ဒါ..အဘိုးရဲ့ လက်နက်မဟုတ်လား.....
Vol. 10 Ch. 137
ခရမ်းရောင်ဝတ်ထားသူ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာတွင် ကျန်းဂျန် မကြောက်ခဲ့ပေ။ သုံးခွချွန်လှံရှည်ကို မြှောက်၍ ခရမ်းရောင်ဝတ်ထားသော လူကို ညွှန်လိုက်ပြီး.....
“ဒါဆိုလည်း စကြဝဠာနယ်ပယ်ရဲ့ စွမ်းအားကို ငါတို့ မြည်းစမ်းကြည့်ကြတာပေါ့......”
သူရုတ်တရက် ထခုန်ပြီး ခရမ်းရောင်ဝတ်ထားသော အမျိုးသားကို အလွန်လျင်မြန်သော အရှိန်ဖြင့် လှံနှင့်ထိုးလိုက်သည် ။
ခရမ်းရောင်ဝတ်ထားသူသည် လက်တစ်ဖက်ဖြင့် ယပ်တောင်ကိုဖွင့်ကာ ကျန်းဂျန်၏တိုက်ခိုက်မှုကို အလွယ်တကူဖယ်ရှားလိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်းဂျန်၏ ခန္ဓာကိုယ် အထိန်းအကွပ်မရှိ သိသိသာသာ ဟန်ချက်ပျက်သွားသည်။
ဘန်း
ခရမ်းရောင်ဝတ်ထားသူသည် ကျန်းဂျန် ၏ခါးကို ကန်လိုက်ပြီး လွင့်ထွက်သွားစေသည်။ကျန်းဂျန် လေးညှို့မှ ထွက်လာသော မြှားတစ်စင်းကဲ့သို့ပင် မိုင်ပေါင်းများစွာ ဝေးကွာသော တောင်ပေါ်သို့ လွင့်စင်သွားသည်ယ
ပင်းအန်းက အော်ဟစ်ပြီး တူနှစ်လက်ဖြင့်တိုက်ခိုက်ခဲ့သည်ယ အလေးချိန် ကီလိုဂရမ် သောင်းနှင့်ချီလေးလံသော လက်နက်ကို ခရမ်းရောင် ၀တ်ဆင်ထားသူက အလွယ်တကူ ရှောင်တိမ်းသွားခဲ့သည်။ ထို့နောက် သူ၏ဘယ်ဘက်လက်ဖဝါးဖြင့် ပင်အန်း၏ကျောကို လျင်မြန်စွာ ရိုက်လိုက်သည်။ ပင်းအန်းသည် ပို၍မြန်သောအရှိန်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဘနိးးးးးးးး
ပေါက်ကွဲသံကို ကြားရတော့ ခရမ်းရောင်ဝတ်ထားသော အမျိုးသားက ခေါင်းကိုလှည့်ကာ အနည်းငယ် အံ့သြသွားသည်။ ကျန်းဂျန် ပျံသန်းလာကို မြင်လိုက်ရပြီး သူ့နောက်တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပေါင်းစပ်ထားသော ရွှေရောင်ရုပ်က လက်နက်မျိုးစုံကို ကိုင်ဆောင်ထားသည်။
အံ့ဖွယ်ဂိုဏ်း၏ ဓမ္မရုပ်ထု......
ကျန်းဂျန်က လှံရှည်ကို လက်နှစ်ဘက်နဲ့ကိုင်ပြီး ဒေါသတကြီး ခုတ်ပိုင်းလိုက်သည်။
အံ့ဖွယ်ဂိုဏ်း၏ ဓမ္မရုပ်ထုသည်လည်း ၎င်း၏ နတ်လက်နက် ခြောက်ခုကို မြှောက်၍ အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြင့် ခုတ်ပိုင်းခဲ့သည်။ ရွှေဓားချီသည် ပေထောင်ပေါင်းများစွာ ရှည်လျားပြီး ခရမ်းရောင်ဝတ်ထားသော အမျိုးသားကို အလွန်လျင်မြန်သော အရှိန်ဖြင့် ခုတ်ပိုင်းလိုက်သည်။ သို့သော် ခရမ်းရောင်ဝတ်ထားသူသည် ၎င်း၏စစ်မှန်သောချီဖြင့် အတားအဆီးတစ်ခုကို ဖန်တီးကာ အလွယ်တကူ ပိတ်ဆို့လိုက်သည်။
ကျန်းဂျန် လေထုထဲတွင် ပျောက်ကွယ်သွားသည်။ နောက်တစက္ကန့်တွင် သူသည် ခရမ်းရောင်ဝတ်ထားသော အမျိုးသား၏နောက်တွင် ပေါ်လာပြီး ကီလိုဂရမ်တစ်သန်းအလေးချိန်ရှိသော သုံးခွချွန်လှံရှည်ဖြင့် တိုက်ခိုက်လိုက်သည်။
ခရမ်းရောင်ဝတ်ထားသူက လက်တစ်ဖက်တည်းနဲ့ ဖမ်းမိပေမယ့် ခန္ဓာကိုယ်ကတော့ တုန်ရီနေဆဲပင်.... သူ့လက်ဖဝါးမှ စစ်မှန်သောချီဓာတ် တိုက်စားခံလိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သွားသည်။
ဝုန်းးးးးးး
ခရမ်းရောင်ဝတ်ထားသော အမျိုးသား နောက်ဆုတ်လိုက်ရပြီး သူ၏အဝတ်အစားများ လေထဲတွင် လွင့်ပျံလာသည်။
သူက ကျန်းဂျန်ကို အံ့အားသင့်စွာကြည့်ကာ.... "ဒါ...ဘယ်လို သိုင်းပညာမျိုးလဲ?"
ကျန်းဂျန်က အေးစက်စွာဖြင့်.....
"ကောင်းကင်သံသရာစက်ဝန်း ..."
လှံရှည်ကို ကိုင်ထားသည့် သူ၏ညာလက် တုန်ရီနေသည်။ တစ်ဖက်သားရဲ့ အင်အားက အရမ်းပြင်းထန်လွန်းလှသည်။ သူသည် ကောင်းကင်သံသရာစက်ဝန်းနည်းစနစ်ကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်သည့်တိုင် ဒဏ်ရာရရှိဆဲပင်။
ဒါကိုမြင်တော့ သူ့နှလုံးသား ချောက်ကမ်းပါးအောက်ကို ပြုတ်ကျသွားသလိုခံစားလိုက်ရသည်။
စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရှေ့တွင် သူနှင့် ပင်းအန်းတို့သည် ကလေးများကဲ့သို့ပင်......
ခရမ်းရောင်ဝတ်ထားသော အမျိုးသားက သူ့လက်များကို မြှောက်ကာ လေထဲသို့ပျံသန်းလာစဉ် သူ့နောက်မှာ တောင်တန်းတွေနဲ့ မြစ်တွေရဲ့ပုံသဏ္ဍုန်တွေပေါ်လာသည်။ သီးခြားကမ္ဘာတစ်ခု သူ့နောက်မှာ လွင့်မျောနေပြီး လျှင်မြန်စွာ ကျယ်ပြန့်လာပြီး ကောင်းကင်တစ်ဝက်ကို သိမ်းပိုက်လိုက်သလိုပင်......
ကျန်းဂျန်က သူ့ကို မော့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အရည်အချင်းရှိသားပဲ... အထူးသဖြင့် မျက်လုံးသုံးလုံးကောင်လေး.....မင်းကအသာတကြည်မပူးပေါင်းချင်မှာတော့ သေလမ်းကိုပို့ပေးလိုက်ရုံပေါ့.... စကြဝဠာနယ်ပယ်ရဲ့ စွမ်းအားကို မခံစားပြီးရင် နောင်တမရှိဘဲ သေနိုင်ပြီ....!"
ခရမ်းရောင်ဝတ်ထားသူက ကျန်းဂျန်ကို အေးစက်စွာ ငုံ့ကြည့်နေသည်။
ပင်းအန်း ပြန်လာသော်လည်း ကျန်းဂျန် က သူ့ကို တားလိုက်ကာ ပင်းအန်းကို ဖမ်းပြီး လှည့်ထွက်ပြေးသည်။
"တိုက်ခိုက်တာကို ရပ်လိုက်.....ပြေးကြရအောင်!"
ကျန်းဂျန်က အော်လိုက်ပြီး ပင်းအန်းက ခေါင်းညိတ်လိုက်ကာ သူတို့နှစ်ယောက် အရှိန်အပြည့်နဲ့ ထွက်ပြေးသွားသည်။
ခရမ်းရောင်ဝတ်ထားသော အမျိုးသားသည် ၎င်းတို့ ထွက်ပြေးသွားသော နောက်ကျောကို ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်ပြီး.... “ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ.... မင်းဘယ်ကိုပြေးနေတာလဲ...."
သူ၏ညာလက်ကိုမြှောက်လိုက်တော့ လှိုင်းလုံးများသဖွယ် ကောင်းကင်နှင့်မြေကြီး၏ပုံသဏ္ဍာန်သည် ကျန်းဂျန်နှင့် ပင်းအန်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ ၎င်း၏ အရှိန်သည် ပင်းအန်းတို့ထက် အဆပေါင်းများစွာ ကျော်လွန်သွားကာ ပျံသန်းလာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီး၏ ပုံသဏ္ဍာန် ဆက်လက်ကြီးထွားလာသည်။
အရမ်းမြန်တယ်......
သူတို့ အစွမ်းကုန် ပျံသန်းခဲ့သော်လည်းထိုကောင်းကင်နှင့် မြေကြီးပုံသဏ္ဍာန်ကြား အကွာအဝေးက တိုတောင်းနေသေးသည်။
ပိုဆိုးတာက သူ့အား ပြင်းပြင်းထန်ထန် စုပ်ယူလိုက်တဲ့ တွန်းအားတစ်ခုက သူ့ကို ကမ္ဘာမြေထဲ မျိုချလိုစိတ်နဲ့ ဆွဲငင်နေသလိုပင်.......
ပင်းအန်းလည်း အံကြိတ်ကာ သူတို့နှစ်ယောက် ဘေးချင်းကပ် ပျံသန်းနေကြသည်။
ကျန်းဂျန် စိတ်ပျက်အားငယ်နေချိန်တွင် သူ့ရှေ့ မိုးကုတ်စက်ဝိုင်း၏အဆုံးတွင် ပြင်းထန်သောအလင်းရောင်ကို ရုတ်တရက်တွေ့လိုက်ရသည်။
နှစ်ယောက်သား မျက်လုံးပြူးသွားကြသည်။ သူတို့ မတုံ့ပြန်ခင်မှာ အလင်းတန်းတွေက သူတို့ဦးခေါင်းတွေကို ကျော်ဖြတ်ပြီး ပြင်းထန်တဲ့ အလင်းတန်းတွေက သူတို့မျက်လုံးထဲမှာ ကမ္ဘာကြီးကို အရောင်ပျက်သွားစေသည်။ သူတို့ လှည့်မကြည့်ခင်မှာ ပြင်းထန်တဲ့လေပြင်းကြောင့် သူတို့ကို အဝေးသို့လွင့်စင်စေခဲ့သည်။
ပြင်းထန်သောအလင်းရောင်ကြောင့် ကောင်းကင်နှင့်မြေကြီး၏ပုံသဏ္ဍာန် ပြန့်ကျဲသွားပြီး ခရမ်းရောင်ဝတ်ထားသောလူဆီသို့ ပြေးသွားခဲ့သည်။
ခရမ်းရောင်ဝတ်ထားသော အမျိုးသား၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားကာ ချက်ချင်း ရှောင်ပြေးပြီး လှည့်ထွက်သွားသည်။
ကြီးမားသော အလင်းတန်းကြီး ရုတ်တရက် ပေါက်ကွဲသွားပြီး ပြင်းထန်သော အလင်းတန်းများ မိုင်ရာနှင့်ချီ၍ ဖုံးလွှမ်းသွားသည်။ လေပြင်းများ တိုက်ခတ်ပြီး တောင်များနှင့် မြစ်များကို လှုပ်ခတ်စေခဲ့သည်။ မရေမတွက်နိုင်သောသစ်ပင်များ ပြိုကျပြီး မြေပြင်အက်ကွဲကုန်သည်။
ခရမ်းရောင်ဝတ် အမျိုးသား တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာ၊ သူသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ မဟုတ်ရင် ဒီအလင်းရောင်ကြောင့်.. ....
တွေးရင်း တွေးရင်း ကြောက်ရွံ့တုန်လှုပ်သွားသည်။ အလင်းတန်းထဲမှာ အလွန်ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပါ၀င်နေတယ်ဆိုတာ သူ ရိပ်မိနေသည်။
တာအိုဘိုးဘေးလား..ဒါဆို ရှန်းရှန်တုံးထျန်း ဒီတိုက်ကြီးကို စွန့်ပစ်ခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး.....
သူ့စိတ်ထဲမှာ ဒီအတွေးပေါ်လာတာနဲ့ပဲ ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရပြီး ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။ နောက်အခိုက်အတန့်တွင် သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
နောက်ထပ် အလင်းတန်းကြီးတစ်ခု ရောက်လာပြန်ပြီ......ဒီတစ်ခါ၊ ပိုမြန်ပြီး ပိုအားကောင်းနေသည်။
ရှောင်လွှဲလို့ မရတော့ဘူး....
သူသည် သူ့ခန္ဓာကိုယ်တွင်းရှိ အစစ်အမှန်ချီကို မသိစိတ်က စုစည်းပြီး အတားအဆီးတစ်ခုအဖြစ် ပေါင်းထည့်လိုက်သည်။ သို့သော်လည်း လျှပ်တပြက်ဆိုသလို အလင်းတန်းကြီးတစ်ခုက သူ့ကို ထိမှန်သွားသည်။ပျံသန်းသွားရာ လမ်းတစ်လျှောက်ရှိ တောင်တန်းများသည် ကျောက်စရစ်ခဲများနှင့် ဖုန်မှုန့်များဖြင့် နေရာအနှံ့ လွင့်ပျံနေခဲ့သည်။
မကြာခင်မှာပဲ ကြီးမားတဲ့ အလင်းတန်းကြီး ပေါက်ကွဲသွားပြီး မိုးကုပ်စက်ဝိုင်းရဲ့ အဆုံးသတ်ကိုပင် ဖျော့တော့သွားစေခဲ့သည်။
ကျန်းဂျန်နှင့် ပင်းအန်းတို့ ရပ်တန့်ကာ အဝေးကို စိုက်ကြည့်နေကြသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ရှည်လျားသော ဆံပင်များ လှိုက်လှိုက်လှဲလှဲ ကခုန်နေခဲ့သည်။
ကျန်းဂျန်ကတော့ ကျန်းချန်ရှန်းကိုသာ ချက်ချင်း တွေးလိုက်မိသည်။
ဒါဟာ သူ့အဖိုးရဲ့ ထိုက်ယန်ရှန့်ကုန်းပဲ.....
ကျန်းချန်ရှန်း ထိုက်ယန်ရှန့်ကုန်းကို အသုံးပြုခဲ့သည်ကို ယခင်က မြင်ဖူးပြီး သူ့အပေါ် လေးလေးနက်နက် စွဲလမ်းသွားခဲ့သည်။
ကျန်းဂျန် စိတ်လှုပ်ရှားနေပြီ..... သူ့အဘိုး သူတို့ကို ကယ်တင်ဖို့ မမျှော်လင့်ထားဘူး.... ဘေးဘီကိုလှည့်ကြည့်ကာ...
"ဘိုးဘိုး!"
သို့သော် သူမည်ကဲ့သို့ အော်နေပါစေ ကျန်းချန်ရှန်း ပေါ်လာခြင်း မရှိပေ။ နောက်ဆုံးတော့ သူလက်လျှော့လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဘေးဆိုးကြီးမှ လွတ်မြောက်ခဲ့ကြသည်။ သူတို့ ဒီနေရာက အရင် ထွက်သွားရမည်။
ခြံဝင်းထဲမှာ ......
ကျန်းချန်ရှန်းက ထိုက်ယန်ရှန့်ကုန်းကို မဟာဝိဉာဉ်လက်စွပ်ထဲကို ပြန်ထည့်လိုက်သည်။
ထိုအချိန်တွင် မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ လုံချီ ဘုရားကျောင်းမှ ကြီးကျယ်ခမ်းနားသော အလင်းတန်းနှစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို မြင်ခဲ့ကြသည်။ တာအိုဘိုးဘေး သူတို့နှင့်အတူ နွေဉီးရာသီအတွက် အောင်ပွဲခံနေသည်ဟု ထင်သောကြောင့် ဝမ်းသာနေကြသည်။
ပြည်သူများသာမက အရာရှိများ၊ သိုင်းပညာရှင်များနှင့် ဧကရာဇ်များကပင် ထိုကဲ့သို့ ထင်မြင်ယူဆခဲ့ကြသည်။
ပိုင်ချီက ကျန်းချန်ရှန်းကို ကြောင်တက်တက် စိုက်ကြည့်နေသည်။ သူနှင့် နီးကပ်နေချိန်တွင် ထိုက်ယန်ရှန့်ကုန်း၏ ဖိအားကြောင့် သူမ၏ အသည်းနှင့် သည်းခြေအိတ် ပေါက်ကွဲတော့မည်ဟု ခံစားရသည်။
ဓားနတ်ဘုရားက ကျန်းချန်ရှန်း ကို ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်နေသည်။ သူသည် အမှန်တရားကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။ တာအိုဘိုးဘေး ထိုက်ယန်ရှန့်ကုန်းကိုသုံးတာ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့်၊ အချိန်တိုင်းတော့ စကြဝဠာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ သူ့ကို ကြောက်ရွံ့တုန်လှုပ်စေသည်။
တာအိုဘိုးဘေးကသာ သူ့ကိုသတ်ချင်ရင် မြှားတစ်စင်းပဲလိုတယ်.......
ကျန်းချန်ရှန်းက မြေဝိညာဉ်သစ်ပင်ပေါ်မှ ခုန်ဆင်းကာ ၎င်းအောက်တွင် ထိုင်နေပြန်သည်။ ဖြစ်ပျက်ခဲ့တာကို ရှင်းပြနေစရာမလိုပေ။
ဓားနတ်ဘုရားက တံမြက်စည်းကို ကောက်ကိုင်ကာ ထွက်သွားလေသည်။ ဒီအချိန်မှာ သူ့အနေနဲ့ ငြိမ်သက်တိတ်ဆိတ်နေဖို့ပဲ လိုသည်။
ပိုင်ချီက ကျန်းချန်ရှန်းကို သဘောကျစွာ ကြည့်နေသည်။ သူမသည် သူ့နံဘေးသို့ ဂရုတစိုက်ရောက်လာပြီး ခေါင်းကို သူ့လက်မောင်းနှင့် ပွတ်သပ်လိုက်သည်။ သူမကို တွန်းဖယ်လိုက်သည့်တိုင် အတင်းကပ်တွယ်နေဆဲပင်.....
ခဏအကြာတွင်.....
ကျန်းချန်ရှန်း ရှေ့မှာ သတိပေးချက်ပေါ်လာသည်။
[ယန်တျယ် ခေတ် 12 နှစ်တွင် တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းက စကြဝဠာနယ်ပယ်ကျွမ်းကျင်သူ ကျူလင်းကျယ်ကို သင့်ရဲ့မြေး ကျန်းဂျန်းနဲ့ သင့်ရဲ့တပည့် ပင်းအန်းတို့ကို တားဆီးပြီး တကျန်းကို သိမ်းပိုက်ဖို့ စေလွှတ်လိုက်သည်။ ကံကောင်းထောက်မစွာ၊ သင်အချိန်မီအရေးယူခဲ့သည်။ ကျူလင်းကျယ်ကို အောင်မြင်စွာသုတ်သင်နိုင်ခဲ့ပြီး ဘေးဆိုးကနေ လွတ်မြောက်ခဲ့သည်။ သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ်ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက် သုံးခုရရှိသည်။]
ဟမ်?
လာပြန်ပြီလား.....
ဒါပေမယ့် ဒီတစ်ခါတော့ တစ်ပြိုင်နက်တည်း သုံးခု ပေးသည်။
လက်ရှိတွင် ကျန်းချန်ရှန်းလက်ထဲတွင် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ခြောက်ခုရှိသည်။ ၎င်းတို့ကို ရွှေရောင် ရတနာသစ်ပင်အဖြစ်သို့ ပြောင်းလဲရန် လုံလောက်သော စုဆောင်းနိုင်ပုံကို မသိခဲ့ပေ။
ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်တစ်ခုစီကို ရန်သူတွေကိုသတ်ဖို့အတွက် အသုံးပြုနိုင်သည်။ ရွှေခန္ဓာနယ်ပယ်များပင် ကျောက်စိမ်းသစ်ရွက်၏ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းကို မခုခံနိုင်ကြပေ။ စကြဝဠာနယ်ပယ်နဲ့ပတ်သက်ရင် လောလောဆယ် သူတို့ အပေါ် မကြိုးစားကြည့်ရသေးပေ။
ကျန်းချန်ရှန်းက ၎င်းတို့ကို မသန့်စင်သေးဘဲ ဆက်လက်လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။
ဟောင်ရွှမ်းမင်းဆက်၏ တော်ဝင်မြို့တော်ရှိ အိမ်ကြီးတစ်ခုအတွင်းတွင်......
နန်းတွင်း၌ ယခင်က ဧကရာဇ်ကို အကြံပေးခဲ့ဖူးသော စုန့်လီ သတင်းကြားပြီးပြီးချင်း ထိတ်လန့်တကြား ဖြစ်သွားသည်။
“မင်းဘာပြောလိုက်တာလဲ.....စီနီယာကျူ ကွယ်လွန်သွားပြီလား... ဘယ်လိုဖြစ်နိုင်မှာလဲ.....တာအိုဘိုးဘေး ရောက်လာလို့လား"
စကြဝဠာနယ်ပယ် ကျွမ်းကျင်သူကို သတ်နိုင်သူဟူ၍ တာအိုဘိုးဘေးကိုသာ တွေးတောနိုင်ခဲ့သည်။
သူ့ရှေ့က သိုင်းပညာရှင်က အံကြိတ်ပြီး.... “ကျုပ်လည်း မသိဘူး.... သူတို့တိုက်ခိုက်ခဲ့တဲ့နေရာ လုံးလုံးလျားလျား ပျက်ဆီးသွားခဲ့ပြီး ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူသေဆုံးသွားတဲ့ ခြေရာလက်ရာမျိုး လုံးဝမရှိခဲ့ဘူး.... ဒါ့အပြင်၊ ကျန်းဂျန် နဲ့ပင်းအန်းတို့က မြို့တွေကိုအဆက်မပြတ်သိမ်းယူနေကြတယ်...."
စုန့်လီသည် ကြောက်စိတ်ဖြင့် ထိုင်ခုံပေါ်သို့ လဲကျသွားသည်။
" ရှန်းရှန်တုံးထျန်းက စွန့်ခွာသွားတာမဟုတ်ဘဲ ဖျက်ဆီးခံလိုက်ရတာလား..."
အဘယ်ကြောင့်ဆိုသော် သူသည် နဂါးသွေးကြောတိုက်ကြီးကို ရောက်လာပြီးကတည်းက ရှန်းရှန်တုံးထျန်း၏ တပည့်တစ်ဦးကိုမျှ မတွေ့ခဲ့ရပေ။
တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းကို မည်သို့ရင်ဆိုင်ရမည် မသိသောကြောင့် ပို၍ပင် ကြောက်လာသည်။
ကျူလင်းကျယ်သည် ဂိုဏ်းသခင်ကြီး၏ ညီအရင်းဖြစ်သည်။ သူသေတာက ဂိုဏ်းသခင်ကို ဒေါသထွက်စေမှာ သေချာသည်။ တာအိုဘိုးဘေးကို လက်စားချေနိုင်မလား မပြောတတ်ပေမယ့် နဂါးသွေးကြောတိုက်ကြီးကို သိမ်းပိုက်ဖို့ တာဝန်ရှိတဲ့ သူကတော့ သေချာပေါက် မေးခွန်းထုတ်ခံရလိမ့်မည်။
စုန့်လီ ထိုအကြောင်းကို ပိုတွေးလေလေ ပို၍ကြောက်လေလေပင်.....
သူ့ရှေ့က သိုင်းပညာရှင်ကို ကြည့်လိုက်ပြီး.... “သူသေသလား၊ အသက်ရှင်သလားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်တယ်....လျှို့ဝှက်ရှာဖွေစုံစမ်းဖို့ လူလွှတ်လိုက်..... ဒီကိစ္စကို လောလောဆယ် လျှို့ဝှက်ထားပြီး ဂိုဏ်းထဲက ဘယ်သူ့ကိုမှ မပြောနဲ့!"
“ဟုတ်!”
သိုင်းပညာရှင် ချက်ချင်းထွက်သွားသည်။
စုန့်လီ လက်ဖက်ရည်တစ်ခွက် လောင်းချလိုက်ပေမယ့် လက်ဖက်ရည်အိုးကို ကိုင်ထားတဲ့ သူ့လက်တွေ တုန်နေသည်။
"မဟုတ်ဘူး... ငါဒီမှာထိုင်ပြီး သေတာကိုစောင့်လို့မရဘူး.."
သူ့စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်နှင့်အမျှ စုန့်လီ တကိုယ်လုံးတုန်ရီနေသည်။
မေလတွင်........
တကျန်းသည် ၎င်းတို့နှင့် ဟောင်ရွှမ်း မင်းဆက်ကြားရှိ မင်းဆက်များကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ပြည်နယ်အသီးသီးမှ စစ်သည်တော်များ၊ တပ်ဖွဲ့ဝင်အများအပြားကို နယ်စပ်သို့ စေလွှတ်ခဲ့သည်။
ဧကရာဇ်သည် တုန်းဟိုင်မင်းဆက်ကို မတိုက်ခိုက်မီ ပထမဆုံး ဟောင်ရွှမ်း မင်းဆက်ကို သိမ်းပိုက်ရန် ရည်ရွယ်ခဲ့သည်။
နန်းတော်ထဲတွင်....
ကျန်းရှုသည် သူ့လက်ထဲက သဝဏ်လွှာကို ပေါ့ပေါ့တန်တန် ချလိုက်ပြီး စားပွဲရှေ့တွင် ဒူးထောက်နေသောသူကို ကြည့်နေလေသည်။
စုန့်လီ ......
အပြစ်ပေးအကြီးအကဲက ကျန်းရှု၏နံဘေးတွင် အရိုးခိုက်အောင်အေးစက်နေသော အော်ရာထုတ်လွှတ်၍ ရပ်နေသည်။
ကျန်းရှုက....
"တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းက တကျန်းဆီ ဘာကြောင့် လက်နက်ချတာလဲ....."
စုန့်လီက.... "ကျုပ် ဟောင်ရွှမ်းမင်းဆက်မှာ အချိန်အတော်ကြာနေခဲ့ပါတယ်... ဟောင်ရွှမ်းဧကရာဇ်က အရည်အချင်းမပြည့်မီလို့ တကျန်းကို အမှုထမ်းဖို့ စိတ်ပိုင်းဖြတ်ခဲ့တာပါ... တကျန်းသာလျှင်ဒီတိုက်ကြီးကို ပေါင်းစည်းဖို့ထိုက်တန်ပါတယ်...."
ကျန်းရှုက မျက်လုံးကို မှိတ်ထားပြီး.....
"အမှန်တရားကိုပဲ ကြားချင်တယ်"
စုန့်လီ တုန်ရီသွားပြီ.... "တာအိုဘိုးဘေး က စကြဝဠာနယ်ပယ် အကြီးအကဲတစ်ဦးကို သတ်ပစ်လိုက်တယ်...ကျူပ်က နဂါးသွေးကြောတိုက်ကြီးအကြောင်း အချက်အလက် စုဆောင်းဖို့ တာဝန်ရှိတဲ့ သူတစ်ယောက်ဆိုတော့ ဒီကိစ္စအတွက် အပြစ်ပေးခံရမှာ သေချာတယ်.... စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသေဆုံးခြင်းက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး..... သမုဒ္ဒရာထဲမှာ လှည့်ပတ်နေမယ့်အစား အရှင့်ဆီမှာ အမှုထမ်းပြီး သမိုင်းမှာ တစ်ခါမှမတွေ့ဖူးသေးတဲ့ ကြီးကျယ်တဲ့တာဝန်ကို ပြီးမြောက်အောင် ကူညီရင်း အပြစ်ဖြေဖို့ကြိုးစားချင်တာပါ..."
ကျန်းရှုက.... “ဘာယူလာပေးမလဲ..."
စုန့်လီက မော့ကြည့်လိုက်ပြီး....
“ကျုပ်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်ပြီး တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းနဲ့ အလွန်ရင်းနှီးပါတယ်.... အရှင်တို့ သမုဒ္ဒရာအကြောင်း နားလည်ဖို့ တစ်စုံတစ်ယောက်လိုနေတယ်မလား... ရေတပ်ကို လေ့ကျင့်ပေးပြီး မြူခိုးတွေကို ဖြတ်ကျော်နိုင်တဲ့ သင်္ဘောတစ်စင်း ဆောက်ပြီး သမုဒ္ဒရာကို စူးစမ်းရှာဖွေရာမှာ အကူအညီပေးနိုင်ပါတယ်.....”