← Chapters

အခန်း (၂၈၉)

Vol. 25 Ch. 289

အခန်း (၂၈၉)

Vol. 25 Ch. 289

တစ္ဆေမျိုးနွယ်နှင့် ထာဝရ ရှင်သန်ခြင်း ဂိုဏ်းမှာ လီဟမ်ရှန်းက မုန်းတီးမှု အများဆုံးသော အရာများဖြစ်ပါသည်။ အထူးသဖြင့် ထာဝရရှင်သန်ခြင်းဂိုဏ်း ကို လီဟမ်ရှန်းက ပို၍ ပို၍ မုန်းတီးလာပါ၏။

သို့သော် သူက ကျန်းကောစံအိမ်သို့ လာပြီးနောက်ပိုင်းတွင် ထာဝရရှင်သန်ခြင်း ဂိုဏ်းနှင့်ပတ်သက်သော အကြောင်းအရာများ အားလုံးနှင့် အဆက်ပြတ်သွားခဲ့ရပါသည်။ တစ္ဆေနတ်ဆိုး စမ်းသပ်မှု၌ ချင်းလဲ့ ဓါးသခင်က ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အစီအစဉ်ကို ဖျက်ဆီးပြီးသည့်နောက်တွင် ထာဝရရှင်သန်ခြင်းဂိုဏ်းမှာလုံး ဝကို ပျောက်ကွယ်သွားခဲ့ပါ၏။

ဆိပ်ကမ်းတစ်ခုလုံးမှာ လူများစွာ ဖြင့် ပြည့်ကြပ်နေခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် သင်္ဘောက တစ်ခြားသောနယ်မြေမှ ပြန်လည်၍ ဆိုက်ကပ်လာမည် ဆိုသောကြောင့် ဖြစ်သည်။ လူမျာစွာ ရှုပ်ထွေးနေသည့်အချိန်တွင် ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော သူတစ်ယောက်လဲ ရှိနေပါ၏။ ထိုသူမှာ အနည်းငယ် အဝလွန်နေပြီး တောက်ဟီအိမ်တော်၏ မန်နေဂျာ တစ်ဦးလည်းဖြစ်ပါ၏။ ထိုသူ၏အမည်မှာ ရှရုဟုဖြစ်ပါ၏။

သူက တူးရှမြို့၌ ဂုဏ်သတင်းအနည်းငယ်ရှိသော သူလည်းဖြစ်သည်။ တောက်ဟီ အိမ်တော်၏ မန်နေဂျာတစ်ဦးဖြစ်သောကြောင့် မူအိမ်တော်နှင့် ဟွာမိသားစုပင်လျှင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရပါသည်။

တော်ဟီအိမ်တော်မှာ မြွေဖြူလမ်း၏ ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းကို ကိုင်တွယ်ထားပြီးနောက် မူအိမ်တော်နှင့် ဟွာအိမ်တော် တို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိပါသည်။ ယခုအချိန်တွင်တော့ သင်္ဘောကြီး တစ်စီး၏ အရိပ်မှာ အဝေးမှ ရှရုဟုက တောက်ဟီအိမ်တော်မှ နောက်လိုက်တပည့်များစွာနဲ့ ရှေ့သို့ တိုးလိုက်ပါတော့သည်။

သူတို့က အရှေ့တွင် လမ်းပိတ်နေသော သာမာန်လူများကို လမ်းဖယ်ပေးခိုင်းလိုက်ပါ၏။ သူတို့ကို ဘာကြောင့် တွန်းထုတ်နေသည်ကို သာမာန်လူများက နားမလည်သော်လည်း မေးခွန်းပြန်မထုတ်ဘဲ ခပ်သွက်သွက်ပင် လမ်းဖယ်ပေးလိုက်ကြပါသည်။ သင်္ဘောမှာ ဖြေညင်းစွာဖြင့် အနားသို့ ကပ်လာပါ၏။

အမှောင်သို့သန်းနေသည့်အချိန်တွင် သင်္ဘော၏ ကိုယ်ထည်မှာ ရှိရင်းစွဲထက် ပို၍ပင်ကြီးမားနေခဲ့ပါသည်။ ဆိပ်ကမ်းရှိ လူများအားလုံးသည် သင်္ဘောကြီးဆိုက်ကပ်လာမည်ကို မျှော်လင့်နေကြပါ၏။ ထိုအချိန်မှာ ပင် ဆိပ်ကမ်း၏အဝင်ဝ ၌ လီဟမ်ရှန်းနှင့် ကျန်သောသူများ ရောက်ရှိလာကြပါသည်။

“ရပ်စမ်း။ သင်္ဘောက ကမ်းကပ်နေပြီ ဘယ်သူမှ အနားကိုကပ်လို့မရဘူး” တောက်ဟီ အိမ်တော် အစောင့်မှ လီဟမ်ရှန်းနှင့် လင်းချီကျိုးအာ အနားသို့ကပ်ခြင်းမှ တားဆီးလိုက်ပါသည်။

“ စစ်ဆေးရေးမှူး ရုံးတော်က လာပြီးစစ်ဆေးတယ်။ ဖယ်စမ်း”လင်းချီကျိုး ကဒေါသတစ်ကြီးနှင့် အော်ဟစ်လိုက်ပါ၏။

“ ဘယ်သူပဲ ဖြစ်ဖြစ် ဒီအချိန်မှာ ဆိပ်ကမ်းကို ကပ်ခွင့်မပြုဘူး” တော်ဟီအိမ်တော်မှ အစောင့် နှစ်ဦးကလည်း ခေါင်းမာစွာ ဖြင့်ပြောလိုက်ပါသည်။ သူတို့ကလည်းထိုကဲ့သို့ ခေါင်းမာနေရခြင်းမှာ ရှရုဟုက သူတို့အား အမိန့်ပေးခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ရှရုဟု အမိန့်ပေးခဲ့သည်မှာ ဘယ်သူပဲ လာလာ ဘယ်ကောင်ကြီးပဲ လာလာ ဆိပ်ကမ်းနားကို အကပ်မခံနဲ့ ဟူ၍ ဖြစ်ပါ၏။

“သူတို့ကို ဖမ်းစမ်း” လင်းချီကျိုး ထံမှ အမိန့်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အနောက်မှ အစောင့်များက အရှေ့သို့ တိုးလာပြီးနောက် အပေါက်ဝတွင်စောင့်ကြပ်နေသော အစောင့်နှစ်ဦးကို ဖမ်းဆီးလိုက်ပါသည်။ အစောင့်နှစ်ဦးမှာ ကြိုးစားကာ ရုန်းကန်သော်လည်း အသုံးမဝင်ပါချေ။

လီဟမ်ရှန်းနှင့် လင်းချီကျိုး မှာ ရုံးတော်မှ လူများကို ဦးဆောင်၍ အတွင်းသို့ဝင်သွားခဲ့ပါသည်။ တစ်စုံတစ်ဦးလာနေသည်ကို ရှရုဟု ကခံစားမိလိုက်ပါ၏။ သူက မျက်မှောင်ကျုံ့ပြီးနောက် အနောက်သို့ လှည့်ကြည့်လိုက်ပါသည်။

“ဘယ်သူကိုမှ ပေးမဝင်နဲ့လို့ ငါပြောထားခဲ့တယ်မဟုတ်လား” သို့သော် နောက်သို့လှည့်ကြည့်လိုက်ပြီးနောက် လီဟမ်ရှန်းကို မြင်သောအခါတွင် ကြောက်ရွံ့တုန်လှုပ်သော အမူအရာဖြစ်သွားခဲ့ပါ၏။ သူက ချက်ချင်းပင် အမူအရာကို ပြင်လိုက်ပြီးနောက် အပြုံးတစ်ခုဖြင့် ဆိုလိုက်ပါသည်။

“လက်စသတ်တော့ စစ်ဆေးရေးမှူးကြီးရောက်လာပါလား။ ဘယ်လေတိုက်လို့ရောက်လာတာလဲဗျာ”

“ဟာ ဘာကိစ္စရယ်လို့တော့မဟုတ်ပါဘူး။ဒီတိုင်းပဲ လမ်းကြောင်းကိုစစ်ဆေးတဲ့အနေနဲ့ စစ်ဆေးတာပါပဲဗျာ” လီဟမ်ရှန်းက ပေါ့ပေါ့ပါးပါးနဲ့ပြောလိုက်ပါသည်၏

“ဒါပေမဲ့ ခင်ဗျားတို့ တောက်ဟီအိမ်တော်က တကယ်လေးကိုအံ့ဩဖို့ကောင်းတယ်ဗျာ။ ကျုပ်က ဒီဆိပ်ကမ်းထဲကိုဝင်ချင်တာတောင်မှ ခင်ဗျားတို့အိမ်တော်ကအစောင့်တွေကပေးမဝင်ဘူးလေ။ ဖြစ်နိုင်တာက ဒီဆိပ်ကမ်းမှာခင်ဗျားတို့မဟုတ်တာတစ်ခုခုလုပ်နေကြတာတော့ မဟုတ်ဘူးမလား”

“ဟာ စစ်ဆေးရေးမှူးကြီးကလဲ နောက်နေပြန်ပါပီဗျာ” ရှရုဟုက ရယ်မောလိုက်ပါသည်။

“ ဘယ်လိုဖြစ်ပြီးတော့ စစ်ဆေးရေးမှူးကြီးကို အထဲ ပေးမဝင်ရမှာလဲ။ ကျုပ်တို့တွေက ဥပဒေကို လိုက်နာတဲ့ စီးပွားရေးသမားတွေပါဗျာ။ အဲဒီအစောင့် နှစ်ယောက်က တော်တော်လေးကို ခေါင်းမာတာပဲ။ စစ်ဆေးရေးမှူးကြီးကိုတောင်မှ တားဆီးရဲတယ်ပေါ့လေ။ ကျုပ်ပြန်ရောက်လို့ရှိရင် ဒီနှစ်ကောင်ကို ကောင်းကောင်းလေးဆုံးမပေးလိုက်မယ်”

“ စစ်ဆေးရေးမှူးကြီး၊ နတ်ဘုရားဖမ်းဆီးသူလင်း အထဲကိုဝင်ပါဗျာ။ အထဲကိုကြွပါ။ ဒီမှာ စစ်ဆေးရေးမှူးကြီးတို့ကို တောင်းပန်ဖို့အတွက် ဈေးကြီးတဲ လက်ဖက်ခြောက်နဲ့ လဖက်ရည်ကြမ်းပြင်ဆင်ပေးပါ့မယ်ဗျ”

ရှရုဟုက အတွင်းသို့ ဝင်ရန်အတွက် ဖိတ်ခေါ် သည့်လက်ဟန်ကိုပြုလုပ်လိုက်ပါသည်။

“လောလောဆယ် ကျုပ်က လဖက်ရည်ကြမ်း မသောက်ချင်သေးပါဘူး။ ပြီးတော့ မန်နေဂျာ ရှကလဲ တစ်ခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ် မဟုတ်ဘူးလား။ ပြီးတော့ အခုပဲကြည့်လေ သင်္ဘောက ကမ်းကပ်တော့မယ်” ဟု လီဟမ်ရှန်းက အဝေးသို့ကြည့်ပြီးနောက် အနားသို့တစ်ဖြေးဖြေးတို့လာသော သင်္ဘောကြီးကို ကြည့်ရင်းပြောလိုက်ပါသည်။

“ ဟာ အရေးမကြီးပါဘူး။ အရေးမကြီးပါဘူး။ ဒီလိုမျိုး ကိစ္စတွေကို ကျုပ်ကိုယ်တိုင် လုပ်စရာမလိုပါဘူး ကျုပ်ရဲ့လက်အောက်ငယ်သားတွေက ဒါတွေအကုန်လုံးကို အေးအေးဆေးဆေးညွန်ကြားပြီး လုပ်နိုင်ပါတယ်”

“ စစ်ဆေးရေးမှူးကြီး ဒီမှာ ရှိပြီဆိုမှတော့ ကျုပ်က စစ်ဆေးရေးမှူးကြီးကို ဖျော်ဖြေပေးရမှာပေါဗျ။ မဟုတ်ရင် ကျွန်တော်ရုံးကို ပြန်တဲ့အခါ ပိုင်ရှင်က စစ်ဆေးရေးမှူးကြီးကို ကောင်းကောင်းဧည့်ဝတ်မကျေပွန်လို့ဆိုပြီး ဆူပါလိမ့်မယ်ဗျာ” ရှရုဟုက အလျင်အမြန်ပင် ရယ်မောလိုက်ပါသည်။ သို့သော် လီဟမ်ရှန်းက တိုင်တောင်ကြီးလိုမျိုး လုံးဝကို မလှုပ်ရှားပဲ ငြိမ်နေခဲ့ပါ၏။ သူက ခရမ်းမိုးကြိုးမြင်းပေါ်မှဆင်းလာပြီးနောက် အနည်းငယ်လမ်းလျှောက်လိုက်ပါသည်။

“ ဒီည ကျုပ်လက်ဖက် ရည်ကြမ်းမသောက်ချင်ဘူး။ ဒီသင်္ဘောကိုစစ်ဆေးချင်တယ်။ ဒီသင်္ဘောမှာမပါလာသင့်တဲ့အရာတွေပါလာတယ်လို့ ကျုပ်ခံစားရတယ်”

“ စစ်ဆေးရေးမှူးကြီးက တကယ်ပဲ သတိထားတာကို ။ ဒီလိုမျိုးကိစ္စသေးသေးလေးတွေက လက်အောက်ငယ်သားတွေ လုပ်ခိုင်းသင့်တယ်ဗျ။ စစ်ဆေးရေးမှူးကိုယ်တိုင်ဒီကိုလာစရာမလိုပါဘူးဗျာ။ ဒီလိုမျိုး စစ်ဆေးရေးမှူးရဲ့ စိတ်အားတက်ကြွတဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ အတုယူရပါမယ်ဗျ”  ရှရုဟုက ဦးညွှတ်လျက် ပြောလိုက်ပါသည်။ သူ၏ မြှောက်ပင့်မှုများကိုပင် လီဟမ်ရှန်းက လုံးဝကို ခံစားချက်များမပြခဲ့ပါ။

ထိုကဲ့သို့အခြေအနေကြောင့် ရှရုဟုက ပို၍ပို၍ စိတ်ဖိအားများတိုးလာခဲ့ပါသည်။ လီဟမ်ရှန်းက ဒီသင်္ဘောကို စစ်ဆေးရန်အတွက် ဆုံးဖြတ်ထားသည့်ပုံစံရှိပါ၏။ ရှရုဟုတွင် ရွေးချယ်စရာလုံးဝမရှိ ပါချေ။ သူက လီဟမ်ရှန်းကို စစ်ဆေးခြင်းမှတားမြစ်ရန်အတွက် အစွမ်းအစမရှိပါချေ။

ရှရုဟု၏စိတ်ထဲ၌ လေးလံလာခဲ့ပါတော့သည်။ လီဟမ်ရှန်းက တစ်စုံတစ်ခုကို သိနေသည်ဟု သူက ခံစားနေရသည်။ ထိုသို့မဟုတ်ပါက ထိုသင်္ဘောကို အသည်းအသန်စစ်ဆေးရန်အတွက် အကြောင်းလုံးဝမရှိပါချေ။ သင်္ဘောက ဆိပ်ကမ်းသို့ကပ်လာပြီး နောက်တွင် ကုန်ပစ္စည်းများကို ဖြည်းညင်းစွာဖြင့် ချနေခဲ့ပါသည်။

သင်္ဘောပေါ်မှလည်း လူရာချီက ဆင်းလာခဲ့သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ဆင်းလာသော သူများတွင် ပြဿနာတစ်ခုမှ ရှိဟန်မပေါ်ပေ။ သူတို့အားလုံးက လူသားများနှင့်တူပါ၏။ ဒါပေမယ့်လည်း တစ္ဆေမျိုးနွယ်တွေက လည်း လူသားယောင်ဆောင်နိုင်သည် မဟုတ်ပါလား။

တစ္ဆေမျိုးနွယ်တွေကိုယ်တိုင်က သရုပ်မှန်ကို ထုတ်ဖော်ပြသခြင်း မရှိပါက လူသားနှင့်ချွတ်စွပ်ခွဲမရအောင်တူနေမည်ဖြစ်သည်။

“လူကြီးမင်း ကြည့်ပါဦး။ သူတို့အားလုံးကလူတွေပါပဲ” ရှရုဟုက သတိထား၍ ပြောလိုက်ပါသည်။

“ မင်း၊ မင်းနဲ့မင်း အရှေ့ကို တိုးစမ်း”

လင်းချီကျိုးက ရှေ့သို့ခြေတစ်လှမ်းတိုးပြီးနောက် လူအုပ်ထဲကလူများကို လက်ညှိုးညွှန်ကာ အမိန့်ပေးလိုက်ပါ၏။ ထိုသူများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ရှေ့သို့တိုးလိုက်ပါသည်။ ထိုသူများအားလုံးသည် ကျင့်ကြံအဆင့်ပင် ရှိကြသည်။

မင်းတို့တွေရဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်စမ်း။ မင်းတို့တွေက လူသားဟုတ်မဟုတ် ဆိုတာကို ငါတို့စစ်ရမယ်။ လင်းချီကျိုးက ကျယ်လောင်စွာ ပြောလိုက်ပါသည်။ လင်းချီကျိုး၏စကားဆုံးသွားသည်နှင့် သူ့နောက်တွင်ရှိသောအစောင့်များအားလုံးက လက်နက်များကို ထုတ်ပြီးအသင့်ပြင်ထားလိုက်ပါ၏။

မတော်တဆ တစ္ဆေမျိုးနွယ် တစ်ဦးဦးပေါ်လာပါက ချက်ချင်းဖမ်းချုပ်ရန်အတွက် ဟန်ပြင်ထားပါ၏။ တစ်ယောက်ပြီးတစ်ယောက် ဘယ်မှညာ လူဆယ့်ခုနစ်ယောက်လုံးသည် သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပါသည်။ ဆယ့်ခုနစ်ယောက်စလုံးအရှိန်အဝါ များ ထုတ်လွှတ်လိုက်ပြီးနောက်တွင် သူတို့အားလုံးက လူသားစစ်စစ်များ ဖြစ်သည်ကို လင်းချီကျိုးက သိလိုက်ရပါတော့သည်။

ထိုဖြစ်ရပ်ကြောင့် လင်းချီကျိုးကို အံ့ဩသွားစေခဲ့ပါ၏။ တစ္ဆေမျိုးနွယ်တွေမပါဘူးလား။

“ ဆက်ပြီး ရှာမယ်ဟေ့”

လီဟမ်ရှန်းက ခံစားချက်မဲ့စွာဖြင့် ပြောလိုက်ပါ၏။ လင်းချီကျိုးက ခေါင်းညိမ့်ပြလိုက်သည်။ သူက တစ်ဦးမကျန် ရှာဖွေပါ၏။ တက်လှမ်းချင်းအဆင့်များကိုပင် အလွတ်မပေးပါချေ။ သူတို့စစ်ဆေးပြီးသည့်နောက်တွင် လူတိုင်းက လူသားများဖြစ်နေပါ၏။ တစ္ဆေမျိုးနွယ်တစ်ဦးကိုမျှ မတွေ့ပါချေ။ ထိုဖြစ်ရပ်ကြောင့် လီဟမ်ရှန်းက၏ သတင်းအချက်အလက်ကများ မှားယွင်းနေသလားဟု လင်းချီကျိုးကို အနည်းငယ်သံသယဝင်သွားစေခဲ့ပါသည်။

ဒါပေမယ့် အတိတ်တုန်းက ဖြစ်ရပ်များကို ထောက်ရှုရသော် လီဟမ်ရှန်းရရှိသော သတင်းအချက်အလက်များမှာ ဘယ်တုန်း ကမျှ မမှားယွင်းခဲ့ဖူးပါချေ။ သူ၏ သတင်းအချက်အလက်က မှားယွင်းမည်ဟု လီဟမ်ရှန်းကိုယ်တိုင်ကပင် အယုံအကြည် မရှိပါချေ။

အရင်တုန်းက ရရှိခဲ့သော သတင်းများမှာ တိကျ မှန်ကန်သောကြောင့် ယခုရရှိသောသတင်းက တိကျမှန်ကန်မည်ဟု သူကခံယူထားပါသည်။

“စစ်ဆေးရေးမှူးကြီး အခုက ဘာမှပြဿနာရှိတဲ့ပုံ မပေါ်ဘူးလေဗျာ။ နောက်လည်းနောက်ကျနေပြီ။ စစ်ဆေးရေးမှူးကြီးက ပင်ပန်းနေမှာပေါ့။ ကျွန်တော်က ညလယ်စာစားဖို့အတွက် ပြင်ဆင်ထားပြီးပါပြီ။ ကြွရောက်ပြီးတော့ သုံးဆောင်ပေးပါဦးဗျာ” ရှရုဟုက လျင်မြန်စွာ‌ပြောလိုက်ပါသည်။

သို့သော် လီဟမ်ရှန်းက ဂရုမစိုက်ပါချေ။ သူ၏အကြည့်မှာ သင်္ဘောပေါ်မှ ကုန်ပစ္စည်းများပေါ်သို့ ရောက်သွားခဲ့ပါသည်။ အချို့သော သေတ္တာများမှာ ရှိရင်းစွဲအနေအထားထက် ပိုမို၍ ကြီးမားနေခဲ့ပါသည်။

လီဟမ်ရှန်းက ထိုသေတ္တာကြီး အနားသို့ သွားကာတစ်ပတ်ပတ်ကြည့်လိုက်ပါသည်။ ထို့နောက်တွင် သေတ္တာ၏အပြင်ဘက်အသားကို တစ်ဒေါက်ဒေါက်နှင့် ခေါက်လိုက်ပါသည်။

“ အထဲမှာ ဘာရှိလဲ။ လီဟမ်ရှန်းက မေးလိုက်ပါသည်။ လူကြီးမင်းခင်ဗျား။ ပိုးထည်တွေနဲ့ အစားအသောက်တွေပဲရှိတာပါ” လူတစ်ဦးက အနားသို့ တိုးလာပြီးနောက်ပြောလိုက်ပါသည်။ ထိုသူက အမူအရာ ပျက်ယွင်းနေပြီး ချွေးများမှာလည်း အဆက်မပြတ်ကို ထွက်နေခဲ့ပါ၏။ သူ့ပုံစံမှာ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ကြောက်ရွံ့တုန့်လှုပ်နေသည်ကို အတပ်ပြောနိုင်ပါသည်။

သူ့မျက်နှာကိုကြည့်လိုက်သည်နှင့် ‘ငါ့ ကုန်ပစ္စည်းတွေမှာ တခုခုမှားယွင်းနေတယ်ဟေ့’ ဟူသော စာကပ်ထားသည့်အလားပင်။ သူ၏ကုန်ပစ္စည်းများမှာ မှားယွင်းနေသည်ဟု အတပ်သိနိုင်သည့်မျက်နှာထားမျိုးဖြစ် ပါသည်။

“ဖွင့်လိုက်စမ်း။ ငါကြည့်ကြည့်မယ်” လီဟမ်ရှန်းက ပြောလိုက်ပါသည်။

“ ဒါကတော့…” ထိုသူက ရှရုဟုအား စိုးရိမ်းပူပန်သောအကြည့်နှင့် လှမ်းကြည့်လိုက်ပါ၏။ ရှရုဟုက သူ၏ဦးခေါင်းကို တစ်ဖက်သို့လှည့်လိုက်ပါ၏။ ထိုသူနှင့်လုံးဝမသိပါဟူသောဟန်ကို ဆောင်နေခဲ့ပါသည်။

ထိုသူက သေတ္တာတစ်လုံးကို ဖွင့်ပြလိုက်ပါ၏။ လင်ချီကျိုးက သေတ္တာကိုကြည့်လိုက်ပါ၏။ အတွင်း၌ တကယ်ပဲ အစားအသောက်များနှင့် ပိုးထည်ပစ္စည်းများပါဝင်ပါသည်။ တခြား ဘာမှမပါပါ။

“ ထပ်ဖွင့်ပါဦး” လီဟမ်ရှန်းက ဒုတိယ သေတ္တာကိုကြည့်ရင်းပြောလိုက်ပါ၏။

“ကျွန်တော်တို့ တကယ်ပဲ လုပ်ရမှာလား လူကြီးမင်း။” ထိုလူကြီးမှာ မျက်ရည်ကျမတတ်ပင် ဖြစ်‌နေပါသည်။

“မင်းမလုပ်ဘူးဆိုလို့ရှိရင် ငါကိုယ်တိုင် ဖွင့် လိုက်ရမှာလား”

လီဟမ်ရှန်းက သေတ္တာကိုကြည့်ရင်း ပြောလိုက်ပါ၏။ သို့သော် ထိုအခိုက်မှာပင် လေထုထဲသို့ တိုးဝင်လာသော အသံတစ်ခုကို ကြားလိုက်ပါ၏။ တစ်စုံတစ်ခုက လင်းချီကျိုးထံသို့ တိုးဝှေ့ကာဝင်လာပါသည်။ လင်းချီးကျိုးက လည်း ချက်ချင်းလိုလိုပင် တုံ့ပြန်လိုက်သည်။

သူ၏ ပုဆိန်ကြီးကို လွှဲရမ်းကာ ရိုက်ခတ်လိုက်ပါသည်။ ပုဆိန်၏ စွမ်းအားမှာ လေထုကိုပင် တုန်ခါသွားစေပါ၏ ပုဆိန်က လွှဲရမ်းလိုက်သည့်အခါတွင် အနီရောင်ဘောလုံးလေးတစ်လုံးကို ရိုက်ခတ်မိသွားပါ၏ ပုဆိန်၏ ရိုက်ခတ်မှုကြောင့် အနီရောင်ဘောလုံးလေးမှာ ပေါက်ကွဲသွားခဲ့ပါသည်။

“ဘုန်း ……”

ကြီးမားလှသောအသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏ ချက်ချင်းပင် မြောက်မြားလှသော မီးခိုးငွေ့များသည် ထိုဘောလုံးလေးထဲမှ ထွက်ပေါ်လာ၏။ ဆိပ်ကမ်းတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပါ၏။

ဘန်း…. နောက်ထပ်အသံတစ်ခုထွက်ပေါ်လာပြီးနောက် လီဟမ်ရှန်း၏ အရှေ့တွင်ရှိသော သေတ္တာသည် ဟင်းလင်းပွင့်သွားခဲ့ပါသည်။

သေတ္တာထဲမှ ပုံရိပ်တစ်ခုသည် အပြင်သို့ တိုးထွက်လာခဲ့ပါသည်။

“ သူ့ကို မလွတ်စေနဲ့” လီဟမ်ရှန်းက အသံနက်ကြီးနဲ့ အော်ဟစ်လိုက်၏ ထိုသူထံမှ ပြင်းထန်လှသော တစ္ဆေအရှိန်အဝါများကို ပင် လီဟမ်ရှန်းက ခံစားလိုက်ရပါသည်။

ထို့ကြောင့် လီဟမ်ရှန်းက မိုးကြိုးအလျင်ကျင့်စဉ်ကို ချက်ချင်းအသုံးပြုလိုက်ပြီး ထိုသူနောက်ကို အသည်းအသန်လိုက်သွားခဲ့ပါသည်။ ထိုသူမှာ လွန်စွာကြောက်ရွံ့နေပြီး အနောက်သို့ လှည့်ကြည့်ရင်းဖြင့် ပြေးနေပါ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ပြန်လည်မွေးဖွားခြင်း အဆင့်သာရှိပြီး လီဟမ်ရှန်း၏ ဖမ်းဆီးမှုကို လွတ်မြောက်နိုင်မည်မဟုတ်ပါချေ။

လီဟမ်ရှန်းကသူ့အားဖမ်းရန်အတွက် လက်လှမ်းလိုက်ပါသည်။ သို့သော် ထိုအခိုက်မှာပင် လီဟမ်ရှန်း၏ မျက်မှောင်များမှာ ကျုံ့သွားခဲ့ပါ၏

ကောင်းကင်ထက်မှ မျက်နှာဖုံးတပ်ထားသော ဆန်းကြယ်သော ပုံရိပ်တစ်ခုမှာ ချက်ချင်းဆိုသလိုပင် ထိုးဆင်းလာခဲ့ပါသည်။ ထိုပုံရိပ်က လီဟမ်ရှန်းထံသို့ လက်ဝါးရိုက်ချက်တစ်ချက် ပစ်သွင်းလိုက်ပါ၏။

အင်မော်တယ် အရှင်သခင် လက်ညှိုးသိုင်း။ လီဟမ်ရှန်းကလည်း လုံးဝကို အားကို ထိန်ချန်မထားပါချေ။ 

အင်မော်တယ်အရှင်သခင် လက်ညှိုးသိုင်းကို အသုံးပြုပြီး ပြန်လည်တုံ့ပြန်လိုက်ပါသည်။ သူ၏ လက်ညှိုးထဲမှ ထွက်ပေါ်လာသော အတွင်းအားသည် မျက်နှာဖုံးစွပ်လူ၏ လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်တွေ့သွားခဲ့ပါသည်။ သို့သော် ထိုဆန်းကြယ်သောသူ၏ အတွင်းအားလှိုင်းများက လီဟမ်ရှန်း၏ အတွင်းအားလှိုင်းကို ဖိနှိပ်သွားခဲ့ပါသည်။

ထိုဆန်းကြယ်သောပုံရိပ်၏ ခွန်အားမှာ ပင်လယ်ပြင်ကြီးကဲ့သို့ ကြီးမားသည်ဟု လီဟန်ရှန်က ခံစားလိုက်ရပါသည်။ ထိုခွန်အား၏ တန်ပြန်ရိုက်ခတ်မှု အရှိန်ကြောင့် လီဟမ်ရှန်းက ခြေလှမ်း သုံးလေးလှမ်းခန့် နောက်သို့ဆုတ်သွားခဲ့၏။

“ဒါမူလအဆင့်ကျင့်ကြံသူဟ”

သူ့အားတိုက်ခိုက်သူမှာ မူလအဆင့်ဖြစ်နေသူဟု လီဟမ်ရှန်းက မထင်ထားခဲ့ပါချေ။ မျက်နှာဖုံးစွပ်လူသည် တစ္ဆေမျိုးနွယ်ဝင်ကို ဂုတ်မှဆွဲကာ ကိုင်ပြီးနောက်တွင် ကိုယ်ဖော့သိုင်းကိုအသုံးပြုကာ ထွက်ပြေးသွားခဲ့ပါသည်။

“ဟင်း…..ထွက်ပြေးချင်တယ်ပေါ့”

မူလအဆင့်ဖြစ်နေတော့လည်းဘာဖြစ်လဲ။ လီဟမ်ရှန်းကအရင်တုန်းက မူလအဆင့် လူတစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးသည်မဟုတ်ပါလား။ သူက ခရမ်းမိုးကြိုး၏ ကျောပေါ်သို့တက်ပြီးနောက် လီဟမ်ရှန်းက ခရမ်းမိုးကြိုးကိုစီးနင်းကာ ကိုယ်ဖော့သိုင်းနှင့် ထွက်ပြေးသွားသော သူ၏နောက်သို့ အသည်းအသန်လိုက်နေပါတော့သည်။

ခရမ်းမိုးကြိုးတွင် စိတ်ဝိဉာဉ်သားရဲ၏ သွေးစီးဆင်းနေပါ၏။ ထို့ကြောင့်သူ၏ အလျင်မှာ လွန်စွာမှကို လျင်မြန်နေပါ၏ လီဟမ်ရှန်းကို ခရမ်းမိုးကြိုးကို စီးနင်းရင် ပြေးလွှားနေသည်မှာ မိုးကြိုးပစ်ချသည့်အလားပင် လျင်မြန်နေပါသည်။ ရန်သူမှာ လျင်မြန်လှသော်လည်း ခရမ်းမိုးကြိုးမှာလည်း အရမ်းကြီးပြတ်ကျန်မနေခဲ့ပါချေ။

သူတို့က ဆိပ်ကမ်းမှနေ၍ မြို့ပြင်ထိ မရပ်မနားပြေးလွှားနေကြပါသည်။ မျက်နှာဖုံးစွပ်လူမှာ အနောက်ကို လှည့်ကြည့်လိုက်ရာတွင် လီဟမ်ရှန်းကဆက်လက်၍ လိုက်ပါနေသည်ကို တွေ့သောကြောင့် မျက်မှောင်ကျုံ့လိုက်ပါ၏။

“မင်းမလွတ်ပါဘူးကွာ”ဟု လီဟမ်ရှန်းကအော်ဟစ်လိုက်ပါသည်။ မျက်နှာဖုံးစွပ်လူမှာ ဘာတစ်ခွန်းမှ ပြန်မပြောပါချေ။ သူတို့နှစ်ဦးမှာ မြို့ပြင်ရှိ တောင်ခြေသို့ ရောက်လာပြီဖြစ်သည်။ လီဟမ်ရှန်းကလည်း ခရမ်းမိုးကြိုးကို စီးနင်းကာ နောက်မှ ထပ်ကြပ်မကွာလိုက်ပါနေခဲ့ပါသည်။

ခရမ်းမိုးကြိုး၏ သန်မာလှသောခန္ဓာကိုယ်ကြောင့် တောင်တန်းနှင့် တောင်တန်းနယ်မြေများတွင်ပင်လျင် ကောင်းမွန်စွာ မျက်ခြေမပြတ်ဘဲလိုက်နိုင်ခဲ့ပါသည်။

ခရမ်းမိုးကြိုးက တောင်ပေါ်မှ ဆင်းတော့မည့်အချိန်မှာပင် မျက်နှာဖုံးစွပ်လူက လေချွန်သံတစ်ခုပြုလုပ်လိုက်ပါသည်။ တိတ်ဆိတ်နေသောညတွင် လေချွန်သံမှာ ကျယ်လောင်လှပါသည်။ ထိုလေချွန်သံကို ကြားသည်နှင့် လီဟမ်ရှန်းကရန်သူမှာ စစ်ကူများကို လှမ်းခေါ်သည်ဟုတွေးလိုက်မိပါသည်။

သို့သော် သူထင်တာနှင့် မတူညီဘဲ စစ်ကူတစ်ဦးမျှပေါ်မလာခဲ့ပါ။

သို့သော် သူစီးနင်းနေသော ခရမ်းမိုးကြိုးမှာ ထူးဆန်းစွာ ရုတ်တရက်ရပ်တန့်သွားခဲ့ပါသည်။ 

All Chapters