ချုပ်သူ၏ သံချောင်းသည် ပြင်းထန်စွာ တုန်ရီလာပြီး ပျောက်ကွယ်သွားသည်။

၎င်းက တဖန်ပြန်ပေါ်လာသည့်အခါ မဟာလာကအပိုင်းအစထဲမှာ ရှိမနေတော့ပေ။ ယင်းအစား အပြင်လောကတွင် ပြန်ပေါ်လာသည်။ ၎င်းသည် ရေခဲလွင်ပြင်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး ဧရာမသွေးနီလက်ဝါးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

၎င်းထံမှ ထုတ်လွှတ်နေသော စွမ်းအားသည် အရာအားလုံးကို အက်ကွဲစေနိုင်ပြီး ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

ထို့ပြင် ပြင်းထန်သော အရှိန်အဝါတစ်ခုသည် ၎င်းထံမှ ပေါက်ကွဲထွက်လာပြီး သံချောင်းသည် ဧရာမသွေးနီလက်ဝါးပုံရိပ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ကျယ်လောင်သော ဟိန်းသံတစ်သံသည် မြောက်ပိုင်းရေခဲလွင်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ မိုးကြိုးသွားတစ်ခုက ကောင်းကင်နှင့် မြေပြင်ကို နှစ်ခြမ်းခွဲပစ်လိုက်သည့်အလားပင်။

မူလက အလွန်ကြီးမားပြီး အထွတ်အမြတ် ဖိနှိပ်စွမ်းအားကို ပိုင်ဆိုင်ထားသော လက်ဝါးပုံရိပ်သည် ဤအခိုက်အတန့်မှာ လေထဲတွင် ရပ်တန့်သွားသည်။ လက်ဝါးပုံရိပ်နှင့် သံချောင်းတွေ့ဆုံသွားသည့် အမှတ်တွင် အပြာရောင်နှင့် အနီရောင်အလင်း ထွန်းလင်းလာသည်။ အလင်းရောင်နှစ်ခုသည် အပြန်အလှန် ယှက်ထွေသွားပြီး တစ်ခုကို အခြားတစ်ခုက ဖိနှိပ်ရန် ကြိုးစားနေလေသည်။

မကြာမီ အပြာရောင်အလင်းသည် ရောင်ခြည်တန်းတစ်ခုပမာ ထက်ရှလာပြီး အနီရောင်အလင်းကို ထိုးဖောက်သွားကာ အကာအကွယ်ကို ချိုးဖောက်သွားသည်။ ၎င်းက လက်ဝါးပုံရိပ်ကို ထိုးဖောက်သွားသည့်အခါ အက်ကွဲရာများသည် လက်ဝါးပုံရိပ်ပေါ်မှာ ပျံ့နှံ့ထွက်လာသည်။

လက်ဝါးပုံရိပ်သည် အက်ကွဲသွားပြီး ပြိုလဲပျက်စီးသွားသည်။

မျက်စိတစ်မှိတ်အတွင်း လက်ဝါးပုံရိပ်သည် ကောင်းကင်ယံတွင် အပိုင်းအစဒါဇင်ပေါင်းများစွာသို့ အက်ကွဲထွက်သွားသည်။ မရေမတွက်နိုင်သော သွေးနီအလင်းအပိုင်းအစများသည် မြောက်ပိုင်းရေခဲလွင်ပြင်ပေါ်သို့ ကျဆင်းလာကြသည်။

အပိုင်းအစများသည် သွေးနီဥက္ကာပျံများသဖွယ် မြေပြင်ပေါ်သို့ ကျဆင်းလာကြပြီး ကြီးမားသော ချိုင့်ခွက်များကို ဖြစ်ပေါ်စေသည်။

မြေပြင်သည် အနီရောင်၏ စွန်းထင်ခံလိုက်ရသည်။

အပြာရောင်သံချောင်းသည် ထိုမျှဖြင့် မရပ်တန့်သွားပေ။ ၎င်းက အရှေ့သို့ ဆက်လက်ထိုးဖောက်သွားပြီး မမြင်ရသော တစ်နေရာဆီသို့ ပျံသန်းသွားသည်။

မဟာလောကအပိုင်းအစထဲမှ အမျိုးသမီးသည် ခေါင်းမော့လိုက်သည်။

“ နင်နဲ့ငါ လွတ်မြောက်သွားတာကို သူသိသွားပြီ… ဒီလက်ဝါးချက်ထဲမှာ ဖိတ်ခေါ်တဲ့ အဓိပ္ပာယ်ပါတယ် ”

“ အဲ့ဒီတော့ သွားတွေ့ကြတာပေါ့… နီလာနတ်သမီးဘက်ကို ကူးပြောင်းသွားပြီးနောက် စတုတ္ထမောင်တော်က ဘယ်လောက်ထိ တိုးတတ်လာပြီလဲဆိုတာ သွားစမ်းကြည့်ရအောင် ”

မင်းသမီးမင်မိန်၏ အက်ရှရှအသံက ပဲ့တင်ထပ်သွားပြီးနောက် သူက လေထဲသို့ မြှောက်တတ်သွားသည်။

အပြာရောင်ပုံရိပ်သည် လေထဲသို့ ပျံသန်းသွားသည်။ သူက လေထဲသို့ မြှောက်တတ်သွားသည့်အခါ သူ၏ အကြည့်သည် အဝေးမှ ကောင်းကင်ယံ၏ အစွန်အဖျားဆီသို့ နောက်ဆုတ်သွားနေသော ရွှီချင်းထံသို့ ကျရောက်သွားသည်။ ခေါင်းဆောင်၊ နင်ယန်နှင့် ဝူကျန်းဝူကိုတော့ သူက လျစ်လျူရှုထားသည်။

“ မိတ်ဆွေလေး… မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ”

ထိုသို့ပြောပြီးနောက် သူက သူ၏ ဘေးမှ တတိယအမတော်ကို ခေါင်းညိတ်ပြလိုက်သည်။ မင်းသမီးမင်မိန်သည်လည်း ရွှီချင်းကို ကြည့်လိုက်သည်။

ထိုအခါ ရွှီချင်းသည် ပျံသန်းနေခြင်းကို ရပ်တန့်လိုက်သည်။ သူက အဝေးမှ ထိုနှစ်ယောက်ကို အရိုအသေပေးလိုက်သည်။

အရိုးစုသဖွယ် အရုပ်ဆိုးလှသော မင်းသမီးမင်မိန်၏ မျက်နှာပေါ်မှာ မည်သည့်အမူအရာမှ ဖြစ်ပေါ်မလာပေ။ သူက ပိန်ခြောက်နေသော လက်ကို မြှောက်လိုက်ပြီး အောက်ဘက်မှ မြေပြင်ပေါ်သို့ ဖိချလိုက်သည်။

ရုတ်တရက် မဟာလောကအပိုင်းအစသည် ဝုန်းခနဲမြည်ဟိန်းလာပြီး မြေပြင်သည် တုန်ယင်လာသည်။ ကျန်ရှိနေသော ရေခဲအလွှာများသည် လုံးဝပြိုကွဲပျက်စီးသွားပြီး အနက်ရောင်နှင်းသို့ ပြောင်းလဲသွားလေသည်။ ယခုအချိန်မှစ၍ ဤနေရာတွင် အနက်ရောင်နှင်းသည် ထာဝရကျဆင်းနေတော့ပေလိမ့်မည်။

ဤအခိုက်အတန့်မှာ မဟာလောကအပိုင်းအစတစ်ခုလုံး၌ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ဤသည်မှာ မင်းသမီးမင်မိန်က သဏ္ဍာန်မဲ့လက်တစ်စုံဖြင့် ဤကမ္ဘာငယ်ကို ဆုပ်ကိုင်ထားသည့်အလားပင်။ သူက ဖျစ်ညှစ်လိုက်သည့်အခါ မဟာလောက၏ အပိုင်းအစသည် စတင်ကျုံ့လာသည်။

မျက်စိတစ်မှိတ်အတွင်း မဟာလောကအပိုင်းအစသည် အနက်ရောင်အလင်းကို ထုတ်လွှတ်နေသော လက်ဖဝါးအရွယ်ခန့် အပိုင်းအစတစ်ခုသို့ ပြောင်းလဲသွားသည်။ ယင်းက ပုံစံမကျသော အနက်ရောင်မှန်တစ်ချပ်ပမာ ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

၎င်းက နီးကပ်လာသည့်အခါ မီးတောက်များသည် အနက်ရောင်မှန်ချပ်ပေါ်မှာ ထွက်ပေါ်လာပြီး အစဉ်မပြတ် သန့်စင်ပစ်နေသည်။ ၎င်းက ရွှီချင်း၏ အရှေ့သို့ ကျရောက်သွားသည့်အခါ ကြည်လင်တောက်ပသော သလင်းကျောက်တစ်ခုသဖွယ် ပြောင်းလဲသွားသည်။

ကျယ်ပြောသော အရှိန်အဝါသည် ထိုသလင်းကျောက်ထဲမှ ပေါ်လျှိုးလာသည်။ ယင်းက ကောင်းကင်ယံမှ ကြယ်ကလေးများအလား ထွန်းလင်းတောက်ပသည်။ ပိုပြီးအံ့ဩစရာကောင်းသည်မှာ ၎င်းက သန့်စင်ခံထားရသဖြင့် ယခု ပိုင်ရှင်မရှိသေးပေ။

သို့ဖြစ်၍ ၎င်း၏ တန်ဖိုးကို ဖော်ပြရန် စကားလုံးမရှိပေ။

ရွှီချင်း၏ နှလုံးသည် ပြင်းထန်စွာ ခုန်လာသည်။ သူသည် ဤအတွက် စောစောက ကြိုပြင်ဆင်ထားသော်လည်း ယခု သူသည် စိတ်လှုပ်ရှားနေဆဲပင်။ သူက သလင်းကျောက်ကို ချက်ချင်း ယူလိုက်သည်။

၎င်းကို သိမ်းဆည်းပြီးသောအခါ သူက မင်းသမီးမင်မိန်နှင့် အိမ်ရှေ့စံမင်းသားကို အရိုအသေပေးလိုက်သည်။

ခေါင်းဆောင်၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူ၏ မျက်လုံးထဲမှာ ပြင်းပြသော လိုချင်တပ်မက်စိတ်ဖြင့် ပြည့်နှက်နေသည်။ နင်ယန်နှင့် ဝူကျန်းဝူသည် ထိတ်လန့်သွားကြသည်။ ဝူကျန်းဝူသည် ထိတ်လန့်သွားရုံမျှသာဖြစ်ပြီး နင်ယန်သည်တော့ မဟာလောက၏ အပိုင်းအစတစ်ခုက မည်မျှတန်ဖိုးကြီးမားကြောင်း နားလည်ထားသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

‘ ဒီ ဒီ ဒီ ဒီ… ဒီမဟာလောကအပိုင်းအစကို သူတို့က ဒီအတိုင်းချည်း ပေးပစ်လိုက်တာလား ’

နင်ယန်၏ နှလုံးက ပရမ်းပတာလှုပ်ခတ်နေစဉ် မင်းသမီးမင်မိန်၏ ခန္ဓာကိုယ်သည် တစ်ချက်ရွေ့လျားသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားသည်။ သူက အပြင်လောကမှာ ပြန်ပေါ်လာသည်။

အိမ်ရှေ့စံမင်းသားသည်တော့ သူက ရွှီချင်းကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်လုံးထဲမှာ နှုတ်ဆက်ခွဲခွာသော အရိပ်အယောင်ရှိပြီး သူသည်လည်း ပျောက်ကွယ်သွားသည်။

သူတို့နှစ်ယောက်သည် သွေးမိုးရွာသွန်းနေသော အပြင်လောက၏ ကောင်းကင်ယံမှာ ရပ်နေကြသည်။

“ သစ္စာဖောက်လောက်ကောင်မျိုးနွယ်ကို ဒီလောကမှာ မထားသင့်ဘူး ”

မင်းသမီးမင်မိန်သည် ခေါင်းငုံ့လိုက်ပြီး မြေပြင်ပေါ်မှ မြေအောက်မျိုးနွယ်ကို ကြည့်လိုက်သည်။ သူက လက်သီးဆုပ်လိုက်ပြီး အဝေးမှ တိုက်ခိုက်လိုက်သည်။

ဧရာမလက်သီးပုံရိပ်သည် မြေအောက်မျိုးနွယ်၏ အပေါ်မှာ တိုက်ရိုက်ထွက်ပေါ်လာပြီး သူတို့အပေါ်သို့ ဆင်းသက်လာသည်။

တောင်တန်းနှင့် မြစ်ချောင်းများသည် ပေါက်ကွဲသွားပြီး မြေပြင်သည် ပြိုလဲပျက်စီးသွားသည်။ ထိုဧရိယာအတွင်းမှ အဆောက်အဦးများနှင့် သက်ရှိအားလုံးသည် အသားပုံသို့ ပြောင်းလဲသွားပြီး ရေခဲနှင့် နှင်းဖြင့် ရောထွေးသွားလေသည်။

မြေပြင်ပေါ်တွင် သွေးနီရောင်လက်သီးပုံရိပ် ဖြစ်ပေါ်လာသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူတို့နှစ်ယောက်သည် သက်တံ့တိမ်တိုက်အသွင်သို့ ပြောင်းလဲသွားကြပြီး ခမ်းနားမြင့်မြတ်သော အရှိန်အဝါကို သယ်ဆောင်လျက် မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် အဝေးသို့ ပျံသန်းသွားကြသည်။ သူတို့သည် နှစ်ပေါင်းများစွာကြာသည်အထိ မျိုသိပ်ထားခဲ့ရသော ရန်ငြိုးအာဃာတများကို ဖြေရှင်းရန် နောင်တလွင်ပြင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ထိုနေရာသည် သူတို့ခမည်းတော်၏ အလောင်း တည်ရှိရာနေရာဖြစ်ပြီး အနီရောင်လဗိမာန်ဌာနချုပ် တည်ရှိရာနေရာလည်းဖြစ်၏။

တစ်ချိန်တည်းမှာ ကောင်းကင်ဘုံမီးတောက်ပင်လယ်ပေါ်တွင် ကောင်းကင်သည် ပုံပျက်တွန့်လိမ်သွားပြီး အပြာရောင်အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်။

ယင်းက မီးတောက်မီးလျှံများကို ပြိုကွဲသွားစေပြီး ကောင်းကင်ကို အက်ကွဲသွားစေသည်။

All Chapters