← Chapters

မိတ်ဆွေဟောင်းများ

Vol. 48 Ch. 718

မိတ်ဆွေဟောင်းများ

Vol. 48 Ch. 718

"ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ တစ်ကယ့်ရည်ရွယ်ချက်က ကမ္ဘာပေါ်ကပြန်ဝင်စားမွန်းစတားတွေကို စုစည်းဖို့ဘဲ... အဲ့ဒီမှာ လူတွေအစုလိုက်အပြုံလိုက် သေကြေကြမယ့်အခြေအနေမျိုးကို အရောက်ခံမှာမဟုတ်ဘူး..." ပကတိအရှင်လောရွှယ်ကပြောလိုက်၏။

"အဆင့်သတ်မှတ်ချက်တစ်ခုအတွက်နဲ့ ပြန်ဝင်စားမွန်းစတားတွေက သေ​ကြေထိခိုက်ကျရှုံးရမယ်ဆိုရင် အဲ့တာက နတ်မိမယ်လင်းလုံရဲ့ မူလစိတ်ဆန္ဒနဲ့ ဆန့်ကျင်နေလိမ့်မယ်..."

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် ရင်ဆိုင်တိုက်ခိုက်ရမည့် နည်းလမ်းက တစ်ကယ်ဘဲ ညင်သာလေသည်။ အဲ့ဒီမှာ မလိုအပ်သော သတ်ဖြတ်ခြင်းများကို ရှောင်ရှားထားလေသည်။

ပကဓိအရှင်လောရွှယ်က ပြောလိုက်၏။

"နောက်သုံးလနေရင် ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲကို ကျင်းပပေးလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ရွှေအမြုတေပေါင်း တစ်သိန်းက အင်္သချေနယ်မြေ တောင်ထွတ်ခြေမှာ စုဝေးကြလိမ့်မယ်..."

"အဲ့အချိန်ကျရင် ပဟေဠိနန်းတော်က ပကတိအရှင်ယွီကျွင်းက ပေါ်လာပြီးတော့ ပြိုင်ပွဲကို ဧည့်ခံကျင်းပပေးလိမ့်မယ်... ငါအပါအဝင် ထိပ်သီးဂိုဏ်းကြီးတွေက နိုးထဝိညာဥ်တွေကလည်း ကြည့်ရှုအားပေးကြလိမ့်မယ်..."

ပြိုင်စံရှားတစ်သိန်းအကြား အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ရမည့် နည်းလမ်းက အတော်လေးကို ညင်သာသော်လည်း အဲ့ဒီဖြစ်စဥ်မှာ တင်းမာခက်ထန်မှုများနှင့် အုံးအုံးကျက်ကျက်ဖြစ်ခြင်းများက မလွဲမသေ ဖြစ်လာပေလိမ့်မည်။

"ကျုပ်သိပါပြီ... အခုလို သတင်းအချက်အလက်တွေကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုအရှင်လောရွှယ်"

ဆူဇီမိုက လက်သီးနှစ်ဖက်ကိုဆုပ်ပြီး နှုတ်ဆက်လိုက်၏။

ပကတိအရှင်လောရွှယ်က ခေါင်းညိတ်ပြလိုက်လေသည်။

"နင်က... နတ်ဖီးနစ်အရိုးလိုမျိုး မဟာရတနာတွေကို ပိုင်ဆိုင်ထားတဲ့အပြင်... ဂိုဏ်းပေါင်းစုံ ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ရန်ငြိုးရန်စ ရှိထားတဲ့အတွက် နင့်ရဲ့အခြေအနေက နည်းနည်းထူးခြားတယ် ၊ အခြားသူတွေ နင့်ကိုပြဿနာလာမရှာအောင် ဒီနေ့ကစပြီးတော့ ဒီနန်းတော်မှာဘဲ နင်ကျင့်ကြံလို့ရတယ်"

အင်္သချေနယ်မြေမြို့တော်တွင် မြောက်များလှစွာသောအကြည့်များက ဆူဇီမိုအပေါ်တွင် ကျရောက်နေလေသည်။

သူသည် ပကတိလောရွှယ်၏ စောင့်ကြပ်မှုဖြင့် ဤနေရာမှာ နေထိုင်မည်ဆိုလျှင် အခြားသောဂိုဏ်းနှင် အဖွဲ့အစည်းများက သူ့ကို ဖမ်းဆီးဖို့ရာ နှင်းပုံတောင်ကြား၏ ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာရဲလိမ့်မည် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် ပကတိအရှင်လောရွှယ်..."

ဆူဇီမိုက ကျေးဇူးတင်မှုကို ထပ်မံပြသလိုက်၏။

"ဒါနဲ့"

သူကတစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား.မေးမြန်းလိုက်၏။

"ပကတိအရှင်... ကျုပ်တစ်ခုလောက်မေးပါရစေ... ရှေးဟောင်းတိုက်ပွဲမြေကို ယန်ဆေးဂိုဏ်းက ကျင့်ကြံသူတွေများ ဝင်လာကြသေးလား"

ရှေးဟောင်းတိုက်ပွဲမြေတွင် အခွင့်အလမ်းများနှင့် ရတနာများစွာ ရှိသော်လည်း အန္တရာယ်များကလည်း တွဲဖက်နေလေသည်။

ထိပ်သီးဂိုဏ်းကြီးများနဲ့ အဖွဲ့အစည်းများအားလုံးက ရှေးဟောင်းတိုက်ပွဲမြေသို့ သူတို့၏ ကျင့်ကြံသူများကို စေလွှတ်ကြလိမ့်မည် မဟုတ်ချေ။ ယန်ဆေးဂိုဏ်းသည် တစ်သီးပုဂ္ဂလ ၄ အုပ်စုတွင် ပါဝင်သော်လည်း သူတို့က တိုက်ခိုက်ရည်မှာ အသားမပေးကြပေ။ အဲ့တာကြောင့် သူတို့က ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်မလာဘူးဆိုလျှင်လည်း အဲ့တာက ယုတ္တိတန်လေသည်။

"တစ်သီးပုဂ္ဂလ ၄ အုပ်စုလုံးက ဒီကိုရောက်လာကြပါတယ်... ဒါပေမယ့်လို့ သူတို့က အခုချိန်ထိတော့ အင်္သချေနယ်မြေမြို့တော်က်ို ရောက်မလာသေးဘူး"

ပကတိအရှင်လောရွှယ်က ပြန်ပြောလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေတွင် ရှောင်းနင်ကို ညဝိညာဥ်က စောင့်ကြပ်ပေးနေပါက သူမက အတော်လေး ဘေးကင်းလုံခြုံနေပေလိမ့်မည်။

ဆူဇီမိုတို့အုပ်စုသည် လမ်းခရီးတစ်လျှောက်တွင် အဟန့်အတား အနှောင့်အယှက်များစွာကို ကြုံတွေ့ခဲ့ရသော်လည်း သူတို့၏စွမ်းအားကြီးသော ခွန်အားများကြောင့် နေ့နေ့ညည ခရီးဆက်နိုင်ခဲ့ကြလေသည်။

သူတို့က အင်္သချေနယ်မြေမြို့တော်သို့ ရောက်လာသော ကျင့်ကြံသူများ ပထမအသုတ်ထဲတွင် ပါဝင်သည်ဟု ဆိုနိုင်လေသည်။

အခုချိန်ထိ ရောက်မလာနိုင်သေးသော အခြားသော ကျင့်ကြံသူများလည်း ကျန်ရှိကြသေးလေသည်။

ဂိုဏ်းအများစုနှင့် အဖွဲ့အစည်းအများစုသည် ညဘက်မှာနားပြီး နေ့ဘက်မှာ ခရီးဆက်ကြပေလိမ့်မည်။ အဲ့ဒါမှသာ သူတို့သည် တောကောင်အုပ်ကြီးများနှင့် တွေ့ဆုံမှုကို ရှောင်ရှားနိူင်ပြီး သူတို့၏ လမ်ခရီးက ဘေးကင်းလုံခြုံပေလိမ့်မည်။

ခဏမျှ တွေးဆပြီးနောက် ဆူဇီမိုက ထပ်မံမေးလိုက်၏။

"နတ်ဘုရားမျိုးနွယ်ကရော အင်္သချေနယ်မြေမြို့တော်ထဲကို ရောက်နေပြီလား..."

"ဟမ့်..."

ပကတိအရှင်လောရွှယ်သည် နတ်ဘုရားမျိုးနွယ်ဟူသော စကားလုံးကိုကြားရချိန်တွင် သူမ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ချာကနဲ လှည့်ကြည့်လိုက်၏။ သူက ဆူဇီမိုကိုစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်လေသည်။

"နင်က.. နတ်ဘုရားမျိုးနွယ်ကို မြင်ခဲ့လို့လား..."

"ကျွန်မ မြင်ခဲ့တာ..."

ချင်ချင်က ရှေ့သို့ထွက်လာပြီး ခိုင်မာပြတ်သားစွာဖြင့် ပြောလိုက်လေသည်။

"နတ်ဘုရားမျိုးနွယ်က ဒီနေရာကို ဘာလို့ရောက်လာတာပါလိမ့်..."

ပကတိအရှင်လောရွှယ်သည် သုန်မှုန်နေသော အမူအရာဖြင့် မျက်မှောင်ကို ကြုတ်လိုက်လေသည်။

ခဏနေပြီးနောက် သူမက လက်ကာပြလိုက်၏။

"မင်းတို့တွေ... ဒီမှာအရင်ဆုံး နားနေကြဦး ၊ တစ်ခုခုလိုအပ်တာရှိရင် နှင်းပုံတောင်ကြားက ကျင့်ကြံသူတွေကို အချိန်မရွေး သတင်းပေးလို့ရတယ်"

"ကောင်းပါပြီ"

အားလုံးက ပြန်ဖြေလိုက်ကြ၏။

နန်းတော်က အတော်လေးကို ကျယ်ဝန်းပြီး ကျင့်ကြံဖို့အတွက် အခန်းပေါင်းများစွာကို ထောက်ပံ့ပေးထားလေသည်။ ဆူဇီမိုနဲ့ အခြားသူများသည် အခန်းတစ်ခုစီကို ကြုံရာရွေးချယ်လိုက်ကြပြီး လောလောဆယ်အတွက် နေထိုင်ကြလေသည်။

အချိန်ကြာလာသည်နှင့်အမျှ အင်္သချေနယ်မြေမြို့တော်တွင် ကျင့်ကြံသူများသည် များစွာပို၍ စုဝေးလာကြပြီး မြို့ကပို၍ စည်ကားသိုက်မြိုက်လာလေသည်။

မကြာမကြာဆိုသလို အချို့သော ပြိုင်စံရှားများ သို့မဟုတ် ပြန်ဝင်စားမွန်းစတားများက ရောက်ရှိလာကြပြီး အင်္သချေနယ်မြေတောင်ထွတ်သို့ မည်သို့မည်ပုံတက်ရောက်ကြသည်ကို နှင်းပုံတောင်ကြားက သတင်းရရှိကြလေသည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်သို့ရောက်သည်တွင် ဆူဇီမို၏ အတွင်းအမြုတေက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဲ့ဒါက လုံးဝပြီးပြည့်စုံသည့်အဆင့်မှာပင်။ သူက ရှေးဟောင်းတိုက်ပွဲမြေက ထွက်ခွာတာနှင့် အချိန်မရွေး အဆင့်ချိုဖျက် တတ်လှမ်းနိုင်လေသည်။

သူ၏ ရွှေအမြုတေအဆင့်မှာလည်း သိပ်မကွာပေ။ သူကဤအတိုင်း ဆက်လက်ကျင့်ကြံသွားလျှင် အဆင့်ချိုးဖျက်တတ်လှမ်းဖို့ အခွင့်အရေးတစ်ခုကို အာရုံခံမိဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။

ဤနေ့တွင် ဆူဇီမိုက သူ့အခန်းထဲတွင် ကျင့်ကြံနေစဥ် အပြင်ဘက်မှ သတင်းပေးပို့သာ အသံတစ်သံကို ကြားလိုက်ရလေသည်။

"တာအိုရောင်းရင်းဆူ... ရှင့်ကိုတွေ့ဖို့ခွင့်တောင်းနေတဲ့ ကြိုးကြာတစ်ထောင်ဂိုဏ်းက လူတွေရောက်နေကြတယ်..."

နှင်းပုံတောင်ကြားမှ ​ကျင့်ကြံသူတစ်ယောက်၏ အသံထွက်လာလေသည်။

"ကြိုးကြာတစ်ထောင်ဂိုဏ်းလား..."

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကြိုးကြာတစ်ထောင်ဂိုဏ်းက တာအိုရောင်းရင်းတွေကို ဝင်ရောက်လာဖို့ ဖိတ်ခေါ်ပေးပါ..."

"အားလုံးဘဲ... သွားကြမယ်ဟေ့ ၊ ငါတို့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ သွားတွေ့ရအောင်..."

ဆူဇီမိုသည် ဖက်တီးလေးနှင့် အခြားသူများ၏ တံခါးကို ခေါက်လိုက်လေသည်။

"ဘယ်သူ့ကိုလဲ... "

ဖက်တီးလေးသည် အကြောများကို ဆန့်လိုက်ပြီး အိပ်စုံမှုန်မွှားမျက်လုံးများဖြင့် လှမ်းထွက်လာလေသည်။

"သိပ်မကြာခင် မင်းတွေ့ရမှာပေါ့..."

ဆူဇီမိုက ပြုံးပြီး ရှေ့ကနေ လျှောက်သွား၏။

သူတို့ ခန်းမထဲသို့ ဝင်ရောက်စဥ်မှာပင် အပြင်ဘက်မှ ကျင့်ကြံသူအချို့က အထဲသို့လျှောက်လှမ်း၍ ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ သူတို့အားလုံးက အမျိုးသမီးများဖြစ်ကြပြီး သူတို့၏ ခါးပေါ်က ဂိုဏ်းတံဆိပ်ပြားပေါ်တွင် အနုစိပ်သော စိတ်ဝိညာဥ်ကြိုးကြာတစ်ကောင်ကို ထွင်းထုထားလေသည်။

သူတို့၏ခေါင်းဆောင်က ဘာကိုမှ ဂရုမထားသည့်အလား အေးစက်သောအမူအရာရှိပြီး နတ်မိမယ်တစ်ပါးလို လှပသောအသွင်အပြင်ရှိလေသည်။

ဖက်တီးလေး၏ မျက်လုံးများက ပြူးကျယ်သွားပြီး အံအားတသင့် အော်ဟစ်လိုက်၏။

"အစ်မလမ့်ရိုလား..."

အစကတော့ ကြိုးကြာတစ်ထောင်ဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူ၏ အမူအရာကအေးစက်နေလေသည်။ သို့သော်လည်း သူမက ထိုအသံကိုကြားပြီး လှည့်ကြည့်၍ ဖက်တီးလေးနှင့် အစိမ်းရောင်ဝတ်အမျိုးသားတို့ကို မြင်သောအခါ သူမ၏မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှုက ထင်ဟပ်လာလေသည်။

သူမကတော့ လွန်ခဲ့သည့်အနှစ် ၂၀ က ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော လမ့်ရိုပင်ဖြစ်လေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် လမ့်ရိုသည် အတော်ကလေးပြောင်းလဲသွားခဲ့ပြီး သူမ၏ ပြုမူပြောဆိုဆက်ဆံပုံက အေးစက်သည်ထက် အေးစက်လာခဲ့သည်။ သို့ပါသော်လည်း သူမက ဆူဇီမို ၊ ဖက်တီးလေးနှင့် အခြားသူများကို ကြည့်သောအကြည့်ထဲတွင် နွေးထွေးမှုများက ပါဝင်နေလေသည်။

ကြိုးကြာတစ်ထောင်ဂိုဏ်းမှ တပည့်များက ဒီကိုရောက်လာသည်ဟု.ကြားရချိန်တွင် ဆူဇီမိုက လမ့်ရိုကိုတွေးမိပြီးသားဖြစ်လေသည်။

"ဟားဟားဟားဟားဟာ..ဟား"

ရုတ်တရက် အပြင်ဘက်မှ ရယ်သံတစ်သံက ထွက်ပေါ်လာလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဝတ်ရုံစကို တစ်ဖျပ်ဖျပ်ခါ၍ အမျိုးသားတစ်ယောက်က နန်းတော်ထဲသို့ဝင်ရောက်လာလေသည်။ သူက ရုပ်ရည်ချောမောပြီး ကျေနပ်နှစ်ခြိုက်နေသော အမူအရာရှိကာ ဆူဇီမိုနှင့် အခြားသူများကို ပြုံးပြလိုက်လေသည်။

"ဒီလိုမျိုး မိတ်ဆွေဟောင်းတွေ ဆုံစည်းတဲ့ပွဲကို ငါက ဘာ့ကြောင့်လက်လွတ်ခံရမှာလဲ..."

"စီနီယာအစ်ကိုကျိလား..."

ဖက်တီးလေးက ထပ်မံ၍ အံ့အားတသင့်ရေရွတ်လိုက်ပြီး ဝမ်းသာပျော်ရွှင်သွားလေသည်။ သူကတော့ လွန်ခဲ့သည့် အနှစ် ၂၀ က ယန်ဆေးဂိုဏ်းသို့ ဝင်ရောက်ခဲ့သော ကျိချန်းရှန်ပင် ဖြစ်လေသည်။

ဆူဇီမို ၊ ဖက်တီးလေး ၊ လမ့်ရိုနှင့် ကျိချန်းရှန်တို့သည် ဆန်းကြယ်တောင်ထွတ်၏ တပည့်များ ဖြစ်ခဲ့ရုံသာမက သူတို့သည် သေခြင်းရှင်ခြင်းများကို အတူတကွ ရင်ဆိုင်ဖြတ်ကျော်ခဲ့ဖူးကြလေသည်။

ဆူဇီမိုက လက်သီးနှစ်ဖက်ကို ဆုပ်ပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။

"စီနီယာအစ်ကိုကျိ... ခင်ဗျားကတော့ အမြဲတမ်းကြည့်ကောင်းနေတာဘဲ ၊ အခြေအနေဘယ်လိုလဲ..."

"ဟား..ဟား..ဟား"

ကျိချန်းရှန်က ဟားတိုက်ရယ်မောလိုက်၏။

"ငါက.. မင်းကိုတော့ ဘယ်ယှဥ်နိုင်ပါ့မလဲ ၊ ဒီနှစ်တွေထဲမှာ ငါက အလယ်ပိုင်းတိုက်မှာ နေပေမယ့်လို့ မင်းသတင်းတွေကို ကြားရပါရဲ့... ရှေးဟောင်းတိုက်ပွဲမြေထဲကိုရောက်လာပြီး မင်းသတင်းတွေကို အသေးစိတ်သိရလေလေ ပိုပြီးတော့ကြောက်ဖို့ကောင်းလာလေဘဲ..."

လမ့်ရိုက စကားများစွာမပြောသော်လည်း ဆူဇီမို ၊ ဖက်တီးလေးနှင့် ကျိချန်းရှန်တို့ကို မြင်ရပြီးနောက် သူမ၏ မျက်နှာထက်က အပြုံးသည် ပျောက်ကွယ်မသွားတော့ပေ။

ထိုသည်ကိုကြည့်ပီး ကြိုးကြာတစ်ထောင်ဂိုဏ်းမှ ကျင့်ကြံသူများသည် အံ့အားသင့်ကုန်ကြလေသည်။

ကြိုးကြာတစ်ထောင်ဂိုဏ်းတွင် သူမသည် စကားလည်းမပြောတတ် ပြုံးလည်းမပြုံးတတ်သော ရေခဲအလှလေးအဖြစ် ကျော်ကြားလေသည်။

အခု လမ့်ရိုသည် လွန်ခဲ့သည့် အနှစ် ၂၀ လုံးလုံး ကြိုးကြာတစ်ထောင်ဂိုဏ်းမှာ ရှိခဲ့သည်ထက် များစွာပို၍ ပြုံးရွှင်နေ၏။

ဤကဲ့သို့ စိမ်းသက်သော နယ်မြေတွင် မိတ်ဆွေဟောင်းများအတူ ပြန်ဆုံစည်းရခြင်းထက် ပိုပြီးတော့ ပျော်စရာကောင်းတာ မရှိတော့ပေ။

ဆူဇီမိုသည် တစ်စုံတစ်ရာကို တွေးတောနေသည့်အလား နန်းတော်၏ အပြင်ဘက်သို့ လှမ်းကြည့်နေလေသည်။

"မပူပါနဲ့... ရှောင်းနင်လည်း ဒီကိုရောက်နေပြီ ၊ သူမက ငါ့နောက်မှာ ကျန်ခဲ့တာ..."

ကျိချန်းရှန်က လက်ကာပြလိုက်၏။

"ထန်ယုက နှင်းပုံတောင်ကြားက ကျင့်ကြံသူတွေနဲ့ စကားပြောနေတာလေ... ငါကထပ်ပြီးတော့ မစောင့်နိုင်တော့လို့ ဒီဖက်ကိုချော်ပြီး ထွက်လာရတာဘဲ..ဟားဟား"

သူ့ရယ်သံမစဲသေးခင်မှာပင် ခြေသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

ဆူဇီမိုသည် ဖြည်းဖြည်းခြင်း လှည့်ကြည့်လိုက်၏။

သိပ်မကြာမီ ကျင့်ကြံသူ ဆယ်ယောက်ကျော်က အတူတကွ ဝင်ရောက်လာခဲ့ကြသည်။

ထိုထဲတွင် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က အဝါဖျော့ဖျော့ ဝတ်ရုံကိုဝတ်ဆင်ထားပြီး ကြော့ရှင်းနေလေသည်။ သူမသည် တင့်တယ်လှပသော သွင်ပြင်ရှိပြီး သူမ၏ မျက်နှာပေါက်က ဆူဇီမိုနှင့် အတော်လေးဆင်တူလေသည်။

ဤအဝါရောင်ဝတ် အမျိုးသမီးကတော့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ဆူဇီမို၏ ညီမလေး ဆူရှောင်းနင်ပင် ဖြစ်လေသည်။

သူတို့မောင်နှမနှစ်ယောက်က စိတ်ခြင်း ဆက်စပ်နေပုံရပြီး လူအုပ်ကြီးထဲတွင် တစ်ယောက်ကိုတစ်ယောက် ချက်ချင်း သတိထားမိလိုက်ကြ၏။

ချက်ချင်းပင် ဆူဇီမို၏ အကြည့်က နူးညံ့ပျော့ပျောင်းသွားလေသည်။

ရှောင်းနင်၏ နီရဲနေသော မျက်လုံးများသည် မျက်ရည်များဖြင့် စိုစွတ်လာပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းကို တင်းတင်စေ့ထားလိုက်၏။ သူမ၏ လည်ချောင်းမှ စကားလုံးများက အဆက်မပြတ် လှိုက်တက်နေသည့်အလား နောက်ဆုံးမှာတော့ အဲ့တာက အော်ခေါ်သံတစ်သံအဖြစ် ပြောင်းလဲသွားလေသည်။

"အကိုလေး......"

All Chapters