အခန်း (၂၈၇)
Vol. 25 Ch. 287
ထိုသို့သတင်းအချက်အလက်သုံးခုကို မြင်တွေ့လိုက်ချိန် လီဟမ်ရှန်းက လေးနက်စွာ တွေးတောလိုက်ပါသည်။ သူယခင်က ထင်ခဲ့သည်မှာ သူ့အားကူညီပေးသောသူမှာ ကျန်းကောစံအိမ်၌ရှိနေသော လူတယောက်ဖြစ်မည်ဟုထင်လိုက်ပါသည်။ ယခုအခြေအနေကို ကြည့်ရသလောက်ကတော့ အကူအညီပေးနေသူမှာ သူဟိုးအရင်ကတည်းကသိရှိထားပြီးသောသူ ဖြစ်ပေလိမ့်မည်။ နောက်ထပ်ဖြစ်နိုင်တာက အဲ့ဒီလူက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက လူတယောက်ဖြစ်နိုင်ပါသည်။ ဒါပေမဲ့ ဘယ်သူများဖြစ်မလဲ။
အဲ့ဒီလူက လုချောင်းချောင်းရဲ့အကြောင်းကို ဘယ်လိုများသိနေတာလဲ။
ပြီးတော့ လုချောင်းချောင်းက လုချောင်းချောင်းအစစ်မဟုတ်ဘူးဆိုတာက ဘာသဘောလဲ။
ပြီးတော့ အနီရောင်အဝတ်အစားကို ဝတ်တယ်ဆိုတာကကော ဘာအဓိပ္ပာယ်လဲ။
ပြီးတော့ လောရှောင်ချွမ်ကို ဘာလို့မယုံရတာလဲ။ လောရှောင်ချွမ်က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ဂိုဏ်းချုပ်ဖြစ်တာကလွဲပြီးတော့ သူ့အကြောင်းကိုများများစားစား လီဟမ်ရှန်းက မသိပါချေ။ သူသိတာက လောရှောင်ချွမ်က ရှေးဟောင်းတာအိုတောင်းတန်းရဲ့ မရှိမဖြစ်ထောက်တိုင်ကြီးဖြစ်ပြီး သူကဂိုဏ်းသို့ပြန်ရောက်လာပြီးနောက်ပိုင်း ဂိုဏ်းရှိ စွမ်းအားကြီး ကျန်လူများမှာ စိတ်နှလုံးအေးသွားသည့် ပုံစံဖြစ်သွားသည်ကို သတိထားခဲ့မိပါသည်။
လောရှောင်ချွမ်မှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အဓိကမရှိမဖြစ်နှလုံးသားတခုလိုပင်ဖြစ်နေပါသည်။ လီဟမ်ရှန်းက သေသေချာချာကြီး တွေးတောနေခဲ့ပါ၏။ လောရှောင်ချွမ်က နည်းနည်းတော့ ထူးတော့ထူးဆန်းနေခဲ့ပါသည်။ သူကပြန်ရောက်တာနဲ့ လီဟမ်ရှန်းအား ကျန်းကောစံအိမ်သို့တခါတည်းသွားခိုင်းသည်မဟုတ်ပါလား။
သူ၏ခွန်အားမှာ ကျန်းကောစံအိမ်သို့ သွားရန်မလုံလောက်သေးမှန်းသိသိကြီးနဲ့ လီဟမ်ရှန်းအား ပို့ခဲ့သည်မဟုတ်ပါလား။ စစချင်းတုန်းက လောရှောင်ချွမ်က သူ့အား ကျိုးကျွင်းအား လွှတ်ပေးခဲ့သောကြောင့် အပြစ်ပေးသည်ဟု လီဟမ်ရှန်းက ထင်ခဲ့ပါသည်။
သို့သော် ယခုရရှိသော အချက်များအရ ထိုသို့ဟုတ်ဟန်မတူပါချေ။ ပြီးတော့ သူက ကျန်းကောစံအိမ်မှာ လုချောင်းချောင်းနဲ့ ဘာလို့တွေ့ရအုန်းမှာလဲ။လုချောင်းချောင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှာ ရှိနေတာ မဟုတ်ဘူးလား။
"ဟူး" လီဟမ်ရှန်းက ခေါင်းကိုက်လာပြီး သက်ပြင်းမောများကို မှုတ်ထုတ်လိုက်ပါသည်။
သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် အစေခံတပည့်အဖြစ် သူ စတင်၍ဝင်ရောက်ပြီးကတည်းကိုက ထူးဆန်းသောအဖြစ်ပျက်များမှာ သူ၏ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသောအလားပင်ဖြစ်၏။
သူ၏ညီအစ်ကိုလိုမျိုးခင်ရသောသူမှာ ညီအစ်ကိုအစစ်မှန်ဟုတ်မနေပါချေ။ သူချစ်မြတ်နိုးရသောမိန်းကလေးမှာလည်း သူ့အားချစ်မြတ်နိုးသည်မှာ အစစ်မှန်မဟုတ်နေပါချေ။ ထို့အပြင် သူ၏ဖခင်မှာလည်း သူ၏ဖခင်အစစ်ဟုတ်မဟုတ် မသေချာတော့ပါချေ။
သူကဘာလို့ဒီလိုမျိုးဟာတွေကြုံတွေ့နေရတာလဲ။ ဘာလို့ ဒီလိုမျိုးဟာတွေဖြစ်နေရတာလဲ။ သူ့ကိုအဖြေကဘယ်သူပေးနိုင်မှာလဲ။
ယခုလိုမျိုးကျဉ်းထဲကြပ်ထဲရောက်နေသောအခြေအနေတွင် လီဟမ်ရှန်းမှာ ဖခင်ဖြစ်သူ လီချန်ချင်းအားသတိရနေခဲ့မိပါသည်။ ထိုအရာအားလုံး၏ အဖြေကို သူ့အဖေဖြစ်သူ လီချန်ချင်းအား ပေးနိုင်မည်လား။ ဒါမှမဟုတ် သူ့အဖေကိုယ်တိုင်ပင်လျှင် မသိဘူးလား။
လပြည်နေ့၏ညမှာ ပုံမှန်အတိုင်းသာ ဖြစ်ပါသည်။ မူ့အိမ်တော်နှင့် ဟွာအိမ်တော်မှ ထည့်ထားသောသူလျိုများမှာ အစောင့်များထဲတွင်၌ ဟန်ဆောင်ကာနေနေသည်ကို လီဟမ်ရှန်းသိသည့်တိုင် သူကမဖော်ထုတ်ခဲ့ပါချေ။ ထိုကဲ့သို့သောသူများမှာ သူက အနားမှာပို၍ခေါ်ထားပါ၏။ အချိန်တခုကြာလျှင် သူကထိုသူများကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။
မူ့အိမ်တော်နှင့် ဟွာအိမ်တော်မှ ရရှိသော ငွေကြေးများကို လီဟမ်ရှန်းက မြွေဖြူလမ်းကြောင်း၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ထည့်သွင်းလိုက်ပါသည်။
မြွေဖြူလမ်းရှိသာမန်ပြည်သူများမှာ လွန်စွာ ဆင်းရဲမွဲတေလှပါသည်။ သူတို့အား အခွန်အခများ တိုးကောက်ထားသောကြောင့် ဆင်းရဲမွဲတေခြင်းများ ဟုတ်မနေပါချေ။ သူတို့တွင် ဝင်ငွေကောင်းကောင်းရရန်အတွက် အလုပ်များရှိမနေခြင်းကြောင့်ပင်ဖြစ်သည်။
လီဟမ်ရှန်းက မြွေဖြူလမ်းကြောင်းကိုတိုးတက်ရန် လုပ်ချင်သောကြောင့် သူက သာမန်ပြည်သူများထဲမှ လမ်းတံတားဆောက်လုပ်ရန်အတွက် အလုပ်သမားများကို ခေါ်ခန့်လိုက်ပါ၏။ သူကမြွေဖြူလမ်းကြောင်းရှိ သာမန်လူများအား အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အလုပ်များပေးခဲ့သည်။ စားသောက်နိုင်ရန်အတွက် အစားသောက်ပေးခဲ့သည်။ အသုံးပြုနိုင်ရန်အတွက် ငွေကြေးများကိုလည်း ပေးခဲ့ပါသည်။
ထိုလုပ်ရပ်များကြောင့် သာမန်ပြည်သူလူထုများမှာ အလွန်မင်းကို ပျော်ရွှင်နေခဲ့ကြပါ၏။ လူထု၏ နှလုံးသားမှာ စစ်ဆေးရေးမှူးရုံးကိုအကောင်းဘက်သို့မြင်သည့် အလှည့်အပြောင်းသို့ ရောက်ရှိလာခဲ့ပါသည်။ ထို့အပြင် လီဟမ်ရှန်းမှာ ဖခင်ဖြစ်သူ လီချန်ချင်းထံမှ စာတစ်စောင်လက်ခံရရှိခဲ့ပါ၏။
စာထဲ၌ လီချန်ချင်းမှာ မြောက်ပိုင်းအေးခဲနိုင်ငံရှိ ချမ်းချင်း ကုန်သွယ်ရေးလုပ်ငန်းသို့ အလုပ်ကိစ္စနှင့်ရောက်လာမည်ဟု ပါရှိပါသည်။ ထို့ကြောင့် သူကတခုခုလိုအပ်ပါက မြောက်ပိုင်းအေးခဲနိုင်ငံရှ်ိ ချမ်းချင်းကုန်သွယ်ရေးလုပ်ငန်းထံသို့ ဆက်သွယ်ကာ လှမ်းပို့ရန် သူ့ဖခင်က ရေးသားထားခဲ့ပါ၏။
အကြောင်းပြချက် မယ်မယ်ရရမရှိဘဲနဲ့ လီချန်ချင်းက မြောက်ပိုင်းအေးခဲနိုင်ငံသို့ လာမည်ဖြစ်သောကြောင့် လီဟမ်ရှန်းမှာ နွေးထွေးပြီး စိတ်ချသွားသော ခံစားချက်ကို ရရှိလိုက်ပါသည်။ ဖခင်ဖြစ်သူက သူနှင့်နီးကပ်စွာတည်ရှိနေမည်ဖြစ်သောကြောင့် လီဟမ်ရှန်း၏ နှလုံးသားကို စိတ်အားတက်ကြွစေခဲ့ပါ၏။ တုရှန်းမြို့၏ လုံခြုံရေးမှာလည်း အတော်လေးကို တိုးတက်လာခဲ့ပါသည်။ စစ်ဆေးရေးမှူးရုံးက လွန်မင်းစွာ တင်းကြပ်ပါသည်။ အရင်တုန်းက မြို့၌လူမိုက်များစွာသောင်းကျန်းပြီး သာမန်ပြည်သူများကို နိုင်ထက်စီးနင်း ပြုလုပ်ကြပါသည်။ ထိုလူမိုက်များမှာ ဟွာအိမ်နှင့် မူ့အိမ်တို့နှင့် တနည်းမဟုတ် တနည်း စပ်ဆက်နေပါသည်။ ထို့ကြောင့် မည်သူကမျှ ဘာမှမလုပ်ရဲပါချေ။ ယခုတွင်မူ ထိုကဲ့သို့သော အခြေအနေမျိုးမဟုတ်ပါချေ။
လူမိုက်များသောင်းကျန်းသောအဖြစ်ပျက်များဖြစ်ပေါ်ပါက စစ်ဆေးရေးမှူးမှ အစောင့်များက ချက်ချင်းလိုလိုပင် ရောက်ရှိလာပြီး သောင်းကျန်းသူများအား ဖမ်းဆီးသွားပြီးနောက် အကျဉ်းထောင်ထဲ၌ ပိတ်လှောင်ထားကြပါသည်။ လင်းချီကျိုးနှင့် သူ၏ ညီနောင်များက တာဝန်ယူလိုက်သောအခါတွင် မြို့ရှိ လုံခြုံရေးမှာ တော်တော်ကြီးကို တိုးတက်လာခဲ့ပါ၏။ ထို့အပြင် သာမန်လူများက စစ်ဆေးရေးမှူးရုံးသို့ လာကာ မကျေနပ်သည့်အရာများကိုတိုင်ကြားခဲ့ပါသည်။ လဝက်အတွင်းမှာပင် တုရှန်းမြို့မှာ ယခင်ကနှင့်မတူညီစွာ အကောင်းဘက်သို့ ပြောင်းလဲလာခဲ့ပါ၏။ သာမန်လူများမှာ လွန်စွာ ပျော်ရွှင်နေပါသည်။
သို့သော်မပျော်နိုင်သူများကတော့ ဟွာအိမ်နှင့် မူ့အိမ်တို့သာ ဖြစ်၏။ သူတို့ထင်ထားသည်မှာ လီဟမ်ရှန်းက ရာထူးအသစ်ကို ရခါစစိတ်အားတက်ကြွနေသော လူငယ်လေးတယောက်သာဖြစ်သည်ဟု ထင်နေခဲ့ကြပါ၏။ တခဏမျှသောင်းကျန်းပြီးနောက်တွင် ပြန်လည်ငြိမ်ကျသွားမည်ကိုလည်း တွေးထင်ထားခဲ့ပါသည်။
သို့သော် တုရှန်းမြို့တွင်ရှိသော စစ်ဆေးရေးမှူးရုံးမှာ စည်းကမ်းများကို တဖြည်းဖြည်းနှင့် ပို၍ပို၍တင်းကြပ်လာခဲ့၏။ ထို့ကြောင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများမှာလည်း လည်ပတ်နိုင်ရန်အတွက် ပို၍ပို၍ပင် ခက်ခဲလာခဲ့ပါတော့သည်။ ဟွာမိသားစုမှာ အခွန်အခများကို လုံဝမကောက်ခံနိုင်ပါတော့ပါချေ။
ဟွာမိသားစုများက သာမန်ပြည်သူများထံ သွား၍ အခွန်အခများကို သွားတောင်းသည့်အခါ၌ သာမန်ပြည်သူများမှာ ပေးဆောင်ရန်အတွက် ငြင်းဆန်ခဲ့ကြပါသည်။
သူတို့ပြောသည်က စစ်ဆေးရေးမှူးရုံးက အခွန်မပေးရန်အတွက် အမိန့်ထုတ်ထားသည်ဟုသာပြောခဲ့ပါသည်။ ထိုဖြစ်ရပ်ကြောင့် ဟွာအိမ်တော်မှ လူများကို ဒေါသထွက်စေပြီး အခွန်အခပေးရန်ငြင်းဆန်သော သာမန်လူများကို ရိုက်နှက်ခဲ့မိကြပါ၏။
နောက်ဆုံး၌ မကျေနပ်သောပြည်သူများက စစ်ဆေးရေးမှူးရုံး၌ တိုင်တောကြပါသည်။ သာမန်ပြည်သူများကိုရိုက်နှက်ခဲ့သော ဟွာအိမ်တော်မှ လူများသည် ဆောင်ကြာမြိုင်၌ပျော်ပါးနေစဉ် စစ်ဆေးရေးမှူးရုံးမှ စစ်သည်ရဲမတ်များ ဖမ်းဆီးခေါ်ဆောင်သွားကြပါသည်။ သူတို့အားလုံးမှာ ဘောင်းဘီပင်ပြန်မဝတ်နိုင်ကြပါချေ။ ဘောင်းဘီမပါပဲနှင့် လက်ထိပ်များ၊သံကြိုးများ အခတ်ခံပြီး မြို့တပတ်ပတ်ကာ စစ်ဆေးရေးမှူးရုံးသို့ ရှက်ဖွယ်ကောင်းသောအခြေအနေနှင့် ပို့ဆောင်ခြင်းကို ခံခဲ့ရပါသည်။
မြို့တစ်မြို့လုံးရှိသာမန်ပြည်သူများအားလုံးသည် ထိုအဖြစ်ကို မြင်လိုက်ကြပါ၏။ တရားခံများမှာ ရှက်လွန်းသောကြောင့် တွင်းတူးကာမိမိကိုယ်ကို မြေမြှပ်ပစ်ရန်ပင် ကြံရွယ်နေခဲ့ကြပါသည်။
မူ့အိမ်တော်ကလည်း စစ်ဆေးရေးမှူးရုံး၏ စစ်ဆေးမှုများကို ရှောင်လွဲပြီး ဒုစရိုက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါသည်။သို့သော် စစ်ဆေးရေးမှူးရုံးက သူတို့ထပ် ခြေလှမ်းတလှမ်းအမြဲသာနေခဲ့ပါ၏။ သူတို့၏ မှောင်ခိုပို့သော ကုန်များကို ရှောင်တခင်ဝင်ရောက်ဖမ်းဆီးကာ စစ်ဆေးမှု လူကုန်ကူးမှုများကိုမိပြီး လူများကိုပြန်လည်လွှတ်မှု ထို့နောက် တရားခံများကို ဖမ်းဆီးမှု ဖမ်း၍ရသောတရားခံများကို သေဒဏ်ချမှတ်မှုများမှာ အမြဲတမ်းလိုလိုကြုံတွေနေခဲ့ရပါ၏။
ရက်နည်းနည်းကြာသည့်အခါ တုရှန်းမြို့၏ မြို့လယ်ခေါင်၌ စစ်ဆေးရေးမှူးရုံးမှရဲမက်များသည် မူ့ရှုံကို ဖမ်းဆီးချုပ်နှောင်ကာ ခေါ်လာခဲ့ပြီးနောက် မြို့လယ်ခေါင်၌ပင် ကွပ်မျက်ကာစီရင်ခဲ့ပါ၏။
ထိုဖြစ်ရပ်ကြောင့် သာမန်ပြည်သူများမှာ လက်ခုပ်လက်ဝါးများတီးကာ ပျော်ရွှင်ကာ အော်ဟစ်ချီးမွှန်းနေကြပါတော့သည်။သို့သော် ထိုအချိန်တွင်တော့ မူ့အိမ်နှင့် ဟွာအိမ်မှာ ထိုကိစ္စကို အရေးမယူနိုင်ကြပါချေ။
သူတို့က သူတို့အိမ်တော်ရှိလူများကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေကြပါသည်။ သူတို့အိမ်တော်၌လူများတွင် စစ်ဆေးရေးမှူးရုံးမှ သူလျိုများထည့်ထားမည်ကို စိုးရိမ်ကာ သံသယဝင်နေသောကြောင့် တင်းကြပ်စွာ စစ်ဆေးနေကြပါသည်။ဤသို့စစ်ရခြင်းမှာလည်း သူတို့လုပ်ဆောင်သော စီးပွားရေးလုပ်ငန်းများအားလုံးကို စစ်ဆေးရေးမှူးရုံးက ကြိုကြို၍သိနေခြင်းကြောင့်သာဖြစ်ပါ၏။
ထိုဖြစ်ရပ်မှာ သူတို့အားလွန်မင်းစွာယမ်းကုန်မီးကျဒေါသထွက်စေခဲ့ပါသည်။
ကျီ့ဝူမြို့၊ ချန်ချင်းသေရည်ဆိုင် ။
နောက်ထပ်မိုးရွာသောနေ့တရက်ဖြစ်ပါသည်။ ဤနေရာရှိရာသီဥတုသည် မိုးအရမ်းရွာလွန်းသည်ဟု လီချန်ချင်းက ခံစားခဲ့ရပါသည်။ လေထုမှာလည်းစွတ်စိုကာ မှုန်မှိုင်းနေခဲ့ပါ၏။ ချန်ချင်းသေရည်ဆိုင်၏ မီနူးတွင်တော့ အမြည်းတခုသာ တိုးလာခဲ့ပါသည်။
ကော်ပြန့်ကြော်၊
ယခုအသစ်ထွက်လိုက်သော ကော်ပြန့်ကြော်မှာ ထွက်လာသည်နှင့် လူများ၏ ကြိုက်နှစ်သက်ခြင်းကို ခံခဲ့ရပါသည်။ လတ်ဆတ်သန့်ရှင်းသော ဟင်းသီးဟင်းရွက်များကို ကော်ပြန့်ရွက်ထဲထည့်လိပ်ကာ ကြွပ်ကြွပ်လေးဖြစ်အောင် ကြော်ထားခြင်းဖြစ်ပါသည်။
ကိုက်လိုက်သည်နှင့် တကြွပ်ကြွပ်မြည်သောအသံကိုကြားရပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များထံမှ ချိုချဉ်အရသာကို ခံစားရမည်ဖြစ်၏။ ကော်ပြန့်ရွက်၏နူးညံ့နေသောအသားကို ကိုက်ပြီး ကော်ပြန့်ရွက်၏ သင့်ပျံ့နေသောသင်းရနံ့ကို ခံစားရမည်ဖြစ်ကာ စားသုံးသူကို အပြည့်အဝ ကျေနပ်စေမည်ဖြစ်ပါသည်။ ချန်ချင်းသေရည်ဆိုင်၏ စီးပွားရေးလုပ်ငန်းမှာ တစ်စတစ်စကို ပိုမိုကောင်းမွန်လာပါတော့သည်။ နောက်ဆုံး၌ ကျန်းဝမ်လျိုမှာ အနောက်အရပ်သို့ ခရီးသွားခြင်းဇာတ်လမ်းကို ပြီးဆုံးအောင် နားဆင်ခဲ့ပြီးပြီဖြစ်ပါသည်။ လီချန်ချင်းက အနောက်အရပ်သို့ ခရီးသွားခြင်းဇာတ်လမ်းကို လဝက်အထိအချိန်ယူပြီး ပြောပြနိုင်ခဲ့ပါသည်။
"ကဲ ကျုပ်သွားတော့မယ်ဗျာ။ "
ကျန်းဝမ်လျိုက လီချန်ချင်းအား နှုတ်ဆက်ခဲ့ပါသည်။
"သွားမယ်..လီချန်ချင်းက အံ့ဩသွားပါ၏။
"ဒီမှာ ခင်ဗျားဆက်နေမှာ မဟုတ်ဘူးလား။ကျုပ်က ခင်ဗျား ကျုပ်ကို ထောက်ပံ့ပေးမဲ့ သတင်းအချက်အလက်တွေလိုသေးတယ်ဗျ့။ခင်ဗျားသာ မရှိရင် ကျုပ်ဘယ်လိုလုပ်ရမလဲ။ "
ဒီလိုမျိုးထူးခြားသော အရည်အချင်းနှင့်လူကို လီချန်ချင်းကထွက်သွားခွင့်မပေးနိုင်ပါချေ။
"ဇာတ်လမ်းကပြီးပြီလေဗျာ။အဲ့တော့ကျုပ်ကပြန်တော့မှာပေါ့။"ကျန်းဝမ်လျိုကအပြုံးနှင့်ပြောလိုက်ပါသည်။
"ကျုပ်ကနေရာတနေရာထဲမှာအကြာကြီးမနေဘူးလေဗျာ။ ခင်ဗျားရဲ့ဇာတ်လမ်းက အရမ်းကို စိတ်ဝင်စားလို့ကောင်းလို့သာ ကျုပ်က အကြာကြီးနေခဲ့တာ။ခုကတော့ တယောက်နဲ့ တယောက် နှုတ်ဆက်ရမယ့် အချိန်ကျရောက်ပြီဗျ့။ "
"အို" လီချန်ချင်းက မျက်လုံးတစ်ဖက်ပင့်ကာပြောလိုက်ပါသည်။
"ဒီနေ့ကျုပ်က ခင်ဗျားကို နောက်ထပ်ဇာတ်လမ်းအသစ်ပြောဖို့လုပ်နေတာဗျ့။ဒီဇာတ်လမ်းကိုလည်း ခင်ဗျားမကြားဖူးဘူးလို့ကျုပ်လောင်းရဲတယ်။ ကျုပ်ခုပြောပြမဲ့ အကြောင်းက အရမ်းကို ထူးဆန်းတဲ့ သိုင်းလောကအကြောင်းကို ပြောပြမှာ။ခင်ဗျားသာထွက်သွားမယ်ဆိုလို့ရှိရင်တော့ ဇာတ်လမ်းကို ဘယ်ကြားရတော့မလဲ။ နောက်မှနောင်တမရနဲနော်။"
ထိုစကားကိုကြားသော ကျန်းဝမ်လျိုကအံ့ဩသွားခဲ့ပါသည်။
"ခင်ဗျားမှာ နောက်ထပ်ဇာတ်လမ်းတွေရှိနေတာလား။"
သူကအနောက်အရပ်သို့ ခရီးသွားခြင်းဇာတ်လမ်းမှာ လီချန်ချင်း၏ အကြီးကျယ်ခမ်းနားဆုံး ဇာတ်လမ်းဖြစ်သည်ဟု တွေးထင်ထားခဲ့ပါသည်။ လူတစ်ယောက်ထဲမှာ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ထိများတဲ့ ဇာတ်လမ်းတွေရှိနေရတာလဲ။
ကျန်းဝမ်လျိုမှာ ပုံပြင် ဇာတ်လမ်း များစွာကို ကြားသိခဲ့သည့်တိုင် သူကြားခဲ့သည့် ဇာတ်လမ်းအများအပြားထဲမှ လက်တစ်ဆုပ်စာမျှသာ လွန်စွာကောင်းမွန်လှသော ဇာတ်လမ်းအရည်အသွေးရှိစဉ်ဖြစ်၏။ သို့သော် လီချန်ချင်းနှုတ်မှ ထွက်လာသော်ဇာတ်လမ်းများမှာ အကုန်လုံးနီးပါးက အံ့ဩသင့်ဖွယ်ကောင်းပြီး အလွန်တရာကို စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။
ထူးဆန်းတဲ့သိုင်းလောက ဆိုပါလား။ဘယ်လိုမျိုးလောကကြီးပါလိမ့်။ စန်းယွမ်တိုက်ကြီးထပ်ပိုပြီးတော့ထူးဆန်းနေသေးတာလား ။
"ဒါဆိုလည်းဗျာ ကျုပ်နည်းနည်းတော့ နားထောင်မယ်။" ကျန်းဝမ်လျိုက ခဏတော့တုံ့ဆိုင်းသွားပါသည်။
လီချန်ချင်းပြောပြမည့် ထူးဆန်းသောဇာတ်လမ်းများကို သူက ကြားလိုပါပေ၏။
"ကောင်းပြီဗျာ၊ အာ့တာဆိုလဲ ကျုပ်က ဒီနေရာကစပြောတာပေါ့။"လီချန်ချင်း ဇာတ်လမ်းကို အေးအေးဆေးဆေးပြောပြလိုက်ပါသည်။ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေးဖြစ်ပါတယ်။
စစချင်းမှာ မြောက်ပိုင်းအေးခဲနိုင်ငံက မင်းသားတစ်ပါး၏ အကြောင်းကိုပြောခြင်းမှစလိုက်ပါသည်။ ထိုလူငယ်၏နာမည်မှာ ရှုစမ်းနင်ဟုခေါ်၏။ သူက သိုင်းလောကထဲသို့ သူ၏ ကိုယ်ရံတော် လူယုံကြီးလောင်ဟွမ်နှင့်အတူ ဝင်ရောက်လာခဲ့ပါသည်။
ဇာတ်လမ်းကို နားထာင်၍ မကြာခင်မှာပင် ကျန်းဝမ်လျိုမှာ မျက်လုံးများပြူကျယ်ကာ နားထောင်နေခဲ့ပါ၏။
"မြောက်ပိုင်းအေးခဲနိုင်ငံက ဘုရင်ကရူးနေတာလား။သူ့ရဲ့သားကိုတောင် သူက အမွေပြတ် စွန့်လွှတ်ပြီး နှင်လွှတ်လိုက်တယ်လား။သူ့သားရဲ့ ကျင့်ကြံမှုက ဘယ်လောက်တောင်ရှိတာလဲ။ ရှု့လောင်ရွှမ်းက မူလအဆင့်ရှိတဲ့သိုင်းသမားကျွမ်းကျင်သူပေါ့လေ။"
"လူကြီးမင်းချန်ချင်း၊အပြင်မှာ အရေးကြီး ပုဂ္ဂိုလ်တစ်ဦးရောက်နေပါတယ်။"ထိုအခိုက်တွင် ကျန်းဖုကွမ်းက လီချန်ချင်းနားတွင်ကပ်ကာ ပြောလိုက်ပါသည်။
"ကောင်းပြီ။အာ့ဆိုကျုပ်လာပြီ။"လီချန်ချင်းက မတ်တပ်ရပ်ပြီး ထထွက်သွားပါသည်။
"ဟေ့လူ၊ ဇာတ်လမ်းကို ပြီးအောင်ပြောသွားလေ" ကျန်းဝမ်လျိုက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်ပါသည်။
"တော်ဝင်လေးပစ်သမားနန်းကုန်းအကြောင်းကိုဆက်ပြောလေ ။ သူကဘယ်သူလဲ သူကဘယ်သူလဲလို့။"
လီချန်ချင်းကတော့ အဝေးသို့ထွက်သွားခဲ့ပြီဖြစ်ပါ၏။
(လီချန်ချင်းပြောပြသော ဇာတ်လမ်းထဲမှ မြောက်ပိုင်းအေးခဲနိုင်ငံနှင့် စမ်းယွန်တိုက်ကြီးမှမြောက်ပိုင်းအေးခဲနိုင်ငံမှာမတူညီပါ)
လီချန်ချင်းက သူ၏ဇာတ်လမ်းကို သဘာဝကျစေရန် စမ်းယွမ်တိုက်ကြီးမှ မြောက်ပိုင်းအေးခဲနိုင်ငံကို ကူးချကာပြောဆိုလိုက်ခြင်းဖြစ်ပါ၏။
လီချန်ချင်းက ဆိုင်ထဲသို့ ရောက်သွားသည့်အခါတွင် ဆိုင်မှာ စာပွဲဝိုင်းအပြည့်ဖြစ်နေခဲ့ပါသည်။
သို့သော် တပ်မှူးလေး ရှောင်လျိုမှာတော့အပေါက်ဝတွင် မတ်တပ်ရပ်နေပါသည်။
"တပ်မှူးရှောင်လျို၊" လီချန်ချင်းမှာ အနားသို့တိုးကာပြုံးပြလိုက်ပါသည်။
"အာ ဆိုင်ကလူပြည့်နေတယ်ဗျာ။ခင်ဗျားသောက်ချင်တယ်ဆိုရင်တော့ ခဏလောက်စောင့်ရမယ်ဗျ့။"
"လူကြီးမင်းချန်ချင်း" ရှောင်လျိုက အနည်းငယ်အကြပ်ရိုက်နေသည့်ပုံစံဖြင့်ပြောလိုက်ပါသည်။
"ဒီနေ့ ကျုပ်တို့မှာ အရေးကြီးတဲ့ ဧည့်သည်တော်တစ်ဦးပါလာတယ်ဗျ့။အာ့တာ ကျုပ်တို့ကို နေရာလေးတစ်နေရာ ရအောင် လုပ်ပေးလို့မရဘူးလား။"
"အွမ် အရမ်းကိုအရေးကြီးတဲ့ဧည့်သည်ပေါ့လေ။" လီချန်ချင်းကအပြင်သို့တချက်လှမ်းကြည့်လိုက်သည်။သူကလူတစ်ဦးကိုတွေ့လိုက်ပါသည်။ထိုအမျိုးသားကမီးခိုရောင်သမ်းနေသောဆံပင်ရှိပြီး အရောင်မပါသော ဗြောင်အင်္ကျီကို ဝတ်ဆင်ထားပါ၏။
သူ့ထံ၌ စစ်သူကြီးတစ်ဦးနှင့် တူသော တိုက်ပွဲဝင်အရှိန်ဝါများ ထွက်နေသည်သာ ခံစားလိုက်ရပါသည်။ ပုံစံကြည့်ရသည်မှာ ထိုသူမှာ တိုက်ပွဲများစွာကို အကြီမ်ကြိမ်နွဲဖူးသည့် ပုံစံရှိလှပေးသည်။ထိုသူ မည်သူဆိုသည်ကို လီချန်ချင်းက ချက်ချင်းကို သိလိုက်ရပါ၏။
ကျီ့ဝူမြို့၏ ရှေ့တန်းကာကွယ်ရေး ဗိုလ်ချုပ်ကြီး လုံဟောင်ချန်းတချိန်တုန်းက ထိုလူသည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ နာမည်ကြီးစစ်သူကြီးတစ်ဦးဖြစ်ခဲ့ပါသည်။
သူကမြောက်ပိုင်းအေးခဲနိုင်ငံ၏ မင်းမျိုးမင်းနွယ်များနှင့် ပြသာနာများစွာ တက်ခဲ့သောကြောင့် ကျီ့ဝူမြို့၏ နယ်ခြားစောင့်မျဉ်းကို စောင့်ကြပ်ရန်အတွက် အပြစ်ပေးခံခဲ့ရခြင်းဖြစ်၏။
ရှောင်လျို၏မျက်နှာအမူအရာကိုမြင်ပြီးနောက်တွင် လီချန်ချင်းက တချက်ရယ်ကာပြောလိုက်၏။
"ဒီမှာပဲစောင့် ကျုပ်ရဲ့သေရည်ဆိုင်မှာက စည်းမျဉ်းစည်းကမ်းရှိပြီးသား။စည်းမျဉ်းစည်းကမ်းသာမရှိဘူးဆိုရင်တော့ ကျုပ်ဒီဆိုင်ကို ဘယ်လိုဆက်ဖွင့်ရတော့မလဲဗျ့။ "
စစ်သူကြီးကလည်း အဲ့လောက်ထိ အံ့ဩဖို့ကောင်းတဲ့သူလည်း မဟုတ်ပါချေ။ လီချန်ချင်းမှာ ယခင်ကနှင့်မတူတော့ဘဲ ပြောင်းလဲသွားပြီဖြစ်ပါ၏။သူက လုံဟောင်ချန်းကို မျက်လုံးထဲကို မထည့်ပါချေ။
ကျောက်ပိုင်မင်းလိုမျိုး စစ်သူကြီး လာမည်ဆိုတောင်မှ လီချန်ချင်းက သောက်ဂရုစိုက်မည်မဟုတ်ပါချေ။
သူက ကျောက်ပိုင်မင်းကိုပင် အပြင်မှာ စောင့်ခိုင်းအုန်းမည်ဖြစ်၏။ ရှောင်လျို၏ အမူရာမှာ ပို၍ပို၍ပင် အကြပ်ရိုက်လာပါတော့သည်။ လီချန်ချင်းမှာ စည်းမျဉ်းစည်းကမ်းများကို အလွန်ပင် အလေးထားသော လူဖြစ်သည်ကို သူသိပါသည်။လီချန်ချင်းက တစ်စုံတစ်ဦးကိုမှ မျက်နှာသာပေးခဲ့ခြင်းများလည်း မရှိပါ။သို့သော် ယနေ့လာလည်သောသူမှာ စစ်သူကြီး လုံဟောင်ချန်းပင်ဖြစ်ပါသည်။စစ်သူကြီးက သာမန်ပြည်သူများနှင့်တန်းတူ စောင့်ဆိုင်းမည်လော။ဒါမျိုးကနည်းနည်းတင်မဟုတ် များများပင် စော်ကားနေသည်မဟုတ်ပါလား။
"လူကြီးမင်းချန်ချင်း၊ဒီလူကဘယ်သူလဲဆိုတာ သိလားဗျ့။"လီချန်ချင်းက စစ်သူကြီးမှန်းမသိပဲ ပြောလိုက်သည်ဟု ထင်သောကြောင့် ရှောင်လျိုက အလျင်မြန်ပင်ရှင်းပြလိုက်ပါသည်။
"ရင်ဖန်းချီကိုယ်တိုင်လာမယ်ဆိုရငိတောင်မှ သူက အပြင်မှာပဲစောင့်ရလိမ့်မယ်။ဒါက ချန်ချင်းသေရည်ဆိုင်ရဲ့စည်းမျဉ်းစည်းကမ်းပဲ" လီချန်ချင်းက ပြတ်သားသောလေသံဖြင့် ပြောလိုက်ပါ၏။
(ရင်ဖန်းချီ - မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ ဧကရာဇ်။ လီချန်ချင်းက ချင်းလဲ့ဓားသခင်သရုပ်နှင့် ရှိစဉ်တုန်းက တကြိမ်တွေ့ဖူးသည်)
"တပ်မှူးရှောင် ၊ကျုပ်ကိုခက်ခဲအောင်မလုပ်ပါနဲ့ဗျာ။"
"ပြောတာကောင်းတယ်။" ထိုအခိုက်တွင် လုံဟောင်ချန်းမှာ အတွင်းသို့ဝင်လာခဲ့ပါသည်။
လီချန်ချင်း၏ စကားကိုကြားသည်နှင့် လုံဟောင်ချန်းက ရယ်မောလျက်ပြောလိုက်ပါသည်။
"ဒီကလူကြီးမင်းက စကားပြောတာသိပ်ကောင်းတယ်။ နေရာတိုင်းမှာ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိရမယ်။စည်းမျဉ်းစည်းကမ်းမရှိရင် သေရည်ဆိုင်ပဲဖြစ်ဖြစ် နိုင်ငံတော်ပဲဖြစ်ဖြစ် ပျက်စီးဖို့ သိပ်မလိုတော့ဘူးဗျ့။
ဒီနေ့ကျုပ်က သာမန်ပြည်သူတွေလိုမျိုးပဲ တန်းစီပြီးစောင့်မယ်။ ဒီသေရည်ဆိုင်က အရက်က အင်မတန်ကောင်းတယ်လို့ ကျုပ်ကြားတယ်ဗျ့။ ကျုပ်ဒီဆိုင်က သေရည်ကို သောက်မှကိုရမယ်။"
လီချန်ချင်းကလည်း ယဉ်ကျေးစွာဖြင့်ပြောလိုက်ပါသည်။
"စစ်သူကြီး၊စစ်သူကြီး ဒီကျုပ်ရဲ့ သေးငယ်တဲ့ဆိုင်ကိုလာပြီးတော့သောက်တာက ကျုပ်ကို ဂုဏ်ပြုနေတာနဲ့တူတူပါပဲ။ စစ်သူကြီးအလှည့်ရောက်တဲ့အခါကျရင်လဲ ကျုပ်က အမြည်းတပွဲကို လက်ဆောင်ပေးပါ့မယ်"