← Chapters

အခန်း (၂၈၅)

Vol. 25 Ch. 285

အခန်း (၂၈၅)

Vol. 25 Ch. 285

ထိုလူ၏ပုံစံမှာ သာမန်လူများနှင့်ကွဲပြားနေခဲ့ပါသည်။ကြက်များ၏အလည်၌ ထင်းကာထွက်နေသောကြိုးကြာငှက်အလားပင် ဖြစ်နေ၏။ထိုသူ၏ထံမှ ထွက်ပေါ်နေသော သန်မာလှသည့် အရှိန်ဝါကို လီဟမ်ရှန်းက ခံစားလိုက်ရပါသည်။

"အဲ့ဒီလူက လင်းချီကျိုးပဲ။"ရန်ဝမ်ဟိုက လီဟမ်ရှန်းအား ပြောလိုက်ပါ၏။

လီဟမ်ရှန်းက ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ပါသည်။

ရန်ဝမ်ဟို က အရင်ဦးဆုံးအနားသို့တိုးကပ်သွားပါသည်။ သူတို့နှစ်ဦးမှာ အရင်ကတည်းက သိကျွမ်းထားသော မိတ်ဟောင်းဆွေဟောင်းများဖြစ်သောကြောင့်၊ ထို့အပြင် ရန်ဝမ်ဟို ကိုယ်တိုင်ကလည်း လင်းချီကျိုး၏ အသက်ကို တစ်ကြိမ်ကယ်ဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် ရန်ဝမ်ဟိုက ပထမဦးဆုံးအနေဖြင့် စတင်၍ လှုပ်ရှားခြင်းကဖြစ်သင့်ပါသည်။

လင်းချီကျိုးအား သူတို့လက်အောက်ခံသို့ ဝင်ရောက်ရန်အတွက် မဲဆွယ်မည်ဖြစ်သောကြောင့် ရန်ဝမ်ဟိုက အရင်ဦးဆုံးမိတ်သွားဆက်လိုက်ပါသည်။ လီဟမ်ရှန်းနှင့် ရှု့ခွေက အနောက်မှ လိုက်လာခဲ့၏။

သစ်ရုံမှ အခြားသောသူများကလည်း သူတို့အား စူးရှသောအကြည့်များဖြင့် စိုက်ကြည့်နေကြပါ၏။ သူတို့အားလုံးက လီဟမ်ရှန်းအား အနည်းငယ် စိုးရိမ်မကင်းသည့် အကြည့်များနှင့်ကြည့်ကာ သတိအနေအထားပြင်ဆင်နေကြပါသည်။

ရန်ဝမ်ဟိုကိုမြင်လိုက်သည်နှင့် လီဟမ်ရှန်းက စစ်ဆေးရုံးမှူးရုံးမှ စစ်ဆေးရေးမှူး ဖြစ်သည်ကို ခန့်မှန်းနိုင်ကြပေသည်။

စစ်ဆေးမှူးရုံးအား သူတို့က အကောင်းမမြင်ကြပါချေ။ 

"အဖွဲ့ခေါင်းဆောင်လင်း" ရန်ဝမ်ဟိုက မိတ်ဆွေဆန်သောအပြုံးကို ပြုံးရင်းနဲ့ အနားသို့ တိုးကပ်လိုက်ပါ၏။ 

"ကျုပ်ကလာလည်တာပါဗျာ။"

"လူအိုကြီးရန်၊ မတွေ့ရတာအတော်ကြာပြီ"

လင်းချီကျိုးကလဲ ယဉ်ကျေးသည့်ဟန်ပန်ဖြင့် ပြန်လှန်၍ပြောလိုက်ပါသည်။

ရန်ဝမ်ဟိုသာ မရှိပါလျှင် သူကယခုအချိန်ထိ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပါလား။

"ကျုပ်က ခင်ဗျားကို စစ်ဆေးရေးမှူးအသစ်နဲ့ လာမိတ်ဆက်ပေးတာဗျ့။"

ရန်ဝမ်ဟိုက နံဘေးသို့ ခြေတစ်လှမ်းတိုးကာ ရွေ့လိုက်ပါသည်။ထို့နောက် လင်းချီကျိုးနဲ့ လီဟမ်ရှန်းအား မိတ်ဆက်ပေးလိုက်၏။ 

လင်းချီကျိုးက လီဟမ်ရှန်းကို ခြေအဆုံးခေါင်းအဆုံးကြည့်လိုက်ပါသည်။ လီဟမ်ရှန်းက ပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းတွင်သာ ရှိသေးသည်ကို မြင်သောအခါတွင် လင်းချီကျိုးက အထင်သေးသည့် ဟန်ပန်အမူရာမဖြစ်သွားခဲ့ပါ‌ချေ။ သူက လီဟမ်ရှန်းအား စိတ်ဝင်စားသည့်အမူရာနှင့်သာ ကြည့်နေခဲ့ပါသည်။ 

ဒီလိုမျိုး ကျင့်ကြံစဉ်လေးလောက်နဲ့ စစ်ဆေးရေးမှူးလာလုပ်နေတာလား ဘာလို့လဲ ဒီလူက သေရလောက်တဲ့ အထိကြီးတဲ့ ပြစ်မှုကို လုပ်ခဲ့လို့များ ဒီကိုအပို့ခံလိုက်ရတာများလား။

"ခင်ဗျားက စစ်ဆေးရေးမှူးလီဟမ်ရှန်းဖြစ်မယ်ဆိုတာ ကျုပ်သိပြီးသားပါ" လင်းချီကျိုးက မတ်တပ်ထရပ်လိုက်၏။ 

ထိုင်နေသည့် အခိုက်တွင် လင်းချီကျိုးက သိပ်ပြီးထူးခြားသည့်တိုင်မရှိသည့်တိုင် မတ်တပ်ရပ်လိုက်သည့် အခါတွင်တော့ လင်းချီကျိုးက သူ့ထပ်အရပ်အများကြီးပိုမြင့်သည်ကို လီဟမ်ရှန်းကသိလိုက်ရပါတော့သည်။ ထိုသူ၏ မိုးထိုးနေသော အရပ်ကြီးမှာ ခွန်အားကြီးသော ပြယုဂ်တစ်ခုပင်ဖြစ်လာခဲ့ပါ၏။

"ကျုပ်က ဒီကိုရောက်လာတာ မကြာသေးပေမဲ့ ကျုပ်အကြောင်းကို ခင်ဗျားကြားဖူးတယ်ဆိုတာကိုတော့ ဂုဏ်ယူမိပါတယ်ဗျာ အစ်ကိုလင်း "

လီဟမ်ရှန်းက အပြုံးတခုနှင့် ပြောလိုက်ပါသည်။

မမျှော်လင့်စွာဖြင့် လင်းချီကျိုးက အရှေ့သို့တိုးလာ‌ပြီးနောက် မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ကာ ဒူးထောက်ချလိုက်ပါသည်။ 

"ညီမလေးအသက်ကိုကယ်ပေးလို့ လင်းချီကျိုးက စစ်ဆေးရေးမှူးကို ကျေးဇူးတင်လှပါတယ်။" 

ထိုသူက အလွန်ရိုသေသည့် ဟန်ပန်ဖြင့် ပြောလိုက်ပါ၏။

"ဟင်" လီဟမ်ရှန်းက အူကြောင်ကြောင် ဖြစ်သွားပါ၏။ 

ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာတုန်းဟ

ရန်ဝမ်ဟိုပင်လျှင် ထိုကဲ့သို့သော ပြောင်းလဲသွားသည့် အဖြစ်အပျက်ကို အံ့အားသင့်သွားခဲ့ပါသည်။

သူတို့က လင်းချီကျိုးအား စစ်ဆေးရေးမှူးလက်အောက်သို့ ဆွဲသွင်းရန်အတွက် ပြောရဆိုရခက်ခဲမည့်အပြင် အခက်မသင့်ပါက တိုက်ပွဲတခုပင် ဖြစ်ပွားနိုင်သည်ဟု ထင်ထားသော်လည်း ယခုလိုကြီး အခြေအနေကြီး ဖြစ်နေမည်ဟု မမျှော်လင့်ထားမိခဲ့ပါချေ။ 

"ခင်ဗျားရဲ့ ညီမ ဟုတ်လား။"

လီဟမ်ရှန်းက မနေနိုင်ဘဲ မေးလိုက်ပါသည်။ 

"ကျုပ်ညီမရဲ့ နာမည်ကို ခင်ဗျား မမှတ်မိလောက်ဘူးဆိုပေမဲ့ သူက ဟိုးရက်တွေ တော်တော်ကြာတဲ့ အထိတုန်းကထိ ပျောက်နေခဲ့တာဗျ့။နောက်မှသိလိုက်ရတာက သူ့ကို မူ့အိမ်တော်ကဖမ်းသွားပြီးတော့ မဟာမြို့ဘက်ကိုပို့‌ပြီးတော့ ဆောင်ကြာမြိုင်မှာ ရောင်းစားတော့မယ်ဆိုတဲ့သတင်းကြားလိုက်တယ်။

အဲ့ဒီညမှာပဲ စစ်ဆေးရေးမှူးက သူမကို ကယ်တင်ခဲ့တယ်လေ။ဒီနေ့ စစ်ဆေးရေးမှူး ဒီကိုမလာဘူးဆိုရင်တောင်မှ မနက်ဖြန်ကျလို့ရှိရင် တုရှန်းမြို့ကို ကျုပ်ကိုယ်တိုင်လာပြီးတော့ ကျေးဇူးတင်မလို့ပါပဲဗျ့။"

ထိုအချိန်မှသာ သူကယ်တင်လိုက်သော အမျိုးသမီးများထဲမှ တယောက်က လင်းချီကျိုး၏ ညီမဖြစ်နေသည်ကို လီဟမ်ရှန်းက တွက်ဆလိုက်ပါတော့၏။

ညီမဖြစ်သူပြန်လာပြီးနောက် စစ်ဆေးရေးမှူးကသူမအားကယ်တင်ခဲ့သည့်အကြောင်းအား လင်းချီကျိုးကိုပြောပြခဲ့သည့်အခိုက်တွင် လင်းချီကျိုးနှာ အတော်လေးကို အတွေးနက်သွားခဲ့ပါသည်။

စစ်ဆေးရေးမှူးက ရူးများရူးနေတာလားဟ။ သူကမြို့ခံအင်အားစုတွေကိုတောင် ဆန့်ကျင်ရဲတယ်လား။ မူ့အိမ်တော်ကိုတောင် ဆန့်ကျင်ရဲတယ်ပေါ့လေ။

အတိတ်‌တုန်းက သူနဲ့ မူ့အိမ်တော်အတွင်း ရန်ငြိုးရန်စကြီးကြီးမားမားရှိခဲ့ပါ၏။သို့သော် နောက်ဆုံး၌ သူက ရှုံးနိမ့်သွားခဲ့၏။ သူ၏မိသားစုကလည်း ဖျက်ဆီးခံလိုက်ရပါသည်။သူ့အသက်ပင်သေလုနီးပါးဖြစ်ခဲ့သည် မဟုတ်ပါလား။ယခုတွင်တော့ သူက သစ်ခွဲစက်ရုံ၌ ရုပ်ဖျက်ကာ တိတ်တိတ်ဆိတ်ဆိတ်နှင့် သာမန်ဘဝကို နေထိုင်ရန်အတွက် ကြိုးပမ်းနေခဲ့ပါသည်။

သို့ပေမဲ့ အသစ်ရောက်လာသောစစ်ဆေးရေးမှူးနှင့် ပတ်သတ်သော အဖြစ်အပျက်က လင်းချီကျိုးအား ကွဲပြားခြားနားသော အမြင်တခုအားရသွားစေခဲ့ပါ၏။ 

လီဟမ်ရှန်းက သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး လင်းချီကျိုးကို ဒူးထောက်နေရာမှ ဆွဲထူမလိုက်ပါသည်။ 

"ဟာ ဒါကတော့ ပြသာနာမဟုတ်ပါဘူးဗျာ။ဒါမျိုးလုပ်ရမှာက စစ်ဆေးရေးမှူးရဲ့ တာဝန်တစ်ရပ်ပဲမဟုတ်လား။ကျုပ်က ကျုပ်ရဲ့တာဝန်ကို ကျုပ်လုပ်တာပါပဲ။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စစ်ဆေးရေးမှူးရုံးက လူအင်အားအင်မတန်ကို လိုအပ်နေတယ်ဗျ့။

အစ်ကိုလင်း၊ ကျုပ်က အစ်ကိုလင်းရဲ့ သူရဲကောင်းဆန်တဲ့အဖြစ်အပျက်တွေအကုန်လုံးကို ကြားထားပြီးသားပါဗျာ။အစ်ကိုလင်းက သစ္စာတရားရှိတဲ့ သိုင်းသမားတယောက်ဖြစ်ပြီးတော့ မိစ္ဆာတွေကို နှိမ်နင်းချင်စိတ်ရှိတယ်။

အစ်ကိုလင်းသာ ကျုပ်တို့ရဲ့ စစ်ဆေးရေးမှူးတပ်ဖွဲ့ထဲကို ဝင်မယ်ဆိုလို့ရှိရင်တော့ ကျုပ်က အရမ်းကို ဂုဏ်ယူမိမှာပါပဲဗျာ။

မြွေဖြူလမ်းမှာရှိတဲ့ သာမန်လူတွေရဲ့ ဘဝက အရမ်းကိုဆိုးနေပါတယ်။ဒီလိုမျိုးအခြေအနေကို ကျုပ်က ကြိုးစားပြီးတော့ပြင်ဆင်ချင်ပါတယ်။ ဒါပေမဲ့ ကျုပ်တယောက်တည်းမလုပ်နိုင်ဘူးဗျ့။

အစ်ကိုလင်း၊ ခင်ဗျား ကျွန်တော်နဲ့အတူလက်တွဲပြီးတော့ လုပ်ဆောင်နိုင်ဖို့အတွက် မျှော်လင့်ပါတယ်ဗျာ။"

လီဟမ်ရှန်းက ရင်ထဲရှိတဲ့အတိုင်းကို အရိုးသားဆုံးပြောပြခဲ့ပါ၏။

လင်းချီကျိုးကလည်း တုံ့ဆိုင်းမနေခဲ့ပါချေ။ 

ရန်ဝမ်ဟိုက သူ့အသက်ကိုကယ်တင်ခဲ့၏။ လီဟမ်ရှန်းကလည်း သူ့ညီမ၏ အသက်ကို ကယ်တင်ခဲ့သည် မဟုတ်ပါလား။သူက ထိုသူနှစ်ယောက်၌ အကြွေးများစွာတင်နေခဲ့ပါသည်။ 

"ကျုပ် ‌စစ်ဆေးရေးမှူးတပ်ဖွဲ့ထဲကို ဝင်ပါ့မယ်ဗျာ။"

လင်းချီကျိုးက ကျယ်လောင်စွာဖြင့် ကြေညာလိုက်ပါသည်။ 

"ကျုပ်တယောက်တည်းမဟုတ်ဘူး ။ကျုပ်ရဲ့ညီအစ်ကိုတွေလည်း ဝင်ကြလိမ့်မယ်။"

သူ့စကားဆုံးသည်နှင့် ရှိနေကြသော လူများထဲမှာ လူတဒါဇင်ခန့်မှာ မတ်တပ်ရပ်လိုက်ကြပါသည်။ ထိုသူများမှာ လီဟမ်ရှန်းစဝင်လာကတည်းက လီဟမ်ရှန်းကို စိုက်ကြည့်နေကြသော သူများလည်းဖြစ်ပါ၏။

တယောက်ချင်းစီတိုင်းမှာ သန်မာလှပြီး ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ရှိကြပါ၏။ ခြောက်ယောက်မှာ ပြန်လည်မွေးဖွားခြင်းအဆင့်၏ အလယ်အလတ်အဆင့်တွင်ရှိ၏။ နှစ်ယောက်မှာမူ နှောင်းပိုင်းအဆင့်တွင်ရှိပါသည်။ လင်းချီကျိုးကတော့ ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွဋ်အထိပ်အဆင့်တွင်ရှိပါသည်။

လီဟမ်ရှန်း၏မျက်လုံးများမှာ အရောင်တောက်ပသွားပါသည်။ ထိုသူများမှာ သူ၏ရုံးတော်၌ရှိသော သာမန်စစ်သည်ရဲမက်များထပ် များစွာ စွမ်းအားကြီးမားလှသည် မဟုတ်ပါလား။ 

"စစ်ဆေးရေးမှူးကြီးကို ဂါရဝပြုပါတယ်။ "

ထိုသူများကလီဟမ်ရှန်းအား လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ကြပါသည်။ 

"ထိုလိုမျိုးအစဉ်လာတွေမလိုဘူး ညီအစ်ကိုတို့ " လီဟမ်ရှန်းက သူတို့အားကြည့်ကာ ပြောလိုက်ပါသည်။

"ဒါပေမဲ့ ကြိုတခုတော့ပြောထားချင်တယ်။ ကျုပ်က စွမ်းအားကြီးတဲ့လူတွေကို ဦးညွတ်ရတာ မကြိုက်ဘူး။ မျက်စိနောက်တာလဲမကြိုက်ဘူး။ အနာဂတ်မှာ ကျုပ်က အင်အားစုတွေအများအပြားကို ပြစ်မှားစော်ကားမိလိမ့်မယ်။

အဲ့အတွက်ကြောင့်မို့လို့ ပြသာနာတွေ ဆက်တိုက်ကို တက်နေလိမ့်မယ်။ အဲ့လိုမျိုးအခြေအနေမျိုးကို မကိုင်တွယ်နိုင်ဘူး၊ မလုပ်နိုင်လို့ ထင်လို့ရှိရင် အခုကတည်းကလုပ်စရာမလိုဘူး။ ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ်နဲ့စိတ်တိုင်းကျ ရှင်သန်လို့ရတယ်။

ဒါပေမဲ့ တပ်ဖွဲ့ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ သစ္စာဖောက်တဲ့ လုပ်ရပ်ကတော့ လုံးဝလက်မခံဘူး။ သစ္စာဖောက်တယောက်ကိုသာ ကျုပ်ရှာတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ ကျုပ်က ရက်စက်လို့ဆိုပြီး အပြစ်မပြောစေချင်ဘူးဗျာ။"

"စစ်ဆေးရေးမှူးကြီး၊ စိတ်အေးအေးထားပါ။ ဒီညီအစ်ကိုတွေက ကျုပ်နဲ့အတူတူ သေရေးရှင်ရေးကိုအကြိမ်ကြိမ်ဖြတ်ကျော်ခဲ့တဲ့လူတွေပါ။ သစ္စာဖောက်တဲ့လူရှိတာနဲ့ ကျုပ်ကိုယ်တိုင် သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မှာပါ။".

လင်းချီကျိုးက လေးနက်သောအမူရာနှင့်ပြောလိုက်ပါသည်။ 

"ကောင်းတယ်။ ဒါဆိုရင်တော့ မနက်ဖြန်ကျလို့ရှိရင် တုရှန်းမြို့ကိုလာပြီးတော့ သတင်းလာပို့ပါ။"

လီဟမ်ရှန်းက ညွှန်ကြားလိုက်ပါ၏။

"ကျုပ်တို့တွေ ပစ္စည်းတွေသိမ်းပြီးတာနဲ့ မနက်ဖြန်ကျလို့ရှိရင် ရောက်အောင်လာခဲ့ပါမယ်။"

နောက်ထပ်အချက်လက်အနည်းငယ်ကိုဆွေးနွေးပြီးနောက်တွင် လီဟမ်ရှန်းက ပြန်လည်ထွက်ခွာလာခဲ့ပါ၏။

သူက ယနေ့တွင် တိုက်ခိုက်ရမည်ဟု မျှော်မှန်းထားသော်လည်း သူ့အထင်နှင့် လွဲမှားစွာဖြင့် အခြေနေများမှာ ကောင်းကောင်းမွန်မွန်နှင့် ပြီးဆုံးသွားခဲ့ပါသည်။ 

သူက လင်းချီကျိုး၏ညီမကို မတော်တဆနှင့် ကယ်တင်ခဲ့သောကြောင့်သာမဟုတ်လျှင် အခြေနေများက ထိုမျှ ရိုးရှင်းစွာဖြင့်ပြီးသွားလိမ့်မည် မဟုတ်ပါချေ။ 

အပြန်လမ်းခရီးတွင် ရန်ဝမ်ဟိုက လီဟမ်ရှန်းအား သူ့အဘိုး၏ သူရဲကောင်းဆန်သော ဖြစ်ရပ်များကို‌ပြန်ပြောင်းပြောပြနေခဲ့ပါသည်။

လီဟမ်ရှန်းကတည်ငြိမ်စွာနှင့် နားထောင်နေခဲ့ပါ၏။

သို့သော်သူတို့ရထားလုံးမှာ မြို့ဂိတ်တံခါးနှင့် နီးလာလေလေ သူ၏အာရုံမှလည်း တဖြည်းဖြည်းနှင့် ထက်မြလာလေလေဖြစ်သည်။ သူက ရှု့ခွေအား ဂရုစိုက်ရန်အတွက် သတိပေးလိုက်၏။

လုပ်ကြံသတ်ဖြတ်မှုမှာ သိပ်မကြာတော့မီ ရောက်လာတော့မည်ကို သူသိနေခဲ့ပါသည်။

ရှု့ခွေကလည်း လီဟမ်ရှန်း၏ စကားကိုကြားသည်နှင့် ချက်ချင်းကို သတိဝီရိယအပြည့် ဖြစ်သွားခဲ့ပါ၏။ တုရှန်းမြို့၏ သုံးမိုင်အကွာတွင် မြစ်ငယ်လေးတစ်စင်းရှိပါသည်။ ထိုမြစ်ငယ်လေးကို သစ်သားတံတားတခုထိုးထားခဲ့ပါ၏။

ထိုသစ်သားတံတားမှာ အလွန်မင်း အိုမင်းဟောင်းနွမ်းနေပြီး မပြင်ဆင်သည်မှာလဲ အလွန့်ကို ကြာခဲ့ပါပြီ။ ရထားလုံးက သစ်သားတံခါးကို ဖြတ်လာသည်နှင့် တံတားက တကျွီကျွီအသံများထွက်ပေါ်လာ၍ အချိန်မရွေးပြုတ်ကျတော့မလို ပြတ်ကျတော့မလို ဖြစ်နေခဲ့ပါသည်။

တံတားထံမှ ကျွီဟူ‌သောမြည်သံနှင့်အတူ ကောင်းကင်ထက်မှ ပုံရိပ်တခုက ထိုးဆင်းလာခဲ့ပါ၏။

ထိုပုံရိပ်မှာ အနက်ရောင်ဝတ်စုံဝတ်ထားပြီး မျက်နှာကို ဖုံးကွယ်ထားသော အမျိုးသားတယောက်ဖြစ်ပါသည်။ သိုသော် သူ့ထံမှ ထွက်ပေါ်နေသော မူလအဆင့်စွမ်းအားများမှာ လွန်စွာ စွမ်းအားကြီးမားလှပါ၏။ ထိုပြင်းထန်လှသော ဖိအားက ရထားလုံးအား မြစ်ထဲသို့ ဖိချနေသည့်အလားပင်ဖြစ်နေ၏။

"ဟင့်" လီဟမ်ရှန်း၏ သတိပေးမှုကြောင့် ရှု့ခွေက အဆင့်သင့်ပြင်ထားပါသည်။ အနက်ရောင်ဝတ်စုံနဲ့အမျိုးသားက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အခိုက်တွင် ရှု့ခွေကလှုပ်တောင်မလှုပ်ပေ။ထိုသူ၏ လက်ဖဝါးရိုက်ချက်အား သူ၏ လက်သီးနှင့် ကာကွယ်လိုက်ပါသည်။

လက်သီးနှင့်လက်ဝါးတိုက်ခိုက်မှုအကြားတွင် ဝံပုလွေအူသံများ‌ထွက်ပေါ်လာခဲ့ပါသည်။ မူလအဆင့်စွမ်းအားများ၏ အပြန်အလှန် ရိုက်ခတ်မှုကြောင့် မိုးခြိမ်သံကဲသို့သော ပေါက်ကွဲသံများထွက်ပေါ်လာခဲ့ပါ၏။

အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောသူမှ လီဟမ်ရှန်း၏ အနားတွင် မူလအဆင့်ကာကွယ်သူ တယောက်ရှိနေမည်ဟု သူမမျှော်လင့်ခဲ့မိပါချေ။

သူတို့နှစ်ဦး၏ ခွန်အားမှာ သိပ်မတိမ်းမယိမ်းရှိခဲ့လှပါ၏။ ရှု့ခွေ၏ လက်သီးချက်မှာ လေထဲမှ လူအား တံတားနှင့်ဝေးသော မြေပြင်ပေါ်သို့ ဆင်းသက်စေအောင်လုပ်နိုင်ခဲ့ပါ၏။ သူက ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ပြင်ဆင်လိုက်၏။ သူ၏အနက်ရောင်မျက်လုံးများမှာ အံ့ဩမှုကြောင့် ကျဉ်းမြောင်းသွားခဲ့ပါသည်။

သူက ပြန်လည်မွေးဖွားခြင်းအဆင့် နှောင်းပိုင်းအဆင့်တွင် ရှိသော လီဟမ်ရှန်းအား လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးခံခဲ့ရပါ၏။သို့သော် ထိုလီဟမ်ရှန်းအား မူလအဆင့်တယောက်က ကာကွယ်ပေးလိမ့်မည်ဟု မည်သူကမှ မပြောပြခဲ့ပါချေ။ ယခုလိုမျိုးမမျော်လင့်ထားသည့် ဖြစ်ရပ်များဖြစ်ပေါ်လာသောကြောင့် လုပ်ကြံသတ်ဖြတ်ရန် တာဝန်မှာ ပို၍ခက်ခဲသွားပြီဖြစ်သည်။ ထိုကိုယ်ရံတော်မှာမူလအဆင့်ဖြစ်သည့်အပြင် သူ၏စွမ်းအားမှာလည်း မျှော်လင့်ထားသည်ထပ် သန်မာလွန်းလှပါသည်။ ထို့အပြင် ထိုသူပစ်လွှတ်လိုက်သော လက်သီးချက်မှာ သူ၏အားကုန်ဟုတ်ဟန်မတူပေ။ ထိုကြောင့် ထိုသူ၏ ကာကွယ်မှု၏အောက်တွင် လီဟမ်ရှန်းအားသတ်ဖြတ်ရန်မှာ တော်တော်လေးကို ခက်ခဲမည် ဖြစ်သည်။

ရထားလုံးက တံတားကို ဖြတ်ကျော်လာနိုင်ခဲ့ပါ၏။ရှု့ခွေက ရထားလုံးပေါ်မှ ဆင်းလာခဲ့၏။ရှု့ခွေ၏ မျက်လုံးက အနက်ရောင်ဝတ်စုံနှင့် လူအား တစ်လျှောက်လုံးစိုက်ကြည့်နေခဲ့ပါသည်။

"ဘယ်လိုကောင်က အတင့်ရဲပြီးတော့ စစ်ဆေးရေးမှူးကို လုပ်ကြံရဲရတာလဲ "

ရထားလုံးထဲမှ ရန်ဝမ်ဟိုက ထွက်လာပြီး အသံပြဲနှင့် အော်ဟစ်လိုက်ပါသည်။ ရန်ဝမ်ဟိုက အသက်ကြီးနိုင်သည့်တိုင် မူလအဆင့်သိုင်းပညာရှင်နှင့် တွေ့သော်လည်း ကြောက်ရွံ့ဟန်လုံးဝမရှိပေ။လီဟမ်ရှန်းမှာ ထိုအဖြစ်အပျက်ကြောင့် ပြုံးရုံသာ တတ်နိုင်ပါ၏။ လူအိုကြီးက အတော်လေးကိုသတ္တိရှိနေပါသည်။

"မူ့အိမ်တော်က ကျုပ်ကိုသတ်ဖို့အတွက် ခင်ဗျားကို ဘယ်လောက်တောင်ပေးထားတာလဲ။"

လီဟမ်ရှန်းကလည်း ရထားလုံးပေါ်မှ ထွက်လာပြီး ပြုံးရင်းနဲ့ အနက်ရောင်ဝတ်စုံနဲ့ လူကို လှမ်းမေးလိုက်ပါသည်။

ထိုသူက တိတ်တိတ်နေနေပါ၏။

"အတော်လေးနှုတ်လုံတယ်ပေါ့ဟုတ်လား။တစ္ဆေဝံပုလွေ၊ အာ့တာခင်ဗျားနာမည်မဟုတ်လား။"

လီဟမ်ရှန်းကပေါ့ပေါ့ပါးပါးနှင့်မေးလိုက်ပါသည်။

တစ္ဆေဝံပုလွေဟူသောအမည်ကိုကြားသည်နှင့် ထိုအမျိုးသား၏မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့ပါသည်။

လီဟမ်ရှန်းက သူ့အားသိလိမ့်မည်ဟု သူကလုံးဝကို မထင်ထားခဲ့ပါချေ။

တစ္ဆေဝံပုလွေသာမကပေ ဟွာနှင့် မူ့အိမ်တော်နှစ်ခုလုံးမှစေလွှတ်ထားသော သူလျိုများမှပုန်းကွယ်ရင်းကြည့်နေရာမှ အတော်လေးကို ထိတ်လန့်သွားခဲ့ကြပါသည်။

"လီဟမ်ရှန်းက တစ္ဆေဝံပုလွေကို ဘယ်လိုများသိတာတုန်း။" ထိုလုပ်ကြံသတ်ဖြတ်သူမှာ မူ့အိမ်က တိတ်တဆိတ်လက်သပ်မွေးထားသော လုပ်ကြံသတ်ဖြတ်သူဖြစ်ပြီး မူ့အိမ်တော်ကို ဆန့်ကျင်သောသူများအား တိတ်တဆိတ် ရှင်းပစ်ခဲ့သူလည်းဖြစ်ပါသည်။

သူ၏တည်ရှိမှုကို မည်သူမှ မသိကြပေ။

နာမည်ကိုသိဖို့ဆိုတာက ပို၍ ဝေးပါသေးသည်။

အာ့တာတောင်မှ လီဟမ်ရှန်းက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။တစ္ဆေဝံပုလွေ၏အကြည့်မှာ လီဟမ်ရှန်းကို စိုက်ကြည့်နေခဲ့ပါ၏။ ရှု့ခွေ၏ကာကွယ်မှုရှိနေသေးသရွေ့တော့ လီဟမ်ရှန်းကို သူသတ်ရန်မှာ လုံးဝမဖြစ်နိုင်လုနီးပါပင်ဖြစ်သည်။ တစ္ဆေဝံပုလွေက တုံ့ဆိုင်းနေ၏။ သူနောက်ထပ်ဘာလုပ်ရမလဲဆိုတာ မသေချာဖြစ်နေပါသည်။ 

"သေလိုက်တော့" ရှု့ခွေက သတ်ဖြတ်ရန် ဟန်ပြင်လိုက်သည်။သို့သော် လီဟမ်ရှန်းက တားမြစ်လိုက်ပါ၏။

"ဦးလေးရှု့"

ရှု့ခွေက ရပ်သွားပြီးနောက် လီဟမ်ရှန်းကို လှည့်ကြည့်လိုက်၏။ 

"ကျွန်တော်သူ့ကို တိုက်ခိုက်ပါရစေ။ ကျွန်တော်သူ့ကိုစမ်းကြည့်ချင်တယ် ။"လီဟမ်ရှန်းက တည်ငြိမ်စွာဖြင့်ပြောလိုက်ပါသည်။ 

ရှု့ခွေမှာ အနည်းငယ်အံ့ဩသွားပါသည်။

"ဘာကိုစမ်းကြည့်ချင်တာတုန်း။"ရှု့ခွေက နားကြားလွဲသွားသည်ဟုထင်နေခဲ့၏။

"တစ္ဆေဝံပုလွေရဲ့ ခွန်အားကို စမ်းချင်တာလေ။"လီဟမ်ရှန်းက အပြုံးနှင့်ပြောလိုက်ပါသည်။

"အရင်တုန်းက မူလအဆင့်တစ်ယောက်နဲ့မှ ကျုပ်မတိုက်ခိုက်ဖူးသေးဘူး။သူဘယ်လောက်သန်မာလဲဆိုတာ သိချင်သေးတယ်။"

"ဒီငနဲလေးရူးသွားပြီလားဟ။"

ရှု့ခွေက သူ့နားကိုပင်သူမယုံနိုင်ခဲ့ပါချေ။

လီဟမ်ရှန်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းအဆင့်တွင်သာ ရှိပါသည်။သူကပါရမီရှင်တစ်ယောက်ဖြစ်နေပါလျှင် ပြန်လည်မွေးဖွားခြင်းအဆင့် အထွဋ်အထိပ်အဆင့်နှင့် တိုက်ခိုက်နိုင်သည်ကိုက အတော်လေးကို ကောင်းကင်ကိုဆန့်ကျင်နေပြီဖြစ်၏။

သို့သော် မူလအဆင့်ကို စိန်ခေါ်မယ်တဲ့လား။

ဒါက လုံးဝလုံးဝကို မဖြစ်နိုင်တဲ့အရာပင်ဖြစ်၏။ တစ်စုံတစ်ယောက်က မည်မျှပင်ပါရမီရင့်သန်စေကာမူ ထိုကဲ့သို့ဖြစ်ရပ်မျိုးမှာ လုံးဝဖြစ်နိုင်မည် မဟုတ်ချေ။ 

"စိတ်မပူပါနဲ့ ။ကျွန်တော့်မှာအစီအစဉ်ရှိပါတယ်။"လီဟမ်ရှန်းက စိတ်မပူရန်အတွက် ပြောလိုက်ပါသည်။

သူက အရင်တုန်းကတည်းက မူလအဆင့်နှင့် မတိုက်ခိုက်ခဲ့ဖူးပါချေ။ သို့သော် မူလအဆင့်၏ခွန်အားက မည်မျှရှိမည်ကိုတော့ ခန့်မှန်းဖူးထားပါသည်။

ထို့အပြင် ဟွာအိမ်နှင့် မူ့အိမ်မှ လွတ်ထားသော သူလျိုများအနီးနားတွင် ပုန်းခိုကာ စောင့်ကြည့်နေမည်ကို သူက ကောင်းကောင်းသိနေခဲ့၏။ မြွေဖြူလမ်းတွင်သူက အင်အားစုတစ်ခုအနေဖြင့်နေထိုင်မည်ဆိုပါက ရှု့ခွေ၏ကာကွယ်မှုအောက်တွင်မှီခို၍မဖြစ်ပါချေ။

သူ့တွင်လည်း ခွန်အားရှိကြောင်းကို လူအများသိအောင်ပြသနိုင်ဖို့လိုပေလိမ့်မည်။ ထိုကဲ့သို့ခွန်အားကိုပြထားမှသာ ဟွာအိမ်နှင့် မူ့အိမ်က သူ့အား အနည်းငယ် စိုးရွံ့နေမည် ဖြစ်ပါသည်။ 

"သခင်လေး သေချာရဲ့လား။ "

"လုံးဝသေချာတယ်။" လီဟမ်ရှန်းကခေါင်းညိတ်ကာပြောလိုက်ပါသည်။

လီဟမ်ရှန်း၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ကြားသောအခါတွင် ရှု့ခွေကလည်း ဘာပြောရ‌မှန်းကိုမသိအောင်ဖြစ်နေခဲ့၏။

ထို့ကြောင့်သူကနံဘေးသို့ရွေ့ပေး၍သာ တတ်နိုင်ခဲ့ပါသည်။

လီဟမ်ရှန်း၏ဆန္ဒကိုလိုက်လျောခဲ့သည့်အတိုင်း ရှု့ခွေက သတိအပြည့်ဖြင့် ဖြစ်နေခဲ့၏။

အချိန်မရွေး လီဟမ်ရှန်းကို ဝင်ကယ်နိုင်ရန်အတွက်

အသင့်ပြင်ထားပါသည်။

လီဟမ်ရှန်း၏အသက်အန္တရာယ်နှင့်ပတ်သတ်ပြီး ရှမူဟိုင်က ရှု့ခွေအားအပ်နှံခဲ့ခြင်းဖြစ်ပါသည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ မထွက်ခွာမှီ ရှမုဟိုင်က ရှုခွေ့အား အတန်တန်သတိပေးခဲ့သောကြောင့် ရှု့ခွေကထိုတာဝန်ကို နှလုံးသားထဲထိတိုင်အောင် စွဲမြဲနေအောင်မှတ်ယူထားခဲ့ပါ၏။သို့သော် သူ၏သခင်လေးက သေချင်နေပုံရပါသည်။

ပြန်လည်မွေးဖွားခြင်းအဆင့်နှောင်းပိုင်းနဲ့ မူလအဆင့်ကိုတိုက်ခိုက်မှာလား။ဟာသလုပ်နေတာလား။

တစ္ဆေဝံပုလွေကိုယ်တိုင်ပင်လျှင် အူကြောင်ကြောင်ဖြစ်နေခဲ့ပါသည်။

"လီဟမ်ရှန်းဆိုတဲ့သူက ရူးနေလား"ဟု သူကတွေးနေခဲ့၏။

သူသာ ရှု့ခွေအနောက်သို့နေပါက သူ၏ အသက်အန္တရာယ်မှာ ထိခိုက်နိုင်မည်မဟုတ်ပါချေ။ အခုသူက တစ္ဆေဝံပုလွေကို စိန်ခေါ်ချင်နေသေး၏။ ဒီအခြေနေကြီးက သူ့ကိုတမင်သက်သက်ကြီး အနိုင်ပေးနေတာနဲ့မတူဘူးလား။ သူ့တာဝန်ကကျိန်းသေကိုအောင်မြင်ပါတော့မည်။

လီဟမ်ရှန်းကို သတ်ဖြတ်လိုက်လျှင် ရှု့ခွေက လက်စားချေမည်မှာ မှန်သော်လည်း ရှု့ခွေမှာ သူ့ကို မှီအောင်မလိုက်နိုင်ဟု တစ္ဆေဝံပုလွေက ယုံကြည်နေခဲ့၏။

"စစ်ဆေးရေးမှူးကြီး သတိထားပါ။"ရန်ဝမ်ဟိုက ဘာပြောရမှန်းမသိပါချေ။

သူ၏သခင်မှာ အတော်လေးရဲရင့်သည်ဟုသာ တွေးနေမိပါသည်။

လီဟမ်ရှန်းက လှုပ်ရှားမှုတစ်ခုနှင့်အတူရထားလုံးပေါ်မှဆင်းလိုက်ပါ၏။သူက တစ္ဆေဝံပုလွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ပါသည်။ သူ၏ပုံစံမှာ လုံးဝကို ကြောက်ရွံ့‌တုန်လှုပ်သည့်ဟန် တစ်စက်ပင်မရှိပါချေ။ သူက မူလအဆင့်ကျွမ်းကျင်သူကို မကိုင်တွယ်နိုင်ပါက တုရှန်းမြို့တွင် ဘယ်လိုပင်နေရမလဲ။ဒီနေ့က သူ့ရဲ့ခွန်အားအစစ်အမှန်ကိုထုတ်ပြဖို့အချိန်ကနေပြီ။ သူ၏ လက်ရှိပန်းတိုင်က တစ္ဆေဝံပုလွေကို သတ်ရုံတင်မကပဲ ဟွာနဲ့ မူ့အိမ်ကိုပါ ချိန်းခြောက်ရန်ဖြစ်ပါသည်။ 

"သခင်လေး၊ သခင်လေးရဲ့ လက်နက်ကို မထုတ်ဘူးလား။"

ရှု့ခွေက လီဟမ်ရှန်း လက်ဗလာနှင့် တိုက်ခိုက်ရန်ဟန်ပြင်နေသည်ကို မြင်သောကြောင့် မေးလိုက်ပါသည်။

လီဟမ်ရှန်းက သူ၏ အင်မော်တယ်ပုံဖော်ခြင်းလှံကို မထုတ်ယူသောကြောင့်ပင်ဖြစ်၏။သူကလှံသိုင်းကိုကျင့်ကြံထားသည့်တိုင် ယခုတွင်မူ လှံမပါပဲ တိုက်ခိုက်ရမယ်တဲ့လား။

ငါ့သခင်လေးက ဖိအားကြီးကြီးမားမားထဲရောက်နေလို့နဲ့တူတယ်။

လီဟမ်ရှန်းက ရှု့ခွေကို လျစ်လျူရှုလိုက်ပါသည်။သူက တစ္ဆေဝံပုလွေကိုသာ စိန်ခေါ်လိုက်ပါ၏။

"ခင်‌ဗျားက ကျုပ်ကိုသတ်ချင်တယ် ဟုတ်တယ်မလား။ ခုခင်ဗျားအတွက် အခွင့်အရေးရပြီပဲ လာလေ။လာသတ်ချေ။"

ထိုစကားကြောင့် တစ္ဆေဝံပုလွေက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုခံစားလိုက်ရပါ၏။ သူ့လိုမူလအဆင့်အား ပြန်လည်မွေးဖွားခြင်းနှောင်းပိုင်းအဆင့်လေးက လာရောက်စိန်ခေါ်နေတယ်တဲ့လား။

"မင်းကသေချင်တယ်ပေါ့။ကျုပ်ကို အပြစ်မတင်နဲ့တော့။"

တစ္ဆေဝံပုလွေကအံတင်းတင်းကြိတ်ကာ သူ၏မူလအဆင့်စွမ်းအားများကို ထုတ်ဖော်လိုက်ပါသည်။

မူလအဆင့်စွမ်းအား၏ရိုက်ခတ်မှုမှာ လီဟမ်ရှန်းအတွက် ဖိအားကြီးကြီးမားမားဖြစ်နေခဲ့ပါသည်။ အတွင်းအားများမှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းမှ လာသည်ဖြစ်၏။သို့သော် မူလအဆင့်စွမ်းအားများမှာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများပင်ဖြစ်၏။ သာမန်အတွင်းအားများနှင့် မတူပါချေ။ မူလအဆင့်သို့ ချိုးဖြတ်ခဲ့ရပြီးသည့်အချိန်၌ ကောင်းကင်နှင့်မြေကြီး၏ ဆွဲအားကို လိုသလို ဆွဲယူကာသုံးစွဲနိုင်တော့မည်ဖြစ်သည်။

နှစ်ယောက်က တူညီသော သိုင်းကွက်တစ်ကွက်ကို အသုံးပြုမည်ဆိုပါက မူလအဆင့်စွမ်းအားနှင့် အသုံးပြုသောသိုင်းကွက်မှာ ထည့်ပြောစရာပင်မလိုပါချေ။ ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် မူလအဆင့်တိုက်ခိုက်ခြင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါချေ။

သို့ပေမဲ့ တစ္ဆေဝံပုလွေက ထိုအရာများကိုဂရုမစိုက်ဘဲနဲ့ ရှေ့သို့တိုးလာခဲ့ပါသည်။ လီဟမ်ရှန်း၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားခဲ့ပြီး သူ၏လက်များမှာလည်းထူးဆန်းသောလက်ဟန်သ‌ကေင်္တများကို ပြုလုပ်လိုက်ခဲ့ပါ၏။

တစ်ခဏအကြာတွင် တောက်ပသောအလင်းတန်းများမှာ လီဟမ်ရှန်း ၏ကျောပြင်မှ ထွက်ပေါ်လာခဲ့ပါ၏။နေနှင့်လတို့၏အလင်းရောင်နှင့်အတူ နေနှင့်လအလင်းရောင်အလယ်မှ သေးငယ်တဲ့ပုံရိပ်လေး၏သွေးမျိုးဆက်ကနှိုးထလာခဲ့ပါသည်။

ထိုနှိုးထလာသောစွမ်းအားမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှပါ၏။ ယင်းစွမ်းအားမှာ အရာရာတိုင်းကိုချိုးဖြတ်သောမည့်အလာပင်ဖြစ်ပါသည်။ လီဟမ်ရှန်းက ထိုစွမ်းအားကို နောက်တကြိမ်ထပ်မံခံစားမိပြန်၏။

စွမ်းအားမှာ နောက်ဆုံးအကြိမ်တုန်းက သူအသုံးပြုခဲ့တုန်းကထပ်စွမ်းအားပိုကြီးနေခဲ့ပါသည်။

“နေနဲ့လရဲ့ကြီးမြတ်မှုစွမ်းအား”

သူ၏အစွမ်းထက်ဆုံးသောလှုပ်ရှားမှု ထိုအကွက်ကို သာမန်အချိန်၌သူလုံးဝအသုံးမပြုရဲပါချေ။

အဘယ်ကြောင့်ဆိုသော်သူတစ်ကြိမ်အသုံးပြုပြီးသည်နှင့် သူ၏သွေးမျိုးဆက် စွမ်းအားများမှာ လုံးဝကို ခမ်းခြောက်သွားသောကြောင့်ပင်ဖြစ်၏။ ထို့နောက် ထိုကဲ့သို့ သွေးမျိုးဆက်စွမ်းအား ခမ်းခြောက်သွားခြင်းသညိ သူ၏ခန္ဓာကိုယ်ကို ထိခိုက်စေပါ၏။

ရက်ပေါင်းများစွာ ကြာအောင်အနားယူပြီးမှသာ ပြန်လည်၍ကောင်းမွန်မည် ဖြစ်သည်။ သို့သော် မူလအဆင့်သိုင်းပညာရှင်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူက ထိုအကွက်ကို ထုတ်မသုံး၍မရပေ။ ထိုအကွက်ကို ထုတ်သုံးမှသာလျှင် သူက အောင်မြင်နိုင်ဖို့ အလားလာရှိပါသည်။ 

တစ္ဆေဝံပုလွေမှာ လီဟမ်ရှန်း၏အနားသို့ မရောက်သေးခင်မှာပင် အန္တရာယ်အငွေ့အသက်ကို စတင်၍ ခံစားလိုက်ရပါတော့သည်။ စိတ်ဝိဉာဉ်ကိုပင် ထိုးဖောက်သွားစေနိုင်မည့် သေခြင်းတရားခံစားချက်အား ရုတ်တရက်ကြီး ရောက်ရှိလာခဲ့ပါသည်။ချက်ချင်းပင် တောက်ပသောအလင်းတန်းများက တစ္ဆေဝံပုလွေကို ဖုံးလွှမ်းသွားခဲ့ပါတော့သည်။

သူက လီဟမ်ရှန်း၏ လက်ဖဝါးနှစ်ဖက်တွင် ပိတ်လှောင်မိသလို ခံစားခဲ့ရပါတော့သည်။ ‌လီဟမ်ရှန်းက သူ့အား လက်ဟန်တစ်ခုတည်းနှင့် အမြစ်ပြတ် ချေမှုန်းလိုက်နိုင်သည့်အလားပင်ဖြစ်နေသည်။ ဒါကဘယ်လိုစွမ်းအားမျိုးကြီးလဲ။

တစ္ဆေဝံပုလွေမှာ ထိုကဲ့သို့သော ထူးဆန်းကာ ကြောက်ရွံ့ဖွယ်ကောင်းသော သိုင်းပညာမျိူးကို တစ်ခါဖူးမှ မမြင်ခဲ့ဖူးပါချေ။ 

"ကျိုးပျက်သွားစမ်း။" တစ္ဆေဝံပုလွေကအသံကုန်ဟစ်ကြွေးလိုက်၏။သူ၏လက်ဖဝါးရိုက်ချက်စွမ်းအားများမှာ ဒီရေလှိုင်းအလားတိုးမြှင့်လာခဲ့ပါသည်။ထိုစွမ်းအားမှာအရာရာကိုကွဲအက်စေမည့်အလားပင်။

သို့ပေမဲ့ လီဟမ်ရှန်း၏ နေနှင့်လ ကြီးမြတ်မှု သိုင်းပညာအကွက်မှာ ရောထွေးသွားပြီးနောက် ကြီးမားလှသော လက်ဖဝါးနှစ်ဖက်မှာ ဖြေးညင်းစွာဖြင့် နီးကပ်လာခဲ့ပါသည်။ထိုရောယှက်နေသော အားနှစ်ခုမှာ အရာရာကို ဖိနှိပ်တော့မည့်အလားပင် ဖြစ်နေ၏။ သူ၏အရိုးများမှာ သဲမှုန်များအဖြစ်သို့ ပြောင်းလဲနေသည်ကို တစ္ဆေဝံပုလွေက ခံစားလိုက်ရပါတော့သည်။

သူ၏မူလအဆင့်စွမ်းအားများမှာ လီဟမ်ရှန်း၏ဆန်းကြယ်သော စွမ်းအား၏ အောက်တွင် တဆတ်ဆတ် တုန်ရီနေသည်ကို ခံစားနေခဲ့ရပါသည်။

မိုးခ်ြိမ်းသံကဲ့သို့ နားကွဲမတတ်အသံကြီး ထွက်ပေါ်လာပြီးနောက် တစ္ဆေဝံပုလွေက သွေးဗွက်ဗွက်အန်သွားခဲ့ပါသည်။

လီဟမ်ရှန်း၏ နေနှင့်လ၏ ကြီးမြတ်မှု သိုင်းအကွက်တွင် တစ္ဆေဝံပုလွေမှာ သေလုမျောပါးဒဏ်ရာရသွားခဲ့ပါသည်။

သူ၏ကံတရားမှာ မသေချာတော့ပါချေ…

All Chapters