← Chapters

ကောင်းကင်ကဒ်ဘေးဒုက္ခအတွင်း ဝိညာဉ်ကို ပုံသွင်းထုဆစ်ခြင်း(ဂ)

Vol. 58 Ch. 910

ကောင်းကင်ကဒ်ဘေးဒုက္ခအတွင်း ဝိညာဉ်ကို ပုံသွင်းထုဆစ်ခြင်း(ဂ)

Vol. 58 Ch. 910

ရွှီချင်းသည်တော့ တခြားလူများကို သူက အလေးမထားချေ။ သူက လမ်းတစ်လျှောက်တွင် ခန္ဓာကိုယ်အတွင်းရှိ ခရမ်းသလင်းကျောက်ကို လှုံ့ဆော်လိုက်ပြီး သူ့ခန္ဓာကိုယ်၏ ပြန်လည်ကုသနိုင်စွမ်းကို အရှိန်တိုးမြှင့်စေသည်။ ယခင်က ကဒ်ဘေးဒုက္ခမိုးကြိုး၏ ပြင်းထန်သော စွမ်းအားကြောင့် သူ၏ အရေပြားသည် ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရလဒ်အနေဖြင့် ထိုသို့ကုသနေစဉ်အတွင်း ရွှီချင်း၏ အရေပြားသည် စတင်ကွာကျလာသည်။

ထိုသို့ဖြင့် လဝက်ခန့် ကုန်ဆုံးသွားသည်။

လေထဲမှ ကန့်သတ်စွမ်းအားက အားလျော့လာသည့်အခါ ခေါင်းဆောင်၏ နေလုံးသည် တဖန်ပျံသန်းနိုင်လာပြီး သူတို့၏ ခရီးစဉ်သည် အရှိန်တိုးမြှင့်လာသည်။ သို့ဖြစ်၍ လဝက်ကြာပြီးနောက် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းသည် လူတိုင်း၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။

အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းသည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသထဲမှာ တည်ရှိသည်။

တောင်တန်းဒေသသည် အလွန်ကျယ်ပြောပြီး ထိုဒေသအတွင်းမှာ ဂိုဏ်းငယ်အများအပြား ရှိကြသည်။

ဤဒေသ၏ ပတ်ဝန်းကျင်သည် မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ခြားနားသည်။ သို့ဖြစ်၍ ဤဒေသထဲရှိ သစ်ပင်ပန်းပင်များသည် စိမ်းလန်းစိုပြေသည်။ တောင်တန်းဒေသတစ်ခုလုံးသည် အစိမ်းရောင်သန်းနေသည်။ ကောင်းကင်သည်ပင် မှောင်ရီနေခြင်းမရှိပေ။

ဤနေရာတွင် အသက်ဓာတ်သည် အလွန်ပေါကြွယ်ဝသည်။

“ မင်းတို့မြင်လား… ဟိုးက အရှည်လျားဆုံးတောင်က ကောင်းကင်နွားတောင်ကုန်းပဲ ”

ခေါင်းဆောင်သည် အဝေးမှ တောင်တန်းဒေသကို လက်ညှိုးညွှန်ပြလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ မင်းတို့ကောင်တွေကို ငါပြောပြမယ်… အတိတ်တုန်းက အဲ့ဒီကောင်းကင်နွားတောင်ကုန်းက ဒီနေရာမှာ မြင့်မြတ်ကုန်းမြေပဲ… အဲ့ဒါရဲ့ အဆင့်အတန်းက အရမ်းမြင့်မြတ်တယ် ”

“ ဒါပေမဲ့ အခုတော့ အတိတ်က ဂုဏ်သတင်းအကြောင်းတွေကို မပြောကြရအောင်… အခု အဲ့ဒီမှာ ဂိုဏ်းတွေအများကြီး ပေါ်ထွန်းလာခဲ့ပြီး မဟာမိတ်တစ်ခုကို ဖွဲ့စည်းခဲ့တယ် ”

“ မဟာမိတ်အဖွဲ့အစည်းရဲ့ နာမည်ကတော့… အဟန့်… သူတို့က ဒီနေရာက ဒဏ္ဍာရီပုံပြင်တွေကို အတော်လေး အံ့ဩမှင်သက်သွားကြပုံရတယ်… အဲ့ဒါကြောင့် အဖွဲ့အစည်းကို ကောင်းကင်နွားမဟာမိတ်လို့ နာမည်ပေးခဲ့ကြတယ် ”

ခေါင်းဆောင်က ထိုစကားများကို ပြောလိုက်သည့်အခါ သူက အလွန်အမင်း စိတ်ချမ်းသာသွားသည်။ ဖုန်းဟိုင်ဒေသငယ်၌ ဤသတင်းကို သူစုဆောင်းရရှိခဲ့စဉ်က ရက်အနည်းငယ်ကြာအောင် တစ်ကိုယ်တည်း ဝမ်းသာပျော်ရွှင်နေခဲ့သည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူက လေးစားအားကျသော အမူအရာကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

“ ဒီနေရာက တခြားနေရာတွေထက် ပိုပြီးတောက်ပတယ်လို့ မင်းတို့ခံစားမိကြတယ်မလား ”

ခေါင်းဆောင်သည် ပြုံးလိုက်သည်။

“ ဘာကြောင့်လဲဆိုတော့ ဒီနေရာရဲ့ မိုးကောင်းကင်က ချိုးဖောက်ခံထားရပြီး တောင်တန်းဒေသက ထူးခြားတယ်… အဲ့ဒါက အလင်းရောင်တချို့ကို ထုတ်လွှတ်ပေးနိုင်တယ်… ဒါကြောင့် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းက လဝတ်ပြုဒေသကြီးထဲမှာ အတော်လေး နာမည်ကျော်ကြားတယ် ”

“ သွားကြရအောင်… မင်းတို့ကို တောင်ခြေက အဓိကမြို့တော်ဆီ အရင်ဆုံး ငါခေါ်သွားပေးမယ် ”

“ ဒီနေရာမှာ ကျင့်ကြံသူတွေအများအပြား နေထိုင်ကြတယ်… အဲ့ဒါကြောင့်ပဲ နောက်တော့ တောင်ခြေမှာ မြို့တစ်မြို့ ဖြစ်ပေါ်လာခဲ့တယ်… မြို့ထဲမှာ အတော်လေး စည်ကားသက်ဝင်တယ် ”

ခေါင်းဆောင်သည် လက်နောက်ပို့လျက် ရွှီချင်းနှင့် တခြားလူများကို ဦးဆောင်ကာ အရှေ့သို့ လျှောက်သွားသည်။ ဤသည်မှာ သူက အိမ်သို့ ပြန်ရောက်လာသည့်အလားပင်။

မကြာမီ ကြီးမားသော မြို့ကြီးတစ်မြို့သည် ရွှီချင်း၏ အမြင်အာရုံထဲမှာ ပေါ်ထွက်လာသည်။

ဆူညံသံများသည် အဝေးမှ ပေါ်ထွက်လာနေသည်။ မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများသည် ဤနေရာတွင် ဒေသခံများအဖြစ် နေထိုင်ကြသည်။ သေမျိုးများသည်လည်း နေထိုင်ကြသည်။

မြို့ဂိတ်တံခါး၏ အပြင်ဘက်တွင် ခေါင်းဆောင်သည် တမင်တကာ ချောင်းဟန့်လိုက်ပြီး မေးစေ့ကို မြင့်မြင့်မြှောက်ကာ သူတို့ကို မြို့နံရံပေါ်မှ နာမည်ကိုကြည့်ရန် အချက်ပေးလိုက်သည်။

နွားသိုးမြို့မှ ကြိုဆိုပါ၏။

ထိုစာလုံးလေးလုံးသည် ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ယင်းတို့က နှစ်အတော်ကြာ တည်ရှိနေခဲ့သည့်အလားပင်။

ဝူကျန်းဝူနှင့် နင်ယန်သည် တစ်ပြိုင်နက်တည်း မြို့၏ နာမည်ကို ကြည့်လိုက်ကြသည်။ သူတို့သည် ခေါင်းဆောင်ကို မကြည့်မိဘဲ မနေနိုင်ကြပေ။ ခေါင်းဆောင်သည် ကြည်နူးဝမ်းသာသွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ထိုစာလုံးလေးလုံးကို ကြည့်လိုက်လေရာ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။

ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး အရှေ့သို့ စိတ်ကျေနပ်စွာ လျှောက်သွားသည်။

“ မင်းတို့မြင်လား… ဒီမြို့က ငါ့ကိုကြိုဆိုဖို့ တည်ဆောက်ထားတာ… အခု ငါဒီကိုရောက်လာပြီ… ငါ့အိမ်ကို ပြန်ရောက်လာပြီ ”

ခေါင်းဆောင်သည် စိတ်အားထက်သန်စွာဖြင့် အရှေ့သို့ လျှောက်သွားသည်။ သို့သော်လည်း မြို့တံခါးထဲသို့ သူတို့ဝင်ရောက်လိုက်သည့်အခါ ပြဿနာအသေးလေးတစ်ခုဖြင့် တွေ့ကြုံသွားကြသည်။ သူတို့သည် မြို့ထဲသို့ဝင်ရောက်ရန် သတ်မှတ်ထားသော ဝိညာဉ်ကျောက်တုံးပမာဏကို ပေးချရလိမ့်မည်။

အစောနကတင် ဤမြို့က သူ၏ အိမ်ဟု ပြောကြားခဲ့သော ခေါင်းဆောင်သည် မြို့ဝင်ကြေးကို ကြားလိုက်ရသည့်အခါ မပျော်မရွှင်ဖြစ်လာသည်။

နင်ယန်သည် ခေါင်းငုံ့လိုက်ပြီး ဝူကျန်းဝူသည် ဘေးဘီသို့ လျှောက်ကြည့်လိုက်သည်။ သူတို့ဆီမှာ ငွေမရှိပေ။

ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ခေါင်းဆောင်က မပျော်မရွှင်ဖြစ်နေကြောင်း သူပြောနိုင်သည်။ ထို့ကြောင့် သူက ခေါင်းဆောင်ကို နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။

“ စီနီယာအကိုကြီး… ဒါက အဆင်ပြေပါတယ်… သူတို့က မင်းဘယ်သူလဲဆိုတာ မသိကြဘူး… ပြီးတော့ ဒီနေရာက မင်းရဲ့ပိုင်နက်လေ… အဲ့ဒီတော့ မြို့ဝင်ကြေးကလည်း မင်းရဲ့ဟာပဲပေါ့ ”

ခေါင်းဆောင်၏ မျက်လုံးထဲမှာ ချီးကျူးသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ချင်းလေးသည် အလွန်တွေးတောတတ်သည်ဟု သူခံစားမိသွားသည်။ သို့ဖြစ်၍ သူက ဝိညာဉ်ကျောက်တုံးများကို အိတ်ကပ်ထဲမှ ပျော်ရွှင်စွာ ထုတ်ပေးလိုက်ပြီး သူတို့ကို မြို့ထဲသို့ ခေါ်ဆောင်သွားသည်။

မြို့ထဲတွင် သူတို့ကို စောင့်ကြိုနေသည်မှာ သက်ဝင်လှုပ်ရှားသော လေထုဖြစ်သည်။ မြို့ထဲတွင် ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်အသီးသီးမှ လူများ နေထိုင်ကြသည်။ အလွန်ကြွယ်ဝချမ်းသာပုံပေါ်သော ဈေးဆိုင်များသည်လည်း အများအပြားရှိသည်။

သူက မြို့ထဲသို့ လျှောက်ဝင်သွားသောအခါ ခေါင်းဆောင်၏ မျက်လုံးထဲတွင် စိတ်ခံစားချက်ဖြင့် ပြည့်လျှံလာပြီး ဘေးဘီသို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူက ဝိညာဉ်ရေပူစမ်းတစ်ခုကို မြင်လိုက်ရသောအခါ သူ၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ အတိတ်ကို လွမ်းဆွတ်တမ်းတသော အမူအရာသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းမှာ အပေါ်ကနေ အောက်ကို စီးဆင်းနေတဲ့ ဝိညာဉ်မြစ်တစ်စင်းရှိတယ်… ဒီနှစ်တွေမှာ တောင်ခြေက မြို့တွေတောင် ဝိညာဉ်မြစ်က ရေကို မြောင်းဖောက်ပြီး သယ်ယူနိုင်ခဲ့တဲ့ပုံပဲ… အတိတ်တုန်းကဆို ငါက ဝိညာဉ်မြစ်ထဲမှာ ရေချိုးရတာကို အရမ်းသဘောကျတာ… တောင်အောက်က အမျိုးသမီးကျင့်ကြံသူတွေက ငါ့ရေချိုးရေထဲမှာ ရေလာစိမ်ကျတယ် ”

“ သွားကြစို့… မင်းတို့တွေ ရေအရင်ချိုးလို့ရအောင် ဝိညာဉ်ရေပူစမ်းဆီ ငါခေါ်သွားပေးမယ်… အားလုံးလန်းဆန်းသွားပြီဆိုတော့မှ ငါ့အိမ်ဆီ မင်းတို့ကို ခေါ်သွားမယ် ”

ထိုသို့ပြောပြီးလျှင် ခေါင်းဆောင်သည် ဝိညာဉ်ရေပူစမ်းဆီသို့ လျှောက်သွားသည်။

ဝိညာဉ်ရေပူစမ်း၏ ပိုင်ရှင်သည် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက ရွှီချင်းနှင့် တခြားလူများကို မြင်သောအခါ ခေါင်းညိတ်ပြသည်။ သူက အခကြေးငွေကို ကောက်ခံပြီးနောက် သူတို့အုပ်စုကို အထဲသို့ ခေါ်ဆောင်သွားသည်။

အဆောက်အဦးအတွင်းရှိ ရေပူစမ်းသည် အရွယ်အစား မသေးငယ်ပေ။ ရေပူစမ်းထဲတွင် လူအများအပြား ရှိသည်။ အထဲမှာ သီးသန့်အခန်းများအဖြစ် ခွဲခြားထားသော်လည်း နွေးထွေးသော ရေပူစမ်းထဲမှ ရယ်မောသံများနှင့် စကားသံများကို ကြားနေရဆဲပင်။

အဆောက်အဦးထဲသို့ ရောက်ရှိသွားသောအခါ နင်ယန်နှင့် ဝူကျန်းဝူသည် သီးသန့်အခန်းတစ်ခန်းစီကို ယူဆောင်လိုက်ကြသည်။ သူတို့သည် အဝတ်အစားများကို ချွတ်လိုက်ကြပြီး ရေပူစမ်းထဲမှာ ခန္ဓာကိုယ်ကို စိမ်လိုက်ကြသည်။ ဤအတောအတွင်း ပင်ပန်းနွမ်းနယ်ခဲ့သမျှသည် ရေပူစမ်းထဲမှာ ခန္ဓာကိုယ်စိမ်လိုက်ရသည့်အခါ လုံးဝပျောက်ကွယ်သွားပြီး သက်တောင့်သက်သာ ခံစားသွားရသည်။

အထူးသဖြင့် ဝူကျန်းဝူပင်။ သူက နောက်ထပ်ငွေတချို့ကို သုံးစွဲလိုက်ပြီး သူ၏ သားရဲငယ်လေးများကိုပင် ဝိညာဉ်ရေပူစမ်း၏ အရသာကို ခံစားစေသည်။

ခေါင်းဆောင်သည်လည်း သီးသန့်အခန်းတစ်ခန်းကို ယူဆောင်ခဲ့သည်။ သူက လက်နှစ်ဖက်ကို ဖြန့်ကားထားလျက် ထောင့်တစ်ခုမှာ ကျောမှီထားပြီး သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

ရွှီချင်းသည် တခြားအခန်းမှာ ရှိနေသည်။ လင်းအာသည် ရွှီချင်း၏ ကော်လံအောက်ထဲမှ တွားသွားထွက်လာပြီး လူပုံသဏ္ဍာန်သို့ မြန်ဆန်စွာ ပြောင်းလဲလိုက်သည်။ သူက နီမြန်းသော မျက်နှာဖြင့် ရွှီချင်း၏ ကျောပေါ်မှာ မှီလိုက်ပြီး မျက်လုံးမှေးကျဉ်းလိုက်သည်။

ရွှီချင်းသည် ပြုံးလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ၏ စိတ်အခြေအနေသည် တည်ငြိမ်သွားသည်။

သူသည် လမ်းခရီးတစ်လျှောက်တွင် သူ၏ အရေပြားကို ကြိမ်ဖန်များစွာ ခွာချွတ်ခဲ့ရသည်။ ယခု သူ၏ ခန္ဓာကိုယ်ကို ရေပူစမ်းထဲမှာ စိမ်လိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးက အာဟာရဖြည့်တင်းခံလိုက်ရသည်။ ယင်းက သူ့ကို လွန်စွာမှ သက်တောင့်သက်သာ ခံစားရစေသည်။

သူတို့က ဤနေရာမှ လေထုနှင့် နေသားကျသွားသောအခါ ဘေးအခန်းများမှ ရယ်မောသံများနှင့် စကားသံများကို ဆူညံသည်ဟု မခံစားကြရတော့ပေ။ ယင်းက ရေပူစမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်ဟန် ရသည်။

အချိန်တချို့ကြာပြီးနောက် ရေပူစမ်းထဲမှ တချို့စကားသံများသည် ရွှီချင်း၏ စိတ်အာရုံကို ဖမ်းစားသွားသည်။

“ စိတ်မကောင်းစရာပဲ… နောက်လဆိုရင် တောင်ခြေမှာရှိတဲ့ ရေပူစမ်းတွေအားလုံး အပိတ်ခံရတော့မယ်… ဒီကို စီးဆင်းနေတဲ့ ဝိညာဉ်မြစ်က လုံးဝဖြတ်တောက်ခံရပြီး ဂိုဏ်းထဲမှာ စုစည်းသွားလိမ့်မယ်လို့ ပြောသံကို ငါကြားမိတယ် ”

All Chapters