အခန်း (၂၈၀)
Vol. 25 Ch. 280
“လီဟမ်ရှန်း ” ကျန်းဝမ်လျှိုက တစ်ခဏမျှတွေးကာ
“ အင်း သေတော့မသေချာဘူး။ အဲ့ဒီနာမည်နဲ့လူက အခုအသစ်ရောက်လာတဲ့ မြွေဖြူလမ်းကိုအခုအသစ်ရောက်လာတဲ့စစ်ဆေးရေးမှူး မဟုတ်လား”
“အို မင်း တကယ်သိတာပဲ”
လီချန်ချင်းက အံ့သြသွားခဲ့ပါသည်။
“ကျန်းကောစံအိမ်နဲ့ပတ်သက်ပြီးတော့ ကိစ္စရပ်နည်းနည်းလေးကို ကျုပ်သိရုံလေးပါ။ ဘာလို့လဲဆိုတော့နီးတယ်လေ။ မြစ်ပဲခြားတာပါ” ကျန်းဝမ်လျှိုက အပြုံးလေးတစ်ခုဖြင့်ပြောလိုက်ပါ၏။
“အဲ့ဒီသူက အခုတလောပြသနာတွေ ဘာတွေကြုံတွေ့နေရတယ်ဆိုတာကို သိလား”
လီချန်ချင်း၏ အဓိကမေးခွန်းမှာ ထိုမေးခွန်းပင်ဖြစ်၏။
သူက ကျီဝူမြို့ကိုရောက်ရှိနေပြီဖြစ်သော်လည်း ကျန်းကောစံအိမ်နှင့်သာ နီးနေပါသေး၏။ ပိုင်ကျင့်ဖေး၏ သတင်းအချက်အလက်ကွန်ရက်မှာ အနည်းငယ်တော့ နောက်ကျနေပါသေး၏။
ကျန်းဝမ်လျှိုကယခုလိုမျိုးကျန်းကောစံအိမ်နှင့်ပတ်သက်သောအချက်အလက်များကို သိလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့မိပါချေ။
“ ဟာ ကျုပ်တော့မသိပါဘူး။ ဒါပေမဲ့ ခင်ဗျားသိချင်တယ်ဆိုရင် ကျုပ်ခင်ဗျားအတွက်စုံစမ်းပေးလို့ရပါတယ်”
ကျန်းဝမ်လျှိုကပြောလိုက်ပါ၏။
“ ကျုပ်ခင်ဗျားအတွက် သတင်းမြန်မြန်လေးရအောင် လုပ်ပေးနိုင်တယ်”
“ ဘယ်လောက်မြန်မြန်လဲ”
လီချန်ချင်းကမေးလိုက်သည်။
“၂နာရီအတွင်း သတင်းရအောင်လုပ်ပေးနိုင်တယ်”
ကျန်းဝမ်လျှိုက ယုံကြည်မှုပြည့်ဝနေသောဟန်ပန်ဖြင့်ပြောလိုက်ပါသည်။
“အဲ့လောက်တောင်မြန်တာလား”
လီချန်ချင်းက အနည်းငယ်တော့လေးစားသွားခဲ့ပါသည်။
“ ဒီမှာ လူတွေအများကြီးရှိတယ်။ ကျုပ်ကို သီးသန့်ဖြစ်မယ့်နေရာတစ်ခုကိုခေါ်သွားပေး။ ပြီးရင်ကျုပ်မေးလိုက်မယ်”
ကျန်းဝမ်လျှိုက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက်ပြောလိုက်ပါသည်။
ကျန်းဝမ်လျှိုက ဘယ်သူ့ကိုမေးမလဲဆိုတာတော့ လီချန်ချင်းက မသိပေမယ့် သူက ကျန်းဝမ်လျှိုအားဆိုင်၏ အနောက်ဘက်ခြံဝန်းသို့ခေါ်သွားပေးခဲ့ပါသည်။ ထို့နောက်တွင် ကျန်းဖုကွမ်းအားဆိုင်ကိုသေချာကြည့်ထားရန်အတွက် မှာကြားထားခဲ့ပါသည်။
အနောက်သို့ရောက်သည့်အခါတွင်ကျန်းဝမ်လျှိုက ခေါင်းကိုမော့လိုက်ပြီး ထူးခြားဆန်းကြယ်သောအသံများကိုပြုလုပ်လိုက်ပါ၏။ သူ၏လည်ချောင်းထဲမှ နားလည်ရခက်ခဲသော အမျိုးအမည်ခေါ်ရခက်ခဲသောအသံများထွက်ပေါ်လာပြီးနောက် လူသားတစ်ယောက်နှင့်မတူသော အသံဖြစ်သည်ကို လီချန်ချင်းကတွက်ဆမိပါ၏။
လီချန်ချင်းက ဘာသံလဲဆိုတာ သေချာနားထောင်ကာ စဥ်းစားလို့မပြီးခင်မှာပင် ကောင်းကင်ထက်မှ ပျံလွှားငှက်တစ်ကောင်ပြေးဆင်းလာခဲ့ပါသည်။
ထိုပျံလွှားငှက်မှာ ကျန်းဝမ်လျှို၏ ပုခုံးထက်တွင်နားလိုက်ပါသည်။ ကျန်းဝမ်လျှိုကတစ်ချက်ပြုံးပြီးနောက် ထိုပျံလွှားငှက်အား ထူးဆန်းသည့်အသံဖြင့် စကားပြောလိုက်၏။
ပျံလွှားငှက်ကလည်း ပြန်လည်၍ငှက်သံပြုကာစကားပြန်ပြောခဲ့ပါသည်။ သူတို့နှစ်ဦးစကားပြောဆိုပြီးနောက်တွင်ပျံလွှားငှက်က သူ၏တောင်ပံကို တဖျပ်ဖျပ်ခတ်ကာ ကောင်းကင်ထက်သို့ပျံတက်သွားခဲ့ပါ၏။
“ခင်ဗျားပြောတာက တိရိစ္ဆာန်စကားလား။ လီချန်ချင်းက တော်တော်လေးအံ့သြသွားခဲ့ပါ၏။ ကျန်းဝမ်လျှို ဆိုတဲ့လူက တကယ်ပဲ တိရိစ္ဆာန်တွေနဲ့ စကားပြောနိုင်တာဟ။ ထိုအဖြစ်အပျက်မှာ လီချန်ချင်းအား လုံးဝကိုမမျှော်လင့်ထားခဲ့မိပါချေ။ သာမန်လူဟုထင်သော ကျန်းဝမ်လျှိုက ယခုလိုမျိုးထူးဆန်းသည့်လူဖြစ်နေသည်ဟု သူကလုံးဝ လုံးဝကို မထင်ခဲ့ပါချေ။
“ကျုပ်ရဲ့ပျံလွှားငှက်လေးကတော့ ကျန်းကောစံအိမ်ကိုသွားပြီ။
ပြီးတော့သူဟာလီဟမ်ရှန်းရဲ့အကြောင်းကို သွားစုံစမ်းတယ်လေ။သူသိပ်မကြာခင်မှာ ပြန်လာပြီးတော့ သူစုံစမ်းလို့ရသမျှဟာ အကုန်လုံးကို ကျုပ်ကို ပြန်လာပြောပြလိမ့်မယ်။၏”
“ သိပ်မကြာပါဘူး”
ကျန်းဝမ်လျှိုက ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောလိုက်ပါ၏။
“ ဟာ တော်တော်လေးကို မိုက်တဲ့ တိရိစ္ဆာန်စကားပြောဆရာပဲ”
လီချန်ချင်းက ကျန်းဝမ်လျှိုအား စူးစိုက်ကြည့်လျက် ထိုသူ၏စွမ်းရည်ကို တအံ့တဩနှင့် ချီးကျူးလိုက်ပါသည်။
“ကျုပ်ကြည့်လို့ရအောင် နောက်ထပ်တစ်ကြိမ်လောက် ပြောပြပါအုံးဗျ”
ဟု လီချန်ချင်းက ပြောလိုက်၏။
“ကောင်းပြီလေ”
ကျန်းဝမ်လျှိုမှာ လီချန်ချင်း၏ မျက်နှာထက်မှ အံ့အားသင့်နေပြီး ထိတ်လန့်နေသည့်အမူအရာကို အရသာခံကြည့်နေပြီးနောက် သူ၏အစွမ်းအစကို ထပ်မံ၍ ပြသရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။
ကျန်းဝမ်လျှိုက ထူးဆန်းသည့်အသံများကို ပြုလုပ်လိုက်ပါ၏။ သိမကြာခင်မှာပင် ရှဉ့်နှစ်ကောင်မှာ အဝေးမှပြေးလာခဲ့၏။ ထိုနောက်တွင် ကျန်းဝမ်လျှို၏အရှေ့တွင် ထိုရှဉ့်နှစ်ကောင်မှာ ရပ်တန့်လိုက်ပါသည်။ ထို့နောက် ကျန်းဝမ်လျှိုက ရှဉ့်အား တစ်စုံတစ်ခု ပြောလိုက်၏ ရှဉ့်ကလည်း ခေါင်းညိတ်ပြပြီးနောက် တစ်စုံတစ်ခုကို ပြန်ပြောကာ ထွက်ပြေးသွားခဲ့ပါ၏။
“ကျုပ်က ခုနကအဲဒီရှဉ့်ကို ကျုပ်တွေ့ခဲ့တဲ့ သစ်ကြားသီးတွေ ပုံထားတဲ့နေရာအကြောင်း ပြောပြလိုက်တာဗျာ။”
“ အဲဒါသူ့ကို အဲဒီသစ်ကြားသီးတွေ သွားရှာပြီးတော့ စားလို့ရတယ်ဆိုတာပြောလိုက်တာ။ အဲဒါကြောင့် ကျုပ်ကို သူက ကျေးဇူးတင်သွားတာပဲ။ ဘယ်လိုလဲကွ။ မိုက်တယ်မလား”
ကျန်းဝမ်လျှိုက ဝင့်ကြွားစွာဖြင့် ပြုံးရင်းပြောလိုက်၏။ သို့သော် ထိုအခိုက်တွင် လီချန်ချင်း က သူ၏မျက်လုံးများကို မှိတ်ချလိုက်ပါ၏။
ထို့နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့၏။
“ဘာဖြစ်လို့လဲဗျ”
ကျန်းဝမ်လျှိုက လည်း စိတ်ဝင်တစားနှင့် မေးလိုက်ပါသည်။
လီချန်ချင်းက သူ၏မျက်ဝန်းများကို ပြန်ဖွင့်လိုက်၏။ ထို့နောက်တွင် ကောင်းကင်ကိုမော့ကြည့်လိုက်၏။ ထိုအခိုက်မှာပင် တိုက်တိုက်ဆိုင်ဆိုင် ခိုငှက်တစ်ကောင်က ဖြတ်ပျံသွားခဲ့ပါသည်။
လီချန်ချင်းက သူ၏ ပါးစပ်ကို ဖွင့်လိုက်ကာ ကျန်းဝမ်လျှိုနှင့်တူညီသော အသံများထွက် လာခဲ့ပါ၏။ ပျံသန်းနေသည့်ခိုမှာ လီချန်ချင်း၏အသံကြား သောကြောင့် လှည့်လာပြီး လီချန်ချင်းထံသို့ ထိုးဆင်းလာခဲ့ပါ၏။
လီချန်ချင်းက သူ၏လက်ကို ဆန့်ထားလိုက်ရာ ထိုခိုမှာ သူ၏လက်ပေါ်တွင် ခိုနားလိုက်ပါသည်။
ထိုမြင်ကွင်းကြောင့် ကျန်းဝမ်းရှိုမှာ အကြီးအကျယ် ထိန့်လန့်သွားခဲ့ပါသည်။
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ကျန်းဝမ်းရှို ငယ်စဉ်တုန်းက သားရဲတစ်ရာ ပန်းချီကားကို ကြည့်ပြီး ထိုစွမ်းရည်အား သင်ယူတတ်မြောက်နိုင်ခဲ့ခြင်းဖြစ်ခဲ့၏။
ထိုစွမ်းရည်မှာ တိုက်ခိုက်ရေးစွမ်းရည်မဟုတ်ဘဲ အသုံးမဝင်သောကြောင့် မိသားစုက သူ့အား နှင်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ တိရိစ္ဆာန်များအား စကားပြောနိုင်ခြင်းစွမ်းရည်နှင့် ကျန်းဝမ်လျှိုမှာ လွတ်လပ်သောဘဝကို နေထိုင်နိုင်ခဲ့ပါ၏။
သူက အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သတင်းအချက်အလက်များကို လဲလှယ်ရင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။
သူ၏သတင်းများရောင်းစားမှုကြောင့် လုပ်ကြံသတ်ဖြတ်သူများ အလွှတ်ခံရသဖြင့် သူကထွက်ပြေးနေရခြင်းဖြစ်ပါ၏။
သူ့၌တိုက်ခိုက်ရေးစွမ်းရည်မရှိသောကြောင့် လုပ်ကြံသတ်ဖြတ်သူများနှင့်တွေ့ကြုံလျှင် သေလုမျောပါး အကြိမ်ကြိမ် ဖြစ်ခဲ့ရပါသည်။ သူ၌ မြောက်များစွာသော တိရိစ္ဆာန်မိတ်ဆွေများမရှိပါက သူက သေနေသည်မှာ ကြာပြီဖြစ်၏။
ထို့ကြောင့် ထိုကဲ့သို့ လုပ်ကြံသတ်ဖြတ်သူများ အလိုက်ခံရပြီးနောက်ပိုင်းတွင် ကျန်းဝမ်လျှိုမှာ သတင်းအချက်အလက်များကို လဲလှယ်သည့်အလုပ်ကို လုံးဝ မလုပ်တော့ပါချေ။ နောက်ပိုင်းတွင် သူက တိရိစ္ဆာန်များပြောကြားသည့် ထူးဆန်းသည့်ဇာတ်လမ်းပုံပြင်များကို နားထောင်ရင်း ဘဝကိုပျော်မွေ့နေတော့သည်။
ကျန်းဝမ်လျှိုမှာ ပုံပြင်များကို ပတ်ပြောရင်းနှင့် အစားအသောက်များနှင့် သေရည်များကို လဲလှယ်ကာ စားသောက်နေထိုင်ပါ၏။ ကျီဝူမြို့သို့ ရောက်သည့်အခါတွင် သူက လီချန်ချင်းနှင့်တွေ့ပြီးနောက် သူ၏ပုံပြောဇာတ်လမ်းများကို လီချန်ချင်းက လုံးဝအထင်မကြီးသောကြောင့်သာ သူလျို့ဝှက်ထားသောစွမ်းရည်ကို ထုတ်ပြနေရခြင်းဖြစ်ပါသည်။ ယခုလိုမျိုး လီချန်ချင်းက သူနှင့်တစ်ပုံစံတည်းတူသောစွမ်းရည်ကို ထုတ်ပြနိုင်မည်ဟု သူက လုံးဝကို မထင်ထားခဲ့မိပါချေ။
ခင်ဗျားက ပန်းချီဆရာလား”
ကျန်းဝမ်လျှိုက သူ၏မျက်လုံးများကို မယုံကြည်နိုင်ခဲ့ပါချေ။ သို့သော် သူ၏ စွမ်းအင်အား သိုဝှက်ထားသည့်အချိန်၌ အဆင့်မြင့် ပန်းချီဆရာများ က သူ့စွမ်းအင်အား ဖောက်ထွင်းမြင်နိုင်စွမ်းရှိခဲ့ပါလေ၏။ ထို
အပြင် သူ့ရှေ့မှာ လီချန်ချင်းဟူသော လူမှာ ထိုစွမ်းအင်အား ယခင်က တတ်မြောက်ခြင်းမရှိပါချေ။
လီချန်ချင်းကသူမေးသည်ကို ပြန်မဖြေဘဲ ခိုနှင့်သာ စကားပြောနေခဲ့ပါသည်။ လီချန်ချင်းက ထိုစွမ်းအင်ကိုသာ တတ်မြောက်သွားလျင် သူက ခိုအား
သူ့သားနှင့်ပတ်သက်သည့်အချက်အလက်များကို စုဆောင်းနိုင်ရန်အတွက် ခိုင်းစေနိုင်မည်ဟု ထင်ထားခဲ့ပါသည်။
သို့သော် လီချန်ချင်းက ရိုးရှင်းစွာ အတွေးလွန်နေခြင်းဖြစ်ပါသည်။ ခိုက ငှက်သံနှင့် ပြန်လည်စကားပြောသည့်အချိန်၌ လီချန်ချင်းမှာ လုံးဝကို စွံ့အသွားခဲ့ပါ၏။
သူကခိုကို စကားပြော၍ရသည်တိုင် ခိုကသူအားပြောခြင်းကို တစ်လုံးမျှနားမလည် ခဲ့ပါချေ။ သူကပြောတော့ပြောနိုင်ပေမဲ့ နားမလည်နိုင်ခဲ့ပါချေ။
ထိုအဖြစ်အပျက်ကို မြင်သွားပြီးနောက် ကျန်းဝမ်လျှိုမှာ အားရပါးရ အော်ဟစ်ကာ ရယ်မောလိုက်ပါသည်။ သူထင်တာက လီချန်ချင်းက သူ၏စွမ်းရည်ကိုချက်ချင်းကို ကူးယူကာသင်ကြားလိုက်သည်ဟု လိုက်နိုင်သည်ဟုထင်ထားခဲ့သည့်တိုင် လီချန်ချင်းက တစ်ဝက်သာ တတ်မြောက်သေးသည်ဖြစ်၏။
နောက်ဆုံးတွင်တော့ ခိုက လီချန်ချင်းမှာ သူပြောသည့်စကားများကို နားမလည်ကြောင်းကို သိလိုက်သောကြောင့် ဒေါသတစ်ကြီးနှင့်အတောင်ပံခတ်ကာ ပျံသန်းသွားခဲ့ပါ၏။
“ အံ့ဩဖို့ကောင်းတာပဲဗျ”
ကျန်းဝမ်လျှိုက ချီးကျူးလိုက်၏။ အနည်းဆုံးတော့ တိရိစ္ဆာန်စကားတတ်သွားသည်က စွမ်းရည်ကြီးမားသောကြောင့်ပင်မဟုတ်ပါလား။
“ခင်ဗျား ကျုပ်နဲ့အတူတူနေမလား။ နေ့တိုင်း အရက်တိုက်မယ်” လီချန်ချင်းက ထိုစွမ်းရည်ကိုသူကူးချ၍ သင်ယူ၍ မရသောကြောင့် ကျန်းဝမ်လျှိုအား ခေါ်ထားပြီး သူ့အတွက် အလုပ်လုပ်ပေးရန်အတွက် ကြံရွယ်ထားပါသည်။
“ကျုပ်က ငပျင်းဗျ။ ပြီးတော့ တစ်နေရာထဲမှာ အကြာကြီးမနေတတ်ဘူးဗျ”
ကျန်းဝမ်လျှိုက ချက်ချင်းပင်ငြင်းပယ်လိုက်သည်။
“ ခင်ဗျား ဝိုင်အရက်ကောင်းတွေက ဘယ်လောက်ပဲကောင်းကောင်း သောက်တာကြာလာရင် ငြီးငွေ့သွားမှာပဲဗျ”
ဟု ကျန်းဝမ်လျှိုက ပြုံးရင်းနဲ့ပြောလိုက်ပါသည်။
“ခင်ဗျား ကျုပ်ရဲ့ စွမ်းရည်ကို စိတ်ဝင်စားသောကြောင့် ခင်ဗျားအတွက် သတင်းအချက်အလက်တွေကို စုဆောင်းစေခြင်တာမဟုတ်လား”
“ ဟုတ်တယ်”
ဟုဆိုကာ လီချန်ချင်းကလဲ မဖုံးကွယ်ပါချေ။
“ဝိုင်အရက်တွေက ငြီးငွေ့ လွယ်တယ်ဆိုပေမဲ့ ပုံပြင်ဇာတ်လမ်း တွေကတော့ မငြီးငွေ့ဘူးမဟုတ်လား”
လီချန်ချင်းက အပြုံးတစ်ခုနှင့်ပြောလိုက်၏။
“ခင်ဗျားက ဇာတ်လမ်းတွေနားထောင်ရတာ ကြိုက်တယ်ဆိုရင် ကျုပ်ခင်ဗျားကို ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်။ ခင်ဗျားရဲ့ ဇာတ်လမ်းကကောင်းတယ်ဆိုရင် ကျုပ်ရဲ့ဇာတ်လမ်းက ကောင်းတယ်လို့ ခင်ဗျားထင်လိုရှိရင် ခင်ဗျားကျုပ်နဲ့အတူတူနေ။ ဘယ်လိုလဲ”
“ ခင်ဗျား ဇာတ်လမ်းတွေ ပြောပြတတ်တာလား”
ကျန်းဝမ်လျှိုက လီချန်ချင်းအား သံသယမကင်းသည့် အကြည့်နှင့် ကြည့်လိုက်၏။
“ဟ ခင်ဗျားက ချန်ထင်မြို့က လူကြီးလူကောင်းတွေ ရှက်သွေးဖြာသွားစေမဲ့ ကျောက်ကျစ်လုံရဲ့ လှံရှည်ကြီးက ပန်းကျင်းလန် ဆီကို ခုနှစ်ကြိမ် ခုနှစ်ခါတိတိ အသွင်းအထုတ်လုပ်တယ်ဆိုတဲ့ဇာတ်လမ်းကို ဘယ်သူရေးခဲ့တာလဲဆိုတာကို မကြားဖူးသေးဘူးပဲ”
“ကဲ ဒါဆိုလဲ ခင်ဗျားကို ကျုပ်တစ်ခုပြောပြမယ်”
လီချန်ချင်းက အသက်ပြင်းပြင်းရှုရင်းပြောလိုက်ပါသည်။
“ကောင်းပြီလေ ကျုပ်ခင်ဗျားရဲ့ ဇာတ်လမ်းကို နားထောင်မယ်”
ကျန်းဝမ်လျှိုက မြေပြင်ပေါ်၌ ကောက်ထိုင်ချလိုက်ပါ၏။ မျက်နှာမှာ သိပ်ပြီးမျှော်လင့်ထားသည့်မျက်နှာ တော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူက လောကတခွင်ကို ပြဲပြဲစင်အောင်ခရီးနှင်ပြီးနောက်တွင် ဇာတ်လမ်း ပုံပြင်မှန်သမျှကို မကြားဖူးသည်ဟူ၍ မရှိသလောက်ပင်ဖြစ်နေခဲ့ချေပြီ။
ထို့ကြောင့် လီချန်ချင်းက သူအား ဇာတ်လမ်းပြောပြမည်ဖြစ်သော်လည်း သိပ်၍ မျှော်မှန်းမထားခြင်းပင်ဖြစ်သည်။
“ ကောင်းပြီ။ အဲဒါဆိုရင် ခင်ဗျားကြားဖူးနေကြမဟုတ်တဲ့ ဇာတ်လမ်းမျိုး ကျုပ်ပြောပြမယ်” လီချန်ချင်း၏ အသံမှာအေးဆေးတည်ငြိမ်လာခဲ့ပါသည်။
“ ပြောလေ။ ကျုပ်နားထောင်နေမယ်” ကျန်းဝမ်လျှိုကလည်း တက်ကြွနေသည့် လေသံနဲ့ ပြောလိုက်ပါသည်။
လီချန်ချင်းက တစ်ခဏကြာအောင်တွေးလိုက်ပြီးနောက် ပြောလိုက်သည်
“ ခင်ဗျား ဆဒခို လို့ခေါ်တဲ့ ပန်းချီ ကားအကြောင်း ကြားဖူးလား။”
“ ဆဒခို?”
ကျန်းဝမ်လျှိုက ခေါင်းကို ခါယမ်းလျက် စိတ်ရှုပ်ထွေးသော မျက်နှာအမူအရာ တစ်ခုပေါ်လာခဲ့၏။ ထိုအမည်ကို သူမရင်းနှီးသည်မှာ သေချာလှပါသည်။
“ အဲဒါ ပန်းချီကားဗျာ။ လူတစ်ယောက်က ဆဒခို လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံတူကို ဆွဲထားတာ။ အဲဒီအမျိုးသမီးက တစ္ဆေ အမျိုးအနွယ်ကပဲ။ တစ်စုံတစ်ယောက်က အဲဒီပန်းချီကားကို ရသွားလို့ အကြာကြီး စိုက်ကြည့်မိရင် ပန်းချီကားထဲက ဆဒခိုက လေးဘက်ထောက်ပြီး ထွက်လာတတ်တယ်။”
“ အဲဒီ ဆဒခို သရဲမရဲ့ လက်ကနေ လွတ်မြောက်နိုင်ဖို့ကို နည်းကတစ်နည်းပဲရှိတယ်။ အဲဒါကတော့ မူရင်းပန်းချီကားကို ပြန်ကူးဆွဲပြီးတော့ အဲဒီပန်းချီကားကို တစ်ခြားသူတစ်ယောက်ကို ပေးလိုက်မှလွတ်မြောက်နိုင်မှာ။ မဟုတ်လိုရှိရင်တော့ ခုနှစ်ရက်အတွင်းမှာ အဲဒီပန်းချီကားကို ကြည့်မိတဲ့သူက သေကို သေရလိမ့်မယ်”
လီချန်ချင်းက “The Ring” ဇာတ်ကားထဲက အချက်အလက်များကို အနည်းငယ်ယူကာ ကျန်းဝမ်လျှိုနားထောင်ကောင်းရန်အတွက် ပြန်လည်ပြင်ဆင်ကာ ပြောပြလိုက်ပါသည်။
ကျန်းဝမ်လျှို၏ မျက်နှာ အမူအရာမှာ သိလိုသောအမူအရာမှ တစ်ဖြေးဖြေးလေးနက်လာ၏။နောက်ဆုံးမှာတော့ သူ့ရဲ့မျက်လုံးတွေက ကြောက်ရွံ့မှုများကြောင့် ပြူးကျယ်လာခဲ့ပါ၏။
“ လူသတ်နိုင်တဲ့ ကျိန်စာတဲ့လား ။ ပြီးတော့ ပန်းချီကားကို ကြည့်မိတဲ့သူက ညအိပ်တဲ့အခါ ဆဒခိုရဲ့ ခြောက်ခြားဖွယ်ရာ အော်သံကို ကြားပြီးတော့ လုံးဝ မအိပ်နိုင်ဘူးပေါ့လေ” လီချန်ချင်းက ဆဒခိုရဲ့ဇာတ်လမ်းကို ပြောပြတာ အဆုံးသတ်သွားသည့်အချိန်၌ ကျန်းဝမ်လျှိုမှာ ထိုနေရာ၌ပင် မလှုပ်မယှက်ဖြင့် ထိုင်နေဆဲပဲဖြစ်ပါ၏။
သူ၏မျက်နှာ၌ ချွေးသီး ချွေးပေါက်များ ဖုံးလွှမ်းနေပြီး သူ၏လက်ဖဝါးများပင်လျှင် တစ်ဆတ်ဆတ် တုန်ရီနေခဲ့ပါသည်။ သူက ဇာတ်လမ်းများစွာကြားဖူးခဲ့ပါသည်။
သို့သော် လီချန်ချင်းပြောပြသကဲ့သို့ လွန်စွာမှပင်ဆန်းကြယ်ကာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသည့် ဇာတ်လမ်းကိုမူ လုံးဝ လုံးဝ လုံးဝကို မကြားဖူးခဲ့ပါချေ။
“ ဘယ်လိုလဲ။ ကျုပ်ပြောပြတဲ့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတယ်မလား” လီချန်ချင်းက ကျန်းဝမ်လျှိုကို ကြည့်ရင်းပြောလိုက်ပါသည်။
“ကောင်းတယ်။ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတယ်”
ကျန်းဝမ်လျှိုက မတ်တပ် ထရပ်လာပြီး သူ့မျက်နှာ၌ အကြောက် တရားများ ပြည့်နှက်စွာဖြင့်မေးလိုက်ပါသည်။
“အဲဒီ ပန်းချီကား အခုမရှိတော့ဘူးမလား”
“ ခင်ဗျား အဲဒီပန်းချီကားကို ကြည့်ချင်လို့လား”
လီချန်ချင်းက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်ပါသည်။ ကျန်းဝမ်လျှိုက သူ၏ခေါင်းကို ခေါင်းလှုပ်အရုပ်ကဲ့သို့ ဆက်တိုက်ဆက်တိုက် ခါရင်းနဲ့ပြောလိုက်ပါသည်။
“ ကျုပ် ကျုပ် လုံးဝမသေချင်သေးဘူးဗျာ”
ထိုအခိုက်မှာပင် ပျံလွှားငှက်ငယ်ကလေးမှာ ကျန်းဝမ်လျှိုထံသို့ ပြန်လည်၍ ရောက်ရှိလာခဲ့ပါသည်။ကျန်းဝမ်လျှို၏ ပခုံးထက်၌ ပျံလွှားငှက်ကလေးမှာ နားလိုက်ပြီး ငှက်သံနှင့်ပြောလိုက်ပါ၏။
ကျန်းဝမ်လျှိုမှာ ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြီးလျင် ပျံလွှားငှက်ကလေးအား ပြန်လွှတ်လိုက်ပါတော့သည်။
“သတင်းရလို့လား”
လီချန်ချင်းက ထိုသတင်းပေးသောသူအား အံ့ဩမဆုံးအမူအရာနှင့် ကြည့်ကာ ပြောလိုက်ပါသည်။
“လီဟမ်ရှန်း ဆိုတဲ့သူက စုံစမ်းစစ်ဆေးရေးမှူးဖြစ်လာပြီးနောက်မှာ သူ့လက်အောက်ကို လူနည်းနည်းဝင်အောင် စုထားနိုင်ခဲ့တယ်။ ဒီညမှာ သူက မြို့ဝန်ကို တိုက်ခိုက်ဖို့ အတွက် စီစဉ်ထားတယ်။ မြို့ဝန်အိမ်က လူတွေက အမျိုးသမီးတွေကို ဖမ်းဆီးပြီးတော့ ဒီညမှာ တဟွမ် မြို့ကို ပြည့်တန်ဆာအဖြစ်နဲ့ ရောင်းစားဖို့အတွက် ဆိပ်ကမ်းကို ပို့လိမ့်မယ်”
ကျန်းဝမ်လျှိုက အပြုံးတစ်ခုဖြင့်ပြောလိုက်၏။
“ အဲဒီ ပို့ဆောင်မှုမှာ စစ်ဆေးရေးမှူးရုံးက အကူအညီ အထောက်အပံ့ ပေးရမယ်။ ဒါပေမဲ့ လီဟမ်ရှန်းက အကူအညီအထောက်အပံ့ မပေးဘဲ နဲ့ ဒီညမှာ သူတို့ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားတဲ့ပုံပဲ”
“ ဟာ ဒီကလေးကတော့”
လီချန်ချင်း က သူ၏ ဦးခေါင်းကို ဖြေးညှင်းစွာ ဖြင့် ခါရမ်းလိုက်ပါသည်။ ကျန်းကောစံအိမ်အတွင်း၌ ဖြစ်ပျက်နေမှုများကို လီချန်ချင်းက သိပါသည်။
မြွေဖြူလမ်းကြောင်းမှာ အလွန်အမင်းကို ရှုပ်ထွေးလွန်းပါ၏။ သားဖြစ်သူ လီဟမ်ရှန်းမှာ ကြီးကြီးကျယ်ကျယ်ကို ဆုံးရှုံးမှု များနှင့် ကြုံတွေ့ရမည်ဟု လီချန်ချင်းက ခံစားနေရပါသည်။
“ကောင်းပြီ။ အခုလောလောဆယ်ကျုပ်နဲ့ တူတူနေဗျာ။ ခင်ဗျားသာ နေမယ်ဆိုရင် နေ့တိုင်း ဝိုင်သောက်ရမဲ့အပြင် ဇာတ်လမ်းတွေလဲ နေ့တိုင်းကြားရမယ်”
လီချန်ချင်းက ကျန်းဝမ်လျှိုအား စွဲဆောင်နေ၏။ ကျန်းဝမ်းလျိုမှာ တစ်ကယ်ကို နေချင်နေပါသည်။ လီချန်ချင်း၏ ဇာတ်လမ်းမှာ တစ်ကယ်ကို အံ့ဩဖို့ကောင်းပြီး သူက ထိုကဲ့သို့ဇာတ်လမ်းမျိုးကို လီချန်ချင်းထံမှ ထပ်ကြားလိုပါ၏။
“ကောင်းပြီဗျာ” ကျန်းဝမ်လျှိုက သဘောတူလိုက်ပါ၏။
တုစန်း မြို့၏ကောင်းကင်ကြီးမှာ ဖြေးညှင်းစွာဖြင့်မှောင်မိုက်လာပါ၏။
အချိန်တစ်ဖြေးဖြေးကုန်လွန်လာသည်နှင့်အမျှ လမ်းများမှာ လူသူကင်းမဲ့လာပါတော့သည်။ ထိုအခိုက်တွင် များစွာသော လှည်းများ တန်းစီထားသည့်လှည်းတန်းကြီးမှာ ဆိပ်ကမ်းသို့ တစ်ရွေ့ရွေ့နဲ့ဦးတည်နေပါသည်။ လှည်းကြီးတိုင်း လှည်းကြီးတိုင်းတွင် ကြီးမားလှသော သစ်သား သေတ္တာများကို တင်ထားပါ၏။
လှည်း လှုပ်ယမ်းသည့်အတိုင်း သစ်သားသေတ္တာများထဲမှ အသံများ ထွက်လာခဲ့ပါသည်။ ထိုလှည်းကို ဦးဆောင်နေသူမှာ မြို့ဝန် အိမ်မှဖြစ်ပြီး ထိုလူ၏နာမည်မှာ မုရှုံ ဖြစ်၏။
မြို့ဝန်အိမ်မှ ဒါဇင်နှင့် ချီသော အစောင့်များမှာလည်း သူ၏နောက်မှ လိုက်ပါလာခဲ့ပါသည်။
ထိုအခိုက်တွင် မုရှုံ က သူ့လက်ကို မြှောက်ကာ လှည်းတန်းကို ရပ်တန့်ရန်အတွက် အချက်ပြလိုက်ပါသည်။
အဘယ်ကြောင့်ဆိုသော် သူနှင့်မလှမ်းမကမ်းတွင် ပုံရိပ်များစွာက လမ်းမကို စီတန်းကာ ပိတ်ဆို့ထားသောကြောင့်ပင်။