← Chapters

မဖြစ်နိုင်ဘူး...

Vol. 10 Ch. 147

မဖြစ်နိုင်ဘူး...

Vol. 10 Ch. 147

တိမ်မည်းတွေ မြို့တော်ကို ဖုံးလွှမ်းသွားချိန်မှာတော့ နိုင်ငံသားတွေနဲ့ သိုင်းပညာ ရှင်တွေအားလုံး စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ကြသည်။

ကောင်းကင်ကြီး ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားတာလဲ....

လေ့ကျင့်နေသော ယုယန်ရိသည်လည်းဂ မော့ကြည့်ကာ စိတ်လှုပ်ရှားနေသော အမူအရာကို ထုတ်ဖော်လိုက်သည်။

တာအိုဘိုးဘေးလှုပ်ရှားတော့မယ်....

တာအိုဘိုးဘေး လက်ရှိတွင်မည်မျှ တန်ခိုးကြီးမားသည်ကို သူမ သိချင်နေမိသည်။

မြို့တော်ကြီးတစ်ခုလုံး အမှောင်ကျသွားပြီး ဖော်မပြနိုင်သော ဖိအားတစ်ခုက မြေပြင်ပေါ် ဖုံးလွှမ်းသွားကာ လူတိုင်း၏စိတ်နှလုံးသားကို လေးလံစေခဲ့သည်။

"တာအိုဘိုးဘေး မင်း ဘာလို့ ထွက်မလာသေးတာလဲ.... မင်း ထွက်မလာရင် ဒီမြို့ကိုဖျက်စီးပစ်မယ်..."

ကောင်းကင်နှင့်မြေကြီးကြားတွင် မထူးခြားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျန်းချန်ရှန်း ဟန်မဆောင်နိုင်ဘဲ ရယ်လိုက်မိသည်။ ဒီလူတော်တော် စကားတတ်တာပဲ......

သူသည် ချက်ချင်းပင် လေထဲသို့ လှမ်းတက်က. သူ့ခြေဖဝါးအောက်တွင် တိမ်များကို ဆင့်ခေါ်လိုက်သည်။ သူက တိမ်တွေကိုစီးပြီး ကောင်းကင်က တိမ်မည်းတွေဆီ ပျံသန်းသွားခဲ့သည်။

လုံချီ တောင်ကို အာရုံစိုက်နေကြသော နိုင်ငံသားများ ထိုအရာကို မြင်သောအခါ သက်ပြင်းချလိုက်ကြသည်။

တာအိုဘိုးဘေး အရေးယူနေသရွေ့ မြို့တော်ကြီး ဘာမှဖြစ်မလာဘူး.....

ကျန်းချန်ရှန်းသည် တိမ်များကို ဖြတ်ကျော်ပြီး တိမ်ပင်လယ်အထက်သို့ ရောက်ရှိခဲ့သည်။

ထျန်းယန်ဖုန်းနှင့်ဂိုဏ်းချုပ်တျန်တို့အပါအဝင် လူငါးယောက်ရှိနေကြသည်။ သူတို့ကို ဦးဆောင်နေတဲ့ အဘိုးအိုက သွေးရောင် ၀တ်စုံဝတ်ဆင်ထားသည်။ သူသည် မီးခြစ်ဆံကဲ့သို့ ပိန်လှီသော်လည်း အတော်အရပ်ရှည်သည်။ လောလောဆယ် သူက ကျန်းချန်ရှန်းကို စိုက်ကြည့်နေသည်။

၎င်းတို့အားလုံးသည် ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူများဖြစ်သည်။

သွေးရောင် ၀တ်ဆင်ထားသော အဘိုးအိုသည် ကောင်းကင်နှစ်ခုနယ်ပယ်တွင် ရှိနေခဲ့ပြီး သူ၏ အော်ရာက အခြားလေးယောက်ထက် သိသိသာသာ ပြင်းထန်သည်။ သူက လူသားဧကရာဇ်ထက်တောင် သန်မာသည်။

ကျန်းချန်ရှန်းက ရယ်မောပြီး ..“မင်းတို့ငါးယောက်က တော်တော်ကျွမ်းကျင်ပုံရတယ်....ဘာလို့ တကျန်း ကိုလာတာလဲ...."

ထျန်းယန်ဖုန်းက အော်ဟစ်ပြီး "နင် ငါ့အစ်ကိုကို သတ်လိုက်တာ.... ဘာလို့ ဟန်ဆောင်နေတာလဲ...."

“ဒါဆို ကလဲ့စားချေဖို့ပေါ့..."

ကျန်းချန်ရှန်း သက်ပြင်းချလိုက်သည်။

သူသည် ထိုက်ယန်ရှန့်ကုန်း သို့မဟုတ် ရွှေအကြေးခွံတောင်ဝှေး သို့မဟုတ် ချီလီသားမြီးယပ်ကိုပင် မထုတ်ခဲ့ပေ။

သွေးနီရောင် ၀တ်စုံဝတ် အဘိုးအိုက.... “လက်စားချေသတ်ဖြတ်တာဟာ အကြောင်းရင်းတစ်ခုပဲ....မင်းက နဂါးသွေးကြောတိုက်ကြီးကို စိုးမိုးပြီး အပိုင်စီးချင်နေတာ....ဒါပေမယ့် နဂါးသွေးကြောတိုက်ကြီးက မင်းတစ်ယောက်တည်း ဝါးမျိုဖို့ အင်မတန်ကြီးမားတယ်... တကျန်းကို စွန့်လွှတ်ပြီး ထျန်းဟိုင်ကို လာခဲ့ပါ... ငါ မင်းကို ထောက်ခံပြီး မင်းကို အထက်ကို တက်ခွင့်ပေးမယ်.... ”

သူပြောလိုက်သည့်အခိုက်တွင် ကျန်လေးယောက်က သူ့ကို အံ့သြစွာကြည့်နေကြသည်။ ထျန်းယန်ဖုန်းက ဒေါသကြောင့် တုန်ရီနေပြီး သူမစကားပြောခါနီးတွင်ဂိုဏ်းချုပ်တျန်က သူမကို တားလိုက်သည်။

ဂိုဏ်းချုပ်တျန်က သူမကို ခေါင်းခါပြပြီး စိတ်တည်ငြိမ်စေရန် သတိပေးနေသည်။

ကျန်းချန်ရှန်းက သွေးရောင် ၀တ်ထားတဲ့ အဘိုးအိုကို ကြည့်ပြီး.... "တကျန်းကို ငါ လက်မလျှော့ဘဲ ထျန်းဟိုင်နဲ့ လက်တွဲဖို့ ဆန္ဒရှိတယ် ...သင်ဘယ်လိုထင်ပါလဲ?"

အဘိုးအိုက...“မဖြစ်နိုင်ဘူး... မင်း ထျန်းဟိုင်နဲ့ ပူးပေါင်းချင်တယ်ဆို မျှဝေနိုင်ရမှာပေါ့...."

ကျန်းချန်ရှန်းက ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ထို့နောက် ညာလက်ကို မြှောက်ကာ လက်ညိုးနှင့် လက်ခလယ်ကို ပူး၍ နှုတ်ခမ်းပေါ် တင်ထား၏။ သူ့အမူအရာက တခြားလူတစ်ယောက်လို အေးစက်သွားပြီး.....

“ဒါဆိုလည်း တိုက်ကြတာပေါ့...တစ်ယောက်မှ မလွတ်စေရဘူး...အကုန်သေစေရမယ်...."

ကျန်းချန်ရှန်း အေးစက်စွာပြောလိုက်သည်။ သူ၏ ၀တ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး နတ်အလင်းရောင်ဖြင့် လင်းလက်နေသည်။ သူ၏အနက်ရောင်ဆံပင်များသည် တိမ်ပင်လယ်အထက်ရှိ ကျွမ်းကျင်သူငါးဦးကို သတ်ဖြတ်ချင်နေသလို လေထဲတွင် ကခုန်နေသည်။

သွေးနီရောင် ၀တ်စုံဝတ်ထားသော အဖိုးအိုမှလွဲ၍ ကျန်လေးဦးစလုံး ထိတ်လန့်သွားကြသည်။ ကျန်းချန်ရှန်း၏ ခွန်အားကို မမြင်နိုင်ကြသော်လည်း ကြက်သီးထလာသလို ခံစားလိုက်ရသည်။

သွေးရောင်ဝတ် အဘိုးအို၏အပြုံးက အလွန်ကြောက်စရာကောင်းသည်။

“မင်းက အရမ်း မာနကြီးတယ်.... ငါ့ကိုသေစေချင်တဲ့သူတွေ အများကြီးရှိတယ်...သူတို့နာမည်တွေ မမှတ်မိတော့ဘူး..မင်း ငါတို့ကို ဘယ်လောက်ကြာကြာ မှတ်မိအောင် လုပ်ပေးနိုင်မလဲလို့ကြည့်ချင်သေးတယ်.... ”

စကားပြောပြီးတာနဲ့ ကျန်းချန်ရှန်းကို ရိုက်ချလိုက်သည်။ သွေးရောင်စစ်မှန်သောချီများကြားတွင် ကျန်းချန်ရှန်း နစ်မြှုပ်သွားသည်။

ထိုစဉ် ကျန်းချန်ရှန်း၏နောက်ကွယ်တွင် အမှန်တရားကိုးပါး စာလုံးများပေါ်လာသည်။ ရွှေစကားလုံးကိုးလုံးက သူ့နောက်မှာ လှည့်ပတ်နေတဲ့ သွေးရောင်ချီများကို တွန်းလှန်ဖို့ အကာအကွယ်အကာတစ်ခု ဖွဲ့လိုက်သည်။

"တိုက်ခိုက်မယ်...လူတိုင်း၊ နောက်မဆုတ်နဲ့...!"

ဂိုဏ်းချုပ်တျန်က အသံနက်ကြီးဖြင့် အော်လိုက်သည်။ သူ့နောက်ကျောမှာ လွယ်ထားတဲ့ ဇီသာကို ဖြုတ်လိုက်ပြီး ကောင်းကင်ထက်ကို ပျံတက်သွားသည်။ သူက လက်တစ်ဖက်က ဇီသာကို ကိုင်ထားပြီး နောက်တစ်ဖက်နဲ့ ဇီသာကိုတီးခတ်နေသည်။ မရေမတွက်နိုင်သော ဓားချီများ ပြေးထွက်လာပြီး ကျန်းချန်ရှန်း ၏ အတားအဆီးပေါ်သို့ မပြိုကျမီ သွေးအခိုးအငွေ့များအဖြစ် လွင့်ပျံသွားသည်။

ထွားကျိုင်းသောပညာရှင်တစ်ဉီး ကျန်းချန်ရှန်း၏နောက်က ပါးလွှာသောလေထုထဲမှ ထွက်ပေါ်လာသည်။ သူ၏လက်သီးသည် ရွှေရောင်ပြောင်းသွားပြီး တောက်လောင်နေသော အော်ရာဖြင့် ဝန်းရံထားသည်။

ဘန်းးးးးးးး

တိမ်ပင်လယ်တွေ ပျောက်ကွယ်သွားပြီး ထွားကျိုင်းတဲ့ပညာရှင်က မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေနဲ့ လွင့်စင်သွားသည်။

ထျန်းယန်ဖုန်းသည် ကျန်းချန်ရှန်း၏ ဘယ်ဘက်ခြမ်းတွင် ပေါ်လာပြီး သူမ၏ အစစ်အမှန်ချီကို လက်နှစ်ဖက်ဖြင့် ဖြန့်ကျက်လိုက်သည်။ သူ့နောက်တွင ကြီးမားသော ကောင်းကင်နှင့်မြေကြီး၏ ပုံရိပ်ယောင်ပေါ်လာသည်။ မရေမတွက်နိုင်သော အနီရောင်စွန်များက တောင်များနှင့် မြစ်များပေါ်တွင် ပျံဝဲနေသည်ကိုမြင်နိုင်သည်။

သူတို့၏တိုက်ခိုက်မှုများ ထိရောက်မှုမရှိသည်ကို အခြားသူများမြင်သောအခါ၊ ကောင်းကင်နှင့်မြေပြင် ပုံရိပ်ယောင်များကိုဆင့်ခေါ်ကာ ကျန်းချန်ရှန်းကိုဝိုင်းရံခဲ့ကြသည်။

ကျန်းချန်ရှန်းကို မျက်နှာမူထားတဲ့ သွေးရောင်၀တ် အဖိုးအိုရဲ့ နောက်ကွယ်မှာလည်း ကောင်းကင်နဲ့ မြေကြီးရဲ့ ပုံရိပ်တွေ လွှမ်းခြုံထားသည်။၎င်း၏ ကောင်းကင်နှင့်မြေကြီး၏ပုံသဏ္ဌာန်သည် လူသေကောင်များနှင့်ပြည့်နေသော

သွေးပင်လယ်ကဲ့သို့ဖြစ်နေသည်။ အလောင်းကောင်များနှင့် သွေးပင်လယ်ပြင်တွင် ထုံမွှမ်းနေသော သရဲတစ္ဆေရုပ်သွင်များက ဦးရေပြားကို ထုံကျဉ်စေခဲ့သည်။

အောက်က တိမ်ပင်လယ်တွေ ပြန့်ကျဲလာတာနဲ့အမျှ တစ်မြို့လုံးက ဒီမြင်ကွင်းကို မြင်နေရသည်။ ကောင်းကင်နယ်ပယ် ပညာရှင်ငါးဦးက တာအိုဘိုးဘေးကို ဝိုင်းရံထားသည်။ သူတို့တစ်ယောက်ချင်းစီ၏နောက်တွင် ကောင်းကင်နှင့်မြေကြီး၏ အံ့ဖွယ်ပုံရိပ်တစ်ခုစီပေါ်လာသည်။

ကောင်းကင်တစ်ခုလုံးကို မတူညီသောကမ္ဘာငါးခုဖြင့် ဖုံးလွှမ်းထားသည်။ဂိုဏ်းချုပ်တျန်သည် သူ့အထက်တွင်ရှိပြီး အခြား ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူ လေးဦးက လေးဘက်လေးတန် ဝိုင်းရံထားသည်။

ဧကရာဇ်ရွှမ်ထျန်း မျက်လုံး ပြူးကျယ်ကာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။

ရန်သူကို လျှော့တွက်မိမှန်း သူသိသည်။

သူသာမက လူသားဘုရင်၊ ကျန့်ယင်း၊ စုန့်လီ၊ ယုယန်ရီ၊ ချန်းလီ၊ချင်းအာနှင့် အခြားသူတို့သည် မည်မျှပင် အားကောင်းနေစေကာမူ ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူငါးဦး၏အော်ရာက မြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ဖော်မပြနိုင်သော ဖိအားကြောင့် ပြည်သူများကို မွန်းကျပ်စေခဲ့သည်။

ထိုအချိန်တွင် အားလုံးက တာအိုဘိုးဘေး မည်မျှ တန်ခိုးကြီးသည်ကို မေ့သွားကြသည်။ သူတို့သည် တာအိုဘိုးဘေး၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အောင်မြင်မှုများကို မေ့လျော့ခဲ့ကြပြီး ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူငါးဦးကြောင့် ထိတ်လန့်သွားကြသည်။

ဓားနတ်ဘုရားနှင့်ပိုင်ချီတို့သည် ချောက်ကမ်းပါးအစွန်းတွင် ရပ်ကာ အမတနတ်ဘုရား၏ တန်ခိုးကို မော်ဖူးနေကြသည့် လူသားများကဲ့သို့ပင် ဤမြင်ကွင်းကို မှင်သက်စွာ ကြည့်နေကြသည်။

ကျန်လေးယောက်လည်း စိတ်နှလုံးထဲတွင် ပလောင်ဆူနေကြသည်။ သူတို့အချင်းချင်းသာ တိုက်ခိုက်ကြရင် အနိုင်အရှုံး သတ်မှတ်ဖို့မလွယ်ပေ......

ထို့ကြောင့် တာအိုဘိုးဘေး အမူအရာ မပြောင်းလဲသည်ကို မြင်သောအခါ ထျန်းယန်ဖုန်းအပါအဝင် သူတို့၏ နှလုံးသားထဲတွင် လေးစားမှု တိုးလာခဲ့သည်။

တကျန်း သည်လို ယုံကြည်ချက်ဖြင့် တိုင်းပြည်ကို တည်ထောင်ခဲ့သည်မှာ အံ့သြစရာမရှိပေ။

တာအိုဘိုးဘေးက သူ့တပည့်တွေကို ကြင်နာစွာ ကာကွယ်ပေးနေပြီး အကျိုးအမြတ်အတွက် မဟုတ်မှန်း အားလုံးသိနေကြသည်။ သူတို့သည် ထိုပညာရှင်ကို သဘောကျသော်လည်း အကျိုးစီးပွားပဋိပက္ခကြောင့် တိုက်ခိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

ကျန်းချန်ရှန်း၏ အမူအရာသည် အေးစက်နေပြီး သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နေသော နတ်တစ်ပါးလိုပင်....

"အသက်မရှည်ချင်ကြဘူးပဲ..."

"သေလိုက်တော့!"

သူတို့ငါးယောက် ဒေါသထွက်နေပြီး သွေးရောင်ဝတ် အဘိုးအိုက ချက်ချင်းပင် လက်ကိုဝှေ့ယမ်းကာ ကျန်လေးယောက်လည်း အတူတူလှုပ်ရှားလိုက်ကြသည်။

ကောင်းကင်နှင့် မြေပြင်ညပုံရိပ်ယောင်ငါးခုကို ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားပြီး ၎င်းတို့၏ လက်ဖဝါးမှ ထွက်လာသည့် ကြောက်မက်ဖွယ် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။

ကျန်းချန်ရှန်းလည်း ထို့အတူပင် ... အမှန်တရားကိုးပါး စာလုံးများ သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်းးးးးးးးး

ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ရန်သူ၏တိုက်ခိုက်မှုနှင့် တိုက်မိသွားသည်။ လျှပ်စီးလက်ပြီး သွေးစွန်းသောလေပြင်းများ ကမ္ဘာတစ်ဝှမ်းသို့ ဖြတ်သန်း တိုက်ခတ်သွားသည်။

လူတိုင်း မျက်လုံးမှိတ်ထားလိုက်ကြသည်။ စကြဝဠာနယ်ပယ်မှာရှိခဲ့တဲ့ ဓားနတ်ဘုရားတောင် ဘာကိုမှ မမြင်နိုင်ခဲ့ပေ။ နောက်အခိုက်အတန့်တွင် မယုံနိုင်စွာ မျက်လုံးပြူးသွားသည်။

အဆုံးမဲ့လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ပေါက်ကွဲသွားပြီး ကောင်းကင်ယံပေါ်က စစ်မြေပြင်ကို ဖုံးလွှမ်းသွားသည်။ လူတိုင်း အကြားအာရုံနှင့် အမြင်အာရုံ ဆုံးရှုံးသွားသောအခါ၊ လျှပ်စီးကြောင်းသည် ကောင်းကင်ဘုံနယ်ပယ် ကျွမ်းကျင်ပညာရှင် ငါးဦးနှင့် ရောယှက်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့ လွတ်မြောက်ဖို့ အချိန်မရှိပေ။

မိုင်တစ်ရာပတ်လည်ရှိ ကောင်းကင်ကို ကြောက်မက်ဖွယ်ရာ မိုးကြိုးမုန်တိုင်းများဖြင့် ဖုံးလွှမ်းထားသည်။တခဏချင်းမှာပင် ပညာရှင်ငါးဦးကို လျှပ်စီးကြောင်းတစ်ရာထက်မနည်း ထိမှန်သွားသည်။

အနည်းငယ်ကြာပြီးနောက်

တောက်ပတဲ့ အလင်းတန်းတွေ ပျောက်သွားပြီး ကမ္ဘာကြီးဟာ မူလအရောင်အတိုင်း ပြန်ဖြစ်လာသည်။

လူတိုင်း၏ အမြင်အာရုံများ ပြန်လည်ကောင်းမွန်လာသော်လည်း နားထဲတွင် မြည်သံကို ခံစားနေကြရဆဲဖြစ်သည်။

သူတို့ မော့ကြည့်လိုက်တော့ သိုင်းပညာရှင်အားလုံး အံသြသွားကြသည်။

ကောင်းကင်မှာ ပြည့်နေတဲ့ လျှပ်စီးတွေနဲ့အပြိုင် တာအိုဘိုးဘေးရဲ့ တာအို၀တ်စုံကလည်း တောက်ပနေသည်။

ကောင်းကင်နယ်ပယ်ကျွမ်းကျင်ပညာရှင်ငါးဦး၏ ခန္ဓာကိုယ်မျာ မည်းနက်သွားခဲ့သည်။

ကောင်းကင်မှာ လျှပ်စီးတွေ ရောယှက်နေဆဲပင်....

ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်နေသလိုပင်.....

သွေးရောင် ၀တ်ထားတဲ့ အဖိုးအိုက တုန်တုန်ယင်ယင် အသံနဲ့ ..

“ဘယ်လို နည်းစနစ်လဲ..…”

“နတ်ဘုရားကိုးပါး တိုက်ပွဲဝင်ပညာရပ်”

အမှန်မှာ၊ ၎င်းသည် အမှန်တရားကိုးပါး၏ မြှင့်တင်မှုအောက်တွင် ထုတ်လွှတ်ခဲ့သော ကောင်းကင်နှလုံးသားလျှပ်စီးနည်းပညာဖြစ်သည်။

ကောင်းကင်နှလုံးသားလျှပ်စီးနည်းပညာကို အရင်တုန်းက ကျန်းဂျန်ရဲ့ ခန္ဓာကိုယ်ကိုကြံ့ခိုင်စေဖို့ သုံးခိုင်းခဲ့ပြီး ဒီလှုပ်ရှားမှုလုံချီ ဘုရားကျောင်းမှာ ထားရှိဖို့ အလားတူ သိုင်းပညာတစ်ခုကိုပင် ပြင်ဆင်ခဲ့သည်ယ

သူသည် ချန်း မိသားစု၏အမည်ကို သုံးစွဲနေသည်မှာ ကြာလှပြီဖြစ်၍ ငြီးငွေ့လာသည်။ ထို့အပြင် ယနေ့ခေတ်တွင် ထိုသို့သော ကြီးမားသော မြင်ကွင်းမျိုး ပေါ်ပေါက်ရန် ရှားပါးသဖြင့် အမွှေးတိုင်များများရအောင် ထုတ်ပြသင့်သည် မဟုတ်လော။

သွေးရောင် ၀တ်ထားတဲ့ အဖိုးအို တုန်လှုပ်သွားသည်။

ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူငါးဦး ကျဆုံးသွားခဲ့သည်။ အဘိုးအိုမှလွဲ၍ ကျန်လေးဦး သေဆုံးသွားခဲ့ပြီး သူတို့အားလုံးသည် စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားကြဆဲပင်....

သွေးရောင်ဝတ် အဖိုးအိုရဲ့ ထိတ်လန့်တကြား အကြည့်အောက်မှာ ကျန်းချန်ရှန်း က သူ့ညာလက်ကို ညွှန်လိုက်သည်။

"ငါမှားသွားပြီ...နှမြော..."

အိုး!

သူ့နဖူးကို ဖောက်ပြီး သူ့အသက်စွမ်းအား ပြတ်တောက်သွားချေပြီ.....

ကျန်းချန်ရှန်းသည် သူ့ခါးမှ ခရမ်းရောင် ပိုးကြိုးကို ဆွဲထုတ်လိုက်သည်။ဒါဟာ နတ်ချည်ပိုးကြိုးဖြစ်သည်။

သူ၏လက်ကို ပေါ့ပေါ့ပါးပါး လှုပ်ယမ်းလိုက်ခြင်းဖြင့်၊ နတ်ချည်ပိုးကြိုး လျင်မြန်စွာ ဆန့်ထွက်ပြီး အလောင်းငါးခုကို အတူတကွ ချည်နှောင်လိုက်သည်။

သူသည် နတ်ချည်ပိုးကြိုးစွန်းတစ်ဖက်ကို သူ၏ခါးတွင် ချည်နှောင်ကာ ထိုက်ယန်ရှန့်ကုန်းကို ထုတ်ယူလိုက်သည်။

ထို့နောက် အကန့်အသတ်မဲ့အမြင်အာရုံကို တိုက်ရိုက်အသုံးပြုကာ တုန်းဟိုင် မင်းဆက်၏ ပင်လယ်ကမ်းစပ်ကို ရည်ရွယ်လိုက်သည်။

တစ်မြို့လုံး၏အကြည့်အောက်တွင် တာအိုဘိုးဘေးသည် ကောင်းကင်တွင်ရပ်ကာ လျှပ်စီးလက်နေသည့်ကြားမှ လေးကြိုးကို ဆွဲလိုက်သည်။

ခါးတွင် ခရမ်းရောင်ခါးစည်းကြိုးတစ်ချောင်း ချည်နှောင်ထားပြီး ခါးစည်းကြိုးတစ်ဖက်တွင် အလောင်းငါးလောင်းရှိသည်။

ခရမ်းရောင်ပိုးကြိုး မည်သို့မည်ပုံ ခံနိုင်ရည်ရှိသည်ကို နားမလည်နိုင်သလို ကြီးမားသော လေးတစ်လက် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာသည်ကို နားမလည်နိုင်ကြပေ။

တာအိုဘိုးဘေး အရမ်းသန်မာတယ်ဆိုတာ သူသိပေမယ့်...ဒါက ချဲ့ကားလွန်းတယ်....ငါ အိပ်မက်မက်နေတာလား။

ကျန့်ယင်း သူ့ကိုယ်သူ တိုက်ရိုက် ပါးရိုက်လိုက်ပြီး သူ့မျက်နှာ ချက်ချင်းနီသွားသည်။

ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ကျန်းချန်ရှန်း အား စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။

ကျန်းချန်ရှန်းသည် ရန်သူကို ချိန်ရွယ်ပြီး လေးညှို့ကို ဆွဲလိုက်သည်။ ထိုအချိန်တွင် သူ၏ရုပ်ရည်သည် လူတိုင်း၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားခဲ့သည်။ အလွန်တုန်လှုပ်ချောက်ချားပြီး မမေ့နိုင်စရာပင်....

သူတို့ဘဝမှာ ဒီမြင်ကွင်းကို ဘယ်တော့မှမေ့မှာမဟုတ်ပေ။

လူတိုင်း၏အကြည့်အောက်တွင် ကျန်းချန်ရှန်းက သူ၏ညာလက်ကို လွှတ်လိုက်သည်။

ဝုန်းးးးးးး

ပြင်းထန်သော အလင်းတန်းများ လင်းထိန်သွားသည်။ ကမ္ဘာကြီးတစ်ခုလုံး အရင်ကလို အရောင်ပျက်သွားအောင် မလုံလောက်ပေမယ့် ကြီးစိုးပြီး ကြီးကျယ်ခမ်းနားနေဆဲပင်...

တာအိုဘိုးဘေးသည် အနည်းဆုံး ပေတစ်ထောင်အထူရှိသော အလင်းတန်းကြီးကို ပစ်လွှတ်လိုက်ရာ မိုးကုပ်စက်ဝိုင်းအစွန်းမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ယန်တျယ်ခေါတ်၏ နှစ်သစ်ကူးကို ဂုဏ်ပြုရန် တာအိုဘိုးဘေး ပစ်လွတ်လိုက်သော အလင်းရောင်အကြောင်း နိုင်ငံသားအများအပြား မြင်တွေ့ဖူးကြသည်။

တကယ်တော့ ဒါတွေဟာ မီးရှူးမီးပန်းမမဟုတ်ဘဲ မြှားများဖြစ်ကြောင်း သိခဲ့ရချေပြီ.....

စစ်မှန်သောချီဖြင့်ဖွဲ့စည်းထားသောမြှားများ........

ကျန်းချန်ရှန်း မျက်လုံးများကို မှိတ်ထားပြီး တိတ်တိတ်လေး ရေတွက်လိုက်သည်။

သုံးစက္ကန့်အကြာတွင် မိုးကုတ်စက်ဝိုင်း၏အဆုံးမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

ဘာကြောင့် မြှားပစ်ချင်တာလဲဆိုတာ ဘယ်သူမှ နားမလည်ကြပေ။

တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းမှ စုန့်လီ တစ်ခုခုကို တွေးနေပုံရသည်။ ကြောက်ရွံ့မှုနှင့် မယုံကြည်မှုများသည် သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေသည်..

“မဖြစ်နိုင်ဘူးမလားး… မဖြစ်နိုင်… မဖြစ်နိုင်ဘူး…”

All Chapters