← Chapters

အခန်း (၂၈၂)

Vol. 25 Ch. 282

အခန်း (၂၈၂)

Vol. 25 Ch. 282

"လောလောဆယ်မှာ မူအိမ်တော်ကို တက်ပြီးတော့ တတိယသခင်လေးကိုဖမ်းဖို့က လက်တွေ့ကျမနေဘူး။အဲ့တော့ ငါတို့က ဖြေးဖြေးချင်း တဆင့်ပြီးဆင့်ချင်းတက်မှရမယ်။

မုရှုံက တကယ့်တရားခံဟုတ်ဟုတ်မဟုတ်ဟုတ် ငါတို့စစ်ဆေးရေးမှူးက လိုအပ်တဲ့ အရာက ငါတို့ရဲ့ရပ်တည်ချက်ကို သေချာအောင်ပြသဖို့လိုတယ်။

သာမန်လူတွေကို ငါတို့က မျှော်လင့်ချက် ပေးရမယ်။ လည်လှီးခေါင်းဖြတ်မှာလား "

ရန်ဝမ်ဟိုက အံ့ဩနေပါသည်။

"မုရှုံသာ တကယ်ခေါင်းဖြတ်သတ်ခံရပါက မူအိမ်တော်နှင့် ‌စစ်ဆေးရေးမှူးရုံးက ပြန်ပြင်၍မရသော ဆက်ဆံရေးသို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။ ဒါမှမဟုတ်လဲ ဟန်ဆောင်ပြီးလုပ်တာပေါ့ ။"

လီဟမ်ရှန်းက ပြုံး၍ပြောလိုက်၏။

သူတို့နဲ့ငါက ဆက်ဆံရေးပျက်တော့ ဘာဖြစ်မှာမို့လို့လဲ။သူတို့ကငါ့ကိုသတ်ရဲလို့လား။"

"အဲ့လိုကတော့မဖြစ်နိုင်ပါဘူး။" ရန်ဝမ်ဟို က ခေါင်းကို‌ခါယမ်းပြီးပြောလိုက်ပါ၏။

"စစ်ဆေးရေးမှူးကြီးက ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းက တပည့်ပဲ ဖြစ်ပါတယ်။ သူတို့သာ စစ်ဆေးရေးမှူးကြီးကို သတ်လိုက်မယ်ဆိုရင် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းက ရောက်ရှိလာပြီး သူတို့မိသားစုတခုလုံးကို အမြစ်ပြတ်သုတ်သင်သွားမှာပါ။

ဒါပေမဲ့ သူတို့ကပေါ်တင်မသတ်ရဲဘူးဆိုရင်တောင်မှ အမှောင်ထဲကနေ မလုပ်ကြံဘူးလို့မပြောနိုင်ပါဘူး။ တကယ်လို့ အဲ့လိုသာဖြစ်လာပြီးတော့ သက်သေလုံးဝမရှိဘူးဆိုလို့ရှိရင် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်ကလဲ မြောက်ပိုင်းအေးခဲနိုင်ငံကို လာပြီးတော့ သူတို့ကိုအမြစ်ပြတ် သုတ်သင်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။

အဲ့လိုမျိုးအခြေအနေမျိုးကနေ ရှေးဟောင်းတာအိုတောင်းတန်းဂိုဏ်းနဲ့ မြောက်ပိုင်းအေးခဲနိုင်ငံ အင်အားစု နှစ်ခုက အဆင်မပြေမှု‌တွေဖြစ်လာနိုင်ပါတယ်။"

"သူတို့ဘာသာသူတို့ လျို့ဝှက်ပြီးပဲ လုပ်ကြံပေမဲ့ လာပလေ့စေ ငါကတော့ဂရုမစိုက်ဘူး။"

လီဟမ်ရှန်းက တစ်စုံတခုကို သတိရပြီးနောက်ပြောလိုက်ပါ၏။

"ဂျူနီယာညီလေးဝူ”

“အစ်ကိုကြီး"ဝူစန်းထောင်က ချက်ချင်းကို သဘောပေါက်နားလည်ပြီး ပြောလိုက်ပါ၏။

"မင်းကိုငါ အဓိပ္ပာယ်မရှိတဲ့ အခွန်အခတွေကို ဖယ်ထားတဲ့အခွန်စာရင်း လုပ်ခိုင်းထားတာ ပြီးသွားပြီလား"

လီဟမ်ရှန်းက မေးလိုက်ပါ၏။

"ပြီးသွားပါပြီ အစ်ကိုကြီး။"ဝူစန်းထောင်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

"အာ့တာဆိုလို့ရှိရင် အဲ့ဒီစာရင်းကို အစောင့်တယောက်ယောက်ကို ကပ်ခိုင်းလိုက်ကွာ"

လီဟမ်ရှန်းက နောက်သို့လှည့်ပြီးနောက်ပြောလိုက်ပါသည်။

"ကောင်းပါပြီအကိုကြီး"ဝူစန်းထောင်က ပြောပြီးနောက် လီဟမ်ရှန်း၏အမိန့်အတိုင်းဆောင်ရွက်ခဲ့ပါသည်။

ဝူစန်းထောင်က တကယ်ပဲသွားလုပ်သည်ကိုမြင်သောကြောင့် ရန်ဝမ်ဟို က စိတ်လှုပ်ရှားလာပြီးနောက်ခပ်မြန်မြန်ပြောလိုက်၏။

"စစ်ဆေးရေးမှူးကြီး၊ ကျွန်တော်အရင်တုန်းကပြောခဲ့တယ်လေ။ လင်းချီကျိုးဆိုတဲ့လူလေ အဲ့တာသူနဲ့ဆက်သွယ်ချင်လား "

"ဒါပေါ့ ရတယ်လေ ပြသာနာမရှိဘူး။"

လီဟမ်ရှန်းက လင်းချီကျိုးလိုမျိုး လူအင်အားများကို သူ့လက်အောက်ထဲသို့ မြန်မြန်ရောက်စေချင်ပါသည်။

"ကောင်းပါပြီ စစ်ဆေးရေးမှူးကြီး။ကျွန်တော်အဲ့နေရာကို ဒီည ခေါ်သွားပေးပါ့မယ်။"

ရန်ဝမ်ဟိုက ခေါင်းညိတ်ပြီးနောက်ပြောလိုက်ပါသည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ အစောင့်တယောက်သည် ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာနှင့် ကမန်းကတမ်းပြေးဝင်လာပြီးနောက်ပြောလိုက်ပါ၏။ 

"မကောင်းတော့ဘူး မကောင်းတော့ဘူး ။မူအိမ်တော်က လူတယောက်ရောက်လာပြီ။"

"သူတို့လာတာဘာဖြစ်လဲ ။ဘာတွေကြောက်နေတာလဲ " ရန်ဝမ်ဟိုက အော်ဟစ်လိုက်ပြီးတော့ ဆူလိုက်ပါသည်။

"မင်းကမူအိမ်တော်က လူလာတာနဲ့အဲ့လောက်ကြောက်နေတာပဲလား" 

"အာ့တာက မူဟိုင်မင်းကိုယ်တိုင်ရောက်လာတာပါ"အစောင့်က လျင်မြန်စွာပြောလိုက်ပါသည်။

ထိုစကားကိုကြားသည်နှင့် ရန်ဝမ်ဟို၏မျက်နှာပင် ချက်ချင်းပြောင်းလဲသွားပါ၏။

"မူဟိုင်မင်းကိုယ်တိုင်ရောက်လာတာလား။မူဟိုင်မင်းဆိုတာ ဘယ်အကောင်လဲ ။"

လီဟမ်ရှန်းက ခံစားချက်ကင်းမဲ့စွာဖြင့် မေးလိုက်ပါသည်။

"သူက မူအိမ်တော်က တတိယသခင်လေးရဲ့လက်အောက်မှာရှိတဲ့ အစွမ်းထက်ဆုံးသိုင်းသမားပဲ။"

ရန်ဝမ်ဟိုက ကြောက်ရွံ့တုန်လှုပ်စွာပြောလိုက်ပါ၏။

“သူကပြန်လည်မွေးဖွားခြင်းအဆင့်ထိပ်တန်းမှာရှိတယ် ။ပုံမှန်ဆိုလို့ရှိရင် သူ့ကိုဘယ်သူကမှ ရန်မစရဲကြဘူး။"

အစောင့်က လီဟမ်ရှန်းအား အလျင်မြန်ပင် ရှင်းပြလိုက်ပါသည်။

မူဟိုင်မင်း၏ကြောက်မက်ဖွယ်ကောင်းမှုကို သေသေချာချာလေးကိုရှင်းလင်းပြလိုက်၏။

"အို" လီဟမ်ရှန်း၏မျက်ခုံးတဖက်မှာမြင့်တက်သွားပြီးနောက်ပြောလိုက်ပါသည်။

"အာ့တာဆိုလို့ရှိရင် မပျင်းရတော့ဘူးပေါ့။"လီဟမ်ရှန်းက အပြင်ဘက်ထွက်ကာ ထွက်ကြည့်မလို့ပဲရှိသေးသည့်အခိုက်

"ဘမ်း"ဟူသောမြည်သံနှင့်အတူ အရှေ့တံခါးမှ အစိတ်စိတ်အမြွှာမြွှာကွဲပြီး ပျက်စီးသွားခဲ့ပါတော့သည်။

လူတဒါဇင်ခန့်မှာ ထီမထင်သောအမူရာနှင့် အတွင်းသို့ ဝင်လာခဲ့ပါ၏။ထိပ်ဆုံးမှ ဦးဆောင်လာသော အရပ်မြင့်မြင့်နှင့် စွမ်းအားပြင်းထန်သော အရှိန်ဝါရှိသောသူက အော်ဟစ်လိုက်ပါ၏။ထိုသူမှာ အပေါ်ပိုင်းဗလာဖြစ်ပြီး ကိုယ်ကာယ တောင့်တင်း၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိကြွက်သားများမှာ တောင့်တင်းဖုထွက်နေပါသည်။ သူ့မျက်ဝန်းများမှာလည်း ရန်လိုသည့်မျက်ဝန်းများ ဖြစ်နေခဲ့၏။ အကြည့်တချက်နှင့်ပဲ စစ်ဆေးရေးမှူးရုံး၏ အစောင့်ရဲမက်များကို ကြောက်ဒူးတုန်ကာ ပစ်ကျသွားသည်အထိ စွမ်းဆောင်နိုင်ခဲ့ပါသည်။ 

"စစ်ဆေးရေးမှူးဆိုတာ ဘယ်အကောင်လဲကွ ထွက်ခဲ့။"မူဟိုင်မင်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ 

သူ့အသံမှာ လွန်စွာ ကျယ်လောင်လာသောကြောင့် အတွင်းစွမ်းအားများပါဝင်နေသဖြင့် စစ်ဆေးရေးမှူးရုံးခန်းတခုလုံးမှာ တဆတ်ဆတ်ကို တုန်သွားခဲ့ပါ၏။ 

"ရုံးတော်မှာ ဘယ်ကောင်က လာဆူညံနေတာလဲကွ။"

ထိုအခိုက်တန့်တွင် လီဟမ်ရှန်းမှ အစောင့်များခြံရံလျက် အပြင်ဘက်ထွက်လာခဲ့ပါသည်။

ရုံးတ်ော၏တံခါးအား ပျက်စီးသွားသည်ကို မြင်လိုက်သည်နှင့် လီဟမ်ရှန်းက မူဟိုင်မင်းအားကြည့်ကာ ပြောလိုက်၏။ 

"တံခါးကို ကန်လိုက်တာ မင်းလား"

"လီဟမ်ရှန်းဆိုတာ မင်းလားကွ။"

မူဟိုင်မင်း၏အကြည့်များမှာ သတ်ဖြတ်လိုစိတ်နှင့် ဖြတ်ပြေးနေခဲ့ပါသည်။

"မင်းကများ မူအိမ်တော်ရဲ့လုပ်ငန်းကိုဝင်ရှုပ်ရလောက်အောင်ထိ သတ္တိရှိမယ်လို့ မထင်ထားမိဘူး ။ အဲ့ဒီအပြင်ကိုမှ မင်းက ငါတို့လူတွေကိုတောင် ဖမ်းထားခဲ့သေးတယ်။ ငါက တတိယသခင်လေးရဲ့ အမိန့်နဲ့ရောက်လာတာ။မုရှုံကို ပြန်ခေါ်သွားဖို့ပဲ။

ခုချက်ချင်း မုရှုံကို လွှတ် ။

ပြီးလို့ရှိရင် ငါ့ရှေ့မှာလာပြီးတော့ ဒူးထောက်ပြီးတော့ အကြိမ်ကြိမ်ဦးချစမ်း ။

အဲ့လိုဆိုလို့ရှိရင် တတိယသခင်လေးက မင်းကို လွှတ်ပေးရင်လွှတ်ပေးလိမ့်မယ်။"

မူဟိုင်မင်းရဲ့အသံမှာ စူးရှပြင်းထန်နေပြီးနောက် သူ၏အရှိန်ဝါမှာလည်းတဖြည်းဖြည်းနဲ့ အမြင့်ဆုံးသို့မြင့်တက်လာခဲ့ပါ၏။

"ငါမင်းကိုမေးနေတယ်။တံခါးကိုကန်လိုက်တာ မင်းလား။"

လီဟမ်ရှန်းက မူဟိုင်မင်းမေးသောမေးခွန်းကို လျစ်လျူရူပြီးနောက် အသစ်ဝယ်လာသော တံခါးပျက်စီးနေသည်ကိုသာစိုက်ကြည့်နေခဲ့ပါ၏။ 

"မင်းသေချင်နေတာလား"

မူဟိုင်မင်းက လက်သီးဆုပ်လိုက်ပါသည်။

သူ့လက်ချောင်းများ၏အရိုးအက်ကွဲသံများကိုပင်ကြားလိုက်ရပါတော့တယ်။

"ငါမင်းကို နောက်ဆုံးအကြိမ်ထပ်မေးမယ်။တံခါးကိုကန်လိုက်တာမင်းလား။"

လီဟမ်ရှန်း၏လေသံမှာ ချက်ချင်းကို အေးစက်သွားခဲ့ပါတော့သည်။ 

"ဟုတ်တယ်ကွာ၊ အဲ့တော့ဘာဖြစ်လဲ။"

မူဟိုင်မင်းကလဲ ထီမထင်သောလေသံဖြင့် ပြန်ဖြေလိုက်၏။

"လူကြီးရန်၊သူကစစ်ဆေးရေးမှူးရုံးကို မဖိတ်ခေါ်လာပဲ ရောက်လာတဲ့အပြင်ကို ရုံးတော်ရဲ့တံခါးကိုလဲ ကန်ပြီး ဖျက်ဆီးတယ်။ပြီးတော့ ကျုပ်လိုမျိုး စစ်ဆေးရေးမှူးကို ချိမ်းခြောက်နေသေးတယ်။

သူ့ရဲ့ပြစ်မှုတွေကဘာတွေလဲ

" 

လီဟမ်ရှန်းက ရန်ဝမ်ဟိုကိုမေးလိုက်ပါ၏။

ရန်ဝမ်ဟိုက ဆွံ့အသွားပါတော့သည်။

"သူတို့က လူလာတောင်းတာကို မင်းကတံခါးကို ဂရုစိုက်နေသေးတာလား။ အာ"

ဒါပေမဲ့ ရန်ဝမ်ဟိုကပြောတော့ပြောလိုက်ပါ၏။

"ဒီလိုမျိုးဆိုလိုရှိရင်တော့ သူက ဖျက်ဆီးခဲ့တဲ့တံခါးရဲ့ အခကြေးငွေတန်ဖိုးကို ကျုပ်တို့ကို ပြန်လျော်ရပါမယ်။ အာ့တာကတော့ ငွေစငါးဆယ်လောက်တော့တန်လိမ့်မယ်။သူကစစ်ဆေးရေးမှူးကို ရိုင်းပြတဲ့အမူရာနဲ့ ချိမ်းခြောက်တဲ့အတွက်ကြောင့် သူ့ကို ကြိမ်ဒဏ်အချက် ငါးဆယ်အရိုက်ခံရမယ် အာ့တာကိုမှ သူက သူလုပ်တဲ့အပြစ်တွေကို နောင်တရပြီး အလျော့မပေးသေးဘူးဆိုလိုရှိရင်တော့ သူ့ကိုအကျဉ်းထောင်ထဲမှာ ခုနှစ်ရက်ကနေ ဆယ့်ငါးရက်တိတိ အကျဉ်းချလို့ ရပါတယ်”

“ သိပ်ကောင်းတယ်”

လီဟမ်ရှန်းကခေါင်းညိတ်လိုက်၏။

ထို့နောက်တွင် သူက မူဟိုင်မင်းအားကြည့်လိုက်သည်။ 

ယခုအချိန်တွင်တော့ မူဟိုင်မင်းမှာ သူ့အား လီဟမ်ရှန်းက စော်ကားနေသည်ကို ခံစားရသောကြောင့် ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သည်။ 

"ပစ္စည်းတွေကို ဖျက်ဆီးတဲ့အတွက်ကြောင့် မင်းကငါ့ဆီကနေ ငွေလိုချင်တယ်ပေါ့လေ။ကောင်းပြီ ညီနောင်တို့၊ ဒီစစ်ဆေးရေးမှူးရုံးကို ဖျက်စီးကြစမ်း ။"

"ဟားဟား ဟုတ်ပြီ။"သူ့နောက်ကပါလာသောလူမိုက်များမှာ တဟီးဟီးတဟားဟားနှင့်ရယ်ပြီးဝင်ခဲ့ပါသည်။ထို့နောက်တွင် ပုံရိပ်တခုမှာ ရှေ့သို့တိုးလာပြီးနောက် စတင်၍ဖျက်ဆီးပါတော့သည်။

ထိုအခိုက်တွင် လေထုကို အက်ကွဲသွားစေသောအသံတခုပေါ်ထွက်လာခဲ့ပါသည်။

"ဘုတ်" စွမ်းအားတရပ်မှာ ထိုလူမိုက်၏ဦးခေါင်းကို ဖောက်ထွင်းသွားခဲ့ပါတော့သည်။

ထိုသူမှာ နေရာတွင် ချက်ချင်းပင် လဲကျ သေဆုံးသွားခဲ့တော့သည်။

လီဟမ်ရှန်းက လက်ညိုးတချောင်းထောင်ပြီးနောက်တည်ငြိမ်စွာပြောလိုက်ပါသည်။

"ဒီလူက စစ်ဆေးရေးမှူးရုံးမှာ မလျော်မကန်တဲ့အပြုအမူကို လုပ်ပြီးတော့ ပစ္စည်းတွေကိုဖျက်ဆီးဖို့ကြံခဲ့တယ်။ ပြစ်ဒဏ်ကတော့ သေဒဏ်ပဲ။ "

All Chapters