တာအိုကမ္ဘာ.... လူသားဧကရာဇ် မြို့တော်သို့ရောက်လာခြင်း....
Vol. 10 Ch. 138
ကျန်းရှုသည် အဓိကအားဖြင့် စုန့်လီ ပြောခဲ့သော ရေတပ်ကြောင့် သွေးဆောင်ခံခဲ့ရသည်။ တကျန်း၏ လက်ရှိ သမုဒ္ဒရာကို ရှာဖွေရေးမှာ အလွန်အားနည်းသည်။ တုန်းဟိုင်မင်းဆက်တောင်မှ သမုဒ္ဒရာကို လှည့်ပတ်ပြီး တကျန်းရဲ့တောင်ဘက်ကို တိုက်ခိုက်နိုင်သည ဒါက ကျန်းရှုရဲ့စိတ်ထဲမှာ အမြဲတမ်း စိတ်စွဲနေသော ပြသနာဖြစ်သည်။
ကျန့်ယင်းကို သူ့ဘက်အပါခေါ်ဖို့ ကြိုးစားခဲ့သော်လည်း ငြင်းဆိုခဲ့သည်။ သူသည် အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိသောကြောင့် သင်္ဘောအချို့ကို တကျန်း အား ရောင်းချခဲ့သည်။ ဒါပေမယ့် သူတကယ် ရေတပ်ဖွဲ့ချင်တယ်ဆိုရင်တော့ သွားရမယ့် ခရီးလမ်း အဝေးကြီးကျန်နေသေးသည်။
သို့သော်၊ ဤလူသည် တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းကို စွန့်လွှတ်နိုင်ပြီး အနာဂတ်တွင် တကျန်းကိုလည်း စွန့်လွှတ်နိုင်မည်ဖြစ်သည်။
ကျန်းရှုက မျက်လုံးတွေကို မှိတ်ထားပြီး.....
"အခုအချိန်မှာ မင်းကို ငါလက်ခံနိုင်တယ်၊ ဒါပေမယ့် မင်းကို တရားဝင်ရာထူး တိုက်ရိုက်မပေးနိုင်ဘူး.....မင်းရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်......”
စုန့်လီ အလွန်ဝမ်းသာသွားပြီး ကျန်းရှုကို အမြန်ကျေးဇူးတင်လိုက်သည်။
အဲဒီနောက် ကျန်းရှုက ဝတ်ဖြူဝတ်အစောင့်တပ်သားတစ်ယောက်ကို စုန့်လီအတွက် မြို့ပြင်မှာ နေရာထိုင်ခင်းစီစဉ်ပေးဖို့အမိန့်ပေးလိုက်သည်။
ကျန်းရှု ရေတပ်တည်ဆောက်မည့်အကြောင်းကို စတင်တွေးတောခဲ့သည်။
တစ်ခြားဘက်တွင်မူ....
ကျန်းချန်ရှန်းသည် ကျောက်စိမ်းအရိုးဝါးတောထဲတွင် ငြိမ်သက်စွာ ထိုင်နေသည်။ မကြာသေးမီက မဟာတာအိုမျက်လုံးမှ ပြောင်းလဲမှုကို ခံစားနိုင်စေခဲ့သည်။ ထို့ကြောင့် သူသည် ဤနေရာတွင် ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် ဝါးတောသို့ တစ်ယောက်တည်း လာခဲ့သည်။
သူ၏ တာအိုအမှတ်အသားထဲသို့ ၀ိညာဥ်စွမ်းအင် ပမာဏများစွာ စီးဆင်းသွားပြီး ရွှေရောင်တာအိုပုံစံ ပေါ်လာပြီးနောက် မျက်လုံးပွင့်သွားသည်။၎င်းသည် ကျန်းဂျန် ၏တတိယမျက်လုံးထက် ပို၍ သိက္ခာရှိပြီး မြင့်မြတ်လှသည်။
တဖြည်းဖြည်းနဲ့ လေပွေတစ်ခု ကျန်းချန်ရှန်းရှေ့မှာ ပေါ်လာပြီး သစ်တောထဲက ဝါးရွက်တွေကို လှုပ်ခတ်စေသည်။
မည်မျှကြာသွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။
ကျန်းချန်ရှန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်တော့ တာအိုအမှတ်အသားက မဟာတာအိုမျက်လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး အားကောင်းသော စုပ်ယူအားကို ထုတ်လွှတ်လိုက်သည်။ ဝါးရွက်နှင့်အတူ ဝိညာဉ်စွမ်းအင် အများအပြား သူ၏ မျက်ခုံးကြားသို့ တိုးဝင်လာသည်။
ကျန်းချန်ရှန်းသည် သူ့မျက်လုံးများကို ဖွင့်ထားပုံရသော်လည်း သူ့အသိစိတ်က ကျယ်ပြောလှသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုနေရာလွတ်သည် ဖျော့တော့ပြီး အဆုံးမရှိဟု ထင်ရသည်။ သို့သော် သူ့အသိစိတ်က မြေပြင်ပေါ်သို့ ကျသွားသလို ခံစားလိုက်ရသည်။
မသိလိုက်ဘဲ၊ သူသည် ဤလောက၏ အဓိပ္ပါယ်အမှန်ကို နားလည်ခဲ့သည်။ ဤကမ္ဘာသည် မဟာတာအိုမျက်လုံးဖြင့် ဖန်တီးထားသော ကမ္ဘာဖြစ်သည်။
ဤကမ္ဘာကြီးသည် သေးငယ်သောကမ္ဘာတစ်ခု၏ အခြေခံအုတ်မြစ်သာဖြစ်သည်။
သူ့ရှေ့တွင် ဝါးရွက်များ လွင့်ပျံလာပြီး ဖြူဖျော့သော မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
သူ့အသိစိတ်က သူ့ရုပ်ခန္ဓာကို ပြန်ရောက်လာသည့်အခါ မဟာတာအိုမျကိလုံး စုပ်ယူရန်အတွက် လက်တစ်ဆုပ်စာ မြေဆီလွှာကို လှမ်းယူလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း မြေဆီလွှာသည် ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်ထဲတွင် ပေါ်လာသည်။
အတွေးတစ်ခုဖြင့် ဝါးရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ ဤလုပ်ဆောင်ချက်အတွက် မည်သည့်ဝိညာဉ်စွမ်းအင်ကိုမျှ မသုံးစွဲခဲ့ပေ။
မဟာတာအိုမျက်လုံးဖြင့် ဖန်တီးထားသော ကမ္ဘာငယ်လေး......
အတန်ကြာစဉ်းစားပြီးနောက် ဤကမ္ဘာကို တာအိုကမ္ဘာဟု အမည်ပေးခဲ့သည်။
တာအိုကမ္ဘာသည် သူ့စိတ်ဝိညာဉ်ထဲတွင် ပုန်းကွယ်နေပြီး သူ့ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိနေသည်။
သူသည် တာအိုကမ္ဘာတွင် ဝိညာဉ်စွမ်းအင်အချို့ကို စတင်သိမ်းဆည်းခဲ့သည်။ များပြားလှသော ဝိညာဉ်စွမ်းအင်ဖြင့် သက်ရှိသတ္တဝါများ ရှင်သန်နိုင်သည်။
သူ ဂရုတစိုက် အာရုံခံပြီးနောက် ဒီကမ္ဘာကြီးဟာ တကယ်ပဲ အဆုံးမရှိဘူးဆိုတာ သိလိုက်ရသည်။ အချင်းဝက် မိုင်လေးရာခန့်ရှိပြီး အမြင့်ပေတစ်သောင်းခန့်ရှိပြီး မီတာသုံးထောင်ကျော်ရှိသည်။
ယင်းက ကျန်းချန်ရှန်းကို ကောင်းကင်နှင့်မြေကြီးပုံသဏ္ဍာန်ကို အမှတ်ရစေသည်။
၎င်းကိုစကြဝဠာနယ်ပယ်ကျွမ်းကျင်ပညာရှင်များသာ ဖန်တီးနိုင်သလို ကောင်းကင်နယ်ပယ်တွင်ရှိသူများ ဖန်တီးနိုင်သည့် ကောင်းကင်နယ်ပယ် ဖြစ်သည်။ ၎င်းတို့နှင့် ယှဉ်ရင် သူ့ရဲ့ တာအိုကမ္ဘာက ပို၍စစ်မှန်သည်။
ထို့အပြင်၊ ကျန်းချန်ရှန်း၏ဝိညာဉ် ပိုမိုအားကောင်းလာသည်နှင့်အမျှ တာအိုကမ္ဘာသည်လည်း ဆက်လက်ကြီးထွားလာမည်ဖြစ်သည်။
တာအိုကျင့်စဉ်သည်မျှော်လင့်ထားသည့်အတိုင်း မြင့်မြတ်သောတန်ခိုးစွမ်းအားရှိရုံသာမက ကမ္ဘာတစ်ခုကိုလည်း ဖွင့်ပေးနိုင်သည်။
ကျန်းချန်ရှန်း တာအိုကမ္ဘာကို ဆက်လက်လေ့လာရင်း စိတ်ခံစားမှုများ လွှမ်းမိုးသွားသည်။
ကျောက်စိမ်းအရိုးဝါးတောတွင် သူတစ်ယောက်တည်း ရှိနေစဉ် ပြင်ပကမ္ဘာတွင် ပရမ်းပတာဖြစ်နေသည်။
နောက်ပိုင်းကာလများတွင် အောင်ပွဲသတင်းများ မြို့တော်တွင် ဆက်တိုက်ကြားနေရသည်။
ဟုန်ရွှမ်းမင်းဆက်ကို ကျန်းဂျန်နှင့်ပင်းအန်းတို့က ဖျက်ဆီးခဲ့သည်။ စကြဝဠာနယ်ပယ်ကျွမ်းကျင်ပညာရှင်၏ အတားအဆီးမရှိဘဲ ကျန်ရှိသော ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူ အများစုမှာ ၎င်းတို့အား သရေကျအောင်သာ တိုက်ထုတ်နိုင်ပြီး မတွန်းလှန်နိုင်ပေ။
ရှုထျန်းကျီကတော့ ရပ်တန့်လိုက်ပြီး နောက်မင်းဆက်ကို ဆက်မကျူးကျော်တော့ပေ။ ကျန်းဂျန်နှင့်ပင်းအန်းတို့ တုန်းဟိုင်မင်းဆက်သို့ ရောက်ရန် စောင့်မျှော်နေပါသည်။
တုန်းဟိုင်မင်းဆက်တွင် ရွှေခန္ဓာနယ်ပယ်ရှိနေနိုင်သည်။ အကယ်၍ ၎င်းတို့သာ အလျင်စလို ရှေ့တိုးလာပါက ကောင်းကင်နယ်ပယ်ဗျူဟာတပ်ကို ချေမှုန်းပစ်နိုင်ဖွယ်ရှိသည်။
ဟုန်ရွှမ်းမင်းဆက်နဲ့ယှဉ်ရင် တကျန်းကို စစ်ပွဲမှာဦးဆောင်ခဲ့တဲ့ တုန်းဟိုင် မင်းဆက်က ပို၍ရှက်ရွံ့လာသည်။ ကောင်းကင်ဗျူဟာစစ်တပ် ရပ်တန့်သွားသောအခါ တုန်းဟိုင်မင်းဆက်၏စစ်တပ်က မတိုက်ခိုက်ခဲ့ပေ။ အဲဒီအစား သူတို့နဲ့ ခပ်ခွာခွာနေခဲ့ကြသည်။
တစ်ဖက်တွင်၊ ချန်းလီနှင့် ဘုရင်ခံ သုံးဦးတို့သည် ဟုန်ရွှမ်းမင်းဆက်၏ နယ်မြေကို ဝါးမြိုနေချိန်တွင် အခြားမြို့တစ်မြို့ကို အရူးအမူးသိမ်းပိုက်နေကြသည်။
ကျင်းတိုင်ကျုံးသည် ရက်စက်သော်လည်း၊ တကျန်းကို ကြီးပွားတိုးတက်စေသည်။ ထို့ကြောင့် ကျန်းရှုကို မြင်နေရသည်မှာ ကျင်းတိုင်ကျုံးကိုမြင်နေရသလိုပင်.......
ကမ်းရိုးတန်းတွင် အရွယ်အစား အမျိုးမျိုးရှိသော သင်္ဘောအများအပြား ဆိုက်ကပ်ခဲ့ပြီး လေထဲတွင်ပျံသန်းနေသော သိုင်းပညာရှင် အများအပြားလည်း ရှိခဲ့သည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေ......
တစ်ချက်ကြည့်လိုက်လျှင် အစစ်အမှန်နတ်ဘုရားနယ်ပယ် 30 ထက်မနည်းရှိခဲ့သည်။
ချောမောလှပသော မိန်းကလေးတစ်ယောက် အကြီးဆုံးသင်္ဘောကြီးထံမှ ပျံသန်းလာသည်။ သူမသည် နက်မှောင်သော ခရမ်းရောင်ဝတ်ရုံရှည်၊ ရွှေရောင်ကျောက်စိမ်းဖီးနစ်သရဖူနှင့် ငွေရောင်မျက်နှာဖုံးကို ၀တ်ဆင်ထားပြီး မျက်လုံးနှင့် ပါးစပ်ကိုသာ ဖော်ထားသည်။ သူမရဲ့ မျက်နှာတစ်စိတ်တစ်ပိုင်းသာ ထင်ရှားခဲ့ပေမယ့် မြင်သူတိုင်းကို ရူးစေနိုင်လောက်အောင် လှပသည်။
သူမသည် တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်း၏ဂိုဏ်းချုပ် ထျန်းယန်ဖုန်းဖြစ်သည်။
အဘိုးအိုတစ်ယောက်က သူ့ဘေးကို ပြေးလာပြီး.... "ဂိုဏ်းချုပ်....ငါတို့ ဟုန်ရွှမ်း မင်းဆက်ကို အရင်သွားရမှာလား ဒါမှမဟုတ် တကျန်းကိုလား"
ထျန်းယန်ဖုန်းက.. "တုန်းဟိုင်မင်းဆက် "
ထို့နောက် ထျန်းယန်ဖုန်းက ကုန်းတွင်းပိုင်းသို့ ပျံသန်းသွားခဲ့ပြီး အဖိုးအိုသည် အမိန့်ပေးရန်အတွက် ချက်ချင်းလှည့်ထွက်သွားခဲ့သည်။
အောက်တိုဘာလတွင်.....
ကျန်းချန်ရှန်းဆီသို့လီကျွင်း ထပ်မံရောက်လာခဲ့သည်။ သူက စိတ်လှုပ်ရှားစွာနဲ့....
“လူသားဧကရာဇ်က တုန်းဟိုင် မင်းဆက်ကနေ ထွက်သွားပြီ... ဒီတကြိမ်တော့ ဟုန်ရွှမ်းမင်းဆက်ကို မသွားဘဲ တကျန်းကို ဉီးတည်နေပြီ..... ကြည့်ရတာ တုန်းဟိုင် မင်းဆက်မှာ လူသားဧကရာဇ်ဖြစ်လာဖို့ သင့်လျော်တဲ့ ကိုယ်စားလှယ်လောင်း မရှိဘူးထင်တယ်...."
ကျန်းချန်ရှန်းသည် ထိုစကားကိုကြားသောအခါ စိတ်မကောင်းဖြစ်သွားသည်။
လီကျွင်းက အခြေအနေအတိအကျကို ဆက်လက်ရှင်းပြခဲ့သည်။ လူသားဧကရာဇ်သည် အရပ်ရပ်သို့ ခရီးသွားလာသည်နှင့်အမျှ သူ၏ ဂုဏ်ကျက်သရေကို လူများ ပိုမိုမြင်လာကြသည်။ သူ့နောက်လိုက်များ လူတစ်ထောင်အထိ တိုးလာခဲ့ပြီး ၎င်းတို့အနက် အားနည်းဆုံးသူပင် ကောင်းကင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်ဟုဆိုကြသည်။ ဤသည်မှာ အလွန်အားကောင်းသော စွမ်းအားဟု ဆိုနိုင်သည်။
လူသားဧကရာဇ်သည် နောင်လာမည့်လူသားဧကရာဇ်ထံသို့ ကံတရားကို လွှဲပြောင်းပေးမည်ဟု ကြေငြာခဲ့ပြီး ဤတန်ခိုးက သူ့ကို တိုက်ကြီးတစ်ခွင်ကို လွှမ်းမိုးနိုင်စေရန်၊ လူသားမျိုးနွယ်ကို စည်းလုံးညီညွတ်စေပြီး တိုက်ကြီးရှိ လူသားမျိုးနွယ်ကို သာယာဝပြောရေးကို ဦးတည်စေမည်ဖြစ်သည်။
လူသားဧကရာဇ်နှင့်ပတ်သက်သော ဒဏ္ဍာရီများ ပိုများလာကာ လူသားဧကရာဇ်ကို ကံကြမ္မာဟု လူသားများ ယုံကြည်စေခဲ့သည်။ တိုက်ကြီးကို ပေါင်းစည်းနိုင်သူတွေသာ လူသားဧကရာဇ်ရဲ့ ကံကြမ္မာကို ပိုင်ဆိုင်နိုင်ပေမည်။
ပိုင်ချီက.... "ဒါပေမယ့် တကျန်းရဲ့တော်ဝင်မိသားစုမှာ ဘယ်သူက လူသားဧကရာဇ်ဖြစ်လာဖို့ အရည်အချင်းပြည့်မီလဲ?"
ဓားနတ်ဘုရားက... “မင်းသားတွေကို လူသားဧကရာဇ်ဖြစ်ဖို့ ရွေးချယ်ခံရရင် စိတ်ဝင်စားစရာပဲ”
လီကျွင်း ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
မှန်တယ်.....
ထိုသို့ဖြစ်လျှင် တကျန်းက ပြည်တွင်းရန်ပွဲသို့ ကျရောက်သွားနိုင်သည်။
ကျန်းချန်ရှန်းကိုကြည့်လိုက်တော့
အမူအရာမှာ မပြောင်းလဲဘဲ ချက်ချင်းငြိမ်သက်သွားသည်။
လီကျွင်းက သူထွက်မသွားခင် စကားအနည်းငယ်ပြောခဲ့သည်။
ပိုင်ချီနဲ့ ဓားနတ်ဘုရားလည စကားစမြည်ပြောနေကြသည်။ အရင်တုန်းကတော့ ဓားနတ်ဘုရားက ပိုင်ချီကို ကြည့်ပြီး နှိမ့်ချခဲ့ပေမယ့် အခု ဘယ်သူနဲ့မှ စကားမပြောချင်တော့ပဲ တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုနီးစပ်လာသည်။
ကျန်းချန်ရှန်း အကြောင်းကြားစာကို မြင်သောကြောင့် သူတို့ကို ဂရုမစိုက်နိုင်ပေ။
[ယန်တျယ်ခေတ် 12 နှစ်တွင် သင်အမှတ်သားပြုထားသည့် ဝမ်ချန်း အောင်မြင်စွာ လူပြန်ဝင်စားပြီး တချီမင်းဆက်မှာ မွေးဖွားခဲ့သည်။]
ဝမ်ချန်း မွေးဖွားလာပြီပဲ....
ကျန်းချန်ရှန်းက သူ့ကိုယ်ခန္ဓာ ကြံ့ခိုင်ဖို့အတွက် အမွှေးတိုင် 10,000 ပေးခဲ့သည်။ အခုလည်း သူ့ကို ကံကောင်းစေဖို့ နောက်ထပ် အမွှေးတိုင် ၁၀,၀၀၀ နဲ့ ကောင်းချီးပေးခဲ့သည်။
အမွှေးတိုင် 10,000 သည် များပြားသော်လည်း မုလင်းလော့နှင့် ကျန်းဇီယု တို့အား သူပေးခဲ့သည့်အရာနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
နောက်ထပ် သူငယ်ချင်းဟောင်းတစ်ယောက် မွေးဖွားခဲ့သဖြင့် ကျန်းချန်ရှန်း စိတ်လက်ကြည်သာနေသည်။
သို့သော် သူ၏ ကောင်းသော စိတ်ထားမှာ ကြာရှည်မခံပေ။
နိုဝင်ဘာလတွင် ချင်ကူ ကွယ်လွန်ခဲ့သည်။
ချင်ကူသည် ကျန်းချန်ရှန်းထက် တစ်နှစ်ငယ်သည်။ သူ့အသက် 111 နှစ်ရှိပြီဖြစ်သောကြောင့် သူသည် အသက်ရှည်မည်မှာ သေချာပါသည်။ အမှန်တော့ သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်မဟုတ်ပေ။
ကျန်းချန်ရှန်းသည် ချင်ကူကို နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ချင်ကူ့ဘဝတွင် နောင်တမရှိခဲ့ပေ။ ငယ်ငယ်တုန်းက ကျန်းချန်ရှန်းနဲ့ တစ်အိမ်တည်းမှာနေပြီး သူ့ကို ငယ်ငယ်လေးကတည်းကလေးစားရိုသေခဲ့သည်။ သူကြီးပြင်းလာသောအခါတွင် ကြိတ်မှိတ်ကြိုးစားပြီး လုံချီဘုရားကျောင်းကို အခြားတပည့်ဟောင်းများနှင့်အတူ စီမံခန့်ခွဲကာ လူအများ၏လေးစားမှုကို ရရှိစေခဲ့သည်။
သူ၏ဈာပနအတွက် လုံချီ ဘုရားကျောင်းကို သုံးရက်ကြာ ပိတ်ထားပြီး မည်သည့်ဘုရားဖူးကိုမျှ လက်မခံပေ။ ကျန်းချန်ရှန်းသည် ၎င်း၏ဈာပနကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့ပြီး တပည့်သစ်များစွာက တာအိုဘိုးဘေးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့သည်။
ချင်ကူသည် ကျန်းချန်ရှန်းတို့မျိုးဆက်၏ နောက်ဆုံးတပည့်ဖြစ်ပြီး နောက်မျိုးဆက်တွင်ပင် လူများစွာမကျန်တော့ပေ။
ကျန်းချန်ရှန်းသည် မင်ယွဲ့ နှင့်ဝမ်လီကိုကြည့်ကာ စိတ်ထဲတွင် ငိုကြွေးနေလေသည်။ သူတို့နှစ်ဦးအတွက်လည်း နှစ်ပေါင်းများစွာ မကျန်တော့ပေ။
အသက်ကြီးသူတွေ ဆုံးပါးသွားပေမယ့် အသက်ရှင်သူတွေကတော့ သေမည့်နေကို စောင့်မျှော်နေကြဆဲပင်.....
ကျန်းချန်ရှန်း သူ့ခြံဝင်းသို့ပြန်လာပြီးနောက်၊ ချင်ကူထံ အမွှေးတိုင် 100,000 တိတ်တဆိတ် ပေးပို့လိုက်သည်။
ချန်းလီနှင့်ဝမ်ချန်းတို့နှင့်မတူဘဲ ချင်ကူ သည် ငယ်စဉ်ကတည်းက အတူလိုက်ပါခဲ့သူဖြစ်သည်။ သူတို့နှစ်ဦးသည် သူငယ်ချင်းများမဟုတ်ကြသော်လည်း တကယ့် ဂိုဏ်းတူညီအစ်ကိုများဖြစ်ကြသည်။
"ကံကြမ္မာက ခွင့်ပြုရင် မင်းနောင်ဘဝမှာ လုံချီ ဘုရားကျောင်းကို လာခဲ့ပါ...."
နှစ်ကုန်ပိုင်းတွင်.....
ဝမ်လီသည် အကြီးဆုံးတပည့်ရာထူးကို ချင်အာထံ တရားဝင်လွှဲပြောင်းပေးခဲ့သည်။ ယခုအချိန်တွင်၊ ချင်းအာသည် နတ်ဘုရားနယ်ပယ်၌ရှိနေပြီဖြစ်ပြီး လုံချီ ဘုရားကျောင်းကို စီမံခန့်ခွဲရန် ကူညီနေပြီဖြစ်သည်။ သူမကို လေးစားထိုက်သူလို့ ယူဆနိုင်သည်။
အသစ်ခန့်အပ်ထားသော ချင်းအာသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ၏တပည့်များအား သိုင်းပညာလေ့ကျင့်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။ လက်ရှိ လုံချီ ဘုရားကျောင်းသည် အလွန်အားနည်းနေသေးသည်ဟု သူမ ခံစားမိသည်။ အနည်းဆုံးတော့၊ သူတို့ဟာ သန့်ရှင်းသောမြေအဖြစ် မကြာခင်ကမှ သတ်မှတ်ထားသော ဖူယွဲ့မိသားစုကို အမှီလိုက်နိုင်ရမည်။
လုံချီဘုရားကျောင်း၏ သိုင်းပညာအခြေခံက မဆိုးလှပေ။ ၎င်းတို့တွင် မဟာယာနနဂါးမျှော်စင်နှင့် ရှန်းရှန်တုံးထျန်းနှ အဆုံးစွန်သော နည်းစနစ်များရှိသည်။ သိုင်းပညာဆိုင်ရာ နည်းစနစ်အရ ၎င်းတို့သည် ဖူယွဲ့မိသားစုထက်ပင် အားကောင်းခဲ့သည်။ သူတို့အတွက် ကြီးပွားတိုးတက်လိုပြီး ဉာဏ်ရည်ထက်မြက်သော ဉာဏ်ကြီးရှင်များကို ရှာဖွေရန် အချိန်လိုအပ်ပါသည်။
ကျန်းချန်ရှန်းကတော့ ချင်းအာ၏ သဘောထားကို အလွန်ကျေနပ်သည်။ သူ့အစ်မဖြစ်သူ ပြန်လာပြီ.......
အချိန်တွေက ဆက်ပြီးကုန်သွားပြီး
ယန်တျယ်ခေါတ်၏နှစ် 13နှစ် ဖေဖော်ဝါရီလ အစတွင်....
အိပ်မက်ထဲ၌......
အသက် 20 နှစ်အရွယ် မုလင်းလော့ သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နေပြီဖြစ်သည်။ သူမသည် အညစ်အကြေးကင်းစင်သော အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ပြီး နတ်သမီးတပါးလို စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသည်။ သူမ၏မျက်လုံးများက ကြည်လင်နေပြီး ကျန်းချန်ရှန်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေလေသည်။
မုလင်းလော့သည် ယခုဘဝမှာ ကျန်းချန်ရှန်း မြင်ဖူးသမျှ အလှပဆုံး အမျိုးသမီး ဖြစ်သည် ။ အမွှေးတိုင် 300,000 သုံးစွဲခြင်းကို တန်သည်ဟု ဆိုရမည်။
“အစ်ကိုချန်ရှန်း...ညီမ သူတော်စင်စံအိမ် ကိုသွားဖို့ ပြင်ဆင်နေတယ်..... အဘိုးက သူတော်စင်စံအိမ်ကိုသွားမှသာ သိုင်းပညာကို ဘေးကင်းကင်း လေ့ကျင့်နိုင်မှာတဲ့”
မုလင်းလော့ အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ သူမသည် သူမ၏ မိသားစု၏ အကာအကွယ်အောက်တွင် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သော်လည်း မုမိသားစုထဲသို့ ဝင်ရောက်လာသော လုပ်ကြံသတ်ဖြတ်သူများလည်း ရှိခဲ့သည်။ သူမကို အဆိပ်ခတ်ပြီး သတ်ပစ်မယ်လို့ ကတိပြုတဲ့လူတွေတောင် ရှိခဲ့ဖူးသည်။
မုမိသားစုသည် ရှေးဟောင်းနတ်ဘုရားတိုက်ကြီးတွင် နှစ်ပေါင်းများစွာ တည်တံခဲ့ပြီး ၎င်းတို့တွင် မရေမတွက်နိုင်သော ရန်သူများရှိနေသည်။ မုမိသားစုအဖွဲ့ဝင်များအားလုံးကို ယုံကြည်နိုင်မည်ဟုပင် အာမခံနိုင်မည်မဟုတ်ပေ။
ကျန်းချန်ရှန်းက... "မင်း တစ်ယောက်တည်းသွားရမှာလား... "
မုလင်းလော့က ခေါင်းညိတ်ပြပြီး ....
“အဘိုးက ညီမကို သီးသန့် လွှတ်လိုက်တာ...ဒါပေမယ့် သူတော်စင်စံအိမ် ရောက်သွားရင်...အစ်ကို့ကို အိပ်မက်မက်နိုင်ပါ့မလားတွေးမိတယ်... သူတော်စင်စံအိမ်မှာ အာရုံထွေပြားစရာ အတွေးတွေမရှိစေဘဲ အိပ်ချိန်များများစားစား မလိုအပ်ဘဲ သိုင်းပညာကို ပိုလေ့ကျင့်နိုင်စေမယ့် အထူးထောက်ပံ့မှုတစ်ခု ရှိတယ်လို့ အဘိုးဆီက ကြားထားတယ်...”
ကျန်းချန်ရှန်းက "မင်းငါ့ကို အိပ်မက်မက်နေသရွေ့ တွေ့နိူင်မှာပါ...."
မုလင်းလော့ ထိုစကားကိုကြားသောအခါ သူမ ချက်ချင်းပြုံးပြလိုက်သည်။ ထို့နောက် နှစ်ယောက်သား အိပ်မက်ထဲတွင် တွေ့ဆုံရန် အချိန်ကို သဘောတူခဲ့ကြသည်။
တစ်ညတာ ကုန်သွားပြီး နောက်နေ့မနက်တွင်....
ကျန်းချန်ရှန်းသည် မြေဝိညာဉ်သစ်ပင်ပေါ်တွင် ရပ်နေပြီး မုလင်းလော့၏ ဦးတည်ရာကို ကြည့်ရန် ကောင်းကင်နှင့်မြေပြင်၏ အကန့်အသတ်မဲ့အမြင်အာရုံကို အသုံးပြုခဲ့သည်။
သူသည် ပိုမိုအားကောင်းလာကာ မြင်နိုင်သည့်အကွာအဝေးမှာလည်း တိုးလာခဲ့သည်။
ဒီတစ်ခါတော့ ရှေးဟောင်းဘုရားတိုက်ကြီးကို ရှာတွေ့နိုင်မလား.....
ကျန်းချန်ရှန်း၏ မျက်လုံးများသည် အဝေးကို လှမ်းကြည့်ရင်း ရွှေရောင်အလင်းတန်းများ လင်းလက်နေသည်။
တစ်ချိန်တည်းမှာပင်
လူသားဧကရာဇ်သည် ကံကြမ္မာဆိုသူနှင့်အတူ ရှီပြည်နယ်သို့ ဝင်ရောက်ခဲ့သည်။ ဧကရာဇ်ကလည်း လူသားဧကရာဇ် ရောက်ရှိလာခြင်းကို စောင့်မျှော်နေပါသည်။ ထို့ကြောင့် စစ်ဆေးရေးဂိတ်အသီးသီးမှ တာဝန်ရှိသူများက သူ့ကို မေးခွန်းမထုတ်ဘဲ ဝင်ခွင့်ပြုရန် အမိန့်ပေးထားသည်။ ပေါ့ဆခြင်း သို့မဟုတ် နှောင့်ယှက်ရန် ခွင့်မပြုပေ။
လူသားဧကရာဇ် မြို့တော်ဆီသို့ ဦးတည်၍ လာနေပြီ.....