မင်းသမီးမင်မိန်(ဃ)
Vol. 58 Ch. 907
မှေးမှိန်သော နေလုံးသည် တဝီဝီမြည်သံကို ထုတ်လွှတ်လာပြီး ကောင်းကင်ယံဆီသို့ ပျံသန်းသွားသည်။ ၎င်းသည် အကြိမ်ရေအနည်းငယ် တဖျပ်ဖျပ်လင်းလက်ပြီးနောက် မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားသည်။
နေလုံးက ထွက်ခွာသွားသောအခါ မြောက်ပိုင်းရေခဲလွင်ပြင်မှ အဖြစ်အပျက်များသည် ရွှီချင်းတို့အုပ်စုနှင့် မသက်ဆိုင်တော့ပေ။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားပြီး မကြာမီ တစ်ရက်ကုန်လွန်သွားသည်။
လဝတ်ပြုဒေသကြီး၏ ကောင်းကင်ယံတွင် မှုန်ဝါးဝါး အလင်းဘောလုံးတစ်လုံးသည် မြန်ဆန်စွာ ရွေ့လျားသွားနေသည်။ ၎င်းသည် ဖုံးကွယ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး တိတ်တဆိတ် ရွေ့လျားသွားနေလေရာ မည်သူမှ သတိမထားမိကြချေ။
ထိုအလင်းဘောလုံးကို ဧရာမကွင်းငါးကွင်းက ထပ်ဆင့်လွှမ်းခြုံထား၍ ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
ဧရာမကွင်းငါးကွင်းပေါ်မှာ ထူထဲသော မှော်သင်္ကေတများကို ထွင်းထုထားပြီး ယင်းတို့က သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း တလက်လက် လင်းလက်နေသည်။
မှော်သင်္ကေတများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး မြန်ဆန်စွာ လှည့်ပတ်နေလေရာ တောက်ပသော အလင်းရောင်ကို ဖြစ်ပေါ်စေသည်။ ဧရာမကွင်းငါးကွင်း၏ အလယ်ဗဟိုတွင် မျောလွင့်နေသော ရွှေရောင်ဥက္ကာပျံတစ်ခု ရှိသည်။
ရွှေရောင်ဥက္ကာပျံမှ ထုတ်လွှတ်နေသော အလင်းရောင်သည် အပြင်ဘက်မှ ဧရာမကွင်းငါးကွင်း၏ စုပ်ယူခြင်းခံလိုက်ရပြီး အစွမ်းတိုးမြှင့်ပေးခြင်းခံလိုက်ရကာ အလင်းရောင်နှင့် အပူကို ဖြစ်ပေါ်စေသည်။
ရွှေရောင်ဥက္ကာပျံပေါ်တွင် တမူထူးခြားသော အဆောက်အဦးတချို့ ရှိသည်။
ခေါင်းဆောင်သည် အဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်မှာ လဲလျောင်းနေသည်။ သူ၏ အမူအရာသည် အတော်လေး ထူးဆန်းပြီး အကြိမ်ကြိမ် သက်ပြင်းချနေသည်။ တစ်ခါတစ်ရံ သူ၏ အမူအရာသည် တည်ကြည်ခိုင်မြဲပြီး တစ်ခါတစ်ရံမှာတော့ အံတင်းတင်းကြိတ်လေ့ ရှိသည်။
နင်ယန်နှင့် ဝူကျန်းဝူသည် ယခင်က ဤနေရာသို့ ရောက်ဖူးသည်မှာ ရှင်းလင်း၏။ သို့ဖြစ်၍ သူတို့သည် တမူထူးခြားသော ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အံ့ဩမှင်သက်ခြင်းမရှိကြပေ။ သူတို့နှစ်ယောက်သည် မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြပြီး မြောက်ပိုင်းရေခဲလွင်ပြင်ပေါ်မှ ကိစ္စများကို ပြန်စဉ်းစားမိသွားသောအခါ ချောက်ချားသွားကြသည်။
ရတနာအရေပြားသည် ဘေးတွင် လွှတ်ပစ်ခံထားရသည်။
ရွှီချင်းသည် အဝေးတစ်နေရာတွင် မတ်တတ်ရပ်နေပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
ဤနေလုံး၏ ဇစ်မြစ်ကို သူသိသည်။
သူ့ကို စူးစမ်းချင်စိတ်ဖြစ်စေသည်မှာ ဤနေလုံးကို မည်သည့်ရတနာဖြင့် ဖန်တီးထားကြောင်း ဖြစ်၏။
ရွှီချင်းက သေချာစစ်ဆေးကြည့်တော့မည့်အချိန် ခေါင်းဆောင်၏ တိုးညင်းသော အသံသည် အဝေးရှိ ခေါင်မိုးပေါ်မှ ပျံ့လွင့်လာသည်။
“ မင်းတို့နှစ်ကောင် အနားယူလို့ မပြီးသေးဘူးလား… ငါ့ရတနာအရေပြားကို မြန်မြန်သိမ်းဆည်းစမ်း… ဒီအတိုင်းဆက်သွားနေရင် အဲ့ဒါက ခြောက်သွားလိမ့်မယ် ”
ဝူကျန်းဝူနှင့် နင်ယန်သည် သက်ပြင်းချလိုက်ကြသည်။ သူတို့သည် မတ်တတ်ရပ်လိုက်ကြပြီး ရတနာအရေပြားဆီသို့ လျှောက်သွားကြကာ ယင်းကို ခေါက်လိပ်လိုက်သည်။
ရွှီချင်းသည် သူတို့၏ လုပ်ဆောင်မှုကို သတိပြုမိသောအခါ အရှေ့သို့ လျှောက်သွားသည်။
ခေါင်းဆောင်သည် တစ်စုံတစ်ခု လွဲမှားနေကြောင်း သူပြောနိုင်သည်။ ထို့ပြင် အကြောင်းအရင်းကိုလည်း သူသိသည်။ သို့သော်လည်း သူက ဂရုမစိုက်ပါချေ။ ထိုသို့ဖြစ်ဖူးသည်မှာ တစ်ကြိမ်မကတော့ပေ။
အတိတ်တွင် လီယုံကျောက်တိုင်၌ ထိုသို့ဖြစ်ဖူးသည်။ ရွှီချင်း၏ ဆုံးဖြတ်ချက်အရ ခေါင်းဆောင်သည် စိတ်ခံစားချက်ကို ပြန်လည်တည်ငြိမ်စေရန် အလုပ်တချို့ လုပ်ဆောင်ရလိမ့်မည်။
“ ဒီကိုလာတဲ့ မင်းရဲ့ရည်ရွယ်ချက်က အဲ့ဒါလား ”
ရွှီချင်းသည် နင်ယန်နှင့် ဝူကျန်းဝူ၏ အနားသို့ ရောက်ရှိသွားပြီးနောက် အရေပြားကို ကြည့်လိုက်လေရာ ယင်းပေါ်တွင် လက်ဝါးရာတစ်ခုရှိနေကြောင်း သူသတိပြုမိသွားသည်။
ဝူကျန်းဝူသည် အားမရှိသည့်အလား ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ နင်ယန်သည် ရွှီချင်းအပေါ် ကြောက်ရွံ့ရိုသေသဖြင့် မြန်ဆန်စွာ ရှင်းပြလိုက်သည်။
“ ဟုတ်ပါတယ် ဆရာ… စီနီယာအကိုအားညိုက ငါတို့ကို ဦးဆောင်ပြီးတဲ့နောက် အဲ့ဒါကိုရဖို့ အတော်လေး ကြိုးစားအားထုတ်ခဲ့ပါတယ် ”
နင်ယန်သည် ထိုသို့ပြောပြီးနောက် ခေါင်းဆောင်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ဤသည်ကို အဝေးမှ ခေါင်းဆောင်က ကြားသွားသောအခါ သူက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။
ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ အရေပြားက မဆိုးဘူးပဲ ”
နင်ယန်သည် တစ်ခဏအကြာ တုံ့ဆိုင်းနေပြီးနောက် တိုးညင်းစွာ ပြောသည်။
“ အရေပြားက မကောင်းဘဲဘယ်နေမလဲ…. အဲ့ဒါက စီနီယာအကိုအားညိုရဲ့ အရေပြားလေ… သူက အရေခွံခွာဖို့ ငါနဲ့ ကျန်းကျန်းကြီးကို ဆယ်ကြိမ်မကဘူး ခိုင်းစေခဲ့တယ်… ”
“ အဲ့တုန်းက ကျန်းကျန်းကြီးတောင် အတော်လန့်ဖျပ်သွားခဲ့တယ် ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ခေါင်းဆောင်သည် ရူးမိုက်ကြောင်း သူသိသည်။ သို့သော်လည်း ထိုမျှအတိုင်းအတာအထိ ရူးမိုက်လိမ့်မည်ဟု သူမျှော်လင့်မထားပေ။
ခေါင်းဆောင်သည် ရွှီချင်း၏ အမူအရာကို သတိထားမိသွားသောအခါ ဘဝင်မြင့်သွားသည်။ သူက စကားပြောတော့မည့်အချိန် သူလုယက်လာသော ပစ္စည်းက မဟာလောက၏ အပိုင်းအစကို လုံးဝမနှိုင်းယှဉ်နိုင်ကြောင်း ပြန်သတိရသွားသောအခါ ထပ်မံသက်ပြင်းချလိုက်လေသည်။
နာကျင်မှုကို သည်းခံပြီး ဆွဲခွာခဲ့သော သူ၏ အရေပြားက ဘာမှအဖိုးမတန်ဘူးဟု သူခံစားမိသွားသည်။
သို့ဖြစ်၍ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူက ဆတ်ခနဲ ထထိုင်လိုက်သည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ချင်းလေး ”
ရွှီချင်းသည်လည်း လေးနက်သော အမူအရာဖြင့် ခေါင်းဆောင်ကို ပြန်ကြည့်လိုက်သည်။
“ ချင်းလေး… ဒီတစ်ကြိမ်က မင်းရဲ့ စီနီယာအကိုကြီးရဲ့ အသေးအမွှား သရုပ်ပြမှုပဲ ရှိပါသေးတယ်… ငါတို့သွားမယ့် နောက်ဦးတည်ရာက အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းပဲ… အဲ့ဒီကိုရောက်ရင် အရင်ဘဝမှာ ငါက ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲဆိုတာ မင်းသိရလိမ့်မယ် ”
ခေါင်းဆောင်၏ စကားကို ရွှီချင်းကြားသောအခါ သူ၏ အမူအရာသည် ပြောင်းလဲသွားပြီး မျှော်လင့်တောင့်တသော အမူအရာကို ဟန်ပြထုတ်ဖော်လိုက်သည်။
ရွှီချင်း၏ ထိုပုံစံကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် ချက်ချင်း သက်တောင့်သက်သာ ခံစားမိသွားသည်။ သူက မတ်တတ်ထရပ်လိုက်ပြီး လက်နောက်ပို့လိုက်သည်။
သူက အဝေးမှ လောကကြီးကို ခေါင်းမော့ပြီး မကြည့်ခင် ဝူကျန်းဝူကို အရင်ဦးစွာ ကြည့်လိုက်သည်။
“ နေ့တစ်နေ့ကို ညနေခင်းပဲကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့… ဘယ်သူက မနက်ဖြန်မနက် ပိုအံ့ဩစရာကောင်းလဲ ကြည့်လိုက်ရအောင် ”
ဝူကျန်းဝူသည် အကူအညီမဲ့စွာ ကဗျာရေရွတ်လိုက်သည်။