အခန်း (၂၈၆)
Vol. 25 Ch. 286
သူ့ခန္ဓာကိုယ်ရှိအရိုးများအားလုံး ကြေမွကုန်ပြီဟု တစ္ဆေဝံပုလွေက ခံစားခဲ့ရပါသည်။ သူ၏ အသက်ရှူသံမှာ တဖြည်းဖြည်းနှင့် ဖျော့တော့လာခဲ့ပါ၏။ ရှုထုတ်ခြင်းထပ် ရှုသွင်းခြင်းက ပို၍များပြားနေခဲ့ပါသည်။ လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ်တော့ ယိမ်းယိုင်နေခဲ့ပါ၏။
သို့သော်သူက ခန္ဓာကိုယ်ကို ကြိုးစားကာ တောင့်တင်းလိုက်ခဲ့ပါသည်။သူ၏ဖြူဖျော့နေသောမျက်နှာနှင့် နားထင်မှ အဆက်မပြတ်ကျဆင်းနေသော ချွေးသီးချွေးပေါက်များမှလွဲ၍ လီဟမ်ရှန်းက အားနည်းနေသည့်ဟန်မပြဘဲ မတ်မတ်ရပ်နိုင်ခဲ့ပါ၏။
ညသို့ရောက်လာပါပြီ…
လီဟမ်ရှန်း၏ လက်ရှိအခြေအနေကို မည်သူကမှ မမြင်နိုင်တော့ပါတော့ချေ။ လောလောဆယ်၌ ဘယ်သူကမှ သူ၏လက်ရှိအခြေအနေကို ဂရုမစိုက်ပါချေ။ အားလုံးမှာ တိတ်ဆိတ်နေပြီး ပြောစရာစကားများပျောက်ဆုံးနေခဲ့ပါသည်။ လီဟမ်ရှန်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းအဆင့်တွင်သာ ရှိပါ၏။ မူဟိုင်မင်းနှင့် တိုက်ခိုက်သည့်တိုက်ပွဲကို အနိုင်ရရှိခြင်းပင်လျှင် အတော်လေး ကောင်းကင်ဆန့်ကျင်နေခဲ့ပြီဖြစ်ပါသည်။ သို့သော် ထိုတိုက်ခိုက်မှုမှာ ယခုလောက် တုန်လှုပ်ဖွယ်ရာ မကောင်းပါချေ။ ယခုတွင်တော့ လီဟမ်ရှန်းက မူလအဆင့်ကျွမ်းကျင်သူတစ်ဉီးကို အမှန်အကန်ပင် တိုက်ခိုက်နိုင်ခဲ့ပါသည်။ ဤမျှပင်မဟုတ်သေးပါချေ။ အဓိကအချက်မှာ မူလအဆင့်သိုင်းပညာရှင်ဖြစ်သော တစ္ဆေဝံပုလွေမှာ လီဟမ်ရှန်း၏ သိုင်းကွက်တကွက်ကြောင့် လဲကျနေချိန်၌ လီဟမ်ရှန်းကို ကြည့်လိုက်သည့်အချိန်တွင်တော့ သူကလုံးဝကို ဒဏ်ရာမရထားသည့်အလားပင်။
ယင်းဖြစ်ရပ်မှာ လူများ၏ စိတ်ကူးစိတ်သန်းထပ် အများကြီးကို ကျော်လွန်နေခဲ့ပါသည်။ လီဟမ်ရှန်း၏ အနောက်ကို လိုက်နေသည်မှာ ကြာပြီဖြစ်သော ရှု့ခွေ ပင်လျှင် အိမ်မက်မက်နေသလားဟုပင် ခံစားခဲ့ရပါသည်။
ပြန်လည်မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ လက်အောက်တွင် မူလအဆင့်ကျင့်ကြံသူတစ်ယောက်က တကယ်ပဲသေဆုံးသွားတာလား။ ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ဟာမျိုးကြီးတုန်း။ လီဟမ်ရှန်းက နောက်သို့လှည့်ကာ သတိမေ့လဲတော့မည့် လေသံနှင့် ပြောလိုက်ပါ၏။
"ဦးလေးရှု့၊ တစ္ဆေဝံပုလွေရဲ့အလောင်းကို ပြန်ယူသွားပြီးတော့ မြို့တံခါးမှာ မနက်ဖြန်ကျ ချိတ်ဆွဲထားလိုက်ပါဗျာ။"
"အာ ဟုတ်ပြီ။" ရှု့ခွေက အူကြောင်ကြောင်နှင့်ပြန်ဖြေလိုက်ပါသည်။
လီဟမ်ရှန်းစကားပြောပြီးနောက်တွင် သူက ရထားလုံးထဲသို့ ဝင်သွားလိုက်ပါသည်။ ရမ်ဝမ်ဟိုကတော့ စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ပါ၏။ သူ၏ မုတ်ဆိတ်မွေးများမှာ ယိမ်းဝှေ့နေခဲ့ပါသည်။
သူတို့ရဲ့ စစ်ဆေးရေးမှူး ခွန်အားက အရမ်းကို ကြောက်မက်ဖွယ် ကောင်းလှပါ၏။ သူက မူလအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် တကယ်ပဲသတ်နိုင်တယ်တဲ့လား။ ယခင်တုန်းက သူသည် လီဟမ်ရှန်း၏ ခွန်အားကိုသံသယဝင်ခဲ့ပါသည်။
ထိုညနေမှာ လီဟမ်ရှန်းအား အသတ်ခံရမည်ကို စိုးရွံ့ခဲ့ပါ၏။ ယခုတော့ ဘယ်သူကများလုပ်ရဲတော့မှာလဲ။ လီဟမ်ရှန်း၏ လက်ထဲ၌ မူလအဆင့်လူတစ်ယောက်ပင်လျှင် သေဆုံးခဲ့ရပြီမဟုတ်ပါလား။
မူနှင့် ဟွာမိသားစုများ၏ ဘိုးဘေးများဖြစ်သော မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူများကသာ မလှုပ်ရှားလျှင် လီဟမ်ရှန်းကို မည်သူမျှ သတ်နိုင်မည် မဟုတ်ပါချေ။
ရှု့ခွေက တစ္ဆေဝံပုလွေ ၏ အနားသို့ တိုးကပ်သွားလိုက်ပါသည်။ တစ္ဆေဝံပုလွေမှာ သေလုနီးပါးအခြေအနေသို့ရောက်နေခဲ့ပါပြီ။၎င်း၏အရိုးများမှာ တစစီကျေမွခဲ့ပြီဖြစ်၏။ သူ၏အတွင်းအင်္ဂါများမှာလည်း လုံးဝကို အမှုန့်နီးနီးဖြစ်နေခဲ့ပါပြီ။
လီဟမ်ရှန်းအသုံးပြုလိုက်ခဲ့သော သိုင်းကွက်မှာ မည်မျှပင်စွမ်းအားကြီးမားလှသည်ကို ရှု့ခွေက မခန့်မှန်းနိုင်ခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းကွက်အောက်တွင် တစ္ဆေဝံပုလွေမှာ လုံးဝကို သေဆုံးလုနီးပါးပင် ဖြစ်နေသောကြောင့် ဖြစ်၏။
ယခုအချိန်တွင်တော့ ရှု့ခွေက စိတ်ခံစားချက်များပြင်းထန်နေခဲ့ပါသည်။ သူ၏ သခင်လေး၏ကြီးပြင်းမှုမှာ အလွန်အမင်းကို ကြောက်ရွံ့ဖွယ်ကောင်းသည် မဟုတ်ပါလား။
သူတို့စစတွေ့ချင်းအချိန်တွင် သူကတက်လမ်းခြင်းအဆင့်တွင်သာ ရှိသော သာမန်လူငယ်တယောက်သာဖြစ်ပါ၏။ နောက်ပိုင်းတွင် သူက ကောင်းကင်ဘုံသို့ ခြေတလှမ်းနှင့် ရောက်လာသကဲ့သို့ တိုးတက်လာခဲ့ပါသည်။
ယခုဒီတွင်တော့ သူကမှန်းဆ၍မရနိုင်သော အခြေအနေသို့ မြင့်တက်သွားခဲ့ပြီ ဖြစ်၏။ မူလအဆင့်သို့ရောက်နေသော တစ္ဆေဝံပုလွေပင်လျှင် ထိုကဲ့သို့သော ကံတရားမျိုးနှင့် ကြုံတွေရပြီ ဖြစ်သောကြောင့် ယခုကြည့်ရသည်မှာ သူ၏ သခင်လေးမှာ သူ့ထပ်ပင် စွမ်းအားအရာ၌သာလွန်သွားခဲ့သည့်ပုံ ရှ်ိပါသည်။
"ပြန်ကြရအောင်" လီဟမ်ရှန်းက ခံစားချက်ကင်းမဲ့စွာဖြင့်ပြောလိုက်ပါသည်။
"အမိန့်အတိုင်းပါ" ရှု့ခွေ၏အသံမှာ ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေခဲ့ပါ၏။တိုက်ပွဲပြီးသွားပြီးနောက်တွင် ဟွာအိမ်တော်နှင့် မူ့အိမ်တော်ရှိ လူများကလျှင် လီဟမ်ရှန်းအားကြောက်ရွံ့သွားသည်မက ရှု့ခွေပင်လျှင် လီဟမ်ရှန်းကို ပို၍ လေးစားသွားခဲ့ကြပါသည်။
ထိုလေးစားမှုမှာ သန်မာသောသူအားလေးစားသော လေးစားမှုမျိုးဖြစ်၏။ မူ့အိမ်တော်နှင့် ဟွာအိမ်တော်ရှိလူများသည် ခပ်မြန်မြန်ပင် သတင်းပြန်ပို့ခဲ့ကြပါသည်။ မူလအဆင့်ရှိသော တစ္ဆေဝံပုလွေက လီဟမ်ရှန်း၏ သိုင်းကွက်တစ်ကွက်တည်းနဲ့ အသတ်ခံခဲ့ရသည်။ ထိုဖြစ်ရပ်ကို သူတို့၏ မျက်လုံးနှင့်ပင် မြင်ခဲ့ကြပါ၏။ ထိုသတင်းမှာ မူ့အိမ်တော်သို့ ရောက်သွားသောအခါတွင် သတင်းလာပို့သောသူမှာ ရူးကြောင်ကြောင်ဖြစ်နေသည်ဟု မူစန်းက ထင်ခဲ့ပါသည်။
လီဟမ်ရှန်း၏ ကျင့်ကြံမှု အဆင့်က ဘယ်လောက်ပဲရှိသေးတာမို့လို့လဲ။ ပြန်လည်မွေးဖွားခြင်းနှောင်းပိုင်းအဆင့်မှာပဲ ရှိတာ မဟုတ်ဘူးလား။ ပြန်လည်မွေးဖွားခြင်းနှောင်းပိုင်းအဆင့်က မူလအဆင့်ကျင့်ကြံသူကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ။
ထိုသတင်းက သူ၏ ဦးနှောက်ကို စော်ကားနေသည်ဟု မူစန်းကခံစားခဲ့ရပါသည်။
သို့သော် ဟွာမိသားစု၏ အိမ်ကိုပင် သူတို့၏ သူလျိုများက သတင်းပြန်ပို့သည့်သတင်းမှာလဲ သူရရှိသော သတင်းနှင့် တူညီနေသောကြောင့် ထိုသတင်းမှာ အမှန်ကန်ဖြစ်သည်ကို သူတို့က အသေချာ သိလိုက်ရပါသည်။ ထိုသတင်းကြောင့် လီဟမ်ရှန်းကို မိသားစုနှစ်စုလုံးကအမှန်အကန်ကို ကြောက်ရွံ့သွားခဲ့ကြပါ၏။ လီဟမ်ရှန်းက မူလအဆင့်ကျင့်ကြံသူတစ်ဦးမှာရှိတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာတဲ့လား။
စစ်ဆေးရေးမှူးရုံးခန်းသို့ပြန်လည်ရောက်ရှိပြီးနောက်ပိုင်းတွင် လီဟမ်ရှန်းက အနားယူရန်အတွက် ထွက်သွားခဲ့ပါသည်။ နေနဲ့လရဲ့ ကြီးကျယ်ခမ်းနားမှုသိုင်းကွက်က လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါ၏။
သူ၏ သွေးမျိုးဆက်ကို အလွန်အမင်းအားနည်းသောအခြေအနေသို့ ရောက်ရှိစေခဲ့ပါသည်။ ထိုသိုင်းကွက်မှာ လီဟမ်ရှန်း၏ နတ်ခန္ဓာကိုယ်အား အလွန်အမင်း အားအင်ယုတ်လျော့စေပါ၏။
ထိုသိုင်းကွက်ကိုအသုံးမပြုပဲ အင်မော်တယ်အရှင်သခင် သိုင်းကွက်ကိုပဲ အသုံးပြုမည်ဆိုပါက သူကမူလအဆင့်ကျွမ်းကျင်သူအား သတ်ဖြတ်နိုင်မည်မဟုတ်ပါချေ။ အိပ်ရာပေါ်မှာ ထိုင်နေရင်းနှင့် လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ်ကို တုန်ရီနေခဲ့ပါသည်။သူ၏အတွင်းအားများမှာ တစ်ဝက်ခန့်ပင်ကုန်ဆုံးသွားခဲ့ပါ၏။
နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်၏ ပြန်လည်ကုစားနိုင်သော စွမ်းအားနှင့်ပင်လျှင် သူကအပြည့်အဝ ပြန်လည်မကောင်းမွန်လာနိုင်ပါချေ။ ထိုစွမ်းအားကို ပထမဦးဆုံးအကြိမ်သူအသုံးပြုခဲ့စဉ်တုန်းက လုရှီရန်အား သူ၏ ကျောပေါ်၌ ကုန်းပိုးကာ တစ္ဆေမျိုးနွယ်ဝင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည် အချိန်ကာလတုန်းကဖြစ်ပါ၏။ ထိုစဉ်ကာလတုန်းက ထိုစွမ်းအားကို အသုံးပြုပြီးနောက်တွင် တရက်နှင့် တညတိတိကို သူက အိပ်ပျော်သွားခဲ့ပါသည်။ ယခုတွင်တော့ ထိုစွမ်းအားကို အသုံးပြုခဲ့သည့်တိုင် အရင်ကလိုမအိပ်ပျော်သော်လည်း ခန္ဓာကိုယ်တခုလုံးမှာ ခွန်အားတစက်မှမရှိသလို ခံစားနေခဲ့ရပါသည်။
သို့သော်လီဟမ်ရှန်း၏ အခြားသော ပြသာနာတခုနှင့် ကြုံတွေ့နေခဲ့ရပါ၏။ ထိုအရာက သူ့အား သတင်းပေးသူသည် မည်သူနည်း။ မူ့အိမ်တော်က လူတွေက သူ့ကို သတ်ဖို့ကြံနေတာကို အဲ့ဒီလူက ဘယ်လိုသိတာလဲ ။ သူ့ကိုဒီလိုလျို့ဝှက်တဲ့ သတင်းအချက်အလက်ပေးတဲ့သူက ရန်သူတော့မဟုတ်နိုင်ဘူးလေ။မိတ်ဆွေပဲဖြစ်ရမယ်။
တစ်စုံတစ်ဦးက သူ့အား တိတ်တဆိတ်ကူညီပေးနေပါ၏။ ထိုဖြစ်ရပ်ကြောင့် လီဟမ်ရှန်းက လုံခြုံသောခံစားချက်ကို ရပြီး အနည်းငယ်တော့ ပျော်ရွှင်နေခဲ့ပါသည်။
အဲ့ဒီလူက လီချန်ချင်းဖြစ်နေသည်ဆိုတာကို သူသိခဲ့ရင် အလွန်အမင်းကို အံ့ဩသွားမည် ဖြစ်၏။
မနက်ဖြန်ရောက်လျှင် တုရှန်းမြို့ တခုလုံးက ကြီးကြီးမားမားပြောင်းလဲသွားမည်ကို လီဟမ်ရှန်းက မျှော်လင့်နေခဲ့ပါသည်။ ပြန်ရောက်ပြီးနောက်တွင် လီဟမ်ရှန်းက ယနေ့ညတိုက်ပွဲအခြေအနေကို ဝူစမ်းထောင်အား တစ်မြို့လုံးသို့ သတင်းဖြန့်ရန်အတွက် စေလွှတ်လိုက်ပါသည်။ လီဟမ်ရှန်းက စွမ်းအားကြီးသည်ကိုဝူစမ်းထောင်က အရင်တုန်းကတည်းက သိပါ၏။
သို့ပေမဲ့ လီဟမ်ရှန်းက မူလအဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် သတင်းကို ကြားသောအခါတွင် သူကိုယ်တိုင်ပင်လျှင် အလွန်အမင်းကို ထိတ်လန့်အံ့ဩခဲ့ရပါသည်။ သူက လီဟမ်ရှန်း၏ နောက်သို့ လိုက်ခဲ့ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပို၍ ခံစားလာခဲ့ရပါတော့သည်။
ထိုနေ့ညတွင် မူ့အိမ်တော်နှင့် ဟွာအိမ်တော်ရှိ လူများမှာမူ အိပ်စက်ရန် ခက်ခဲနေကြပါသည်။
စစ်ဆေးရေးမှူးရုံးရှိအင်အားမှာ တဖြည်းဖြည်းနှင့် တိုးပွားခဲ့ပါ၏။ထို့အပြင် ထိုစစ်ဆေးရေးမှူးရုံးက သူတို့မိသားစုများနှင့် အစေးမကပ်သောကြောင့် ပို၍ပင် ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြပါသည်။ ယခုအချိန်တွင် အနာဂတ်တွင် သူတို့မိသားစု၏ စီးပွားရေးလုပ်ငန်းများကို စစ်ဆေးရေးမှူးရုံးက အတိုက်အခံလုပ်တော့မည်ပင်ဖြစ်သည်။
သူတို့က ဘာလုပ်နိုင်ကြတော့မှာလဲ။
တံခါးပိတ်ကျင့်ကြံနေသော ဘိုးဘေးများကို လီဟမ်ရှန်းအား သတ်ရန်အတွက် အပြင်ထွက်ဖို့တောင်းဆိုရမှာလား။
နောက်တစ်နေ့ နံနက်ခင်း…
တုရှန်းမြို့၏ တံခါးမှာ တစ္ဆေဝံပုလွေ၏ အလောင်းကို တန်းလန်းချိတ်ဆွဲထားခဲ့ပါ၏။
အလောင်း၏ အောက်တွင် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကိုအကျယ်တဝင့်ရှင်းလင်းထားသော စာများကို ကပ်ထားပါသည်။ထိုသတင်းမှာ တုရှန်းမြို့ကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပါ၏။ သို့သော် ကပ်ထားသောစာရွက်၌ ထိုတစ္ဆေဝံပုလွေကို သတ်ဖြတ်သူမှာ လီဟမ်ရှန်းဟူ၍မပါရှိပါချေ။ စာထဲ၌ပါသည်မှာ လုပ်ကြံသတ်ဖြတ်သူက စစ်ဆေးရေးမှူးကို တိုက်ခိုက်သောကြောင့် ကွပ်မျက်လိုက်သည်ဟုသာ ပါရှိပေ၏။
သို့ပေမဲ့ ထိုကဲ့သို့သောသတင်းက လူတိုင်းကို အတွေးများစွာ တွေးသွားစေခဲ့ပါသည်။ လင်းချီကျိုးနှင့် သူ၏ ညီအစ်ကိုများသည် မြို့သို့လာသည့်အခါတွင် မြို့တံခါးဝတွင် ချိတ်ထားသည့် အလောင်းနှင့် အမိန့်ပြန်တမ်းကို မြင်ပြီးနောက်တွင် အလွန်တရာ ထိတ်လန့်သွားခဲ့ပါသည်။ စစ်ဆေးရေးမှူးရုံးက ထိုမျှလောက်စွမ်းအားကြီးမားမည်ဟု သူတို့က လုံးဝမထင်ထားခဲ့ပါချေ။ ထိုအဖြစ်အပျက်ကြောင့် လင်းချီကျိုးနှင့် သူ၏ ညီနောင်များက စစ်ဆေးရေးမှူးရုံး၌တာဝန်ထမ်းဆောင်ရန်အတွက် ပို၍ပင် စိတိအားထက်သန်လာခဲ့ကြပါသည်။
ကျီ့ဝူမြို့တွင်တော့ လီချန်းချင်းကလဲ ထိုသတင်းကိုကြားသိခဲ့ရပါသည်။ သူ၏သားဖြစ်သူမှာ မူလအဆင့်ကျင့်ကြံသူအား သတ်ဖြတ်နိုင်သည်ဟူသောသတင်းကိုကြားသောအခါ လီချန်ချင်းပင်လျှင် ထိတ်လန့်သွားခဲ့ပါ၏။
ပြန်လည်မွေးဖွားခြင်းအဆင့်နှောင်းပိုင်းက မူလအဆင့်ကို သတ်နိုင်တယ်တဲ့လား။သူ့သားက တကယ်ကို ပါရမီရှင်တယောက်ပဲ။ သတင်းကိုဖတ်ပြီးသောအခါတွင် လီချန်ချင်းမှာ လွန်စွာ ပျော်ရွှင်နေ၏။ထို့ကြောင့် သူက အရက်လာသောက်သော သူများအား အမြည်းတပန်းကန်အပို ချကျွေးနေပါတော့သည်။ တချိန်တည်းမှာပင် လီချန်ချင်းက ကျန်းဝမ်လျိုထံမှ ပို၍များသော သတင်းအချက်အလက်များရရှိခဲ့ပါ၏။
သူ့၌ ကျန်းဝမ်လျိုပေးထားသော တိရစ္ဆာန်ကောင်လေးများရှိပါသည်။ ထိုတိရစ္ဆာန်ကောင်လေးများမှတစ်ဆင့် ကျန်းဝမ်လျိုက သူ့အားသတင်းအချက်အလက်များပေးပို့ခဲ့ပါသည်။
ကံကောင်းသည်မှာ ကျန်းဝမ်လျို၌ များစွာသော ရွှေပိုးကောင်ပိတုန်းများရှိနေသောကြောင့်ဖြစ်သည်။ ကျန်းဝမ်လျိုက ရွှေပိတုန်းပိုးကောင်းများကို လီချန်ချင်း ထံသို့ ပေးရန် တွန့်ဆုတ်နေသော်လည်း လီချန်ချင်း၏ ပုံပြင်ဝတ္ထုများက သူ့အားအလွန်ဆွဲဆောင်နေခဲ့ပါ၏။
သူက စွန်းဝူခုန်း၏ ကောင်းကင်ဘုံ၌ တက်မွှေနေသည့် ဇာတ်လမ်းကိုကြားဖူးသည့်နေတွင် စွန်းဝူခုန်းဇာတ်လမ်း၏ ပရိသတ်ဖြစ်နေခဲ့ပြီ ဖြစ်၏။ ယခုအချိန်တွင် သူနားထောင်သည့် ဇာတ်လမ်းမှာ စွန်းဝူခုန်းအား လက်ငါးချောင်းတောင်၌ ဖိကာအပြစ်ပေးနေပြီး ထန်စမ်းဘုန်းတော်ကြီးနှင့် တွေ့နေသည့် အခန်းပင်ဖြစ်ပါ၏။
လင်းချီကျိုးမှာ စစ်ဆေးရေးမှူးရုံး၌ တရားဝင်တာဝန်ထမ်းဆောင်နေပြီး ခေါင်းဆောင်နတ်ဘုရားဖမ်းဆီးသူတစ်ဦးဖြစ်လာခဲ့ပါသည်။ သူ၏အချို့သောညီနောင်ရဲမတ်များမှာ စစ်ဆေးရေးမှူးရုံး၏အစောင့်ရဲမတ်များဖြစ်လာခဲ့ကြပါ၏။ သူတို့၏ ထပ်ပေါင်းအင်အားစုနှင့်အတူ စစ်ဆေးရေးမှူးရုံး၏ အင်အားမှာ တဖြည်းဖြည်းချင်းတိုးတက်လာခဲ့ပါသည်။
နောက်တနေ့နေ့လည်ခင်းတွင်တော့ မူ့အိမ်တော်ကလူများကရောက်လာပြီး အဖမ်းခံထားရသောသူကို လာရွေးခဲ့ပါသည်။ ယခုအချိန်တွင်တော့ အရင်တုန်းကနဲ့မတူတော့ဘဲ မူ့အိမ်တော်မှ လူများက အလွန်တရာကို နှိမ့်ချနေခဲ့ကြပါသည်။ ယခုရောက်လာသောသူမှာ မူစန်း ဖြစ်၏။ သူက မူဟိုင်မင်းကို ပြန်လာရွေးခြင်းဖြစ်ပါသည်။ မူဟိုင်မင်းကိုရွေးရန်အတွက် ငွေစနှစ်သောင်းကို အလျော်ပေးခဲ့ပါ၏။ သူ၏ အမူအရာမှာ လွန်စွာ ရိုးကျိုးနေပြီး မာနထောင်လွှားသော အမူအရာတစ်စက်မှကို မပြခဲ့ပါ။ ထို့အပြင် မူ့အိမ်တော်မှ လူများက မူ့ရှုံကိုပင် တခါတည်းပြန်ရွေးလိုခဲ့ပါသည်။
သို့ပေမဲ့လီဟမ်ရှန်းက တိုက်ရိုက်ပင်ငြင်းဆန်ခဲ့၏။ လီဟမ်ရှန်းက မူ့ရှုံအား ခေါင်းဖြတ်ကာ ကွပ်မျက်ခံရမည်ဟု တစ်ခါတည်းပြောခဲ့ပါသည်။ ထိုသို့လုပ်ရခြင်းမှာလည်း သူက ကြီးစွာသောပြစ်မှုကို ကျူးလွန်ခဲ့ခြင်းကြောင့်ပင်ဖြစ်၏။
မူ့အိမ်တော်မှ လူများသည် ပြောစရာစကားမရှိအောင် ဆွံ့အခဲ့ကြပြီး မပြန်ချင်ပြန်ချင်နှင့်သာအိမ်သို့ပြန်ခဲ့ကြရပါ၏။ ယခုတစ်ခေါက်တွင်မူ့အိမ်တော်မှာ ကြီးကြီးမားမားပင် ဆုံးရှုံးခဲ့ရပါသည်။ မူစန်းမှာ သေလုနီးပါးဒေါသဖြစ်နေရာ ထိုပြသာနာကိုဖြေရှင်းရန်အတွက် သူ့မှာအကြံကောင်းရှိမနေပါချေ။ ထို့ကြောင့် မူ့အိမ်တော်ရှိလုပ်ငန်းများကို တိတ်တဆိတ်လုပ်ကိုင်ရန်သာတတ်နိုင်ပါတော့၏။
ညနေခင်းသို့ရောက်ပါပြီ…
ယခုအချိန်တွင် လီဟမ်ရှန်းမှာ ရှဉ့်လေးတစ်ကောင်ပေးပို့သောလျို့ဝှက်အချက်အလက်တခုကို ရရှိခဲ့ပါ၏။ ထိုဆန်းကြယ်သောသူက သတင်းအချက်အလက်ပို့ပေးသည့်အခိုက်တွင် ပေးပို့သောနည်းလမ်းများမှာ လီဟမ်ရှန်းကိုပြုံးမိစေပါသည်။ ထိုဆန်းကြယ်သောသူ၏ အသုံးပြုသောနည်းလမ်းများမှာ အနည်းငယ်ကလေးဆန်သည်ဟု သူကတွေးမိပါသည်။
သို့သော် ယခုအသစ်ရရှိသော သတင်းအချက်အလက်ကို ရပြီးနောက်တွင် လီဟမ်ရှန်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားခဲ့ပါသည်။အဘယ်ကြောင့်ဆိုသော် သတင်းအချက်အလက်၏ ပထမဆုံးအချက်အလက်မှာ သာမန်အချက်အလက်သာဖြစ်ပါသည်။ ထိုအချက်အလက်ထဲတွင် သူ၏စစ်ဆေးရေးမှူးရုံးရှိအစောင့်များထဲတွင် မူ့အိမ်တော်နှင့် ဟွာအိမ်တော်တို့က ထည့်ထားသော သူလျိုများပါရှိသည်ဟူသောအချက်အလက်များပင်ဖြစ်သည်။
ထိုအချက်အလက်ကိုတော့ လီဟမ်ရှန်းက မအံ့ဩပါချေ။ မူ့အိမ်တော်နှင့် ဟွာအိမ်တော်ရှိလူများကို စစ်ဆေးရေးမှူးရုံး၌ သူလျိုမထည့်ထားတာကမှသာ ထူးဆန်းနေပါအုန်းမည်။ သို့သော်အောက်တွင်ပါသော သတင်းအချက်အလက်များမှာမူ လီဟမ်ရှန်းကိုတော်တော်လေးကို တွေဝေသွားစေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းအချက်အလက်၌ လုချောင်းချောင်းဟူသောအမည် ပါဝင်နေသောကြောင့်ပင်ဖြစ်၏။
-ပထမဦးဆုံးသတိထားရမည့်အချက် ကျန်းကောစံအိမ်ရဲ့ နယ်မြေအတွင်းမှာ လုချောင်းချောင်းကိုတွေ့လို့ရှိရင် သူမရဲ့စကားကို လုံးဝ မယုံကြည်ပါနှင့်။ သူမက လုချောင်းချောင်းအစစ်မဟုတ်ဘူး။
-ဒုတိယသတင်းအချက်အလက် လုချောင်းချောင်းက အနီရောင်အဝတ်အစားဝတ်ထားတာကို မြင်လို့ရှိရင် ဘာမှမေးမနေပါနဲ့။ ထွက်သာပြေးတော့။ သူမနဲ့နီးနီးမှာမနေနဲ့ အသက်လုပြီးသာ ထွက်ပြေးပါ။
-တတိယအချက် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ လောရှောင်ချန်ကို လုံးဝမယုံပါနှင့်။