← Chapters

ထူးဆန်းသောလူများ.... ရေပေါ်ကျွန်း

Vol. 10 Ch. 145

ထူးဆန်းသောလူများ.... ရေပေါ်ကျွန်း

Vol. 10 Ch. 145

ကျန်းချန်ရှန်းသည် ဥက္ကာခဲကို အချိန်အတော်ကြာ ကြည့်နေခဲ့သည်။ လှုပ်ရှားမှုတစုံတရာ မမြင်ရသောအခါ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

သမိုင်းတစ်လျှောက် ဥက္ကာခဲ ပေါ်လာတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ စီရင်စုဆယ့်သုံးခုအတွင်း နှစ်ပေါင်းထောင်ချီအတွင်း ဆယ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ဖူးသည်။ ဝမ်းနည်းစရာအကောင်းဆုံးအချိန်က မြို့တစ်မြို့ ပေါက်ကွဲပြီး မရေမတွက်နိုင်တဲ့ အသေအပျောက်တွေ ဖြစ်ခဲ့သည်။

..........

ဧကရာဇ်ရွှမ်ထျန်းသည် ဤကိစ္စရပ်ကို စုံစမ်းစစ်ဆေးရန် ၀တ်ဖြူတော်အစောင့်များအား ချက်ချင်း အမိန့်ပေးခဲ့သည်။

နန်းတက်ပြီးတာနဲ့ သဘာဝဘေးဒဏ်ကို ကြုံတွေ့ရရင် ဘုရားသခင်က သူ့ကို မကျေနပ်ဘူးလို့ လူတွေ ထင်မှာလား.....

လူတိုင်းက ကောင်းကင်ဘုံတည်ရှိမှုကို ယုံကြည်ကြပြီး ကောင်းကင်ဘုံက ကမ္ဘာကြီး၏ကံကြမ္မာကို ကြိုတင်သတ်မှတ်ထားသည်ဟု ယုံကြည်ကြသည်။

သို့သော် လအနည်းငယ်ကြာပြီးနောက်တွင် သတင်းကောင်းရရှိခဲ့သည်။

"အရှင်မင်းကြီး....အံ့သြဖွယ်ကံကြမ္မာကုန်သည်ကြီးများအသင်းကလူတွေရဲ့ သုတေသနပြုချက်အရ ဥက္ကာခဲတွေထဲမှာ အထူးသံသတ္တုရိုင်းတွေနဲ့ နေရာကူးပြောင်းရေးအစီအရင်တည်ဆောက်နိုင်တဲ့ အာကာသကျောက်တုံးတွေအများကြီးရှိနေတယ်တဲ့.... တသူတို့ အဆိုအရတော့ တကျန်းက ချမ်းသာလာတော့မယ်....”

အစောင့်တပ်သား၏ အစီရင်ချက်ကို နားထောင်ရင်း ရွှမ်ထျန်း မတ်တပ်ထရပ်ကာ...... “ကျန်းယင် ကိုယ်တိုင် စစ်ဆေးခဲ့တာလား” ဟု မေးသည်။

“ဟုတ်တယ်၊ ဥက္ကာခဲရဲ့အပိုင်းအစတစ်ခုကတောင် ကောင်းကင်ထက်မြင့်တဲ့တန်ကြေးရှိတယ်....ဧကရာဇ်သာ စျေးသတ်မှတ်လိုက်ပါ....

ဧကရာဇ် ရွှမ်ထျန်းက.... "ငါ့အမိန့်ကို လိုက်နာကြ.. မဟုတ်ဘူး၊ ငါကိုယ်တိုင် သွားလိုက်မယ်!"

သူချက်ချင်းထရပ်ပြီး အခန်းထဲက အမြန်ထွက်သွားခဲ့သည်ယ

"တာအိုဘိုးဘေးကို ဥက္ကာခဲ ရွှေ့ခိုင်းမယ်?????"

ပိုင်ချီ မျက်လုံးပြူးသွားသည်။ ဒီကျောက်တုံးက ဘာတွေထူးခြားနေလို့လဲ....

ဧကရာဇ်ရွှမ်ထျန်းသည် ဥက္ကာခဲ၏တန်ဖိုးကို အလျင်အမြန်ရှင်းပြခဲ့သည်။

အကယ်၍ အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းကို ရူးသွပ်သွားအောင် လုပ်နိုင်လျှင် ကောင်းသောအရာတစ်ခု ဖြစ်ရမည်။

ကျန်းချန်ရှန်းက....." ဒီနေရာကို ရွှေ့လို့ရပေမယ့် ဘယ်မှာထားရမှာလဲ"

ဧကရာဇ်ရွှမ်ထျန်း က တွေးတောဆင်ခြင်ပြီး “မြို့တော်အပြင်မှာ ထားလို့ရတယ်.... တရားဝင်လမ်းကို မပိတ်ဆို့ရင်ရပြီး.... လုပ်နိုင်ပါ့မလား?"

ကျန်းချန်ရှန်း ချက်ချင်း ပျောက်ကွယ်သွားသည်။

ဧကရာဇ်ရွှမ်ထျန်း သက်ပြင်းချလိုက်မိသည်။ ကျန်းချန်ရှန်းကို တစ်ခုခုတောင်းဆိုတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး သူအရမ်းကို ကြောက်ရွံ့နေခဲ့သည်။

သို့သော် ထိုဥက္ကာခဲ၏တန်ဖိုးက မြင့်မားလွန်းသဖြင့် သူတကယ်ကို စိုးရိမ်နေမိသည်။

ဤသည်မှာ အာကာသကျောက်တုံးဖြစ်ပြီး လူတွေကို မိုင်ပေါင်းထောင်ချီဝေးရာကို ပို့ဆောင်ပေးနိုင်တဲ့ အထူးကိရိယာတစ်ခုအကြောင်း သူကြားဖူးတာကြာပါပြီ။ ၎င်းကို နေရာကူးပြောင်းရေးအစီအရင်ဟုခေါ်တွင်သော်လည်း ၎င်းသည် အာကာသကျောက်ဖြစ်သည့် အထူးကျောက်တုံးမျိုး လိုအပ်သည်။

အာကာသကျောက်တုံးများသည် နိုင်ငံရပ်ခြားတွင်ပင် ရှာဖွေ၍မရနိုင်သော ရတနာများဖြစ်သည်။ ၎င်းတို့ကို ရှာဖွေတွေ့ရှိပြီးသည်နှင့် ကြီးမားသော အင်အားစု အမျိုးမျိုး၏ တိုက်ခိုက်ခြင်းခံရမည်မှာ သေချာပြီး သာမာန်သိုင်းပညာရှင်တို့က ၎င်းတို့အား ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။

သို့သော် သူ ထိတ်လန့်ခြင်းမရှိပေ။ တာအိုဘိုးဘေးရှိနေသ၍ တကျန်းထံမှ အာကာသကျောက်တုံးကို မည်သူမျှ မလုယူနိုင်ပေ။ ဧကရာဇ်ရွှမ်ထျန်း လှည့်ကြည့်လိုက်တော့ ဟွမ်းထျန်းနှင့်ဟေးထျန်းကို တွေ့လိုက်ရပြီး သူ့မျက်လုံးတွေ တောက်ပလာသည်။

အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင် ါ

မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ မရေမတွက်နိုင်သော သိုင်းပညာရှင်များ တံစက်မြိတ်ပေါ်သို့ ခုန်တက်ကာ အဝေးသို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။

မိုးကုပ်စက်ဝိုင်းအဆုံးတွင် တောင်တန်းအရွယ် ကျောက်တုံးကြီးတစ်ခု မြို့တော်ဆီသို့ ပျံသန်းလာခဲ့သည်။ တစ်စုံတစ်ယောက်၏ပြောကြားချက်ကြောင့် တာအို ဘိုးဘေး ဥက္ကာခဲတစ်ခုသယ်လာကြောင်း သိလိုက်ရသည်။

ကျန်းချန်ရှန်းသည် ဥက္ကာခဲကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ လျင်မြန်စွာပျံသန်းလာသည်။ ဤဥက္ကာခဲ၏ အချင်းသည် အနည်းဆုံး ပေ ၃၀၀၀ ရှိသည်။ ၎င်းသည် အမှန်တကယ်ပင် လေးလံပြီး တိုင်းတာ၍မရနိုင်သော်လည်း မဟာယန်တောင်တန်းရွေ့ပြောင်းခြင်းပညာရပ်ကြောင့် ပြသာနာမရှိခဲ့ပေ။

ဧကရာဇ်ရွှမ်ထျန်း လေထဲသို့ ပျံတက်ပြီး ဤမြင်ကွင်းကို မြင်လိုက်ရသည်။

တာအိုဘိုးဘေး၏ တောင်ကို ရွှေ့ခြင်းအကြောင်း ကြားသိခဲ့ရသော်လည်း ယနေ့ထိ တုန်လှုပ်နေဆဲဖြစ်သည်။

ဒါက ကျန်းမိသားစုရဲ့ ဘိုးဘေးလား...

ဧကရာဇ်ရွှမ်ထျန်း စိတ်ခံစားမှုများ ပြည့်နှက်နေပြီး ကျန်းချန်ရှန်းကို နက်နက်ရှိုင်းရှိုင်း လေးစားနေပြီဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦးကို လွန်စွာ ကြည်ညိုမိသော ပထမဆုံး အကြိမ်ဖြစ်သည်။

တိုင်ကျုံးကို လေးစားမှုသည် သူ၏ အောင်မြင်မှုများကြောင့်ဖြစ်ပြီး ကျန်းချန်ရှန်းကို လေးစားခြင်းသည် ဖြူဖြူစင်စင်နှစ်နှစ်ကာကာ လေးစားခြင်းဖြစ်သည်။

သူ့အကြည့်အောက်မှာ ကျန်းချန်ရှန်းက ဥက္ကာခဲကို မြို့ပြင်မှာ လွှတ်ချလိုက်ပြီး မြေကြီး တုန်ခါပြီး ဖုန်မှုန့်တွေ ပျံဝဲနေသည်။

အိမ်ကြီးတစ်ခုတွင်......

ကျန့်ယင်းနှင့်တပည့်များက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။

ကျန့်ယင်းက... “ထူးခြားလိုက်တာ.....”

ထိုဥက္ကာခဲသည် ကြီးမားပြီး အထူးသတ္တုဓာတ်များ တည်ရှိမှုနှင့်အတူ ၎င်း၏အလေးချိန်မှာ တွေးကြည့်၍မရပေ။

ကံကောင်းထောက်မစွာ၊ သူသည် တာအိုဘိုးဘေးနှင့် ရင်းနှီးနေပြီဖြစ်သည်။ ထို့ကြောင့် ဤရတနာပေါ်တွင် မကောင်းသော မတော်လောဘမျိုး ရှိမနေပေ

မည်သို့ပင်ဆိုစေကာမူ တကျန်း၏ကုန်သွယ်မှုအတွက် အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းက စာချုပ်ချုပ်ဆိုခဲ့သည်။ လက်ရှိတွင် တကျန်းသို့ ဝင်ရောက်သည့် ပြည်ပ ကုန်သည်ကြီးများ မရှိတော့ပေ။

ဥက္ကာခဲကို နေရာချပြီးသည်နှင့် ကျန်းချန်ရှန်းက ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်းက သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် အမြန်ထွက်ခွာသွားခဲ့သည်။ ဝတ်ဖြူတော်အစောင့်တပ်သားများက ဥက္ကာခဲကိုစောင့်ရှောက်ရန် မြို့ပြင်သို့ အမြန်ထွက်ခဲ့ကြသည်။

ပိုင်ချီက စိတ်ဝင်တစားဖြင့် "အခုသာ်လာတဲ့ ဉက္ကာခဲ ဘယ်လောက်လေးလဲ...."

ကျန်းချန်ရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “ သေချာမသိဘူး”

ပိုင်ချီက ဓားနတ်ဘုရားကို ကြည့်ပြီး "ဒီတိုက်ကြီးမှာ အကြီးဆုံးတောင်က ဘယ်ဟာလဲ"

ဓားနတ်ဘုရားက စဉ်းစားပြီး...." တချီမှာရှိတဲ့ နတ်ဘုရားတောင်တန်း..... အမြင့်ဆုံးတောင်ထွတ်က ပေ ၆၀၀၀၀ မြင့်တယ်...."

ကျန်းချန်ရှန်း ဒါကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ သူသည် အနာဂတ်တွင် တချီသို့သွားကာ နတ်ဘုရားတောင်တန်းကို အဝေးသို့ ရွှေ့သွားနိုင်သည်။

သို့သော်၊ ဓားနတ်ဘုရား၏အဆိုအရ နတ်ဘုရားတောင်တန်းသည် တောင်ထိပ်တစ်ခုတည်းမဟုတ်ဘဲ တောင်တန်းတစ်ခုဖြစ်တာမို့ လောလောဆယ်တော့ မရွေ့နိုင်သေးပေ။

ဥက္ကာခဲ ရောက်ရှိလာခြင်းကြောင့် မြို့တော်က ပို၍ သက်ဝင်စည်ကားလာသည်။ လူအများက ဥက္ကာခဲထဲတွင် ဝှက်ထားသည့်အရာကို သိချင်ကြပြီး မြို့တော်တွင် ပုန်းအောင်းနေသော မင်းဆက်များနှင့် ဂိုဏ်းပေါင်းစုံမှ သူလျှိုများက ထိုသတင်းကို သက်ဆိုင်ရာများဆီ အမြန်ပြန်ပို့ကြသည်။

တုန်းဟိုင်မင်းဆက်၏ တော်ဝင်မြို့တော်ရှိ အိမ်ကြီးတစ်ခုအတွင်းတွင်......

တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ထျန်းယန်ဖုန်းနှင့် ဂိုဏ်းချုပ်တျန်တို့လက်ဖက်ရည်သောက်ကြသည်။ လက်အောက်ငယ်သားများထံမှ အစီရင်ခံစာကို ကြားသောအခါတွင် သူတို့၏ အမူအရာများ ရှုပ်ထွေးလာသည်။

သူ့လက်အောက်ငယ်သားများ ထွက်သွားပြီးနောက်၊ ဂိုဏ်းချုပ်တျန်က သက်ပြင်းချကာ .....

"တကျန်းရဲ့ ကံကောင်းခြင်းတွေက တကယ့်ကို ကြီးပွားချမ်းသာပြီး ကောင်းကင်ဘုံက ကောင်းချီးပေးနေသလိုပဲ..ဒါက လူသားဧကရာဇ်နဲ့ တကျန် ဧကရာဇ်တို့ ကံကြမ္မာပေါင်းစပ်မှုရဲ့ ရလဒ်ဖြစ်နိုင်တယ်.... ရှေးခေတ်ကတည်းကပင် ကံကြမ္မာဧကရာဇ်မင်းရဲ့ ကံကောင်းခြင်းတွေနဲ့ ပေါင်းစည်းခဲ့တဲ့ လူသားဧကရာဇ်ဆိုတာ မရှိခဲ့ဖူးဘူး.....လူသားဧကရာဇ်ဆိုတာ ရှေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းအမွေပဲ....”

ထျန်းယန်ဖုန်းက နှုတ်ဆိတ်နေသည်။

ဂိုဏ်းချုပ်တန်က.... “အဲဒါကို ကြည့်ခြင်းအားဖြင့် မင်းဆက်ရဲ့ ကံကြမ္မာက ယေဘူယျ လမ်းကြောင်းနဲ့ လိုက်လျောညီထွေ ဖြစ်နေပြီ.... ထျန်းဟိုင် ရဲ့နောက်ကွယ်ကတိုက်ကြီးကို မင်းဆက်တစ်ခုက ပေါင်းစည်းထားတာ....ဖြစ်နိုင်ရင် ငါတို့ စိတ်ကူးပြောင်းသင့်တယ်.....”

ထျန်းယန်ဖုန်းက "ဘယ်လိုပြောင်းရမလဲ....ဖူယွဲ့မိသားစုလို တကျန်းကို ဉီးညွှတ်ရမှာလား...."

သူမ၏ လေသံက အနည်းငယ် လှောင်ပြောင်ရိပ်စွန်းထင်းနေသည်။

နှစ်အတော်ကြာပြီးနောက်တွင် သူမ၏အစ်ကိုအတွက် လက်စားချေရန် အခွင့်အရေး ရောက်မလာသေးသဖြင့် သူမ အလွန်စိုးရိမ်သွားခဲ့သည်။

ဂိုဏ်းချုပ်တန်ကခေါင်းခါပြီး... “....ထားလိုက်ပါ.. ဒီအတိုင်းပြောကြည့်ရုံပါ.... ကျုပ် ဖိတ်ကြားချင်တဲ့ အကြီးအကဲက လောလောဆယ် တံခါးပိတ်ကျင့်ကြံနေတယ်....... သူသည် ကောင်းကင်နှစ်ခုနယ်ပယ်ကို တက်လှမ်းနိုင်ရင် အကုန်အဆင်ပြေပြှ..... မင်းလည်း သမုဒ္ဒရာထဲမှာ နှစ်ပေါင်းရာနဲ့ချီ နေလာခဲ့တာမို့ ထာဝရမဟာမိတ်ဆိုတာ မရှိမှန်း သိထားသင့်တယ်.... အားလုံးက အကျိုးစီးပွားနဲ့ သက်ဆိုင်တယ်လေ....…”

ထျန်းယန်ဖုန်းက ....

"သူ ဘာလိုချင်လို့လဲ"

“နဂါးသွေးကြောတိုက်ကြီးကို ခွဲဝေဖို့ သဘောတူထားတာကလွဲရင် သူက အမျိုးသမီးတွေကို လိုချင်တယ်.... သူ ကျင့်ကြံနေတဲ့ ကျင့်စဉ်က မိန်းမပျိုတွေရဲ့နုပျိုမှုကို စုပ်ယူဖို့ လိုအပ်တယ်... သူ့နယ်မြေမှာ လေးစားခံရတဲ့အတွက် သူ့တပည့်တွေကို လက်တင်ဖို့ မသင့်တော်ဘူး.... ဒါ့ကြောင့် နဂါးသွေးတိုက်ကြီးက အမျိုးသမီးတွေကို မျက်စိကျနေတာ... …”

မျက်နှာဖုံးအောက်မှ အေးစက်သော အလင်းတန်းတစ်ခု ထျန်းယန်ဖုန်း၏ မျက်လုံးထဲတွင် လင်းလက်လာသည်။

ဂိုဏ်းချုပ်တျန်က တခြားဘာမှ မပြောဘဲ သူ့လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။

ထျန်းယန်ဖုန်းက.... “တချီ ၊ ထျန်းဟန်နဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံရပ်ခြားဂိုဏ်းတွေ အများကြီးရှိတယ်ဆိုလို့ ကြားတယ်.....သာမာန်မင်းဆက်တွေကို ကံကြမ္မာမင်းဆက်ဖြစ်လာစေဖို့ ပံ့ပိုးပေးမယ့် အခြားသောဂိုဏ်းတွေလည်း ရှိသေးတယ်.... ဘာလို့သူတို့နဲ့မပူးပေါင်းတာလဲ"

ဂိုဏ်းချူပ်တန်က “ကျုပ်လည်း ဒီမေးခွနမျိုးမေးဖူးတယ်.... ရာသီဥတုက အေးလွန်းပြီး တချီက တကျန်းနဲ့ အရမ်းဝေးတယ်.... တကျန်းရဲ့ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်က လက်ရှိအချိန်မှာ သူတို့အတွက် ခြိမ်းခြောက်မှု မဟုတ်သေးဘူး..... ဒါ့ကြောင့် သူတို့အားလုံး ကျူပ်ကို ငြင်းပယ်ခဲ့ကြတယ်.... ဟုန်ရွှမ်းမင်းဆက် ပျက်သွားပြီးနောက် ကမ္ဘာပေါ်မှာ ကံကြမ္မာမင်းဆက် လေးဆက်သာ ကျန်တော့တယ်.. တကျန်း, တချီ, ထျန်းဟန်,ပြီးတော့ တုန်းဟိုင်. ....အဲဒီအထဲမှာ တုန်းဟိုင်နဲ့ အရင်းနှီးဆုံးပဲ..... အခြားသော ကံကြမ္မာနှစ်ခုကတော့ တကျန်းကို တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ဘူး..."

ထျန်းယန်ဖုန်းက အသက်ပြင်းပြင်းရှူပြီး ....

“ဒါဆို ခုနကပြောခဲ့တဲ့ အကြီးအကဲကို ဖိတ်ခေါ်လိုက်ပါ.... တကျန်းကို ဖယ်ရှားပစ်ရမယ်!"

ဂိုဏ်းချုပ်တျန်က သူမကို အဓိပ္ပါယ်ပါပါ ကြည့်ပြီး ဖြည်းညှင်းစွာခေါင်းညိတ်လိုက်သည်။

နှစ်ကုန်ပိုင်းတွင်.....

မြို့တော်အပြင်ဘက်တွင် ဥက္ကာခဲများကိုအစောင့်အကြပ်များစွာဖြင့် ဝန်းရံထားသည်။ အထပ်မြင့် အဆောက်အဦးတွေတောင် အစွန်းမှာ ဆောက်ထားသေးသည်။ မရေမတွက်နိုင်သော သတ္တုတွင်းလုပ်သားများသည် ကြီးမားသောဥက္ကာခဲကြီးကို တူးဖော်ပြီး သိုင်းပညာရှင်များနှင့် နိုင်ငံသားများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

ဧကရာဇ်ယန်ကျောက်နှင့်စောရနတ်ဘုရားတို့က ခိုးယူခြင်းမှ ကာကွယ်ရန် တစ်ဖက်စီကနေ စောင့်ကြပ်နေကြသည်။

တကယ်တော့ သူခိုးတွေ တကယ်ရှိခဲ့ဖူးသည်။ ရက်အနည်းငယ်တိုင်းသူခိုးများရှိနေလိမ့်မည်။ သိုင်းပညာဂိုဏ်းများနှင့် မင်းဆက်များမှ သူလျှိုများအပြင် ၎င်းတို့၏ ကံကြမ္မာကိုပြောင်းလဲရန် ကြိုးပမ်းကြသော သာမန်သူများလည်း ရှိခဲ့သည်။

ဥက္ကာခဲမှ ကြုံရာကျပန်း အပိုင်းအစတစ်ခုပင် ရွှေဒင်္ဂါးထောင်ပေါင်းများစွာ တန်သည်ဟု ဆိုသည်။

အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းသည် ချန်းလီနှင့် ကုန်သွယ်မှုအတွက် တာဝန်ယူရန် တပည့်အများအပြားကို စေလွှတ်ခဲ့သည်။ ဧကရာဇ်ရွှမ်ထျန်းက ဤကိစ္စကို ချန်းလီထံ လွှဲအပ်ခဲ့သော်လည်း ချန်းလီက ငြင်းဆိုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် စျေးနှုန်းနှင့်ပတ်သက်၍ နေ့တိုင်းလိုလို ငြင်းခုံကြသည်။

တကျန်းကို ကျေနပ်စေရန်အတွက် ကျန့်ယင်းက သူ့တပည့်တွေကို ထျန်းဟိုင်သို့ ပြန်သွားရန် ညွှန်ကြားခဲ့သည်။ အံ့ဖွယ်ကံကြမ္မာကုန်သည်အသင်းမှ တကျန်းအတွက် လက်ဆောင်များ သယ်ဆောင်လာမည့် ကုန်သည်သင်္ဘောအများအပြားသည် လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။ ကျန့်ယင်း၏ အဆိုအရ ဤအသုတ်၏ တန်ဖိုးသည် သေးငယ်သော မင်းဆက်တစ်ခုကို ကံကြမ္မာမင်းဆက်သို့ မြှင့်တင်ရန် လုံလောက်သည်။

ဤအရာများအားလုံးသည် တကျန်း ကြီးထွားမှု၏ နိမိတ်လက္ခဏာများဖြစ်သည်။ ယန်ကျုံး ကွယ်လွန်ပြီးနောက်၊ တကျန်းကို ပြည်နယ် ၉၉ ခုအထိ တိုးချဲ့ခဲ့သည်။ ဧကရာဇ် ရွှမ်ထျန်းသည် သူ၏ တော်ဝင် ဦးလေးများအား ဘွဲ့များ အပ်နှင်းပြီး ပိုင်းခြားအုပ်ချုပ်စေခဲ့သည်။

ဧကရာဇ်က ငယ်ရွယ်သော်လည်း အင်ပါယာက ကြီးမားသည်။ ဒါတောင်မှ တကျန်းကို ပတ်ဝန်းကျင် မင်းဆက်တွေ တိုက်ခိုက်ဖို့ မဝံ့ရဲကြပေ။

နှစ်တွေကြာလာတာနဲ့အမျှ၊ တကျန်းမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေ ပိုများလာခဲ့သည်။ ယမန်နှစ်က သိုင်းပညာစာမေးပွဲ၏ ထိပ်တန်းပညာရှင်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ် ဖြစ်သည်။

လုံချီတောင်ပေါ်တွင်...

ကျန်းချန်ရှန်းသည် လက်ရှိတွင် ဟွမ်းထျန်းနှင့်ဟေးထျန်းတို့ကို သိုင်းပညာများသင်ကြားပေးနေသည်။ အလေ့အကျင့်တစ်ခု မွေးမြူနိုင်စေရန်အတွက် သူသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအားကို အထပ်ထပ်အခါခါ မောင်းနှင်ရန် သူ့ရဲ့ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။

ဒီနှစ်ကောင်က တခြားသူတွေနဲ့ မဆက်သွယ်နိုင်ပေမယ့် သူတို့ဟာ တကယ့်ကို ထက်မြက်ကြသည်။

ထိုအချိန်တွင် ဧကရာဇ်ရွှမ်ထျန်း ရောက်လာခဲ့သည်။

သူက ကျန်းချန်ရှန်း ဆီကို အမြန်လျှောက်လာပြီး " မနေ့က ထျန်းဟိုင်မှာရှိတဲ့ ဂိုဏ်းကြီးတစ်ခုက သံတမန်တစ်ယောက်နဲ့ တွေ့ခဲ့တယ်....သူတို့က တကျန်းမှာဂိုဏ်းခွဲတစ်ခု တည်ထောင်ပြီး တကျန်းရဲ့သိုင်းလောကကို မြှင့်တင်ပေးဖို့ ဆန္ဒရှိတယ်... အကယ်၍ တော်ဝင်မိသားစုက ထူးချွန်တဲ့ မင်းသား၊ မင်းသမီးတွေရှိရင် ထျန်းဟိုင်ကို စေလွှတ်ပေးမယ်တဲ့...."

ကျန်းချန်ရှန်းက ကြောင်နှစ်ကောင်ရဲ့ ခေါင်းကို ဖိရင်း.... "ဒါက ပုံမှန်မဟုတ်ဘူးလား.... မင်းသားတွေက ချောင်ဂိုဏ်းတွေနဲ့ ပတ်သတ်နေကြတာပဲလေ.....”

နဂါးသွေးကြောတိုက်ကြီးရှိ ချောင်ဂိုဏ်းများအားလုံးတွင် တကျန်း၏တော်ဝင် မင်းသား၊မင်းသမီးများ ရှိသည်။

ဤသည်မှာ ချောင ဂိုဏ်းခွဲများသည် တကျန်းကို မဆန့်ကျင်​ရခြင်း အကြောင်းရင်း ဖြစ်သောကြောင့် သိုင်းပညာ လေ့ကျင့်ရာမှ ပြန်လာသော မင်းညီမင်းသားများသည် နောက်ဆုံးတွင် ဘုရင်ခံဘွဲ့ကို အပ်နှင်းပြီး ဒေသကို စောင့်ရှောက်ထားသောကြောင့် ဖြစ်သည်။ထို့ကြောင့် ပုန်ကန်ရန် ရည်ရွယ်ချက်မရှိခဲ့ကြပေ။

ဧကရာဇ်ရွှမ်ထျန်းက စိုးရိမ်တကြီးနဲ့.....

"တကျန်းက သူတို့အကြောင်း ဘာမှမသိဘူး..... ဒါကြောင့် သတိထားဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး...ကျန့်ယင်းကို ဒီအကြောင်းမေးပြီးပြီ...အဲ့ဒီ့ဂိုဏ်းကို ရေပေါ်ကျွန်းလို့ခေါ်ပြီး ကောင်းကင်နယ်ပယ်တွေရှိတယ်လို့ပြောတယ်...."

ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်.... "မင်းသဘောပဲ... လက်ခံချင်ရင် လက်ခံလိုက်... ရွှေခန္ဓာနယ်ပယ်ထက် ကျော်လွန်လာတဲ့ သိုင်းသမားတစ်ယောက်သာ တကျန်းကို ဒုက္ခပေးဝံ့ရင် ငါအရေးယူမှာပါ.."

All Chapters