အခန်း (၂၈၁)
Vol. 25 Ch. 281
အရှေ့ရှိပုံရိပ်များသည် အတန်းလိုက်ရပ်တန့်နေကာ လမ်းတခုလုံးကိုပိတ်ဆို့ထားပါသည်။ မုရှုံက မျက်မှောင်ကျုံ့လိုက်ပြီးနောက် သူ၏လူများအား အရှေ့သို့ စေလွှတ်ကာ ဘယ်သူကများ အတင့်ရဲပြီး လမ်းကိုပိတ်ထားသလဲဆိုတာကို ကြည့်ခိုင်းလိုက်ပါသည်။
သူတို့သွားကြည့်လိုက်သောအခါတွင် ပိတ်ဆို့နေသောသူများ၏ ဝတ်စုံများမှာ စစ်ဆေးရေးမှူးရုံးမှ ဝတ်စုံများဖြစ်နေသည်ကို တွေ့လိုက်ကြပါ၏။ ထိုအခိုက်တွက် မုရှုံက အားရပါးရ ရယ်မောလိုက်ပြီးနောက် ပြောလိုက်ပါသည်။
"အော် လက်စသတ်တော့ စစ်ဆေးရေးမှူးကိုး။"
မူ့ရှုံ့ကအေးစက်စွာဖြင့်လှောင်ပြောင်လိုက်ပါ၏။
"အရင်တုန်းက လမ်းရှင်းဖို့အတွက် ခေါ်တုန်းကကျတော့ မရောက်လာဘူး။မေ့နေပြီတောင်ကျုပ်ကထင်တာ။ ခုကျတော့ရောက်လာပြန်ပြီ။ကျုပ်တို့တွေက ဆိပ်ကမ်းကိုတောင် ရောက်တော့မယ့်ဥစ္စာကို
ခင်ဗျားတို့ခုမှလာတော့ ဘာထူးတော့မှာမလို့လဲ။မေ့လိုက်တော့ မေ့လိုက်တော့။ "
မုရှုံက သူ၏ လက်ကို ကူကွယ်ရာမဲ့စွာဖြင့် ဝှေ့ယမ်းပြလိုက်သည်။
"ဒီကိုလာပြီးမှတော့ အလကားမဖြစ်ပါဘူး။ ဒီက သေတ္တာ အကြီးကြီးတွေကို ဝိုင်းပြီး ကူမလိုက်ပါ။ အရမ်းများလွန်းအားကြီးတယ်။
ငါတို့တွေအနားယူကြမယ်ဟေ့။ "
မု့ရှုံက အနောက်သို့လှည့်ကာ သူ့၏လူများအားပြောလိုက်ပါ၏။
"အလေးအပင်မတာတွေကို သူတို့ကိုလုပ်ခိုင်းလိုက်မယ်။"
"ကောင်းပြီ "
လူတိုင်းက အလုပ်မလုပ်ရပဲ ငွေရမည်ဖြစ်သောကြောင့် ပျော်ရွှင်စွာဖြင့် ဟစ်ကြွေးလိုက်ပါ၏။
"မူအိမ်တော်က မူ့ရှုံးဟုတ်တယ်မလား။"
လီဟမ်ရှန်း၏ နံဘေးမှ ဝူစန်းထောင်က အပြုံးနှင့်မေးလိုက်ပါ၏။
"အဲ့လှည်းပေါ်က သေတ္တာတွေထဲမှာ ဘာပါလဲ"
"သေတ္တာထဲမှာ ဘာပါလဲဆိုတာ မင်းနဲ့ဘာဆိုင်လို့လဲ။အဲ့သေတ္တာကိုယူပြီးတော့ မလေကွာ။"
မုရှုံက အေးစက်စွာဖြင့် ပြန်ဟစ်ကြွေးလိုက်၏။
"ဟိုကောင်၊ ဒီကိုလာစမ်း။လှည်းကိုလာတွန်း။"
ထိုသို့ပြောရင်းနဲ့ မုရှုံက စစ်ဆေးရေးမှူးရုံး၏အစောင့်များအား လက်ညိုးထိုးကာ လှည်းကိုတွန်းရန်အတွက် အမိန့်ပေးလိုက်ပါသည်။
သို့သော်
စစ်ဆေးရေးမှူးရုံး၏ရဲမက်များမှာ တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသော်လည်း လုံးဝမလှုပ်ရှားကြပါချေ။
"ဘာဖြစ်တာလဲ မင်းတို့တွေငါပြောတာကို မကြားဘူးလား။"
မုရှုံက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါ၏။
"မုရှုံ"
ထိုအခိုက်တန့်တွင် လီဟမ်ရှန်းက ရှေ့သို့ တိုးပြီးနောက် အပြုံးလေးနဲ့ပြောလိုက်ပါသည်။
"ဒီလူတွေက စစ်ဆေးရေးမှူးရုံးကလူတွေပဲ။ခုလိုမျိုး ညသန်းခေါင်ကြီးမှာ ကျုပ်တို့က ခင်ဗျားတို့ဆီလာတာက ခင်ဗျားတို့ရဲ့ လှည်းကို ကူတွန်းပြီးတော့ ရွေ့ပေးဖို့မဟုတ်ဘူး။ကျုပ်ထင်တာကတော့ ခင်ဗျားက တခုခုကို အထင်လွဲနေတာပဲ။"
"အာ့တာဆိုလို့ရှိရင်ပြော။မင်းတို့ဘာကြောင့် ဒီကိုရောက်လာတာလဲ။"
မုရှုံက လီဟမ်ရှန်းအား ရန်လိုစွာဖြင့် စိုက်ကြည့်ပြီးမေးလိုက်ပါသည်။
"ကျုပ်တို့က မှောင်ခိုကုန်တွေ ဒီလမ်းကြောင်းထဲက ဖြတ်လာမယ်လို့ သတင်းရထားလို့ ရောက်လာတာ
ကျုပ်တို့စုံစမ်းရေးမှူးရုံးက ဒီသတင်းမှန်လားမမှန်လားဆိုတာကို စစ်ဆေးဖို့အတွက် တာဝန်ရှိတယ်လေ။"
လီဟမ်ရှန်းကပြောလိုက်သည်။ ထို့နောက် သူ၏နံဘေးတွက်ရှိသော လှည်းကို လက်ညိုးညွှန်ပြလိုက်၏။
မင်းတို့မူအိမ်တော်က တင်ပို့တဲ့ကုန်တွေက တခုခုမှားနေတယ်လို့ တယောက်ယောက်က လာတိုင်ကြားထားတယ်။အာ့တာကြောင့်မလို့ စစ်ဆေးဖို့အတွက် ဒီသစ်သားပုံးတွေကို ဖွင့်ပြပေးလို့ရမလား။"
"အတင့်ရဲလိုက်တာ။"
မုရှုံမှ ဒေါသပေါက်ကွဲပြီးနောက် အော်ဟစ်လိုက်ပါသည်။
"ဒီပစ္စည်းတွေအကုန်လုံးက ငါတို့မူအိမ်တော်က တတိယသခင်လေးရဲ့ ပစ္စည်းတွေပဲ။
မင်းကစစ်ဆေးရဲတယ်လား။အသက်ရှင်ရတာကို ငြီးငွေ့နေပြီထင်တယ်။
လီဟမ်ရှန်း၊ ကိုယ့်ပြသာနာကိုကိုယ်မရှာစမ်းနဲ့။ငါကမင်းကို လေးစားသမှုနဲ့ စစ်ဆေးရေးမှူးဆိုပြီးရိုရိုသေသေခေါ်သေးတာ။
အေး မင်းကငါလေးစားတာနဲ့မထိုက်တန်ဘူးဆိုရင် မင်းသိထားဖို့က မင်းရဲ့ရာထူးက ငါတို့မူအိမ်တော်ရှေ့မှာ ဘာတခုမှ အသုံးမဝင်ဘူးဆိုတာကို "
မုရှုံက လီဟမ်ရှန်း၏ နှာခေါင်းတည့်တည့်ကို လက်ညိုးငေါက်ငေါက်ထိုးပြီးနောက် ကျိန်ဆဲလိုက်ပါသည်။
"စစ်ဆေးရေးမှူးကို ကျိန်ဆဲရဲတယ်ပေါ့။ငါ့အနေနဲ့ကတော့ သေလမ်းရှာနေတာ မင်းပဲလို့ထင်တယ်။"
ဝူစန်းထောင် ကလည်း အေးစက်တဲ့မျက်နှာထားနဲ့ပြောလိုက်ပါသည်။
"သေတ္တာကိုဖွင့်စမ်း။ "
လီဟမ်ရှန်းက အသံကျယ်ဖြင့် အော်ဟစ်လိုက်ပါ၏။
အနောက်တွင်ရပ်နေသော အစောင့်များသည် ကမန်းကတမ်းအရှေ့သို့တက်လာပြီးနောက် သေတ္တာကိုဖွင့်ရန်ကြိုးစားလိုက်ပါသည်။
"မင်းတို့ထဲက ဘယ်အကောင်က လုပ်ရဲလဲ ဆိုတာကိုငါ ကြည့်အုန်းမယ်"
မုရှုံကလည်းအသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
မုရှုံ၏အော်ဟစ်မှုကြောင့် အစောင့်များအားလုံးမှာ တုံ့ဆိုင်းသွားပြီးနောက် အရှေ့သို့ မတိုးလာရဲပါတော့ချေ။
"ငကြောက်တွေ"
ဝူစန်းထောင်က ဒေါသတကြီးနဲ့ တံတွေးထွေးလိုက်၏။
ထို့နောက်တွေ ရှေ့သို့ တိုးကာ သေတ္တာကို ဖွင့်ရန်ပြင်ဆင်လိုက်ပါသည်။
"သေချင်နေပြီလား။"
ထိုအချိန်တွင် မူအိမ်တော် ၏ အစောင့်များထဲမှတယောက်က ဝူစန်းထောင်အား တိုက်ခိုက်လိုက်ပါ၏။
"သွားစမ်း"
ဝူစန်းထောင်၏ လက်ဝါး မှာ လက်သည်းအဖြစ်ပြောင်းပြီးနောက် တချက်ကုတ်ခတ်လိုက်ပါ၏။
သူက လာတိုက်ခိုက်သော မူအိမ်တော်မှ လူ၏ ပခုံးရိုးကို အဆစ်လွဲချပလိုက်ပါသည်။
မူအိမ်တော်မှလူက နာကျင်မှုကြောင့် အသံပြဲနှင့် အော်ဟစ်နေပါ၏။
ကျန်သောသူများကလည်း အရှေ့သို့တက်လာပြီးနောက် ဝူစန်းထောင်အား တားဆီးရန်ကြိုးပမ်းခဲ့ကြပါသည်။ သို့သော်သူတို့အားလုံးမှာ တက်လမ်းခြင်းအဆင့်တွင်သာ ရှိသောကြောင့် ဝူစန်းထောင်အား မတားဆီးနိုင်ကြပါချေ။
ထိုအခိုက်၌ မုရှုံက လှုပ်ရှားလာပါသည်။
သူကလည်း ဝူစန်းထောင်ရှိရာသို့လက်သီးတစ်လုံးပစ်ကျွေးလိုက်ပါသည်။
သို့ပေမဲ့ မုရှုံလှုပ်ရှားလိုက်သည့်အချိန်တွင် သူကမိုးကြိုးပစ်ခတ်သံတချက်ကို ကြားလိုက်ရပါ၏။
နောက်တခဏတွင် လီဟမ်ရှန်းက သရဲတကောင်လို သူ့အရှေ့တွင် ချက်ချင်းပေါ်လာခဲ့ပါသည်။
မုရှုံ၏ လက်သီးချက်ပစ်လွှတ်လိုက်သည့်အခိုက်မှာပင် လီဟမ်ရှန်းကလည်း လက်သီးချက်ကို တေ့ဆိုင်ကာ ပစ်လွှတ်လိုက်ပါ၏။ သူတို့နှစ်ဦး၏ လက်သီးချက်များမှာ တစ်ချိန်တည်းမှာပင် တိုက်ခိုက်မိသွားခဲ့ပါသည်။ မုရှုံမှာ လုံးဝကို မကြောက်ရွံ့နေပါချေ။
အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်းမှာလည်းသူနှင့်အဆင့်တူ ဖြစ်နေသောကြောင့်ပင်ဖြစ်၏။ဘယ်သူကအသာစီးရမလဲဆိုတာ ကြည့်ကြတာပေါ့ ။ သို့ပေမဲ့ လက်သီးချက်ချင်းတိုက်ခိုက်မှုအပြီးတွင် မုရှုံ၏မျက်နှာထားမှာချက်ချင်းကိုပြောင်းလဲသွားခဲ့ပါတော့၏။
လီဟမ်ရှန်း၏ လက်သီးချက်အင်အားမှာ သူလိုက်ယှဉ်ပြိုင်နိုင်သည့် အင်အားမျိုးမဟုတ်ပါချေ။ ပြင်းထန်လှသော စွမ်းအားမှာ မုရှုံ၏ လက်အရိုးကို လုံးဝအက်ကွဲသွားစေခဲ့ပါ၏။ ထို့နောက်တွင် သူက အဝေးသို့ လွင့်ထွက်သွားပြီးနောက် သွေးဗွက်ဗွက် အန်သွားခဲ့ပါသည်။
ယခုလိုမျိုးအဆင့်တူချင်းတိုက်ခိုက်ရာ၌ လီဟမ်ရှန်းကြောင့် မုရှုံက ယခုလို ဒဏ်ရာရလိမ့်မည်ဟု လုံးဝကို မထင်ထားခဲ့မိပါချေ။
"စစ်ဆေးရေးမှူးရုံးက တာဝန်ရှိသူကိုတောင်တိုက်ခိုက်ရဲတယ်။မင်းက တော်တော်ကြီးကို သတ္တိရှိနေတာပဲ။"
လီဟမ်ရှန်းက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်ပါသည်။
"လီဟမ်ရှန်း၊မင်း ငါတို့ရဲ့ မူအိမ်တော်ကို တကယ်ကြီးကို ဆန့်ကျင်ရဲတယ်လား။"
မုရှုံက သူ၏နာကျင်နေသောလက်ကို ဖိကိုင်ထားရင်းနဲ့ အံကြိတ်ကာပြောလိုက်ပါသည်။
"မင်းတို့ရဲ့မူအိမ်တော်က ဘာများ ကြီးကျယ်နေလို့လဲ"
လီဟမ်ရှန်းက သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းလျက်မေးလိုက်ပါ၏။
"မင်းတို့မူအိမ်တော်က ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်နေပါစေ မင်းတို့တွေအားလုံးက မြောက်ပိုင်းအေးခဲနိုင်ငံက လူတွေပဲမဟုတ်လား။
ငါကမြောက်ပိုင်းအေးခဲနိုင်ငံက လူမဟုတ်ရင်တောင်မှ လောလောဆယ် နယ်ခြားမျဉ်းမှာ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ စစ်ဆေးရေးမှူးအနေနဲ့ စောင့်ကြပ်နေရတာပဲ။မင်းက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်မယ်ဆိုလို့ရှိရင် ငါကလည်း ဥပဒေအတိုင်းကိုင်တွယ်ရမှာပဲ။
သေတ္တာကိုဖွင့်လိုက်စမ်း။"
လီဟမ်ရှန်းက ထပ်မံ၍အော်ဟစ်လိုက်ပြန်၏။
အခြားသူများမှာ လီဟမ်ရှန်း၏ လုပ်ရပ်ကိုကြည့်ရင်း တုန်လှုပ်အံ့ဩနေခဲ့ကြပါသည်။
ယခုအသစ်ရောက်လာသောစစ်ဆေးရေးမှူးအသစ်မှာ မူအိမ်တော်နှင့် ဆန့်ကျင်ပြီး ခုခံလုပ်ရဲမည်ဟု ဘယ်သူကမှ မထင်မှတ်ထားသောကြောင့်ပေဖြစ်သည်။ သူ၏မျက်လုံးများနှင့်သာ မြင်နေရခြင်းမဟုတ်လျှင် ထိုအဖြစ်ပျက်ကို သူတို့က လုံးဝကို ယုံကြည်နိုင်မည်မဟုတ်ပါချေ။
အရင်တုန်းက စစ်ဆေးရေးမှုးသာဆိုပါက မူအိမ်တော်၏ ပေါင်ကို ကုတ်တွယ်ကာ ခခယယ ဖားယားနေလိမ့်မည် ဖြစ်သည်။
သို့သော် ယခုစစ်ဆေးရေးမှုးမှာတော့ လုံးဝကို ကွာခြားနေခဲ့ပါ၏။
မုရှုံက လီဟမ်ရှန်း၏ ရိုက်နှက်မှုကို ခံလိုက်ရသည့်အပြင်၊ ကျန်သောအစောင့်များမှာလည်း ဝူစန်းထောင်၏ လက်ချက်နှင့် မှောက်ကုန်ကြပြီ ဖြစ်၏။ ထိုဖြစ်ရပ်ကြောင့် ကျန်ရှိနေသောသူများမှာ အသံတသံမှ မထွက်ရဲပဲနှင့် လိုအပ်သည့်ကိရိယာပစ္စည်းများကိုယူကာ သေတ္တာကို ဖွင့်လိုက်ကြပါ၏။ သေတ္တာပွင့်သွားသည့်အချိန်တွင် လီဟမ်ရှန်းနှင့် ဝူစန်းထောင်တို့က အတွင်းကိုကြည့်လိုက်ရာ အတွင်းရှိမြင်ကွင်းကို မြင်ပြိးနောက် အတော်လေးကို ထိတ်လန့်ကာ အံ့ဩသွားခဲ့ကြပါသည်။
သေတ္တာများ၏ အတွင်းမှာ လူများစွာတို့နှင့် ပြည့်နှက်နေပါ၏။ အားလုံးမှာ အမျိုးသမီးများပင်ဖြစ်ကြ၏။ အသက်မပြည့်သေးသော ငယ်ရွယ်သော အမျိုးသမီးငယ်လေးများပင်ပါပါသေး၏။ သူတို့၏ပါးစပ်များကို အဝတ်များဖြင့် ဆို့ထားပြီး လီဟမ်ရှန်းကိုမြင်သောအခါ၌ သူတို့၏ မျက်ဝန်းများ၌
ကြောက်ရွံ့တုန်လှုပ်သော ခံစားချက်များဖြတ်ပြေးသွားခဲ့ပါ၏။
"လူကုန်ကူးတာပဲ" ဝူစန်းထောင်မှ လုံးဝကို မယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပါ၏။
ဤသေတ္တာများ၌ လူများပါမည်ဟု သူက ကြိုတင်၍ သတင်းရထားသည့်တိုင် အမှန်တကယ် မြင်ရသည့်အခါတွင်မူ လွန်စွာ ထိန်လန့်ဖွယ် ကောင်းလှပါ၏။
လီဟမ်ရှန်းမှာ အသက်ပြင်းပြင်းရှုလိုက်လေသည်။တခဏကြာသောအခါ သူ၏စိတ်ငြိမ်ချမ်းသွားသည့်အခါမှသာ အစောင့်များကိုအမိန့်ပေးပြီး အမျိုးသမီးများကို ချက်ချင်းချုပ်နှောင်ထားရာမှ လွတ်ပေးရန်အတွက် ခိုင်းလိုက်ပါသည်။
ထို့နောက်သူတို့အားလုံးက ဖမ်းဆီးခံထားရသော အမျိုးသမီးများကို စစ်ဆေးရေးမှူးရုံးသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြ၏။ ထိုအမျိုးသမီးတို့၏ အမည်၊ နေရပ်လိပ်စာများအားလုံးကို စာရင်းသွင်းပြီးနောက် လီဟမ်ရှန်းက သူတို့တစ်ဦးချင်းစီအား လမ်းစရိတ်ပေးပြီးနောက် နေရပ်သို့ပြန်နိုင်ရန် စီစဉ်ပေးလိုက်ခဲ့ပါသည်။
နောက်တနေ့မနက်စောစော၌ သူတို့အားလုံးက မထွက်ခွာခင်မှာပဲလီဟမ်ရှန်းအား မျက်ရည်များအပြည့်ဖြစ်နေသောမျက်နှာထားနှင့် ဒူးထောက်ကာ ဝပ်တွားအရိုသေပေးခဲ့ကြပါသည်။သူတို့က သူတို့ရဲ့ဘဝကသွားပြီဟု လုံးဝတွေးထားကြခဲ့ကြပါ၏။ သူတို့၏ဖြူစင်မှုမှာလည်း ညစ်နွမ်းရပြီဟူ၍ တွေးထားကာ ကူကယ်ရာမဲ့နေခဲ့ကြသော အမျိုးသမီးများဖြစ်ပါသည်။
လူကုန်ကူးခံရပြီးနောက်တွင်ရောက်ရှိမည့်မြို့၌ သူတို့၏ဘဝပျက်ရပြီဟု လူတိုင်းကထင်နေကြသည်မဟုတ်ပါလား ။သို့သော်ထိုကဲ့သို့အရေးကြီးအချိန်မှာပဲ လီဟမ်ရှန်းက ပေါ်လာပြီးနောက် သူတို့အား ကယ်တင်နိုင်ခဲ့လေပြီ။ထို့အပြင် ကယ်တင်ခဲ့ရုံသာမက လီဟမ်ရှန်းကသူတို့အား အိမ်ပြန်နိုင်ရန်အတွက်ပင် ငွေစများကို ပေးခဲ့ပါ၏။
လီဟမ်ရှန်းအပေါ်၌ သူတို့၏ကျေးဇူးတင်မှုမှာ စကားလုံးများနှင့်ဖော်ပြ၍ပင်မရနိုင်ပါချေ။ လီဟမ်ရှန်းက သူ၏စစ်ဆေးရေးမှူးရုံးမှ အစောင့်များကို အမျိုးသမီးများနှင့် အတူတူထည့်ကာ တုစန်းမြို့မှ အပြင်သို့ လိုက်ပို့ခိုင်းခဲ့ပါ၏။
"သိပ်ကောင်းတာပဲဗျာ" လီဟမ်ရှန်း၏ နံဘေးတွင် ရပ်နေသော ဝူစန်းထောင်က ရုတ်တရက် ထပြောလိုက်သည်။
"ကျွန်တော်တို့ ခုလုပ်နေတဲ့ အရာတွေက အဓိပ္ပာယ်အရမ်းရှိတယ်လို့ ရုတ်တရက်ကြီးခံစားလာရတယ်ဗျာ။ အစ်ကိုလီ၊ အစ်ကိုလီရဲ့နောက်ကို ကျွန်တော်လိုက်လာရတာက အမှန်ကန်ဆုံးဆုံးဖြတ်ချက်ပဲဗျ့ ။"
"အဟက်" လီဟမ်ရှန်းက တံခါးဝတွင်မတ်တပ်ရပ်နေရင်းနဲ့ ထွက်ခွာသော အမျိုးသမီးများ၏ကျောပြင်ကို ကြည့်ရင်း တချက်ရယ်လိုက်၏။
ထို့နောက်တွင်သူက ဝူစန်းထောင်ဘက်လှည့်ကာ ပြောလိုက်ပါသည်။
"မင်းက အခုချိန်မှာ အောင်မြင်တယ်ဆိုတဲ့ ခံစားချက်ကို ရနေတာ ပြသာနာတွေက ရောက်မလာသေးလို့ပဲ။
တကယ်လို့ပြသာနာ ရောက်လာတဲ့အချိန်ကျလို့ရှိရင်ခုလိုမျိုးစိတ်နဲ့ ခုလိုမျိုးအတွေး ခုလိုမျိုးအကောင်းမြင်စိတ်ကို ဆက်ပြီး ထားနိုင်ဖို့အတွက် ငါမျှော်လင့်ပါတယ်။"
သူနောက်သို့လှည့်လိုက်သည့်အခါ၌ ရန်ဝမ်ဟို က အရှေ့သို့ တိုးလာခဲ့ပါသည်။သူ့မျက်နှာထက်တွင်လည်း စိတ်အားတက်ကြွသောအမူရာဖြစ်နေခဲ့၏။ သူက လီဟမ်ရှန်းအား လွန်စွာ ရိုကျိုးသောအမူရာဖြင့် အရိုသေပေးလိုက်ပါသည်။
"စစ်ဆေးရေးမှူးကြီး၊ မူအိမ်တော်က လူတွေအကုန်လုံးကို အကျဉ်းထောင်မှာ ချုပ်နှောင်ထားလိုက်ပါပြီ။
"အင်း" လီဟမ်ရှန်းက အသံတချက်ထွက်လိုက်ပြီး
ယခုအချိန်တွင်တော့ ရန်ဝမ်ဟိုက မြင်သောအမြင်မှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
လွန်စွာလေးစားသောအကြည့် လွန်စွာ အားကိုးယုံကြည်သောအကြည့်များပြည့်နှက်နေသောမျက်နှာဖြင့် ကြည့်နေခြင်းဖြစ်သည်။
ရုံးခန်း၌ ရက်နည်းနည်းကြာအောင်တာဝန်ထမ်းဆောင်ပြီးနောက်တွင်သူက မူအိမ်တော်ကလူများကို ဆန့်ကျင်ရဲပါသည်။
ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ အရင့် အရင်တုန်းက စုံစမ်းစစ်ဆေးရေးမှူးရုံးတွင် လုံဝကို မဖြစ်ပျက်ခဲ့ပါ။
"မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ဥပဒေအရ ဒီလိုမျိုးလူတွေကို ငါတို့က ဘယ်လိုမျိုးအပြစ်ပေးသင့်လဲ"
လီဟမ်ရှန်း က မေးလိုက်ပါသည်။
"စစ်ဆေးရေးမှူးကြီးကို လျှောက်တင်ပါတယ်။"
ရန်ဝမ်ဟိုက အလျင်မြန်ပြောလိုက်၏။
"အခုလက်ရှိအခြေနေအရတော့ မုရှုံက ခေါင်းဖြတ်သတ်ဖို့ လုံလောက်နေပါတယ်။ဒါပေမဲ့ အရှင်ရော ကျွန်တော်မျိုးရော သိတဲ့အတိုင်းပဲ။
မုရှုံက ယင်ကောင်လေးသာသာပါ။ တကယ်တကယ့် ဒီအဖြစ်ပျက်ရဲ့တရားခံက မူအိမ်တော်ရဲ့ တတိယသခင်လေးပဲဖြစ်ပါတယ်။ အာ့တာကြောင့်မို့လို့…”
“ခေါင်းအရင်ဖြတ် ကျန်တာနောက်မှပြောမယ်”
လီဟမ်ရှန်းကသူ့၏ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်ပါသည်။