အသင်္ချေနယ်မြေကျောက်စာတိုင်
Vol. 48 Ch. 717
မြေခွေးလေး၏ ရန်လိုမှုကို ခံစားမိပြီးနောက် ပကတိအရှင်သခင် လောရွှယ်က ဂရုမထားဟန်ဖြင့် ပြုံးရုံသာပြုံး၍ နေလိုက်လေသည်။
“အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲအကြောင်းကို မင်းတို့ ဘယ်လောက်များများ သိထားကြသလဲ”
ဆူဇီမိုက ခေါင်းခါပြလိုက်လေသည်။
ပကတိအရှင်လောရွှယ်က ပြောလိုက်၏။
“တကယ်တော့ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက မင်းတို့တွေထင်ထားသလောက်လဲ အရမ်းကြီး ဆိုးဝါးမနေပါဘူး”
“ဟမ့်”
ဆူဇီမို၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအရိပ်အယောင်က ဖျတ်ခနဲ ပေါ်သွားလေသည်။
အသင်္ချေနယ်မြေမြို့တော်တွင် ပြိုင်စံရှားပေါင်း တစ်သိန်းလောက် စုဝေးနေကြပြီး သူတို့က နောက်ဆုံးနေရာ ၁၀၈ နေရာအတွက် တိုက်ခိုက်ကြရမည် ဖြစ်သောကြောင့် သွေးချောင်းစီးတိုက်ပွဲတစ်ခုကတော့ မလွဲမသွေ ဖြစ်ပေါ်လာပေမည်။
သို့သော်လည်း ယခုအခါမှာတော့ ကိစ္စက ထိုသို့ဖြစ်မိပုံမပေါ်ပေ။
“ငါ့နောက်ကလိုက်ခဲ့ကြ”
ပကတိအရှင်လောရွှယ်က တစ်ချက်လှုပ်ရှား၍ လေထဲသို့ပျံတက်ပြီး ဧရာမနန်းတော်ကြီး၏ အပေါ်ဘက်ဆီသို့ ပျံသန်းသွားလေသည်။ တခြားလူတိုင်းသည်လည်း သူမနောက်ကနေ ချက်ချင်းလိုက်ပါသွားကြလေသည်။
သိပ်မကြာမီ ဆူဇီမိုနှင့်တခြားလူများသည် နန်းတော်ကြီး၏ ထိပ်ပိုင်းသို့ ရောက်ရှိသွားကြပြီး အသင်္ချေနယ်မြေမြို့တော် တစ်ခုလုံးနီးပါးကို အပေါ်စီးကနေမြင်နိုင်ကြလေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ရှေးဟောင်းမြို့တော်၏ အစိတ်အပိုင်းအသီးသီးတွင် အလွန်မြင့်မားသော အဆောက်အအုံ ၃၀ လောက်က ဖြန့်ကျက်၍ နေရာယူထားလေသည်။
ဆူဇီမို၏ အမြင်အာရုံက အလွန်တစ်ရာ အားကောင်းလေသည်။
ထိုမြင့်မားသော အဆောက်အအုံအားလုံးသည် အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများ၏ ခိုင်မာသောရဲတိုက်များဖြစ်ကြောင်း သူပြောနိုင်လေသည်။ တစ်ကယ်တော့ အသင်္ချေနယ်မြေမြို့တော်၏ ထင်ရှားပေါ်လွင်ဆုံးနေရာမှာ ကုန်းပြင်မြင့်ထက်ရှိ တောင်ထွတ်တစ်ခုဖြစ်ပြီး ၎င်းက တိမ်လွှာများကြားထဲထိ ထိုးတက်နေလေသည်။
တောင်ထွတ်၏ထိပ်ဖျားသည် အသင်္ချေနယ်မြေမြို့တော်၏ မြို့ရိုးများကိုပင် ကျော်လွန်နေပြီး တိမ်လွှာများကြားသို့ တိုးဝင်နေသည်။
ပကတိအရှင်လောရွှယ်က ထိုတောင်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းတို့မြင်တဲ့အတိုင်းပဲ အဲဒီ့တောင်ထွတ်ကိုတော့ အသင်္ချေနယ်မြေတောင်ထွတ်လို့ခေါ်တယ်.. သူကပေပေါင်း တစ်သိန်းရှစ်ထောင်မြင့်မားပြီးတော့ အဲဒီမှာကျောက်လှေကားထစ်ပေါင်း တစ်ရာ့ရှစ်ခု ရှိတယ်.. အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲကို ကွဲပြားခြားနားတဲ့ အပိုင်းနှစ်ပိုင်း ခွဲထားတယ်။ ပထမအပိုင်းကတော့ ရှုံးထွက်တိုက်ပွဲဖြစ်ပြီးတော့ အဲဒါကို အသင်္ချေနယ်မြေတောင်ထွတ်မှာ ကျင်းပလိမ့်မယ်”
ရှုံးထွက်တိုက်ပွဲလား ဆူဇီမိုက မေးလိုက်၏။
“မြို့တော်ထဲမှာ ပြိုင်စံရှားပေါင်း တစ်သိန်းကျော် ရှိပေမယ့်လို့ အဲဒီ ရှုံးထွက်တိုက်ပွဲပြီးသွားရင်တော့ သူတို့ထဲက တရာ့ရှစ်ယောက်ပဲ ကျန်ခဲ့လိမ့်မယ်”
ပကတိအရှင်လောရွှယ်က ရှင်းပြလိုက်၏။
“ရှုံးထွက်တိုက်ပွဲရဲ့ စဉ်းမျဉ်းစည်းကမ်းတွေကတော့ ရိုးရှင်းပါတယ် မင်းတို့အားလုံးလုပ်ရမှာက အသင်္ချေနယ်မြေတောင်ထွတ်ပေါ်ကို တက်ဖို့ပဲ.. ပိုပြီးတော့ မြင့်မြင့်ကို တက်လှမ်းနိုင်လေလေ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာ မင်းတို့ရဲ့ အဆင့်ကလည်း ပိုပြီးတော့ မြင့်မားလေလေပဲ.. အမြင့်ဆုံးမှာရောက်နေတဲ့ ကျင့်ကြံသူတရာ့ရှစ်ယောက်ကတော့ ဒီဘက်မျိုးဆက် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ရဲ့ ပြိုင်ပွဲဝင်အသစ်တွေ ဖြစ်လာကြလိမ့်မယ်”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အခြားလူတိုင်းကလည်း ဇဝေဇဝါ ဖြစ်သွားကြလေသည်။ ဖက်တီးလေးက မျက်လုံးကို ပုတ်ခတ်ပြီး မေးလိုက်၏။
“ဒါပဲလား.. အသင်္ချေနယ်မြေတောင်ထွတ်က ဘာတွေများ ထူးခြားနေလို့လဲ.. အန္တရာယ်က ဘယ်ကနေ လာမှာလဲ”
“မဟုတ်သေးဘူး”
ပကတိအရှင်လောရွှယ်က ခေါင်းခါပြလိုက်၏။
“အသင်္ချေနယ်မြေတောင်ထွတ်မှာ တိုက်ခိုက်တာကို တားမြစ်ပိတ်ပင်ထားတယ်.. အပေါ်ကိုတက်ရတာက လွယ်ကူတဲ့အလုပ်ဆိုပေမယ့်လည်း ကျင့်ကြံသူ အများစုကတော့ ရှုံးနိမ့် ထွက်ခွာရလိမ့်မယ်”
“အသင်္ချေနယ်မြေတောင်ထွတ်ရဲ့ ထိပ်ဆုံးမှာ ကျောက်စာတိုင်တစ်တိုင်ကို စိုက်ထူထားတယ်.. အဲဒါက ဟိုအရင်တုန်းက နတ်မိမယ်လင်းလုံကိုယ်တိုင် အဲဒီတောင်ထွတ်ပေါ်မှာ စိုက်ထူထားခဲ့တဲ့ ရှေးဟောင်းအသင်္ချေ နယ်မြေကျောက်စာတိုင်ပဲ”
ဆူဇီမိုက သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။
တကယ်လည်း အသင်္ချေနယ်မြေတောင်ထွတ်ပေါ်မှာ ဧရာမကျောက်စာတိုင်ကြီးတစ်တိုင် ရှိနေခဲ့ပြီး ၎င်းထံမှ ရှေးကျသော အော်ရာတစ်မျိုးကို ထုတ်ပေးနေလေသည်။
“အဲဒီကျောက်စာတိုင်ပေါ်မှာ နာမည်တွေ များလာချေလား”
ဆူဇီမိုက တီးတိုး ရေရွတ်လိုက်၏။
“ဟမ့်”
ပကတိအရှင်လောရွှယ်က မယုံကြည်နိုင်မှု အနည်းငယ်ဖြင့် လှည့်ကြည့်ပြီး မေးလိုက်လေသည်။
“အဲဒီကျောက်စာတိုင်ပေါ်မှာရေးထားတဲ့ နာမည်တွေရှိတယ်ဆိုတာကို ပြောနိုင်လောက်အောင် မင်းရဲ့အမြင်အာရုံက အားကောင်းတာလား”
ထိုအကွာဝေးအရ.. သူမပင်လျှင် ကျောက်စာတိုင်ပေါ်မှာ ရှိသည့်အရာများကို မမြင်နိုင်ပေ။
ဆူဇီမိုသည် ရွှေအမြုတေအဆင့်မှာပင် ရှိနေသော်လည်း သူ၏အမြင်အာရုံကတော့ အလွန်တရာ ကြောက်စရာကောင်းသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
တကယ်တော့ အဲဒါသည် ဆူဇီမိုက မီးပဒေသာမျက်လုံးကို ကျင့်ကြံထားသောကြောင့်လည်း ဖြစ်နိုင်လေသည်။
ဆူဇီမိုသည် ခဏတာ ငေးကြည့်နေပြီးနောက် သူ၏မျက်လုံးများက စပ်ဖျဉ်းဖျဉ်းဖြင့် နာကျင်လာသည်ကို ခံစားလိုက်ရလေသည်။ ချက်ချင်းပင် သူ့အကြည်ကို ပြန်ရုပ်သိမ်းလိုက်ရ၏။
“အဲဒီကျောက်စာတိုင်ပေါ်မှာ လက်ရေးအမျိုးမျိုးနဲ့ နာမည်တွေအများကြီးပဲ.. အဲဒါက လူတစ်ယောက်ထဲရေးထားတာတော့ မဖြစ်နိုင်ဘူး.. ဒါပေမယ့်လို့ ဘာတွေရေးထားသလဲဆိုတာ အတိအကျတော့ ကျုပ်လည်းမမြင်ရဘူး” ဆူဇီမိုက ပြောလိုက်လေသည်။
ပကတိအရှင်လောရွှယ်က ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ.. ရှေးဟောင်းအသင်္ချေနယ်မြေကျောက်စာတိုင်မှာ များစွာသော ပညာရှင်တွေက သူတို့ရဲ့နာမည်ကို အဲ့ဒီပေါ်မှာ ရေထိုးထားကြတယ်.. ရှေးဟောင်းခေတ်က ဧကရာဇ်တွေ အပါအဝင်ပေါ့.. သူတို့အားလုံးက အဲဒါကို ကိုယ်တိုင် ရေးထိုးထားခဲ့ကြတာ”
“အသင်္ချေနယ်မြေတောင်ထွတ်ရဲ့ ထိပ်ဆုံးကို ရောက်အောင်တက်နိုင်တဲ့လူတွေပဲ အဲဒီမှာ သူတို့ရဲ့နာမည်ကို ချန်ထားခဲ့နိုင်လိမ့်မယ်”
“အဲဒီ ရှေးဟောင်းအသင်္ချေနယ်မြေကျောက်စာတိုင်မှာ သမိုင်းတစ်လျှောက်က များစွာသော ပြိုင်ဆိုင်ရှားတွေ၊ မွန်းစတားတွေရဲ့ ရွှေအမြုတေနယ်မြေ စွမ်းအားတွေက ကျန်ရှိနေတယ်.. သူတို့ရဲ့စွမ်းအားက အဲဒီနေရာတစ်ခုလုံးကို လွမ်းခြုံထားလိမ့်မယ်။ တောင်ထွတ်ပေါ်ကို တက်ရောက်ချင်တဲ့လူက အဲဒီဖိအားကို ခုခံရလိမ့်မယ်”
ထိုနေရာအရောက်တွင် ဆူဇီမိုက နားလည်သဘောပေါက်လာလေသည်။
ရှေးဟောင်းသင်္ချေနယ်မြေကျောက်စာတိုင်က တောင်ထွတ်ထိပ်ဖျားမှာဖြစ်ပြီး ၎င်းနှင့် နီးကပ်လာလေလေ သူတို့ကပိုမိုကြီးမားသည့် ဖိအားကို တွေ့ကြုံခံစားရလေလေဖြစ်ပေသည်။
အဲဒါက အသင်္ချေနယ်မြေတောင်ထွတ်ပေါ်ကို တက်လှမ်းသည်ဆိုရုံမျှ မဟုတ်တော့ပေ။
အဲဒါထက် သူတို့က အတိတ်ကာလက ရှေးဟောင်းဧကရာဇ်များစွာ ဖောက်ခဲ့တဲ့လမ်းကြောင်းပေါ်ကို တက်လှမ်းနေကြခြင်း ဖြစ်ပေသည်။
တကယ်တော့ တောင်ထွတ်ထိပ်ဖျားသို့ နီးကပ်လာလေလေ သူတို့၏ ရွှေအမြုတေနယ်မြေ၏ ခွန်အားကို သက်သေပြနိုင်လေလေလည်းဖြစ်သည်။
သူတို့က တောင်ထွတ်ပေါ်ကို ရောက်အောင်တက်နိုင်သည်ဆိုလျှင် အဲဒါသည် အတိတ်ကာလက ရွှေအမြုတေအဆင့်ဖြစ်ခဲ့ဖူးသော ပညာရှင်များစွာနှင့် ရင်ဘောင်တန်းနိုင်သည်ဟု သွယ်ဝိုက်၍ ဖော်ညွှန်းနေလေသည်။
ပကတိအရှင်လောရွှယ်က ပြောလိုက်၏။
“အသင်္ချေနယ်မြေတောင်ထွတ်မှာ ကျောက်လှေကားပေါင်း တစ်ရာ့ရှစ်ခုရှိတယ်.. တစ်ခုနဲ့တခုကြား အကွာဝေးက ပေတစ်ထောင်ကျော် ကွာတယ်.. အပေါ်ကို ပိုပြီးတော့ ရောက်လေလေ ဖိအားက ပိုပြီးတော့ ကြီးမားလေလေပဲ.. ပြောရမယ်ဆိုရင်တော့ ပထမဆုံး လှေကားထစ်ပေါ်ကို ရောက်ဖို့တောင် သိပ်ပြီးတော့ လွယ်ကူလှတာတော့ မဟုတ်ဘူး”
ဆူဇီမို၏ အကြည့်က ရွေ့လျားသွားလေသည်။
အသင်္ချေနယ်မြေ တောင်ထွတ်အောက်ခြေတွင် ကျင့်ကြံသူများစွာ စုဝေးလာသည်ကို သူမြင်လိုက်ရလေသည်။
ထိုအချိန်တွင် အသင်္ချေနယ်မြေတောင်ထွတ်ပေါ်သို့ တက်ရောက်ဖို့ကြိုးစားနေကြသော ကျင့်ကြံသူများစွာ ရှိနေကြပြီး ဖြစ်လေသည်။
သူတို့ထဲမှာအချို့သည် ပထမဆုံးလှေကားပေါ်သို့ ခြေချလိုက်စဉ်မှာပင် လွင့်စင်ထွက်သွားကြလေသည်။
ကျင့်ကြံသူအချို့ကတော့ သူတို့၏ရွှေအမြုတေနယ်မြေကို ထိန်းသိမ်းထားနိုင်ကြသော်လည်း ပထမလှေကားပေါ်မှာ ခဏမျှသာ ရုန်းကန်ပြီးနောက် သူတို့သည်လည်း လွင့်စင်ထွက်သွားကြလေသည်။
၁၅မိနစ်လောက် အချိန်အတွင်းမှာပဲ တောင်ပေါ်သို့ တက်ရောက်ဖို့ကြိုးစားခဲ့သော ကျင့်ကြံသူများစွာ ရှိလာသော်လည်း ထိုအထဲမှ လူတစ်ယောက်သာလျင် ဒုတိယကျောက်လှေကားပေါ်သို့ တက်ရောက်နိုင်ခဲ့လေသည်။
“အဲဒါက အဲလောက်တောင် ခက်တာလား။”
ဖတ်တီးလေးက တိတ်တစ်ဆိတ် တုန်လှုပ်သွားလေသည်။
ပကတိအရှင်လောရွှယ်က ပြောလိုက်၏။
“ရှေဟောင်းခေတ်ကတည်းက ရှေးဟောင်းသင်္ချေကျောက်စာတိုင်မှာ နာမည်တွေက ပိုပိုပြီးတော့ တိုးတိုးလာတာလေ.. နောက်ပိုင်းမျိုးဆက်ကိုရောက်လေ သူတို့တောင့်ခံရမယ့် ဖိအားက ပိုပြီးတော့ ကြီးမားလာလေလေပဲ”
“အသင်္ချေနယ်မြေကျောက်စာတိုင်ပေါ်မှာ သူတို့ရဲ့နာမည်တွေကို ဘယ်သူမှ မချန်ထားခဲ့နိုင်တော့တာ နှစ်တစ်ထောင်ကျော်တောင် ရှိနေပြီ”
ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ကို နှစ်၁ဝဝတိုင်းမှာ တစ်ကြိမ်ကျင်းပလေသည်။
နှစ်တစ်ထောင်ဆိုတော့ နောက်ဆုံးကျင်းပခဲ့သည့် ရွှေအမြုတေအဆင့်သတ်မှတ်ချက် တိုက်ပွဲဆယ်ခုအတွင်း တောင်ထွတ်ပေါ်သို့ တက်ရောက်၍ သူတို့နာမည်ကို ချန်ထားနိုင်ခဲ့သူ တစ်ယောက်မှမရှိခဲ့ဟု ဆိုလိုလေသည်။
ဆူဇီမို၏ စိတ်ထဲတွင် ကမ္ဘာတစ်ခုလုံးကိုပင် အထက်စီးကနေ ကြည့်နိုင်သော ဧကရာဇ်တပါးနှင့် ဆင်တူသည့် ပုံရိပ်တစ်ခုက ပေါ်လာပြီးနောက် သူက မေးလိုက်မိလေသည်။
“လွန်ခဲ့တဲ့နှစ်တစ်ရာက သီယင်းကရော တောင်ထွတ်ပေါ်ကို မတတ်နိုင်ခဲ့ဘူးလား”
သီယင်းသည် လူသားဧကရာဇ် ချန်ထားရစ်ခဲ့သော ကစဉ့်ကလျားသမုဒ္ဒရာ ရွှေအမြုတေနယ်မြေကို ကျင့်ကြံထားလေသည်။ သူကပြီးခဲ့သည့် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် ပုဂ္ဂိုလ်လဲဖြစ်လေသည်။
ထိုကဲ့သို့သော လူမျိုးတောင် တောင်ထွတ်ပေါ်သို့ ရောက်အောင်မတက်နိုင်ခဲ့ဘူးဆိုလျှင် အသင်္ချေနယ်မြေတောင်ထွတ်က နည်းနည်းတော့ ကြောက်စရာကောင်းလာလေပြီ။
“မတက်နိုင်ခဲ့ဘူး”
ပကတိအရှင်လောရွှယ်က သူ့ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“သီယင်းက လွန်ခဲ့တဲ့အနှစ်တစ်ရာက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ရှိခဲ့ပေမယ့်လဲ သူက ၉၉ ခုမြောက် ကျောက်လှေကားထစ်မှာ ရပ်တန့်သွားပြီးတော့ ဆက်မတတ်နိုင်တော့ဘူး”
“ဘာပဲပြောပြော လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက သီယင်းက အရမ်းငယ်သေးတယ်လေ”
ဤနေရာအရောက်တွင်တော့ သီယင်းသည် ယခုတစ်ခေါက် ပြန်လာခဲ့ခြင်းမှာ ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာနှင့် ထိုမှရရှိသည့် ဆုလာဘ်များအတွက်သာ မဟုတ်ကြောင်း ဆူဇီမိုသည် နားလည်သဘောပေါက်လာလေသည်။
သူ့မှာလည်း သူ့ကိုယ်ပိုင် မာန်မာန ရှိလေသည်။ သူ့ကိုယ်သူ သက်သေပြဖို့ဆိုလျှင် တောင်ထွတ်ပေါ်သို့တက်ရောက်ပြီး အသင်္ချေနယ်မြေကျောက်စာတိုင်ပေါ်တွင် သူ့နာမည်ကို ချန်ထားနိုင်ရပေမည်။
ပကတိအရှင်လောရွှယ်က ရေရွတ်လိုက်၏။
“အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ် မွမ်းမံတယ်လေ.. ဒီလောက်များတဲ့နာမည်တွေထဲမှာ နာမည်ဘယ်လောက်ကိုများ လူတွေက မှတ်မိနိုင်မှာလဲ.. ဒါပေမဲ့လို့ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ကတော့ သမိုင်းတစ်လျှောက် အခိုင်အမာ တည်ရှိခဲ့တယ်.. နောက်အနာဂတ်မှာလည်း ဆက်ပြီးတော့ ရှိနေလိမ့်ဦးမယ်”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရုတ်တရက် မေးလိုက်လေသည်။
“အသင်္ချေနယ်မြေ ကျောက်စာတိုင်ပေါ်မှာ သူ့နာမည်ကို ချန်ထားနိုင်ခဲ့တဲ့ နောက်ဆုံးလူက ဘယ်သူလဲ”
ပကတိအရှင်လောရွှယ်က ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
အတန်ကြာပြီးနောက် သူမက ဖြည်းဖြည်းချင်းပြောလိုက်၏။
“လက်ရှိ အဆူရာ.. ယန်ပေးချန်”
“ဒါပဲလေ”
ဆူဇီမိုက သူဘာသာသူ ခေါင်းညိတ်လိုက်၏။
ပကတိအရှင်လောရွှယ်သည် ထိုနာမည်နှင့်ပတ်သတ်ပြီး အနည်းငယ် စိုးရိမ်နေပုံရကာ သူမက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်နှင့်ပတ်သတ်သည့် စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။
“ရှုံးထွက်တိုက်ပွဲပြီးရင်တော့.. အပေါ်ဆုံးမှာရှိတဲ့ ကျင့်ကြံသူ တစ်ရာ့ရှစ်ယောက်က ကနဦး နေရာချထားရုံပဲ ရှိသေးတယ်.. ကျောက်လှေကားထစ်တစ်ခုပေါ်မှာ ကျင့်ကြံသူနှစ်ယောက် ဒါမှမဟုတ် အဲ့ထက်ပိုပြီး ရှိနေမယ်ဆိုရင်တော့ နောက်ဆုံးတစ်ယောက်ကျန်တဲ့အထိ သူတို့က တိုက်ခိုက်ရလိမ့်မယ်”
ဆူဇီမိုက နားလည်သဘောပေါက်သွားလေသည်။
ဥပမာအားဖြင့် တစ်ရာမြောက် ကျောက်လှေကားထစ်ပေါ်တွင် ကျင့်ကြံသူ နှစ်ယောက် ရှိနေသည်ဆိုလျှင် သူတို့က အနိုင်ရရှိသူ ထွက်ပေါ်လာဖို့အတွက် အကြိတ်အနယ် တိုက်ခိုက်ရပေတော့မည်။