အခန်း (၂၈၈)
Vol. 25 Ch. 288
နာရီဝက်ခန့် စောင့်ဆိုင်းပြီးသည့်အခါတွင် စားပွဲဝိုင်းများမှာ ရှောင်လျှိုနှင့် လုံဟောင်ချန်းတို့အတွက် အားသွားပြီဖြစ်ပါသည်။ သူတို့ နှစ်ဦးလုံးက အရက်အိုးတစ်အိုးကိုမှာလိုက်ပါသည်။ လီချန်ချင်းက လုံဟောင်ချန်းအတွက် ကြက်ဥမြေပဲကို အမြည်းကိုချပေးလိုက်ပါ၏။ ကြက်ဥမြေပဲအမြည်းနှင့်ပတ်သက်ပြီး လုံဟောင်ချန်းက ကြားသိရပြီးသည်မှာ ကြာလှပြီဖြစ်ပါသည်။
သူကစိတ်ဝင်စားသောကြောင့် သူ၏လက်အောက်ငယ်သားများကိုမေးကြည့်ရာတွင် ဤမြို့၌ ဝိုင်အရသာကောင်းမွန်သော ချန်ချင်းသေရည်ဆိုင်ဟူသောအမည်ရှိသည့် အရက်ဆိုင်တစ်ဆိုင်ရှိသည်ကိုသိခဲ့ရပါ၏။ လုံဟောင်ချန်းကိုယ်တိုင်ပင်လျှင် အရက်ကိုကြိုက်နှစ်သက်သောသူဖြစ်ပါသည်။ ထို့ကြောင့် ယနေ့တွင် သူက ရှောင်လျှိုအား ထိုဆိုင်သို့သူ့အားခေါ်သွားရန်အတွက် အမိန့်ပေးခဲ့ပါ၏။
ညနေရောက်လာသည့်အခါတွင် ကောင်းကင်ကြီးမှာ ဖြည်းဖြည်းနှင့် နက်မှောင်လာခဲ့ပါသည်။
သေရည်သောက်တာများသောကြောင့် လုံဟောင်ချန်း၏မျက်နှာမှာ တဖြည်းဖြည်းနှင့် နီမြန်းလာပါ၏။ သူက လီချန်ချင်းကိုကြည့်ပြီးနောက် သူ၏လက်ကိုဝေ့ယမ်းပြီးနောက်ပြောလိုက်ပါ၏။
“ လူကြီးမင်း ချန်ချင်း ဒီမှာလာထိုင်ပြီးတော့ ကျုပ်တို့နဲ့အတူတူ အရက်လာသောက်လေဗျ”
“ ကောင်းပြီလေ” လီချန်ချင်းကလည်း မငြင်းပယ်ခဲ့ပါချေ။ ကျိဝူမြို့၏ စစ်သူကြီးနှင့် မိတ်ဆွေဖြစ်ရခြင်းမှာ သိပ်တော့မဆိုးလှဟုသူကတွေးလိုက်ပါသည်။ ထို့အပြင် သူကထိုစစ်သူကြီးထံမှ သတင်းအချက်အလက်များလည်း ရကောင်းရနိုင်ပါ၏မဟုတ်လား။
ထို့ကြောင့် လီချန်ချင်းကထိုင်လိုက်ပြီး အရက်ကိုစတင်၍သောက်လိုက်ပါတော့သည်။ မမျှော်လင့်ထားသည်က လုံဟောင်ချန်းက ပေါင်းသင်းဆက်ဆံရလွယ်ကူသောသူဖြစ်၏။၊ သေရည်များစွာသောက်ပြီးနောက်တွင်
သူကအလွန်အမင်းစကားများလာပါတော့သည်။ သူ၏ခန္ဓာကိုယ်က အရက်ဒဏ်ကိုကောင်းစွာခံနိုင်သည်ကို လုံဟောင်ချန်းကိုယ်တိုင်ပင်သိမည်မဟုတ်ချေ။ သူသောက်သုံးနေကြအရက်များသည် သူ့အားထိုမျှလောက် လွယ်လွယ်ကူကူမမူးခဲ့ပါချေ။ သို့သော်လီချန်ချင်းထံမှ အရက်ပြင်းကတော့သူ့ကို အလျင်အမြန်မူးသွားစေပြီး စကားများလာစေပါတော့သည်။ သူကကျိဝူမြို့မှ တစ်ချို့သောအကြောင်းအရာများကို လီချန်ချင်းအား စတင်၍ပြောပြလာပါတော့သည်။
ကျိဝူမြို့သို့ လတိုင်းတွင် ဝိဉာဉ်သားရဲများသည်တိုက်ခိုက်လေ့ရှိပါ၏။ သူကထိုဝိဉာဉ်သားရဲများတိုက်ခိုက်ခြင်းကို ကာကွယ်စောင့်ကြပ်နေသည်မှာ ၁၀နှစ်ကျော်ခန့်ရှိပါပြီ။ နှစ်နည်းနည်းကြာလျှင် သားရဲဒီရေလှိုင်းတစ်လှိုင်းက လာလေ့ရှိပါသည်။ သူက စိတ်အညစ်ဆုံးနှင့် စိတ်အပင်ပန်းဆုံးအချိန်ပဲဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် သားရဲဒီရေလှိုင်းနှင့်ကြုံတွေ့ရသည့်အခါတွင် သူ၏ညီနောင်များမှာသေဆုံးသူများပြားလွန်းသောကြောင့်ပင်ဖြစ်ပါ၏။
ထိုအကြောင်းကိုသူပြောနေရင်းနှင့်သူ့မျက်နှာထက်တွင်နောင်တရသောအမူအရာတစ်ခုပေါ်ပေါက်လာခဲ့ပါသည်။ လီချန်ချင်းကတော့ တိတ်တဆိတ်သာနားထောင်နေခဲ့ပါ၏။
“လူကြီးမင်းချန်ချင်း ကိုကြည့်ရတာဗျာ တစ်ယောက်ယောက်နဲ့ သိပ်တူတာပဲ”
ထိုအခိုက်တွင် လုံဟောင်ချန်းကအရက်မူးနေသောကြောင့် အာလေးလျှာလေးနှင့်ပြောလိုက်ပါသည်။
သူ၏မျက်ဝန်းများမှာ နီရဲနေပြီး အရက်အင်မတန်ကိုမူးသည့် လက္ခဏာကိုပြသနေခဲ့ပါသည်။ လုံဟောင်ချန်းကမူးနေသည်ကို လီချန်ချင်းကသိသည့်တိုင် သူကပြုံးရင်းနှင့်ပြောလိုက်ပါသည်။
“ဖြစ်နိုင်တာက ကျုပ်တို့ချင်းအရင်ကတွေ့ဖူးတာလားဗျာ”
“ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်နဲ့ခင်ဗျားအခုမှ ပထမဆုံးတွေ့ဖူးတာ။ ဒါပေမဲ့ ခင်ဗျားနဲ့ တူတဲ့တစ်ယောက်ကို ကျုပ်ကအရင်တုန်းက မြင်ဖူးတယ်ဗျ” ထိုသို့ပြောပြီးနောက်တွင် လုံဟောင်ချန်းက အရှေ့သို့တိုးလာ၏။ သူကတဟားဟားနှင့် ရယ်မောလိုက်ပြီးနောက်
“ကျုပ်က ခင်ဗျားကိုကြည့်လေလေ ခင်ဗျားက အဲ့ဒီလူနဲ့ပိုတူလေလေဗျာ”
“ ဘယ်သူနဲ့တူတာလဲ” လီချန်ချင်းက စိတ်ဝင်တစားနှင့်မေးလိုက်ပါသည်။
“ကျုပ်တစ်ချိန်တုန်းက ထျန်းဟိုင်မြို့ကို သွားလည်ဖူးတယ်ဗျ။ အဲဒီအချိန်တုန်းကဗျာ ထျန်းဟိုင်မြို့မှာ အရမ်းကိုနာမည်ကြီးတဲ့ ပန်းချီဆရာတစ်ဦးနဲ့ ကျုပ်ကတွေ့ခဲ့တယ်။ သူနာမည်က ယွဲ့ဟန်ကျွင်းလို့ခေါ်တယ်ဗျာ”
“ခင်ဗျားတို့နှစ်ယောက်ကတော်တော်လေးတူတယ်လို့ ကျုပ်ကထင်တယ်ဗျ” လုံဟောင်ချန်းက အားရပါးရရယ်ရင်းနှင့်ပြောလိုက်ပါသည်။ ထိုစကားကိုကြားသော လီချန်ချင်းမှာ တော်တော်ကြီးကိုအံ့အားသင့်သွားခဲ့ပါ၏။
ယွဲ့ဟန်ကျွင်းဟူသောအမည်ကို သူက ခဏခဏပင်ကြားခဲ့ရသည်မဟုတ်ပါလား။ ခန်းမသခင် လီကျင်စုန့် ကလည်း ထိုနာမည်ကိုမကြာခဏမေးပြီး သူ့အားသိပါသလားဟု မကြာခဏမေးခဲ့ပါသည်။ ထိုအကြောင်းအရာများကြောင့် လီချန်ချင်းကအနည်းငယ်တော့သံသယဝင်လာခဲ့၏။
သူကယွဲ့ဟန်ကျွင်းနဲ့ တကယ်ပဲ တူနေတာများလား။
“ကျုပ်တို့နှစ်ယောက်က ဒီလောက်တောင်တူတာလားဗျ”
လီချန်ချင်းက စိတ်ဝင်စားသွားပြီးနောက်မေးလိုက်ပါသည်။ ဘယ်လိုပြောရမလဲဗျာ။
“ စစချင်းကြည့်လိုရှိရင်တော့ ဟုတ်တယ်။ ဒါပေမဲ့ သေချာကြည့်ရင်တော့” လုံဟောင်ချန်းက လီချန်ချင်း၏မျက်နှာအနားသို့တိုးကာ သေချာစိုက်ကြည့်လိုက်ပါသည်။ ထို့နောက်မှ တိုးတိုးရေရွတ်လိုက်၏။
“သေချာကြည့်ရင်တော့သိပ်မတူဘူးဗျ။ ထူးဆန်းတယ်ဗျ”
“စစ်သူကြီးလုံ ခင်ဗျားတော့ မူးနေပြီဗျာ” လီချန်ချင်းက တည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။
“အာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လုံဟောင်ချန်းက တစ်ချက်ရယ်ကာပြောလိုက်ပါသည်။ သူ၏ပုံမှာ တည်ငြိမ်နေသောအမူအရာက ပျောက်ဆုံးသွားပြီးနောက် လီချန်ချင်း၏နံဘေးသို့ တိုးကပ်လာပြီး လီချန်ချင်း၏ပုခုံးတစ်ဖက်ပေါ်သို့ လက်တစ်ဖက်ပစ်တင်လိုက်ပါသည်။
“ ညီအစ်ကို ခင်ဗျားကို ကျုပ်ပြောပြမယ်။ ကျုပ်တစ်ဘဝလုံးမှာ တစ်ခါမှ အရက်မမူးဖူးသေးဘူး။ ခင်ဗျားက ကျုပ်ကိုအရက်မူးနေပြီလို့ပြောလို့ရှိရင်အဲ့ဒါက ပေါက်ကရတွေ။ ကျုပ်ကကြွားတာမဟုတ်ဘူးနော်။ ကျုပ်က သေရည် ၅ အိုး၊ မဟုတ်ဘူး ၁၀အိုးတော့ အေးဆေးသောက်နိုင်တယ်”
“ လုံးဝမမူးဘူး။ ငါမမူးဘူးဟေ့”
လီချန်ချင်းက ပြုံးလိုက်ပါသည်။ လုံဟောင်ချန်းက ပေါက်ကရများစတင်၍ပြောနေပြီဟု သူကသတိပြုလိုက်မိပါသည်။ နံဘေးရှိ ရှောင်လျှိုပင်လျှင် ခပ်ဖျော့ဖျော့ပြုံးနေမိပါ၏။ သူတို့၏ စစ်သူကြီးမှာတော်တော်လေးကို အရက်မူးနေပြီဆိုတာသိပါသည်။
“ အစ်ကို ချန်ချင်း ကျုပ်ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ဒီရက်ပိုင်းတွေမှာ ခင်ဗျားသတိထားဖို့လိုတယ်။ ကျုပ်စိတ်ထဲမှာ အခုရက်ပိုင်းနေလို့ သိပ်မကောင်းဘူး။ တစ်ခုခုကြီးကြီးမားမားဖြစ်တော့မယ်။ တစ္ဆေမျိုးနွယ်ဝင်တွေရှိတဲ့ တိမ်ကန္တာရနယ်မြေမှာ ကြီးကြီးမားမားတစ်ခုခုဖြစ်နေတယ်လို့ ကျုပ်ထင်တယ်”
“ ဟယ်ဝူတောထဲမှာလဲ ထူးဆန်းတဲ့ အရာတစ်ခုခုရှိတဲ့ပုံပဲ။ တစ်ခုခုသာဖြစ်တယ်ဆိုရင်တော့ ကျုပ်ကိုသာလာရှာချေ။ ခင်ဗျားကို ကျုပ်ကူညီမယ်” လုံဟောင်ချန်းက လီချန်ချင်း၏ပုခုံးကိုပုတ်ရင်းပြောလိုက်ပါသည်။
တစ္ဆေမျိုးနွယ်တွေရှိတဲ့ တိမ်ကန္တာရနယ်မြေမှာ တစ်ခုခုဖြစ်နေတာလား။ လီချန်ချင်းက မျက်မှောင်ကျုံ့လိုက်ပါ၏။
“ဘယ်လိုပြဿနာများဖြစ်တာပါလိမ့်”
“ ဘယ်လိုလုပ်သိမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဟိုင်ဝူတောထဲမှာရှိတဲ့ ဝိဉာဉ်သားရဲတွေက ဒီရက်ပိုင်းမှာ ဂနာမငြိမ်ဖြစ်နေကြတယ်။ ဘာတွေဖြစ်နေလဲဆိုတာ ကျုပ်လဲမသိဘူး” ထိုစကားကိုပြောပြီးနောက်တွင် လုံဟောင်ချန်းမှာ ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ စားပွဲပေါ်တွင်မှောက်အိပ်ကာ အိပ်ပျော်သွားပါတော့သည်။
“လူကြီးမင်း ချန်ချင်း ကျုပ်တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် စစ်သူကြီးကိုပြန်ခေါ်သွားလိုက်ပါတော့မယ်” ရှောင်လျှိုက အားနာစွာဖြင့် အလျင်အမြန်ပြောလိုက်ပါသည်။
“ကောင်းပြီလေ” လီချန်ချင်းကခေါင်းညိမ့်လိုက်ပါ၏။ သို့သော် လုံဟောင်ချန်းပြောသည့် တိမ်ကန္တာရနယ်မြေ၌ တစ္ဆေမျိုးနွယ်များပြဿနာတက်နေသည့်အကြောင်းကိုတော့ သူစိတ်ဝင်စားနေခဲ့ပါသည်။
ဟိုး အရင်တုန်းက တစ္ဆေမျိုးနွယ်များနှင့် ပတ်သက်သောသတင်းအချက်အလက်များက လုချောင်းချောင်းထံမှ လာခြင်းဖြစ်ပါသည်။ သို့သော် နောက်ဆုံးအကြိမ်တုန်းက လုချောင်းချောင်းနှင့်တွေ့စဉ်အခါတုန်းက လုချောင်းချောင်းအနည်းငယ်ထူးဆန်းနေခဲ့၏။
ထိုနောက်ပိုင်းတွင် သူမက သူ၏အိမ်မက်ထဲတွင် လုံးဝပေါ်မလာတော့ပါချေ။ ဖြစ်နိုင်တာက သူမက သူ့ကို လုံးဝရှာမတွေ့တော့လဲ ဖြစ်နိုင်ပါ၏။
ကုန်ဆုံးခဲ့သောရက်များတွင် သေရည်ဆိုင်ဖွင့်ထားရခြင်းကို လီချန်ချင်းကပျော်မွေ့လာခဲ့ပါသည်။ သူကသတင်းအချက်အလက်များကို စုဆောင်းနိုင်ရုံသာမကစီးပွားရေးလုပ်ရာတွင် ငွေကြေးများလည်းဝင်လာသည် မဟုတ်ပါလား။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ သတင်းအချက်အလက်စုဆောင်းရေးဌာနကလည်း ပိုမို၍ တိုးတက်လာခဲ့ပါသည်။ လတ်တလောတွင် ထို သတင်းအချက်အလက်စုဆောင်းရေးဌာနမှ စွမ်းအားကြီးသည့် လူငယ်များအားလုံးကိုဖိတ်ခေါ်နေပါသည်။
ယခုတွင်ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှာ ဟိုအရင်တုန်းကလိုမျိုးမဟုတ်တော့ပါချေ။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏နောက်ကွယ်၌ ချင်းလဲ့ဓားသခင်ရှိသောကြောင့် ကျွမ်းကျင်သူများ သိုင်းသမားများအားလုံးကို ဆွဲဆောင်နေခဲ့ကြပါသည်။
ယခုတွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ဌာနခွဲသို့ ဝင်ရောက်သောသိုင်းပညာရှင်များမှာ လွန်စွာများပြားနေပြီးဖြစ်၏။ ထိုလူများထဲမှ လေးယောက်သည် မူလအဆင့် အထွတ်အထိပ်တွင်သာ ရှိပါ၏။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကိုလည်း လီချန်ချင်းက မျက်ခြေမပျက်စောင့်ကြည့်နေခဲ့ပါသည်။
သို့သော် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင်တော့ အရာအားလုံးမှာ ပုံမှန်အတိုင်းပင်ဖြစ်ပါသည်။ ကြီးကြီးမားမားပြောင်းလဲခြင်းလဲ မရှိပါတော့ချေ။ ကွမ်လန်နန်းတော်မှ လုရှီရန်ကထွက်ပြေးလာပြီးနောက်ပိုင်းတွင် မည်သည့်သတင်းမှ ထပ်မကြားတော့ပါချေ။ ကွမ်လန်နန်းတော်မှ သူမအားအပူတပြင်းလိုက်ရှာသော်လည်း လုံးဝကို ရှာမတွေ့ပါချေ။ လုရှီရန်ထွက်ပြေးသွားသောကြောင့် စုရှန်းက တခြားသောအမျိုးသမီးလေးများကို လက်ထပ်ရန်အတွက် ရွေးချယ်ရန်ပြင်ဆင်ခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော် ကွမ်လန်နန်းတော်၌ အခြားအခြားသော ထူးချွန်ထက်မြက်သော အမျိုးသမီးများစွာရှိသောကြောင့် ဖြစ်ပါ၏။ ဆုရှန်းချီ၏စိတ်နှလုံးသားမှာလည်း ယိမ်းယိုင်နေပြီဖြစ်ပါသည်။ အဘိုးဖြစ်သူ ဆုကျန်း၏ပြောစကားများကို အခြားသောမိန်းကလေးများကို ရွေးချယ်ကာလက်ထပ်ရန်အတွက် ပြင်ဆင်နေပါ၏။
သို့သော်နောက်ပိုင်း၌ ဆုရှန်းချီက လုရှီရန်နှင့် လီဟမ်ရှန်း တို့နှစ်ယောက်ကြားက ဆက်နွယ်မှုကို သိရှိပြီးဒေါသပုန်ထားသွားခဲ့ပါ၏။ သူက လုရှီရန် အား မရမကလက်ထပ်မည်ဟုသာဆုံးဖြတ်ချက်ချထားပါသည်။ အဘိုးဖြစ်သူဆုကျန်းက ဆုရှန်းချီကို စိတ်ပြောင်းရန်အတွက်မျိုးစုံပြောဆိုကာဆွဲဆောင်သော်လည်း လုံးဝမရပါချေ။ ထို့ကြောင့်သူက ကွမ်လန်နန်းတော်သခင်ဖြစ်သော ကွမ်ကျိုးကိုသာဆွေးနွေးပြီး လုရှိရန်ကိုလိုက်ရှာရန်အတွက် တောင်းဆိုရန်သာတတ်နိုင်ပါတော့သည်။
ထိုသတင်းကိုလည်း လီဟမ်ရှန်းက ကြားသိခဲ့ရပါ၏။ လီဟမ်ရှန်းနှင့် ဆက်သွယ်ပြောဆိုသည့်အခိုက်တွင် လီချန်ချင်း
ကလည်းထိုသတင်းများအားလုံးကို ရှင်းပြခဲ့ပါသည်။
ဆုရှန်းချီက သူ့အားသေလောက်အောင်မုန်းတီးနေမည်ဟု လီဟမ်ရှန်းက မထင်ထားခဲ့မိပါချေ။ ထို့အပြင် လုရှီရန်မှ ကွမ်လန်နန်းတော်မှ ထွက်ပြေးသွားခဲ့သည်မှာရက်အတော်ကြာနေပြီဖြစ်၏။ သူမကို လူကုန်ကူးသော သူများက ဖမ်းဆီး၍ ရောင်းစားလိုက်မည်ကို လီဟမ်ရှန်းက စိတ်ပူနေပါသည်။ လုရှီရန်က လီဟမ်ရှန်းထံသို့ ရောက်လာမည်ကို လီချန်ချင်းက သတိပြုမိပြီးနောက်တွင် လီဟမ်ရှန်းအား ကျန်းကောစံအိမ်အနီးတစ်ဝိုက်တွင် လုရှီရန်ကို ရှာဖွေရန်မှာကြားခဲ့ပါသေးသည်
စာထဲရှိ အကြောင်းအရာများ ကို ဖတ်ရှုပြီးနောက်တွင် လီဟမ်ရှန်းက ခေါင်းကိုက်လာခဲ့ပါ၏။
“ ကျေးဇူးပြုပြီး ငါ့ဆီ မလာပါနဲ့”
လုရှီရန်က သူ့အား ယောင်္ကျား ယောင်္ကျား ဟု ခေါ်သော အသံကို ပြန်လည်ကြားယောင်ပြီး သူခေါင်းကိုက်လာပါသည်။ သူက ကျန်းကောစံအိမ်သို့ လာပြီး တိတ်ဆိတ်ငြိမ်သက်သောဘဝတွင် နေထိုင်လိုပါသည်။
နောက်ထပ် ပြဿနာများ မတက်လိုပါတော့ချေ။ ထို့အပြင်သူက ကျန်းကောစံအိမ်၌ သူ၏ အင်အားစုတစ်ခုကို သတ်သတ်မှတ်မှတ်ထူထောင်ပြီးဖြစ်ပါသည်။ ဒါပေမဲ့ ဟွာအိမ်တော်နှင့်မူအိမ်တော်က သူ့အား လွယ်လွယ်နဲ့ အလျော့ပေးမည်မဟုတ်ပါချေ။ ထိုမိသားစုနှစ်စု၏ အဓိကဝင်ငွေလမ်းကြောင်းကို သူက ဖြတ်တောက်လိုက်ပြီ ဖြစ်ပါ၏။ ထို့ကြောင့်ထိုမိသားစုများမှာ သူ့အား သတ်ဖြတ်ရန် ကြံစည်နေကြမည်မှ မလွဲမသွေပင်ဖြစ်၏။
ထိုမိသားစုများ၏ ဘိုးဘေးကြီးများသည် မူလအဆင့်၏ မဟာသိုင်းဂိုဏ် နယ်ပယ်တွင် ရှိသော သူများဖြစ်ပါသည်။ ထိုသူများမှာ တံခါးပိတ်ကာ ကျင့်ကြံနေကြပါ၏။ ထိုမိသားစုများက ဘိုးဘေးများကို ခေါ်ထုတ်ပြီး သူ့ကို သတ်ခိုင်းရင်တော့ သူသေမည်သာဖြစ်သည်။ သူတို့က ပေါ်တင်ကြီး သူ့အား မလုပ်ကြံရဲဘူးဆိုရင်လဲ အမှောင်ထဲမှာ နေ၍ လုပ်ကြံနိုင်ပါသေးသည်။
သူ့အား တိရိစ္ဆာန်လေးများကို အသုံးပြုကာ သတင်းပေးပို့နေသည့် ဆန်းကြယ်သောသူမှာ လီချန်းချင်းဖြစ်သည်ဟု သူက သံသယရှိပါသည်။ သို့ပေမဲ့ သူက ပွင့်ပွင့်လင်းလင်းမမေးလိုက်ပါချေ။ လောလောဆယ်သူက ဒီကိစ္စတွေကို စိတ်ပူနေဖို့မလိုသေးဘူး။
“အကိုကြီး ကျွန်တော့်မှာ အကိုကြီးကို ပြောပြစရာ သတင်းတစ်ခုရှိတယ်ဗျ”
စစ်ဆေးရေးမှူးရုံး၌ လီဟမ်ရှန်းက စာဖတ်နေသည့်အခိုက်တွင် ဝူစန်းထောင်က အတွင်းသို့ ဝင်လာခဲ့ပါသည်။ ကုန်လွန်ခဲ့သော လနည်းနည်းတွင် ဝူစန်းထောင်မှာလည်း အတော်လေးကို ပြောင်းလဲသွားခဲ့ပါသည်ဖြစ်၏။ ဖြစ်နိုင်တာက အပြင်လောကက သူ့အား ရင့်ကျက်သွားစေခြင်းလည်း ဖြစ်နိုင်ပါသည်။ လွန်ခဲ့သော လဝက်ခန့်က ဝူစန်းထောင်က ပြန်လည်မွေးဖွားခြင်းအဆင့်နှောင်းပိုင်းမှ အထွက်အထိပ်သို့ ချိုးဖြတ်နိုင်ခဲ့ပါသည်။ ဒါပေမဲ့ မူလအဆင့်သို့ ဝူစန်းထောင်ချိုးဖြတ်နိုင်ရန်အတက်တော့ အချိန်အတော်လိုသေးသည်ဟု လီဟမ်ရှန်းက တွေးမိပါသည်။
ထိုသူ၏ ပါရမီမှာ အလွန်နည်းပါးသောကြောင့် ထိုသို့ ခန့်မှန်းရခြင်း ဖြစ်၏။ ဆေးဝါးများ၏ အကူအညီကို သုံးမည်ဆိုလျင်တောင် သူ၏ကျင့်ကြံနှုန်းမှာ လိပ်သွားသလိုကို နှေးနေအုံးမည်ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းအဆင့် အထွက်အထိပ်သို့ ချိုးဖြတ်ပြီးနောက်တွင် ဝူစန်းထောင် ကလည်းနတ်ဘုရားဖမ်းဆီးသူဘွဲ့ကို ခံယူကာ စစ်ဆေးရေးမှူးရုံး၌ ဖမ်းဆီးသူတာဝန်ကို ထမ်းဆောင်နေခဲ့ပါသည်။ သူ၏ လုပ်ရပ်များကြောင့် မြွေဖြူလမ်းတွင် ဂုဏ်သတင်းတစ်ခုတည်ရှိသော နာမည်ကြီးသော သူတစ်ယောက်လဲ ဖြစ်လာခဲ့ပါ၏။
“ဘာသတင်း ထူးလို့လဲကွ” လီဟမ်ရှန်းက ဖတ်နေသော စာအုပ်ကို အောက်ချကာ မေးလိုက်ပါသည်။
“ချီရှန်း တစ္ဆေ အရှင်က တံခါး ပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီ” ဟု ဝူစန်းထောင်က အနားသို့တိုးလာပြီးနောက် အသက်ပြင်းပြင်းရှုကာ ပြောလိုက်ပါသည်။
“ ဒီသတင်းက ကျန်းကောစံအိမ်ကို အခုလေးပဲရောက်လာတာ။ ကျွန်တော်လဲ အခုလေးပဲ ကြားလာတာဗျ”
“ ဟေ..” ချီရှန်းတစ္ဆေအရှင်က တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီဟုတ်လား” ဟု လီဟမ်ရှန်းမှာ အံ့ဩသွားခဲ့ပါသည်။
ချီရှန်းအမိန့်ပြားရဲ့ ပိုင်ရှင် ချီရှန်း တစ္ဆေအရှင် ။ ထိုသတင်းက လီဟမ်ရှန်းအား ထိန့်လန့်သွားစေခဲ့ပါသည်။ အတိတ်တုန်းက ချီရှန်းအမိန့်ပြားကို လုချောင်းချောင်းက သန့်စင်ခဲ့ပါသည်။
ထို့ကြောင့် လုချောင်းချောင်းကို အဆုံးမဲ့ညရှေးဟောင်းနိုင်ငံက လာရှာက ခေါ်ဆောင်သွားခဲ့ပါ၏။ သူတို့က ချီရှန်းတစ္ဆေအရှင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး နောက်တွင် တစ္ဆေအရှင်အာ တောင်းဆိုစရာ တစ်ခုရှိသောကြောင့်ပင်ဖြစ်ပါသည်။ အရင်တုန်းက တစ္ဆေအရှင်က တံခါးပိတ်ကျင့်ကြံနေသောကြောင့် တစ္ဆေမျိုးနွယ်များတွင် ထိုကိစ္စနှင့်ပတ်သက်ပြီး သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်မနေပါချေ။
ယခုတော့ ချီရှန်း တစ္ဆေအရှင်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီ ဖြစ်သောကြောင့် တစ္ဆေမျိုးနွယ်များရှိရာ ကန္တရတိမ်တိုက် နယ်မြေတစ်ခုလုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေလောက်မည် မဟုတ်ပါလား။ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံက ချီရှန်းတစ္ဆေအရှင်ကို သွားရှာမည်မှာ ကျိန်းသေပေါက် ပင်ဖြစ်ပါသည်။ ဒါပေမဲ့ အခြားသော တစ္ဆေမျိုးနွယ်အင်အားစုများက အဆုံးမဲ့ညှာရှေးဟောင်းနိုင်ငံကို လွယ်လွယ်နှင့် သွားခွင့်ပြုမည်မဟုတ်ချေ။
သူတို့က မရရသည့်နည်းနှင့် ချီရှန်းအမိန့်ပြား (သို့မဟုတ်) လုချောင်းချောင်းကို လုကြမည်ဖြစ်ပါသည်။ အင်အားစုတိုင်လိုလိုပင် လုချောင်းချောင်းကို ရရှိရန် အတွက် တိုက်ခိုက်ကြလိမ့်မည်။ သူတို့က လုချောင်းချောင်းကို ဖမ်းဆီး၍ မရရှိသည့်တိုင် လုချောင်းချောင်းကို သတ်ဖြတ်ပစ်မည်မှာ ဧကန်မလွဲပင်ဖြစ်ပါသည်။ ထိုအရာများကို တွေးတောပြီးနောက် တွင် လီဟမ်ရှန်းက စတင်စိတ်ပူလာခဲ့ပါ၏။
လီဟမ်ရှန်းက အတွေးထဲ၌ နစ်မြောနေသည်ကို မြင်သောအခါတွင် ဝူစန်းထောင်ကလဲ သတိထားစွာ ပြောလိုက်ပါ၏။
“အကို ဘာများဖြစ်လို့လဲဗျ”။ ဘာမှမဖြစ်ပါဘူး။ လီဟမ်ရှန်းက သူ၏ခေါင်းကို ခါလိုက်ပြီးနောက် ဘာမှာမပြောတော့ပါချေ။
“အဲဒါဆိုရင် ကျွန်တော်ပြောတာကို သေချာလေး အာရုံစိုက်ပေး”
“ အေး အေး အေး ငါကြားပါတယ်။ ပြီးတော့ ဝူစန်းထောင်ရေ့ နောက်ထပ် သတင်းထူးတစ်ခုခုရှိရင် ငါ့ကို ချက်ချင်း သတင်းပို့နော်” ဟု အမိန့်ပေးလိုက်ပါ၏။
“ ဟုတ်ကဲ့ပါ” ဝူစန်းထောင် ကလည်းခေါင်းညိတ်လိုက်ပါသည်။ ချီရှန်း တစ္ဆေအရှင်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီနောက်ပိုင်းတွင် တစ္ဆေမျိုးနွယ်အင်အားစုများ ထဲတွင် ဝုန်းဒိုင်း ကြဲနေမှ အသေချာပင်ဖြစ်ပါသည်။ ဒါပေမဲ့ တစ္ဆေမျိုးနွယ်တွင် ဖြစ်ပျက်နေသည့်အဖြစ်အပျက်သတင်း များ ကျန်းကောစံအိမ်သို့ရောက်ရန် အတွက် လွန်စွာ ခက်ခဲမည် ဖြစ်ပါ၏။
ခုနှစ်ရက်ကြာပြီးနောက် ညနေခင်းတွင် လီဟမ်ရှန်းက သူနေထိုင်ရာ ခြံဝန်း၌ သိုင်းကျင့်ကြံနေသည့်အခါတွင် ကြောင်တစ်ကောင်းပြေးဝင်လာသည်ကို မြင်လိုက်ပါသည်။ သူ၏ခြံဝင်းထဲသို့ တိရိစ္ဆာန်ငယ်လေးများ ထိုသို့သွားလာ ဝင်ထွက်နေသည်ကို လီဟမ်ရှန်းက မအံ့ဩတော့ပါချေ။
ဆန်းကြယ်သောသူက သူ့အား တိရိစ္ဆာန်ငယ်လေးများကို အသုံးပြုပြီး သတင်းအချက်အလက်များ ပေးပို့နေခြင်း ဖြစ်ရမည်။ ထိုသူပေးပို့သော သတင်းအချက်အလက်များကြောင့်သာ မဟုတ်လျင် လီဟမ်ရှန်းက ဟွာ မိသားစုနှင့် မူမိသားစုတို့၏ အခြေအနေကို လုံးဝ သိရမည်မဟုတ်ပေ။ ဟွာမိသားစုနှင့် မူအိမ်တော်တို့မှာ လီဟမ်ရှန်းအား အကြိမ်ကြိမ် သတ်ဖြတ်ရန် ကြိုးစားခဲ့ပါသည်။
ထိုဆန်းကြယ်သောသူ၏ တိရိစ္ဆာန်ငယ်လေးများမှ ပေးပို့သော သတင်းအချက်အလက် များကြောင့်သာ မဟုတ်လျှင် လီဟမ်ရှန်းမှာ သေဆုံးနေသည်မှာ ကြာပြီဖြစ်ပါ၏။ ကြောင်က ခြံဝန်းထဲသို့ ဝင်လာပြီးနောက် စားပွဲပေါ်တွင် စာရွက်တစ်ရွက်ကို တင်ကာ ပြန်လည်ထွက်ပြေးသွားခဲ့ပါ၏။
လီဟမ်ရှန်းက ထိုသတင်းအချက်အလက်ကို ဖွင့်ဖတ်ပြီးနောက်တွင် သူ၏ မျက်ဝန်းများ မှာ ကျဉ်းမြောင်းသွားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းအချက်အလက်မှာ ဟွာ အိမ်တော်ရော၊ မူ အိမ်တော်ရောနှင့် မသက်ဆိုင်သောကြောင့် ဖြစ်ပါသည်။ သူလက်ထဲတွင်ရှိသော သတင်းအချက်အလက်မှာ တောက်ဟီ အိမ်တော်၏ သတင်းအချက်အလက်ပင်ဖြစ်သောကြောင့်ဖြစ်ပါ၏။
တောက်ဟီ အိမ်တော်သည် မြွေဖြူ လမ်း၏ ရေလမ်းကြောင်းပို့ဆောင်ရေးလုပ်ငန်းအားလုံးကို ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းအိမ်တော်တစ်ခုဖြစ်ပါသည်။ ထိုအိမ်တော်က မြွေဖြူလမ်းကြောင်းမှာ လူများကို တဟန်မြို့သို့သင်္ဘောကူးတို့ လုပ်ပြီး ပို့ဆောင်ရေးကို လုပ်နေသော အိမ်တော်လည်းဖြစ်၏။
ထိုနေရာ၌ လူသားမျိုးနွယ်ရော တစ္ဆေမျိုးနွယ်ပါ ရောယှက်နေခဲ့ပါ၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် နယ်ခြားမျဉ်း ဖြစ်သောကြောင့်ဖြစ်၏။ လွန်မင်းစွာ အန္တရာယ်ကြီးပြီးနောက် တော်ရုံတန်ရုံလူများ ထိုနေရာတွင် မရှိပါချေ။ ထိုနေရာ၌ စီးပွားရေးသွားလုပ်သောသူများမှာ စွမ်းအားကြီးမားသော သူမျာပင် ဖြစ်ကြပါ၏။ သို့သော် သင်္ဘောက နယ်ခြားမျဉ်းမှ ပြန်ဝင်လာပါက အစောင့်အကြပ်များက သင်္ဘောကို သေချာစစ်ဆေးခဲ့ပါ၏။
အဘယ်ကြောင့်ဆိုသော် တစ္ဆေမျိုးနွယ်များ ခိုကပ် လိုက်ပါလာမည်ဆိုးသောကြောင့်ဖြစ်သည်။ စွမ်းအားကြီးမားသောသူများက တစ်ခြားနယ်မြေမှ ပြန်လာပါက အစောင့်အကြပ် များကပို၍ပင် စစ်ဆေးပါ၏။ တောက်ဟီ အိမ်တော်မှာ ဥပဒေကို လိုက်နာသော်လည်း သူတို့က ယခင်က မူအိမ်တော်၏ လူကုန်ကူးမှုများကို ကူညီပေးခဲ့ဘူးပါသည်။
သို့သော် တောက်ဟီ အိမ်တော်၏ပြန်လည် ရှင်းလင်းချက်မှာ သူတို့က တင်ပို့သော ကုန်ပစ္စည်းများကို ဖောက်စစ်ခြင်းမပြုသောကြောင့်အတွင်း ၌ ပါသည်အရာများကို မသိဟုဆိုကာ ရှင်းလင်းခဲ့ပါ၏။
ထိုကဲ့သို့သော ဖြေရှင်းချက်ကို လီဟမ်ရှန်းကလည်း မည်သို့မျှ ဆက်လက်၍ မကိုင်တွယ်နိုင်ခဲ့ပါချေ။ ယခုထပ်မံပို့သော သတင်းအချက်အလက်အရ တောက်ဟီ အိမ်တော်မှာ ယနေ့ညတွင် တစ္ဆေမျိုးနွယ်များ အားမှောင်ခိုသွင်းမည်ဟူသော သတင်းအချက်အလက်ကို ရေးထားပါသည်။ ထိုကဲ့သို့သော သတင်းမှာ လီဟမ်ရှန်းသည် လစ်လျူရှု၍ မရသော အခြေအနေမျိုးဖြစ်ပါသည်။
စစ်ဆေးရေးမှူးတစ်ယောက် ဖြစ်သောသူသည် သူ၏အဓိကတာဝန်မှာ တစ္ဆေမျိုးနွယ်များက လူသားနယ်မြေများကို ခိုးဝင်လာခြင်းမှ တားဆီး ကာကွယ်ရန်ဖြစ်ပါ၏။ တောက်ဟီ အိမ်တော်မှ တစ္ဆေမျိုးနွယ်များကို မှောင်ခိုကူးကာ လူသားမျိုးနွယ်များရှိရာသို့ ခေါ်ဆောင်လာမည်ကို သိသောကြောင့် လီဟမ်ရှန်းက ထိုအဖြစ်အပျက်ကို ယနေ့ညတွင် စစ်ဆေးရန် အတွက် ပြင်ဆင်လိုက်ပါသည်။ လက်ရှိ၌ တစ္ဆေမျိုးနွယ်များ ရှိသော နယ်မြေမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေသော်လည်း ဘာဖြစ်နေတယ်ဆိုတာကို တိတိကျကျမသိသောကြောင့် တစ္ဆေမျိုးနွယ်များမှာ လူသားမျိုးနွယ်များထံသို့ အဆက်မပြတ်ခိုးဝင်လာသော အဖြစ်အပျက်များ ဖြစ်လာနိုင်ပေ၏။
ထိုကဲ့သို့သောအခြေအနေမျိုး မဖြစ်စေရန်အတွက် လီဟမ်ရှန်းက တာဆီးရန်ဖြစ်ပါသည်။ ညသို့ရောက်ပါပြီ။ လီဟမ်ရှန်း၊ လင်းချီကျိုးနှင့် အခြားသော စွမ်းအားမြင့်သော အစောင့်များသည် သင်္ဘောဆိပ်ကမ်းသို့သွားရန် ပြင်ဆင်လိုက်ပါသည်။ လင်းချီကျိုးက စစ်ဆေးရေးမှူး ရုံးတော်သို့ ဝင်ရောက်ပြီးနောက်ပိုင်းတွင် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။
မူအိမ်တော်နှင့်ပတ်သက်သည့် တာဝန်များကို ညှာတာမှုမရှိဘဲ အပြစ်ပေးကာ ထမ်းဆောင်ပါသည်။ လီဟမ်ရှန်းက ပထမဆိုလျှင် မူအိမ်တော်မှာ လင်းချီကျိုးကို လည်း ပူးတွဲပထမပေးပြီး သေလောက်အောင်သတ်ပစ်ချင်နေခဲ့ပါ၏။
“အရှင် လောလောဆယ် ကြားရတဲ့သတင်းများအရ တစ္ဆေမျိုးနွယ်များ၏နယ်မြေမှာရုန်းရင်း ဆန်ခတ်တွေဖြစ်နေတယ်တဲ့။ အဲဒါကြောင့်မို့ နယ်မြေမငြိမ်းချမ်းတာကြောင့် တစ္ဆေမျိုးနွယ်တွေက လူသားမျိုးနွယ်တွေဖြစ်တဲ့ ကျွန်တော်တို့ရှိတဲ့နေရာကို နယ်ခြားမျဉ်းကနေ တိတ်တဆိတ်ခိုးဝင်လာနိုင်ပါတယ်”
လင်းချီကျိုးက သွားနေရင်း နှင့် လမ်းတွင်ပြောလိုက်ပါသည်။
လီဟမ်ရှန်းက ခရမ်းမိုးကြိုး မြင်းကို စီးနှင်းထားပြီး တည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။
“ဘယ်နှစ်ယောက်ပဲလာပါစေကွာ။ တစ္ဆေမျိုးနွယ်တွေက လူသားမျိုးနွယ်တွေရဲ့ နယ်မြေကို ခြေချတာနဲ့ ဘာမှ အမေးအမြန်းမရှိ သတ်ပစ်လိုက်”
“ အရှင့်ကို ကြည့်ရတာ တစ္ဆေမျိုးနွယ်တွေကို မုန်းတီးနေသလိုပဲ” လင်းချီကျိုးက အပြုံးတစ်ခုနှင့်ပြောလိုက်ပါသည်။
“အင်း…..” လီဟမ်ရှန်းကမငြင်းဆန်ခဲ့ပါချေ။