အခန်း (၂၈၄)
Vol. 25 Ch. 284
လီဟမ်ရှန်းက မူအိမ်တော်ကို ကြီးကြီးမားမားကြီးကို စော်ကားခဲ့သည်မဟုတ်ပါ့လား။ တစ်ချိန်တည်းမှာပင် မူအိမ်တော်၌ ဖြစ်ပေါ်နေသောအဖြစ်အပျက်မှာလဲ ဟွာအိမ်တော်နှင့်မခြားနားပါချေ။
မူစန်း၏နောက်ထပ်အမည်မှာ မူစန်းရီဟုခေါ်၏။ ထိုသူမှာ ရက်စက်ကာ မောက်မာသည့်လူစားမျိုးဖြစ်သည်။ သူက လီဟမ်ရှန်းထံ၌ ရှုံးနိမ့်သွားခြင်းကို လုံးဝကိုလက်မခံနိုင်ခဲ့ပါချေ။
“ဒါက ကျုပ်တို့လျော်ပေးရမယ်ဆိုပြီးတော့ စစ်ဆေးရေးမှူးကရေးပေးလိုက်တဲ့ စာပါဗျ”
ကြောက်ရွံ့တုန်လှုပ်နေသော မူအိမ်တော်မှ လက်အောက်ငယ်သားထံမှ မူစန်းအား စာရွက်တစ်ရွက်ကိုကမ်းပေးလိုက်ပါသည်။ မူစန်းက မျက်နှာမသာမယာနှင့် ထိုစာကိုဖတ်လိုက်ပါ၏။
-စစ်ဆေးရေးမှူးရုံး၏တံခါးပျက်စီးမှု ငွေတုံးငါးထောင်၊
-စစ်ဆေးရေးမှူးရုံး၏ဒေါက်တိုင်ပျက်စီးမှု ငွေတုံးငါးထောင်၊
-စစ်ဆေးရေးမှူးရုံးမှ အပျက်အစီးများကို သန့်ရှင်းရေးခ ငွေစ နှစ်ထောင်
- စစ်ဆေးရေးမှူးရုံးရှိ ဝန်ထမ်းများ၏ စိတ်နှလုံးမသာမယာဖြစ်သွားရမှုအတွက် လျော်ကြေး ငွေစ ငါးထောင်
ထိုစာလေးကြောင်းကိုမြင်သောအခါတွင် မူစန်းက ထဆဲလိုက်ပါတော့သည်။
“လီဟမ်ရှန်းဆိုနဲ့ကောင်က ငါတို့ကို ဓားပြတိုက်နေတာလား။ တံခါးတစ်ချက်ကို ငွေစငါးထောင်တောင်းတာ ဘာသဘောလဲဟ။
ပြီးတော့ တံခါးကိုဆောင့်ကန်တာလောက်က ငါနားလည်ပေးလို့ရတယ်။ ဒါပေမဲ့ ဒေါက်တိုင်ကိုဘာလို့ဆောင့်ကန်ရတာလဲ။ မင်းတို့ကောင်တွေရဲ့ခြေထောက်က တော်တော်ကြီးကို သန်မာတယ်လို့ထင်နေတာလား”
မူစန်းကလုံးဝ နားမလည်နိုင်တော့ပါချေ။
“ အဲ့တာဆိုလို့ရှိရင် ငါတို့ကအလျော်ပေးရအုန်းမယ်ပေါ့လေ”
မူစန်းက ဒေါသကြောင့် တကိုယ်လုံး တဆတ်ဆတ်တုန်ရီနေခဲ့ပါသည်။
“ပြီးတော့ သန့်ရှင်းရေးခဆိုတာ ဘာကြီးတုန်း” မူစန်းက အော်ဟစ်လိုက်ပြန်သည်။
“ကျုပ်တို့ထဲက ညီနောင်တစ်ယောက်က သေသွားပါတယ်။ အဲ့တာသူ့ရဲ့သွေးတွေက မြေပြင်ကိုညစ်ပတ်သွားတယ်လေ” မူအိမ်တော်က လက်အောက်ငယ်သား၏ အသံမှာပို၍ပို၍ပင် တုန်ယင်လာခဲ့ပါ၏။
“ သောက်အဓိပ္ပါယ်မရှိတာ”
မူစန်းက ဒေါသထွက်ပြီးတော့ ကျိန်ဆဲနေခဲ့၏။
“အမြဲတန်း သူများတွေကိုအနိုင်ကျင့်တာကငါတို့လေ။ ဘယ်လိုဖြစ်လို့ငါတို့က ပြန်ပြီးအနိုင်ကျင့်ခံနေရတာလဲ”
“ပြီးတော့ ဝန်ထမ်းတွေက စိတ်နှလုံးမသာမယာဖြစ်သွားတဲ့အတွက်ကြောင့် ငွေကထပ်တောင်းသေးတယ်။”
“ သေစမ်းကွာ။ သေစမ်း”
မူစန်းက ပိုစိုးပက်စက်ကို ကျိန်ဆဲနေခဲ့ပါ၏။
ထိုအခိုက်မှာပင် အမျိုးသမီးတစ်ဦး၏အသံမှာ အပြင်မှ ထွက်ပေါ်လာခဲ့၏။
“ တတိယမောင်လေး ဘယ်သူကနင့်ကိုဒေါသထွက်အောင်လုပ်လိုက်လို့ အဲ့လောက်ထိနင်ဆဲနေရတာတုန်း”
ထိုအသံထွက်ပေါ်လာပြီးနောက်တွင် အနီရောင်ဝတ်စုံဝတ်ဆင်ထားသောအမျိုးသမီးက အပြင်မှအတွင်းသို့ဝင်လာခဲ့ပါ၏။ ထိုအမျိုးသမီးမှာ နူးညံသိမ်မွေ့ကာ ဂုဏ်ကျက်သရေရှိသော အရှိန်အဝါတစ်ခုရှိ၏။
အသစ်ရောက်လာသောသူကို မူစန်းကမြင်သော ခပ်မြန်မြန်ပင်နှုတ်ခွန်းဆက်သလိုက်ပါသည်။
“ဒုတိယအစ်မ”
“ဘာတွေဖြစ်နေတာတုန်း” အမျိုးသမီးက အနားသို့ကပ်လာပြီးမူစန်း၏လက်ထဲမှ စာရွက်ကိုဆွဲယူလိုက်ပါသည်။
ထိုစာရွက်ကိုဖတ်ရှုပြီးနောက်တွင် သူမကရယ်မောလိုက်၏။
“အသစ်ရောက်လာတဲ့ စစ်ဆေးရေးမှူးက စိတ်ဝင်စားဖို့သိပ်ကောင်းတာပဲ”
“ ဒုတိယအစ်မ ဒီလူကတော်တော်ကြီးကိုလွန်လွန်းတယ်။ ကျုပ်တို့ရဲ့ မူအိမ်တော်ကိုအနိုင်လာကျင့်နေတယ်။ အဲ့ဒါတောင်မှ အစ်မကစိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးနေတယ်ပေါ့လေ”
မူစန်းကသက်ပြင်းတစ်ချက်ချလိုက်ပါ၏။
“အဲ့ဒီတော့ဘာဖြစ်လဲ။ နင်ဘာလုပ်ချင်လို့လဲ။ နင်သူ့ကိုသတ်ချင်လို့လား” အမျိုးသမီးက တည်ငြိမ်စွာဖြင့်ပြောလိုက်ပါသည်။
“နင်စစ်ဆေးရေးမှူးကို သတ်မယ်ဆိုလို့ရှိရင်ငါတို့မူအိမ်တော်ကလဲ ပျက်ဆီးမှာနော်”
“ဒီစစ်ဆေးရေးမှူးက ဘာများကောင်းနေလို့လဲ။ အရင်ကလူတွေလိုမျိုးပဲပေါ့ သူ့ကို တိတ်တိတ်ဆိတ်ဆိတ်လေးသတ်ဖြတ်လိုက်မှာပေါ့ဗျာ”
မူစန်းက အေးစက်စွာဖြင့်ပြောလိုက်ပါသည်။
“သက်သေမရှိဘူးဆိုလို့ရှိရင် ကျုပ်တို့လုပ်တာလို့ဘယ်သူကသိမှာလဲ”မူစန်းက အမျိုးသမီးကိုကြည့်လိုက်၏။
“ ဘယ်လိုထင်လဲ ဒုတိယအစ်မ”
“နင်သင့်တော်မယ်ထင်သလိုလုပ်ပါ။ အမျိုးသမီးက ပြောလိုက်သည်။ နင်လုပ်ချင်တယ်ဆိုလို့ရှိရင် ရှေးနည်းအတိုင်းပဲလုပ်ကြတာပေါ့။ ဒါပေမဲ့ လုံးဝသက်သေမကျန်ခဲ့ဖို့အတွက် သတိပြုနော်။ မဟုတ်လို့ရှိရင် ငါတို့မူအိမ်တော်ကြီး လုံးဝပျက်ဆီးသွားလိမ့်မယ်”
“ စစ်ဆေးရေးမှူးရုံးက လူအိုကြီးက စစ်ဆေးရေးမှူးကို လင်းချီကျိုးဆီကိုခေါ်သွားမယ်လို့ သတင်းကြားတယ်”
“ လင်းချီကျိုးက သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ပြီးနေနေတာကြာပြီ။ အရင်တုန်းက သူ့ကို ကျုပ်တို့မသတ်နိုင်ခဲ့ဘူး။ အခုကတော့တကယ့်အခွင့်ကောင်းပဲ”
“ လင်းချီကျိုးက ဒီမြို့မှာနေတဲ့ပုံမပေါ်ဘူး။ အဲ့တာဆိုလို့ရှိရင် သူတို့ လင်းချီကျိုးဆီသွားမယ်ဆိုလို့ရှိရင် သူတို့မြို့ပြင်ကိုထွက်ရမှာပဲ။ သူတို့ မြို့ပြင်ကိုထွက်လိုက်တာနဲ့ တစ္ဆေဝံပုလွေကို သူ့ကိုသတ်ခိုင်းလိုက်” မူစန်းက အေးစက်စွာဖြင့်ပြောလိုက်ပါသည်။ ထိုသို့ဖြစ်ပျက်နေသည့်အချိန်၌ သူတို့အားလုံးသတိမထားမိသည့်အခိုက်တွင် သူတို့၏ အနောက်နားရှိ သစ်ပင်တစ်ပင်ပေါ်၌ ပျံလွှားငှက်လေးတစ်ကောင်ရှိနေခဲ့ပါ၏။
ထိုပျံလွှားငှက်ကလေး၏အတောင်ထက်တွင် ရွှေပိတုန်းလေးတစ်ကောင်လည်း ရှိနေခဲ့ပါ၏။ ထိုရွှေပိတုန်းပိုးကောင်လေးမှာ စိတ်ဝိဉာဏ်သားရဲ ဖြစ်ပြီး သူက လူသားတို့၏ဘာသာစကားကိုနားလည်နိုင်စွမ်းရှိပါသည်။
ထိုကဲ့သို့အတွင်း၌ပြောနေသည့်စကားများကိုနားထောင်ပြီးနောက်တွင် ထိုရွှေပိတုန်းလေးက တိရိစ္ဆာန်ဘာသာစကားဖြင့် ပျံလွှားငှက်လေးကိုဘာသာပြန်ပြီးပြောလိုက်ပါသည်။ ထိုအခါပျံလွှားငှက်လေးက ဖြစ်ပျက်နေသည့်အရာ အားလုံးကို နားလည်ပြီးနောက်တွင် သတင်းပို့ရန်အတွက် ကောင်းကင်သို့ပျံထွက်သွားခဲ့ပါသည်။
ထိုပျံလွှားငှက်လေးမှာ ကျန်းဝမ်လျှို၏ ပျံလွှားငှက်လေးဖြစ်ပါသည်။ လီချန်ချင်းက ကျန်းဝမ်လျှိုအား သူ့သားဖြစ်သူ၏ လှုပ်ရှားမှုများကိုစောင့်ကြည့်ပြီး သတင်းပို့ရန်အတွက် ခိုင်းစေထားခြင်းဖြစ်ပါသည်။ ထိုပျံလွှားငှက်လေးမှာ ချန်ချင်းသေရည်ဆိုင်သို့ ပြန်လာခဲ့ပြီးနောက် သတင်းအချက်အလက်များကို ကျန်းဝမ်လျှိုအား ပြောပြလိုက်ပါသည်။ ထိုနောက် ကျန်းဝမ်လျှိုက လီချန်ချင်းအား ပြန်လည်၍ပြောပြခဲ့ပါ၏။
“ဒီလူတွေက လှုပ်ရှားမှုလုပ်တာသိပ်ကိုမြန်တာပဲကွာ”
မြွေဖြူလမ်းရှိအခြေအနေကို လီချန်ချင်းက ကောင်းကောင်းနားလည်ခဲ့ပြီး လီဟမ်ရှန်း၏လုပ်ရက်မှာ မြွေဖြူလမ်းရှိအင်အားစုများအားလုံးကိုဆန့်ကျင်သလို ဖြစ်နေသည်ကိုသိပါ၏။
လီဟမ်ရှန်းနေရာတွင် လီချန်ချင်းကိုယ်တိုင်ဖြစ်နေပါကလဲ ထိုကဲ့သို့ တစ်ထပ်တည်းလုပ်မိမှာဖြစ်သည်။ လီချန်ချင်းက သူ့သတင်းအချက်အလက်ကို စာရွက်တစ်ရွက်၌ ရေးပြီးနောက်ပျံလွှားငှက်ကလေးကိုပေးကာ လီဟမ်ရှန်းထံသို့ပို့ရန်အတွက်ခိုင်းစေခဲ့ပါသည်။ ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်ပါ၏။
ရန်သူမှာ မူလအဆင့်ဖြစ်သောကြောင့် လီချန်ချင်းက သိပ်မစိုးရိမ်ပါချေ။ အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်း၏နံဘေး၌ မူလအဆင့်ဖြစ်သော ရှုခွေတစ်ယောက်လုံး ရှိနေသောကြောင့်ဖြစ်သည်။ သတင်းအချက်အလက်များကို ပို့ပြီးနောက်တွင် လီချန်ချင်း၏အနားသို့ ကျန်းဖုကွမ်းရောက်လာခဲ့ပါသည်။ ကျန်းဖုကွမ်း၏ လက်ထဲ၌စာတစ်စောင်ကို ကိုင်ထားခဲ့ပြီး ထိုစာမှာ ယန်ပါးထောင်က ပို့လိုက်ခြင်းဖြစ်ပါသည်။ စာထဲ၌ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လတ်တလောအခြေအနေများကို သတင်းပို့ထားခဲ့ပါသည်။
လီချန်ချင်းက ဖတ်ရှုပြီးနောက်တွင် ပြသနာမရှိသည်ကိုမြင်သောကြောင့် နံဘေးတွင် ချထားလိုက်ပါသည်။ အကယ်၍ပြသနာ တစ်ခုခုသာရှိပါက လီချန်ချင်းက ပြသနာဖြေရှင်းရန်အဖြေများကိုရေးကာ ပြန်လည်ပို့ဆောင်မည်ဖြစ်၏။ ထို့အပြင်ထိုစာထဲ၌ အရေးကြီးသော သတင်းအချက်အလက် တစ်ခုလည်းပါရှိပါသည်။
ထိုသတင်းအချက်အလက်ကိုဖတ်ပြီးနောက်တွင် လီချန်ချင်းကတော်တော်လေးကို အံ့ဩသွားခဲ့ပါသည်။ ကွမ်လမ်နန်းတော်က လုရှီရန်က နန်းတော်ကနေ ထွက်ပြေးသွားတယ်ဆိုပါလား။
ဘာတွေဖြစ်နေတာတုန်း။ စု မိသားစုက ကွမ်လမ်နန်းတော်သို့သွားကာ လက်ထပ်ထိမ်းမြားရန်အတွက် ပြင်ဆင်နေသည်ကို သူသေချာလေးသိပါသည်။ အရင်တုန်းကတော့ ကွမ်လမ်နန်းတော်က တစ်ခြားမိန်ကလေးတစ်ယောက်နှင့် လက်ထပ်ရန်အတွက် သူတို့ကစီစဉ်ထားခြင်းဖြစ်ပါ၏။
သို့သော်ဆုရှန်းချီက လုရှီရန်ကိုမြင်မြင်ချင်းမှာပင် ချစ်မြတ်နိုးသွားသောကြောင့် သူကလက်ထပ်ချင်ခဲ့ပါ၏။ ထို့အပြင် လုရှီရန်၌ နတ်ခန္ဓာရှိသည်ကို သိသွားသော ဆုကျန်းကလည်း လုရှီရန်ကိုသာလိုချင်နေခဲ့ပါသည်။ ထို့ကြောင့်သူက ဆုရှန်းချီသည် လုရှီရန်နှင့် လက်ထပ်ပေးပါရန် တောင်းဆိုခဲ့ပါသည်။ စစချင်းတော့ ကွမ်ကျူးက သဘောမတူပါချေ။ ဒါပေမဲ့နောက်ပိုင်းတွင်တော့ ဆုမိသားစုက ကွမ်ကျူးသဘောတူအောင် မည်သည့်အရာများပေးအပ်လိုက်ခြင်းကိုမသိခဲ့ပါချေ။ နောက်ဆုံး၌ကွမ်ကျူးကသဘောတူညီခဲ့ပါသည်။
သို့သော် ကာယကံရှင်ဖြစ်သော လုရှီရန်မှာမူ လက်ထပ်ရန်အတွက် လုံး
ဝကိုသဘော မတူညီခဲ့ပါချေ။ နောက်ဆုံး၌ သူမက ကွမ်လမ်နန်းတော်မှ အစအနရှာမတွေ့အောင်လုံးဝပျောက်ဆုံး ပြီး ထွက်ပြေးလာခဲ့ပါ၏။
“ဆုမိသားစုဟာ တစ်ကယ့်ကို တိရိစ္ဆာန်ကောင်တွေပဲ”
လီချန်ချင်းက စာကိုဖတ်ပြီးနောက်တွင် ကျိန်ဆဲလိုက်ပါသည်။
“ဟာ ဆုမိသားစုကို ခဏ ထားလိုက်ပါအုံး။ မင်း ပြောနေတဲ့ ဇာတ်လမ်းကို ဆက်ပြောလေ” ကျန်းဝမ်လျိုက လီချန်းချင်းအား စိတ်အားတက်ကြွသည့်အမူအရာနှင့်ပြောလိုက်ပါသည်။
“မင်းအခုမနက်ကပြောနေတာ မျောက်က ကြယ်သုံးလုံး လိုဏ်ဂူကို ရောက်ပြီးတော့ အင်မော်တယ်တစ်ပါးနှင့်တွေ့တယ်ဆို။ အဲဒါပြီးတော့ဘာဆက်ဖြစ်လဲ ပြောပါအုံး ပြောပါအုံး။ သူက အင်မော်တယ်ဆီကနေ ဘာတွေသင်ခဲ့တုန်း။ ကျန်းဝမ်လျိုက စိတ်မရှည်ဘဲ ဖြစ်နေပါ၏။
လီချန်းချင်းက ကျန်းဝမ်လျိုအား အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းကို ပြောပြနေခြင်းဖြစ်ပါသည်။ ကျန်းဝမ်လျိုက ထိုဇာတ်လမ်းကို စ၍ နားထောင်မိကတည်းကကို က တန်းတန်းစွဲ ကိုဖြစ်နေခဲ့၏။ ၏
“ကျန်တဲ့ဟာကို မနက်ကျမှ ငါပြောပြမယ်ကွာ”
လီချန်းချင်းက ပုံပြင်ဆက်ပြောရန်စိတ်အခြေအနေရှိမနေခဲ့ပါချေ။
သူက အခန်းထဲသို့ ပြန်လာပြီးနောက် လီဟမ်ရှန်းအတွက် စာတစ်စောင်ကို ကောက်ရေးလိုက်ပါတော့သည်။ သူကမြောက်ပိုင်းအေးခဲနိုင်ငံရှိ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသို့ စီးပွားရေးကိစ္စနှင့် ရောက်နေသည်ဟု သူ့သားအား စာထဲ၌ ရေးလိုက်ပါ၏။
ကိစ္စတစ်ခုခု ရှိပါက ချန်ချင်းကုန်သွယ်ရေးသို့ စာပို့ကာ သူ့ထံတွင် တောင်းဆိုနိုင်သည်ဟု သူ့သားအား အသိပေးလိုက်ခြင်းဖြစ်ပါသည်။ သူ့သားအား သူ့ထံသို့ ရေးသည့်စာကို ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းအားပေးပို့မည်မှာ ပုံမှန်ပင် ဖြစ်၏။
ညသို့ရောက်လာလေပြီ။
လီဟမ်ရှန်းက ကုန်ဆုံးခဲ့သော နှစ်များတွင် မြွေဖြူလမ်းကြောင်း၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအားလုံးကို မှတ်တမ်းတင် ထားသည့် အစိုးရမှတ်တမ်းစာများကို ဖတ်ရှုနေခဲ့ပါ၏။
ရုတ်တရက် ပြတင်းပေါက် နံဘေးမှာ ငှက်သံတစ်သံကို ကြားလိုက်ရပါသည်။ ငှက်သံမှာခဏခဏကို အော်မြည်နေသောကြောင့် လီဟမ်ရှန်းက စိတ်ဝင်စားလာပြီး ပြူတင်းပေါက်ကို ဖွင့်လိုက်ပါ၏။
သူပြတင်းပေါက်ကို ဖွင့်လိုက်သည့်အချိန်တွင် ပျံလွှားငှက်လေးတစ်ကောင်ကို တွေ့လိုက်ရပါသည်။ ထိုပျံလွှားငှက်၏ နှုတ်သီး၌ စာတစ်စောင်ကို ကိုက် ချီထားခြင်းပင်ဖြစ်သည်။
ပျံလွှားငှက်လေးမှာ အတွင်းသို့ ပြန်ဝင်လာပြီးနောက် ထိုစာကို စားပွဲပေါ်၌ ပစ်ချလိုက်ပါ၏။ ထိုစာကို စာပွဲပေါ်၌ ပစ်ချပြီးနောက်တွင် ထိုပျံလွှားငှက်ကလေးမှာ တွန်သံတစ်ချက်ပြုပြီးနောက် အတောင်ပံကို ခတ်ကာ ပြန်လည်ထွက်ခွာ သွားခဲ့ပါ၏။ ထိုအဖြစ်အပျက်ကြောင့် လီဟမ်ရှန်းမှာ တော်တော်ကြီး ကို အူကြောင်ကြောင်နိုင်သွားခဲ့ပါသည်။
ခိုများကသာ စာများပို့သည်ဟု သိခဲ့သော်လည်း ယခုလိုမျိုး ပျံလွှားငှက် ကစာလာပို့သည်ကို တော့ တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။ သူက ထိုစာရွက် ကို ဖွင့်ဖတ် လိုက်ပါ၏။ အတွင်းရှိ ရေးထားသော အကြောင်းအရာများက သူ့အား စိတ်ဝင်စားသွားစေခဲ့ပါ၏။ ဘယ်သူကများ ပို့လိုက်တာပါလိမ့်။ ပို့သည့်လူကိုသူက မသိသည့်တိုင် အတွင်းရှိပါသောအချက်အလက်မျာက အမှန်တစ်ကယ်ဖြစ်နိုင်သည်ဟု သူယူဆခဲ့ပါသည်။
စာထဲတွင်ပါသည့် အကြောင်းအရာများအရ “မူ” အိမ်တော်က သူ့အား ဆန့်ကျင်ပြီး သတ်ဖြတ်ရန် ကြံစည်နေဟန်ရှိ၏။
သူတို့က သတ်ချင်တယ်ဆိုရင်တော့ လာလိုက်လေ။
“ ဒေါက် ဒေါက်”
ထိုအခိုက်မှာပင် အပြင်မှ တံခါးခေါက်သံထွက်ပေါ်လာခဲ့၏။ အရှင် ကျုပ်တို့သွားဖို့အတွက် အသင့်ဖြစ်ပါပြီ။ ထိုအသံမှာ ရန်ဝမ်ဟို ၏အသံဖြစ်ပါသည်။
“အားလုံးအသင့်ဖြစ်ပါပြီ အရှင်”
“ ကောင်းပြီ ကျုပ်တို့သွားရအောင်”
လီဟမ်ရှန်းက အပြင်သို့ထွက်ပြီးနောက် သူ၏ ကိုယ်ရံတော်ဖြစ်သူ ရှုခွေအား လှမ်းခေါ်လိုက်ပါသည်။
ထို့နောက် ဝူစန်းထောင်ကို ရုံးတော်၌နေပြီးနောက် သေချာစောင့်ကြပ်ထားရန်မှာထားပါသည်။ ထို့နောက်တွင် သူက ရထားလုံးပေါ်သို့ တက်ပြီးနောက် မြို့ပြင်သို့ထွက်ရန်ပြင်ဆင်လိုက်ပါသည်။
မြို့တစ်မြို့လုံး၌ “မူ” အိမ်တော်မှ လွှတ်ထားသော သူလျှိုများစွာရှိပါသည်။ လီဟမ်ရှန်း မြို့ထဲမှ ထွက်သွားသည်နှင့် သူတို့က ထိုသတင်းအား “မူ” အိမ်တော်သို့ အလျင်အမြန်ပို့ဆောင်ကြပါတော့၏။
“ အဟင်း.. ငါထင်တဲ့အတိုင်းပဲ”
မူဖန် က လှောင်လိုက်ပါသည်။ မနက်ဖြန်ရောက်ရင် တူးရှမြို့မှာ စစ်ဆေးရေးမှူးဆိုတာ မရှိတော့ဘူး။
“စစ်ဆေးရေးမှူးက မနေ့ကညတုန်းက မြို့ပြင်ထွက်ရင်းနဲ့ တစ်စုံတစ်ယောက်က ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ တရားခံကိုတော့ ဘယ်သူမှ မသိဘူး။ ရှာလို့လဲ မတွေ့ဘူး။ ဖမ်းလို့လဲမမိဘူး။ အဲဒါက မနက်ဖြန် ခေါင်းကြီးသတင်းအဖြစ်နဲ့ပါလာတော့မှာပဲ”
မြို့ပြင်၏ လီ၂၀ အကွာအဝေးတွင်တော့ သစ်ရုံ တစ်ရုံ ရှိပါသည်။ ထိုသစ်ရုံ၌ လူမျာစွာ အလုပ်လုပ်နေခဲ့၏။ လီဟမ်ရှန်း၏ ရထားလုံးမှာ သစ်ရုံသို့ ရောက်လာသည့်အခါ အလုပ်လုပ်နေသောအလုပ်သမား မျာစွာတို့က လှည့်ကြည့်ကြပါ၏။
ထိုကဲ့သို့သော ခေါင်ခိုက်နေသည့် တောရိုင်းထဲသို့ ယခုလိုမျိုး အလှအပတန်ဆာ ဆင်ထားပြီး စိတ်ဝိဉာဉ်မြင်းတစ်ကောင်ဆွဲထားသောရထားလုံးက ဘာကြောင့်ရောက်လာလဲဆိုတာကို သူတို့က သိခြင်နေကြ၏။
ထောင့်တစ်ထောင့်တွင်တော့ အသားအရည်နက်မှောင်ပြီး ဗလတောင့်တောင့်နဲ့ လူတစ်ယောက်က ပေါက်စီတစ်လုံးကို စားရင်းနှင့် ရထားလုံးကို တစ်ချက်ကြည့်လိုက်၏။
သူ၏ညာဘက်လက်ထဲတွင်တော့ တိုက်ပွဲဝင် ပုဆိန်တစ်လက်ကို ကိုင်ထားပါသည်။
ထိုသူက အရပ်အမောင်းရှည်လှပြီး တောင်ကြီးတစ်တောင်ကဲ့သို့သော အရှိန်အဝါဖိအားကို ပေးစွမ်းနိုင်ပါသည်။