ခွန်အားတိုးတက်မှု... ဥက္ကာခဲ .....
Vol. 10 Ch. 144
ယခင်အိမ်ရှေ့မင်းသား ကျန်းထျန်းချွဲ့ လုံချီဘုရားကျောင်းတွင် ဘုန်းကြီးဝတ်မည်ဆိုသော သတင်းကြောင့် မြို့တော်အတွင်း အတော်လေး တုန်လှုပ်သွားခဲ့သည်။ သို့သော် တစ်လမပြည့်မီတွင် လူတိုင်းမေ့သွားကြသည်။ ပြီးခဲ့တာတွေ ပြီးပြီ....
ဘယ်သူကမှ ကျန်းထျန်းချွဲ့ကို မသနားကြပေ။ သူသည် အိမ်ရှေ့မင်းသားဖြစ်ခဲ့သော်ငြား သူ၏လုပ်ရပ်များက ရာထူးနှင့်မထိုက်တန်ပေ။ ထို့အပြင်၊ သူ့ကို လုံချီဘုရားကျောင်းသို့စေလွှတ်သည်ကပင် အတော်လေးသက်ညှာနေသည်ဟုဆိုနိုင်သည်။
ဧကရာဇ်ငယ်က ကလေးဆန်သည်ဟုပင် လူအချို့က ထင်မြင်ကြသည်။ အကယ်၍ ယခင်ဧကရာဇ်ယန်ကျုံးသာဆို သူ၏ပြိုင်ဘက်ကို သေချာပေါက်သတ်ပစ်မည်ဖြစ်သည်။
ကျန်းချန်ရှန်းသည် ကျန်းထျန်းချွဲ့ လုံချီ ဘုရားကျောင်းသို့ဝင်ရောက်ခြင်းကိုကန့်ကွက်ခြင်းမရှိသည့်အပြင်၊ သူ့ကိုအထူးဆင့်ခေါ်ခြင်းမရှိပေ။
ကျန်းချန်ရှန်းက ဧကရာဇ်ရွှမ်ထျန်းကိုပင် သဘောကျခဲ့သည်။
အစ်ကိုတွေအပေါ် ကြင်နာတတ်တာ အံ့သြစရာပဲ......
ဉတုလေးလီကူးပြောင်းပြီးနှစ်သစ်တစ်ခုရောက်လာသည်။
ဒါဟာ ရွှမ်ထျန်းခေတ်၏ နှစ်ဉီးပိုင်းဖြစ်သည်။
ယခုနှစ် နွေဦးရာသီသည် ထူးထူးခြားခြား အေးစက်ပြီး စိတ်ရွှင်လန်းမှု မရှိပေ။ ဧကရာဇ်ရွှမ်ထျန်းသည် ကျင်းယန်ကျုံး ကို ဂုဏ်ပြုလိုသောကြောင့် တကျန်းတွင် စစ်ပွဲများအားလုံး ရပ်တန့်သွားခဲ့သည်။
ယန်ကျုံးသည် ဆယ့်လေးနှစ်ကြာ အာဏာရခဲ့ပြီး တိုးချဲ့ဧရိယာက ဧကရာဇ် တိုင်ကျုံး လက်ထက်ထက် မနိမ့်ကျပေ။ ဒါဟာ ဧကရာဇ်ရွှမ်ထျန်း နှစ်ပေါင်းများစွာ တည်ငြိမ်အောင် စားသုံးရန် လုံလောက်သည်။
ပတ်ဝန်းကျင်ရှိ အင်ပါယာများကလည်း တကျန်းကို တိုက်ခိုက်ရန် မဝံ့ရဲကြပေ။ ဤအခွင့်အရေးကို အသုံးချကာ ၎င်းတို့အားလုံးသည် အနာဂတ်စစ်ပွဲကို ကာကွယ်ရန် ၎င်းတို့၏ တပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်းပြီး တိုးချဲ့နေကြသည်။
တကျန်းသည် တိုက်ကြီးကို အနှေးနှင့်အမြန်ဆိုသလို တိုက်ခိုက်မည့် ကျားတစ်ကောင်ဖြစ်ကြောင်း လူတိုင်းသိကြသည်။
လုံချီတောင်ပေါ်တွင်....
ကျန်းဂျန်နှင့်ပင်းအန်းတို့ တုန်းဟိုင် မင်းဆက်ကို ကာကွယ်ရန် မြောက်ပိုင်းဒေသသို့ ထွက်ခွာခဲ့ကြသည်။
ကျန်းချန်ရှန်း ယူလာတဲ့ ကြောင်လေးနှစ်ကောင် ကြီးပြင်းလာခဲ့ပြီး အရမ်းကိုအဆော့သန်ကြသည်။ ထို့ကြောင့် ခြံဝင်းက အလွန်အသက်ဝင်သည်။ ချင်းအာပင်လျှင် တခါတရံ လာပြီး ကြောင်လေးတွေနဲ့ဆော့ကစားတတ်သည်။
ကြောင်နှစ်ကောင်က ဘာကိုမှ မကြောက်ပေ။ သူတို့ကို ပိုင်ချီက မကြာခဏ ရိုက်နှက်တာကြောင့် ပိုင်ချီကိုတော့ ကြောက်ကြသည်။
ကျန်းချန်ရှန်းသည် ဆေးကျိုအိုးရှေ့တွင် ထိုင်နေပြီး ပိုင်ချီက သူ့ဘေးမှာ လှဲလိုက်ပြီးကာ ဟွမ်းထျန်းနှင့်ဟေးထျန်းကို စိုက်ကြည့်နေသည်။
“ဆရာတော်... ဒီနှစ်ကောင် တော်တော် တော်တယ်.... ပိုင်လုံထက်တောင် အားကောင်းတယ်လို့ ခံစားရတယ်.... သူတို့ကို ဘယ်က ကောက်လာတာလဲ"
ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ ရန်ဖြစ်နေကြပြီး ဟိုဟိုသည်သည်ပြေးလွှားနေကြသည်။
ကျန်းချန်ရှန်းက ...“ သူများပေးလိုက်တာ.... တောကြောင်တွေလို တောထဲက ကောက်လာတာတယ်ထင်နေတာလား...."
ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ရဲ့ အရည်အချင်းတွေက လုံးဝကို ထူးချွန်သည်။ နတ်ဆိုးစုစည်းခြင်းပုလဲ၏ အကျိုးသက်ရောက်မှုကို မခံစားရသည်ဆိုကတည်းက ၎င်းတို့သည် နတ်ဆိုးဘုရင်၏ အရည်အချင်းများနှင့် မွေးဖွားလာကာ ရှေးဟောင်းနတ်ဆိုးဧကရာဇ် ဖြစ်လာရန်ပင် အခွင့်အရေးရှိနိုင်သည်။
ပိုင်ချီ အံ့သြစွာဖြင့် လျှာသပ်လိုက်ပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။
အနာဂတ်တွင် ကြီးမားသော စွမ်းရည်ရှိသော နတ်ဆိုးသားရဲတွေ ရောက်လာဉီးမှာလား..ဒါဆို သူ့ရဲ့အနေအထားကို ထိခိုက်သွားစေနိုင်တယ်....
ခဏနေဉီး....
သူတို့ကို လုံးလုံးချေမှုန်းနိုင်ပြီး ၎င်းတို့ကို သူမ၏ အိမ်မွေးတိရစ္ဆာန်များအဖြစ် ဖန်တီးနိုင်သည်။ နောင်တွင်၊ သူမသည် အထက်အောက် အဆင့်ဆင့်ဖွဲ့စည်းကာ ၎င်းတို့ကိုဖိနှိပ်နိုင်သည်။
ဖြစ်နိုင်သည်ဟု ခံစားမိသောကြောင့် ပိုင်ချီ၏ မျက်လုံးများ တောက်ပလာသည်။ သူမကို ကျန်းချန်ရှန်း မျက်နှာသာပေးကာ လျစ်လျူမရှုထားသရွေ့ သူမ၏ ရပ်တည်ချက် ယိမ်းယိုင်နေမည်မဟုတ်ပေ။
သူမ၏ လက်အောက်ငယ်သားများသည် အနာဂတ်တွင် နတ်ဆိုးကြီးများနှင့် ပြည့်နှက်နေမည်ကို တွေးသောအခါတွင် စိတ်ခံစားမှုများ လွှမ်းမိုးသွားသည်။
ကျန်းချန်ရှန်းသည် ဆေးကျိုအိုးအဖုံးကိုဖွင့်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ကယ ပိုင်ချီကို ကျွေးလိုက်သည်။
ဆေးဝါးများကို စမ်းသပ်ရန်မှာ သူမ၏ တာဝန်ဖြစ်သည်။ ကံကောင်းထောက်မစွာ၊ ကျန်းချန်ရှန်းက အဆိပ်ဖော်စပ်နည်းကို မသိသောကြောင့် ပြဿနာကြီးကြီးမားမား မဖြစ်သင့်ပေ။
တစ်ဖက်တွင်၊ တံမြက်စည်းလှည်းနေသေယ ဓားနတ်ဘုရားက ဟွမ်းထျန်းနှင့်ဟေးထျန်းကို လေးလေးနက်နက် တွေးတောရင်း ကြည့်လိုက်သည်။
ဤသည်မှာ ကျန်းချန်ရှန်း၏နေ့စဉ်ဘဝဖြစ်သည်။
ကျန်းချန်ရှန်း ငြီးငွေနေတာမျိုးမရှိခဲ့ပေ။ အဲဒီအစား ပျော်ရွှင်နေသည်။ဒါက တစ်ယောက်တည်း ကျင့်ကြံရတာထက် ပိုကောင်းသည်။
ပိုင်ချီ တုံ့ပြန်မှုကို စောင့်ဆိုင်းနေစဉ် ကျန်းချန်ရှန်းက အမွှေးတိုင်များကို စစ်ဆေးခဲ့သည်။
[လက်ရှိ အမွှေးတိုင်အရေအတွက် : 16,090,742]
အမွှေးတိုင်အရေအတွက် တိုးတက်နှုန်း တည်ငြိမ်ပြီး တိုးပွားနေဆဲဖြစ်သည်။
အမွှေးတိုင် ၁၆ သန်းကျော်ဖြင့် လာမည့်အတိဒုက္ခကို မည်မျှ နှိမ်နှင်းနိုင်မည်ကို တွေးတောနေမိသည်။
..........................
နန်းတော်ထဲက တော်ဝင်စာကြည့်ဆောင်တွင်.....
လူသားဧကရာဇ်က ဆယ့်တစ်နှစ်သား ဧကရာဇ်ရွှမ်ထျန်းအား သူ၏ခွန်အားကို လွှဲပြောင်းပေးနေသည်။ အခုအချိန်မှာတော့ သူ့ဆံပင်တွေ ဖြူလာပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေ အများကြီး ပေါ်လာသည်။
ဧကရာဇ်ရွှမ်ထျန်း မတ်တပ်ထရပ်ပြီး အကြောဆန့်ကာ ညာလက်ကို မြှောက်လိုက်တော့ သူ၏လက်ဖဝါ နီမြန်းလာသည်။ အလွန်အစွမ်းထက်တဲ့ စွမ်းအားကို ခံစားနေရသည်။
"ဒါက သိုင်းပညာရဲ့ စွမ်းအားလား.... အရမ်းစွဲမက်စရာကောင်းတယ်.. ."
လူသားဧကရာဇ်သည် သူ၏အဘိုးကြောင့် အပြင်းအထန် ဒဏ်ရာရသွားသည်ကို ရုတ်တရက် သတိရမိသည်။ သူ့အဘိုး ဘယ်လောက်တောင် သန်မာနေသလဲ......
လူသားဧကရာဇ်က ချိနဲ့စွာထရပ်ကာ လက်ကိုဝှေ့ယမ်း၍ ပြန်သွားခဲ့သည်။
ဝတ်ဖြူတော်အစောင့်တပ်သားများက သူ့ကို ကူညီချင်သော်လည်း အမြန်ပျောက်ကွယ်သွားခဲ့သည်။
ဧကရာဇ်ရွှမ်ထျန်း သက်ပြင်းချလိုက်မိသည်။
လူသားဧကရာဇ်သည် အစွမ်းသတ္တိရှိသော်လည်း လူသားများနှင့် မနီးစပ်ပေ။ သာမာန်နေ့များတွင် လူသားဧကရာဇ်က သူ့အား သ်ိုင်းပညာ သင်ကြားခြင်းမှလွဲ၍ အခြားအကြောင်းများကို ပြောဆိုလေ့မရှိပေ။ သူတို့နှစ်ယောက်က ဆရာနဲ့ တပည့်လိုတောင် မဟုတ်ပေ။
ဧကရာဇ်ရွှမ်ထျန်းသည် လူသားဧကရာဇ်ထဲ တမင်တကာ နီးကပ်စွာ မချဉ်းကပ်ဘဲ နှစ်ဖက်စလုံး အဆင်ပြေနိုင်သော အကွာအဝေးကို ထိန်းသိမ်းထားခဲ့သည်။
တခဏအကြာတွင် သဝဏ်လွှာများစစ်ဆေးဖို့ ထိုင်ခုံပေါ်ထိုင်လိုက်သည်။
သူ့အသက်က ဆယ့်တစ်နှစ်ပဲရှိသေးတာမို့ မသိတဲ့အရာတွေ အများကြီးရှိနေသည်ယ သို့သော် မင်းဆက်၏ အရေးကြီးကိစ္စများအတွက် ကိုယ်တိုင်ကိုယ်ကျ တံတိပ်တုံးထုပေးရမည်။ ရုတ်တရက် သူ့ဘေးနားရှိ လေထုထဲမှ အနက်ရောင်အော်ရာ ထွက်ပေါ်လာပြီး အပြစ်ပေးအကြီးအကဲ၏ပုံသဏ္ဍာန်ရုပ်လုံးပေါ်လာသည်။
ဧကရာဇ်ရွှမ်ထျန်းသည် သူနားမလည်သော အရာတစ်ခုကို ကြုံတွေ့ရသောအခါ အပြစ်ပေးအကြီးအကဲကို မေးမြန်းတတ်သည်။
၎င်းသည် ဧကရာဇ်တိုင်ကျုံး နှင့်အတူ သူ့ဘဝတစ်လျှောက်လုံး လိုက်ပါလာသောကြောင့် သူ့ကို ကောင်းစွာသိသည်။ ထို့ကြောင့် သူ့အား အဖြေပေးနိုင်သည်။
ဧကရာဇ်ရွှမ်ထျန်းသည် ဧကရာဇ်တိုင်ကျုံး၏ အကြံအစည်နှင့် စီရင်ဆုံးဖြတ်မှုကို လေ့လာ၍ ကိုယ်ပိုင်အစီအစဉ်များချမှတ်နိုင်ခဲ့သည်။
ငယ်ငယ်ကတည်းက မတွေ့ဖူးတဲ့ အဘိုးကို လေးစားသည်။ တကျန်းတွင် ယခင်က စီရင်စု ဆယ့်သုံးခုသာ ရှိသည်ကိုကြားသိဖူးသည်။ အဲဒီတုန်းက မယုံနိုင်ဖြစ်ခဲ့ရသေးသည်။ ထိုအချိန်မှစ၍ သူသည် ဧကရာဇ်တိုင်ကျုံးကို အလွန်အမင်းလေးစားခဲ့သည်။
တိုက်ကြီးကို ပေါင်းစည်းရေးဆိုတဲ့ အယူအဆဟာ သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေတာ ကြာပါပြီ......
ဧကရာဇ်ရွှမ်ထျန်း ... ရုတ်တရက် မျက်မှောင်ကြုတ်ကာ “ယွီပြည်နယ်က ရေတပ်…” ဟု ရေရွတ်ရင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။
“အပြစ်ပေးအကြီးအကဲ..... ယုံကြည်ရတဲ့ လက်ထောက်တွေကို ဘယ်လို ပြုစုပျိုးထောင်သင့်တယ်လို့ ထင်လဲ.... လူသာဘက်က ကံကြမ္မာက ကျွန်တော့်ကို ထောက်ပံ့ချင်တယ်လို့ ပြောပေမယ့် သူတို့က တကျန်းက မဟုတ်ဘူး..... သူတို့ကို အရေးကြီးတဲ့ အနေအထားမှာ ထားလို့မရဘူး....လောလောဆယ်တော့ ယုံနိုင်တဲ့သူမရှိဘူး"
အပြစ်ပေးအကြီးအကဲက.....
“အရှင်မင်းကြီးအနေနဲ့ တော်ဝင်မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်တယ်..ဒါမှမဟုတ် လုံချီဘုရားကျောင်းနဲ့ ဖူယွဲ့ မိသားစုကနေ လက်ထောက်တွေကို ရွေးချယ်နိုင်တယ်... ကျွန်တော့်အမြင်ကတော့ အင်အားစုအားလုံးကနေ ရွေးချယ်ပြီး တစ်ယောက်ကိုတစ်ယောက် ကန့်သတ်ထားဖို့ပဲ....အနှေးနဲ့အမြန်ဆိုသလို သစ္စာရှိတဲ့ လူယုံတွေ မွေးဖွားလာလိမ့်မယ်....”
ဧကရာဇ်ရွှမ်ထျန်းက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသော်လည်း ချက်ချင်းအရေးယူခြင်းမပြုခဲ့ပေ။ ယင်းအစား သဝဏ်လွှာများကို ဆက်လက်သုံးသပ်ခဲ့သည်။
ဇူလိုင်လတွင်......
ကျန်းချန်ရှန်းက မုလင်းလော့၏ အိပ်မက်ထဲတွင် သူတော်စင်စံအိမ်ရဲ့ စိတ်ဝင်စားဖွယ်ကောင်းသော အရာများ ပြန်ပြောပြသည်ကို နားထောင်နေသည်။
“လင်းဟောင်ထျန်းနဲ့ ဟိုပါရမီရှင်တို့
လေ့ကျင့်ရေးမှာ ရန်ဖြစ်ခဲ့ကြတယ်...ပါရမီရှင်က ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူဖြစ်ပေမယ့် လင်းဟောင်ထျန်းကြောင့် ဒဏ်ရာအပြင်းအထန်ရသွားတယ်.... လင်းဟောင်ထျန်း အစွမ်းထက် နတ်လက်နက်တစ်ခုရထားတယ်လို့ကောလဟာလတွေထွက်နေပြီး အခုအချိန်မှာ သူတော်စင်စံအိမ်မှာရှိတဲ့ လူတိုင်းက ဒီကိစ္စကို ဆွေးနွေးနေကြတယ်....."
ကျန်းချန်ရှန်းက... "မင်းဘယ်တော့ ရွှေခန္ဓာနယ်ပယ်ကိုရောက်မှာလဲ..."
မုလင်းလော့သည် အသက် 22 နှစ်သာရှိသေးသော်လည်း သူမတွင် ထူးချွန်သောအရည်အချင်းရှိသည်။ သူတော်စင်စံအိမ်တွင် ကောင်းမွန်စွာ ဂရုစိုက်ခံရပြီး လစဉ်သိုင်းလေ့ကျင့်ရန်အတွက် အသုံးပြုရန် မရေမတွက်နိုင်သော အရင်းအမြစ်များရှိသည်။ သူမသည် အသက် 30 မတိုင်မီ ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်ဟု တွေးခဲ့မိသည်။
“ မသေချာသေးပါဘူး၊ ဒါပေမယ့် ခွန်အားတွေ တိုးလာတယ်.....ဆရာကညီမ ခန္ဓာကိုယ်ကြံ့ခိုင်ပြီးခွန်အားတိုးစေဖို့ အနှစ်တစ်သောင်းသက်တမ်းရှိတဲ့ ကျောက်စိမ်းကြာပန်းကို စုဆောင်းဖို့ပြင်ဆင်နေတယ်.... သူတော်စင်စံအိမ် ပြိုင်ပွဲကို နောက်သုံးနှစ်လောက်မှာ ကျင်းပမှာ.....ထိပ်တန်းသုံးယောက်အတွက် ဆုလာဘ်တွေမနည်းဘူး.... အစ်ကိုချန်ရှန်း... ညီမ ဝင်ပြိုင်သင့်တယထင်လား......."
ကျန်းချန်ရှန်းနဲ့ အချိန်အတော်ကြာ အတူနေပြီးနောက်မှာတော့ သူမဟာ ဒုက္ခကို ကြောက်လာသည်။
ကျန်းချန်ရှန်းက “မင်းသဘောပဲ...သူတော်စင်စံအိမ်မှ တတ်နိူင်မျှ အစွမ်းပြမှ ဆရာသမားတွေက တန်ဖိုးထားဂရုစိုက်မှာ....."
ပါရမီရှင်တွေ စုဝေးရာအရပ်မှာ နှိမ့်ချနေလို့မဖြစ်ပေ။ ထို့အပြင် မုလင်းလော့သည် သူမအတွက် ကံကောင်းခြင်း အမွှေးတိုင် 200,000 ရှိသည်။ သူမသည် အမြဲတမ်း ကံဆိုးခြင်းကို ကံကြမ္မာအဖြစ်သို့ ပြောင်းလဲကာ ကံကောင်းခြင်းကိုပင် သယ်ဆောင်သွားသင့်သည်။
ချန်းလီသည် လက်ရှိဘဝတွင် သေခြင်းတရားကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း အမြဲရှင်သန်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်၏ အမွေကိုပင် ရရှိခဲ့သည်။ ဒါကိုကြည့်ရင် သူဘယ်လောက်ကံကောင်းလဲဆိုတာ သိနိုင်သည်။
“ဒါဆို ဝင်ပြိုင်မယ်.... ပြိုင်ပွဲ ပထမအကျော့က တိုက်ကြီးရဲ့အနက်ပိုင်းက နတ်ဆိုးနယ်မြေမှာလို့ ကြားထားတယ်.... နတ်ဆိုးတွေကို အမဲလိုက်ပြီး ညီမရဲ့ စစ်မှန်တဲ့ ခွန်အားကိုပြသနိုင်တယ်..... အရင်က နတ်ဆိုးတွေနဲ့ မတိုက်ဖူးဘူးဆိုတော့ စိတ်လှုပ်ရှားနေပြီ... ..."
ကျန်းချန်ရှန်းသည် မုလင်းလော့ကိုမြင်ရန် အကန့်အသတ်မရှိသောအမြင်အာရုံကို အသုံးပြုရမည်ဟု တွေးနေမိသည်။
အကယ်၍ ဤမိန်းကလေးသာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက၊ ထိုက်ယန်ရှန့်ကုန်းက ရှေးဟောင်းနတ်ဘုရားတိုက်ကြီးအထိ ရောက်ရှိနိုင်မလားဆိုတာ စမ်းကြည့်နိုင်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက ရှေးဟောင်းနတ်ဘုရားတိုက်ကြီးကို စူးစမ်းနိုင်နေပြီဖြစ်သည်။ ယခုတော့ လှည့်ပတ်ကြည့်ရှုရန် သူ့အတွက် မခက်ခဲတော့ပေ။
.......................
ရွှမ်ထျန်းခေတ်၏ ၂နှစ်...ဧပြီလတွင်
ကံကောင်းခြင်းတွေ တဟုန်ထိုးတက်လာပြီး ရွှေခန္ဓာနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက် မွေးဖွားလာခဲ့သည်။ သို့သော်လည်း ကျန်းချန်ရှန်းသည် ရွှေခန္ဓာနယ်ပယ်ကို ဂရုမစိုက်တော့ပေ။
ယခုအချိန်တွင်၊ စကြဝဠာနယ်ပယ်သာလျှင် သူ့အတွက် အသုံးဝင်ပေလိမ့်မည်။
ထိုလတွင် သေလုဆဲဆဲဖြစ်သော အစစ်အမှန်နတ်ဘုရားနယ်ပယ်ပညာရှင် တစ်ဉီး သူ့ကိုစိန်ခေါ်ရန် လာခဲ့သည်။ ကျန်းချန်ရှန်း သူ့ကို အနိုင်ယူပြီးတဲ့ နောက်မှာတော့ ရှင်သန်ခြင်း ဆုလာဘ်ဆိုတာ မရှိတာကို သိလိုက်ရသည်။
ဤအရာက သူ့ကို အလွန်စိတ်ပျက်စေသည်။ သို့သော် ဆိုလိုသည့်အဓိပ္ပါယ်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်များက သူ့အား ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပေ။
ထို့ကြောင့်၊ နောင်တွင်၊ ရွှေခန္ဓာနယ်ပယ်အောက်မှ ကျွမ်းကျင်သူများ သူ့ကို စိန်ခေါ်လာသောအခါ လုံချီဘုရားကျောင်း၏ တပည့်များက ကိုင်တွယ်ဖြေရှင်းမည်ဟု ချင်းအာကို ပြောပြခဲ့သည်။ နှစ်များစွာကြာပြီးနောက် လုံချီ ဘုရားကျောင်းတွင် နောက်ထပ် အစစ်အမှန်နတ်ဘုရားနယ်ပယ် နှစ်ယောက် မွေးဖွားခဲ့ပြီး ၎င်းတို့အနက် တစ်ဉီးမှာ ချင်အာဖြစ်သည်။
မြေဝိညာဉ်သစ်ပင်အောက်တွင် ကျန်းချန်ရှန်းက သူ၏ခွန်အားကို တွက်ချက်ခဲ့သည်။
[အမွှေးတိုင် 2,000,000 လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
ဆယ့်သုံးနှစ်ကြာသွားသောအခါ သူ၏ခွန်အားသည် အမွှေးတိုင် 500,000 တိုးလာသည်။
ရှေးဟောင်းနတ်ဘုရားတိုက်ကြီးမှ အပြင်းထန်ဆုံးသော ကျွမ်းကျင်သူ ရှိသေးကြောင်း တွက်ချက်ခဲ့သည်။
၁.၆ သန်း...... သူ့ ကန့်သတ်ချက် ပြည့်သွားပုံရသည်။
ကျန်းချန်ရှန်း ပြုံးပြီး ကျေနပ်သွားသည်။
"စနစ်ရဲ့တိုင်းတာနိုင်တဲ့ အကွာအဝေးအတွင်း အပြင်းထန်ဆုံး ကျွမ်းကျင်သူ ဘယ်လောက် အစွမ်းထက်လဲ သိချင်ပါတယ်"
[အမွှေးတိုင် ၃,၀၀၀,၀၀၀ လိုအပ်သည်။ ဆက်လုပ်လိုပါသလား။]
မဟုတ်ဘူး!
ပိုသန်မာသူတစ်ယောက် ပေါ်ထွန်းခဲ့ပြန်ပြီ.... ဒီကမ္ဘာကြီး ဘယ်လောက်ကြီးသလဲ.......
ကျန်းချန်ရှန်း စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် တာအိုကို သီးခြားခွဲထုတ်နိုင်သည့် သိုင်းမ္ဘာတစ်ခုဟုပင် စိတ်ကူးရခက်သည်။
သူသည် အမွှေးတိုင် တွက်ချက်မှုများကို ဆက်လက်အသုံးပြုခဲ့သည်။
ဝုန်းးးးးးးးးး
ထိုစဉ် ကျယ်လောင်သော ပေါက်ကွဲသံ ရုတ်တရက်ထွက်ပေါ်လာပြီး ကျန်းချန်ရှန်း၊ ပိုင်ချီနှင့် ဓားနတ်ဘုရားတို့ကို ထိတ်လန့်စေခဲ့သည်။
တိုက်ခိုက်နေသော ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ပင် အလွန်ထိတ်လန့်သွားကာ အမွှေးများထောင်တက်လာသည်။
မိုးကုပ်စက်ဝိုင်းအဆုံးကနေ ဥက္ကာခဲတစ်ခုသည် မြို့တော်ကိုဖြတ်၍ ပျံသန်းသွားသည်ကို မြင်တွေ့နိုင်သည်။
ကျန်းချန်ရှန်း၏ အကြည့်က ထိုနောက်သို့ လိုက်သွားသည်။ ဥက္ကာခဲသည် အနောက်ဘက်ရှိ မဟာကန္တရမင်းဆက် ပိုင်နက်ထဲသို့ ဝင်သွားကာ တောင်တန်းများထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
ဥက္ကာခဲက အလွန်ကြီးမားသည်။ တောင်များပေါ်သို့ ဆင်းသက်သောအခါ မိုင်တစ်ရာအတွင်း ပြင်းထန်စွာ တုန်ဟီးစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသော်လည်း တကျန်းမင်းဆက်၏ မမြင်နိုင်သော ကံတရားကြောင့် တကျန်းမှ ပြည်သူများ ထိခိုက်ခြင်းမရှိခဲ့ပေ။
ဤသည်မှာ သဘာဝဘေးအန္တရာယ်ကို ထိထိရောက်ရောက် တားဆီးနိုင်သော မင်းဆက်တစ်ခု၏ ကံကောင်းခြင်း၏ တန်ခိုးဖြစ်သည်။