← Chapters

နှစ်ထပ်ကွမ်းအမြုတေနယ်မြေ နှင့် ကမ္ဘာဖျက်မိုးကြိုးငါးစင်း

Vol. 48 Ch. 707

နှစ်ထပ်ကွမ်းအမြုတေနယ်မြေ နှင့် ကမ္ဘာဖျက်မိုးကြိုးငါးစင်း

Vol. 48 Ch. 707

နီဟောက်က ဆိုးဆိုးရွားရွား ဆုံးနိမ့်နေချိန်မှာ စစ်ထူရှစ်နှင့် လမ့်မင်က ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကြ၏။ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း မျောက်နှင့် အခြားသူများက သည်းကြီးမည်းကြီး တိုက်ခိုက်မှုအောက်၍ အများစုက သေသူသေ၊ ရှုံးနိမ့်သူရှုံးနိမ့် ဖြစ်ကုန်ကြလေပြီ။

ရှုချန်၏ ဘက်က ရှုံးနိမ့်တော့မည်မှာ သေချာသလောက် ဖြစ်လာလေပြီ။

သို့သော်လည်း ထိုအခိုက်၌ ရှုချန်၏ မျက်လုံးများက တိုက်ပွဲဝင်စိတ်ဖြင့် ဆာလောင်နေပြီး နောက်ဆုတ်ဖို့ စိတ်ကူး မရှိသေးပေ။ သူက ဆူဇီမိုကို မမှိတ်မသုန် စိုက်ကြည့်နေပြီး သူ့နောက်ရှိ ရွှေအမြုတေနယ်မြေမှ လျှပ်စီးများက တဖြောက်ဖြောက် မြည်နေ၏။

လူတိုင်း နောက်ဆုတ်လျှင်တောင် သူဆုတ်လို့ မရပေ။

ခရမ်းရောင်မိုးကြိုးကျမ်းက ဆူဇီမို၏ လက်ထဲမှာ ရှိနေ၏။ သူက အဲ့ဒါကို ရယူနိုင်သည်နှင့်အမျှ ဂိုဏ်းအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးရာကျပြီး သူကိုယ်တိုင်လည်း ခရမ်းရောင်မိုးကြိုးကျမ်းကို ကျင့်ကြံရဖို့ အခွင့်အရေး ရှိလာပေမည်။ ပြောရမည်ဆို.. ထိုအခါ သူ၏ တိုက်ခိုက်ရည်ခွန်အားက နောက်ထပ်အဆင့်တစ်ခုသို့ တိုးမြင့်သွားနိုင်လေသည်။

မိုးကြိုးလေပြေနန်းတော်၏ အမွေအနှစ်ကျင့်ကြံရေးနည်းစနစ်က အစိမ်းရောင်မိုးကြိုးကျမ်းဖြစ်ပြီး အဲ့ဒါက ကောင်းကင်အဆင့်လည်း ဖြစ်၏။

ဂိုဏ်း၌ သေချာရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်မှာ တစ်ခုချင်းအနေဖြင့် ကြည့်မည်ဆိုလျှင် ခရမ်းရောင်မိုးကြိုးကျမ်းနှင့် အစိမ်းရောင်မိုးကြိုးကျမ်း နှစ်ခုစလုံးက အရည်အသွေးနိမ့် ကောင်းကင်အဆင့်ကျင့်ကြံရေး နည်းစနစ်များ ဖြစ်ကြလေသည်။

သူတို့နှစ်ခုကို ပေါင်းစပ်လိုက်မှသာလျှင် အဲ့ဒါက မမျှော်မှန်းနိုင်သော စွမ်းအားနှင့်အတူ အရည်အသွေးမြင့် ကောင်းကင်အဆင့်ကျင့်ကြံရေးနည်းစနစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

အဲ့ဒါက သူ၏ မဟာအခွင့်အရေးဆိုတာ ရှုချန်ယုံကြည်ထားလေသည်။

သူက ဆူဇီမိုကို သတ်ဖြတ်ပြီး ခရမ်းရောင်မိုးကြိုးကျမ်းကို ထုတ်ယူနိုင်သည်နှင့်အမျှ သူက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းသည်နှင့် နံပါတ်တစ် ပကတိအရှင် ဖြစ်လာပေလိမ့်မည်။

တစ်ကယ်တမ်း ပြောရမည်ဆို.. သူက မူလနတ္ထိအဆင့် တာအိုသက်ရှိတစ်ယောက် ဖြစ်လာလျှင်တောင် လူတိုင်းအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်ပြီး ဂိုဏ်း၏ ဒီဘက်မျိုးဆက် မည်ကာမတ္တတပည့်အသစ်တစ်ယောက် ဖြစ်လာနိုင်လေသည်။

သူက လုံးဝ နောက်မဆုတ်နိုင်ပေ။

သူက ရှေးဟောင်းတိုက်ပွဲမြေမှာ မိုးကြိုးလေပြေနန်းတော်၏ နံပါတ်တစ်တပည့်တစ်ယောက်ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားဖို့လည်း လိုအပ်လေသည်။

သူက ဒီကနေ့ ထွက်ပြေးလွတ်မြောက်ခဲ့လျှင်တောင် သူတို့နှစ်ယောက်က ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် အသင်္ချေနယ်မြေမြို့တော်မှာ ထပ်မံတိုက်ခိုက်ရဦးမည်သာဖြစ်၏။

ထိုအခါ တိုက်ပွဲက မစခင်မှာပင် အော်ရာအားဖြင့် သူက အရေးနိမ့်နေပေလိမ့်မည်။

သူ၏ စီးပိုးခြယ်လှယ်နိုင်သော ခွန်အားဖြင့် ဆူဇီမိုကို သတ်ဖြတ်ပြီး ခရမ်းရောင်မိုးကြိုးကျမ်းကို ပြန်လည်ရယူနိုင်လိမ့်မည်ဟုလည်း ရှုချန်က သူ့ကိုယ်သူ ယုံကြည်မှု ရှိနေ၏။ တစ်ကယ်ဆို သူက အဝါရောင်ငရဲမြစ်ကားချပ်ကို ဆက်လက်ရယူနိုင်ဖို့ပင် ကြိုးစားကြည့်နိုင်၏။

“ကောင်းပြီလေ”

သူက တိုက်ပွဲကွင်းကို ဝေ့ကြည့်ရင်း ကြောက်မက်ဖွယ်ရာအော်ရာနှင့်အတူ ခေါင်းညိတ်လိုက်၏။

“စစ်ထူရှစ်နဲ့ တခြားသူတွေ မရှိတော့ဘူးဆိုတော့လဲ အုတ်ဂူထဲက ရတနာတွေကို ငါတစ်ယောက်ထဲ ယူလို့ ရတာပေါ့.. သူတို့ကို သတ်ပေးတဲ့အတွက် မင်းတို့ကိုတောင် ကျေးဇူးတင်ရဦးမယ်”

“မင်းက ကိုယ့်အခြေအနေကိုယ် အခုထိ နားမလည်သေးဘူးပဲ”

ဆူဇီမိုက လက်နှစ်ဖက်နောက်ပစ်၍ လေထဲမှာ ရပ်နေရင်းနှင့်ပင် ရှုချန်၏ ရွှေအမြုတေနယ်မြေကို အရေးနိမ့်ခြင်းမရှိ ယှဉ်ပြိုင်နိုင်နေပြီးဖြစ်၏။

ဆူဇီမိုက အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းက အခုဆို ကိုယ့်ကိုယ်ကိုယ်တောင် မနဲကာကွယ်ရမှာကို.. အုတ်ဂူထဲက ရတနာတွေကို လုယူဖို့ စဉ်းစားနေသေးတယ်ပေါ့”

“ဟဟဟားဟား”

ရှုချန်က ခေါင်းမော့၍ ဟားတိုက်ရယ်လိုက်၏။

“ဆူဇီမို.. မင်းက အနီးကပ်တိုက်ခိုက်ရည်မှာ တစ်ကယ်ပဲ သန်မာလှတယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမယ့် ပကတိသက်ရှိတွေအတွက် အသန်မာဆုံး နည်းလမ်းက ရွှေအမြုတေနယ်မြေကွ”

“နတ်မိမယ်လင်းလုံ ဖန်တီးထားခဲ့တဲ့ အဆင့်သတ်မှတ်ချက်ကိုတောင် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်လို့ ခေါ်တာ.. အနီးကပ်တိုက်ခိုက်ရည်အဆင့်သတ်မှတ်ချက် မဟုတ်ဘူး.. မင်းမှာလဲ နှစ်ထပ်ကွမ်းအမြုတေနယ်မြေရှိတယ်လို့ ငါကြားထားပါတယ်.. အဲ့ဒါက ဘယ်လောက်ထိ သန်မာနိုင်မလဲ ဒီကနေ့ ကြည့်ရသေးတာပေါ့”

“ရတယ်လေ မင်းသဘောပဲ”

ဆူဇီမို၏ လေသံက တည်ငြိမ်နေသော်လည်း သူ့နောက်တွင် လျှပ်စီးများက တဖျပ်ဖျပ်လက်၍ လျှပ်စစ်ဓါတ်များက တဇီဇီ မြည်လာ၏။ မိုးကောင်းကင်က ပြိုလဲကျပြီး ဒေါသူပုန်ထနေသော ဒီရေလှိုင်းများနှင့်အတူ ဥက္ကာခဲပေါင်းများစွာကလည်း လွင့်ပျံ၍ ကျဆင်းလာ၏။

ကမ္ဘာပေါ်တွင် ဧရာမနတ်လိပ်ကြီးက ပေါ်လာပြီး သူ့ခေါင်းကိုမော့ကာ နတ်ဘုရားစွမ်းအားနှင့်အတူ တင်စီးလွန်းသော အကြည့်ဖြင့် ဟိန်းဟောက်လိုက်၏။

ကမ္ဘာဦးနတ်လိပ်က ဆင်းသက်လာလေပြီ။

၎င်း၏ ကျောခွံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များက တစ်ခုပြီးတစ်ခု ပေါ်လာပြီး အဲ့ဒါက ပြိုကျလာသော မိုးကောင်းကင်ကို ထမ်းပိုးပေးထားလိုက်၏။ ၎င်း၏ ခြေလက်များက ကောင်းကင်ထောက်တိုင်များကဲ့သို့ ဒေါသူပုန်ထနေသော စီးကြောင်းများကို ဖိနှိမ်လိုက်၏။

“သွား”

ကြောက်ခမန်းလိလိ ဖိအားကို အာရုံခံလိုက်နိုင်ပြီးနောက် ရှုချန်က ရှေ့သို့ လက်ညိုးထိုးလိုက်လေသည်။

အစကတော့ သူ့နောက်မှာ မိုးကြိုးတစ်စင်းသာ ရှိ၏။ ချက်ချင်းပင် နောက်ထပ်နှစ်ခုက ပေါ်လာပြီး ရေပုံးလုံးလောက်တုတ်ကာ တလက်လက်တောက်ပနေ၏။

ဝုန်း.. ဝုန်း..

မိုးကြိုးသုံးစင်းက လိပ်၏ ကျောခွံကို ပစ်ချလိုက်၏။

ဇီ..

လျှပ်စီးများက တဖျတ်ဖျတ်လက်၍ ကျောခွံပေါ်တွင် ကြောက်စရာကောင်းသည့် စက်ဝန်းရာများက ပေါ်လာ၏။

မိုးကြိုးသုံးစင်းကို တောင့်ခံပြီးတာတောင် ကမ္ဘာဦးနတ်လိပ်က ယိမ်းယိုင်သွားခြင်း မရှိဘဲ သူ့အောက်ရှိ ဆူဇီမိုကို ကာကွယ်ပေးထားဆဲဖြစ်၏။

“အာ.. အဲ့ဒါက ပျောက်ဆုံးနေတဲ့ ကမ္ဘာဦးအမြုတေနယ်မြေ ဖြစ်နေရတာ အံ့ဩစရာ မရှိတော့ဘူး.. သူက အဲ့လောက်တောင် သန်မာတာကိုး”

“ကြည့်ရတာ ရှုချန်ကတော့ ဆူဇီမိုကို ဘာမှ မလုပ်နိုင်တော့ဘူးနဲ့တူတယ်”

“အဲ့လို ပြောမရသေးဘူး.. ရှုချန် ကျင့်ကြံထားတဲ့ အမြုတေနယ်မြေက ကမ္ဘာဖျက်မိုးကြိုးငါးစင်းလေ.. ဒါပေမယ့် အခုသူက သုံးစင်းပဲ ထုတ်ရသေးတယ်.. မိုးကြိုးတစ်စင်းပေါ်ထွက်လာတိုင်း သူ့ခွန်အားက ဆပွားတိုးလာလိမ့်မယ်”

“ဟမ့်”

ရှုချန်က သူ့အကြည့်ကို ကျဉ်းမြောင်းလိုက်၏။

သူက မိုးကြိုးသုံးစင်းဖြင့် ဆူဇီမိုကို အနိုင်ယူနိုင်မည်ဟု မျှော်လင့်မထားပေ။

သို့သော်လည်း ထိုမိုးကြိုးသုံးစင်းက ဆူဇီမို၏ အမြုတေနယ်မြေနတ်လိပ်ကို သိသိသာသာ ထိခိုက်မှုတစ်ချက်တောင် လုပ်နိုင်မည် မဟုတ်ဟုတော့ သူလုံးဝ ထင်မှတ်မထားပေ။

“ငါတို့က အခုမှ စရုံပဲ ရှိသေးတယ်”

ရှုချန်က ဆေးလုံးလက်တစ်ဆုပ်ကို မျိုချ၍ အေးစက်စွာပြောပြီး သူ့ရွှေအမြုတေကို နောက်တစ်ဖန် လှည့်ပတ်လိုက်၏။ သူ့ဦးခေါင်းထက်ရှိ တိမ်ညိုတိမ်မည်းများက ပို၍ ထူထပ်သိပ်သည်းလာပြီး အချိန်မရွေး ကျဆင်းလာတော့မည့်အလား မည်းမှောင်လာလေသည်။

ဇီ..

တိမ်စိုင်များက ရွေ့လျား၍ လျှပ်စီးက ဖျတ်ကနဲလက်သွားပြီး နောက်ထပ်မိုးကြိုးတစ်စင်းက ဖွဲ့တည်လာကာ ချက်ချင်း ပစ်ချလိုက်၏။

ဝုန်း..

လျှပ်စီးလှံရှည်များနှင့်တူသော နတ်ဘုရားမိုးကြိုးလေးစင်းက နတ်လိပ်၏ ကျောပေါ်ကို ပြင်းထန်စွာ ပစ်ချလိုက်၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။

“ဂါး”

နတ်လိပ်က နာကျင်သွားသော မျက်လုံးအကြည့်ဖြင့် အော်ဟစ်လိုက်၏။

မိုးကြိုးလေးစင်း ဆင်းသက်လာချိန်တွင် ဆူဇီမို၏ နောက်ရှိ ရွှေအမြုတေနယ်မြေက ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်း၏ အရောင်အဝါကလည်း မှိန်ဖျော့သွား၏။

“ဟမ့်”

ဆူဇီမိုက အေးစက်သော အကြည့်နှင့်အတူ အတွေးတစ်ချက်ဖြင့် သူ့ရွှေအမြုတေနယ်မြေကို လှည့်ပတ်လိုက်၏။ နောက်တစ်ဖန်.. မနှိုင်းယှဉ်သာအောင် သန်မာ၍ ချစ်ချစ်တောက် ပူလောင်သော အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ရုန်းကန်ထွက်ပေါ်လာ၏။

ဘန်း.. ဘုန်း.. ဘုန်း..

တောင်တန်းများက ပြိုုကျ၍ မီးတောင်များက ပေါက်ကွဲလာ၏။

ချစ်ချစ်တောက်ပူလောင်သော ချော်ရည်များက ကုန်းမြေထဲကနေ ရုန်းကန်လျှံထွက်လာပြီး သက်ရှိအားလုံးကို လောင်ကျွမ်းပြာကျစေကုန်၏။

ရွှီးး..

ကမ္ဘာဦးမိုးပျံမြွေနဂါးက မြေပြင်ပေါ်ရှိ ပပ်ကြားအက်တစ်ခုထဲကနေ လေထဲသို့ လူးလွန့်တက်၍ အဆက်မပြတ် တွန်မြည်ကာ သူ၏ တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်၏။ ၎င်း၏ အသက်ပြင်းပြင်းရှိုက်၍ ချော်ရည်ပူများအားလုံးကို စုပ်ယူဝါးမျိုလိုက်ပြီး တစ်ဖန်ပြန်၍ မှုတ်ထုတ်လိုက်၏။

ရှဲ...

ချစ်ချစ်တောက် ချော်ရည်ပူများထံမှ ထူးဆန်းသည့်အသံတစ်သံက ထွက်ပေါ်လာပြီး အဲ့ဒါတွေက ရှုချန်၏ ရွှေအမြုတေနယ်မြေပေါ်သို့ ပက်ဖျန်းကျရောက်လာ၏။

နတ်ဘုရားမိုးကြိုးများပင်လျှင် လေထဲမှာ ရဲရဲနီ၍ တောက်လောင်ကုန်ကြ၏။

ကမ္ဘာဦးသက်ရှိနှစ်ကောင်ဖြစ်သော နတ်လိပ်နှင့် မိုးပျံမြွေနဂါးတို့ ဆင်းသက်လာပြီးနောက် မီးနှင့်ရေက သဟဇာတဖြစ်၍ ပေါင်းစည်းဖြစ်ပေါ်လာကြ၏။ နှစ်ထပ်ကွမ်းအမြုတေနယ်မြေ၏ မွေးဖွားလာခြင်းက လောကတစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။

“ဟမ့်”

ရှုချန်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

နှစ်ထပ်ကွမ်းအမြုတေနယ်မြေ၏ စွမ်းအားက သူထင်ထားသည်ထက် များစွာပို၍ ကြောက်ဖို့ ကောင်းနေ၏။

အတိတ်ကာလတုန်းက မိုးပျံမြွေနဂါးနှင့် နတ်လိပ်အမြုတေနယ်မြေတို့ နှစ်ခုစလုံးက ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်ဆယ်အတွင်း ဝင်နိုင်ခဲ့ကြ၏။

ထိုမဟာအမြုတေနယ်မြေနှစ်ခုကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သောအခါ သူတို့၏ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်ပါမည်နည်း။

နတ်ဘုရားမိုးကြိုးလေးစင်းက အဲ့ဒါကို မကိုင်တွယ်နိုင်တော့ဘဲ သူတို့၏ လျှပ်စီးများက မှိန်ဖျော့လာကြ၏။ ရွှေအမြုတေနယ်မြေက အချိန်မရွေး ပျက်ပြယ်တော့မည့်ဆဲဆဲ ဖြစ်လာလေသည်။

“ကောင်းတယ်ကွာ ကောင်းတယ် ကောင်းတယ်”

ရှုချန်က အံကိုကြိတ်ပြီး အေးစက်စွာ ပြောလိုက်၏။

“ငါ့ကို ဒီလောက် အတိုင်းအတာထိရောက်အောင် ဖိအားပေးနိုင်ခဲ့တဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်ပါတယ်လေ.. အစကတော့ ငါ့ကျင့်ကြံထားတဲ့ ကမ္ဘာဖျက်မိုးကြိုးငါးစင်းက သီယင်းအတွက် ရည်ရွယ်ထားတာပဲ.. ဒါပေမယ့် အခုတော့ အဲ့ဒါနဲ့ ငါ မင်းကို အရင် ဖိနှိမ်ရတော့မယ်”

“ပဉ္စမမြောက် နတ်ဘုရားမိုးကြိုး.. ဆင်းသက်လော့”

ရှုချန်၏ ရွှေအမြုတေလှည့်ပတ်မှုက ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိလာပြီး တဆစ်ဆစ်နှင့်ပင် နာကျင်လာ၏။

သူက မိုးကြိုးနတ်ဘုရားတစ်ပါးအလား သူ့ဘေးပတ်လည်မှာ မိုးကြိုးလျှပ်စီးများက ဝင်းထိန်၍ တဖျပ်ဖျပ်လက်လာ၏။ သူက ကောင်းကင်ထက် တိမ်ညိုတိမ်မည်းပင်လယ်၏ အနက်ပိုင်းထဲရှိ သိပ်သည်းစုဖွဲ့နေသော အလင်းစက်တစ်စက်ကို လက်ညိုးထိုးလိုက်၏။

များစွာပို၍ ကြောက်စရာကောင်းသော နတ်ဘုရားမိုးကြိုးတစ်စင်းက ဆင်းသက်လာလေပြီ။

ပဉ္စမမြောက်မိုးကြိုးက ဖြစ်တည်လာခြင်းနှင့်အတူ.. ရှုချန်၏ ရွှေအမြုတေနယ်မြေက အပြည့်အဝ ဖွဲ့စည်းလာပြီး အရည်အသွေးကပါ ဆင့်ကဲတိုးတက်လာ၏။

နတ်ဘုရားမိုးကြိုးငါးစင်းက ကမ္ဘာဖျက်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ဘုန်း ဘုန်း.. ဘုန်း.. ဝုန်း.. ဝုန်း..

နတ်ဘုရားမိုးကြိုးငါးစင်းက ဆင်းသက်လာပြီး နတ်လိပ်နှင့် မိုးပျံမြွေနဂါး အမြုတေနယ်မြေများကို ဆက်တိုက်ဆင့်ကဲ ပစ်ချလိုက်၏။

ထိုကဲ့သို့သော ရန်စစော်ကားမှုတွင် ကမ္ဘာဦးသက်ရှိနှစ်ကောင်က အားနည်းမှုကို မပြလိုကြ။ သူတို့က အော်မြည်ဟိန်းဟောက်၍ ဒီရေလှိုင်းများကို ဒေါသူပုန်ထစေ၊ မီးတောက်များကို တဝုန်းဝုန်းထ လောင်ကျွမ်းစေပြီး မိုးကြိုးငါးစင်းကို ပြန်လှန်ရိုက်ခတ်လိုက်ကြ၏။

မဟာအမြုတေနယ်မြေသုံးခု၏ ထိတွေ့ရိုက်ခတ်မှုကနေ ရောင်ခြည်ရောင်ဝါများက တဖျတ်ဖျတ်တလက်လက် ဝင်းထိန်တောက်ပလာ၏။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများကလည်း ထိုအမြုတေနယ်မြေသုံးခု၏ စုပ်ယူဝါးမျိုခြင်းခံရပြီး ခမ်းခြောက်ကုန်ကြလေပြီ။

လေစီးကြောင်းများက တအုန်းအုန်းထလာ၏။

အချိန်မီမရှောင်တိမ်းနိုင်သော အနီးနားရှိ ကျင့်ကြံသူအချို့သည် အမြုတေနယ်မြေသုံးခု၏ ရိုက်ခတ်မှုမှ ဖန်တီးဖြစ်ပေါ်လာသော တုန်ခါလှိုင်းထဲသို့ ဆွဲယူနစ်မြှုပ်ခြင်း ခံလိုက်ရပြီး ချက်ချင်းပင် သွေးမြူများအဖြစ်သို့ အငွေ့ပျံကုန်ကြလေသည်။

ထိုအမြုတေနယ်မြေသုံးခုကြားထဲသို့ ရောက်ရှိသွားသော ပကတိစိတ်ဝိညာဉ်လက်နက်တစ်လက်ပေါ်တွင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာတာကို လူတိုင်း မြင်တွေ့လိုက်ရ၏။

“ဟား..”

လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ပေါက်ကွဲစွမ်းအားက အရမ်းကို ကြောက်စရာကောင်းလွန်းပြီး ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တောင်မှ အဲ့ဒါကို ခံနိုင်ရည် မရှိပေ။

All Chapters