တာအိုဘိုးဘေး၏ ကျေးဇူးတရား.....ထိပ်တန်း မှော်ရတနာ....
Vol. 10 Ch. 140
ကျန်းချန်ရှန်းသည် လူသားဧကရာဇ်ကို ခပ်တည်တည် စိုက်ကြည့်နေသော်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
တကယ့်ကို ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူပဲ......သူ ဒါကို စောင့်မျှော်နေတာကြာပြီ.....
လူသားဧကရာဇ်သည် ကျန်းချန်ရှန်း ၏ခွန်အားကို မမြင်နိုင်သော်လည်း ထိတ်လန့်ခြင်းမရှိပေ။ နယ်ပယ်ပိုမြင့်လေ၊ လူတစ်ဦး၏ ခွန်အားကို ဖုံးကွယ်ရန် လွယ်ကူလေပင်...... တိုက်ခိုက်နေသမျှကာလပတ်လုံး သူ့အစွမ်းအစကိုနိုင်သည်။
"ရှန်းရှန်တုံးထျန်းက မင်းကြောင့် ထွက်သွားခဲ့တာ မဟုတ်လား.... ငါ့ရဲ့ ခန့်မှန်းချက် မှန်တယ်ဆိုရင်...ရှန်းရှန်တုံးထျန်းက တစ်ယောက်ယောက်က တိုက်ကြီးရဲ့ ကံကြမ္မာတွေကို အဆင့်တက်ရာမှာ အထောက်အကူရဖို့ စုပ်ယူချင်ပေမယ့် မင်း သူတို့ကို တားဆီးလိုက်တယ်.... ရလဒ်အနေနဲ့ ရှန်းရှန်တုံးထျန်းက မင်းကိုကြောက်ရွံ့ပြီး နဂါးသွေးကြောတိုက်ကြီးကနေ ထွက်သွားတယ်.... ဒီလိုဆိုတော့လည်း မင်းက ဒီတိုက်ကြီးအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးခဲ့တာပဲ”
လူသားဧကရာဇ်က ချီးကျူးစကားတွေနဲ့ ပြည့်နှက်နေတဲ့လေသံနဲ့ ပြောခဲ့သည်။
ကောင်းကင်ဆရာတော် တာအိုဘိုးဘေးကြောင့်သေဆုံးခဲ့မှန်းသူသိသည်။သို့သော် တကျန်းက နဂါးသွေးကြောတိုက်ကြီးကို မထိခိုက်စေကြောင်း သူနားလည်သောကြောင့် တာအိုဘိုးဘေးကို မမုန်းခဲ့ပေ။ ဒါဟာ သာမာန်မင်းဆက်စစ်ပွဲတစ်ခုပင်.... ထို့အပြင်၊ တကျန်း သည် အင်အားအကောင်းဆုံး မင်းဆက်မဟုတ်သေးပေ။
ကျန်းချန်ရှန်းက ပြုံးပြီး..... "ဒါဟာ ကြီးကျယ်တဲ့ အကျိုးပြုမှုမဟုတ်ပါဘူး.... ဒီတိုက်ကြီးမှာ နေထိုင်သူတစ်ယောက်အနေနဲ့အရေးယူသင့်တယ်မဟုတ်လား.....”
လူသားဧကရာဇ်က မျက်ခုံးပင့်ကာ.....
``မင်းက နိုင်ငံရပ်ခြားကလာတဲ့သူ မဟုတ်ဘူးလား´´ဟု မေးသည်။
ကျန်းချန်ရှန်းက ....“ကျုပ်ကို တကျန်းမှာမွေးဖွားခဲ့ပြီး လုံချီ ဘုရားကျောင်းမှာ သိုင်းပညာသင်ယူခဲ့တာ...."
လူသားဧကရာဇ် တိတ်ဆိတ်နေသော်လည်း သူ့နှလုံးသား ကမောက်ကမ ဖြစ်နေသည်။
ကျန်းချန်ရှန်းအကြောင်း သေချာစုံစမ်းထားသည်။ တကျန်း၏ပြည်သူများအဆိုအရ ကျန်းချန်ရှန်းသည် ယခုနှစ်တွင် အနည်းဆုံး အသက်တစ်ရာနှင့် အများဆုံး အသက်တစ်ရာ့နှစ်ဆယ်ရှိလောက်ပြီ.....
ငယ်ငယ်ကတည်းက ကောင်းကင်နယ်ပယ်ကိုရောက်ခဲ့ပြီဆိုရင် ကံတရားပြောင်းလဲမှုကို သူ ဘာလို့မခံစားရတာလဲ......
ထို့ကြောင့် ကျန်းချန်ရှန်းကို နိုင်ငံရပ်ခြားမှ ဖြစ်သည်ဟု အမြဲတမ်းယုံကြည်ခဲ့သည်။ သို့သော် ယခု ကျန်းချန်ရှန်း ၏စကားကိုကြားပြီးနောက် ယုံကြည်ထားမျှ မှားမှန်းသိခဲ့ရသည်ယ
အကြောင်းတစ်ခုခုကြောင့် ကျန်းချန်ရှန်းက လိမ်ညာမည်မဟုတ်ဟု ခံစားမိသည်။
တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်သက်သာလာပြီးနောက် သူသည် ပြုံးပြကာ ..“နဂါးသွေးကြောတိုက်ကြီးက လူသားတွေ တိုးတက်လာနေပုံပဲ..... တာအိုဘိုးဘေး....ငါ မတိုက်ခိုက်ရတာကြာပြီ...... စိတ်ကျေနပ်လောက်တဲ့အထိ တိုက်ခိုက်ချင်တယ်...!"
ဝုန်းးးးးး
သူ့ထံမှ ခွန်အားများ ပေါက်ကွဲထွက်လာပြီး အော်ရာများကလည်း သက်တံကဲ့သို့ သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် လှည့်ပတ်ကာ ကောင်းကင်သို့ ပျံတက်သွားသော အံ့မခန်း စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာသည်။
မြို့သူမြို့သားတိုင်း ခေါင်းမော့ကြည့်
ကြသည်။ လူသားဧကရာဇ်၏ အသွင်အပြင်ကို မြင်သောအခါ တုန်လှုပ်သွားပြီး ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိူင်ကြပေ။
"အဲဒီနှစ်ယောက်က ဘယ်သူလဲ"
"တစ်ယောက်က တာအိုဘိုးဘေး... ဒါပေမယ့် နောက်တစ်ယောက်တော့ မသိဘူး...."
"တုန်းဟိုင်မင်းဆက်နဲ့ဟုန်ရွှမ်း မင်းဆက်က စေလွှတ်လိုက်တဲ့ ရန်သူ ဖြစ်နေမလား....."
“ဒါ ဖြစ်နိုင်တယ်..... နှစ်များစွာကြာပြီးနောက်၊ တာအိုဘိုးဘေး ဘယ်လောက် တန်ခိုးကြီးတာကို လူတွေ မေ့လျော့သွားကြပြီ....”
" တာအိုဘိုးဘေး တိုက်ခိုက်တာကို ငါ့မျက်စိနဲ့ တစ်ခါမှ မမြင်ဖူးဘူး... ငါဒီနေ့ကံကောင်းနေတယ်ထင်တယ်..."
သူတို့ထဲမှ တစ်ယောက်က တာအိုဘိုးဘေးဖြစ်သည်ကို ကြားသိရသောအခါတွင် ပြည်သူများနှင့်သိုင်းပညာရှင်တွင် စိုးရိမ်စိတ်မရှိတော့ပေ။ သူတို့၏ နှလုံးသားထဲတွင် တာအိုဘိုးဘေးသည်သာ တန်ခိုးအကြီးဆုံးဖြစ်သည်။ ဘယ်သူပဲဖြစ်ဖြစ်၊ သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ပေ။
လူသားဧကရာဇ်က ကျန်းချန်ရှန်းကို စိုက်ကြည့်ရင်း.....
"မင်းရဲ့ ခွန်အားကို အပြည့်သုံးပြီး မင်းဘယ်လောက် သန်မာလဲဆိုတာ ငါကြည့်ပါရစေ!"
ကျန်းချန်ရှန်းက တခစ်ခစ်ရယ်ပြီး ....
"မင်း ငါ့ရဲ့ ခွန်အားအပြည့်ကို မြင်ချင်နာလား..."
လူသားဧကရာဇ်အတွက်တော့ သူ၏ အပြုံးသည် အလွန်အမင်း မထီမဲ့မြင်ပြုလွန်းနေသလိုပင်....
လူသားဧကရာဇ် စကားမပြောမီ ကျန်းချန်ရှန်းက ညာလက်ကို မြှောက်ကာ သူ့ရှေ့တွင် အလျားလိုက် ဆုပ်ကိုင်ထားသည်။ သူ့လက်ညိုးနဲ့ လက်ခလယ်ကို ပေါင်းပြီး ပါးစပ်ကို အုပ်လိုက်သည့်အခါ တခဏချင်းမှာပဲ သူ့နောက်မှာ တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။
ကြီးမားသော ရွှေရောင်အလင်းတန်းကြီးကိုးခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး စက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လင်း၊ပင်း၊တု၊ကျယ်၊ကျဲ့ကျန်း၊လဲ့၊ချန်၊ရှန်း......
ထိုစာလုံးကိုးလုံးကို မြို့သူမြို့သားတိုင်း မြင်လိုက်ကြပြီး အနှိုင်းမဲ့ မြင့်မြတ်သောအော်ရာက တစ်မြို့လုံးကို လွှမ်းခြုံထားသည်။
"နတ်ဘုရားကိုးပါးတိုက်ပွဲပညာရပ်!"
ပိုင်ချီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူမ ယခင်က ဤပညာရပ်ကို လေ့ကျင့်ဖူးသဖြင့် ၎မည်မျှ အစွမ်းထက်သည်ကို သိနေသည်။
ဓားနတ်ဘုရားကတော့ မျက်မှောင်ကြုတ်နေသည်။အကြောင်းတစ်ခုခုကြောင့်၊ ၎င်းသည် နတ်ဘုရားကိုးပါးတိုက်ပွဲပညာရပ် မဟုတ်ဘဲ ပိုမိုအားကောင်းသည့် ပညာရပ်တစ်ခုဖြစ်သည်ဟု ခံစားခဲ့ရသည်။ ထင်ယောင်ထင်မှားဖြစ်ကောင်းဖြစ်နိုင်သော်လည်း တာအို ဘိုးဘေး၏ ခွန်အား နှစ်ဆတိုးနိုင်လောက်အောင် အစွမ်းထက်သည်။
ကျန်းချန်ရှန်း၏ အနက်ရောင်ဆံပင်များ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူ့အကြည့်များက ရေခဲတမျှအေးစက်နေသည်။
သားမွှေးဝတ်ရုံပေါ်တွင် ငွေပြာရောင်
မီးတောက်များ တောက်လောင်နေသကဲ့သို့ အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏အော်ရာကို ကန့်သတ်ချက်သို့ ရောက်ရှိသွားစေသည်။
လူသားဧကရာဇ်သည် ကျန်းချန်ရှန်း ကိုရင်ဆိုင်ရသောအခါ ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။
အားကောင်းလွန်းတယ်......မယုံနိုင်လောက်အောင် အစွမ်းထက်တယ်.......
သို့သော် လူသားဧကရာဇ်သည် ရှုံးနိမ့်မှုကို ၀န်ခံခြင်းမရှိပေ။ သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း
စွမ်းအင်တွေ ပျံ့နှံ့လာပြီး အော်ရာများဆက်လက်တိုးမြင့်လာကာ ကြီးမားသော ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ မြို့တော်တစ်ခုလုံး တုန်လှုပ်သွားစေသည်။
ဒေါသတကြီးအော်ဟစ်သံနှငွအတူ သူ၏လက်သီးသည် တွင်းနက်ကြီးမှ ထွက်ပေါ်လာသော နတ်နဂါးတစ်ကောင်နှင့်တူ၏။ ကြောက်မက်ဖွယ်ကောင်းသော နီမြန်းသောချီဓာတ်များ သမုဒ္ဒရာတစ်ခုလို လွင့်ထွက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ နေရောင်ကွယ်ပျောက်ကယ မြို့တော်တစ်ခုလုံး မီးတောက်များ ဖုံးလွှမ်းသွားခဲ့သည်။
ကျန်းချန်ရှန်း၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး ညာလက်ကို တွန်းထုတ်လိုက်သည်။ သူ့နောက်ကွယ်က သစာလုံးကိုးပါးခု သူ့ခန္ဓာကိုယ်ထဲကို လျင်မြန်စွာ ဝင်ရောက်လာပြီး သူ့ရဲ့ညာလက်မောင်းကို ကျော်ဖြတ်လာတဲ့ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် သူ့လက်ချောင်းတွေပေါ် စုစည်းသွားသည်။ သူ့လက်ချောင်းတွေက ရှေ့ကို ညွှန်လိုက်တဲ့အခါ ပြင်းထန်တဲ့ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာသည်။
ဝုန်းးးးးးးးး
မီးပင်လယ်ကဲ့သို့ ကြီးမားကျယ်ပြန့်သော လူသားဧကရာဇ်၏ စစ်မှန်သောချီသည် ရွှေရောင်အလင်းတန်းကြောင့် ချက်ချင်းကြေမွသွားခဲ့သည်။ လူသားဧကရာဇ် မျက်လုံးပြူးကျယ်ကာ ဘာမှမတုံ့ပြန်နိုင်ခင် အလင်းတန်းက သူ့ဝမ်းဗိုက်ကို ထိုးဖောက်သွားခဲ့သည်။ ရွှေရောင်အလင်းတန်းများ ကောင်းကင်ကို ပျံ့လွင့်သွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
လူသားဧကရာဇ် တုန်လှုပ်၍ မယုံကြည်မှုတွေက သူ့မျက်နှာတပြင်လုံးမှာ ပေါ်လွင်နပြီး အရင်ကလို ငြိမ်သက်မနေတော့ပေ။ သူ့ခန္ဓာကိုယ်ထဲက စစ်မှန်တဲ့ချီတွေ ပြန့်ကျဲသွားပြီ.....
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ.......
လူသားဧကရာဇ်က ကျန်းချန်ရှန်းကို ထိတ်လန့်စွာ စိုက်ကြည့်ရင်း တုန်လှုပ်သွားသည်။
“ဒါ… ဒါက ဘယ်လိုပညာရပ်မျိုးလဲ …”
ကျန်းချန်ရှန်းက.... “ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်း.....”
ချန်းမိသားစု၏ ချီလက်ချောင်းသိုင်းက နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်ကြောင့် ပို၍အားကောင်းလာခြင်းဖြစ်သည်။
သို့သော် ကျန်းချန်ရှန်းအနေဖြင့် သူ၏ အဆုံးစွန်သော နည်းစနစ်များကို ဖော်ပြ၍မရပေ။
လူသားဧကရာဇ်၏အကြည့်များက ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ၏။
ချန်းမိသားစု??? ဘယ်ကချန်းမိသားစုလဲ....
ကျန်းချန်ရှန်းက တည်တည်ငြိမ်ငြိမ်နဲ့
...."ငါမင်းကို မသတ်ဘူး....မင်း မင်းသားဆယ့်နှစ်ကို အမွေပေးလိုက်.... တကျန်းမှာ ငါရှိနေတဲ့အတွက် လူသားဧကရာဇ် ဘုရင်ဖြစ်ဖြစ်မဖြစ်ဖြစ် ဒီတိုက်ကြီးကို အနှေးနဲ့အမြန်ဆိုသလို ပေါင်းစည်းနိုင်လိမ့်မယ်....."
ထိုစကားပြောပြီးသည်နှင့် ကျန်းချန်ရှန်း လေထုထဲတွင် ပျောက်ကွယ်သွားသည်။
လူသားဧကရာဇ် လဲကျသွားပြီး ကောင်းကင်ပေါ်ကနေ သူ့ခန္ဓာကိုယ် ဇောက်ထိုးကျသွားသည်။
ချန်းမိသားစုရဲ့ချီလက်ချောင်းသိုင်းက သူ့ကို သေချာပေါက် သတ်နိုင်သည်။
တာအိုဘိုးဘေးသည် ကောင်းကင်တစ်ခုနယ်ပယ် မဟုတ်သည်မှာ သေချာပါသည်။ သူက ပိုတောင် အစွမ်းထက်နေသည်။
လူသားဧကရာဇ် မြို့တော်၏လမ်းမများပေါ်သို့ တည့်တည့်ပြုတ်ကျပြီး မြေတွင်းကြီးတစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ပြည်သူများကို ကြောက်ရွံ့စေသည်။ သို့သော်၊ သူသည် ကောင်းကင်နယ်ပယ်သို့ရောက်နေသဖြင့် မသေနိုင်သေးပေ။
မကြာခင်မှာပဲ ၀တ်ဖြူတော် အစောင့်တွေ ရောက်လာပြီး သူ့ကို နန်းတော်ဆီ ပြန်ပို့လိုက်သည်။
လုံချီ တောင်ပေါ်ရှိ ခြံဝင်းထဲတွင်......
ပိုင်ချီက ဂုဏ်ယူစွာပြုံးပြီး..... "ဘယ်လိုနေလဲ... ကျွန်မ ထင်တာမှန်တယ်မဟုတ်လား?"
ဓားနတ်ဘုရားသခင်.... “တစ်ကွက်တည်းဆိုပေမယ့် ဆယ်ကြိမ်အတွင်းမှာပဲလေ....ငါမရှုံးဘူး...."
"အရှက်မဲ့လှချည်လား...!"
"မင်းက နုံအလွန်းတယ်။"
“ဟားဟား....ဂုဏ်သိက္ခာရှိတဲ့ ဓားနတ်ဘုရားက အရမ်းအရှက်မဲ့တယ်....နောင်ကျရင် တောင်ပေါ်တက်လာတဲ့ သူတွေကို သေချာပြောပြမယ်…”
"ရပ်စမ်း! ငါသင်ပေးမယ်..... မင်းက နတ်ဆိုးဝံပုလွေတစ်ကောင်ဖြစ်ပေမယ့် မဓားပညာကို သင်ယူမယ်ဆိုတော့ ဓားကို ဘယ်လိုသုံးမှာလဲ...."
“ပါးစပ်နဲ့ကိုက်ပြီးသုံးမှာပေါ့... ပြဿနာရှိလို့လား.... ဒါ့အပြင် ကျွန်မက လူသားပုံစံ ပြောင်းနိုင်တယ်!”
သူတို့ ရန်ဖြစ်နေကြစဉ် ကျန်းချန်ရှန်း ကမြေဝိညာဉ်သစ်ပင်အောက်တွင် ပေါ်လာပြီး တရားထိုင်နေသည်။
လူသားဧကရာဇ်ကို လွှတ်ရခြင်းအကြောင်းရင်းမှာ ကျန်းမိသားစု၏သားမြေးများကို ကံကြမ္မာ ထိန်းချုပ်ခွင့်ပေးခြင်းကဲ့သို့ အမွေဆက်ခံမှုများ ပိုမိုရရှိစေလိုခြင်းကြောင့်ဖြစ်သည်။
နန်းတော်ထဲတွင် ကျန်းရှုနှင့် ကျန်းထျန်ရှန်းတို့၏ စကားပြောသံကို သူကြားလိုက်ရသည်။
ကျန်းမိသားစုမှ မျိုးဆက်များ ရန်ဖြစ်မည်မဟုတ်ဟု မျှော်လင့်ခဲ့ဖူးသည်။ သို့သော် တော်ဝင်မိသားစုတွင် ရန်ပွဲကင်းစင်ဖို့မဖြစ်နိုင်ပေ။ ပြင်းပြင်းထန်ထန် မတိုက်ခိုက်သရွေ့ ဒီအတိုင်းသာကြည့်နေပေမည်။ အနာဂတ်တွင် ရှုံးနိမ့်ခဲ့သည့် မည်သူမဆို တာအိုဘုန်းတော်ကြီးအဖြစ် လုံချီဘုရားကျောင်းသို့ ဝင်ရောက်နိုင်သည် သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရနိုင်သည်။
ကျန်းရှုသည် ကျန်းဇီယုထက် နိမ့်ကျနေပြီဖြစ်သည်။ နောက်ဧကရာဇ်က ကျန်းရှု ထက် ယုတ်ညံ့ပြီး မျိုးဆက်တစ်ခုပြီးတခု ပိုဆိုးလာရင် ဘာဖြစ်ကုန်မလဲ......
ကျန်းချန်ရှန်း ထိုအကြောင်းကို တက်တွေးမနေဘဲ ရပ်တန့်လိုက်သည်။ သာမန်ပြည်သူတွေရဲ့ မိသားစုတွေမှာတောင် အခက်အခဲတွေကိုယ်စီ ရှိကြစမြဲပင်.... တကျန်း၏ တော်ဝင်မိသားစု ထာဝရသဟဇာတဖြစ်ရန် မည်သို့မျှော်လင့်နိုင်မည်နည်း။
ရှင်သန်ခြင်းဆုလာဘ်ကို စောင့်မျှော်ရတာကသာ ပိုကောင်းပေမည်။
သူသည် လူသားဧကရာဇ်အား ဘေးဥပဒ်ဖြစ်စေလိုသောကြောင့် အရေးယူရန် တမင်တကာ စောင့်ဆိုင်းနေခဲ့သည်။
နန်းတော်အတွင်းတွင် .......
တာဝန်ရှိသူများ တုန်လှုပ်ခြောက်ခြားစွာ ဆွေးနွေးနေကြသည်॥
“လူသားဧကရာဇ် ဒီလိုပဲ ရှုံးသွားတာလား”
“လူသားဧကရာဇ်က တော်ရုံတန်ရုံပါပဲ..... ဘယ်လိုကံကြမ္မာတဲ့လဲ.... လျှို့ဝှက်ဆန်းကြယ်သလို သက်သက်လုပ်နေတာ......!”
“တကယ်တော့ လူသားဧကရာဇ်က မသန်မာတာ မဟုတ်ဘူး.... တာအိုဘိုးဘေးတွေသာ အရမ်းသန်မာနေတာ.... ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ချီဓာတ်မျိုး မြင်ဖူးလို့လား...."
“တကယ်တော့ တာအိုဘိုးဘေးရဲ့ နယ်ပယ်က အရမ်းမြင့်တယ်... သူ့တပည့်တွေဖြစ်တဲ့ ဗိုလ်ချုပ် ပင်းအန်းနဲ့ ဗိုလ်ချုပ် ကျန်းဂျန်တို့က တကျန်းအတွက် ကောင်းမွန်တဲ့အရာတွေယူဆောင်ပေးခဲ့ကြသူတွေပဲလေ.... ကောင်းကင်ဗျူဟာတပ်က ဗိုလ်ချုပ်ရှုထျန်းကျီနဲ့ ဗိုလ်ချုပ် ချန်းလီတို့တောင် တာအိုဘိုးဘေးရဲ့ လမ်းညွှန်မှုကို ရခဲ့ကြတယ်...."
"ဒါပေမယ့် လက်ရှိမင်းသားတွေထဲမှာ ဘယ်သူကမှ တာအိုဘိုးဘေးဆီကနေ မျက်နှာသာပေးမခံရသေးဘူး..."
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အချင်းချင်း ဆွေးနွေးနေကြပြီး အရာရှိဟောင်းအချို့၏ စကားများက ကျန်းထျန်းချွဲ့၊ ကျန်းထျန်းချီ နှင့် အခြားမင်းသားများကို အရှက်ရစေခဲ့သည်။
ကိုးနှစ်အရွယ် ကျန်းထျန်ရှန်းကတော့ တည်ငြိမ်သော အမူအရာဖြင့်သာ....
လူသားဧကရာဇ် ရှုံးနိမ့်ပြီး လူသားဧကရာဇ်၏ အမွေခံ ဂုဏ်သိက္ခာ ကျဆင်းသွားသည်ကို မြင်သည့်တိုင် မတုန်လှုပ်သေးပေ။ အရာအားလုံးက သူ့မျှော်လင့်ချက်အတိုင်းဖြစ်လာသလိုပင်....
ကျန်းရှုက သူ၏စွမ်းဆောင်ရည်ကို သတိပြုမိပြီး အံ့သြသွားသည်။
သူက ငယ်သေးပေမယ့် သဘောထားကြီးတယ်...
သူ၏သားများအားလုံး ဒီကလေးလောက်မထူးချွန်သည်မှာ ထင်ရှားပါသည်။
ကျန်းရှု သက်သာရာရသွားသည်။ သူသည် ကွယ်လွန်သူဧကရာဇ်မင်းမြတ်ထက်သာလွန်လိုသောဆန္ဒကို ချိုးနှိမ်ခဲ့သော်လည်း နိုင်ငံ့ရေးရာများကို စီမံခန့်ခွဲခြင်းမှလွဲ၍ သူ့သားသမီးများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ကျန်းဇီယုထက် နိမ့်ကျခဲ့သည်။
သူ့အစ်ကိုတွေက ဒေသတစ်ခုကို အုပ်စိုးနိုင်ပေမယ့် သူ့သားတွေအားလုံးက အပျော်မက်ပြီး လောဘကြီးကြသည်။
[ယန်တျယ်ခေတ် ၁၃ နှစ်တွင်... လူသားဧကရာဇ် တကျန်းသို့ရောက်လာပြီး သင်နှင့်တိုက်ခိုက်လိုသည်။ သင်သည် သူ၏စိန်ခေါ်မှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ သင်သည် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်မှုဆုအဖြစ်အဆင့်မြင့် မှော်လက်နက်ဖြစ်သော နတ်ချည်ပိုးကြိုးကိုရရရှိသည်]
ကျန်းချန်ရှန်းသည် ထိပ်တန်းမှော်ရတနာတစ်ခုဖြစ်ကြောင်း မြင်သောအခါ၊ ချက်ချင်းလက်ခံခဲ့သည်။
နတ်ချည်ပိုးကြိုးသည် အလွန်အစွမ်းထက်သော ချည်နှောင်နိုင်စွမ်းရှိသည့် မှော်ရတနာတစ်မျိုးဖြစ်သည်။ ၎င်းတွင် စည်းတံဆိပ်များနှင့် ကန့်သတ်ချက်များစွာပါရှိသည်။ တစ်စုံတစ်ယောက်ကို ၎င်းဖြင့် ချည်နှောင်လိုက်သည်နှင့် ခန္ဓာကိုယ်ကိုသာမက ၎င်းတို့၏ဝိညာဉ်ပင် မလွတ်မြောက်နိုင်တော့ပေ။ နတ်ချည်ပိုးကြိုးသည် အလိုအလျောက် ချဲ့ထွင်နိုင်ပြီး ၎င်း၏အရွယ်အစားကိုလည်း ပြောင်းလဲနိုင်သည်။
၎င်းသည် သူ့အတွက် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရနိုင်သော ပထမဆုံး မှော်လက်နက်ဖြစ်သည်။ ထိုက်ယန်ရှန့်ကုန်းသည် ထိပ်တန်းမှော်ရတနာတစ်ခုလည်းဖြစ်သော်လည်း ၎င်း၏ထိရောက်မှုက ကိုင်ဆောင်သုံးစွဲသူအပေါ်တွင်မူတည်ဆဲဖြစ်သည်။
နတ်ချည်ပိုးကြိုးကတော့ ထိုသို့မဟုတ်ပေ။ အစွမ်းထက်သော်လည်း ၎င်း၏ ကန့်သတ်ချက်များ မည်ကဲ့သို့ ရှိမည်ကို မသိနိုင်သေးပေ။
ကျန်းချန်ရှန်းသည် နတ်ချည်ပိုးကြိုး ကို ချက်ချင်း မထုတ်ခဲ့ပေ။ အဲဒီအစား သူက ဆက်ပြီး တရားထိုင်နေခဲ့သည်။
အဓိကအားဖြင့် သူသည် ရှေးဟောင်းနတ်ဘုရားတိုက်ကြီးအား လေ့လာရန်အသုံးပြုခဲ့သော သူ၏ဝိညာဉ်စွမ်းအင်ကို ပြန်လည်ရရှိရန် လိုအပ်သောကြောင့်ဖြစ်သည်။
ရက်အတော်ကြာပြီးနောက်....
ကျန်းရှုက ကျန်းထျန်ရှန်းနှင့်အတူ လူသားဧကရာဇ်ထံ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့သည်။
လူသားဧကရာဇ်သည် နန်းတော်အနီးရှိ စံအိမ်တော်တွင် နေထိုင်ရန် စီစဉ်ခဲ့ပြီး လက်ရှိတွင် ပြန်လည်သက်သာလာခဲ့သည်။
ကျန်းထျန်ရှန်း ကုတင်ပေါ်တွင် တရားထိုင်နေသော လူသားဧကရာဇ်ကို ကြည့်လိုက်သည်။
အခြားမင်းသားတွေမရှိရင် သူ့ပုံစံက ရှက်ရွံ့နေပုံမပေါ်ပေ။
လူသားဧကရာဇ်က မျက်လုံးဖွင့်ပြီး သူ့ကို စိုက်ကြည့်နေကာ....
“မင်း လူသားဧကရာဇ်ဖြစ်ချင်နေသေးလား.....
ကျန်းထျန်ရှန်းက “ကျွန်တော် ကျေကျေနပ်နပ်လက်ခံပါ့မယ်....စီနီယာရဲ့ ကံကြမ္မာကို ကျွန်တော့်ဆီ လွှဲပေးပါ... အနာဂတ်မှာ စီနီယာကို စံနမူနာထားပြီး နောက်ထပ်လူသားဧကရာဇ်ကို ရွေးချယ်ပါ့မယ်....."
လူသားဧကရာဇ်က ကျန်းရှုက သူ့သားကို ဒီလိုပြောတတ်အောင် သင်ပေးထားတယ်လို့ ထင်ပြီး ကျန်းရှုကို တစ်ချက်ကြည့်လိုက်သည်။
ကျန်းရှု၏အမူအရာ ပြောင်းလဲသွားသည်။ ဒီကလေးကို သူ ဘာမှ မသင်ပေးထားဘူး......
လူသားဧကရာဇ်က ကျန်းထျန်ရှန်းကို ထပ်မံကြည့်ရှုပြီး.....
“ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး.....ငါပြန်ကောင်းလာတဲ့အခါ မင်းအတွက် ငါ့ခွန်အား၊ အဆုံးစွန်သော နည်းစနစ်နဲ့ ကံကောင်းခြင်းတွေအားလုံးကို ပေးခဲ့မယ်....."