ဟုန်ရွှမ်းမင်းဆက် ကျဆုံးခြင်း...ခေါတ်သစ်တည်ထောင်ခြင်း.....
Vol. 10 Ch. 142
" ကျုပ်က တခြားမင်းဆက်က မဖြစ်နိုင်ဘူးလား....."
ကျန်းချန်ရှန်းက ဘုန်းကြီးကို စိုက်ကြည့်ပြီး မေးလိုက်သည်။ဤဘုန်းကြီးမှာ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေရတဲ့ အကြောင်းရင်းရှိနိုင်တာကြောင့် သေချာမေးမြန်းရပေမည်။
“ကျုပ်ရဲ့ ထိုးထွင်းသိမြင်မှုကို ယုံတယ်”
ကျန်းချန်ရှန်းက ပြုံးပြီး ...."ခင်ဗျားရဲ့ နောက်ကြောင်းရာဇဝင်ကို သိခွင့်ရှိမလား.....ဒီလောက်နက်ရှိုင်းတဲ့ တောနက်ထဲမှာ ဘာလို့ ဘုရားကျောင်းဆောက်ထားတာလဲ....."
“ကိုယ်တော်က ထျန်းဟိုင်ကပါ...ရွေးချယ်စရာမရှိတော့လို့ အခုလိုပုန်းနေရတာပါ......ဒီမှာရှိနေရတဲ့ အကြောင်းရင်းနှစ်ခုရှိတယ်..... ပထမဆုံး အကြောင်းပြချက်က ထျန်းဟိုင်ကို ရှောင်ချင်လို့.... ဒုတိယကတော့ တာအိုဘိုးဘေးရဲ့ စွမ်းအားကို ငှားရမ်းချင်လို့ပါ... ကိုယ်တော်သာ လူစည်ကားရာအရပ်ကို သွားရင် အလွယ်တကူ ဒုက္ခရောက်နိုင်တာမို့ အခုလို နတ်ဆိုးသားရဲပေါများရာအရပ်မှာ နေနေရတာပါ...."
ထျန်းဟိုင်??????
"ဘာလို့ လိုက်နေကြတာလဲ"
“ကိုယ်တော်ရဲ့ဂိုဏ်းက မြင့်မြတ်တဲ့ ရတနာတစ်ခုရခဲ့ပြီး တခြားသူတွေကို မနာလိုဖြစ်စေခဲ့တယ်...ဒါပေမယ့် ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူရဲ့ ပံ့ပိုးကူညီမှုမရှိတာကြောင့်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံခဲ့ရတယ် ကိုယ်တော်သာ လွတ်မြောက်ခဲ့တယ်”
" တာအိုဘိုးဘေးက ကိုယ်တော့်ကို တကျန်းမှာနေခိုင်းဖို့ ဆန္ဒမရှိရင် ထွက်သွားပါ့မယ်.... ဆက်နေခိုင်းဖို့ ဆန္ဒရှိတယ်ဆို မြင့်မြတ်တဲ့ ရတနာကို လှူချင်ပါတယ်.... ဒါပေမယ့် ဒီမြင့်မြတ်တဲ့ရတနာက တကျန်းအတွက် ပြဿနာတွေကို အလွယ်တကူ ဆွဲဆောင်နိုင်လိမ့်မယ်.....”
ကျန်းချန်ရှန်းက စိတ်ဝင်တစားနဲ့.... "ဘယ်လို မြင့်မြတ်တဲ့ ရတနာမျိုးလဲဆိုတာ ကြည့်လို့ရမလား"
ဘုန်းကြီးသည် ချက်ချင်းပင် ဝတ်ရုံထဲမှ ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းသည် ကလေးတစ်ယောက်၏လက်သီးအရွယ်အစားဖြစ်ပြီး အနီရောင်ဖျော့ဖျော့သန်းကာ စိမ်းငြို့နေသည်။
“ဒါက နတ်ဆိုးစုစည်းခြင်းပုလဲပါ....ဒါကို ရှေးဟောင်းနတ်ဆိုးဧကရာဇ်ရဲ့ နတ်ဆိုးစွမ်းအားနဲ့ ဖန်တီးထားမို့ ကမ္ဘာပေါ်က နတ်ဆိုးအားလုံးကို စုဆောင်းနိုင်တယ်...ဒါပေမယ့် ဒီပုလဲကို အသုံးပြုပြီးတာနဲ့ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လာမှာ သေချာတယ်....အသုံးမပြုရင်တောင် နတ်ဆိုးတွေကို အလွယ်တကူ ဆွဲဆောင်နိုင်တယ်....."
ကျန်းချန်ရှန်းက လက်ကို မြှောက်လိုက်ပြီး လေထဲမှာ ဝှေ့ယမ်းလိုက်သည်။ သူသည် နတ်ဆိုးစုစည်းခြင်းပုလဲကို ထိန်းသိမ်းထားပြီး စူးစမ်းရန် နတ်ဘုရားအာရုံကို အသုံးပြုခဲ့သည်။
ကျန်းချန်ရှန်းရဲ့ လုပ်ရပ်ကို ကြည့်ပြီး ထိုဘုန်းကြီး ထိတ်လန့်မနေခဲ့ပေ။
ကျန်းချန်ရှန်းသည် ထိုပုလဲက အမှန်တကယ်ပင် အစွမ်းထက်သော နတ်ဆိုးစွမ်းအင်ဖြင့် ပေါင်းစပ်ထားသည်ကို တွေ့ရှိခဲ့သည်။ အလွန်ကျယ်ဝန်းပြီး အတွင်း၌ နတ်ဆိုးတစ်ကောင်၏ အကြွင်းအကျန် ဝိညာဉ်တစ်ခု ဝှက်ထားသည်။ ၎င်းသည် လက်ရှိတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ၎င်း၏ ဝိညာဉ် အလွန်အားနည်းနေပြီး နိုးထရန် ခက်ခဲသည်။
ထိုပုလဲကို ဘယ်လို အစွမ်းထက်တဲ့ နတ်ဆိုးမျိုးက စုပ်ယူနိုင်မလဲဆိုတာ စိတ်ကူးရခက်ပေသည်။
"ဒီနတ်ဆိုးစုစည်းခြင်းပုလဲကို ရယူလိုတဲ့ အပြင်းထန်ဆုံး ကျွမ်းကျင်သူက ဘယ်လောက် အစွမ်းထက်လဲ"
ကျန်းချန်ရှန်း စိတ်ထဲကနေ မေးလိုက်သည်။ လုယူလိုသော နတ်ဆိုးများနှင့် နတ်ဆိုးသားရဲများ ရှိလာမည်ကို စိုးရိမ်သဖြင့် ထိုသို့တွက်ချက်ကြည့်ခြင်းဖြစ်သည်။
[အမွှေးတိုင် 500,000 လိုအပ်သည်... ဆက်လုပ်လိုပါသလား။]
ထျန်းဟိုင်တွင် ပိုမိုအားကောင်းသော တည်ရှိမှုများ ရှိနေသည်။ ထျန်းဟိုင်တွင် အပြင်းထန်ဆုံး ကျွမ်းကျင်သူ၏ တန်ဖိုးသည် အမွှေးတိုင် 200,000 ထက် မကျော်လွန်ပေ။
ကျန်းချန်ရှန်း ခဏလောက်စဉ်းစားပြီး လက်ခံဖို့ဆုံးဖြတ်လိုက်သည်။ သူလက်မခံဘူးဆိုရင် ဒီပုလဲက တကျန်းကို ဒုက္ခဖြစ်စေမှာ သေချာသည်။ နောင်တွင်၊ သူသည် ထိုပုလဲကိုသုံး၍ နတ်ဆိုးများကို တိုက်ခိုက်ရန်ပင် အမိန့်ပေးနိုင်သည်။
"ခင်ဗျား နေပြန်ကောင်းလာရင် တကျန်းကို ထားခဲ့မှာလား..."
“ တာအိုဘိုးဘွားက ထွက်သွားစေချင်ရင်ထွက်သွားမယ်....နေခွင့်ပြုရင် ဒီမှာပဲဆက်နေမယ်......"
"ဒီလောက် အဖိုးတန်တဲ့ ရတနာတစ်ခုကို ဒီအတိုင်း ပေးချင်နေတာလား..."
“ဒီဆင်းရဲတဲ့ ဘုန်းကြီးက တကျန်းမှာ အချိန်အတော်ကြာနေခဲ့တာမို့ တာအိုဘိုးဘေးအကြောင်း သိသင့်သလောက်သိနေပါပြီ.... သင်က တစ်နှစ်ပတ်လုံး အထီးကျန်စွာ ကျင့်ကြံနေပြီး တကျန်းကို မထိခိုက်စေခဲ့ဘူး... တကျန်းက လူတွေအတွက် မိုးရွာဖို့တောင် ဆုတောင်းပေးခဲ့သေးတယ်.... သင့်ရဲ့လုပ်ရပ်ကြောင့် သင်ဟာ လူဆိုးမဟုတ်မှန်း ခန့်မှန်းနိုင်တယ်...ကိုယ်တော် ဒီပုလဲအပေါ် လောဘမရှိပါဘူး.....ထျန်းဟိုင်ကသာ ဒီပုလဲကိုရသွားရင် သမုဒ္ဒရာထဲက နတ်ဆိုးတွေကိုစုစည်းပြီး ကမ္ဘာစစ်ကို စတင်ကြလိမ့်မယ်....."
" ကျုပ် ဒီလိုလုပ်ရမှာကို မစိုးရိမ်ဘူးလား"
“သင်က တကျန်းရဲ့ နိုင်ငံသားတွေကိုဂရုစိုက်တယ်...ဒီတချက်တည်းကို အခြေခံရင် သင်က နတ်ဆိုးစုစည်းခြင်းပုလဲကို ရူးရူးမိုက်မိုက် အသုံးပြုမှာမဟုတ်ဘူး.... ဒါကို သုံးပြီးတာနဲ့ အပြစ်မဲ့နိုင်ငံသားတွေကို နတ်ဆိုးတွေ ဝါးမျိုသွားမှာ သေချာတယ်.....”
ဘုန်မင်းဟာ လူဆိုးမဖြစ်ရဘူး။ ဤဆင်းရဲသောရဟန်းကို သတ်၍ ဤပုလဲကို သိမ်းယူငြားအံ့။ ဤဆင်းရဲသောဘုန်းကြီးသည် နတ်ဆိုးပုလဲအတွက် လောဘမကြီးပါ။ လူဆိုးတွေလက်ထဲ မရောက်စေချင်ဘူး။ ထျန်းဟိုင် မှ ကျွမ်းကျင်သူသည် နတ်ဆိုးစုစည်းခြင်းပုလဲ ကို ရယူပြီး မရေမတွက်နိုင်သော ပင်လယ်နတ်ဆိုးများကို စုဆောင်းမိပါက ကမ္ဘာကြီးသည် ဘေးဆိုးသို့ ဦးတည်သွားလိမ့်မည် ။
ထိုဘုန်းကြီးသည် ကြောက်ရွံ့ခြင်း သို့မဟုတ် အသနားခံခြင်းမရှိဘဲ ကျန်းချန်ရှန်းကို အေးဆေးစွာ ရင်ဆိုင်ခဲ့သည်။
ကျန်းချန်ရှန်းက နတ်ဆိုးစုစည်းခြင်းပုလဲကို မဟာဝိညာဉ်လက်စွပ်ထဲကို ပစ်ထည့်လိုက်ပြီး.....
“ခင်ဗျား တကျန်းမှာ နေချင်ရင် ဆက်နေပါ.... ဒါပေမယ့် ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့....မဟုတ်ရင် ကမ္ဘာဆုံးတဲ့အထိလိုက်ရှာပြီး သတ်ပစ်မယ်...."
ကျန်းချန်ရှန်းလှည့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်တော့.....
" တာအိုဘိုးဘေး... ကျေးဇူးပြုပြီး ခဏစောင့်ပါဉီး!"
ဘုန်းကြီးက အလျင်စလို တားလိုက်ပြီး လှည့်ကြည့်လိုက်တော့ ဗုဒ္ဓရုပ်ပွားတော်နောက်ကို ဝင်သွားနေတာကို တွေ့လိုက်ရသည်။ ထို့နောက် သူသည် ကြောင်နှစ်ကောင်ကို ယူဆောင်လာခဲ့သည်။
“လုံချီဘုရားကျောင်းမှာ နတ်ဆိုးမြွေနဲ့ နတ်ဆိုးဝံပုလွေရှိတယ်လို့ ကြားတယ်... ဒီကောင်လေးတွေကို ခေါ်သွားပေးပါလား....သူတို့က သာမာန်နတ်ဆိုးတွေလို မဟုတ်ဘူး...နတ်ဆိုးစုစည်းခြင်းပုလဲရှိနေတာတောင် အသိစိတ်လွတ်မသွားကြဘူး...."
ကျန်းချန်ရှန်း၏ အကြည့်က ကြောင်နှစ်ကောင်ဆီသို့ ရောက်သွားသည် ။
ဤကြောင်နှစ်ကောင်သည် ကျေးလက်ရှိကြောင်များနှင့် မတူပေ။တစ်ကောင်က လိမ္မော်ရောင်နှင့်တစ်ကောင်က အနက်ရောင်ဖြစ်သည်။ သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုကြည့်ရသလောက်ဆို လေးလသား ငါးလသားတော့ ရှိပေမည်။
ကျန်းချန်ရှန်းက ၎င်းတို့၏ဝိညာဉ်စွမ်းအင်ကို စစ်ဆေးခဲ့သည်။ ကြောင်နှစ်ကောင်ဟာ တကယ်ကို မရိုးရှင်းပေ။ သူတို့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစွမ်းအားတွေ စုပုံနေပြီ.....
သူသည် ကြောင်ပေါက်နှစ်ကောင်ကို ချက်ချင်းခေါ်ကာ လှည့်ထွက်သွားသည်။
"တကျန်းကို အကျိုးပြုနိုင်သရွေ့ ဂိုဏ်းတစ်ခု တည်ထောင်ချင်ရင်တောင် ခင်ဗျားကို မတားဘူး..... စကြဝဠာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ဘာကြောင့် နက်နဲတဲ့ တောင်တန်းတွေမှာ အချိန်အကြာကြီး နေနေမှာလဲ.... ရန်သူတွေကို ကြောက်ရင် ရှီပြည်နယ်ကိုလာပြီး ဂိုဏ်းတစ်ခုတည်ထောင်နိုင်တယ်......."
ကျန်းချန်ရှန်း၏ အသံသည် ဘုရားကျောင်းငယ်လေးထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုစကားကိုကြားသောအခါ ဆရာတော်က မပြုံးနိုင်ဘဲ အဲဒီအစား စိုးရိမ်နေပုံရသည်။
ခြံထဲကို မပြန်ခင် ကျန်းချန်ရှန်းက သူ့ကိုယ်ပွားကို သူ့ဆီပြန်လာခိုင်းသည်။
သူသည် ကြောင်ကလေးနှစ်ကောင်ကို လက်ထဲက ချလိုက်ပြီး....
"ပိုင်ချီ၊ မင်း သူတို့ကို အခုကစပြီး ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူရမယ်...." လို့
အိပ်ပျော်နေသော ပိုင်ချီသည် ရုတ်တရက် ထထိုင်ကာ ရှုပ်ယှက်ခတ်နေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဓားနတ်ဘုရား၏အကြည့်က ကြောင်လေးနှစ်ကောင်ပေါ်သို့ ကျရောက်သွားပြီး သူတို့ကို ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။ ကျန်းချန်ရှန်းသည် ပိုင်ချီနှင့်ပိုင်လုံတို့ကို မွေးမြူထားသဖြင့် သာမန် တောကြောင်များကို ကောက်ယူလာမည်မဟုတ်ဟု ယုံကြည်ခဲ့သည်။
သားရဲအားလုံး နတ်ဆိုးများဖြစ်လာနိုင်သည်မဟုတ်ပေ။ နတ်ဆိုးသားရဲများ၏သားမြေးများသာ နတ်ဆိုးသားရဲများအဖြစ်သို့ မွေးမြူရန် ပိုမိုလွယ်ကူသည်။ ကြောင်နှစ်ကောင်ကို မြင်လိုက်ရသောအခါ ပိုင်ချီ၏ မျက်လုံးများ တောက်ပလာသည်။
ပျင်းရိစရာကောင်းတဲ့ နေ့ရက်တွေကုန်ဆုံးတော့မယ် ထင်ပါရဲ့.....
ဤသို့ဖြင့် ခြံဝင်းထဲတွင် နောက်ထပ် နတ်ဆိုးကြောင်နှစ်ကောင် တိုးလာသည်။
ရက်အနည်းငယ်ကြာတော့ ကျန်းချန်ရှန်း က သူတို့ကို နာမည်ပေးလိုက်သည်။ လိမ္မော်ရောင်ကြောင်လေးကို ဟွမ်းထျန်း လို့ခေါ်ပြီး ကြောင်နက်လေးကို ဟေးထျန်း လို့ခေါ်ပါသည်။ နှစ်ကောင်စလုံးက အထီးတွေဖြစ်ပြီး ဟွမ်းထျန်းက ကိုယ်လုံးကိုယ်ပေါက် နည်းနည်းပိုကြီးသည်။
ပိုင်ချီက သူတို့ကို နေ့တိုင်း လှည့်စားပြီး ခြံဝင်းကို ပိုအသက်ဝင်စေခဲ့သည်။
ယန်တျယ်ခေါတ်၏ 14 နှစ် ဇန်န၀ါရီလအစတွင်.........
ကျန်းဂျန်နှင့်ပင်းအန်းတို့သည် ဟုန်ရွှမ်း မင်းဆက်၏ တော်ဝင်မြို့သို့ သွားရာလမ်းတစ်လျှောက်တွင် အစုလိုက်အပြုံလိုက် သတ်ခဲ့ကြသည်။ ဧဟုန်ရွှမ်းဧကရာဇ်သည် ပင်းအန်း၏ တူဖြင့် အသားပြားလို ရိုက်နှက်ခံခဲ့ရပြီး နန်းတော်အတွင်းတွင် သွေးချောင်းစီးခဲ့သည်။
ဖေဖော်ဝါရီလတွင် ဟုန်ရွှမ်းမင်းဆက်၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ တယောက်ပြီးတယောက် လက်နက်ချခဲ့ကြသည်။ ထိုအချိန်မှစ၍ ဟုန်ရွှမ်း မင်းဆက် ပြိုလဲသွားခဲ့သည်။ မင်းဆက်ရဲ့ နန်းသက် 207 နှစ်အတွင်းမှာ ဧကရာဇ် ဆယ့်နှစ်ပါး ရှိခဲ့ဖူးသည်။
ထိုသတင်း တကျန်းကို ပျံ့သွားတဲ့အခါ အားလုံး ရွှင်မြူးနေကြပြီး ကျန်းရှုနှင့် ကျန်းဂျန် တို့၏ ဂုဏ်သတင်းလည်း လွန်ကဲစွာကျော်ကြားလာသည်။
စာကြည့်ဆောင်၌.........
အသက် 60 ပြည့်တော့မည့် ကျန်းရှုက စားပွဲကို ဆောင့်ရိုက်ကာ ထွက်သွားသည်။ သူ့မျက်နှာက စိတ်လှုပ်ရှားမှုများကြောင့် နီမြန်းနေသည်။
“ကောင်းတယ်! ကောင်းတယ်! သိပ်ကောင်းတယ်!"
သူသည် ၁၄ နှစ်ကြာ ထီးနန်းစိုးစံခဲ့ပြီး ကံကြမ္မာမင်းဆက်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့လုပ်ဆောင်နေစဉ်တွင် တကျန်း၏စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလည်း ကြီးပွားတိုးတက်ခဲ့သည်။ ဒီအောင်မြင်မှုဟာ သမိုင်းမှာ သေချာပေါက် အမှတ်အသားတစ်ခုဖြစ်လာပေမည်။ ကျင်းတိုင်ကျုံး ထက် မနိမ့်ကျရင်တောင် ကွာခြားချက်က သိပ်ကြီးမှာ မဟုတ်ပေ။
"ဟားဟား ....."
ကျန်းရှုသည် သူ၏ မြင့်မားသော စိတ်ဓာတ်ကို ပြသပြီး အားပါးတရရယ်မောလိုက်သည်။ သို့သော် ရယ်မောရင်း ပြင်းထန်စွာ ချောင်းဆိုးလာသည်။
၀တ်ဖြူတော် အစောင့်တွေက စားပွဲရှေ့မှာ ဒူးထောက်နေရာကနေ ကမန်းကတန်း ထရပ်လိုက်ကြသည်။ သို့သော် ကျန်းရှု သွေးအန်ပြီး မေ့မြောနေပြီဖြစ်သည်။
ညအခါတွင်........
ကျန်းချန်ရှန်းသည် ကျန်းရှု၏ ကုတင်ပေါ်တွင် စိတ်မကောင်းဖြစ်နေသည့်အမူအရာနှင့် ထိုင်နေသည်။
ကျန်းရှု၏ မျက်နှာ ဖြူဖျော့နေပြီး.....
“အဘိုး....ကျွန်တော့်အတွက် ဝမ်းနည်းနေစရာ မလိုဘူး.... ဒီနေ့ရောက်လာမယ်ဆိုတာ သိပြီးသားပါ... တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွန်တော့်ရဲ့ ကျန်းမာရေး ယိုယွင်းနေပြီ.....အခုလို ဆန္ဒတွေပြီးမြောက်အောင် လုပ်ပြီးတဲ့အထိ အသက်ရှည်ရှည် နေနိုင်ခဲ့တာ အဘိုးရဲ့ ဆေးလုံးတွေ ကျေးဇူးကြောင့်ပါ.... ဒီဘဝအတွက် နောင်တရစရာ မရှိပါဘူး…”
သူသည် ကျန်းချန်ရှန်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အံကြိတ်လိုက်သည်။
“အဘိုး၊ အိမ်ရှေ့စံကို ရာထူးကဖယ်ပြီး ထျန်ရှန်းကို နန်းတက်ခွင့်ပေးချင်တယ် ... ငယ်သေးပေမယ့် ချန်းလီက သူ့ကို ကူညီပေးမှာပါ… အဘိုး ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပေးပါ...…”
ကျန်းချန်ရှန်းရဲ့ တားမြစ်ချက်ကို သူသိပြီး ကျန်းမိသားစု အချင်းချင်း ထပ်ပြီး ပဋိပက္ခ မဖြစ်စေချင်ပါ... သို့သော် သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေ။
ကျန်းချန်ရှန်း သက်ပြင်းချလိုက်ပြီး..... "ကောင်းပြီ...မင်းသဘောပဲ...."
ကျန်းရှုက ပြုံးလိုက်ပြီး.... "ထျန်ရှန်းဆီ လွှဲထားခဲ့ရင် တကျန်းပိုပြီး အားကောင်းလာမှာပါ......"
အတော်ကြာပြီးနောက် ကျန်းချန်ရှန်း သည် လုံချီ တောင်သို့ ပြန်သွားခဲ့သည်။ အဖိုးနဲ့မြေးကြားမှာ စကားအများကြီးပြောစရာမရှိတာကြောင့် ကျန်းရှုနဲ့ ကျန်းထျန်ရှန်း အတွက် အချိန်ချန်ထားဖို့ ဆုံးဖြတ်လိုက်သည်။
ပိုင်ချီက သူ့ကိုမြင်တော့ "ဧကရာဇ် ဘာဖြစ်သွားတာလဲ" လို့ အလျင်စလိုမေးသည်။
ကျန်းချန်ရှန်းက ထိုင်ချလိုက်ပြီး “အချိန်ကျပြီ” လို့ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ပိုင်ချီ ငြိမ်နေပေမယ့် ဓားနတ်ဘုရားကတော့ မအံ့သြပေ။ မင်းဆက်တွေရဲ့ ဧကရာဇ်တွေဟာ အမြဲတမ်း အသက်တိုကြသည်။ ထို့အပြင် တကျန်းဧကရာဇ်တွင် သားတော်များစွာရှိသောကြောင့် သူ့နေရာတွင် အစားထိုးမည့်သူ မရှိမှာကို စိုးရိမ်နေစရာမလိုပေ။
သို့သော် သူသည် နောက်ဧကရာဇ်အကြောင်းကို သိချင်နေခဲ့သည်။ အရည်အချင်းမပြည့်မီသော အိမ်ရှေ့စံ သို့မဟုတ် လူသားဧကရာဇ်၏အမွေကို အမွေဆက်ခံခဲ့သော မင်းသားငယ်.....ဘယ်သူ ဧကရာဇ်ဖြစ်လာမလဲ.....
..................
ကျန်းရှုက ကျန်းထျန်ရှန်းကို ခေါ်ခိုင်းလိုက်တာကြောင့် ဆယ်နှစ်အရွယ် ကျန်းထျန်ရှန်းက အိပ်ရာဘေးသို့ ချက်ချင်းသွားကာ ငိုကြွေးနေရှာသည်။
ဘယ်လောက်ပဲ ဉာဏ်ပညာကြီးမားပါစေ၊ သူ့အဖေသေဆုံးတော့မည်ကို လက်ခံဖို့ ခက်ခဲပေမည်။
ကျန်းရှုက ခေါင်းညိတ်ပြပြီး..... "ထျန်ရှန်း....ခမည်းတော် မင်းကို တစ်ခုပြောပြမယ်.....ဒီအကြောင်းအရာကို သေချာမှတ်သားထားပြီး နောက်တက်မယ့် အိမ်ရှေ့စံဆီ လက်ဆင့်ကမ်းရမယ်...ဒါက ကျန်းမိသားစုရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်တာမို့ သတင်းပြန့်သွားလို့မဖြစ်ဘူး..."
ကျန်းထျန်ရှန်း မော့ကြည့်လိုက်ပြီး ကျန်းရှုကို နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ကျန်းရှုက စတင်ရှင်းပြခဲ့သည်။
သူပြောတာကို နားထောင်ရင်း ကျန်းထျန်ရှန်း ထိတ်လန့်စွာ မျက်လုံးပြူးသွားသည်။
ထိုညတွင် လူပေါင်းများစွာ အိပ်မပျော်နိုင်ခဲ့ကြပေ.......
အိမ်ရှေ့စံအိမ်တော်တွင်
ကျန်းထျန်းချွဲ့သည် ဧည့်ခန်းထဲတွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။
ထိုအချိန်တွင် မိန်းမစိုးတစ်ယောက် ဝင်လာတော့ ကျန်းထျန်းချွဲ့က အလျင်စလို မေးလိုက်သည်.
“တော်ဝင်အမိန့်စာ ဘယ်မှာလဲ....ဧကရာဇ်အမိန့်က ဘယ်မှာလဲ”
မိန်းမစိုးက တုန်လှုပ်သောအသံဖြင့်....
“တော်ဝင်အမိန့် မရှိဘူး… အရှင်မင်းမြတ်က မင်းသားဆယ့်နှစ် တစ်ပါးတည်းနဲ့ တွေ့ခဲ့တယ်…”
ကျန်းထျန်းချွဲ့၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာပြီး မုန်းတီးမှုများ ပြည့်နှက်သွားသည်။
ထိုအချိန်တွင် ကောင်းကင်ကြီး ပြိုလဲသွားသလို ခံစားလိုက်ရသည်။
အဆုံးမဲ့သတ်ဖြတ်လိုစိတ်များ သူ့နှလုံးသားထဲတွင် တိုးပွားလာသည်။
သူသည် ယုံကြည်ရသော ကျွမ်းကျင်သူများကို ရှာဖွေရန် နေအိမ်မှ ချက်ချင်း ထွက်လာခဲ့သော်လည်း ခြွင်းချက်မရှိ အားလုံးက သူ့ကို ငြင်းပယ်ခဲ့သည်။ သူ့အတွက်နဲ့ ကျန်းထျန်ရှန်းကို ဘယ်သူကမှ သတ်ချင်စိတ်မရှိခဲ့ပေ။
ညဉ့်နက်နေပြီ......
ကျန်းထျန်းချွဲ့ တစ်ယောက်တည်း လမ်းပေါ်မှာ ကြောင်စီစီ လျှောက်လှမ်းနေသည်။ သူရှုံးသွားပြီမှန်း သိတယ်..... ဆိုးဆိုးရွားရွားကို ရှုံးခဲ့တာ......
အဆုံးမရှိသော အမုန်းတရားသည် မကြုံစဖူးနောင်တအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတပါးကို အပြစ်မတင်နိုင်ကြောင်း နောက်ဆုံးတွင် နားလည်ခဲ့သည်။ သူ့ကိုယ်သူ အပြစ်တင်ဖို့ပဲရှိတော့သည်။ သူသည် အိမ်ရှေ့မင်းသားဖြစ်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သော်လည်း သူ့တွင် ကိုယ်ပိုင်အင်အား သို့မဟုတ် ယုံကြည်ရသော လက်ထောက်များမရှိပေ။
သူ့အကြောင်းကို ပိုတွေးလေလေ စိတ်ပျက်အားငယ်လေလေဖြစ်သည်။
နောက်ဆုံးတွင် သူသည် စိတ်ပျက်အားငယ်စွာ ကံကြမ္မာကို လက်ခံရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။