← Chapters

အင်္သေချေနယ်မြေမြို့တော်

Vol. 48 Ch. 711

အင်္သေချေနယ်မြေမြို့တော်

Vol. 48 Ch. 711

ကမ္ဘာဦးခေတ်က ကမ္ဘာဦးမျိုးနွယ် ၉ စုသည် မျိုးနွယ်ပေါင်းတစ်သောင်းကျော်ကို အုပ်စိုးနိုင်ခဲ့သည်မှာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပေ။

ကမ္ဘာဦးခေတ်က မဟာတိုက်ပွဲကြီးသည် မျိုးနွယ်စုတစ်သောင်းကျော်ကို သေကြေပျက်စီးစေခဲ့ပြီး ကမ္ဘာဦးမျိုးနွယ် ၉ စု၏ ခွန်အားကို ကြီးမားစွာ ဆုံးရှုံးထိခိုက်စေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် လူသားများသည် အလွန့်အလွန်ကြီးမားသော ကံကြမ္မာနှင့် ဧကရာဇ်များစွာကို ပိုင်ဆိုင်ထားကြလျှင်တောင် သူတို့က ကမ္ဘာဦးမျိုးနွယ် ၉ စု၏ အုပ်ချုပ်မှုကို ဖြတ်ချနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။

လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်က ပေါ်ထွက်ခဲ့သော ဘိုးဘေးနဂါးသည်ပင် ကြောက်စရာကောင်းလွန်းသောခွန်အားကို ပြသခဲ့၏။ သူ့လက်ချက်ဖြင့် ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းနှင့် အင်ပါယာတစ်ခုက ဖျက်စီးချေမှုန်းခြင်းခံခဲ့ရလေသည်။

ရှေးဟောင်းစစ်ပွဲအပြီး၌ မျိုးနွယ်စု ၉ စုသည် ပြိုလဲကျရှုံးခဲ့ပြီး လူသားတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးခဲ့ကြလေသည်။ ထိုသို့ဆိုလျှင်တောင် ထျန်ဝမ်ကုန်းမြေတိုက်ကြီးမှာ ကျင့်ကြံသူများမဝင်ရသော တားမြစ်နယ်မြေ ၉ ခုရှိလေသည်။

ထိုတားမြစ်နယ်မြေ ၉ ခုသည် ကမ္ဘာဦးမျိုးနွယ် ၉ စုရှင်သန်နေထိုင်ရာ နေရာများဖြစ်ကြလေသည်။ ကမ္ဘာဦးမျိူးနွယ် ၉ စုမှလွဲလျှင် အခြားမည်သည့်သက်ရှိမဆို ထိုတားမြစ်နယ်မြေများသို့ ဝင်ရောက်ပါက အညှာအတာမဲ့စွာ သတ်ဖြတ်ခံရပေလိမ့်မည်။ သည့်အရင်က သွေးကျီးကန်းနန်းတော်သခင်သည် နဂါးအရိုးတောင်ကြားသို့ ရောက်ရှိလာခဲ့ပြီး နဂါးတစ်ကောင်ကို နိုးထစေခဲ့လေသည်။

နန်းတော်သခင်က သူသည်လည်း ကမ္ဘာဦးမျိုးနွယ် ၉ စုမှဖြစ်ကြောင်း အလျင်အမြန်ရှင်းပြမှသာ သူကအသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်လေသည်။ ကံဆိုးစွာနဲ့ပင် နန်းတော်သခင်၏ မျိုးဆက်သွေးက မသန့်စင်ကြောင်း နတ်နဂါးက တစ်ချက်ကြည့်ရုံနှင့် သိသွားသည့်အတွက် သူကနေရာမှာပင် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရပြန်သည်။

. . .

ခဏနေပြီးနောက် ဖက်တီးလေးနှင့် အခြားသူများသည် တိုက်ပွဲမြေကို ရှင်းလင်းပြီး သူတို့၏ အကျိုးအမြတ်များကို ရိတ်သိမ်းခဲ့ကြလေသည်။

"နောင်ကြီး.. ခင်ဗျားက နောက် ဘယ်ကိုသွားမှာလဲ? ကျုပ်ကခင်ဗျားနဲ့ဘဲလိုက်တော့မယ်"

ဖက်တီးလေးကပြောလိုက်၏။

ဆူဇီမိုက ပြန်ပြောလိုက်လေသည်။

"ငါတို့... ဒီနေ့အတွက်တော့ နားနေစရာနေရာတစ်ခု အရင်ရှာမယ် ၊ မနက်ဖြန်ကျမှ အင်္သေချေနယ်မြေမြို့တော်ကို သွားကြမယ်"

"ဟုတ်ပြီလေ"

လူတိုင်းက ခေါင်းငြိမ့်လိုက်ကြ၏။ သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေမှာ သဲလွန်စမရှိဘဲ နတ်ဘုရားမျိုးနွယ်ကို ရှာဖွေမည်ဆိုလျှင် အဲ့ဒါက ကောက်ရိုးပုံထဲမှာအပ်ပျောက်ရှာသည်နှင့် တူနေပေမည်။ အဲ့ဒါက ယုတ္တိမတန်ပေ။

နတ်ဘုရားမျိုးနွယ်က ရှေးဟောင်းတိုက်ပွဲမြေတွင် ပေါ်ပေါက်လာသည်မှာ အကြောင်းပြချက်တစ်ခုတော့ သေချာပေါက်ရှိပေလိမ့်မည်။ သူတို့က နန်းကြည်ကိုအမှတ်တမဲ့ ရှာဖွေတွေ့ရှိခဲ့ခြင်းသာ ဖြစ်လေသည်။ နတ်ဘုရားမျိုးနွယ်သည် ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ဗဟို အင်္သေချေနယ်မြေမြို့တော်မှာ ပြန်ပေါ်လာဖို့ အခွင့်များလေသည်။

အင်္သေချေနယ်မြေမြို့တော်က တည်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရှေးဟောင်းခေတ်ကတည်းက ဖြစ်လေသည်။ နတ်မိမယ်လင်းလုံက ထိုရှေးဟောင်းမြို့တော်ကို အမည်ပေးခဲ့ပြီး အဲ့ဒါက မြောက်များလှစွာသော အမြုတေနယ်မြေများကို ကိုယ်စားပြုလေသည်။

သူမသည် နောင်အနာဂတ်မှာ လူသားမျိုးနွယ်က အမြုတေနယ်မြေများကို အကန့်အသတ်မဲ့စွာ ဖန်တီးလာနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထားခဲ့လေသည်။ အခုဆို အဲ့ဒီမှာအရေအတွက် တစ်သောင်းမဟုတ်လျှင်တောင် မတူညီသော ရွှေအမြုတေနယ်မြေများက ထောင်ပေါင်းများစွာ ရှိခဲ့လေသည်။

သို့သော်လည်း အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော အမြုတေနယ်မြေများက သိပ်ပြီးများများစားစားမရှိပေ။ သူတို့ထဲမှာ အများစုက ရှေးဟောင်းခေတ်ကနေ ဆင်း သက်လာခဲ့သော ရင်းနှီးပြီးသား အမြုတေနယ်မြေများသာ ဖြစ်ကြလေသည်။

ဤနေ့မှာတော့ ထူးဆန်း၍ ခရီးပန်းလာပုံရသော ကျင့်ကြံသူတစ်အုပ်စုသည် အင်္သေချေနယ်မြေမြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

အတိအကျပြောရလျှင် သူတို့အုပ်စုမှာ ကျင့်ကြံသူစစ်စစ်က သုံးယောက်သာပါရှိပြီး အခြားသောငါးယောက်ထံမှ ခပ်ဖျော့ဖျော့သားရဲချီများက ဖြာထွက်နေ၍ သူတို့ကသားရဲတောကောင်များဖြစ်ကြသည်မှာ သိသာလေသည်။

သားရဲတောကောင်များသည် အမြုတေတစ်ခုကို ဖွဲ့တည်ပြီးနောက် လူသားအသွင်အပြင်သို့ ပြောင်းလဲ၍ လူသားဘာသာစကားကိုပင် ပြောနိုင်ကြသော်လည်း သူတို့၏ သားရဲအငွေ့အသက်များကိုတော့ လုံးလုံးမဖျောက်ဖျက်နိုင်ကြပေ။

အမြုတေစိတ်ဝိညာဥ်တစ်ခုကို ကျင့်ကြံပြီးမှသာလျှင် သားရဲတောကောင်များက နေနှင့်လတို့၏ အဆီအနှစ်များကို စုပ်ယူနိုင်ပြီး လူသားအသွင်အပြင်သို့ လုံးလုံးလျားလျား ပြောင်းလဲကာ သူတို့၏ သားရဲအငွေ့အသက်များကို ဖျောက်ဖျက်နိုင်ကြပေလိမ့်မည်။

ထိုသားရဲတောကောင်များကို ထောက်လှမ်းသိရှိဖို့ရန် ခက်ခဲပြီး ထို့ကြောင့်ပင် သူတို့ကို မိစ္ဆာသားရဲများဟု ခေါ်ဆိုကြခြင်းဖြစ်လေသည်။

သားရဲတောကောင်ငါးဦးထဲတွင် သုံးယောက်၏ အသွင်အပြင်က ကြောက်စရာကောင်းပြီး သားမွေးရှည်များနှင့် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြလေသည်။ သူတို့၏အကြည့်များက ရက်စက်ကြမ်းကြုတ်ပြီး ကြွယ်ဝသော သားရဲချီများကို ထုတ်လွှတ်နေကြ၏။

အခြားသောနှစ်ယောက်ကတော့ အမျိုးသမီးများ ဖြစ်ကြလေသည်။ တစ်ယောက်က ရှည်လျားသွယ်လျသော ခြေထောက်များရှိပြီး အလွန်တရာ ပျော့ပျောင်းသွက်လက်နေပေသည်။ အခြားသော တစ်ယောက်ကတော့ ဆယ်ကျော်သက်အရွယ် အလှပဂေးမလေးတစ်ယောက် ဖြစ်လေသည်။

သူမက မီးတောက်နီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်ကို လုံသည်ဆိုရုံမျှသာ ဖုံးကွယ်ထားလေသည်။ သူမ၏ ရွှန်းစိုဝိုင်းစက်သော မျက်လုံးများကို ပုတ်ခတ်လိုက်တိုင်း တခြားသူများ၏ ဝိညာဥ်ကိုပင် ခိုးယူနိုင်သည့်အလား ထင်ရလေသည်။

သူတို့အုပ်စု လမ်းလျှောက်လာစဥ် ဆယ်ကျော်သက်အရွယ် မိန်းမပျို​လေးတစ်ဦးတည်းကပင် လူတိုင်း၏ အာရုံစိုက်မှု တစ်ဝက်လောက်ကို ဖမ်းယူထားနိုင်လေသည်။

သူတို့အုပ်စုကို ထူးဆန်းသည်ဟု ဖော်ပြရခြင်းမှာ သားရဲငါးကောင်ကြောင့် မဟုတ်သလို ညို့ငင်ဓာတ်ပြည့်ဝသော မိန်းမပျိုလေးကြောင့်လည်း မဟုတ်ပေ။ ​ရှေးဟောင်းတိုက်ပွဲမြေတွင် ဂိုဏ်းအသီးသီးမှ များစွာသော တပည့်များ သို့မဟုတ် သန်မာသော ပြိုင်စံရှားများက သူတို့၏ ကိုယ်ပိုင်အစီးအနင်း သို့မဟုတ် စိတ်ဝိညာဥ်တောကောင်များကို ခေါ်ဆောင်လာတတ်လာကြလေသည်။

အဲ့ဒါက သူတို့တိုက်ခိုက်ရေးခွန်အား၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်လေသည်။ သူတို့အရင်ကဆိုလျှင် မြွေနဂါး ၇ ကောင်ကို စီးနင်း၍ အင်္သေချေနယ်မြေမြို့တော်သို့ ဝင်ရောက်လာခဲ့သော ကျင့်ကြံသူများပင် ရှိပြီး သူတို့ထံမှ တစ်မူထူးခြားသော အော်ရာက ဖြာထွက်နေ၏။

ထိုသည်နှင့်ယှဥ်လျှင် ဤသားရဲတောကောင်ငါးကောင်က ဘာမှပြောပလောက်စရာ မဟုတ်ပေ။ မြွေနဂါးများက မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များ ဖြစ်ကြပြီး ဤသားရဲတောကောင်ငါးကောင်ထက် ပို၍သန်မာပုံပေါက်လေသည်။

အဲ့ဒီမှာ နှင်းငှက်ကို စီးနင်း၍ အင်္သေချေနယ်မြေမြို့တော်သို့ ဆင်းသက်လာခဲ့သော ပြိုင်ဘက်ကင်း ကျက်သရေနှင့် အမျိုးသမီးတစ်ဦးပင် ရှိခဲ့လေသည်။

အဲ့ဒီမှာ စိတ်ဝိညာဥ်စစ်ရထားများကလည်း လေထဲမှာ ပျံသန်းနေကြပြီး အထဲတွင် လှပသော အမျိုးသမီးများ၏ ပေါင်ပေါ်မှာ လှဲလျောင်း၍ ဝိုင်များကို သောက်စားကာ မြူးထူးပျော်ပါးနေကြသော အမျိုး သားများကိုပင် ခပ်ရေးရေးမြင်လိုက်မိသည်။

ခမ်းနားထည်ဝါခြင်းအရာမှာဆိုလျှင် သူတို့အုပ်စုက ဘာမှပြောပလောက်စရာ မဟုတ်ပေ။ သို့သော်လည်း သူတို့အုပ်စုတွင် တကယ်တမ်း ထူးခြားနေသည့်အချက်က ကျင့်ကြံသူသုံးယောက်နှင့် သားရဲငါးကောင်အကြားက ပြောဆိုပြုမူဆက်ဆံပုံ ဖြစ်လေသည်။

သူတို့အားလုံးက ပျော်ရွှင်စွာဖြင့် အပြန်အလှန်စကားများပြောဆိုနေကြပြီး သခင်နှင့်ကျေးကျွန်ဆိုတာထက် မိတ်ဆွေကောင်းများနှင့် ပိုတူလေသည်။

"ဟမ်..."

နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်သည် သူတို့ထဲရှိ အစိမ်းရောင်ဝတ် ကျင့်ကြံသူကို ချိန်ဆကြည့်ပြီး အံ့အားတသင့်ရေရွတ်လိုက်၏။ “သူများဖြစ်နေမလား?။”

ဆူဇီမိုနှင့်အခြားသူများသည် ခက်ခဲကြမ်းတမ်းသော ခရီးတစ်ခုကို ဖြတ်သန်းပြီးနောက် နောက်ဆုံးဤနေရာသို့ ရောက်ရှိလာခဲ့ကြ၏။

အင်္သေချေနယ်မြေမြို့တော်က ရှေးကျသော ဧရာမတောကောင်ကြီးတစ်ကောင် မလှုပ်မယှက် လှဲလျောင်းနေသည်နှင့် တူပေသည်။ သူက ဖြတ်သန်းလာခဲ့သော သမိုင်းတစ်လျှောက်ကို မျက်မြင်ကိုယ်တွေခဲ့သည့်အလား ရှေးကျသော အော်ရာတစ်မျိုးကို ထုတ်ပေးနေလေသည်။

အင်္သေချေနယ်မြေ မြို့တော်၏ အောက်ခြေတွင် လူတိုင်းသည် ခေါင်းမော့၍ကြည့်မိကြ၏။ မြို့ရိုးထက်ရှိ ကြွေပြားများက စိမ်းညိုရောင်သန်းနေပြီး ထက်ရှသော ဓါးရာများ ကျန်ရစ်ခဲ့ကာ သူတို့က ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသည့်အလားပင်။

"ဘယ်လောက်တောင် မြင့်မားလိုက်သလဲ..."

​မြေခွေးလေးက အံ့အားတသင့် ရေရွတ်လိုက်၏။

ရှေးဟောင်းမြို့တော်၏ မြို့ရိုးအောက်တွင် သူတို့အုပ်စုက အရေးမပါ အရာမရောက်သော ပုရွက်ဆိတ်များကဲ့သို့ပင်။

"ဒီရှေးဟောင်းမြို့တော်က တော်တော်လေးကို ခမ်းနားထည်ဝါတာပဲ"

ချင်ချင်သည်လည်း အံ့အားတသင့်ရေရွတ်လိုက်၏။

စိတ်ဝိညာဥ်ကျား၏ မျက်လုံးများက ရွေ့လျားသွားပြီး အင်္သေချေနယ်မြေမြို့တော်၏ ဝင်ပေါက်ဝဆီသို့ ရောက်သွား၏။ သူက နှုတ်ခမ်းကို စူလိုက်၏။

"ဒီရှေးဟောင်းမြို့တော်မှာ ဂိတ်တံခါးတစ်ခုမှ မရှိတာသနားစရာဘဲ... မြို့ရဲ့ခံစစ်က အရမ်းကိုအားနည်းလွန်းနေတယ် ၊ အခုနေ တောကောင်အုပ်တစ်အုပ်သာ ရောက်လာမယ်ဆိုရင် မြို့ကချက်ချင်း စိမ့်ဝင်ထိုး​ဖောက်ခံရမှာပဲ"

"မင်းပြောတာမှားတယ်..."

ဆူဇီမိုက ပြုံး၍ခေါင်းခါပြလိုက်၏။

"အင်္သေချေနယ်မြေမြို့တော်မှာ မြို့ဂိတ်တံခါးမလိုဘူး"

ရှေးဟောင်းတိုက်ပွဲမြေ၏ အန္တရာယ်များလှသော ပတ်ဝန်းကျင်အနေအထားအရ မြို့ဂိတ်တံခါးမလိုအပ်သော တစ်ခုတည်းသော ရှေးဟောင်းမြို့တော်မှာ အင်္သေချေနယ်မြေမြို့တော်သာလျှင် ဖြစ်လေသည်။

"အာ...."

စိတ်ဝိညာဥ်ကျားက တွေဝေသွား၏။

ဆူဇီမိုက သူ့ခြေထောက်အောက်ကို လက်ညိုးထိုးပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

"ဒီမြို့ဒီနေရာမှာ ထျန်ဝမ်ကုန်းမြေတိုက်ကြီးရဲ့ အထူးချွန်ဆုံး ကျင့်ကြံသူတွေဘဲ လာစုဝေးကြတာလေ... ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူပေါင်း သိန်းချီရှိတဲ့ထဲမှာ အင်္သေချေနယ်မြေမြို့တော်ကို သူတို့ထဲက အနည်းဆုံး အယောက်တစ်သိန်းတော့ ရောက်လာကြမှာဘဲ... အဲ့ဒီအင်အားပမာဏ နဲ့ဆို ဘယ်သားရဲတောကောင်အုပ်စုကများ အင်္သေချေနယ်မြေမြို့တော်ကို တိုက်ခိုက်ရဲမှာလဲ.. အဲ့ဒါက သေချင်တဲ့ကျား တောပြောင်းတာနဲ့တူနေမှာပေါ့"

ချင်ချင်က စိတ်ဝိညာဥ်ကျားကို လှမ်းကန်ပြီး ကျီစယ်လိုက်၏။

"ဟေး... တောကောင်အုပ်တစ်အုပ်လောက် သွားစုစည်းပြီး ခေါ်လာခဲ့ပါလား.... အင်္သေချေနယ်မြေမြို့တော်ကို နင်ဘယ်လိုလှဲချမလဲ ငါကြည့်ချင်လို့"

စိတ်ဝိညာဥ်ကျားက အိုတိုးအန်းတန့်အမူအရာနှင့် ချောင်းဟန့်လိုက်၏။

ရုတ်တရက်မြို့ရိုးထက်မှ အသံတစ်သံထွက်ပေါ်လာပြီး အဲ့တာက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။

"ဆူဇီမို... သူက ဆူဇီမိုဘဲ..."

"ဟေး... မင်း ဘယ်သူ့အကြောင်းကိုပြောနေတာလဲ.. လူသားဧကရာဇ်နန်းတော်က အမွေအနှစ်ကို ရရှိခဲ့တဲ့ ပြန်ဝင်စား မွန်းစတားလား၊ နှစ်ထပ်ကွမ်းအမြုတေ နယ်မြေရှိတဲ့သူ၊ ရှေးဟောင်းမြို့တော်မှာ ဖန်သားနန်းတော်ကို ဖျက်စီးချေမှုန်းခဲ့ပြီး ရှုရှန်ကို အနိုင်ယူခဲ့တဲ့သူလား"

"အဲ့တာ...သူဘဲ.. ငါလုံးဝမမှားဘူး"

"ကြည့်ရတာတော့ သူဟုတ်မယ့်ပုံပဲဟ ၊ အစိမ်းရောင်ဝတ်ရုံလည်းပါတယ်၊ အုတ်ဂူဂိုဏ်းနဲ့ ရုပ်သေးဂိုဏ်းက အမွေခံတပည့်နှစ်ယောက်လည်းပါတယ်"

"အဲ့ဒီမှာပွဲကြီးပွဲကောင်း တစ်ပွဲတော့ သေချာပေါက် ဖြစ်လာတော့မှာဘဲ... ဒီမြို့ထဲမှာ သူ့ကိုသတ်ချင်လို့ စောင့်နေတဲ့လူတွေအများကြီး ရှိတယ်လို့ငါကြားထားတယ်”

“အဲ့တာက သူ့ရဲ့ရတနာတွေကို မျက်စိကျနေကြတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့... ဟုတ်တယ်မလား.."

မြို့ရိုး၏အထက် လူသွားလမ်း၏ တစ်ဖက်တစ်ချက်နှင့် အဆောက်အအုံများအတွင်းတွင် မရေမတွက်နိုင်သော အကြည့်များက အောက်သို့ငုံ့ကြည့်နေကြသည်။

သူတို့ထဲမှာ အချို့က အံ့ဩလေးစားခြင်း ၊ အချို့က မနာလိုအားကျခြင်း ၊ အချို့ကရန်လိုခြင်း... ဒါပေမယ့် အဲ့တာတွေထက် အများစုကတော့ နှစ်ထောင်းအားရဖြစ်နေကြခြင်းပင်။

All Chapters