← Chapters

ပက်သက်ဆက်နွယ်မှုမရှိ

Vol. 48 Ch. 720

ပက်သက်ဆက်နွယ်မှုမရှိ

Vol. 48 Ch. 720

ဆူဇီမို၏အကြည့်က လူအုပ်ကြီးထဲသို့ ရောက်ရှိသွားပြီး တဖြည်းဖြည်းနှင့် အနက်ရောင်ကျင့်ကြံသူ တစ်ယောက်၏ အပေါ်မှာ စွဲမြဲသွားလေသည်။

ထိုလူက ငယ်ရွယ်သေးပုံရပြီး အေးစက်စက်အမူရာနှင့်အတူ ထက်ရှသော မျက်နှာကို ပိုင်ဆိုင်ထားလေသည်။ သူ၏အကြည့်က ပင်လယ်ကဲ့သို့ နက်ရှိုင်းနေပြီး မည်သူမှ သူ့စိတ်ကို မဖတ်နိုင်ကြပေ။

အနက်ရောင်ဝတ်လူ၏ အရပ်က မပုလွန်း မရှည်လွန်းဘဲ ကြွက်သားများကလည်း ဖုထစ်နေခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ကနေ လျှင်မြန်ပေါ့ပါးဖျတ်လတ်ပြီး သိပ်သည်းသော ခွန်အားရှိသည်ဆိုသော ခံစားချက်တစ်ခုကို ထုတ်ပေးနေလေသည်။

ထိုလူမှာ အသားပို သို့မဟုတ် ကြွက်သားပိုတစ်ခုမှ မရှိသည့်အလားပင်။

ထိုလူက နေရာမှာပင် မလှုပ်မယှက်ရပ်နေပြီး စိတ်အေးသက်သာ ရှိနေပုံရလေသည်။ သို့သော်လည်း တစ်ခုခုထူးခြားနေသည်က်ို ဆူဇီမိုက ပထမဆုံးသတိထားမိလေသည်။

အလွန်တရာ အန္တရာယ်ရှိခြင်း....

အဆင့်တူခြင်းမှာ ဆူဇီမိုကို ဤကဲ့သို့ ခံစားချက်ပေးနိုင်သော သားရဲတောကောင်များက သိပ်များများစားစား မရှိပေ။ အနက်ရောင်ဝတ်လူက အကြောက်အလန့်မဲ့စွာ တည်ငြိမ်စွာဖြင့် ဆူဇီမိုကို ပြန်ငေးကြည့်နေလေသည်။ ဆူဇီမို၏ မျက်လုံးထဲရှိ အလင်းရောင်က သိပ်သည်းစုဖွဲ့လာလေသည်။

အနက်ရောင်ဝတ်လူ၏ မျက်လုံးများကလည်း ပို၍နက်ရှိုင်းလာလေသည်။

သူတို့၏ အကြည့်နှစ်ခုဆုံနေစဥ်မှာ တုန်လှုပ်ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ် အော်ရာတစ်ခုက နေရာတစ်ခုလုံးကို ဖြန့်ကျက်လာပြီး မျောက်နှင့် အခြားသူများသည် သူတို့၏ သားမွေးများ ထောင်ထလာသည်ဟု ခံစားလာရလေသည်။

ထိုဖိအားအောက်တွင် လူတိုင်းသည် အသက်ကိုပင် ရဲရဲမရှူရဲဘဲ အလိုလို တိတ်ဆိတ်နေကြလေသည်။

အဲ့ဒါကို ခံန်ိုင်ရည်မရှိတော့မည့် ဆဲဆဲမှာပင် ဆူဇီိမိုက ပြုံး၍မေးလိုက်လေသည်။

"ညဝိညာဥ်လား..."

နောက်ဆုံးတွင် အနက်ရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် အမူအရာတစ်ချို့က ပေါ်လာပြီး သူကဆူဇီမိုရှေ့သို့ လျှင်မြန်စွာ ရောက်သွားလေသည်။ သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့၍ စကားလုံးဝမပြောသော်လည်း သူ့မျက်လုံးများထဲတွင် စိတ်ခံစားချက်တစ်ချို့နှင့် တမ်းတချက်များကို ဖုံးကွယ်မထားနိုင်ပေ။

"ဟား..ဟားဟား..ဟားဟား..."

ဆူဇီမိုက ဟားတိုက်ရယ်ချလိုက်ပြီး ညဝိညာဥ်၏ ပုခုံးကိုပုတ်ကာ ခေါင်းညိတ်လိုက်လေသည်။

"ဒီနှစ်တွေထဲမှာ ရှောင်းနင်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက်​ ကျေးဇူးတင်တယ်ကွာ..."

"အဲ့ဒါက ကျုပ်လုပ်ရမယ့် တာဝန်ပါဘဲ..."

ညဝိညာဥ်က သတ္တုကဲ့သို့ ခိုင်မာပြတ်သားသောအသံဖြင့် ပြောလိုက်လေသည်။

အစကတော့ ညဝိညာဥ်ထံမှ မည်သည့်သားရဲချီမှ ထွက်မနေသောကြောင့် ဆူဇီမိုသည် သိပ်ပြီးတော့ အတည်မပြုရဲခဲ့ပေ။

မျောက်နှင့်အခြားသူများကဲ့သို့သော သားရဲတောကောင်များမှာဆိုလျှင် သူတို့သည် လူသားသွင်ပြင်ကိုယူ၍ လူသားဘာသာစကားကို ပြောနိုင်ကြသော်လည်း သူတို့ထံမှ သားရဲချီများ ထွက်ပေါ်နေသည်မှာ မလွဲဧကန်ပင်။

သူတို့၏ စိတ်ဝိညာဥ်မျက်လုံးကို ဖွင့်လှစ်ပြီးနောက် ကျင့်ကြံသူများက သူတို့ကို အလွယ်တကူမှတ်မိနိုင်လေသည်။

သားရဲများအတွက်တော့ နိုးထဝိညာဥ်အဆင့်သို့ ရောက်အောင် ကျင့်ကြံပြီး အမြုတေစိတ်ဝိညာဥ် တစ်ခုကို သန့်စင်နိုင်မှသာ သူတို့သည် သူတို့၏ သားရဲချီများကို လုံးဝဖျောက်ကွယ်ထားနိုင်ပေလိမ့်မည်။

သို့သော်လည်း ညဝိညာဥ်ကတော့ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံနှင့် ကြောက်စရာကောင်းသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားလေသည်။ ယခုဆို သူ့မျိုးဆက်သွေးထဲမှာ အမွေအနှစ်တစ်ချို့က နိုးထလာခဲ့ပြီဖြစ်ပုံရလေသည်။

သူက ရွှေအမြုတေအဆင့်မှာပင် သူ၏သားရဲချီများကို ဖုံးကွယ်ထားနိုင်သော လျှို့ဝှက်အတတ် တစ်ခုခုကို အမွေခံရထားတာ ဖြစ်ရပေမည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ညဝိညာဥ်သည် လူအုပ်ကြီးထဲတွင် ရောနှောနေပါက မည်သူမှ သူ့ကို ဖော်ထုတ်န်ိုင်ကြမည်မဟုတ်ပေ။

"ဟမ်... မင်းက ညဝိညာဥ်လေးလား"

မျောက်ကစူးစမ်းချင်စိတ်ဖြင့် ချဥ်းကပ်လာပြီး ညဝိညာဥ်ကို လှည့်ပတ်ကြည့်၍ တစ်တွတ်တွတ်ပြောလိုက်လေသည်။

"မဆိုးဘူးဘဲကွ... မင်းခန္ဓာကိုယ်က ပိန်တယ်ဆိုပေမယ့်လို့ တော်တော်လေး သန်မာမယ့်ပုံဘဲ"

"မင်းက တော်တော်လေးပြောင်းလဲသွားဘဲကွ... မင်းကလူသားပုံစံနဲ့ဆိုတော့ ငါတို့တောင်မှ မင်းကို မမှတ်မိတော့ဘူး"

စိတ်ဝိညာဥ်ကျား၏ မျက်လုံးများက မှေးကျဥ်းသွားပြီး သူကလည်း ချဥ်းကပ်လာကာ ညဝိညာဥ်ကို နမ်းရှုံ့လိုက် ထိတွေ့လိုက် လုပ်နေလေသည်။

"ညဝိညာဥ်လေး... နင်ငါ့ကို မှတ်မိသေးလား ၊ ငါကကြိုးကြာလေးလေ ၊ နင့်အတွက် ငါသားရဲတောကောင်များစွာရဲ့ နို့တွေကို ယူလာပေးခဲ့တာလေ... ငါနင့်ကို အပြင်မှာ ထွက်ကစားဖို့တောင် ခေါ်သွားခဲ့သေးတယ်လေ ၊ နင်အခုလည်း အစားအစာထပ်ပြီးတော့ ချေးများနေပြန်ပြီလား... ကြည့်လိုက်ပါဦး နင်ဘယ်လောက်တောင် ပိန်နေလိုက်သလဲ"

ချင်ချင်ကလည်း ရောက်ရှိလာပြီး ညဝိညာဥ်၏ ပါးနှစ်ဖက်ကို သူ၏သွယ်လျသော လက်လေးများဖြင့် ဖျစ်ညှစ်လိုက်လေသည်။

အစက အေးစက်နေသော သူ၏မျက်နှာသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖျစ်ညစ်ခံလိုက်ရပြီး လူတိုင်းသည် အဲ့တာကို ကြည့်ကာ ရယ်ရမလား ငိုရမလား မသိတော့ပေ။

မျောက်ကလည်း မနေနိုင်ဘဲ ညဝိညာဥ်၏ ပတ်လည်ကို လိုက်လံဆွဲကြည့်ကာ သွားဖြီးနေလေသည်။

ညဝိညာဥ်၏ ခန္ဓာကိုယ်ပေါ်သို့ လက်ပေါင်းများစွာက ကျရောက်လာလေသည်။

ညဝိညာဥ်သည် မျက်လုံးကလယ်ကလယ်နှင့်သာ ကြည့်နေပြီး ကူကယ်ရာမဲ့နေလေသည်။

ဆူဇီမိုကတော့ ရယ်မိလိုက်လေသည်။

မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် ကြိုးကြာလေးတို့သည် တစ်ခါက ညဝိညာဥ်ကြီးထွားလာတာကို စောင့်ကြည့်နေခဲ့ပြီး သူတို့က သူ့အတွက် အစားအစာများရရှိဖို့ အပြင်မှာ အမဲလိုက်ထွက်ခဲ့ကြလေသည်။ သူတို့က ဒဏ်ရာများ ဗရပွနှင့် ပြန်ရောက်လာလျှင်တောင် မည်သူမှ မငြီးငြူကြပေ။

အခြားသူများသာဆိုလျှင် ညဝိညာဥ်၏ ခန္ဒာကိုယ်ကို ထိတွေဖို့ နေနေသာသာ အနားသို့ချဥ်းကပ်လာသည်နှင့် သူတို့က အလောင်းကောင်များ ဖြစ်နေလောက်လေပြီ။

အကြာကြီးနေမှ ပြန်ဆုံစည်းရပြီးနောက် သူတို့လေးယောက်သည် ဝမ်းသာပျော်ရွှင်နေကြပြီး ဘေးနားတွင် အခြားသူများရှိနေသည်ကို ဂရုမစိုက်ကြတော့ဘဲ အတူတကွ ဆော့ကစားနေကြလေသည်။

တစ်ကယ်တော့ ညဝိညာဥ်က တိတ်တိတ်ဆိတ်ဆိတ်သာ နေတတ်ပြီး မလှုပ်မယှက်ရပ်နေလေသည်။

အချိန်အများစုမှာတော့ စိတ်ဝိညာဥ်ကျားနဲ့ ချင်ချင်က တဟီးဟီးတဟားဟားနှင့် ရယ်မောပျော်ရွှင်နေကြလေသည်။

မြေခွေးလေးက နေရာမှပင် ရပ်နေပြီး အားကျစွာဖြင့် ငေးမောကြည့်နေလေသည်။

"အင်း... သူက ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ကလေးလေးတစ်ယောက် သာသာဘဲ ၊ အနိုင်ကျင့်ရတာ လွယ်မယ့်ပုံဘဲ"

ရွှေခြင်္သေ့က ညဝိညာဥ်ကို ချိန်ဆကြည့်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်၏။

"နောက်ကျရင် ငါမင်းကို ငါ့ရဲ့အစွမ်းအစကို မြည်းစမ်းကြည့်ခိုင်းရမယ်... အဲ့ဒါမှ မင်းအတွက် ဘာကကောင်းတယ်ဆိုတာသိပြီးတော့ နံပါတ် ၇ နေရာကို အသာတကြည် လက်ခံရယူသွားလိမ့်မယ်"

သူတို့ သွေးသောက်ညီကို မောင်နှမ ၇ ယောက်ထဲတွင် သူက မြင့်မြတ်သောမျိုးဆက်သွေးနှင့် တစ်မူထူးခြားသော တိုက်ခိုက်ရေးခွန်အားကို ပိုင်ဆိုင်ထားသည်ဟု ခံစားမိလေသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူသည် ညီကိုမောင်နှမ ၇ ယောက်တွင် အောက်ဆုံးအဆင့်မှာ ရပ်တည်ရလေသည်။

ရွှေခြင်္သေ့က အဲ့ဒါကို မကျေမချမ်းဖြစ်နေလေသည်။

"ဪ ဒါနဲ့..."

စိတ်ဝိညဥ်ကျားက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ညဝိညာဥ်၏ ပုခုံးကို ပုတ်လိုက်လေသည်။

"ငါမင်းကို ပြောရဦးမယ် ၊ ငါတို့ သွေးသောက်ညီကိုမောင်နှမ ဖွဲ့လိုက်ကြတာ အဲ့ဒီထဲမှာ မင်းလည်းပါတယ်... ၊ သူကတော့ အစ်ကိုကြီးဘဲ"

သူက ဆူဇီမိုကို လက်ညိုးထိုးပြလိုက်ပြီး မျောက်ကို တစ်ဖန်ထိုးပြလိုက်လေသည်။

"သူကတော့ ဒုတိယအစ်ကို... ငါဟူပါးရှန်ကတော့ တတိယဘဲ ၊ ချင်ချင်ကတော့ မင်းရဲ့စတုတ္ထအစ်မပေါ့... မင်းကတော့ ပဥ္စမ"

"အင်း"

ညဝိညဥ်က ထိုသို့သတ်မှတ်ချက်အပေါ် သိပ်ပြီး အလေးမထားပုံရလေသည်။

သူတို့က သွေးသောက်ညီကိုမောင်နှမ ဖွဲ့မထားလျှင်တောင် သူက ဆူဇီမိုနှင့် အခြားသူများကို သူ၏ ဆွေမျိုးများကဲ့သို့ သတ်မှတ်ထားလေသည်။ ထိုကဲ့သို့သော အဆင့်သတ်မှတ်ချက်များကို သူကပိုလို့တောင် အရေးမလုပ်ပေ။

"မင်းက အငယ်ဆုံးမဟုတ်ဘူးကွ... မင်းမှာ ညီမတစ်ယောက်နဲ့ ညီတစ်ယောက်ရှိနေသေးတယ်"

ချင်ချင်က တခစ်ခစ် ရယ်မောလိုက်၏။

"ဒါကတော့ မြေခွေးလေးဘဲ... သူ(မ)ကတော့ နံပါတ် ၆ ပေါ့ ၊ မင်းရဲ့ ညီမလေးလည်း ဟုတ်တယ်... နောက်ကျရင် သူ့ကို မင်းစောင့်ရှောက်ပေးရမယ်နော်..."

"မင်္ဂလာပါ အစ်ကိုညဝိညာဥ်ရေ..."

မြေခွေးလေးက ကျိုးနွံစွာဖြင့် နှုတ်ဆက်လိုက်၏။

ညဝိညာဥ်က ခေါင်းညိတ်ပြလိုက်လေသည်။

သူက မြေခွေးလေးနှင့် ယခင်က လုံးဝမသိခဲ့ပေ။ သူ၏ အေးစက်စက်နေတတ်သော သဘာဝအရ သူ့ထံမှခေါင်းညိတ်ပြလိုက်ခြင်းသည် နွေးထွေးသော နှုတ်ဆက်မှုတစ်ခု ဖြစ်လေသည်။

"မင်း အဲ့ဒါနဲ့ ပက်သက်ပြီးတော့ ဘာမှပူနေစရာမလိုဘူး.."

စိတ်ဝိညာဥ်ကျားက လက်ကာပြလိုက်၏။

"မြေခွေးလေးက အစ်ကိုကြီးရဲ့ အနားမှာဘဲနေတာ... သူက သူမကို ကာကွယ်ပေးထားမှတော့ ဘယ်သူကများ သူမကို ထိခိုက်အောင် လုပ်နိုင်တော့မှာလဲ"

ညဝိညာဥ်က ဆူဇီမိုနှင့် မြေခွေးလေးကို တစ်လှည့်စီ ကြည့်လိုက်၏။

"ရှင်ကတော့ အဓိပ္ပါယ်မရှိတာတွေ ထပ်ပြောပြန်ပြီ"

မြေခွေးလေးက ပါးနှစ်ဖက် နီမြန်းသွားပြီး နူးညံ့စွာပြောလိုက်လေသည်။

မျောက်က ဘေးဖက်ရှိ ရွှေခြင်္သေ့ကို လက်ညိုးထိုးပြီး ပြောလိုက်လေသည်။

"သူကတော့ နံပါတ် ၇ ရွှေခြင်္သေ့မျိုးနွယ်က မင်းရဲ့ ညီငယ်လေးပေါ့"

ရွှေခြင်္သေ့က မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြင့် ခြေလှမ်းကျဲကြီးနှင့် လျှောက်လှမ်းလာလေသည်။ သူက တစ်ခုခုကို တွေးကြံနေပုံနှင့် နှုတ်ဆက်လိုက်လေသည်။

"အစ်ကိုညဝိညာဥ်... ကျုပ်တို့က အခုမှ တွေ့ကြတာဆိုပေမယ့်လည်း ကျုပ်တို့က ဟိုးအရင်ကတည်းက သိခဲ့တယ်လို့ ကျုပ်ခံစားနေရတယ် ၊ ကျုပ်တို့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိရအောင် တစ်နေရာရာကို သွားကြရင် မကောင်းဘူးလား"

"ရတယ်လေ..."

ညဝိညာဥ်က ရွှေခြင်္သေ့ကို မှင်သေသေကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

ရွှေခြင်္သေ့က သူ့အပေါ်ရန်လိုစိတ်ရှိပြီး အခြေအနေပေါ် အမြတ်ထုတ်ချင်နေတာကို သူခံစားမိလေသည်။

ညဝိညာဥ်က အဲ့တာကို သဘောတူလိုက်သည်ကို တွေ့သောအခါ ရွှေခြင်္သေ့က ကျေနပ်နှစ်ခြိုက်သွားပြီး အော်ပြောလိုက်လေသည်။

"အစ်ကိုညဝိညာဥ်... ကျုပ်နောက်က လိုက်ခဲ့"

ရွှေခြင်္သေ့က သူ၏ကျင့်ကြံရေးအခန်းစီသို့ ဦးတည်သွားလေသည်။

သိပ်မကြာမှီ ညဝိညာဥ်က နောက်ကနေ လိုက်ပါသွားလေသည်။

မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် ချင်ချင်တို့ကတော့ ဘာမှ မှားယွင်းမှုမရှိသည့်အလား ပြုမူနေကြပြီး သူတို့ကို မတားခဲ့ကြပေ။ ဖြစ်ပျက်လာမည့်အရာများကို သူတို့က ဂရုမစိုက်သည့်အလားပင်။

ဆူဇီမိုကတော့ ဒီတိုင်းမနေနိုင်တော့ဘဲ ညင်သာစွာချောင်းဟန့်ကာ ညဝိညာဥ်ကို တိုးတိုးလှမ်းပြောလိုက်၏။

"သိမ်သိမ်မွေ့မွေ့လုပ်ပါ....ဘာပဲဖြစ်ဖြစ် အဲ့ဒါက မင်းရဲ့ညီလေးလေ"

ညဝိညာဥ်က ခေါင်းညိတ်ပြလိုက်၏။

ဘန်း....

ကျင့်ကြံရေးတံခါးများက အသေပိတ်သွားလေသည်။ မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် ချင်ချင်တို့သည် နေရာမှာပင် ထခုန်ပြီး မလှမ်းမကမ်းရှိ ကျင့်ကြံရေးခန်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြ၏။ သူတို့၏ အမူအရာများက အူမြူးနေကြလေသည်။

စိတ်ဝိညာဥ်ကျားက လေးလေးနက်နက်ပြောလိုက်၏။

"အဲ့ဒီ ခြင်္သေ့ငတုံးက ၁၅ မိနစ်လောက်ဘဲ ခံလိမ့်မယ်"

ချင်ချင်က ပြောလိုက်၏။

"အလွန်ဆုံး အသက်ရှုချိန် တစ်ရာပေါ့..."

မျောက်ကလည်း ပြောလိုက်၏။

"သုံးဆယ်ပဲ..."

ဘုံး....

သူတို့စကားမဆုံးသေးခင်မှာပင် ကျင့်ကြံရေးအခန်းဆီမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

နောက်ခဏ၌ 'ကျွီ'ကနဲမြည်၍ အခန်းတံခါးက ပွင့်သွားလေသည်။

ညဝိညာဥ်က တည်ငြိမ်သော အမူအရာဖြင့် လျှောက်လှမ်းထွက်လာလေသည်။

သူ့နောက်ရှိ ကျင့်ကြံရေးအခန်း၏ သံတံခါးပေါ်တွင် ရွှေခြင်္သေ့၏ ခန္ဓာကိုယ်တစ်ခုလုံးက နစ်ဝင်နေပြီး တန်းလန်းကြီး ဖြစ်နေလေသည်။

တောင့်တင်းခိုင်မာသော သံတံခါးပေါ်တွင် လူပုံသဏ္ဍာန် ချိုင့်ခွက်တစ်ခုက ဖြစ်ပေါ်လာလေသည်။

ရွှေခြင်္သေ့၏ အမူအရာက ကြက်သေသေနေပြီး သူ့အကြည့်က ငူငိုင်နေကာ သူ့မျက်လုံးထောင့်နှစ်ဖက်မှ မျက်ရည်များက စီးကျလာလေသည်။ သူက မည်သည့်သတ္တဝါနဲ့မှ ဆက်လက်၍ ပက်သက်ဆက်နွယ်မှု မရှိလိုတော့သည့်ပုံပင်။

All Chapters