အခန်း (၂၇၆)
Vol. 25 Ch. 276
“စီနီယာအစ်ကို ကျွန်တော်ထင်တာကတော့ သူတို့က ကျွန်တော်တို့ကို တမင်ပစ်မှတ်ထားနေတဲ့ပုံပဲဗျ”
ဟု
ဝူစန်းထောင်က သူတို့မြို့စားစံအိမ်မှထွက်လာသည့်အခိုက်တွင် တွေးတွေးဆဆနဲ့ပြောလိုက်ခြင်းဖြစ်ပါသည်။
“အသိသာကြီးပဲလေ” လီဟမ်ရှန်းက သူ့လက်ထဲရှိ ရွေအမိန့်ပြားကို ငုံ့ကြည့်ရင်း
“မြွေဖြူလမ်းက ကောင်းတဲ့နေရာမျိုးမဟုတ်ဘူး ဖြစ်နိုင်တာက ပြဿနာအရမ်းရှုပ်ထွေးတဲ့နေရာမျိုးပဲဖြစ်ရမယ်။ အဲဒါကြောင့် သူတို့က အဲဒီပြဿနာကို ငါ့ကိုပေးလိုက်တာပဲဖြစ်ရမယ်”
“စီနီယာအစ်ကို ဘာလို့ ကျွန်တော်တို့ကို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို စာပြန်ရေးပြီးတော့ ဒီအရှုပ်အထွေးကြီးကို ဂိုဏ်းချုပ်ကို မဖြေရှင်းခိုင်းရတာလဲ”လို့ ဝူစန်းထောင်ကအကြံပေးလိုက်ပါသည်။
“မေ့လိုက်ပါတော့ကွာ။ ငါက ကလေးတစ်ယောက်မဟုတ်တော့ပါဘူး။ ပြဿနာတစ်ခုခုဖြစ်တိုင်း လူကြီးတွေကို ဖြေရှင်းခိုင်းတာ အဆင်မပြေတော့ဘူး”ဟု လီဟမ်ရှန်းက အပြုံးတစ်ခုဖြင့်ပြောလိုက်ပါသည်။
“ ဘာပြဿနာဘဲ ဖြစ်လာဖြစ်လာ ငါတို့အရင်ဖြေရှင်းကြတာပေါ့။ အရင်ဦးဆုံးအနေနဲ့ ငါတို့မြွေဖြူလမ်းကို သွားကြည့်ကြမယ်။ ကြည့်ပြီးတော့မှပဲ ဘာဆက်လုပ်မလဲဆိုတာကို ဆုံးဖြတ်ကြတာပေါ့”
“သခင်လေးကျွန်တော်တို့ မြွေဖြူလမ်းကိုတစ်ကယ်သွားမှာလား။” ထိုဆွေးနွေးမှုများကို ကြားရသော ရှုခွေက မျက်မှောင်ကြုတ်ရင်းနဲ့မေးလိုက်ပါသည်။
“ ဦးလေးရှု မြွေဖြူလမ်းအကြောင်းကိုသိရဲ့လားဗျ” ဟု လီဟမ်ရှန်းကလဲ စိတ်ဝင်တစားမေးလိုက်ပါသည်။
“အင်း သိတယ်။ အဲဒီမြွေဖြူလမ်းကို ဟိုအရင်နှစ်တွေတုန်းက အလည်သွားဖူးတယ်။”
“ မြွေဖြူလမ်းက လမ်းခရီး ကြမ်းတမ်းပြီးတော့ တောင်အထပ်ထပ်ရှိတဲ့ နေရာမှာရှိတာ။
အဲဒီက စီးပွားရေး၊ ရေအရင်းမြစ်နှင့် မြို့နေလူထုတွေအကုန်လုံးကို မြို့ခံအင်အားစုတွေအကုန်လုံးက ထိန်းချုပ်ထားတာပဲ။ ကျန်းကောစံအိမ်မှာ ရှိတဲ့ ဧရိယာ လေးခုအနက် မြွေဖြူလမ်းက အဆိုးဆုံးနဲ့ပြဿနာ အရှုပ်ဆုံးပဲ။”
“ဒီမြို့ဝန်က တစ်ကယ်မကောင်းတဲ့လူကြီးပဲ”ဟု ဝူစန်းထောင်ကတွေးရင်းနဲ့ ကျိန်ဆဲလိုက်သည်။
“ဒီလိုမျိုးဖြစ်လာပြီဆိုမှတော့ တစ်ချက်လောက်သွားကြည့်ကြတာပေါ့” ဟု လီဟမ်ရှန်းကမျက်မှောင်ကြုတ်ကာ ပြောလိုက်ရင်း ရထားလုံးထဲသို့ ဝင်သွားခဲ့ပါသည်။
ဤလမ်းခရီးရဲ့အခက်အခဲအားလုံးကို လီဟမ်ရှန်းသိပါသည်။ သို့သော် နောက်ဆုတ်ရမည့်ဆိုသည့်တိုင် မတိုက်ခိုက်ရသေးဘဲ လီဟမ်ရှန်းက နောက်မဆုတ်ချင်ခဲ့ပါချေ။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို ပြန်ရမယ်တဲ့လား။ ခက်နေတာက ဂိုဏ်းချုပ်က လက်ခံမယ်ဆိုရင်တောင် လီဟန်ရှင်းက မပြန်ချင်ပါချေ။
လတ်တလောအဖြစ်အပျက်များက လီဟမ်ရှန်း၏ နှလုံးသားကိုသန့်စင်ရန်အတွက် လိုအပ်နေပါသည်။ ဒါမှမဟုတ် သူတစ်နေရာရာကို ထွက်သွားဖို့လိုနေတာလဲ ဖြစ်နိုင်ပါတယ်။
သူက စိတ်ဖြေဖျောက်ရန်အတွက် နေရာတစ်နေရာကို လိုအပ်နေပါသည်။ ကျန်းကောစံအိမ်ကို ကြည့်ရသည်မှာ လီဟမ်ရှန်း ၏ လိုအပ်ချက်နဲ့ အပြည့်အဝကိုက်ညီနေသည့်ပုံစံရှိပါသည်။
မြွေဖြူလမ်းကြောင်းသည် မြောက်ပိုင်း စွန်းစွန်းတွင်တည်ရှိသည်။ ထိုနေရာသို့ သွားရာ ရထားလမ်းကြောင်းမှာလည်း လွန်စွာမှပင် ကြမ်းတမ်းလှပါသည်။
ရထားလုံးအတွင်း၌ လီဟမ်ရှန်းနှင့် ဝူစန်းထောင်တို့မှာ နောက်ထပ်လုပ်ရမည့်အစီအစဉ်များကို ဆွေးနွေးနေကြပါသည်။ နာရီဝက်ကြာသောအခါတွင် သူတို့စီးနင်းလာသော ရထားလုံးမှာ ပြင်းထန်စွာ လှုပ်ခါသွားခဲ့ပါသည်။
ဝုန်း…...ဝုန်း ။
ဝူစန်းထောင်မှာ သူ၏ မြီးညှောင်ရိုးကို သုံးကြိမ်စောင့်မိ၍ နေရာလွဲသွားသည်ဟု ခံစားမိပါသည်။
“ ဦးလေးရှုရေ့ ရထားလုံးကို ဖြေးဖြေးမောင်းပါဗျ။ ကျွန်တော့်ဖင်တော့ စုတ်ပါပြီဗျာ”
ဝူစန်းထောင်က လျင်မြန်စွာ အော်ဟစ်လိုက်ပါသည်။
“ ငါလဲ မတတ်နိုင်ဘူးလေကွာ ဒီကလမ်းခရီးက တော်တော်ကြီး ကိုကြမ်းလွန်းတယ်ကွ”
ရှုခွေကလည်း ငြီးငြူလိုက်ပါသည်။
“ ကျန်းကောစံအိမ်ကနေ ငါတို့ ထွက်ခွာလာပြီး နောက်ပိုင်း လမ်းက တော်တော်လေးကို တစ်ဖြေးဖြေးနဲ့ ကြမ်းကြမ်းလာတာကွာ။ မြွေဖြူလမ်းနဲ့ နီးလာတာနဲ့အမျှ လမ်းခရီးရော ပတ်ဝန်းကျင်ရော အခြေအနေကပိုပိုပြီး ဆိုးလာတယ်လို့ ထင်ရတယ်”
“အဲလောက်တောင်ဆိုးတာလား” ဟု ဆိုကာ ဝူစန်းထောင်က ရထားလုံး၏ လိုက်ကာကိုလှန်၍ အပြင်ကိုလှမ်းကြည့်လိုက်ပါသည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် အတော်လေးကို ထိတ်လန့်သွားခဲ့ရပါသည်။ ပတ်ဝန်းကျင်မှာ မိုးရွာသွန်းမှုကြောင့် အပေါက်အပေါက်များဖြစ်နေသော ကျောက်တုံးများမှာ နေရာအနှံ့တွင်ရှိသည်။ ထိုကျောက်တုံးများကြောင့် လှည်းလမ်းကြောင်းမှာ ပိုပို၍ ကျဉ်းမြောင်းနေခြင်းဖြစ်ပါသည်။ ပတ်ချာလည်၌ ဝန်းရံထားသော ကျောက်တုံးများမှာ ပို၍ ပြန့်ကြဲနေရုံသာမက ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ခြောက်သွေ့ညိုးနွမ်းနေကာ ကျက်တီးမြေကြီးတစ်ခုနှင့် တူနေပါသည်။
သူတို့အတွက် တစ်ခုကံကောင်းသွားတာက သူတို့၏ ရထားလုံးကို ဆွဲထားသော မြင်းမှာ စိတ်ဝိဉာဉ်မြင်း ခရမ်းမိုးကြိုးဖြစ်နေသောကြောင့်ပင်။
တစ်ခြားသောမြင်းများဆိုလျင်ပါက ယခုလောက်ဆိုလျင် အမောဖောက်ကာသေနေပြီဖြစ်ပါသည်။
“ဒီလမ်းကတော့တော်တော်လေးကိုး ဆိုးတာပဲ” လီဟမ်ရှန်းကလည်း ပြတင်းပေါက် အပြင်မှကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေ၏။ မြွေဖြူလမ်းသို့သွားသော ခရီးလမ်းမှာပင် အဲလောက်ကြမ်းတမ်းနေပြီ ဖြစ်သောကြောင့် ထိုနေရာရှိ အခြေအနေမှာ မည်မျှပင် ဆိုးလောက်မည်ကို ခန့်မှန်း၍ပင် ရနိုင်ပါ၏။ သို့သော် သူတို့တွင် တစ်ခြားသောရွေးခြယ်စရာမရှိနေခဲ့ပေ။ မြွေဖြူလမ်းသို့ရောက်ရန်အတွက် ခရီးလမ်းမှာ အဝေးကြီးကျန်သေးပေ၏။ ထို့အပြင် သူတို့က မြွေဖြူလမ်း၏ စစ်ဆေးမှုရုံးရှိရာ တူးရှမြို့ သို့ အလျင်အမြန်သွားရန်လည်း လိုအပ်နေပါသည်။ ယခုလောလောဆယ်တော့ သူတို့တွင် တစ်ခြားသော ရွေးခြယ်စရာမှရိပေ။ ဖြေးဖြေးသွားရုံသာ တတ်နိုင်ပါတော့၏။
“ ဦးလေးရှု မလောပါနဲ့ဗျာ။ ကျွန်တော်တို့ မနက်ဖန် ညနေလောက်တော့ ရောက်မှာပါ”
လီဟမ်ရှန်းက ရှုခွေအား ဂရုပိုစိုက်ရန်အတွက် သတိပေးလိုက်ပါသည်။ သူထိုစကားပြောပီး သိပ်မကြာခင်မှာဘဲ ရထားလုံး တစ်ခုလုံးမှာ မိုးခြိမ်းသံ မြည်သကဲ့သို့ အသံအကျယ်ကြီး မြည်ပြီး ရထားတစ်စင်းလုံး ကျိုးပျက်သွားခဲ့ပါသည်။ ထိုကျိုးပျက်မှု ၏အရှိန်ကြောင့် ဝူစန်းထောင်မှာ လေထဲသို့ လွင့်ပါသွားခဲ့ပါ၏။
ကံကောင်းသည်မှာ ဝူစန်းထောင်မှာ ကျင့်ကြံမှုစွမ်းအားရှိသောကြောင့် လေထဲတွင် တစ်ပတ်ဂျွမ်းပစ်ကာ မြေပြင်ပေါ်သို့ ကောင်းမွန်စွာ ဆင်းသက်လာနိုင်ခဲ့ပါသည်။
“ ဟာ သွားပါပြီကွာ”
ရထားလုံးတစ်ခုလုံး ပျက်စီးသွားသည့်အပြင် ရထားလုံး၏ ဘီးများလဲ ကျိုးပဲ့သွားသည်ကို မြင်သောကြောင့် ဝူစန်းထောင်ကလန့်ဖျန့်ကာ အော်ဟစ်လိုက်ခြင်း ဖြစ်ပါသည်။
သူတို့က ရထားလုံးကို အသုံးပြုပြီး ခရီးဆက်၍ မရတော့ပါချေ။ လီဟမ်ရှန်းကလဲ ရထားလုံးမှ ထွက်လာ၍ ကြည့်လိုက်သည့် အခါ အဖြစ်အပျက် ကို တွေ့မြင်သွားသောကြောင့် သူ၏ဦးခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါရမ်းလိုက်ပါတော့သည်။
“ လမ်းခရီးက အရမ်းကို ကြမ်းလွန်းပါတယ်။ သခင်လေး အခုအချိန်ကတော့ ကျွန်တော်တို့တွေ ခြေလျင်ပဲ သွားမှ ရတော့မယ်ထင်တယ်ဗျ” ဟု ရှုခွေက မျက်မှောင်ကြုတ်ရင်းပြောလိုက်ပါ၏။
“ဒါဆိုလည်းသွားကြတာပေါ့ဗျာ” ဟု လီဟမ်ရှန်းက ပြောရင်းနှင့် အဝေးသို့ မျှော်ကြည့်လိုက်၏။
“ ဘာပဲဖြစ်ဖြစ်ဗျာ အဆိုးထဲက အကောင်းပြောရမယ်ဆိုရင်ဖြင့် ဒီမြွေဖြူလမ်းကြောင်းမှာရှိတဲ့ ရှုခင်းတွေကို ကြည့်ရင်းဖြေးဖြေးခရီးဆက်ကြရတာပေါ့ဗျာ”
“ ကဲ သွားကြမယ်ဟေ့” ရှုခွေက အထုတ်အပိုးများကို မလိုက်ပါသည်။ ကျန်ရှိသော အထုတ်အပိုးများကို တော့ ခရမ်းမိုးကြိုး၏ ကျောပေါ်သို့တင်ကာ မြင်းကိုဆွဲပြီး သူတို့ သုံးယောက်ခရီးထွက်လာခဲ့ကြ၏။ သုံးယောက်သား ကြမ်းတမ်းသောလမ်းကို ဖြေးညှင်းစွာဖြင့် ခရီးဆက်လာခဲ့ကြပါသည်။
ညနေစောင်းသောအခါတွင် ကောင်းကင်မှာ တစ်ဖြေးဖြေးဖြင့် မှောင်မိုက် လာပါ၏။ သူတို့က တောထဲမှာပဲ စခန်းချဖို့ ဆုံးဖြတ်ပြီး ပြင်ဆင်လိုက်သည့်အခါတွင် ကံကောင်းထောက်မစွာဖြင့် သူတို့နှင့် မလှမ်းမကမ်းတွင် ရွာတစ်ရွာကို တွေ့လိုက်ရပါသည်။ရွာလေးမှာ သိပ်၍ မကြီးသည့်တိုင် ရွာမှာနေချင်းက တောထဲမှာ စခန်းချင်းထက် ပိုပြီးကောင်းတယ်မဟုတ်လား။ ရွာထဲသို့ဝင်လာပြီးနောက်တွင် လီဟမ်ရှန်းနှင့် လူနှစ်ယောက်သည် ရွာထဲ၌ လူများများမရှိသည်ကို သိလိုက်ရပါတော့၏။
ရွာ၌ အိမ်ခြေများစွာရှိသည့်တိုင် အိမ် တစ်ဆယ့်သုံးလုံးခန့်ကသာ မီးခိုးများထွက်နေသည်ကို မြင်ရပါ၏။ ကျန်သောအိမ်များမှာ လုံးဝ ဗလာ ဟင်းလင်းကြီးဖြစ်နေပါသည်။
“ ဦးလေးရေ့ ကျုပ်တို့က ခရီးသွားတွေပါဗျာ။ ဒီမှာ တစ်ညလောက်တည်း ချင်လို့ အဆင်ပြေပါ့မလား”
လီဟမ်ရှန်းက သစ်ခုတ်နေသော လူအိုကြီးတစ်ယောက်နားသွားကာ ယဉ်ယဉ်ကျေးကျေးနဲ့ မေးလိုက်ပါ၏။ အသားမဲမဲနှင့် လူအိုကြီးမှာ လီဟမ်ရှန်းနှင့် အတူ လူနှစ်ယောက်ကို မြင်လိုက်သောကြောင့် အလွန်အမင်း အံဩသွားခဲ့ပါ၏။ သူ၏ပုံစံမှာ ခရီးသွားများကို မတွေ့ရသည်မှာ လွန်စွာ ကြာမြှင့်နေသော ဟန်ပန်ရှိပါသည်။
လူအိုကြီး၏ကြောက်ရွံ့နေသော မျက်ဝန်းများကို မြင်လိုက်သောကြောင့် ဝူစန်းထောင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အပြုံးတစ်ခုဖြင့် ဆိုလိုက်ပါ၏။ ဦးလေး ကျွန်တော်တို့ဒီမှာ တစ်ညတည်းတာက အလကားတည်းမှာ မဟုတ်ပါဘူးဗျ။ ကျွန်တော်တို့က ဦးလေးကို တည်းခိုခပေးမှာပါ။ ထိုစကားပြောပြီးနောက်တွင် ဝူစန်းထောင်က ငွေစများကို ထုတ်လိုက်ပြီး လူအိုကြီး၏ လက်ထဲသို့ ထည့်လိုက်ပါသည်။
“ ဟင် ငွေတွေပါလား”
“အဘွားကြီးရေ့” ဟု လူအိုကြီးက အော်ဟစ်လိုက်ပြီးတော့ ခပ်မြန်မြန်ပဲ သူ၏အိမ်ထဲသို့ ပြေးဝင်သွားခဲ့ပါသည်။ သိပ်မကြာခင်မှာပင် အဘွားအိုတစ်ယောက် အိမ်ထဲမှ ထွက်လာပြီးနောက် သူတို့အား အမြန်ပြောလိုက်ပါသည်။
“ဟာ ဂုဏ်သရေရှိ လူကြီးမင်းတို့ အမြန်ဝင်ကြပါ။ ကျွန်မတို့က ဆင်းရဲပေမဲ့ လူကြီးမင်းတို့ စိတ်မရှိဖို့ မျှော်လင့်ပါတယ်”
“ ဟာ စိတ်မပူပါနဲ့ စိတ်မပူပါနဲ့”
လီဟမ်ရှန်းနှင့်အဖွဲ့မှာ ထိုအိမ်ထဲသို့ ဝင်ခဲ့ကြပါသည်။ အိမ်မှာကျယ်ဝန်းသည့်တိုင် ပစ္စည်း များများစားစားသိပ်မရှိပေ။
အိမ်ထဲ၌ ပျက်စီးယိုယွင်းနေသော အိပ်ယာ တစ်ခု ၊ စားပွဲ တစ်လုံး၊ မီးဖိုချောင်သုံးပစ္စည်း ထိုအရာများသာ ရှိသည်။ တစ်ခြားသောအရာဟူ၍ မည်သည့်အရာမျှ မရှိပါချေ။
“ဒီအိပ်ယာက ဧည့်သည်တွေအတွက်ပါ”
“အဖိုးကြီးနဲ့ အဖွားကြီး ကတော့ ကြမ်းပြင်မှာပဲ ဆင်းအိပ်ပါ့မယ်” ဟု အဖိုးအိုက အလျင်အမြန်ပြောလိုက်ပါသည်။
“ ဟာ မလိုပါဘူးဗျ။ ကျွန်တော်တို့က လူငယ်တွေဖြစ်တဲ့အတွက် ကြမ်းပြင်ပေါ်မှာပဲ ဆင်းအိပ်လိုက်ပါမယ်။ ကျွန်တော်တို့က ဘာမှ မဖြစ်ပါဘူး”
လီဟမ်ရှန်းက လိမ်ညာလိုက်ခြင်းဖြစ်ပါသည်။ သူ၏ဘဝတစ်လျောက်လုံးတွင် ထိုကဲ့သို့သော ဆိုးရွားလှသည့် အခြေအနေမျိုးဖြင့် တစ်ခါမှမအိပ်စက်ခဲ့ဘူးပါ။ သတ်ဖြတ်သူတသောင်းတောင်ထိပ်၌ သူနေထိုင်ခဲ့စဉ်က ပင် ယခုအခြေအနေထက် များစွာ သာလွန်လှပါ၏။ ဤရွာလေး၌ နေထိုင်မှုအခြေအနေမှာ ယခုလောက်ဆိုးရွားနေသည်ကို မြင်ရသောကြောင့် လီဟမ်ရှန်းမှာ အနည်းငယ်တော့ အံ့ဩသွားခဲ့ပါသည်။
ဒီလူတွေက ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ထိ ဆိုးရွားတဲ့အခြေအနေတွေနဲ့ နေနေရတာလဲ
အဖိုးကြီးနှင့် အဖွားကြီး လင်မယားမှာ အနည်းငယ်တော့ တုံ့ဆိုင်းပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြပါသည်။ သူတို့က လီဟမ်ရှန်းထံမှ ငွေများကို ယူထားသည့်တိုင် ဧည့်သည်ဖြစ်သော လီဟမ်ရှန်းမှာ သူတို့ပြောသလိုမျိုး အိပ်ယာပေါ်၌ အိပ်ရန်ငြင်းဆန်နေခဲ့ပါသည်။
လီဟမ်ရှန်းက ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက်တွင် ဝမ်းနည်းသောခံစားချက်များက သူ့နှလုံးအိမ်တွင် ပြည့်လျှံလာခဲ့ပါ၏။ အခုသူက မြွေဖြူလမ်းရဲ့ စစ်ဆေးရေးမှူး ဖြစ်နေပြီဖြစ်သောကြောင့် ဤနေရာရှိ သူများ၏ဘဝကို လွယ်ကူစေရန်နှင့် လုံခြုံစေရန်အတွက် လုပ်ဆောင်ပေးရမည်မှာ သူ၏တာဝန်ဖြစ်သည်ပင်မဟုတ်လား။ သို့သော် မြွေဖြူလမ်းသို့ လာရာ လမ်းတစ်လျောက်၌ ကောင်းမွန်သော အရာတစ်ခုဟူ၍ သူမတွေ့ခဲ့ရသေးပါချေ။ မြွေဖြူလမ်းသို့သွားရာလမ်းပင်လျှင် ထိုမျှလောက် စုတ်ပြတ်နေသည့်အတွက်အကြောင့် အခြေအနေမှာ ကောင်းမည်မထင်ပေ။
သူတို့အဖွဲ့မှာ သယ်လာသော အထုပ်အပိုးများကို ချပြီးနောက် စကားပြောလိုက်ကြပါသည်။
“ ဒီကဦးလေးကို ဘယ်လိုများ ခေါ်ရပါမလဲဗျ” ဟု ဝူစန်းထောင်ကအရင်ဦးဆုံး မိတ်ဆက်လိုက်ပါသည်။
“အာ…ကျုပ်ကို လူအိုကြီးကျန်းလို့ပဲ ခေါ်ပါဗျ”
“ လူအိုကြီးကျန်း ဒီနေရာမှာ ဘာလို့လူတွေအရမ်းနည်းနေရတာလဲ”
“ အော် လူတွေက ဒီရွာမှာ မနေကြတော့ဘူးလေ။ တစ်ချို့ကတော့ ထွက်ပြေးသွားကြပြီ၊ တစ်ချို့ကတော့ အလုပ်လုပ်ဖို့ အဖမ်းခံလိုက်ရတယ်” ဟု လူအိုကြီးကျန်းက သူ၏ဦးခေါင်းကို ခါရမ်းလျက်ပြောလိုက် ပါသည်။
“ အို အဖမ်းခံလိုက်ရတယ် ဟုတ်လား” လီဟမ်ရှန်းက အလွန်သိချင်သွားခဲ့ပါသည်။
“ဘယ်သူကဖမ်းသွားတာလဲ”
လူအိုကြီးကျန်းက သက်ပြင်းချကာ ပြောလိုက်ပါ၏။
“ဘယ်သူရှိရမလဲဗျာ ဟွာမိသားစုပေါ့။ ဘာလို့ လူတွေဖမ်းတာလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေက အခွန်၊ အခ တွေလဲမပေးနိုင်ဘူး။ အဲဒါကြောင့်မလို့ ဟွာမိသားစုက လူငယ်တွေအကုန်လုံးကို အလုပ်လုပ်ဖို့အတွက် ဆိုပြီး ဖမ်းခေါ်သွားတော့တာပဲ”
“ စစ်ဆေးရေးမှူးရုံးက ဘာမှာမလုပ်ဘူးလား” ဟု ဝူစန်းထောင်ကလဲ သိလိုစွာ မေးလိုက်ပါ၏။
“စစ်ဆေးရေးမှူးရုံး” ဟုတ်လား”ဟုဆိုကာ လူအိုကြီးကျန်းက တစ်ခဏမျှတုံ့ဆိုင်း သွားပြီးပြောလိုက်ပါသည်။
“ သူတို့ကဘာလို့ ဂရုစိုက်ရမှာလဲ။ စစ်ဆေးရေးမှူးရုံးက ဟွာမိသားစုနဲ့ အတူတူပဲပေါင်းပြီး ကြံနေကြတာ။ သူတို့ ကဘာလို့ ဂရုစိုက်မှာလဲ။ အခွန်တွေကို တိုးပြီးကောက်တာက စစ်ဆေးရေးမှူးရုံးကပဲ ကောက်တာလေ။ ဟွာမိသားစုက စစ်ဆေးရေးမှူးရုံးကို လူအင်အားတွေ ထောက်ပံ့ပေးထားပြီးတော့ အခွန်တွေလိုက်ကောက်ပေးနေတာပဲ။ သူတို့က ဘာလို့ ဂရုစိုက်ရမှာလဲ”
ထိုစကားကို ကြားပြီးအခါမှသာ လီဟမ်ရှန်းလည်းအရာအားလုံးကို နားလည်သဘောပေါက်သွားပါတော့သည်။မြွေဖြူလမ်း၏အခြေအနေကိုကြည့်ရသည်မှာ ယခင်စစ်ဆေးရေးမှုး ဖန်းကျစ်လျိုက လာဘ်စားနေသည့်ပုံ ဖြစ်၏။ ယခုတွင်မူ ထိုလာဘ်စားသည့် ပြဿနာကို မဖြေရှင်းချင်သည့်အတွက်ကြောင့် ကျားနက်ကန်သို့ ထွက်ပြေးသွားပုံရသည်။
ထိုလာဘ်စားမှုကြီးကို လီဟမ်ရှန်း ဖြေရှင်းရန်ထားခဲ့ လိုက်ခြင်းဖြစ်သည်။ လီဟမ်ရှန်းမှာ အရာအားလုံးကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပါသည်။
ဘန်း….ဘန်း….ဘန်း
ထိုအခိုက်တွင် တံခါးကို အရှိန်ပြင်းပြင်းနဲ့ ခေါက်သံကြားလိုက်ပါသည်။
“ လူအိုကြီးကျန်း တံခါးဖွင့်စမ်း”
ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာပြီးနောက် လူအိုကြီးကျန်း ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် တံခါးမှာ ကန်ဖွင့် ခံလိုက်ရပါသည်။ လူအိုကြီးကျန်းနှင့်သူ၏အမျိုးသမီးမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားခဲ့ကြပါ၏။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က လူ လေးငါးခြောက်ယောက်အား ဦးဆောင်လျက် အတွင်းထဲ ဝင်လာခဲ့ပါသည်။ သူတို့၏အကြည့်မှာ လီဟမ်ရှန်းနှင့် ကျန်သူများကို ဝေ့ဝိုက်သွားသော်လည်း သိပ်ပြီး ဂရုမစိုက်ပါချေ။ ထိုအစားသူတို့က လူအိုကြီးကျန်းအားကြည့်ကာမေးလိုက်ပါသည်။
“လူအိုကြီးကျန်း ဒီနေ့ခင်ဗျား ထင်းခုတ်တာ တော်တော်နည်းတယ်နော်။ အဲလောက်က ခင်ဗျားရဲ့အကြွေးတွေကျေဖို့ မလုံလောက်ဘူး။ ခင်ဗျား အရင်ကပြောခဲ့တယ်လေ ထင်းတွေ များများခုတ်ပီး အကျေဆပ်မယ်လို့ ပြောတာ မှတ်မိလား။ ခင်ဗျား အကြွေးဆပ်နိုင်မှာ ခင်ဗျားရဲ့သားကို ဖမ်းထားတာ ကျုပ်တို့ ပြန်လွှတ်ပေးမှာနော်။ ဒီနေ့ခင်ဗျား ထင်းခုတ်တာ တော်တော်နည်းတယ်။ ခင်ဗျားရဲ့သားကို ခင်ဗျား ပြန်မလိုချင်တော့ဘူးလား”
အဖြူရောင် ဝတ်စုံ ဝတ်ထားသော သူမှာ အရှေ့ကို တိုး၍ ပြောလိုက်ပါသည်။
“ ဟွာလျိုယဲ့ ငါဒီနေ့ တစ်ကယ်နေမကောင်းလို့ပါကွာ။ အဲဒါကြောင့်မို့ နည်းနည်းလေးပဲ ထင်းခုတ်နိုင်တာပါ။ မနက်ဖြန် ဒီနေ့အတွက် ထင်းတွေများများ ပိုခုတ်ပေးပါမယ်”
“ကောင်းပြီလေ။ ခင်ဗျားအဲလိုပြောမှတော့”
ဟွာလျိုယဲ့ ကဘာမှ ထပ်မပြောတော့ပါချေ။ သို့ပေမဲ့ သူ၏အကြည့်မှာ လီဟမ်ရှန်းတို့အဖွဲ့သို့ ရောက်သွားခဲ့ပါသည်။ လီဟမ်ရှန်းတို့က ကောင်းမွန်သော အဝတ်အစားများ ဝတ်ဆင်ထားသောကြောင့် သူက တစ်ချက်ပြုံးပြီးနောက် ရှေ့သို့ တိုးလာခဲ့၍ လီဟမ်ရှန်းတို့အား တစ်ချက်ပတ်ကြည့်ပြီးနောက် မေးလိုက်ပါသည်။
“မင်းတို့တွေက ဘယ်ကလာတာလဲ”
“အဲဒါမင်း သောက်လုပ်မဟုတ်ဘူးထင်တယ်” ဟု လီဟမ်ရှန်းက ယဉ်ကျေးမနေဘဲပြောလိုက်ပါသည်။
“အတင့်ရဲလိုက်တာ” ဟု နောက်လိုက်လူမိုက်များက ဒေါသထွက်ပြီးအော်ဟစ်လိုက်ကြပါသည်။
“မင်းက ဟွာလျိုယဲ့ ကို ဒီလိုမျိုးပြောရဲတယ်ပေါ့လေ။ ငါတို့ရဲ့ လျိုယဲ့က ဘယ်လိုလူလဲဆိုတာ မင်းမသိဘူးလား” လူအိုကြီးကျန်းတို့ ဇနီးမောင်နှံမှာ လီဟမ်ရှန်းအား မျက်စပ်ပစ်ကာ အချက်ပြခဲ့ပါသည်။ သူတို့ပြောချင်သည့် အဓိပ္ပါယ်မှာ ဟွာလျိုယဲ့အား ရန်မစရန်အတွက်ဖြစ်သည်။
သို့သော် လီဟမ်ရှန်းက မမြင်ချင်ယောင်ဆောင်ခဲ့ပါ၏။
“တော်တော်ဘဝင်မြင့်နေတဲ့ကောင်ပဲ”
ဟွာလျိုယဲ့က ခေါက်ယပ်တောင်ကို သူ၏လက်ဖဝါး၌ ခေါက်လျက်ပြောလိုက်ပါသည်။
“ မင်းပုံစံကြည့်ရတာ သားသားနားနားပါပဲ။ အဲဒါကြောင့်မို့ မင်းကို ငါအပြစ်မယူတော့ဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ မြွေဖြူလမ်းမှာ မင်းတည်းခိုပြီး နေချင်တယ်ဆိုရင်တော့ တည်းခိုခန်းခ ပေးရမယ်။ လူတစ်ယောက်ကို ငွေစ ဆယ်စ ပေးရမယ်”
ထိုသို့ပြောပြီးနောက်တွင် သူ၏လက်ဖဝါးကို ရှေ့သို့တိုးကာ ငွေတောင်းခံပါတော့၏။ ထိုဈေးနှုန်းကြောင့် ဝူစန်းထောင်မှာ လန့်ဖျတ်သွားခဲ့ရပါသည်။
ငွေစ ဆယ်စ ဟုတ်လား။ မင်းငါတို့ကို ဓါးပြတိုက်နေတာလားဟ။
“ ဟား…ဟား… ရီရတယ်။ ရီရတယ်။ ရီရတယ်။မြွေဖြူလမ်းက မင်းပိုင်တဲ့ နေရာမို့လို့လား။ ဒီမှာက တည်းခိုဖို့အတွက် ပိုက်ဆံပေးရတယ်ပေါ့လေ။ ငါမြောက်ပိုင်းအေးခဲနိုင်ငံနဲ့ပတ်သက်ပြီးတော့ စည်းမျဉ်း၊ စည်းကမ်းတွေကို တစ်လမ်းလုံး ဖတ်လာတာကွ။ ဒါပေမဲ့ ဒီလိုမျိုး စည်းမျဉ်း၊ စည်းကမ်း တစ်ခါမှ မဖတ်ဖူးဘူး။
ဒီမြောက်ပိုင်းအေးခဲနိုင်ငံတခုတည်း မဟုတ်ဘူး လူသားမျိုးနွယ်တစ်ခုလုံးမှာလဲ ဒီလိုမျိုး စည်းမျဉ်း၊ စည်းကမ်းက ရှိမှာမဟုတ်ဘူး။
ပြီးတော့မေးပါအုံးမယ်
မင်းပြောတဲ့ဟာက စုံစမ်းရေးမှူးရုံး ကအမိန့်ထုတ်ထားတဲ့ဟာလား” ဟု လီဟမ်ရှန်းက လှေင်ပြောင်စွာ ပြောလိုက်ပါ၏။
“ စုံစမ်းရေးမှူးရုံး ဟုတ်လား”
ဟွာလျိုယဲ့က ထိုစကားကိုကြားပြီး တစ်ခဏမျှ ရပ်တန့်သွား၏။ ထိုနောက်တွင် အားရပါးရ အော်ဟစ်ကာ ရယ်မောလိုက်ပါသည်။ သူ၏နောက်တွင်ရှိသော တစ်ခြားလူမိုက်များပင်လျှင် အားရပါးရ ရယ်မောနေကြလေ၏။
“ စစ်ဆေးရေးမှူးကို ဘာလို့ကြောက်ရမှာလဲကွ။ ငါတို့ ဟွာ မိသားစုရှေ့မှာ စစ်ဆေးရေးမှုးက ခွေးသာသာပဲရှိတာ။ စစ်ဆေးရေးမှူးရုံးက နတ်ဘုရားဖမ်းတဲ့သူ ကိုယ်တိုင်ရောက်လာရင်တောင်မှ ငါတို့က နောက်ပြန်ဆုတ်သွားရုံပဲ။ ဒါပေမဲ့ ဘယ်တော့မှ ကြောက်မှာတော့မဟုတ်ဘူး။ ပြီးတော့မင်းသိထားဖို့က အခုလောလောဆယ်မှာ စုံစမ်းစစ်ဆေးရေးမှူးကမရှိဘူးဆိုတာပဲ။
တစ်ကယ်လို့ စစ်ဆေးရေးမှူးက ရောက်လာမယ်ဆိုရင်တောင် ငါတို့ ဟွာမိသားစုရှေ့မှာ ဘာမှပြောနိုင်မှာ မဟုတ်ဘူး။ ငါတို့ ဟွာမိသားစုက သူ့ကို ဒူးထောက်ဆိုလိုရှိရင် ဒူးထောက်ရမှာပဲ။
သူကသာ ငါတို့နဲ့အတူတူမပူးပေါင်းဘူးဆိုလိုရှိရင် မြွေဖြူလမ်းမှာ သူ့အတွက် နေထိုင်စရာရှိမှာမဟုတ်ဘူး။ မြွေဖြူလမ်းမှာ ငါတို့ ဟွာ မိသားစုကထွက်တဲ့ စကားမှန်သမျှက ဥပဒေပဲကွ”
ဟွာလျိုယဲ့က လွန်စွာ လွှမ်းမိုးနိုင်သည့် အမူအရာနဲ့ ဆိုလိုက်ပါ၏။ စစ်ဆေးရေးမှူးရုံးကို ထိုကဲ့သို့ ဂရုမစိုက်ခြင်းမျိုးက လီဟမ်ရှန်းနှင့် ကျန်သူများအား အလွန်အမင်း အံ့ဩသွားစေပါသည်။ စစ်ဆေးရေးမှူးရုံးက အဲလောက်တောင်မှ အင်အားနည်းနေတာပါလား။ “လူကြီးမင်းတို့ ငွေပေးပါ” ဟု ဟွာလျိုယဲ့က သူ၏လက်ဖဝါးကို လီဟမ်ရှန်းတို့ထံသို့ တိုးလိုက်ပါ၏။
“ဂျူနီယာညီလေးဝူ သူတို့ကိုပေးလိုက်ပါ” ဟု လီဟမ်ရှန်းက ဝူစန်းထောင်အားကြည့်ကာပြောလိုက်ပါ၏။
“ကောင်းပြီလေ။ ဝူစန်းထောင်က ထိုလူများအားပြောလိုက်ပါသည်။ ကျုပ်နဲ့ လိုက်ခဲ့ကြဗျာ။ ကျုပ်တို့က ငွေကို အပြင်မှာထားတာဗျ” ထိုသို့ပြောပြီးနောက်သူကအပြင်သို့အရင်ထွက်သွားခဲ့သည်။ဟွာလျိုယဲ့ နှင့် ကျန်သူများကလည်းသူ့နောက်မှ ကမန်းကတန်း လိုက်သွားကြသည်။
သိပ်မကြာမှီပင် အပြင်ဘက်မှ ခပ်ဝါးဝါး တိုက်ခိုက်သံများ ကြားလိုက်ရပါသည်။ ထိုနောက်တွင်တော့ လုံးဝကို တိတ်ဆိတ်သွားခဲ့ပါသည်။ ဝူစန်းထောင်က အတွင်းသို့ အေးဆေးစွာ ပင်ပြန်ဝင်လာခဲ့ပါသည်။ ဟွာလျိုယဲ့မှာ ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာရှိပြီးတော့ ဝူစန်းထောင်မှာမူ ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိပြီးဖြစ်ပါသည်။ ထိုပြင် ဝူစန်းထောင်မှာ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်၏ အစစ်အမှန် တပည့်တစ်ယောက်ပင်မဟုတ်ပါလား။
ထို့ကြောင့်သူက သာမာန် ပြန်လည်မွေးဖွားခြင်းအဆင့် ကျွမ်းကျင်သူများထက်စွမ်းအားကြီးမားသည်မှာ ပုံမှန်သာ ဖြစ်ပါသည်။ ဟွာလျိုယဲ့မှာ မာနအလွန်ကြီးမားသည့်တိုင် ဝူစန်းထောင်၏ လက်သီးချက် နှစ်ချက်ကိုပင် မခံနိုင်ပဲ လဲကျသွားခဲ့ပါ၏။
“စီနီယာအကို ကျွန်တော် လုပ်လို့ပြီးသွားပြီ”ဟု ဝူစန်းထောင်က အပြုံးတစ်ခုဖြင့် ပြောရင်းဝင်လာခဲ့ပါသည်။
“မင်းသူတို့ကို သတ်လိုက်လား” ဟု လီဟမ်ရှန်းက ခံစားချက်မဲ့စွာ မေးလိုက်ပါ၏။
“ ဟင်”
ဝူစန်းထောင်မှာ အတော်လေးအံ့ဩသွားခဲ့ ပါသည်။ထို့နောက်အလျင်အမြန်ပင် ပြောလိုက်ပါသည်။
“အာ…ကျွန်တော်သူတို့ကို မေ့လဲအောင်ပဲ လုပ်လိုက်တာဗျ”
“မင်းဘာလို့သူတို့ကိုမသတ်လိုက်တာလဲ”