← Chapters

ကမ္ဘာကြီးအဆုံးထိ ငါမြင်နိုင်တယ်....

Vol. 10 Ch. 146

ကမ္ဘာကြီးအဆုံးထိ ငါမြင်နိုင်တယ်....

Vol. 10 Ch. 146

ကျန်းချန်ရှန်း၏ စကားကိုကြားတော့ ဧကရာဇ်ရွှမ်ထျန်း စိတ်ခံစားမှုများ လွှမ်းမိုးသွားသည်။ ကျင်းတိုင်ကျုံးရဲ့ သူရဲကောင်းဆန်မှုနဲ့ သူ့အဖေရဲ့ ဇွဲနပဲကို ရုတ်တရက် နားလည်သွားချေပြီ။

တာအိုဘိုးဘေးလို နောက်ခံတစ်ယောက်ရှိထားတာ ကံကောင်းလွန်းလှသည်။

ဧကရာဇ်ရွှမ်ထျန်း အသက်ပြင်းပြင်းရှူပြီး....

“ဒါဆို သူ့ကို ငြင်းပယ်လိုက်မယ်... တကျန်းက သိုင်းပညာအပါအဝင် ကဏ္ဍပေါင်းစုံမှာ ကျယ်ပြန့်လာပြီ... ဘိုးဘိုးတည်ဆောက်ခဲ့တဲ့ သိုင်းစံအိမ်နဲ့ သမုဒ္ဒရာအတွင်းက အံ့သြဖွယ်ကံကြမ္မာကုန်သည်ကြီးများအသင်းရဲ့ချိတ်ဆက်မှုနဲ့ဆို ရေပေါ်ကျွန်းကို လုံးဝမလိုအပ်တော့ဘူး.... အဲဒီအစား သူတို့ကသာ ကျွန်တော်တို့ကို လိုအပ်နေတာ....”

ကျန်းချန်ရှန်းက ပြုံးပြီး ဘာမှ မပြောခဲ့ပေ။

ပိုင်ချီက... "ဧကရာဇ်လေး... မင်းဘယ်တော့ ပင်လယ်ထဲကိုသွားမှာလဲ"

ဧကရာဇ်ရွှမ်ထျန်းက ခဏလောက် စဉ်းစားပြီး.

“နောက်ဆယ်နှစ်လောက်မှာ သမုဒ္ဒရာထဲမှာ ကိုယ်ပိုင်ရေတပ်ထူထောင်မယ်.... ချီတက်တိုက်ခိုက်မယ့် ရေတပ်ကို ဘာကြောင့် မတည်ဆောက်တာလဲဆိုတော့ သမုဒ္ဒရာထဲက အရင်းအမြစ်တွေကို စုဆောင်းနိုင်ရုံသာမက အနာဂတ်မှာလည်း ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်တယ်..... သမုဒ္ဒရာကိုဖြတ်ပြီး တိုက်ကြီးကို ဝန်းရံပြီး သိမ်းပိုက်နိုင်တယ်....!”

သူ့အစီအစဥ်အကြောင်း အဆက်မပြတ်ပြောနေရင်း ဒီခြံထဲမှာ သက်တောင့်သက်သာရှိနေသည်။ သူ့အစီအစဥ် ပြန့်သွားမှာကို မကြောက်ပေ။ ဖြန့်လိုက်လျှင်ပင် သူ့အစီအစဉ်က ပွင့်လင်းသော အစီအစဉ်ဖြစ်သောကြောင့် ပို၍ကောင်းပေလိမ့်မည်။

သူသည် ကျွန်းတစ်ကျွန်းပေါ်တွင် အစောင့်ထားပြီး နေရာကူးပြောင်းရေးအစီအရင်ဖြင့် တပ်ဖွဲ့ဝင်အများအပြားကို စေလွှတ်နိုင်သညဖ အနာဂတ်တွင်၊ သူသည် နဂါးသွေးကြောတိုက်ကြီးအား ဝန်းရံထားပြီး အမျိုးမျိုးသော မင်းဆက်များနှင့် သမုဒ္ဒရာအတွင်းရှိ အင်အားစုများကြား ဆက်နွှယ်မှုကို ဖြတ်တောက်ကာ အဆက်မပြတ် ဖိနှိပ်နိုင်မည်။

ယခုအခါတွင်၊ သမုဒ္ဒရာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နဂါးသွေးကြောတိုက်ကြီးထက် သာလွန်ကြောင်း ထင်ရှားသည်။ သိုင်းပညာမှာသာမက ကုန်ထုတ်လုပ်ရေးမှာပါ မင်းဆက်အမျိုးမျိုးနဲ့ သမုဒ္ဒရာကြားက ဆက်နွှယ်မှု ပြတ်တောက်နေသရွေ့ မင်းဆက်အမျိုးမျိုးနဲ့ တကျန်းကြားက ကွာဟချက်က ကြီးမားလာလိမ့်မည်။

ကျန်းချန်ရှန်းသည် ဧကရာဇ်ရွှမ်ထျန်း၏ အတွေးများကို နားထောင်ရင်း သူ့ထင်မြင်ချက်ကို မပေးချေ။ ဤအစီအစဥ်သည် ကောင်းမွန်သော်လည်း ချို့ယွင်းချက်များစွာရှိသည်။

ဧကရာဇ်ရွှမ်ထျန်းသည် ဤအစီအစဉ်အတွက် လမ်းခင်းရန် ဆယ်စုနှစ်များစွာ အချိန်ယူရဉီးမည်။ ဆယ်စုနှစ်များစွာကြာပြီးနောက်တွင် ချို့ယွင်းချက်များစွာ ရှိတော့မည်မဟုတ်ပေ။

ဧကရာဇ်ရွှမ်ထျန်း ထိုသို့​တွေးဝံ့နေသရွေ့ တကျန်းမှာ အနာဂတ်ရှိမည်သာ....

ကျန်းဇီယုသည် တကျန်း၏ နယ်မြေကို နှစ်ဆ ချဲ့ထွင်လိုချင်သောအခါ လူအများက ၎င်းကို မယုံရဲကြပေ။ နှစ်များစွာကြာပြီးနောက်၊ တကျန်းသည် ဆယ့်သုံးပြည်နယ်မှ ကိုးဆယ့်ကိုးပြည်နယ်သို့ ပြောင်းလဲခဲ့သည်။ ထို့ကြောင့် လက်ရှိ ရှုထောင့်မှ သုံးသပ်၍ မရနိုင်သော အရာများစွာ ရှိသည်။

ဧကရာဇ်ရွှမ်ထျန်း ထွက်ခွာမသွားမီ အချိန်အတော်ကြာ စကားစမြည်ပြောခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် မြို့တော်တွင် ပြင်းထန်သော ချီပေါက်ကွဲသံများ ထွက်ပေါ်လာသော်လည်း မကြာမီ ပျောက်ကွယ်သွားခဲ့သည်။

ရေပေါ်ကျွန်းမှ သံတမန်သည် ငြင်းဆိုခံရသောအခါ ဒေါသထွက်ခဲ့သော်လည်း မြို့တော်ကို မတိုက်ခိုက်ဝံ့ပေ။

တကျန်းက အရင်ကနဲ့မတူတော့ပေ။သာမန်လူများအတွက် တာအိုဘိုးဘေးမသည် သက်ရှိဘုရားလောင်းနှင့်တူသည်။ သို့သော်၊ ရွှေခန္ဓာနယ်ပယ်နှင့်အထက်ရှိ သိုင်းပညာရှင်တို့၏အမြင်တွင်တာအိုဘိုးဘေးသည် လူသတ်နတ်ဘုရားဖြစ်သောကြောင့် ၎င်းတို့အတွက်၊ တကျန်း၏ ရှီပြည်နယ်သည် ကန့်သတ်နယ်မြေတစ်ခုဖြစ်လာသည်။

ရွှမ်ထျန်းခေတ်၏ တတိယနှစ်တွင်

ဧကရာဇ်ရွှမ်ထျန်းသည် ယန်ကျုံး၏စံနမူနာကို မလိုက်နာဘဲ ဆက်နွယ်နေသော မင်းဆက်များနှင့် သန့်ရှင်းသောနယ်မြေများမှ အရှင်သခင်များကို ဧည့်သည်များအဖြစ် နန်းတော်သို့ ဖိတ်ကြားခြင်းမပြုခဲ့ပေ။

အဲဒီအစား လုံချီတောင်ပေါ်သို့ အကောင်းစားသေရည်များဉ အရသာရှိသော မုန့်များနှင့် အဆာပြေများ ယူဆောင်လာသည်။ သူသည် ပိုင်လုံအတွက် အသားများကိုပါ သယ်လာခိုင်းခဲ့သည်။

ဒါဟာ စိတ်စေတနာကောင်းကို တမင်တကာ ဖော်ပြခြင်းဖြစ်သည်ကို ကျန်းချန်ရှန်း သဘာဝကျကျ နားလည်သည်။ သို့သော် ဤကလေးသည် အလွန်တွေးခေါ်တတ်ပြီး စိတ်သက်သာရာရစေကြောင်း ဝန်ခံရပေမည်။

ယခင်နှစ်များနှင့် မတူဘဲ ယခုနှစ် နွေဦးရာသီသည် ထူးထူးခြားခြား တက်ကြွနေသည်။ ပိုင်ချီနဲ့ ဧကရာဇ်ရွှမ်ထျန်းရဲ့ ရယ်သံတွေပ ခြံဝင်းထဲမှာ အဆုံးမရှိပဲ့တင်ထပ်နေသည်။

ကျန်းချန်ရှန်းသည် သူ၏ယခင်ဘဝက အဖိုးအိုတစ်ယောက်က နှစ်သစ်ကူးအတွက် အိမ်သို့ပြန်လာမည့်ကလေးများကို အဘယ်ကြောင့်မျှော်လင့်သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သူသည် ငြိမ်သက်တိတ်ဆိတ်နေလေ့ရှိသော်လည်း တစ်ချိန်က သက်ဝင်စည်ကားမှုများကို သတိရနေသည်။

ကျန်းချန်ရှန်းက မုန့်များကို မြည်းစမ်းကြည့်သည်။ အတော်စားကောင်းတာကြောင့် ကျန်းဇီယု ငယ်ငယ်တုန်းကအချိန်တွေကို ပြန်သတိရမိသည်။ သို့သော် လွန်ခဲ့သော အနှစ်တစ်ရာကတည်းက ခေါက်ဆွဲအရသာ ဘယ်လိုရှိသလဲ ဆိုတာကို သူ မေ့နေခဲ့တာ ကြာပါပြီ....

ဓားနတ်ဘုရားကလည်း အရက်သောက်ပြီး ခပ်ထွေထွေဖြစ်နေသည်။

ဧကရာဇ်ရွှမ်ထျန်းက တကျန်းတွင် မရေမတွက်နိုင်သောသိုင်းပညာရှင်များရှိပြီး ၎င်းတို့ထဲတွင် ဓားနတ်ဘုရားက ထိပ်တန်းအဆင့်ဖြစ်ကြောင်းပြောသောအခါ ဓားနတ်ဘုရား သဘောကျနေသော်လည်း ဂရုမစိုက်သလိုဟန်ဆောင်နေသည်။

“အနာဂတ်မှာ စီနီယာဓားဘုရားသာ ရှေ့ထွက်လာဖို့ ဆန္ဒရှိတယ်ဆိုရင် တိုက်ကြီးတစ်ခုလုံးရဲ့ ဓားကျွမ်းကျင်မှုအကြောင်း ဆွေးနွေးဖို့ စီနီယာအတွက် ခမ်းနားတဲ့ ပွဲတစ်ခု ကျင်းပပေးမယ်....ဒါက ဓားသမားတွေအတွက် အထူးစီစဉ်ထားတဲ့ ခမ်းနားတဲ့ပွဲတစ်ခုဖြစ်လာလိမ့်မယ်... နောက်ဆုံးအနိုင်ရသူကို ဓားသူတော်စင်ဘွဲ့ကို ပေးအပ်မယ်.......”

ဧကရာဇ်ရွှမ်ထျန်းသည် ပုံမှန်မဟုတ်သော စိတ်အားထက်သန်မှုဖြင့် စကားပြောဆိုခဲ့သည်။ သူမူးနေမှန်းသိသာလှသည်။ ကျန်းချန်ရှန်းရှေ့မှာ ကျင့်ဝတ်စောင့်ထိန်းဖို့တောင် ဂရုမစိုက်ဘဲ သူ့လက်ခြေတွေကို စတင်အသုံးပြုနေပြီ....

ထိုအချိန်တွင် သူသည် တကယ့်ဆယ်ကျော်သက်တစ်ယောက်လိုပင်။

နောက်ဆုံးတော့ သူက အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးသည်။

ကျန်းချန်ရှန်းက ဧကရာဇ်ရွှမ်ထျန်းကို ပြုံးပြုံးကြီးကြည့်ကာ ဒီကလေး အလွန်ချစ်စရာကောင်းကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

မြို့တော်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်နေပြီး သူတို့ရှေ့က လူတွေက အချင်းချင်း လှိုက်လှိုက်လှဲလှဲ ဝမ်းသာအားရပျော်ရွှင်နေကြသည်။

ကျန်းချန်ရှန်း၏ထင်မြင်ချက်တွင်၊ ဤညသည် အနှစ်နှစ်ဆယ်အတွင်း မကြုံစဖူးထူးခြားလှပသောညဖြစ်သည်။

နှစ်သစ်ကူးပြီးနောက်တွင်၊ ဧကရာဇ်ရွှမ်ထျန်းသည် ပို၍ တိုက်ပွဲဝင်လိုသော စိတ်ဓာတ်ရှိကြောင်း ထင်ရှားသည်။

မနက်ပိုင်း တရားခွင်မှာ အရာရှိတွေအားလုံးက သူ့မှာ ကြီးစိုးတဲ့ အရိပ်အယောင် ရှိနေတာကို တွေ့လိုက်ရသည်။ သူသည် ငယ်ရွယ်သေးသော်လည်း သတိအလွန်ကြီးသော ယန်ကျုံးနှင့်မတူဘဲ အရေးကြီးသော ဆုံးဖြတ်ချက်များစွာချမှတ်ရာတွင် ရဲရင့်လာခဲ့သည်။

တကယ့်ကို နဂါးအစစ်ဟု သတ်မှတ်ထိုက်ပေသည်။

ဤသတင်းက အရာရှိများ၏ ပါးစပ်မှတဆင့် မင်းဆက်အမျိုးမျိုး၏ နားများအထိပင် တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။

မရေတွက်နိုင်သော မင်းဆက်များက တိတ်တဆိတ် နာကြည်းနေကြသည်။ တကျန်း၏ဧကရာဇ်များသည် အဘယ်ကြောင့် ဤမျှအထိ ထူးချွန်ကြသနည်း။ ယုတ်ညံ့သောအုပ်စိုးရှင်ကို အဘယ်ကြောင့် မမွေးခဲ့ကြသနည်း။ မည်သည့်မင်းဆက်တွင်မဆို အရည်အချင်းမပြည့်မီသော အုပ်စိုးရှင်တစ်ဦး ရှိစမြဲဖြစ်သည်။ တကျန်း ပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်ပြီး တကယ့်အရည်အချင်းမပြည့်မီသော အုပ်ချုပ်သူပေါ်မလာသေးပေ။

မူလက တချီ စစ်မတိုက်ဘဲရပ်တန့်ရခြင်း အကြောင်းရင်းမှာ တော်ဝင်အာဏာ အပြောင်းအလဲနှင့် ပျော်ရွှင်ဖွယ်ကောင်းသည့် ဧကရာဇ်မင်းတစ်ပါး ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။

တကျန်းက ပိုမိုမြင့်မားလာပြီး လုံချီ ဘုရားကျောင်းလည်း ပိုတိုးတက်လာသည်။

ချင်းအာ၏အုပ်ချုပ်မှုအောက်တွင်၊ ပျိုးပင်ကောင်းများကို ပို၍ပို၍ တူးဖော်တွေ့ရှိခဲ့ပြီး တပည့်များ၏ အလုံးစုံအင်အားလည်း တဖြည်းဖြည်း တိုးတက်လာသည်။

မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ခွဲကြာသွားခဲ့သည်။

စုန့်လီသည် ယွီပြည်နယ်ကနေ ဧကရာဇ် ရွှမ်ထျန်းထံ အလည်အပတ် ရောက်ရှိလာသည်။

စုန့်လီက..... " အရှင်မင်းကြီး၊ တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းက တုန်းဟိုင်းမင်းဆက်မှာ တပည့်အများအပြားကို စုဆောင်းနေပါတယ်...အဲ့မှာ လော့ဂိုဏ်းလည်း ရှိတယ်လို့ ကြားတယ်...တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းလိုပဲ လော့ဂိုဏ်းမှာ ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတွေရှိတယ်....လော့ဂိုဏ်းရဲ့

ဂိုဏ်းချုပ်က ထျန်းဟိုင်ရဲ့ ဒုတိယအဆင့်

ဘိုးဘေးဟုန်ယွဲ့ ဆီသွားရောက်လည်ပတ်ခဲ့တယ်...ဘိုးဘေးဟုန်ယွဲ့က ယမန်နှစ်နှောင်းပိုင်းမှာ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီး ကောင်းကင်နှစ်ခုနယ်ပယ်ရောက်နေလောက်ပြီ.... တစ်နည်းဆိုရမယ်ဆို သူက ထျန်းဟိုင်မှာ အသန်မာဆုံးဖြစ်နိုင်ချေရှိတယ်..ဘိုးဘေးဟုန်ယွဲ့သာ တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်း၊လော့ဂိုဏ်းတို့နဲ့ လက်တွဲရင် တကျန်း ​​အန္တရာယ်ရှိလာလိမ့်မယ်!”

ဧကရာဇ်ရွှမ်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။

"ကောင်းကင်တစ်ခုနဲ့နှစ်ခုကြားမှာ ကွာဟချက်က ဘယ်လောက်များလဲ.... ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အလွယ်တကူအနိုင်ယူခဲ့တဲ့ တာအို ဘိုးဘေးက ကောင်းကင်နှစ်ခုနယ်ပယ် သုံးယောက်ကို ခုခံနိုင်မယ်ထင်လား..."

စုန့်လီက "ဘယ်လိုသိမှာလဲ? အချက်အလက်တွေ ဖြန့်ဝေဖို့ပဲ လာခဲ့တာပါ... ကြားဖြတ်ခံရမှာကို ကြောက်တဲ့အတွက် မိုင်တစ်ထောင်လင်းယုန်ကိုတောင် မသုံးခဲ့ပါဘူး....”

ဟုတ်ပါတယ်၊ ဒါက အကြောင်းပြချက်တစ်ခုပင်.. ဒုတိယအကြောင်းရင်းမှာ စုန့်လီသည် သေခြင်းတရားကို ကြောက်ပြီး မြို့တော်တွင် ပုန်းအောင်းလိုသောကြောင့် ဖြစ်သည်။

တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းတွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများရှိပြီး ထျန်းယန်ဖုန်းက သူ့ကိုရှာဖွေရန် လူများစေလွှတ်ခဲ့ကြောင်း သိရှိထားပြီးဖြစ်သည်။ သူသည် တကျန်း အတွက် ရေတပ်ကို တည်ဆောက်ခဲ့သည်ဟူသော အချက်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

"...ပြန်လို့ရပြီ...."

ဧကရာဇ်ရွှမ်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။

စုန့်လီက တုံ့ဆိုင်းနေပြီး “ကျွန်တော်မျိုး အခုတလော ကျန်းမာရေးမကောင်းတဲ့အတွက် မြို့တော်မှာ ခဏလောက်အနားယူလို့ရမလား...."

ဧကရာဇ်ရွှမ်ထျန်းက ခေါင်းညိတ်သည်။

စုန့်လီသည် ဧကရာဇ်ရွှမ်ထျန်းကို ကျေးဇူးတင်ကြောင်း အလျင်အမြန်ပြောပြီး လှည့်ထွက်ခဲ့သည်။ထို့နောက် တိတ်တဆိတ် သက်ပြင်းချကာ ပြုံးလိုက်သည်။

"တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်း....သေချင်တယ်ဆို လာကြစမ်း!"

စုန့်လီ ထိုသို့တွေးရင်း သူ့မျက်လုံးများထဲမှာ မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။

ထိုနေ့တွင် ဧကရာဇ်ရွှမ်ထျန်းသည် ကျန်းချန်ရှန်းကို ကိုယ်တိုင်တွေ့ပြီး ထိုကိစ္စကို အသိပေးခဲ့သည်။

ကျန်းချန်ရှန်းက သူနားလည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဧကရာဇ်ရွှမ်ထျန်းက နောက်ထပ်မမေးဘဲ ဘိုးဘေးကို ယုံကြည်ရန်သာ ရွေးချယ်ခဲ့သည်။

သူထွက်သွားပြီးနောက် ကျန်းချန်ရှန်းက တုန်းဟိုင်မင်းဆက်၏ဦးတည်ချက်ကိုကြည့်ဖို့ အကန့်အသတ်မရှိသောအမြင်အာရုံကိုအသက်သွင်းလိုက်သည်။ ချက်ခြင်းဆိုသလိုပင် တုန်းဟိုင်မင်းဆက်ကိုမြင်ပြီး လျှင်မြန်စွာရှာဖွေရန်စတင်ခဲ့သည်။

တုန်းဟိုင်မင်းဆက်ကို မြင်နေရ ပေမယ့် ဂရုတစိုက် ရှာဖွေရမယ့် အရာတစ်ခုသာရှိသည်။

ပင်လယ်ကမ်းစပ်ကနေ ရှာဖွေဖို့ ဆုံးဖြတ်ပြီး ကမ်းရိုးတန်းတစ်လျှောက်ကို ကြည့်လိုက်သည်။ များမကြာမီတွင်၊ များစွာသောရုပ်ပုံများနှင့်အတူ လေထဲတွင် လွင့်မျောနေသော သင်္ဘောအများအပြားကို သူတွေ့လိုက်ရသည်။ သူတို့သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်များဖြစ်ကြသည်။

ကျန်းချန်ရှန်း သူတို့ကို အခုချက်ချင်း သတ်ပစ်သင့်လားတွေးနေပေမယ့် ရန်သူကို အလွယ်တကူသတိပေးသလိုဖြစ်နေလိမ့်မည်။

ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူ သုံးဦးကို အရေးယူပြီးနောက် ပမွှားအဆင့်များကို ဆက်လက်ရိတ်သိမ်းမည်ဖြစ်သည်။

သူအကြည့်တွေကို ပြန်မရုတ်သိမ်းခင် သူတို့ကို ခဏလောက်စောင့်ကြည့်ခဲ့သည်။

ပိုင်ချီက... "ဆရာတော်ရဲ့မျက်လုံးတွေ အရောင် တောက်နေတယ်... တစ်ခုခုကြည့်နေတာလား.... အဲဒါက ဘယ်လိုသိုင်းပညာလဲ အဝေးကြီးကို မြင်နိုင်လား”

ကျန်းချန်ရှန်းက.... "ကမ္ဘာရဲ့အဆုံးအထိ ငါမြင်နိုင်တယ်ဆိုတာ မင်းယုံလား"

"ယုံတယ်...ယုံတယ်...!"

ပိုင်ချီက ချက်ချင်းပြန်ဖြေပြီး ကျန်းချန်ရှန်းရဲ့လက်ကို နမ်းဖို့ရောက်လာတော့ ကျန်းချန်ရှန်း သူမကို ချက်ချင်း တွန်းထုတ်လိုက်သည်။ သူမ စိတ်မဆိုးဘဲ ဒေါသမထွက်ဘဲ နာခံကာ ဘေးနားတွင် ထိုင်လိုက်သည်။

ဒီမြင်ကွင်းကို ဓားနတ်ဘုရားက မှုန်ကုပ်ကုပ်ဖြင့်ကြည့်နေသည်။

ရွှမ်ထျန်းခေတ်၏ 4 နှစ်တွင်၊ နောက်ထပ်အသက်ဝင်သောနွေဦးရာသီတစ်ခု ကုန်ဆုံးသွားခဲ့ပါပြီ....

ထိုနေ့တွင်၊ ကျန်းချန်ရှန်းသည် တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရသောအခါမျက်လုံးဖွင့်၊ မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်။

သူ့ အပြုအမူကို မြင်တော့ ပိုင်ချီက...

"ဧကရာဇ်ငယ်လေးပြောသွားတဲ့

ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူတွေ ရောက်လာတော့မှာလား"

ကျန်းချန်ရှန်း ခေါင်းညိတ်သဘောတူလိုက်သည်။

ဓားနတ်ဘုရားကလည်း မျှော်လင့်ချက်ဖြင့် မတ်တပ်ထရပ်လိုက်သည်။

ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူများအကြား တိုက်ပွဲကို သူမျှော်လင့်နေသည်။

လူသားဧကရာဇ်၏ ယခင်တိုက်ပွဲနှင့်မတူဘဲ ကျန်းချန်ရှန်းသည် ဒီတစ်ခါ ရန်သူတွေရင်ဆိုင်ရင် သတ်ပစ်မှာသေချာသည်။ ထို့အပြင်၊ ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူနှစ်ဦးအပါအဝင် ရန်သူတစ်ဦးထက်ပို၍ ရှိခဲ့သည်။

ဒီတိုက်ပွဲက သူ့ကို ထိုးထွင်းသိမြင်မှုများစွာ ရရှိစေမှာ သေချာသည်။

မိုးကုပ်စက်ဝိုင်းအဆုံးကနေ တိမ်မည်းတွေ တဖြေးဖြေးနဲ့ မြို့တော်ဆီ ရွေ့လျားလာပြီး တောင်တွေ၊ မြစ်တွေနဲ့ ဥက္ကာခဲကြီးတွေကို ဖုံးလွှမ်းသွားကာ မြို့တစ်ဝက်လောက် အမှောင်ကျသွားခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်းသည် သူ့မျက်ခုံးကြားတွင် ဆူးတစ်ခု ထိုးထွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ ဒါဟာ မွေးရာပါအမှတ်အသားရဲ့နာကျင်မှုပင်...

သူ တစ်ခုခုကို တွေးနေပုံရပြီး ချက်ချင်းမတ်တပ်ထရပ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ထိုစဉ် အပြစ်ပေးအကြီးအကဲ ရုတ်တရက်ပေါ်လာပြီး “ရန်သူတွေရောက်လာပြီထင်တယ်” ဟုပြောသည်။

ဧကရာဇ်ရွှမ်ထျန်း စိတ်ပူသွားသည်။ ကျန်းချန်ရှန်းက သဘောတူခဲ့ပေမဲ့ ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူ သုံးယောက်ရဲ့ တိုက်ခိုက်မှုကြောင့် တကျန်း ရဲ့ လူတွေကို ထိခိုက်မှာလား....

နန်းတော်ဘေးက အိမ်ကြီးထဲမှာ ....

လူသားဧကရာဇ်က တံခါးအပြင်ကို ထွက်လာပြီး ကြည့်လိုက်တော့ သူ့မျက်လုံးတွေမှာ ကြောက်ရွံ့မှုတွေ ပြည့်နေသည်။

အလွန်ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်ကို သူခံစားမိသည်။ဒါဟာ တာအိုဘိုးဘေးနှင့် ရင်ဆိုင်ရချိန်ထက်ပင် အားကောင်းခဲ့သည်။

နိုင်ငံရပ်ခြားက ကျွမ်းကျင်သူတွေရောက်လာပြီလား....

တကျန်းအတွက် စိတ်ပူစပြုလာသည်။ ဆက်ခံမည့်သူအား ခွန်အားပေးရင်း တကျန်းအပေါ် ခံစားချက်အချို့ရှိလာချေပြီ......

All Chapters