← Chapters

တောင်ပေါ်ကဆရာတော်.....

Vol. 10 Ch. 141

တောင်ပေါ်ကဆရာတော်.....

Vol. 10 Ch. 141

"ခွန်အားတွေလည်း လွှဲပေးလို့ရတာလား...."

ကျန်းရှု အံ့သြစွာမေးလိုက်သည်။ ကျန်းထျန်ရှန်းက ဘယ်လောက်ပဲ အေးအေးဆေးဆေး နေပါစေ၊ သူက ကလေးပဲ ရှိပါသေးသည်။ လူသားဧကရာဇ်၏ စကားများကို ကြားရသောအခါ စိတ်လှုပ်ရှားလာသည်။

လူသားဧကရာဇ်၏ မျက်နှာက ဖြူဖျော့နေပြီး.....

“လူသားဧကရာဇ်ရဲ့ အခန်းကဏ္ဍက ထူးခြားတယ်.... ငါ့ခွန်အားကို မင်းဆီ လွှဲပေးနိုင်ပေမယ့် မင်းသာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ထက်သာလွန်တဲ့ ရွှေခန္ဓာနယ်ပယ်ကို မရောက်နိုင်ရင် သက်တမ်းတိုးလာမှာ မဟုတ်ဘူး...ပွင့်ပွင့်လင်းလင်းပြောရရင် ခွန်အားရှိနေရင်တောင် မင်းထီးနန်းတက်ရင် ဧကရာဇ်တစ်ယောက်ရဲ့ ကံကြမ္မာက မင်းရဲ့သက်တမ်းကို ကန့်သတ်ပေးလိမ့်မယ်....မင်းဆက်တစ်ဆက်ရဲ့ ဧကရာဇ်တစ်ပါးက အသက်တစ်ရာကျော် အသက်ရှင်ဖို့ ခက်လိမ့်မယ်....."

ကျန်းရှု အံ့သြသွားသည်။ ယခု သူ့ပခုံးပေါ်၌ ဧကရာဇ်မင်း၏ ကံကြမ္မာကို ထမ်းပိုးထားသောကြောင့် ထိုစကားကို ကြားသောအခါ စိတ်မသက်မသာဖြစ်နေရသည်။

ကျန်းထျန်ရှန်းက.... "ဒါဆို ကျွန်တော် အသက်တစ်ရာကျော် မရှင်သန်ရင် ဘယ်လိုလုပ်မလဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ပြီး သဘောထားပျော့ပျောင်းသူဖြစ်ဖို့ထက် တကျန်းကို ကူညီပေးတာက ပိုကောင်းပါတယ်.......”

ဒါကိုကြားတော့ လူသားဧကရာဇ်၏ ကျန်းထျန်ရှန်းအပေါ် အထင်အမြင်တွေ ပြောင်းလဲသွားသည်။ကျန်းရှုက သူ့ကို စကားပြောတတ်အောင် သင်ပေးတယ်လို့ထင်ခဲ့ပေမယ့် သူ့လေသံနဲ့ အမူအရာက တကယ့်ကို ထူးထူးခြားခြားပင်......

ဤသို့ဖြင့် ကျန်းထျန်ရှန်းက လူသားဧကရာဇ်၏ တပည့်ဖြစ်လာခဲ့သည်။ လူသားဧကရာဇ်သည် ကံကြမ္မာကို မြို့တော်သို့ ပြောင်းရွှေ့မည်ဖြစ်ပြီး ကံကြမ္မာ၏ ကျွမ်းကျင်သူ ၁၀၀၀ကလည်း ကျန်းထျန်ရှန်းကို ကူညီမည်ဖြစ်သည်။

ဒီသတင်းဟာ မြို့တော်အနှံ့ ပြန့်နှံ့သွားပြီး လှိုင်းထန်ခဲ့သည်။

ယခု အိမ်ရှေ့မင်းသားရာထူးကို အာမမခံနိုင်တော့ပေ......

အိမ်ရှေ့မင်းသားသည် သက်တောင့်သက်သာရှိလွန်းသောကြောင့် အရပ်ဘက်နဲ့ စစ်ဘက်အရာရှိမည်သူ့ကိုမျှ သူ့ဘက်အပါမခေါ်နိုင်ခဲ့ပေ။

ဒုတိယမင်းသားကျန်းထျန်းချီက ဒါကိုသိပြီးနောက် ချက်ချင်းဆိုသလိုငြိမ်သွားပြီး တခြားမင်းသားတွေကလည်း လောလောဆယ်မှာ တုံ့ပြန်ခြင်းမရှိပေ။

လူသားဧကရာဇ်သည် တကျန်း၏ မင်းသားဆယ့်နှစ်ကို ရွေးချယ်ခဲ့ကြောင်း သတင်းသည် တိုက်ကြီးတစ်ခွင်သို့ လျင်မြန်စွာပျံ့နှံ့သွားသည်။ မင်းဆက်အသီးသီးရဲ့ တုံ့ပြန်မှုတွေကလည်း မတူကြပေ။ တစ်ချို့က ပျော်ကြတယ်၊ တစ်ချို့က ကြောက်ရွံ့ကြတယ်၊ တစ်ချို့က ဒေါသဖြစ်ကြတယ်......

ဇွန်လတွင်........

ကျန်းချန်ရှန်းက အိပ်မက်ထဲတွင်မုလင်းလော့ဆီ အလည်လာသွားခဲ့သည်။

"အစ်ကိုချန်ရှန်း....အစ်ကို့ရဲ့ ခါးမှာ ခရမ်းရောင်ကြိုးလေး ဘာလို့ရှိနေတာလဲ...."

မုလင်းလော့က ကျန်းချန်ရှန်း၏ခါးစည်းကြိုးကို စိုက်ကြည့်ကာ စပ်စုမေးမြန်းနေသည်။

ကျန်းချန်ရှန်း၏ ခါးတွင် ချည်ထားသော ခရမ်းရောင်ပိုးကြိုးတစရှိပြီး

မုလင်းလော့က ၎င်းကို အခုမှသာ သတိပြုမိသည်။

ကျန်းချန်ရှန်းက ပြုံးပြီး..... "ဒီလိုပါပဲ "

မုလင်းလော့ ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားတော့ဘဲ သူတော်စင်စံအိမ် အကြောင်းစတင်ပြောဆိုခဲ့သည်။

သူတော်စင်စံအိမ်ကိုရောက်တာ တစ်လခွဲကျော်ရှိပြီမို့ စံအိမ်အကြောင်းကို သေချာနားလည်နေပြီဖြစ်သည်။ သူမ၏ ထက်မြက်ထူးချွန်သော စွမ်းရည်များကြောင့် သူတော်စင်စံအိမ်ရှိ သြဇာအရှိဆုံး အမျိုးသမီးသိုင်းပညာရှင်တစ်ဉီးက သူမကို တပည့်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သည်။ ထို့အပြင် ထိုသိုင်းပညာရှင်သည် ကောင်းကင်နှစ်ခုနယ်ပယ်ရောက်နေပြီဖြစ်သည်။

ကျန်းချန်ရှန်းက သူမ ပြောသမျှကို ဂရုတစိုက် နားထောင်သည်။မုလင်းလော့ ၏ လေသံသည် ငြိမ်သက်နေသော်လည်း သူမ စိတ်လှုပ်ရှားနေသည်ကို သိနိုင်သည်။

သူတော်စင်စံအိမ်က သူမကို အံ့အားသင့်စရာတွေ ပေးစွမ်းခဲ့ပုံရသည်။

"ညီမရဲ့ဆရာက ငယ်ရွယ်နုပျိုတဲ့ ရုပ်ရည်ကို ထိန်းသိမ်းထားတဲ့နေရာမှာ ကျွမ်းကျင်တယ်.... အနာဂတ်မှာ အစ်ကို့ကိုရှာတဲ့အခါ အသက်ကြီးမသွားအောင် ညီမလည်း လေ့လာနေတယ်.....”

ကျန်းချန်ရှန်း၏ အသွင်အပြင်သည် သူမ ငယ်စဉ်ကတည်းက မပြောင်းလဲခဲ့သည့်အတွက် သူမကို စူးစမ်းချင်စိတ် ဖြစ်စေခဲ့သည်။

တုံ့ပြန်တဲ့အနေနဲ့ ကျန်းချန်ရှန်းက သူမကို ပြုံးပြလိုက်ပြီး ပါးပြင်ကိုဖျစ်ညှစ်လိုက်တော့ သူမ မျက်နှာနီရဲသွားခဲ့သည်။

သူမသည် အကြောင်းအရာကို အလျင်အမြန်ပြောင်းလိုက်ပြီး သူတော်စင်စံအိမ် အကြောင်း ဆက်လက်ပြောနေသော်လည်း ကျန်းချန်ရှန်း ၏လက်ကို မရှောင်ခဲ့ပေ။

မုလင်းလော့က အရင်ကတွေ့ဖူးတဲ့ ပါရမီရှင်အကြောင်း ပြောပြခဲ့သည်။ ထိုအချိန်က သူမကို အနိုင်ယူလုနီးပါးဖြစ်သော လင်းမျိုးရိုး ကောင်ကလေးသည်လည်း သူတော်စင်စံအိမ်သို့ ဝင်ရောက်လာခဲ့သည်။ သူ၏အမည်မှာ လင်းဟောင်ထျန်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ရန် ကြိုးစားနေပါသည်။

“ဟောင်ထျန်း…”

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်မိသည်။ ဒီနာမည်က တစ်ခုခုတော့ တခုခုပဲ.....

တစ်နာရီကြာ စကားပြောပြီးနောက် ကျန်းချန်ရှန်းက မုလင်းလော့ကို သိုင်းပညာဆိုင်ရာ နည်းလမ်းအချို့ လမ်းညွှန်ခဲ့သည်။ နှစ်များစွာကြာပြီးနောက်၊မုလင်းလော့သည် နတ်ကိုးပါးတိုက်ပွဲဝင်ပညာရပ်ကို အပြည့်အဝ ကျွမ်းကျင်ခဲ့သည်။

ကျန်းချန်ရှန်းနှင့်အတူလေ့ကျင့်ပြီးနောက် မုလင်းလော့အဆင့်များ ခုန်တက်လာနိုင်ပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝလာသည်။

လင်းဟောင်ထျန်းနဲ့ ပြန်တွေ့တဲ့အခါမုလင်းလော့ အရင်လိုပေါ့လျော့နေမည်မဟုတ်ဘဲ အဲဒီအစား တတ်နိုင်သမျှ မြန်မြန်အနိုင်ယူရမည်။

တုန်းဟိုင်မင်းဆက်၏ တော်ဝင်မြို့တော်ရှိ အိမ်ကြီးတစ်ခုအတွင်းတွင်....

တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ထျန်းယန်ဖုန်းနှင့်အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦး စားပွဲထိပ်ပိုင်းတွင်ထိုင်နေသည်။ နှစ်ဘက်စလုံးတွင် လူဒါဇင်ပေါင်းများစွာ ထိုင်နေပြီး ၎င်းတို့အားလုံးတွင် ပြင်းထန်သော အော်ရာများရှိသည်။

ထျန်းယန်ဖုန်းက သူမရဲ့ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး....

"ဂိုဏ်းချုပ်တန်က ဘယ်အချိန် လှုပ်ရှားမှာလဲ.....

အစိမ်းရောင်ဝတ်ထားသူက တခစ်ခစ်ရယ်ပြီး.... “အလျင်မလိုပါဘူး.... ကျုပ်တို့ဂိုဏ်းက နဂါးသွေးတိုက်ကြီးရဲ့ ချောင် ဂိုဏ်းတွေနဲ့ အဆက်အသွယ်ရှိတယ်... ရှန်းရှန်တုံးထျန်း ထွက်သွားပြီးနောက် ချောင်ဂိုဏ်းတွေက အခုဆို ရည်မှန်းချက်ကြီးလာကြပြီ ....ဒီအချိန်မှာ သူတို့ကို အသုံးချဖို့ သိပ်ကောင်းတဲ့အချိန်ပဲ.....အရင်ဆုံး တာအိုဘိုးဘေးကို ရှင်းပစ်ပြီး ဒီတိုက်ကြီးကို ခွဲဝေကြတာပေါ့....."

"တာအိုဘိုးဘေးရဲ့ နောက်ခံက ဘယ်လိုလဲ.....တကျန်း ဇာတိတော့မဖြစ်နိုင်ဘူး.... သူ့အသက် 120 မတိုင်ခင် စကြဝဠာနယ်ပယ်ကို ကျော်တက်ဖို့ဆိုတာ စိတ်ကူးလို့တောင်မရဘူး....”

“ သဲလွန်စတွေရှာဖို့ သမုဒ္ဒရာထဲမှာစုံစမ်း ခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ရဘူး.....”

"သူက အတုအယောင်ပဲ ဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် ငါတို့ လမ်းကြောင်းပေါ် ရောက်နေပြီဆိုတော့ ဖယ်ရှားပစ်ရမယ်....."

"မှန်တယ်....နဂါးသွေးကြောတိုက်ကြီး လက်မလွှတ်ချင်ရင် သူနဲ့ အနှေးနဒ့အမြန်ဆိုသလိုတွေ့မှာပဲ... တကျန်းရဲ့ စဉ်ဆက်မပြတ် စစ်ပွဲတွေက သူတို့ ဒီတိုက်ကြီးကို ဝါးမြိုဖို့ ရည်မှန်းချက်ရှိတာကို ရှင်းရှင်းလင်းလင်းပြသနေတယ်

“ကျုပ်တို့တစ်ယောက်တည်းရဲ့ခွန်အားကို အားကိုးဖို့ မလုံလောက်ဘူး....တခြားပြည်ပ အင်အားစုတွေကို ဆက်ပြီး ဆွဲဆောင်ရမယ်.... အများစုကတော့ နဂါးသွေးကြောတိုက်ကြီးကို အညီအမျှ ပိုင်းခြားချင်နေကြတယ်.... ကျုပ်တို့အားလုံးမှာ ကိုယ်ပိုင်ကျွန်းတွေရှိတာကြောင့် တိုက်ကြီးတစ်ခုအတွက် အရာအားလုံးကို စွန့်စားဖို့ မလိုဘူး.....”

သူတို့အားလုံးသည် တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းမှ ကျွမ်းကျင်သူများ နှင့် ဝတ်လုံအစိမ်းခြုံထားသောသူ၏ဂိုဏ်းမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့အထဲမှာ အပျော့ဆုံးကတောင် အစစ်အမှန်နတ်ဘုရားမှာ ရှိနေတဲ့အတွက် သူတို့အားလုံး စကားပြောပိုင်ခွင့်ရှိကြသည်။

ဂိုဏ်းချုပ်တျန် ဟုခေါ်သော အစိမ်းရောင်ဝတ်ထားသူက.... “ တာအိုဘိုးဘေးက ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူဖြစ်နိုင်တယ်...ဒါ့အပြင်၊ နဂါးသွေးကြောတိုက်ကြီးရဲ့ လူသားဧကရာဇ် သူ့ကို ရှုံးနိမ့်ခဲ့တယ်....သူက ကောင်းကင်တစ်ခု ဒါမှမဟုတ် ကောင်းကင်နှစ်ခုနယ်ပယ်လောက်တော့ရှိနေလောက်ပြီ..... ကျူပ်ရဲ့အကြံအစည်က ကောင်းကင်တစ်ခုနယ်ပယ် ငါးယောက်ကို စုစည်းပြီး တာအိုဘိုးဘေးကို တိုက်ခိုက်မယ်... သူ့ကို အနိုင်မယူနိုင်ရင် ဆုတ်ခွာပြီး နဂါးသွေးကြောတိုက်ကြီးကို စွန့်လွှတ်နိုင်ပါသေးတယ်.....”

ထျန်းယန်ဖုန်းက မျက်လုံးမှိတ်ထားပြီး ......“ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူ ငါးဦးကို ရှာရတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး....ရှင်နဲ့ကျွန်မအပြင် တခြား ပညာရှင် သုံးယောက်ကို ရှာဖို့ လိုသေးတယ်....."

ဂိုဏ်းချုပ်တျန်က.... “ ဒီလိုအစီအစဉ်ကို အဆိုပြုတယ်ဆိုကတည်းက ကျုပ်မှာ ယုံကြည်မှုရှိလို့ပေါ့..... ဒါပေမယ့် သူတို့ကို ဆွဲဆောင်ချင်တယ်ဆိုရင်တော့ နဂါးသွေးကြောတိုက်ကြီးရဲ့ သုံးပုံနှစ်ပုံကို စွန့်လွှတ်ရမယ်......ဒီအခြေအနေကို အရင်ဦးဆုံးသဘောတူပြီး တာအိုဘိုးဘေးကို အနိုင်ယူရမည်..... သူ့ကို အနိုင်မယူနိုင်ရင် အကျိုးအမြတ်ခွဲဝေမှုက အချည်းနှီးသက်သက်ပဲ”

ဒါကိုကြားတော့ ထျန်းယန်ဖုန်းက ချက်ချင်း သဘောတူလိုက်သည်။ ဂိုဏ်းနှစ်ခုမှ ကျွမ်းကျင်ပညာရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း အဆုံးတွင် မည်သူမျှ ငြင်းဆိုခြင်းမရှိပေ။

တာအိုဘိုးဘေးပေးခဲ့တဲ့ ဖိအားက အရမ်းကြီးမားလွန်းတယ်....

တကျန်း..ယွီပြည်နယ်...ပင်လယ်ကမ်းစပ်ဆိပ်ကမ်းတွင်...

အလုပ်သမား အများအပြား အလုပ်များနေပြီး ဆိပ်ခံတံတားကို ဆောက်လုပ်ဆဲဖြစ်သည်။ မိုင်ပေါင်းများစွာ ဝေးကွာသော ပင်လယ်ပြင်တွင် စစ်သားအများအပြား လေ့ကျင့်နေကြသည်။ စောရနတ်ဘုရားက စုန့်လီနဲ့အတူ ကမ်းခြေမှာ ရပ်ပြီး ဤမြင်ကွင်းကို ဘေးချင်းကပ်ကြည့်နေကြသည်။

စောရနတ်ဘုရားက “ဒီရေတပ်ကို ပုံဖော်ဖို့ ဘယ်လောက်ကြာမလဲ”

စုန့်လီ ခဏလောက်စဉ်းစားပြီး.... “ဆယ်နှစ်..... သမုဒ္ဒရာထဲမှ ထိပ်တန်းရေတပ်ဖြစ်လာဖို့ဆို ဆယ်နှစ်ကြာမယ်... စူးစမ်းလေ့လာရုံသက်သက်ဆို နှစ်နှစ်ကနေ သုံးနှစ်လောက်သာ ကြာမယ်.... ဒါပေမယ့် အန္တရာယ်တွေ ကန့်သတ်ချက်တွေနဲ့ နီးကပ်နေလိမ့်မယ်... လက်ရှိမှာ တကျန်း က သမုဒ္ဒရာကို စူးစမ်းဖို့ အလျင်လိုနေသေးတာမဟုတ်လား”

စောရနတ်ဘုရားက.... “တကယ်တော့ တကျန်းလိုအပ်နေတာက လက်ရွေးစင်စစ်တပ်..... မင်းကောင်းကောင်းစွမ်းဆောင်ပြီးပြီ.....မင်းရဲ့အကျိုးဆောင်မှုတွေ တစ်ခုပြီးတစ်ခု ချရေးပြီး ဧကရာဇ်ဆီ ပို့ပေးမယ်......."

စုန့်လီက ပြုံးပြီး... "ကျေးဇူးတင်ပါတယ်....."

သူသည် စောရနတ်ဘုရားထက် နယ်ပယ်မြင့်သော်လည်း ရာထူးတိုးဖို့အတွက် မျက်နှာချိုသွေးနေရသည်။

သူတို့ စကားစမြည်ပြောရင်း၊ စုန့်လီ ရုတ်တရက် ဦးတည်ရာတစ်ခုကို ကြည့်လိုက်သည်။

စောရနတ်ဘုရားက သူ၏အမူအရာ အပြောင်းအလဲကို သတိပြုမိပြီး လှည့်ကြည့်လိုက်သည်။ သမုဒ္ဒရာ အဆုံးမှာ သူ့ဆီ လျှောက်လှမ်းလာနေသူတစ်ယောက်ကို မြင်လိုက်ရသည်။

သေချာကြည့်လျှင် ထိုလူသည် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ပင်လယ်ပေါ်တွင် လမ်းလျှောက်နေသည

စောရနတ်ဘုရားက မျက်မှောင်ကြုတ်ပြီး “ရန်သူလား”

စုန့်လီက.... “ ကျူပ်သွားကြည့်မယ်....သတိထားပါ....."

ထိုစကားဖြင့် သူသည် သမုဒ္ဒရာဆီသို့ ပျံသန်းသွားလေသည်။

စောရနတ်ဘုရားသည် ချက်ချင်းပင် စုတ်တံနှင့် စာရွက်ကို ထုတ်ကာ မှတ်စုရေးပြီးနောက် လေချွန်လိုက်သည်။ ခဏအကြာတွင် မိုင်တစ်ထောင် လင်းယုန်တစ်ကောင် ကောင်းကင်မှ ဆင်းသက်လာပြီး ချက်ချင်းပင် ၎င်း၏ခြေသည်းရှိ ပြွန်ငယ်ထဲသို့ မှတ်စုကို ထည့်လိုက်သည်။ သူသည် မိုင်တစ်ထောင် လင်းယုန်၏ ခေါင်းကို ပုတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်တောအဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။

တောတောင်တစ်ခုထဲတွင်.......

ကျန်းချန်ရှန်း တောထဲတွင် လမ်းလျှောက်နေသည်။ သူ၏မျက်ခုံးနှစ်ခုကြားရှိ တာအိုအမှတ်အသားထဲသို့ မြေဆီလွှာနှင့် သစ်ပင်များစွာကို စုပ်ယူနေပါသည်။

သူသည် တာအိုကမ္ဘာကို တည်ဆောက်ဖို့ ပြင်ဆင်နေသည်။ ဦးစွာ မြေဆီလွှာကို တည်ဆောက်ပြီး ကျောက်စိမ်းအရိုးစိမ်းဝါးသစ်တောအချို့ကို ယင်းထဲသို့ အစားထိုး စိုက်ပျိုးသည်။ မြေဆီလွှာ၊ အသီးအရွက်များနှင့် ဝိညာဉ်စွမ်းအင်များ အလွန်အကျွံလိုအပ်သောကြောင့် လုံချီ ဘုရားကျောင်းမှ ထွက်ခွာကာ လူသူမဲ့တောင်တန်းတစ်ခုသို့ လာရောက်ရန် ရွေးချယ်စရာမရှိတော့ပေ။ သို့သော် မြို့တော်ကို ကာကွယ်ရန် ပိုမိုလွယ်ကူစေရန် ကိုယ်ပွားတစ်ခုကို ခြံဝင်းထဲတွင်ထားခဲ့သည်။

ဤသည်မှာ တကျန်းရှိ အကြီးမားဆုံး လူသူမဲ့ တောင်တန်းဧရိယာ ဖြစ်သည်။ ဤနေရာတွင် လူသားများ၏ အရိပ်အယောင်များ မတွေ့ရဘဲ တောရိုင်းတိရစ္ဆာန်များနှင့်နတ်ဆိုး သားရဲများရှိသည်။

လမ်းတလျှောက် မြေဆီလွှာ၊ သီးပင်စားပင်များနှင့် ကျောက်တုံးများကို စုပ်ယူရင်း နတ်ဘုရားအာရုံကိုဖြန့်ကြက်ထားသည်။ အနီးနားတွင် လူမရှိသော်လည်း အချို့သော ကျွမ်းကျင်သူများ ရုတ်တရက် ရောက်လာမည်ကို စိုးရိမ်သောကြောင့်ပင်.....

သူ ရှေ့သို့ ရွေ့သွားစဉ် တာအိုကမ္ဘာ ယ၏ အောက်ဆုံးအလွှာသည် မြေဆီလွှာနှင့် ဖုံးလွှမ်းနေပြီး ထောင့်တစ်နေရာတွင် ပန်းများနှင့် သစ်ပင်များစွာ စုဝေးနေပါသည်။

တစ်နာရီကြာပြီးနောက် ကျန်းချန်ရှန်း ကျေနပ်သွားသည်။ ဂေဟစနစ်ကို မထိခိုက်စေရန် မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့ရသည်။

ပြန်ခါနီး ရုတ်တရက် ရပ်လိုက်ပြီး သူ့မျက်ခုံးကြားက တာအိုအမှတ်အသား ပျောက်ကွယ်သွားသည်။

ခဏအကြာတွင် တောင်ပေါ်၌ ဘုရားကျောင်းတစ်ကျောင်းကို တွေ့လိုက်ရသည်။ ဤဒေသရှိသစ်ပင်များသည် အလွန်ရှည်လျားပြီး တောအုပ်တွင် ပျံသန်းပါက ဤဘုရားကျောင်းကို ရှာတွေ့ရန် ခဲယဉ်းပေလိမ့်မည်။

ကျန်းချန်ရှန်း ဘုရားကျောင်းထဲကို တည့်တည့်လျှောက်သွားတော့ ဘုရားကျောင်းကကြီးကြီးမားမားမဟုတ်ဘဲ သာမာန်အိမ်တစ်လုံးနှင့် ပိုတူသည်။

ဧည့်ခန်းသို့ရောက်သောအခါတွင် ဘုန်းကြီးတစ်ပါးက သစ်တုံးကို ခေါက်လျက် ကျမ်းစာများရွတ်ဖတ်နေသည်။

ကျန်းချန်ရှန်းသည် ထိုသူ၏ရှေ့မှ ဗုဒ္ဓရုပ်ပွားတော်အား လှမ်းကြည့်လိုက်သည်။ ဤဗုဒ္ဓရုပ်ပွားတော်သည် ကြင်နာသောအသွင်အပြင်မရှိပေ။ အဲဒီအစား နတ်ဆိုးတွေကို နှိမ်နင်းနေတဲ့ ရဟန္တာတစ်ပါးနဲ့ ပိုတူကာ ဒေါသတကြီး စိုက်ကြည့်နေသလိုပင်.... ရုပ်ထု၏ ဘယ်ဘက်လက်မှာ ပန်းကန်လုံးတစ်လုံးနဲ့ ညာဘက်မှာ ပုဆိန်တစ်ချောင်းကို ကိုင်ထားပြီး အလွန်ထူးဆန်းနေပါသည်။

"ကိုယ်တော်....ဘာများမေးစရာရှိလို့လဲ..."

ဘုန်းကြီးတစ်ပါးက ကျန်းချန်ရှန်းကို ကျောပေးထားရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ကျန်းချန်ရှန်းက...."ဒီဘုရားကျောင်းငယ်လေးက ဘုရားဝတ်ပြုသူတွေကို လက်ခံတုန်းလား..... မိုင်သုံးထောင်အကွာအဝေးအတွင်း လူသူမရှိတာမို့ ဘုရားဖူးလာတဲ့သူရောရှိရဲ့လား....."

ဤနေရာကို လာဖို့ ဆွဲဆောင်ရခြင်း အကြောင်းရင်းမှာ ဘုန်းကြီးအိုကြီးရဲ့ အစွမ်းသတ္တိကြောင့် ဖြစ်သည်။

စကြဝဠာနယ်ပယ်.......

တကျန်းတွင်း ပုန်းကွယ်နေသော ကျွမ်းကျင်သူများ ရှိခဲ့သည်။ အတိတ်က မဟာယာနနဂါးမျှော်စင်ကသာ ဒီအကြောင်းကိုသိခဲ့ရင် .......,..

ဤလူသည် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း တကျန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ယခုအချိန်တွင်၊ စကြဝဠာနယ်ပယ်နှင့် ကောင်းကင်နယ်ပယ်မှ ကျွမ်းကျင်သူများသာလျှင် ကျန်းချန်ရှန်း၏အာရုံကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ဒီလူရဲ့ အသားတင်တန်ဖိုးဟာ အမွှေးတိုင် ၁၅၀၀၀ နဲ့ ညီမျှတယ်လို့ တွက်ချက်ခဲ့သည်။

ဘုန်းကြီးအိုကြီးက သစ်တုံး ခေါက်တာကို ရပ်လိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်..... “တာအိုဘိုးဘေးကို ရိုင်းပြမိသလိုဖြစ်သွားပြီ.. "

လှည့်ကြည့်လိုက်တော့ ကြောက်စရာကောင်းတဲ့ မျက်နှာတစ်ခု ပေါ်လာသည်။ သူ့မျက်နှာတစ်ဝက်လောက် မီးလောင်ခံထားရပြီး မျက်လုံးတွေတောင် ကျွတ်ထွက်တော့မည်။ သူ့မျက်နှာ၏ အခြားတစ်ဝက်သည် ခြောက်ဆယ်ကျော် သို့မဟုတ် ခုနစ်ဆယ်ကျော် အဘိုးအိုတစ်ဦးကဲ့သို့ အရေးအကြောင်းများရှိနေသည်။

ကျန်းချန်ရှန်းသည် ဘုန်းတော်ကြီး၏ ဝိညာဉ်စွမ်းအင်ကို အာရုံခံမိနေသဖြင့် ရုပ်ရည်ကြောင့် မထိတ်လန့်ခဲ့ပေ။

"ကျုပ်ကို တာအိုဘိုးဘေးမှန်း ဘယ်လိုသိတာလဲ"

“ တကျန်းက ကံကြမ္မာမင်းဆက်တစ်ခုဖြစ်ပေမယ့် သင့်မှာ ကံတရားရဲ့အရိပ်အယောင် မရှိဘူး....ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့သူဆို တာအိုဘိုးဘေးကလွဲပြီး အခြားဘယ်သူ့ကိုမှ စဉ်းစားလို့မရဘူး....."

All Chapters