အခန်း (၂၇၇)
Vol. 25 Ch. 277
လီဟမ်ရှန်း၏အကြည့်မှာ ဖြေးဖြေးချင်းစီ အေးစက်လာခဲ့ပါသည်။
“ အာ…ဒါကတော့”
ဝူစန်းထောင်မှာ တစ်ခဏကြာတဲ့အထိ တုန်လှုပ်နေခဲ့ပါသည်။ သူက ကျင့်ကြံနေတာကြာပြီဖြစ်သော်လည်းတစ်ခါမျှ လူတစ်ခါမှ မသတ်ခဲ့ဖူးချေ။ သူကသင်ခန်းစာပေးရုံမျှ နှင့်ပင် အဆင်ပြေသည်ဟုထင်သော်လည်း လီဟမ်ရှန်းကမူ တစ်ကယ်ပင် လူသတ်ချင်နေခဲ့ပါ၏။
“ ငါတို့အခုရောက်နေတာ ဂိုဏ်းထဲမှာ မဟုတ်ဘူး” လီဟမ်ရှန်းက တည်ငြိမ်စွာ ပြောလိုက်ပါသည်။
“ မင်းရိုက်နှက်ရုံလောက်နဲ့ ပြီးသွားလို့မရဘူး။ ငါတို့အခုရောက်နေတဲ့ နေရာက အန္တရာယ်အရမ်းများတဲ့ မြွေဖြူလမ်းကို ရောက်နေတာ။
ခြေလှမ်း တစ်ချက်မှားတာနဲ့ ငါတို့တွေအားလုံးက သေသွားနိုင်တယ်။ ငါတို့သာ မရက်စက်လို့ရှိရင် ငါတို့သာ မသတ်လို့ရှိရင် ပြဿနာတွေအများကြီးက နောက်ကနေလိုက်လာလိမ့်မယ်။
မင်းသာငါ့နောက်ကို လိုက်ချင်ရင် တော့အပြင်ထွက်ပြီးသူတို့ကို သွားသတ်လိုက်”ဟု လီဟမ်ရှန်းက ဖြေးညှင်းစွာ ပြောလိုက်ပါသည်။
“မဟုတ်ရင်တော့ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းကို ပြန်လိုက်တော့။ မင်းရဲ့ဆုံးဖြတ်ချက်မပြတ်သားမှုကြောင့် ဒီမြွေဖြူလမ်းမှာ မင်းရဲ့အလောင်းကို မကောက်ချင်ဘူး”
ထိုစကားကို ကြားလိုက်သည့်အခါမှာပင် ဝူစန်းထောင်၏မျက်နှာမှာ ချက်ချင်းပင်ပြောင်းလဲသွားပါတော့သည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီးနောက် အပြင်သို့ တစ်ခေါက် ထပ်ထွက်လိုက်ပါသည်။
ရှုခွေက လီဟမ်ရှန်းအား ကြည့်လိုက်လေ၏။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ ထွက်လာပြီးနောက် လီဟမ်ရှန်းမှာ ပို၍ပို၍ ရင့်ကျက်လာသည်ဟု ခံစားလိုက်ရပါသည်။ ထိုသူများကို သတ်ပစ်လိုက်ခြင်းမှာ အမှန်တစ်ကယ်ကို မှန်ကန်သောရွေးချယ်မှုဖြစ်၏။ မသတ်ခြင်းကသာလျင်သူတို့အား ပြဿနာပိုတက်ခြင်းဖြစ်မည်။
အချိန်တစ်ခဏ ကြာသောအခါ ဝူစန်းထောင်က ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ သူ၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ၏တစ်ကိုယ်လုံးမှာ သွေးများပေကျံနေခဲ့ပါသည်။ သူ့နှုတ်ခမ်းမှာမူ တစ်ဆတ်ဆတ်တုန်ရီနေခဲ့ပါ၏။
“ စီနီယာအကို ကျွန်တော်လုပ်ခဲ့ပြီးပြီး”ဟု ဝူစန်းထောင်က အသက်ပြင်းပြင်းရှုကာ ပြောလိုက်ပါသည်။
“ ကောင်းတယ်။ အခြေအနေတွေက အဲလိုဖြစ်ကိုဖြစ်သင့်တယ်”
လီဟမ်ရှန်းက ဝူစန်းထောင်၏ ပုခုံးကို ဖြေးညှင်းစွာ ပုတ်လိုက်ပါ၏။ ဒီနေရာက လူအချင်းချင်း စားသုံးတဲ့နေရာ ဖြစ်နေတာကွ။ ငါတို့သာ မရက်စက်လျင် ငါတို့ရန်သူတွေက ရက်စက်လိမ့်မယ်။ အဲဒါကြောင့်မို့ ငါတို့တွေက ဒီနေရာမှာ လုံးဝ ညှာတာ ထောက်ထားနေလို့မရဘူး။ ငါတို့က ဆုံးဖြတ်ချက်မပြတ်သားဘူးဆိုရင် ငါတို့ကို တစ်ခြားသူတွေက စားသောက်သွားကြလိမ့်မယ်”
“ စီနီယာအကို ကျွန်တော်နားလည်ပါတယ်”
ဝူစန်းထောင်က ခေါင်း တစ်ဆတ်ဆတ်ညိတ်ခဲ့ပါသည်။ လူအိုကြီးကျန်းနှင့် သူ့ဇနီးမှာမူ ကြောက်ရွံ့နေကြပါ၏။ အခုလေးတင်မှ ရောက်လာသော ဧည့်သည်သုံးဦးက ဟွာမိသားစုကလူများကို ထိုကဲ့သို့ သတ်ဖြတ်လိုက်မည်ဟု လုံးဝကို မမျှော်လင့်ထားခဲ့ကြပေ။
သူတို့မှာ အတော်လေးကိ ကြောက်ရွံ့နေခဲ့ပါသည်။ ထိုဇနီမောင်နှံများ၏ ဖြူဖတ်ဖြူရော်မျက်နှာများကို မြင်ပီး လီဟမ်ရှန်းကတစ်ခဏမျှ တွေးတောလိုက်ပါ၏။ ထို့နောက်တွင် ဤနေရာ၌ ဆက်မနေရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။
သူက ရှုခွေနှင့် ဝူစန်းထောင်အားခေါ်ကာ အိမ်အလွတ် တစ်လုံး၌ တစ်ညတာကို ကုန်ဆုံးလိုက်ပါသည်။ နောက်တစ်နေ့နံနက်၌ သူတို့က နိုးထပြီးနောက် ခရီးဆက်ထွက်ခဲ့ကြပါ၏။ တူးရှမြို့နှင့် နီးလာလေလေ လေထုက ပို၍ ပို၍ ကြမ်းတမ်းလေလေ ဖြစ်လာပါသည်။ သူတို့မြင်မြင်သမျှ သာမာန်လူတို့၏မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပြီး အပြုံးများ ကင်းမဲ့နေပါသည်။
ပတ်ဝန်းကျင်မှာ ဆင်းရဲနွမ်းပါးလှပြီး ဒုက္ခသည်များနှင့် သူဖုန်းစားများကို နေရာအနှံ့တွင်တွေ့ရပါသည်။ ယခုအခြေအနေမှာ သူတို့က မြို့တစ်မြို့သို့ သွားနေသည်နှင့်မတူဘဲ ဒုက္ခသည်စခန်းတစ်ခုကိုရောက်နေသည်နှင့်ပိုတူနေခဲ့ပါသည်။ လီဟမ်ရှန်းကို ပို၍ ဝမ်းနည်းစေခြင်းမှာ သူယခင်က တွေးခဲ့သော အတွေးများမှာ မှန်ကန်နေခဲ့ခြင်းဖြစ်သည်။ လူတိုင်း၏ စစ်ဆေးရေးမှူးရုံးသို့အမြင်မှာ ဆိုးရွားနေခဲ့ပါသည်။ နယ်ခံအင်အားစုများနှင့် နောက်လိုက်များ၏ ရက်စက်မှုများကြောင့် သာမာန်လူတို့မှာ စစ်ဆေးရေးမှူးရုံးသို့ သွားရောက်တိုင်ကြားသည့်တိုင် အလကားသာဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ မြွေဖြူလမ်းကြောင်းတွင်ရှိသော သာမာန်လူများမှာ စစ်ဆေးရေးမှူးရုံးကို လုံးဝကို အယုံအကြည်ကင်းမဲ့လာခဲ့ကြသည်။
“ အကိုလီ မြွေဖြူလမ်းမှာ ရှိသမျှ သာမာန်လူတွေအကုန်လုံး ဒုက္ခရောက်အောင်လို့ ဖန်းကျစ်လျိုတို့က တော်တော်ကြီးကို လာဘ်စားတဲ့ပုံပဲဗျ။ အဲဒါကြောင့်မို့ သခင်လေးက စစ်ဆေးရေးမှူးရာထူးကို ယူမယ်ဆိုရင် အခြေအနေတွေက ပိုပိုပြီး ပြဿနာတက်လာမယ်လို့ ကျွန်တော်ထင်တယ်”ဟု ဝူစန်းထောင်က စိုးရိမ်တကြီးပြောလိုက်ပါသည်။
“ဘယ်အရာမှအရေးမပါပါဘူးကွာ။ အခြေအနေတွေက အခုထက်ပိုပြီးဆိုးနိုင်သေးလို့လား”
လီဟမ်ရှန်းမှာ ထိုကဲ့သို့သောအခြေအနေများကို အသားကျပြီဖြစ်သည်။ နောက်ဆုံး၌သူတို့မှာ တူးရှမြို့သို့ ရောက်လာခဲ့ကြပါ၏။ မြို့ထဲရှိအခြေအနေမှာ မြို့ပြင် ထက်တော့အနည်းငယ်သာပါသေးသည်။
လေထုအခြေအနေမှာ အနည်းငယ်ကြမ်းတမ်းနေသည့်တိုင် မြို့တစ်မြို့၏ ဂုဏ်အင်္ဂါရပ်နဲ့ ညီနေပါသေးသည်။ သူတို့မြို့ထဲသို့ ဝင်လာသည်နှင့် မျက်လုံးများစွာ သူတို့အားစိုက်ကြည့်နေသည်ကို လီဟမ်ရှန်းက ခံစားနေမိပါသည်။
သို့သော လီဟမ်ရှန်းက ဂရုမစိုက်ခဲ့ပါချေ။ မြို့ထဲရှိ စီးပွားရေးလုပ်ငန်းတော်တော်များများ၌ ဟွာမိသားစု၏ အမှတ်တံဆိပ်ကို မြင်တွေ့ရမည်ဖြစ်၏။ ထို့အပြင် မူ ဟူသော တံဆိပ်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။ ၎င်းမှာ မြို့ဝန်မှူး၏ တံဆိပ်ပင်ဖြစ်ပါသည်။ အနည်းဆုံးတော့ ယခုအခြေအနေသည် မြို့ဝန်မှူးနှင့်ဟွာ မိသားစုတို့မှာ မြို့၏ စီးပွားရေးလုပ်ငန်းအား ထိန်းချုပ်ထားပုံရပါသည်။ လမ်းများ၌ အလုပ်သမားများသည် ကုန်အလေးကြီးများကို ထမ်းနေကြသည်ကို တွေ့ရပြီး တစ်ချု့မှာ ကြာပွတ်များနှင့် ရိုက်ခံနေရ၏။ လွန်စွာ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းပင်ဖြစ်၏။ သို့ပေမယ့် လီဟမ်ရှန်းမှာ ဝင်ရောက်၍ မတားဆီးခဲ့ပါချေ။
ထိုကဲ့သို့ကိစ္စများကို ယခုအချိန်တွင် ကိုင်တွယ်ခြင်းက အလကားဖြစ်သည်ကို သူသိပါ၏။
သူတို့သုံးယောက်မှာ စစ်ဆေးရေးမှူးရုံး၏ အရှေ့သို့ မြင်းကိုဆွဲကာ ဖြေးဖြးချင်းသွားနေခဲ့ပါသည်။ စစ်ဆေးရေးမှူးရုံး ရှေ့တွင် လဖ္ဘက်ရည်ဆိုင်တစ်ဆိုင်ရှိခဲ့ပါသည်။ လီဟမ်ရှန်းက စစ်ဆေးရေးမှူးရုံးသို့ တိုက်ရိုက်မဝင်ဘဲ လဖ္ဘက်ရည်ဆိုင်သို့ ဝင်ကာ အေးအေးဆေးဆေးထိုင်လိုက်ပါသည်။ ထို့နောက် လက်ဖက်ရည်ကြမ်းတစ်အိုးမှာကာ စုံစမ်းစစ်ဆေးရေးမှူးရုံးသို့ တိတ်ဆိတ်စွာဖြင့် အကဲခတ်နေခဲ့ပါသည်။ စစ်ဆေးရေးရုံး၏အပြင်ဘက်အခြေအနေမှာ တော်တော်လေးကိုဆိုးရွားစွာ ယိုယွင်းပျက်စီးနေပါသည်။ စစ်ဆေးရေးမှူးရုံးဟူသော ဆိုင်းဘုတ်ပင်လျှင် ပြိုကျလုနီးနီးဖြစ်နေခဲ့ပါသည်။
စစ်ဆေးရေးမှူးရုံးရှေ့၌ အစောင့်တပ်သားများလည်း တစ်ယောက်မှ ရှိမနေခဲ့ပါချေ။ လုံးဝကို ဟာလာဟင်းလင်းဖြစ်နေပြီးတံခါးများလဲ ပွင့်နေခဲ့ပါသည်။
လီဟမ်ရှန်းသေချာကြည့်လိုက်သည့်အခါတွင် စစ်ဆေးရေးမှူးရုံးအရှေ့ရှိ တံခါးတစ်ရွက်ပင်လျှင် ပြုတ်ထွက်နေလေ၏။ အခြေအနေမှာ စစ်ဆေးရေးမှူးရုံးအား ပစ်ထားသည်မှာ ကြာပြီဖြစ်၏။
“ဆိုင်ရှင်ရေ”
လီဟမ်ရှန်းက လဖ္ဘက်ရည်ဆိုင်ပိုင်ရှင်အားခေါ်လိုက်ပါသည်။
“ဒီဟာက စစ်ဆေးရေးမှူးရုံးမဟုတ်လား။ ရုံးအခြေအနေက စုတ်ပြတ်သတ်နေရတာလဲ”
ဆိုင်ရှင်က စစ်ဆေးရေးမှူးရုံးအား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။
ပြန်ပြင်စရာ ပိုက်ဆံမှမရှိတာ။ အဲဒါက ပုံမှန်ပဲလေ။ ဒီလိုမျိုးစုတ်ပြတ်သတ်နေတာ တော်တော်လေးကို ကြာပြီ”
“ဒါဆိုရင် စစ်ဆေးရေးမှူးတွေက ဒီလောက်တောင် စုတ်ပြတ်သတ်နေတဲ့နေရာမှာ ထိုင်ပြီးအလုပ်လုပ်ကြတာပဲလား”ဟု ဝူစန်းထောင်ကလည်း ထိတ်လန့်တကြားမေးလိုက်ပါသည်။
“စုံစမ်းစစ်ဆေးရေးမှူး ဟုတ်လား” ဆိုင်ရှင်က တစ်ချက်ရယ်ကာ ပြောလိုက်ပါသည်။
“ ဟာ ဒီမေးခွန်းကို မေးတယ်ဆိုမှတော့ မင်းတို့တွေက မြို့ပြင်က လာတာဖြစ်ရမယ်။ မင်းတို့ကိုငါပြောပြမယ်။ ကျုပ်ဒီဆိုင်ကို ဖွင့်ထားတာ တော်တော်ကြာနေပြီ နှစ်နှစ်လောက်ရှိပြီ။
ကျုပ်ဆိုင် စဖွင့်ကတည်းက စစ်ဆေးရေးမှူးက ဘယ်လိုရုပ်ရှိတယ်ဆိုတာကို တစ်ခါမှ မမြင်ဖူးဘူး သူက တစ်ခါမှ ကို ရောက်မလာတာပဲ ဖြစ်ရမယ်ဗျ”
ထိုစကားကိုကြားသည့်အခါ၌ လီဟမ်ရှန်းနှင့် ဝူစန်းထောင်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ကြပါသည်။
တာဝန်ရှိသူတောင်ရောက်မလာတာ ဘာကြောင့်ပြင်ဆင်ရအုံးမှာလဲ ဟုတ်တယ်မလား။
“အထဲဝင်ရအောင် အထဲဝင်ရအောင်” လီဟမ်ရှန်းက ဆက်ကြည့်နေလျင်ဘာမှ မထူးသည့်အတွက် ထိုနှစ်ယောက်ကို ဦးဆောင်ကာ စစ်ဆေးရေးမှူးရုံးသို့ ဝင်လိုက်ပါသည်။ စစ်ဆေးရေးမှူးရုံးတစ်ခုလုံးမှာ လုံးဝကို ဗလာဟင်းလင်းဖြစ်နေပြီး လူတစ်ယောက်မျှ မရှိပေ။ နေရာမှာ မကျဉ်းမြောင်းသည့်တိုင် လုံးဝကို ဟင်းလင်းကြီးဖြစ်နေပါသည်။
နေရာအနှံ့တွင် ပင့်ကူအိမ်များ၊ သစ်ရွက်ခြောက်များနှင့် ဖုန်များ အများအပြားဖြစ်နေပါသည်။
“မင်းတို့တွေဘာလုပ်နေကြတာလဲကွ”
ထိုအခိုက်တွင် အသံဩဩကြီးတသံ ထွက်လာခဲ့ပါသည်။
လီဟမ်ရှန်း လှည့်ကြည့်လိုက်သည့်အခါတွင် ဆံပင်များ ဖွေးဖွေးဖြူနေသော လူအိုကြီးတစ်ယောက်မှာ နောက်ဖေးမှ ထွက်လာခဲ့ပါ၏။ ထိူလူအိုကြီးမှာ အမှုထမ်း ဝတ်စုံကို ဝတ်ဆင်ထားပြီး ရဲမက်တစ်ဦးနှင့် တူနေပါ၏။ သူက လီဟမ်ရှန်းတို့အဖွဲ့အားကြည့်ကာ ပြောလိုက်ပါ၏။
“မင်းတို့တွေက ဘယ်သူလဲ။ ဒီနေရာက စစ်ဆေးရေးမှူးရုံးကွ။ အားတိုင်းယားတိုင်း ဝင်လာလို့မရဘူး”
“ ဒီနေရာမှာရှိတာ ခင်ဗျားတစ်ယောက်ပဲရှိတာလား”ဟု လီဟမ်ရှန်းက မနေနိုင်စွာမေးလိုက်ပါသည်။
“ငါတစ်ယောက်ပဲရှိတော့ဘာဖြစ်လဲ”
လူအိုကြီးက အေးစက်စွာလှောင်လိုက်ပါသည်။ သူ့ခါးတွင်ချိတ်ထားသော ဓါးကိုဆွဲ ထုတ်လျက်
“ငါတစ်ယောက်ထဲဆိုရင်တောင်မှ မင်းတို့သုံးယောက်လုံးကိုမကြောက်ဘူးကွ။ ငါက စစ်ဆေးရေးမှူးရုံးက အမှူထမ်းပဲ။ ငါ့ရဲ့အဖိုးက တစ်ချိန်တုန်းက မြွေဖြူလမ်းမှာ နာမည်ကြီးခဲ့တဲ့ စစ်ဆေးရေးမှူး ရုံးရဲ့ နတ်ဘုရားဖမ်းဆီးသူပဲ”
“ ကျုပ်က စစ်ဆေးရေးမှူးအသစ်ပါ”
လီဟမ်ရှန်းက စကားအများကြီးမပြောတော့ဘဲ သူ့အိတ်ထဲက ရွှေအမိန့်ပြားကို ထုတ်ပြလိုက်ပါသည်။ အရောင်တစ်ဖျက်ဖျက်တောက်ပနေသော ရွေအမိန့်ပြားကို မြင်ပြီးနောက်တွင် လူအိုကြီးမှာ အံ့ဩသွားခဲ့ပါ၏။
ခလွမ်......
ဓါးမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီးနောက် ထိုလူအိုကြီးပုံစံမှာ အလွန်အမင်း စိတ်အားတက်ကြွနေသည့်ဟန်ပန်ဖြစ်၏။ သူ့မျက်လုံးထဲမှ မျက်ရည်များလည်းစီးကျလာခဲ့ပါ၏။
“စစ်ဆေးရေးမှူးကြီး” လူအိုကြီးက ချက်ချင်းပင် လီဟမ်ရှန်း၏အရှေ့၌ ဒူးထောက်ချလိုက်ပါသည်။
“သံမဏိသွေးကြောနတ်ဘုရား ဖမ်းဆီးသူ ရန်ပိတ်ကွေးရဲ့ မြေးဖြစ်တဲ့ ရန်ဝမ်းဟိုက စစ်ဆေးရေးမှူးကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်က စစ်ဆေးရေးမှူးရောက်လာမှာကို စောင့်နေခဲ့တာပါ။ နောက်ဆုံးတော့ စစ်ဆေးရေးမှူး ရောက်ရှိလာခဲ့ပြီ။ “
ရန်ဝမ်းဟိုမှာ အိုမင်းနေသည့်တိုင် သူ့ပုံစံမှာ အလွန်အမင်းကို စိတ်လှုပ်ရှားနေဟန်ရှိပါသည်။ ထိုလူအိုကြီးထံမှထွက်ပေါ်နေသော စိတ်လှုပ်ရှားမှုကို လီဟမ်ရှန်းက ခံစားမိနေသည်။
“မြန်မြန်ထပါဗျာ” လီဟမ်ရှန်းက လူအိုကြီးရန် ထနိုင်ရန်အတွက်ကူညီပေးလိုက်သည်။
“ လူအိုကြီးရန် ထုံးတမ်းစဉ်လာတွေမလိုပါဘူးဗျ။ ဒီနေ့ဟာ ကျွန်တော်အလုပ်လုပ်ရမည့် ပထမဦးဆုံးနေ့။အဲဒါကြောင့်မလို့ လူအိုကြီးရန်ရဲ့ အကူအညီကို ကျွန်တော်လိုအပ်တယ်”ဟု လီဟမ်ရှန်းက ပြောလိုက်ပါသည်။
ဒါပေါ့ ဒါပေါ့ ရန်ဝမ်းဟိုက စိတ်အားတက်ကြွစွာဖြင့် ပြန်ဖြေလိုက်ပါသည်။
“ လာ လာ လာ ကျွန်တော်နှင့်အတူတူ နောက်ကိုလိုက်ခဲ့ကြ။ အရှေ့က တော်တော်လေးကို ညစ်ပတ်နေတယ်။ သန့်ရှင်းရေးမလုပ်တာအတော်ကြာပြီ”
“ လူအိုကြီးရန် ခင်ဗျားတစ်ယောက်ပဲ ဘာလို့ စစ်ဆေးရေးမှူးရုံးမှာ ရှိရတာလဲ။ ကျန်တဲ့အစောင့်တွေကော ဘယ်ရောက်သွားလဲ”
“ သူတို့တွေက အိမ်ပြန်ပြီးတော့ လယ်သွားစိုက်ကြတယ်”
“ဟင်” ဘယ်လိုဖြစ်လို့လဲ”
“ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေက သူတို့ကို လစာမပေးနိုင်ဘူးလေ။ အဲဒါ့ကြောင့်မို့သူတို့တွေအလုပ်ထွက်သွားကြတယ်”
“ ဒါဆိုရင် ကျုပ်က လက်အောက်ငယ်သားတွေလုံးဝ မရှိတဲ့ စစ်ဆေးရေးမှူး ဖြစ်နေတာပေါ့ဟုတ်လား”
လီဟမ်ရှန်းမှာ မတရားခံလိုက်ရသလိုခံစားရပါသည်။ အခြေအနေများမှာ လွန်စွာ ခက်ခဲမည်ဟု ထင်ခဲ့သည့်တိုင် ယခုလောက်ထိခက်ခဲလိမ့်မည့်ဟု မထင်ခဲ့ချေ။ သူ့အားကူညီနိုင်ရန်အတွက် အမှူထမ်းတစ်ယောက်မျှ ရှိမနေခဲ့ပါချေ။
“ စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော်တို့သာ လစာပေးနိုင်မယ်ဆိုရင် သူတို့တွေပြန်လာကြမှာပါ။ သူတို့ကိုသာလိုတယ်ဆိုရင် ဒီကလူအိုကြီးကပဲသွားခေါ်ပေးပါ့မယ်”
“ ကောင်းပြီဗျာ။ အဲဒါဆိုရင်တော့ လူအိုကြီးရန်ကိုပဲ ကျွန်တော်အားကိုးရမှာပဲ”
လောလောဆယ် ဖြစ်နေတဲ့ ပြဿနာမှာ လစာမရှိတဲ့ ပြဿနာဖြစ်နေသောကြောင့် သူ့တွင်ရှိသော ငွေကြေးများကို အိတ်စိုက်ထုတ်ကာ ရှင်းလိုက်မည်ဟု လောလောဆယ်တွေးထားလိုက်သည်။
“ ဂျူနီယာညီလေးဝူ လူတစ်ချို့ကို သွားရှာပြီးတော့ ဒီစစ်ဆေးရေးမှူးရုံးကို သန့်ရှင်းရေးလုပ်ဖို့ခေါ်ခဲ့ကွာ။ မင်းသွားရင်းနဲ့ ဆိုင်းဘုတ်အသစ်လုပ်တဲ့နေရာရောက်ရင် စစ်ဆေးရေးမှူး ဆိုင်းဘုတ်အသစ်ကို တစ်ခါတည်းပြင်လုပ်ခဲ့လိုက်ကွာ” ဟု သူ့၏အမိန့်ကို ပေးလိုက်ပါသည်။
သူရောက်လာပြီဆိုမှတော့ဒီနေရာမှာ အပြောင်းအလဲတွေဖြစ်ရမည်ဖြစ်သည်။ လူတိုင်းဟာ ချက်ချင်းကို အလုပ်ရှုပ်သွားခဲ့ပါသည်။ လီဟမ်ရှန်း ရောက်ရှိလာမှုမှာ အင်အားစုတော်တော်များ၏အာရုံကိုစွဲဆောင်သွားခဲ့ပါ၏။
စစ်ဆေးရေးမှူးအသစ်က ရောက်ရှိလာပြီ။ ပုံမှန်အတိုင်းပင်သူတို့က စစ်ဆေးရေးမှူးအသစ်အား စမ်းကြည့်ချင်ကြသည်။
အရင်တစ်ယောက်တုန်းကလိုမျိုး ဒီစစ်ဆေးရေးမှူးအသစ်ကလဲ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက သူတို့က အတူတူအလုပ်လူပ်ကြမည်ဖြစ်၏။ တစ်ကယ်လို့သာ စစ်ဆေးရေးမှူးက သူတို့ လာဘ်ထိုးတာကို မနာခံဘဲ အရူးတစ်ယောက်လိုလုပ်နေလျင် သူတို့ က ပညာပေးလိုက်မည်ဖြစ်၏။
ကျုပ်ကြားတာကတော့ အခုအသစ်ရောက်လာတဲ့ စစ်ဆေးရေးမှူးက ပြန်လည်မွေးဖွားခြင်းအဆင့်မှာ ပဲရှိသေးတယ်လို့ကြားတယ်ဗျ။ ဖြစ်နိုင်တာကတော့ သူက ငွေလိုလို့ရောက်လာတာပဲ ဖြစ်ရမယ်။ ငွေယူပြီးတာနဲ့ ချက်ချင်းပြန်ထွက်မယ်ထင်တယ်”
“မူ” မြို့ဝန်၏ အိမ်၌ ကျောက်စိမ်းဘောလုံး နှစ်လုံးကို ကိုင်ထားသော လူတစ်ယောက်က အပြုံးနဲ့ ပြောလိုက်ပါသည်။
“စစ်ဆေးရေးမှူးစီကို ငွေစ ငါးထောင်ပို့လိုက်ဟေ့”။ ပြီးတော့သူ့ကို ငွေယူပြီးတော့ ပါးစပ်ပေါက်ပိတ်နေဖို့ပါ တစ်ခါတည်း ပြောလာခဲ့လိုက်။ ငါတို့အားလုံးငြိမ်းငြိမ်းချမ်းချမ်း နေလို့ရတယ်။ သူသာ ပါးစပ်ပေါက်ပိတ်နေပြီးတော့ ငါတို့အလုပ်ကို ဝင်မရှုပ်ရင် အနာဂါတ်မှာ အကျိုးအမြတ်တွေပါ ရမယ်လို့တစ်ခါတည်းထည့် ပြောလိုက်ဟေ့”
ကောင်းပါပြီ။ သူတို့၏အမြင်တွင် ပြန်လည်မွေးဖွားခြင်းအဆင့်တွင် သာရှိသော စစ်ဆေးရေးမှူးရောက်ရှိလာခြင်းက ဟာသ တစ်ခုလို့သာ မြင်နေကြပါသည်။ ထိုသူမှာ ငွေလိုခြင်းကြောင့်ရောက်လာခြင်းပင် ဖြစ်ရမည်။
ထိုသို့မဟုတ်လျင် ပြန်လည်မွေးဖွားခြင်းအဆင့် စစ်ဆေးရေးမှူး ဒီရောက်လာခြင်းက သူ့ကို သေမင်းထံပို့လိုက်ခြင်းနဲ့မခြားပင်မဟုတ်ပါလား။
ဝူစန်းထောင်မှာ စစ်ဆေးရေးမှူးရုံးအား သန့်ရှင်းရေးလုပ်ရန်အတွက် လူများစွာတို့ကို ခေါ်လာနိုင်ခဲ့ပါသည်။ ထို့အပြင် ပျက်စီးသွားသော တံခါးရွက်ကို အသစ်ပြင်ဆင်ရန်အတွက် တံခါးအသစ်ကိုပင် သူရှာတွေ့ခဲ့ပါ၏။
လီဟမ်ရှန်းနှင့် သူ့လူများမှာ ပထမဦးဆုံးညကို စစ်ဆေးရေးမှူးရုံး ၌ပင် အချိန်ကုန်ခဲ့ပါသည်။ နောက်တစ်နေ့မနက်တွင်တော့ ရန်ဝမ်ဟိုက ပြန်လာခဲ့ပါ၏။ ရန်ဝမ်ဟို၏နောက်တွင် လူအယောက်နှစ်ဆယ်ခန့်ပါလာခဲ့ပါသည်။ သူတို့အားလုံးမှာ စစ်ဆေးရေးမှူးရုံး၏ တရားဝင် ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး သေသပ်သောအမူအရာများ ရှိကြပါသည်။
သူတို့အားလုံးက လစာ ရမည်ဆိုသောကြောင့် ကောက်စိုက်ရာမှ အပြေးအလွှား ရောက်ရှိလာကြသူများဖြစ်ကြပါသည်။ လီဟမ်ရှန်းက ထိုသူများအား တစ်ချက်ကြည့်လိုက်ပါ၏။ ဘယ်လိုတော်စုတ်ပဲ့တဲ့ လူတွေလဲဟ။
သူတို့အထဲမှ လူတော်တော်များများမှာ တက်လှမ်းခြင်းအဆင့်သာရှိ၏။ သုံးယောက်သာ ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ရှိသည်။ တစ်ယောက်ကသာ ပြန်လည်မွေးဖွားခြင်း၏အထွတ်အထိပ်ရှိ၏။
အင်း.....ပြီးတော့ ဒါပဲ…