← Chapters

အခန်း (၂၇၈)

Vol. 25 Ch. 278

အခန်း (၂၇၈)

Vol. 25 Ch. 278

"နည်းနည်းတော့ဝမ်းနည်းဖို့ကောင်းတယ်မဟုတ်လား"

လူအိုကြီးရန်က သူ့အတွက် အဆင့်မြင့်ရဲမတ်များစုဆောင်းပေးရန်အတွက် လီဟမ်ရှန်းက မျှော်လင့်ထားခဲ့ပါ၏။

သို့သော်လူအိုကြီးရန် ခေါ်လာသောလူများမှာ သာမန်လူများထပ် နည်းနည်းလေးသာ ပိုစွမ်းသောလူများဖြစ်နေခဲ့ပါ၏။

စစ်ဆေးရေးမှူးကို အရိုသေပေးပါတယ်။

လီဟမ်ရှန်းကို မြင်သည့်အခါတွင် လူတိုင်း၏မျက်လုံးများမှာအရောင်တောက်ပသွားပြီးနောက် ကမန်းကတမ်းပဲ အရိုသေဝိုင်းပေးလိုက်ကြပါ၏။

လီဟမ်ရှန်းက သူတို့အား လစာငွေများပေး‌တော့မည်ဖြစ်သောကြောင့် အလွန်မင်းစိတ်လှုပ်ရှားနေကြပါသည်။သူတို့က အလျင်အမြန် ငွေများရယူရန်အတွက် အပြေးလွှားတိုးဝှေ့နေခဲ့ကြပါသည်။

"ဝူစန်းထောင်ရေ၊ သူတို့ကို ငါတို့ဘယ်လောက်ပေးရမလဲဆိုတာ တွက်ချက်ပြီးတော့ပေးလိုက်ပါကွာ။"

လီဟမ်ရှန်းက ကိုးကွယ်ရာမဲ့စွာဖြင့်ပြောလိုက်ပါသည်။

လီဟမ်ရှန်း၏ ကူကယ်ရာမဲ့မှုများကို မြင်သောကြောင့် ဝူစန်းထောင်ကလည်း စကားများများမပြောတော့ဘဲနဲ့ လစာငွေများကို ပေးချေရန်အတွက် ပြင်ဆင်လိုက်ပါသည်။

ထိုအခိုက်တွင် လီဟမ်ရှန်းက လူအိုကြီးရန်အား အနားသို့ ခေါ်လိုက်ပါသည်။

"လူအိုကြီးရန်၊ဒါကတော့…."

လီဟမ်ရှန်းက

အပြုံးဖျော့ဖျော့ပြုံးရင်းနဲ့ပြောလိုက်ပါသည်။

လူအိုကြီးရန်ကလည်း လီဟမ်ရှန်း၏ဆိုလို‌သောအဓိပ္ပာယ်ကို နားလည်သောကြောင့် တချက်ရယ်ကာပြောလိုက်ပါသည်။

"အရှင်၊ လူဒီလောက်ကို စုဆောင်းနိုင်တာပဲ ကျွန်တော်တို့အတွက် တော်တော်လေးဟုတ်လှပြီဗျ "

"အာ့တာဆိုလို့ရှိရင် အရင်တုန်းက နတ်ဘုရားဖမ်းဆီးသူတွေနဲ့ ဖမ်းဆီးသူ ခေါင်းဆောင်က ဘယ်မှာတုန်း။"

လီဟမ်ရှန်းကလည်း သိလိုစွာဖြင့် မေးလိုက်ပါသည်။

"စုံစမ်းရေးမှူးရုံးမှာ နတ်ဘုရားဖမ်းဆီးသူနဲ့ ဖမ်းဆီးသူတို့ရဲ့ ခေါင်းဆောင်ကတော့ ရှိရမယ် မဟုတ်လား။မူလအဆင့်သို့ရောက်နေသောသူများကို နတ်ဘုရားဖမ်းဆီးသူဟု ခေါ်ဆိုကြပြီး တက်လမ်းခြင်းအဆင့်ရှိသူများလဲရှိသင့်သည်မဟုတ်ပါလား။"

"အရှင့်ကို လျှောက်တင်ပါတယ်။အရင်တုန်းက ကျွန်တော်တို့မှာလစာမပေးနိုင်တာကြောင့် ဖမ်းဆီးသူခေါင်းဆောင်က မြို့ဝန်နဲ့ ဟွာမိသားစုတို့ဆီရောက်ရှိသွားပါတယ်။

နတ်ဘုရားဖမ်းဆီးသူတွေကတော့ ကျွန်တော်တို့ဆီမှာ နှစ်ယောက်ရှိပါတယ်။တစ်ယောက်ကတော့ဆန်းကြယ်စွာနဲ့ပဲသေဆုံးသွားပါတယ်။နောက်ထပ်တယောက်ကတော့ အသက်ရွယ်ကြီးရင့်နေပြီကြောင့် ပင်စင်ယူသွားခဲ့ပါပြီ။ အရှင်ကသာ လူစုချင်တယ်ဆိုရင်တော့ မြွေဖြူလမ်းမှာရှိတဲ့လူတွေကို စုဆောင်းလို့ရပါတယ်။"

လူအိုကြီးရန်က အကြံပေးလိုက်ပါသည်။

"ဟွာမိသားစုနဲ့မြို့ဝန်စံအိမ်က ဒီမြွေဖြူလမ်းမှာ အရမ်းကို ဆိုးရွားတဲ့ လုပ်ရပ်တွေအများကြီးလုပ်ခဲ့တယ်။ တကယ်လို့အရှင်ကသာ လူစုဆောင်းမယ်ဆိုလို့ရှိရင် သူတို့ရဲ့ ဒဏ်ကိုခံခဲ့ရတဲ့ လူတွေထဲက အချို့က အရှင့်ဆီကို ပူပေါင်းလာလိမ့်ပါမယ်။

"အာ့တာဆိုလို့ရှိရင်လည်း လူအိုကြီးရန်၊ ကျုပ်ကို လူစုဆောင်းဖို့အတွက် သင့်တော်မဲ့လူလေးတွေ နည်းနည်းလောက် ပြောပြပေးပါအုန်းဗျ့"

လီဟမ်ရှန်းက တခဏတွေးလိုက်ပြီးနောက် ထိုအရာကသာ သူလုပ်ဆောင်နိုင်သည့် အကောင်းဆုံးအရာဖြစ်ကြောင်းဟု ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါသည်။

သူက မြွေဖြူလမ်းတွင်ရှိသောအခြေအနေများကိုရှင်းလင်းချင်သည့်တိုင် သူ့တွင်လူအင်အားမလုံလောက်သေးပါချေ။အရာအားလုံးကို သူတယောက်ထဲမကိုင်တွယ်နိုင်ချေ။သူ့တွင် သူ၏စီနီယာအကိုကြီးကဲ့သို့ ခွန်အားမျိုးရှိပါက အရာအားလုံးကို သူတယောက်ထဲ ကိုင်တွယ်နိုင်မည်ဖြစ်၏။

သို့သော် သူ့တွင် အစ်ကိုကဲ့သို့သော ခွန်အားမျိုးရှိမနေချေ။ သူကပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းအဆင့်တွင်သာရှိသည် မဟုတ်ပါလား။ သူ့တွင် ခိုင်းစေရန်အတွက် ဝူစန်းထောင်တစ်ယောက်သာ သူ့နံဘေးတွင်ရှိ၏။ ဝူစန်းထောင်မှာလည်း သူနှင့် ခွန်အားသာ မတိမ်းမယိမ်းသာဖြစ်ပြီး

ပြန်လည်မွေးဖွားခြင်း၏ နှောင်းပိုင်းတွင်သာရှိပါသည်။

ရှု့ခွေက မူလအဆင့်တွင်ရှိသည်အတိုင်း သူကလီဟမ်ရှန်း၏ နိစ္စဒူဝအရာများကိုသာ ကိုင်တွယ်ပေးမည်ဖြစ်ပြီး လုရှီရန်၏သေရေးရှင်ရေးကို မထိခိုက်သရွေ့ မည်သည့်အရာမှ ဝင်ရောက်ကူညီမည်မဟုတ်ပေ။

ထို့အပြင် လီဟမ်ရှန်းက ရှုခွေ့အား အမိန့်ပေးနိုင်သည်လည်းမဟုတ်ပါချေ။ ထို့ကြောင့် လီဟမ်ရှန်းမှာ ခိုင်းစေရန်အတွက် မည်သူမှ‌သူ့အောက်တွင်ရှိမနေခဲ့ပါချေ။ လူမရှိသောကြောင့် အလုပ်တွင်ကျယ်အောင် သူတယောက်တည်း မလုပ်နိုင်ပါ။

 သူတို့စကားပြောဆိုနေသည့်အခိုက်မှာပဲစစ်ဆေးရေးမှူးတံခါးကို အရှိန်ပြင်းပြင်းနှင့် လာဖွင့်ခြင်းကို ခံလိုက်ရပါသည်။

"ဘယ်အကောင်က သတ္တိရှိတာလဲကွ။"

ဝူစန်းထောင်ကဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါသည်။

"ဝါး တော်တော်လေးကို ခွန်အားတက်ကြွနေတဲ့အသံပါလား"

ထိုသို့ပြောပြီးနောက် လူအချို့မှာအတွင်းသို့ ဝင်ရောက်လာ၏။

ရောက်လာကြသူများမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။သူတို့၏မျက်နှာများမှာ မာနကြီးတစ်ခွဲသားနဲ့ဖြစ်နေ၏။ ရောက်လာကြသူများအားလုံးမှာ ဟန်ကြီးပန်ကြီး အရမ်းနိုင်လွန်းပါသည်။

အသစ်ရောက်ရှိလာကြသော ရဲမက်များနှင့်အစောင့်များသည် ဝင်လာသောလူများကိုမြင်သည်နှင့် ကြောက်ရွံ့ သောအမူယာများဖြစ်နေကာ ကမန်းကတမ်းပင် လမ်းဖယ်ပေးလိုက်ကြပါသည်။

အနက်ရောင်ဝတ်ဆင်ထားသောလူမှာ ထိုသူတို့အား တချက်ကြည့်လိုက်ပြီးနောက် အရေးမစိုက်ပါတော့ချေ။

" ဒီတော့ မင်းကစစ်ဆေးရေးမှူးအသစ်လား"

အနက်ရောင်ဝတ်စုံဝတ်ထားသောသူမှ လီဟမ်ရှန်း၏အနားသို့ ကပ်လာပြီး ခေါင်းအစခြေအဆုံးကြည့်လိုက်ပါ၏။

"မုရှောင်၊မင်းဘယ်လိုတောင်အတင့်ရဲတာလဲ။"

လူအိုကြီးရန်က တဆတ်ဆတ်တုန်ယင်စွာဖြင့် ထိုအနက်ရောင်ဝတ်ဆင်ထားသောသူအား လက်ညိုးငေါက်ငေါက်ထိုးကာ ပြောလိုက်ပါ၏။

"အဟက်၊လူအိုကြီးရန်ပါလား ခင်ဗျား ခုထက်ထိအသက်ရှည်နေသေးတယ်လို့ ကျွန်တော်မထင်ထားမိဘူး" မုရှောင်က ‌ပြုံးရင်းနဲ့ပြောလိုက်ပါသည်။

"ဒါပေမဲ့ကျုပ်ရောက်လာတာ ခင်ဗျားအတွက် မဟုတ်ဘူး။ ခင်ဗျားရဲ့ သောက်ပါးစပ်ကိုပိတ်ပြီးဘေးဖယ်နေ။ကျုပ်အခုရောက်လာတာက စစ်ဆေးရေးမှူးအသစ်နဲ့ စကားပြောဖို့ပဲ"

လူကြီးရမ်က တခုခုပြောရန်ဟန်ပြင်လာသည့်အချိန်မှာဘဲ လီဟမ်ရှန်းက တားမြစ်လိုက်ပါသည်။

"စစ်ဆေးရေးမှူးအသစ်က ကျုပ်ပဲဗျ။"လီဟမ်ရှန်းက မုရှောင်ကို ခေါ်ရင်းပြောလိုက်ပါ၏။

"ဒါဆို မင်းက မင်းပေါ့လေ" မုရှောင်ကအရှေ့သို့တိုးပြိးတော့ ငွေလက်မှတ်များကို သူ၏ဝတ်ရုံထဲမှ ထုတ်ကာ ပြုံးလိုက်ပါသည်။

မြွေဖြူလမ်းမှာ စစ်ဆေးရေးမှူးလုပ်မယ်ဆိုလို့ရှိရင် ဒီက စည်းမျဉ်းစည်းကမ်းတွေကို မင်းသိဖို့လိုအပ်လိမ့်မယ်။ မြွေဖြူလမ်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေနဲ့ပတ်သတ်ပြီးတော့ မင်းတို့စစ်ဆေးရေးမှူးရုံးက ဘာတခုမှ ဝင်ပါစရာမလိုဘူး။ဒါက ငါတို့မြို့ဝန်က ပေးလိုက်တဲ့ ငွေလက်မှတ်တွေပဲ။

မင်းသာ လိုက်နာနေသရွေ့ကတော့ အနာဂတ်မှာအကျိုးမြတ်‌တွေပိုပြီးများများရလာနိုင်ဖို့ရှိတယ်။

အေး တကယ်လို့ မင်းက မလိုက်နာဘူးဆိုလို့ရှိရင်တော့ စစ်ဆေးရေးမှူးမင်းထပ်လုပ်လို့မရတော့ဘူး။"

ထိုသို့ပြောပြီးနောက်တွင် မုရှောင်က ငွေလက်မှတ်များအား လီဟမ်ရှန်း၏ရှေ့သို့ လှမ်းပစ်လိုက်ပါသည်။

"ပြီးတော့ မင်းကိုငါပြောဖို့တခုရှိသေးတယ်" မုရှောင်က သူ့နားတွင်ဝိုင်းရံနေသောအစောင့်များကို တချက်ကြည့်ပြီးနောက်ပြုံးလိုက်၏။

"မင်းဘယ်လိုမျိုးအမှိုက်တွေကိုပဲ လူစုလူစုငါတို့က ဂရုမစိုက်ဘူး။ဒါပေမဲ့ တခုတော့ရှိတယ်။ မြို့ဝန်ရဲ့လှုပ်ရှားမှုတွေ အလုပ်တွေကို ဝင်ပြီး မစွတ်ဖက်ပါနဲ့။နောက်ထပ် မင်းကို သတိပေးချင်တာက သုံးရက်အတွင်းမှာ ငါတို့ရဲ့မြို့ဝန်က လူအချို့ကို ဆိပ်ကမ်းကိုဝင်ဖို့ရှိတယ်။

မင်းတို့ရဲ့အစောင့်တွေကင်းလှည့်တဲ့အချိန်မှာ အဲ့နေရာကို လမ်းရှင်းပေးဖို့ သတိထားပါ။မဟုတ်လို့ရှိရင်တော့ မင်းတို့ဒုက္ခလှလှတွေ့သွားစေရမယ်။

သွားရအောင်"

ထိုသို့ပြောပြီးနောက်တွင် မုရှောင်က သူ့လူများကိုခေါ်ကာထွက်သွားခဲ့ပါ၏။

မုရှောင်နဲ့အတူပါလာသော အစောင့်များမှ လီဟမ်ရှန်းအား ခြိမ်းခြောက်သောအကြည့်များကြည့်ပြီးနောက် ပြန်လှည့်ထွက်သွားကြပါ၏။

"အတင့်ရဲလိုက်တာ အတင့်တော်တော်ရဲတဲ့ကောင်တွေ"

လူအိုကြီးရန်မှ ဒေါသထွက်လွန်းပြီးတော့ အသားတဆတ်ဆတ်တုန်နေခဲ့ပါ၏။

"စစ်ဆေးရေးမှူးရှေ့မှာတောင် ဒီကောင်တွေ ဒီလိုမျိုးလုပ်ရဲတယ်" လူအိုကြီးရန်ရဲ့မျက်နှာမှာ ဒေါသကြောင့်နီရဲနေခဲ့ပါ၏။

"ငါ့ရဲ့အဘိုးသာအခုချိန်မှာရှိလို့ရှိရင် ဒီကောင်တွေအားလုံးသေသွားတာကြာပြီ။"

အခြားသောသူများမှာ လူအိုကြီးရန်အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေခဲ့ကြပါ၏။

သူ့အဘိုးဖြစ်သူ နတ်ဘုရားဖမ်းဆီးသူအကြောင်းကိုပြောနေသည်မှာ အလွန်မင်းကြာခဲ့ပြီဖြစ်သည်။

သူ့အဘိုးကလည်း ဟိုးရှေးရှေးကတည်းက ရှိခဲ့ခြင်းဖြစ်၏။ထိုအဖြစ်ပျက်များမှာ လွန်စွာ ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

"စီနီယာအစ်ကို၊ မြို့ဝန်က တော်တော်ကြီးကို မောက်မာနေတယ်မဟုတ်ဘူးလား။"

ဝူစန်းထောင်ကလည်း ဒေါသတကြီးနဲ့ လမ်းလျှောက်လာကာပြောလိုက်၏။

သူက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ရှိစဉ်တုန်းက ထိုကဲသို့သောအရှက်ခွဲမှုမျိုးကို တခါဖူးမျှ မကြုံခဲ့ဖူးပါချေ။ လီဟမ်ရှန်းကအသက်ပြင်းပြင်းတချက်ရှုလိုက်၏။ ယခုကဲ့သို့ ဖြစ်ပျက်သွားသောအဖြစ်ပျက်များကို လုံးဝအမှုမထားသည့်အလား ငွေလက်မှတ်များကို ကုန်းကောက်လိုက်ပါသည်။

သူကတချက်ပြုံးလိုက်ပြီးနောက် 

"အားလုံးကဆိုးမနေပါဘူး။သူတို့ငါ့ကို ဆူချင်တယ်ဆိုရင်တောင် ကြိုက်သလောက်ဆူပလေ့စေ။

တခါဆူခံရလို့ရှိရင် ငွေလေးထောင်ငါးထောင်လောက်ရသေးတာပဲ။အာ့တော့ ငါ့ကိုနေ့တိုင်းလာဆူမယ်ဆိုရင်တောင်ငါက ဒေါသထွက်မှာမဟုတ်ဘူး။

"အရှင်၊ အဲ့လို အဲ့လိုမျိုးမပြောရဘူးလေ။

အရှင်က ဘယ်လိုဖြစ်လို့ ဒီငွေတွေကို လက်ခံရဲရတာလဲ။ " လူအိုကြီးရန်က ထိတ်လန့်စွာဖြင့်ပြောလိုက်ပါ၏။

"အို" လီဟမ်ရှန်းက မျက်ခုံးတဖက်ပင့်ကာပြောလိုက်ပါသည်။

"သူတို့က ငါ့ကို အလကားပေးသွားတာပဲ။ငါဘာလို့မယူရမှာလဲ။"

"ဒါပေမဲ့" လူအိုကြီးရန်က အံ့ဩစွာဖြင့်ပြောလိုက်ပါသည်။

"အရှင်က ဒီငွေတွေကိုယူလိုက်မယ်ဆိုလို့ရှိရင် သူတို့ရဲ့အမိန့်ကိုနာခံသလိုမဖြစ်သွားဘူးလား။

"ဘာလို့လဲ"

လီဟမ်ရှန်း၏ပုံစံမှာ ဝေခွဲရခက်နေသည့်ဟန်ပင်။

ဘာလို့လဲလို့ပြောလိုက်သည့်စကားမှာ လူအိုကြီးရန်အားဆွံ့အသွားစေခဲ့ပါ၏။

တခဏကြာမှသာ သူကပြောလိုက်၏။

"သူတို့ရဲ့ငွေကိုလက်ခံပြီးသူတို့ရဲ့အမိန့်ကိုနာခံသင့်တယ်မဟုတ်ဘူးလား။အရှင်ကငြင်းဆန်လိုက်မယ်ဆိုလို့ရှိရင် မကောင်းဘူးနဲ့တူတယ်နော်။"

"ငါ့မှာအရှက်မှ မရှိတာ ငါကဘာကို ကြောက်ရမှာလဲ"လီဟမ်ရှန်းက ခံစားချက်မဲ့စွာဖြင့်ပြောလိုက်ပါသည်။

"ငါကသူတို့ကို တောင်းတောင်းပန်ပန်နဲ့ ငွေတောင်းနေတာမှမဟုတ်တာ သူတို့ဘာသူတို့ လာပေးနေတာလေ ။ ဘာလို့ငါကမယူရမှာလဲ။ အမ်း သူတို့အမိန့်ကိုနာခံဖို့ကတော့ အင်း...နာခံစရာ ဘာသောက်ကြောင်းမှ မရှိနေဘူး။အဲ့တော့ငါက ဘာလို့သူတို့အတွက်အလုပ်လုပ်ပေးရမှာလဲ။

"ဒါပေမဲ့လည်း သူတို့ကတော်တော်ကြီးကိုကပ်စီးနည်းတာပဲကွာ ငါ့ကို ငွေစငါးထောင်ပဲပေးတယ်"

လီဟမ်ရှန်းမှာ သူ၏လက်ထဲမှ ငွေလက်မှတ်များကို ကြည့်ပြီးနောက် ဒီထပ်ပိုရသင့်သည်ဟု ခံစားခဲ့ရမိပါသည်။

"လာဘ်ထိုးတာကလဲ ငွေစ‌ငါးထောင်ထဲပေးရတာလား”

အကယ်၍သာ သူသာ မူလအဆင့်သို့ဖြစ်နေပါက ထိုသူများမှာ သူ့အား ငွေစတစ်သောင်းခန့်ကိုပေးလိမ့်မည် ဖြစ်၏။

သူတို့စကားပြော၍မပြီးခင်မှာပင် အစောင့်တယောက်ကပြေးဝင်လာပြီးနောက် စိတ်ဖိစီးမှုများစွာဖြင့်ပြောလိုက်ပါသည်။

"အ အရှင်၊ မကောင်းတော့ဘူး မကောင်းတော့ဘူးဟွာမိသားစုကလူတွေလာနေပြီ‌ဗျ့။ ဒီစစ်ဆေးရေးမှူးရုံးကို တည့်တည့်ကြီးကို လာနေတာဗျ။ "

"လူအိုကြီးရန် သေချာကြည့်ပါအုန်းဗျာ

နောက်ထပ်လူတစ်စုက လာပြီးကျုပ်ကိုပိုက်ဆံတွေပေးနေပြန်ပြီဗျ့ " လီဟမ်ရှန်းက ပြုံးရင်းနှင့်ပြောလိုက်ပါသည်။

လူအိုကြီးရန်မှ ဘာဆက်ပြောရမှန်းကို မသိတော့ပါချေ။

သူတို့၏ အရှင်မှ တခြားသူများနှင့် နည်းနည်းတော့ ကွဲပြားနေသည် မဟုတ်ပါလား။ 

သူတို့စကားပြောလို့မပြီးခင်မှာပင် အပြင်မှ လူများစွာက သူတို့ပိုင်ဆိုင်သောအိမ်ကဲ့သို့ ပိုင်စိုးပိုင်နင်းနှင့် ဝင်ချလာခဲ့ကြပါသည်။

သို့သော် လီဟမ်ရှန်းက ထိုလူတို့၏ ရိုင်းစိုင်းရိုင်းပြမှုကို ခွင့်လွှတ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများက သူ့အား ပိုက်ဆံအလကားလာပေးသည် မဟုတ်ပါလား။ 

"စစ်ဆေးရေးမှူးအသစ်က ဘယ်သူလဲကွ။"

ဝင်လာသည့်လူမှာ ယောကျာ်းတယောက်ဖြစ်သည့်တိုင် ထိုသူက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးနောက် ပါးစပ်နဲ့နှာခေါင်းကို လက်ကိုင်ပုဝါ တစ်ထည်ဖြင့် အုပ်ထားပါ၏။

သူ၏ပုံစံမှာ ဤနေရာရှိ ညစ်ညစ်သောလေတို့ကို ရှုရှိုက်မိမည်ကို စိုးရိမ်နေသည့်အလားပင်ဖြစ်ပါသည်။ ဒီလူက ဟွာမိသားစုခေါင်းဆောင်ရဲ့ တူဖြစ်ပါတယ်။ သူ့နာမည်က ဟွာကျင့်လျို လို့ ခေါ်ပါတယ်။

လူအိုကြီးရန်က လီဟမ်ရှန်းအား မိတ်ဆက်ပေးလိုက်ပါသည်။ 

"ဟ ဘယ်လိုနာမည်ကြီးလဲဟ"

လီဟမ်ရှန်းက တီးတိုးပြောလိုက်ပြီးနောက်

အရှေ့သို့တိုးကာ ရင်ကော့၍ပြောလိုက်၏။

"စစ်ဆေးရေးမှူးအသစ်က ကျုပ်ပဲ"

"အော် အဲ့တာမင်းပေါ့" ဟွာကျင့်လျိုက 

လီဟမ်ရှန်းက ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက်

စိတ်မရှည်စွာဖြင့်ပြောလိုက်ပါသည်။

"အာ့တာဆိုလို့ရှိရင်မင်းက စစ်ဆေးရေးမှူးဆိုလို့ရှိရင် မင်းကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ငါပြောပြပါရစေ။ငါတို့ဟွာမိသားစုက ဘာပဲလုပ်လုပ် မင်းတို့စစ်ဆေးရေးမှူးရုံးက ဘာတစ်ခွန်းမှ မေးခွန်းမမေးရဘူး။ငါတို့ဟွာမိသားစု ပေးတဲ့အမိန့်အတိုင်း မင်းတို့က လုပ်ပေးရမယ်။

မင်းသာအဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင် မင်းစစ်ဆေးရေးမှုးလုပ်နေတဲ့နှစ်ကာလအတွင်းမှာ ငွေများများစားစားရစေရမယ်လို့ ငါအာမခံတယ်။အဲ့တာပြီးလို့ရှိရင် မင်းက မင်းရဲ့အိမ်ကို ဂုဏ်သရေ အပြည့်နဲ့ အိတ်ထဲမှာ ငွေအပြည့်နဲ့ ပြန်လို့ရတယ်။ကိုယ့်ကိုကိုယ် ပြသာနာ အတက်မခံစမ်းပါနဲ့ကွာ ။

"ကဲ ကောင်းပြီ ကောင်းပြီ ကောင်းပြီ 

စကားမများနဲ့တော့ ပေးစရာရှိတာမြန်မြန်ပေး" လီဟမ်ရှန်းက ပို၍ပင်စိတ်မရှည်ဘူး သူ့၏လက်အားဖြန့်ကာ အရှေ့သို့တိုးလိုက်ပါ၏။ 

ထိုလုပ်ရပ်ကြောင့် ဟွာကျင့်လျိုအား နားမလည်နိုင်အောင်ဖြစ်သွားစေခဲ့ပါသည်။ 

"ဘာ" ဟွာကျင့်လျိုက လီဟမ်ရှန်း၏ ဆန့်ထုတ်ထားသောလက်အား ကြည့်ရင်းမေးလိုက်ပါသည်။

"ဘာကို ဘာလဲ။ ငါ့ကိုပိုက်ဆံပေးလေ ။"လီဟမ်ရှန်းက စိတ်မရှည်စွာဖြင့်ပြောလိုက်ပါသည်။

"ဟမ့် မင်းနားလည်သားပဲ" ဟွာကျင့်လျိုက သူ၏ ဝတ်ရုံစထဲမှ ငွေလက်မှတ်များကို ထုတ်ကာ လီဟမ်ရှန်းအား ဂရုတစိုက်နဲ့ ပေးလိုက်ပါ၏။

သူ၏ပုံစံမှာ လီဟမ်ရှန်း၏ တကိုယ်လုံးကမစင်များနှင့် ပေကျံနေသောကြောင့် ထိမိမည်ကို စိုးရွံ့နေသည့်အလားပင် ဖြစ်နေခဲ့ပါသည်။

လီဟမ်ရှန်းက ယူပြီးနောက် မျက်မှောင်ကြုတ်လိုက်ပါသည်။

"မင်းတို့ဟွာမိသားစုက တော်တော်ကြီးကို ကပ်စီးနည်းတာပဲ။ငွေစသုံးထောင်တဲ့လား" 

လီဟမ်ရှန်းက ဟွာကျင့်လျိုအား ကျဉ်းမြောင်းသော မျက်လုံးများဖြင့်ကြည့်ကာပြောလိုက်ပါသည်။

"မြို့ဝန်က ငါ့ကို ငွေစတစ်သောင်းတောင်ပေးတာကွ။ ငါဒီကို မရောက်ခင်တုန်းက ကြားခဲ့ရတာက ဒီမြွေဖြူလမ်းမှာ ဟွာအိမ်နဲ့ မြို့ဝန်အိမ်က အင်အားကြီးတဲ့အင်အားစုနှစ်စုဆိုပြီးကြားခဲ့တာ ။

အခုကြည့်တာကတော့… ဟမ့်.. မြို့ဝန်အိမ်ကဟွာမိသားစုထပ် ပိုပြီးတော့ အင်အားကြီးပုံပဲ”

"ဘာမြို့ဝန်အိမ်က မင်းတို့ကို ငွေစ‌တစ်သောင်းတောင်ပေးခဲ့တာ ဟုတ်လား။ "

ဟွာကျင့်လျိုမှာ တော်တော်ကြီးကို အံ့ဩခဲ့ပါသည်။

"မြို့ဝန်က ရူးများရူးသွားတာလား။ ဘာမှမဟုတ်တဲ့ ပြန်လည်မွေးဖွားခြင်းအဆင့် သိုင်းပညာရှင်ကို အဲ့လောက်တောင် ပေးတယ်ပေါ့လေ။ 

"မေ့လိုက်တော့‌ မေ့လိုက်တော့ မင်းတို့ရဲ့ ပိုက်ဆံကို ပြန်ယူသွား။ ပြီးလို့ရှိရင် ကိုယ့်ဘာကိုယ်သုံးလိုက်တော့။"

လီဟမ်ရှန်းမှာ ရွံရှာနေသည့်အမူရာတွေဖြင့် ပြောရင်း ငွေစများကိုမြေပြင်ပေါ်သို့ ပစ်ချလိုက်တယ်။

နံဘေးရှိ ဝူစန်းထောင်မှာလည်း လီဟမ်ရှန်း၏ လုပ်ရပ်အားမြင်ကာ သဘောပေါက်သွားပြီးနောက် တချက်ရယ်လိုက်ပါသည်။

"စီနီယာအစ်ကို၊ ပြောတော့ဟွာမိသားစုက မြို့ဝန်အိမ်နဲ့ အင်အားကအတူတူပဲဆို ခုလုပ်ရပ်က ကြည့်ရသလောက်ကတော့ ဟွာမိသားစုက မြို့ဝန်အိမ်ထပ် ခြေတလှမ်းနောက်ကျနေပုံရတယ်နော်။ကြည့်ပါအုန်း သူတို့ရဲ့ပုံစံနဲ့ သူတို့ရဲ့ဒီလုပ်ရပ်ကို ကြည့်ပါအုန်းဗျာ ဟက်"

ထိုကဲ့သို့ ဘေးကနေ ဝင်ထောက်သောစကားကြောင့်

ဟွာကျင့်လျို၏မျက်နှာမှာ လွန်စွာ ရုပ်ဆိုးသောအမူရာသို့ပြောင်းလဲသွားခဲ့ပါ၏။ 

"မင်းတို့တွေ အဓိပ္ပာယ်မရှိတာ ပြောနေကြတာပဲ။"ဟွာကျင့်လျိုက ‌ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါသည်။

"ငါတို့ဟွာမိသားစုက ဘယ်လိုဖြစ်လို့ မြို့ဝန်အိမ်ထပ် နောက်ကျရမှာလဲ။ဒီလိုသောက်ပေါက်ကရစကားကို ဘယ်သူပြောတာလဲ။"

သို့သော်လီဟမ်ရှန်းနှင့် ဝူစန်းထောင်မှာ စကားတစ်လုံးမှ မပြောဘဲနဲ့ ဟွာကျင့်လျိုအား ငတုံး တစ်ကောင်ဟူသောအမူရာနှင့်စိုက်ကြည့်နေကြပါသည်။

ဟွာကျင့်လျိုမှာ ဒေါသတကြီးဖြစ်နေပြီးသူ၏ ကျိုးကြောင်းဆီလျော်စွာ တွေးတောနိုင်စွမ်းများ ပျောက်ဆုံးနေပြီဖြစ်၏။ ထို့ကြောင့်သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပါသည်။

"ဘာကို ငွေစသုံးထောင်လဲ။ငါမှားပြီးထုတ်လိုက်မိတာ။ဒီဟာမဟုတ်ဘူး ဒီဟာမဟုတ်ဘူး။"

ထိုသို့ပြောပြီးနောက် သူ၏ ဝတ်ရုံစထဲမှ ငွေစတစ်သောင်း ငွေလက်မှတ်များကို ကမန်းကတမ်းထုတ်လိုက်ပါ၏။ထို့နောက်တွင် လီဟမ်ရှန်းအား ကမ်းလှမ်းပေးလိုက်ပါသည်။ 

ထိုငွေစများကို လီဟမ်ရှန်းက ယူပြီးနောက် ခပ်ပေါ့ပေါ့ပင်ပြောလိုက်ပါသည်။

"အော် အာ့တာဆိုလို့ရှိရင် ဒါမင်းအမှားလုပ်မိတာပေါ့ ထင်တော့ထင်ပါတယ်လေ။ မင်းတို့ ဟွာမိသားစုက ဒီလိုမျိုးအဓိပ္ပာယ်မရှိတာကို မလုပ်လောက်ဘူးလို့ ထင်ပါတယ်။ခုလိုမျိုးဆိုလို့ရှိရင်တော့ မင်းတို့မိသားစုက မြို့ဝန်အိမ်နဲ့ တန်းတူရှိတဲ့အဆင့်လို့ပြောလို့ရပါပြီလေ။"

ထိုကဲ့သို့စကားက ဟွာကျင့်လျိုအား ပို၍ပင်ဒေါသတကြီး ဖြစ်သွားစေခဲ့ပါ၏။

"ဘာလဲဟ ငါတို့က မြို့ဝန်အိမ်နဲ့ တန်းတူဖြစ်သွားတယ်ဆိုတဲ့စကားက ငါတို့ဟွာမိသားစုက အဲ့လောက်တောင်မှ သေးသိမ်နုပ်ဖျင်းနေပြီလား။

ဒီငွေစသုံးထောင်က ထုတ်ထားပြီးသွား‌ပြီဆိုမှတော့ 

ငါတို့ဟွာမိသားစုကပြန်ယူစရာဘာအကြောင်းမှမရှိတော့ဘူး။ဟာသပဲ "

ဟွာကျင့်လျိုက အေးစက်စွာဖြင့်ပြောလိုက်ပါသည်။

"အာ့တာဆိုလို့ရှိရင် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ"

လီဟမ်ရှန်းက အပြုံးဖြင့်ပြောလိုက်ပါ၏။

ဘေးမှဝိုင်း၍ရပ်ကာကြည့်နေသောအစောင့်များမှာ လွန်စွာ အံ့ဩကာ အူကြောင်ကြောင်ဖြစ်နေခဲ့ကြပါ၏။ 

စကားလေးနည်းနည်းပြောလိုက်တာနဲ့တင် ဟွာမိသားစုထံမှ ငွေအများကြီးထွက်အောင်လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။သူတို့က ငွေအများကြီး ရအောင် မြန်မြန်နဲ့ လုပ်နိုင်ခဲ့သည်မဟုတ်ပါလား။

"မပြီးသေးဘူး ငါတို့ဟွာမိသားစုက မင်းတို့ကို နောက်ထပ်ထပ်ပြီး ပြောစရာရှိသေးတယ်။"

ဟွာကျင့်လျိုက လီဟမ်ရှန်းအား အေးစက်စွာဖြင့်ပြောလိုက်ပါသည်။

"သုံးရက်အတွင်းမှာ နောက်ထပ်အမိန့်ပြန်တန်းတခုထုတ်ပေးရမယ်။ ဒါငါတို့ဟွာမိသားစုကတောင်းဆိုတဲ့အမိန့်ပဲ။အဲ့ဒီအမိန့်က နောက်ထပ်အခွန်တိုးကောက်ဖို့အတွက်အမိန့်ပဲ။အခွန်နာမည်က မြေလေးခွန်လို့ ခေါ်တယ်။လူတိုင်းအခွန်ကို ပေးရမယ် "

"ဟင်" လီဟမ်ရှန်းမှာလည်း အံ့ဩသွားပြီးနောက်

မေးလိုက်ပါသည်။

"မြေလေးခွန်ဆိုတာဘာတုန်းဟ။"

"နာမည်ထဲမှာပါပြီးသားပဲလေကွာ။ဒီကလူတွေက မြွေဖြူလမ်းမှာ နေတဲ့အတွက်ကြောင့်မို့လို့ ပထဝီမြေကြီးကိုလေးလံစေတယ်။အဲ့တာကြောင့်မို့လို့ သူတို့ရဲ့အလေးချိန်တွေက ငါတို့ရဲ့မြေကြီးကိုဖိပြီးပျက်စီးစေတယ် ဒါကြောင့် သူတို့ဟာ မြေလေးခွန်ပေးသင့်တယ်မဟုတ်ဘူးလား "

"သောက်ပိုတွေပြောမနေနဲ့ ဒီအမိန့်ကို သုံးရက်အတွင်းထုတ်ပေး။လူတယောက်ကို ငွေပြားတစ်ပြား တလကိုပေးရမယ်။အေး ငွေကောက်တာကတော့ ငါတို့ ဟွာမိသားစုက ကိုင်တွယ်လိုက်မယ်။

နားလည်လား။"

"မင်းတို့ဟွာမိသားစုက တကယ်ပဲ ထူးထူးဆန်းဆန်းအကြံတွေ တယ်ရှိတာကို။ "

လီဟမ်ရှန်းမှာ တော်တော်လေးကို လေးစားသွားခဲ့ပါ၏။ပေါက်ကရအကြောင်းပြချက်နဲ့ အခွန်ခများကောက်နိုင်တာ သူတို့ပဲရှိသည်မဟုတ်ပါလား။

"မမေ့ပါနဲ့နော်။ သုံးရက်အတွင်းမှာ ငါတို့ဟွာမိသားစုက ဒီအမိန့်ပြန်တမ်းကို မြင်ချင်တယ်"

ထိုသို့ပြောပြီးနောက်တွင် ဟွာကျင့်လျိုက နောက်သို့လှည့်ကာထွက်သွားခဲ့ပါသည်။

သူနှင့်အတူ ဟွာမိသားစုမှ လူများကိုတခါတည်းခေါ်သွားခဲ့ပါသည်။ 

"စီနီယာအကို ၊ဒီအခွန်က တော်တော်ကြီးဆိုးတယ်မဟုတ်ဘူးလား။"

ဝူစန်းထောင်မှလည်း ဆွံ့အလျက်ပြောလိုက်ပါသည်။

"အာ အဲ့ထပ် ဆိုးတဲ့ဟာတွေအများကြီးရှိတာပေါ့။"လူအိုကြီးရန်က လှောင်ပြောင်လိုက်ပါသည်။

"သူတို့ထုတ်တဲ့အခွန်တွေက ပိုပြီး အဓိပ္ပာယ် မရှိတဲ့ဟာတွေတောင်အများကြီးရှိတယ်။ လူတွေကလဲ မပေးနိုင်လို့ရှိရင် လူငယ်တွေဆိုလို့ရှိရင် အမျိုးသားတွေ လူငယ်တွေအကုန်လုံးကို ဖမ်းတယ်။အမျိူးသမီးတွေဆိုလို့ရှိရင် သူတို့ကဖမ်းပြီးတော့ ဆောင်ကြာမြိုင်ကိုပို့တယ်။"

"အတင့်ရဲလိုက်တဲ့ကောင်တွေ" ဝူစန်းထောင်မှ အတော်လေးကို ဒေါသထွက်နေခဲ့ပါပြီ။

ထိုစကားကိုကြားသော လီဟမ်ရှန်း၏မျက်လုံးများမှာလည်းကျဉ်းမြောင်းသွားပြီးနောက် သူ့လက်ထဲမှ ငွေလက်မှတ်များကို နံဘေးသို့ပို့လိုက်ပါ၏။ 

"လူအိုကြီးရန်၊ ကျုပ်ကို ဒီမြွေဖြူလမ်းမှာထုတ်ထားတဲ့အခွန်အခနဲ့ပတ်သတ်တဲ့အမိန့်ပြန်တမ်းတွေရဲ့စာအုပ်ကိုယူခဲ့ဗျာ။ဒီလူတွေ ဘယ်လိုမဟုတ်ကဟုတ်က အမိန့်တွေထုတ်ပြီးတော့ အခွန်တွေတိုးကောက်နေလဲဆိုတာကျုပ်ကြည့်ချင်တယ်။"

"ရစေရပါမယ်။အရှင့်အတွက် ကျူပ်ချက်ချင်းပဲ ယူခဲ့ပေးပါ့မယ်။"

 လူအိုကြီးရန်မှ နောက်သို့လှည့်ပြီးတော့ စာအုပ်ကိုသွားရှာနေပါသည်။

သိပ်မကြာခင်မှာပင် လူအိုကြီးရန်က စာအုပ်လေးတအုပ်ယူလာပြီးနောက် လီဟမ်ရှန်းအားကမ်းပေးလိုက်ပါသည်။

လီဟမ်ရှန်းက ဖွင့်ဖတ်လိုက်ပြိးနောက် အလွန်အမင်းကို အံ့ဩသွားပါသည်။သူ့အနေနှင့်တံခါးတချက်ပွင့်သွားပြီးနောက် လောကအသစ်ကို မြင်တွေ့လိုက်ရသလိုဖြစ်သွားခဲ့ပါသည်။

- အစာစားခြင်းကြောင့်အခွန်၊

-ရေသောက်အခွန်၊

- မစင်စွန့်အခွန်၊

- အိပ်ရင်ဟောက်သောအခွန်

ဟောက်သည့်အတွက်ပါအခွန်ကောက်ခြင်းကိုပင်မြင်ရသောကြောင့် လီဟမ်ရှန်းမှာ သူ့မျက်လုံးပင်သူမယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပါ၏။

နောက်ထပ်ပိုပြီးရေးထားသည့်အချက်က မိုးရွာခွန်ဆိုပြီး လာကောက်ထားပါသေး၏။မိုးရွာလို့အခွန်ကောက်တယ်တဲ့လား။ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော အခွန်များမှာ ရာချီ၍ ရှိနေပါ၏။မည်သူမှ ထိုကဲ့သို့ အခွန်များကို ပေးနိုင်မည်မဟုတ်ပေ။ထိုအရှုပ်အထွေးကြီးကိုရှင်းရန်အတွက် လီဟမ်ရှန်းမှာ သူ၏အင်အားကိုသုံးရန်အတွက် သူများများရှာမှ ဖြစ်တော့မည်ဟူသော ခံစားချက်ကို ရရှိလာခဲ့ပါတော့သည်။

"လူအိုကြီးရန်၊ ခင်ဗျားခုနကပြောသလိုပဲ ကျုပ်တော့ကျုပ်ကိုကူညီဖို့အတွက်လူလိုနေပြီဗျာ။ကျုပ်တကယ်ကို လုပ်နိုင်စွမ်းရှိတဲ့သူတွေကိုလိုအပ်နေပြီ။"

လီဟမ်ရှန်းက လူအိုကြီးရန်အားပြောလိုက်ပါသည်။

"အရှင်၊ လင်းချီကျိုးလို့ခေါ်တဲ့လူတယောက်ရှိတယ်။သူကအရင်တုန်းက သူရဲကောင်းတယောက်ပဲ။သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ ထိပ်ဆုံးအပိုင်းကိုရောက်နေပြီ။

လူကောင်းတယောက်လဲဖြစ်တယ်။ တချိန်တုန်းက ကျုပ်က သူ့ပေါ်မှာ ကျေးဇူးတခုရှိခဲ့တယ်။သူကပြီးတော့ မြို့ဝန်ကို လုံးဝမုန်းတီးပြီးတော့ရန်ငြိုးရန်စရှိတယ်ဗျ့။အရှင်ကသာ လူအင်အား လိုတယ်ဆိုလို့ရှိရင် သူ့ကိုရှာသင့်တယ်နော်”

All Chapters