← Chapters

တာ့ရိမြှား...ကမ္ဘာ့နံပါတ်တစ်တပ်ဖွဲ့

Vol. 10 Ch. 148

တာ့ရိမြှား...ကမ္ဘာ့နံပါတ်တစ်တပ်ဖွဲ့

Vol. 10 Ch. 148

ကျန်းချန်ရှန်း၏မြှားသည် တုန်းဟိုင် မင်းဆက်၏ ကမ်းရိုးတန်းတစ်လျှောက်ရှိ ဂိုဏ်းနှစ်ခု၏ အခြေစိုက်စခန်းများကို ကွေ့ပတ်သွားကာ ထိုနေရာတွင် ရှိနေသော သိုင်းပညာရှင်အားလုံးကို သုတ်သင်ပစ်လိုက်သည်။ အလုံးစုံပျက်သုဉ်းခြင်းမဟုတ်သော်လည်း၊ တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းနှင့် လော့ဂိုဏ်းသည် ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပြီး များစွာပျက်စီးဆုံးရှုံးခဲ့ရသည်။ သူတို့အတွက် အနာဂတ်မှာ တစ်ကျော့ပြန်လာဖို့ မဖြစ်နိုင်တော့ပေ။

သူတို့ထံမှ ရှင်သန်ခြင်းဆုလာဘ်ကို လိုချင်သော်လည်း ရန်သူများကို ထိန်းထားရသည်။ ရန်​သူ​တွေ​ကို သတ်​ပစ်​သင့်သည်။ ထို့အပြင်၊ သူသည် ခွန်အားကို အပြည့်အ၀ မဖော်ပြသရွေ့ တစ်ချိန်ကလို သူ့အား စိန်ခေါ်နိုင်သည်ဟု ထင်သည့်သူ ရှိလာလိမ့်မည်။

တကယ်တော့ သူ့ရဲ့ တားဆီးမှုဟာ အားကောင်းနေပြီ ဖြစ်သည်။ အနှစ်တစ်ရာကျော် အသက်ရှင်ပြီးနောက်

သေချင်သူတွေ မပါဝင်ဘဲ သူကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲအရေအတွက်ကို လက်တဖက်တည်းဖြင့် ရေတွက်လို့ရသည်။

ထျန်းဟိုင်က နံပါတ်တစ် အင်အားစုပင် အမွှေးတိုင် အရေအတွက် 30,000 ကျော် ကျဆင်းသွားခဲ့သည်။ သူတို့သည် အကြွင်းမဲ့ အုပ်စိုးသူဖြစ်လျှင်ပင် စိန်ခေါ်တိုက်ခိုက်ခြင်း ခံရနိုင်သေးသည်။ ထို့ကြောင့် သူသည် ရက်စက်လွန်းသော သရုပ်ဆောင်မှုအတွက် စိတ်ပူစရာမလိုပေ။ ယခုအချိန်မှစ၍ မည်သူမျှ သူ့ကို စိန်ခေါ်ဝံ့မည်မဟုတ်ပေ၊ ယခုအချိန်အထိ မည်သူကမျှ သူ့အား အစွမ်းကုန် တိုက်နိုင်အောင်မစွမ်းဆောင်နိုင်သေးပေ။ မရှိသေးပေ။

သူဒီလိုလူတစ်ယောက်နဲ့ ကြုံလာတဲ့အခါ သူ့ရှင်သန်မှုစည်းမျဉ်းနဲ့ မကိုက်ညီတော့တဲ့အတွက် ဖုံးကွယ်နေတော့မည်မဟုတ်ပေ။

ကျန်းချန်ရှန်း လှည့်ပြီး နန်းတော်ဆီသို့ပျံသန်း သွားသည်။ကောင်းကင်ဘုံအလောင်းငါးခုကို နန်းတော်ထဲသို့ပစ်ချပြီးနောက် အမြန်ပြန်လာခဲ့သည်။

လုံချီတောင်ပေါ်ရောက်သည်နှင့် ထိုက်ယန်ရှန့်ကုန်းကို မဟာဝိဉာဉ်လက်စွပ်ထဲ သိမ်းဆည်းထားသည်။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ပိုင်ချီ နှင့်ဓားနတ်ဘုရားတို့ ချက်ချင်းရောက်လာသည်။

ပိုင်ချီက အဆက်မပြတ်ပြောပြီး အရမ်းစိတ်လှုပ်ရှားနေကာ ဓားနတ်ဘုရားက သူ့ကို လေးလေးစားစား ကြည့်နေသည်။

ကျန်းချန်ရှန်းက ခေါင်းခါပြီး.....

“ကောင်းကောင်းလေ့ကျင့်ပါ....အနာဂတ်မှာ မင်းလည်းလုပ်နိုင်လိမ့်မယ်....'

ထို့နောက် သူသည် ပိုင်ချီ ၏ နှောင့်ယှက်မှုကို လျစ်လျူရှုပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်ကို စောင့်မျှော်ရဉီးမည်.....

ပိုင်ချီက ဓားနတ်ဘုရားကိုအပူကပ်ပြီး ဓားတာအိုကို သင်ပေးခိုင်းနေသည်။

ဓားနတ်ဘုရားတွင်လည်း တူညီသော အကြံအစည်ရှိသည်။ ဒီတိုက်ပွဲက သူ့ကို ထိုးထွင်းသိမြင်မှုတချို့ ရစေသည်။ ဓား တာအိုကို ခွဲဝေပေးသည့် လုပ်ငန်းစဉ်တစ်လျှောက်တွင်၊ သူ့အတွက် အဆင့်တက်ရန် နည်းလမ်းတချို့ရှာတွေ့နိုင်သည်။

တစ်ချိန်တည်းမှာပင် မြို့တော်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ကျန့်ယင်းနှင့် ယုယန်ရိတို့က တာအို ဘိုးဘေးနှင့် ခင်မင်ရင်းနှီးခွင့်ရသည့်အတွက် ဝမ်းသာကြသည်။ စုန့်လီလည်း စိတ်လှုပ်ရှားနေသည်။ဆုံးဖြတ်ချက်မှန်ကန်စွာဖြင့် တကျန်းကို အချိန်မီ အားကိုးနိုင်ခဲ့သည်။

ဧကရာဇ်ရွှမ်ထျန်းကတော့ စိတ်အလှုပ်ရှားဆုံးဖြစ်သည်။ လူသားဧကရာဇ်နှင့် ယခင်တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက တာအိုဘိုးဘေး၏ စွမ်းဆောင်မှုက ပို၍ပင် ထိတ်လန့်စရာကောင်းသည်။

ဧကရာဇ်ရွှမ်ထျန်း၏နှလုံးသားတွင် တာအို ဘိုးဘေးသည် မယုံကြည်နိုင်လောက်သောသင်္ကေတဖြစ်နေပြီဖြစ်သည်။

ဤကဲ့သို့ မယုံကြည်နိုင်အောင်အစွမ်းထက်သော ဘိုးဘေးတစ်ဦးသာရှိနေသရွေ့ တကျန်းက တိုက်ကြီးကို ပေါင်းစည်းနိုင်ဖို့ မခက်ခဲသင့်ပေ။

နောက်တစ်ခုကတော့ သူလုပ်ရမှာက တည်ငြိမ်စွာ တိုက်ပွဲဝင်ဖို့ပင်.... ပရမ်းပတာဖြစ်စေမည့် မည်သည့်အမှားကိုမှ ပြုလုပ်မိလို့မဖြစ်ပေ။

“ရွှမ်ထျန်းတန်ခေတ် ၄ နှစ်တွင်....ဘိုးဘေးဟုန်ယွဲ့ ၊ ထျန်းယန်ဖုန်း၊ တျန်ဟုန်ရိ၊ဝမ်ရှိနှင့်ကျန့်လျိုယွမ်တို့သည် သင့်သတ်ရန် ရည်ရွယ်ချက်ဖြင့် လက်တွဲတိုက်ခိုက်ခဲ့ကြသည်။ သင်သည် ၎င်းတို့၏ တိုက်ခိုက်မှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်ကိုအဖြစ် တာ့ရိ ကမ္ဘာဖျက်မြှားကျင့်စဉ်ကို ရရှိသည်]

“ရွှမ်ထျန်းခေါတ် လေးနှစ်တွင်.... တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းနှင့် လော့ ဂိုဏ်းတို့သည် တကျန်းကို သိမ်းပိုက်ရန် တုန်းဟိုင်မင်းဆက်ကို ကူညီရန် လက်တွဲလိုကြသည်။ သင် အချိန်မီ အရေးယူပြီး ဂိုဏ်းနှစ်ခုရဲ့ အထက်တန်းအဆင့်ပညာရှင်တွေကို ဖျက်ဆီးပစ်လိုက်သည်။ သင်သည် ဘေးဥပဒ်မှ လွတ်မြောက်ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် 'ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက် သုံးခုရရှိသည်။]

ကျန်းချန်ရှန်း ရှေ့မှာ ဆက်တိုက် အကြောင်းကြားချက် နှစ်ခုပေါ်လာသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ယခု သူ့တွင် ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက် ကိုးရွက်ရှိနေပြီဖြစ်သည်။

ဒါပေမယ့် တာ့ရိကမ္ဘာဖျက်မြှားက သူ့ကို အံ့သြစေသည်။

သူ၏မြားပစ်စွမ်းရည်သည် အကန့်အသတ်မရှိသောအမြင်အာရုံနှင့် ထိုက်ယန်ရှန့်ကုန်းအပေါ် အခြေခံထားသည်။ ယခင်က သူသည် အမှိုက်အချို့ကို တိုက်ထုတ်ရန် မြင့်မားသော ခွန်အားကိုသာ အားကိုးခဲ့ရပြီး နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု မရှိခဲ့ပေ။ ယခု သူ့တွင် နောက်ထပ် လေးပစ်စွမ်းရည် ရှိလာသဖြင့်၊ ထိုက်ယန်ရှန့်ကုန်းကို ပိုကြီးမားသော စွမ်းအားဖြင့် ပစ်ခွင်းနိုင်သည်မှာ သေချာပါသည်။

အင်မော်တယ်ကျင့်ကြံသူ၏ ခွန်အားသည် ၎င်းတို့၏ အစွမ်းသတ္တိပေါ်တွင်သာမက ၎င်းတို့၏ မှော်ရတနာများပေါ်တွင်လည်း အခြေခံပါသည်။ ထို့ကြောင့်၊ ကျန်းချန်ရှန်း၏ စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားသည် အမွှေးတိုင်စနစ်က ညွှန်ပြထားသလောက် မရိုးရှင်းပေ။

၎င်းသည် အင်မော်တယ်ကျင့်ကြံသူများအတွက်သာမက သိုင်းပညာအထွတ်အထိပ်ရောက်နေသည့် ပညာရှင်များအတွက်ပါအသုံးဝင်သည်။

မုလင်းလော့ ပြောခဲ့သည့်အတိုင်းတို လင်းဟောက်ထျန်းသည် နယ်ပယ်မြင့်သည့် ရန်သူများကို သတ်ရန် နတ်လက်နက်တစ်ခု ရရှိခဲ့သည်။

ကျန်းချန်ရှန်းသည် တာ့ရိကမ္ဘာဖျက်မြှားကို အမွေဆက်ခံခဲ့သည်။

သူ့စိတ်ထဲတွင် များပြားလှသော အချက်အလက်များ ဝင်လာပြီး သူ့အသိစိတ်သည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်သွားစေသည်။

အချိန်အတော်ကြာပြီးနောက် ကျန်းချန်ရှန်း မျက်လုံးများကိုဖွင့်ကာ အံ့အားသင့်သောအမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူငါးဦးကြောင့် ရရှိသောဆုလာဘ်သည် မျှော်မှန်းထားသည့်အတိုင်း အမှန်ပင် လွှမ်းမိုးနိုင်စွမ်းရှိသည်။

တာ့ရိကမ္ဘာဖျက်မြှားတွင် အာကာသနှင့် အချိန်ကို ဖြတ်ကျော်နိုင်သော နက်နဲသော ဥပဒေသများပါရှိသည်။ ရိုးရိုးလေးပစ်စွမ်းရည်လို မရိုးရှင်းပေ။

ရှင်သန်ခြင်းဆုလာဘ်ကို ရန်သူ၏နယ်ပယ်ကသာ ဆုံးဖြတ်သည်သာမက၊ မိမိပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်ပေါ်မူတည်၍လည်း ဆုံးဖြတ်ပါသည်။ ကျန်းချန်ရှန်းသာ မခုခံရင် ကောင်းကင်နယ်ပယ်ကျွမ်းကျင်ပညာရှင် ငါးယောက်က သူ့ကို သေတဲ့အထိ ရိုက်နှက်ကြမည်သာ.....

တာ့ရိ​ကမ္ဘာဖျက်မြှားသည် သူ၏လက်ရှိနယ်ပယ်ကိုကျော်လွန်သွားပြီး အချိန်အကြာကြီးအသုံးပြုရန် လုံလောက်သည်။ ၎င်းသည် သူ၏ အပြင်းထန်ဆုံး လှုပ်ရှားမှုများထဲမှ တစ်ခုပင် ဖြစ်လာနိုင်သည်။

ကျန်းချန်ရှန်းသည် စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်ကို ပထမဆုံး လက်ခံရရှိခဲ့သည်။ ဤအထူးမြှားပစ်စွမ်းရည်သည် စစ်မှန်သောမြှားပစ်စွမ်းရည်သာမကဘဲ ကျင့်ကြံခြင်း နည်းလမ်းတစ်ခုလည်းဖြစ်သည်။

ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူငါးဦးကို သတ်ဖြတ်ခဲ့သည့် တာအိုဘိုးဘေး၏ သတင်း တိုက်ကြီးတစ်ခွင်သို့ လျင်မြန်စွာပျံ့နှံ့သွားသည်။

ကျန့်ယင်းသည် ဤကိစ္စကို ထျန်းဟိုင်သို့ သတင်းပြန်ပို့ရန် မိုင်တစ်ထောင်လင်းယုန်ကို အသုံးပြုခဲ့သည်။

ဒီတိုက်ပွဲက နိုင်ငံရပ်ခြားတပ်တွေကို ထိတ်လန့်စေမှာ သေချာသည်။ အချိန်အတော်ကြာသည်အထိ တာအိုဘိုးဘေးကို စိန်ခေါ်ဖို့ ဒါမှမဟုတ် ရှီပြည်နယ်ကို အန္တရာယ်ပြုဖို့ ဘယ်သူမှ သတ္တိရှိမှာ မဟုတ်ပေ။

ကျန်းချန်ရှန်းသည် နေ့စဥ်လေ့ကျင့်ပြီး ညဘက်တွင် ပင်လယ်ကမ်းစပ်သို့သွား၍ သမုဒ္ဒရာထဲတွင် မြှားပစ် လေ့ကျင့်သည်။

ကောင်းကင်သုံးခုနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး ပေါ်လာပါက၊ တဖက်လုက သူ့ကိုသတ်ရန် အခွင့်အလမ်းရှိသည်ဟု ထင်နိုင်စေရန် တိတ်တဆိတ် အားကောင်းလာစေရန် လိုလားသည်။

တကယ်တော့၊ အမွှေးတိုင်တွေအရ၊ သူသည် ကောင်းကင်သုံးခုနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သူ၏ မှော်ဆန်သော ရတနာများနှင့် အဆုံးစွန်သော နည်းစနစ်များနှင့်အတူ သူမည်မျှ သန်မာမည်ကို စိတ်ကူးမယဉ်ဝံ့ပေ။

ဒါတောင်မှ ရန်သူတိုင်းကို အလေးအနက်ထားဆက်ဆံပြီးတွက်ချက်ရမည်ဖြစ်သည်။

သို့မှသာ သူသည် ယုံကြည်မှုအပြည့်ဖြင့် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ..တစ်နှစ်ခွဲကုန်လွန်သွားခဲ့သည်။

မြို့တော်မှာ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့ချေပြီ.... လူသားဧကရာဇ် ကွယ်လွန်သွားခဲ့ပြီး ဧကရာဇ်ရွှမ်ထျန်းက သူ့ကို သင်္ဂြိုဟ်ခဲ့သည်။ သူသည် ဧကရာဇ်၏ နည်းပြဆရာဖြစ်သည်ဟု အားလုံးသိအောင်ကြေငြာခဲ့သည်။

ကျန်းချန်ရှန်းသည် ချောက်ကမ်းပါးဘေးတွင် ရပ်ကာ ဤမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေသည်။

လူသားဧကရာဇ် လွှဲပြောင်းပေးခဲ့သော အစစ်အမှန်ချီက အနှိုင်းမဲ့ အစွမ်းထက်သည်။ သာမန် စကြဝဠာနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် သူနှင့် မနှိုင်းယှဉ်နိုင်ပေ။ ခွန်အားလွှဲပြောင်းပေးခြင်းကြောင့် လူသားဧကရာဇ်၏ ခွန်အားတစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားပုံရသည်။ ထို့အပြင်၊ ဧကရာဇ်ရွှမ်ထျန်း၏ ခန္ဓာကိုယ်ကို အစွမ်းထက်သည်ဟု မယူဆနိုင်ပေ။ လူသားဧကရာဇ်က သူ၏ခွန်အားကို မည်သို့ခွဲဝေပေးမည်ကို တွေးတောခဲ့သော်လည်း အမှန်တကယ် အောင်မြင်ခဲ့သည်။

ကျန်းချန်ရှန်းသည် ဧကရာဇ်ရွှမ်ထျန်း ကို စိုက်ကြည့်ကာစောင့်ကြည့်ခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာ မတူညီတဲ့ ကံတရားနှစ်ခုရှိနေတာကို တွေ့ရှိခဲ့သည်။

၎င်းတို့သည် တိုအချင်းချင်း ဆန့်ကျင်နေမည့်အစား ထိုက်ချိပေါင်းစည်းခြင်းမျိုးလို နက်နဲမှု ရှိပါသည်။ ကံကောင်းခြင်းနှစ်ခုက တစ်ခုကိုတစ်ခု ထောက်ပံပေးပြီး သူ့ခန္ဓာကိုယ်ထဲက အစစ်အမှန်ချီကို နှိမ်နင်းဖို့ ကူညီပေးခဲ့သည်။

ကံတရား၏နည်းလမ်းက အလွန်ကောင်းမွန်သည်။

ကျန်းချန်ရှန်း အနေဖြင့် ကံတရားကို စိတ်မဝင်စားပေ။ သူသည် သူ၏ ခွန်အားကိုသာ ယုံကြည်ပြီး ကံကို အားမကိုးချင်ပေ။

ကံကြမ္မာမင်းဆက်ကဲ့သို့ပင် ကံတရားကြောင့် သိုင်းပညာများ ထွန်းကားလာမည်ဖြစ်သော်လည်း ကံကြမ္မာကိုဖြတ်လိုက်လျှင် သိုင်းပညာ မလွဲမသွေ ပြိုလဲသွားမည်ဖြစ်သည်။ ဤကောက်ချက်ချချက်အရ ကံကိုအားကိုးသော သိုင်းပညာသည် ကံကို ဆုံးရှုံးလိုက်သည်နှင့် တပြိုင်နက် တိုးတက်ရန် ခက်ခဲသည်။ သူတို့၏သွေးနှင့်ချီတို့ ဖရိုဖရဲဖြစ်နိုင်ပြီး ရူးသွပ်သွားခြင်းပင် ဖြစ်နိုင်သည်။

ခဏလောက်ကြည့်ပြီးနောက် ကျန်းချန်ရှန်း လှည့်ပြီး ခြံထဲသို့ ပြန်ဝင်လာခဲ့သည်။

ပိုင်ချီသည် ဟွမ်းထျန်း၊ဟေးထျန်းတို့နှင့်အတူ လေ့ကျင့်နေသည်။ သူမသည် ကြောင်တစ်ကောင်ချင်းစီကို လက်သည်းများဖြင့် ကုတ်ကာ မရပ်မနား အော်ဟစ်ခဲ့သည်။ ဓားနတ်ဘုရားကတော့ စိတ်ဆိုးနေပုံရပြီး ခြံဝင်းထဲမှာ ရှိမနေပေ။

ကျန်းချန်ရှန်းက သူတို့ကို မတားဘဲ ယင်းအစား၊ သူသည် မြေဝိညာဉ်သစ်ပင်ပေါ်တွင် ထိုင်ကာ တရားထိုင်ခဲ့သည်။

တစ်နှစ်ခွဲအတွင်းမှာတော့ ကမ္ဘာဖျက်မြှား ရဲ့ ပထမဆုံး လှုပ်ရှားမှု သုံးခုကို ကျွမ်းကျင်နေပြီဖြစ်သည်။ အခုတော့ သူ့ခွန်အားတွေ တိုးလာပေမယ့် စမ်းကြည့်ဖို့ အခွင့်မသာသေးပေ။

မုလင်းလော့ သူတော်စင်စံအိမ် ပြိုင်ပွဲတွင် ပါဝင်တော့မည်ကို သတိရမိသောကြောင့် ၎င်းကို ပြသရန် အခွင့်အရေးရနိုင်သည်။ အောင်မြင်နိုင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဒါက အခြားကိစ္စတစ်ခုဖြစ်သည်။

တိုက်ကြီးအနောက်ဘက်ကမ်းရိုးတန်းရှိ တည်းခိုခန်းတစ်ခုတွင်........

ကျန်းလော့နှင့်နတ်ဆိုးသခင်တို့သည် နောက်စားပွဲက သိုင်းပညာရှင်တို့၏ ဆွေးနွေးမှုကို ကြားသောအခါ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။

“စကြဝဠာနယ်ပယ်ကို ကျော်လွန်တဲ့ ကျွမ်းကျင်တဲ့ ပညာရှင်ငါးဦးလား.....

အဲဒါ ဘယ်နယ်ပယ်လဲ...."

"သေချာမသိဘူး.....စကြဝဠာ နယ်ပယ်အကြောင်း ကြားတာနဲ့တင် အံ့ဩနေပြီ။ ပိုမြင့်တဲ့ နယ်ပယ်တစ်ခု ရှိနေဉီးမယ် ထင်မထားဘူး...”

" တာအိုဘိုးဘေးရဲ့ စွမ်းအားက တွေးလို့တောင်မရတော့ဘူး.... သူအသက်ဘယ်လောက်ရှိပြီလဲ....."

“အသက်တစ်ရာကျော်နေပြီလို့ ကြားတယ်....."

“မဖြစ်နိုင်ဘူး... ရွှေခန္ဓာနယ်ပယ်ကို ရောက်ရှိနိုင်တဲ့ အသက်တစ်ရာကျော် သိုင်းပညာရှင်တစ်ဦးဟာ နတ်ဘုရားဝင်စားသူပဲဖြစ်နိုင်မယ်... ”

အခြားသော သိုင်းပညာရှင်တို့၏ ဆွေးနွေးမှုကို နားထောင်ရင်း၊ နတ်ဆိုးသခင်က “ကံကောင်းထောက်မစွာနဲ့ လူတွေရဲ့ ခွန်အားကို စုပ်ယူဖို့ တကျန်းကို မသွားခဲ့ဘူး.... မဟုတ်ရင်… "

ကျန်းလော့သည် ကျန်းမိသားစု၏ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သောကြောင့် ၎င်းကို ပို၍ပင် လေးလေးနက်နက် ခံစားခဲ့ရသည်။ သူက သက်ပြင်းချလိုက်ပြီး ....

“သူက တကယ့်ကို အစွမ်းထက်တယ်.... တကျန်းက သူ့ရဲ့ အကာအကွယ်ကို ရတဲ့အတွက် တကယ်ကို ဝမ်းသာစရာပဲ..."

ဤသည်မှာ တိုက်ကြီးရှိလူတိုင်း၏ ခံစားချက်တစ်ခုလည်းဖြစ်သည်။

တာအိုဘိုးဘေးသည် ကျင်းတိုင်ကျုံး၏ဆရာသခင်ဖြစ်သော်လည်း၊ သူသည် တကျန်းကို နှစ်ပေါင်းများစွာ စောင့်ထိန်းခဲ့သည်။

အကယ်၍ တာအိုဘိုးဘေးသည် တကျန်း ကို မိမိအကျိုးအတွက် အသုံးချခဲ့လျှင် နားလည်နိုင်သေးသည်။ သို့သော် ယခုအချိန်အထိ တာအိုဘိုးဘေး၏ လိုအပ်ချက်များကို အတိအကျ မကြားမိသေးပေ။

ထိုသို့သော ကိုယ်ကျိုးမဖက်သော တာအို ဘိုးဘေးကို တကျန်း၏ နိုင်ငံသားများက အမတနတ်ဘုရားကဲ့သို့ ကိုးကွယ်ခဲ့ကြသည်။ အမွှေးတိုင် ထွန်းညှိပူဇော်၍ ကိုးကွယ်ရန်အတွက် ၎င်းတို့၏ အိမ်များတွင် တာအိုဘိုးဘေး၏ ရုပ်ပွားတော်များပင် ရှိနေသည်ဟု ဆိုသည်။ နိုင်ငံသားများ၏အမြင်တွင်၊ ဤနည်းဖြင့်သာ တာအိုဘိုးဘေး၏ ကောင်းချီးများကို ရရှိနိုင်မည်ဖြစ်သည်။

နတ်ဆိုးသခင်က... "ဧကရာဇ်မျိုးဆက်တွေ ပြောင်းလဲလာတာနဲ့အမျှ တာအိုဘိုးဘေး ကြာရှည်မနေနိုင်မှာမဟုတ်ဘူး.... သူက ကံကောင်းခြင်းတွေ အရင်းအမြစ်တွေ ဒါမှမဟုတ် ရာထူးအဆင့်အတန်းကိုလည်း မမက်မောဘူး... သူအလေးထားတဲ့ တစ်ခုတည်းသောအရာက ကျင့်ကြံဖို့ပဲ..... တွယ်တာမှု မရှိတော့ရင် ပိုမြင့်တဲ့ သိုင်းပညာလမ်းကြောင်းကို ရှာဖို့ နိုင်ငံရပ်ခြားကို သွားလိမ့်မယ်.....”

ကျန်းလော့ ဒါကို မကန့်ကွက်ခဲ့ပေ။

ဘယ်ဘက်ကပဲ ကြည့်နေပါစေ နဂါးသွေးကြောတိုက်ကြီးသည် တာအိုဘိုးဘေးကို ကျေနပ်အောင် မလုပ်နိုင်တော့ပေ။

သူတို့သည် ထျန်းဟိုင်သို့ရောက်ခဲ့ပြီး အနီးနားရှိ တိုက်ကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို သိရှိခဲ့သည်။ နဂါးသွေးကြောတိုက်ကြီးသည် အဆိုးဆုံးမဟုတ်သော်လည်း အကောင်းဆုံးမဟုတ်ပေ။ ကမ္ဘာ၏အဆုံးတွင် သိုင်းပညာ၏ စိတ်ကူးမယဉ်နိုင်သော သန့်ရှင်းသောနယ်မြေတစ်ခုရှိသည်ဟု ဆိုကြသည်။

သိုင်းသမားတစ်ဦးသည် ပိတ်ဆို့မှုတစ်ခုနှင့် ကြုံလာသောအခါတွင် ဖြတ်ကျော်ရန် နည်းလမ်းများကို သေချာစွာ တွေးတောမိမည်ဖြစ်သည်။ တာအိုဘိုးဘေး ဘယ်လောက်ပဲ သန်မာနေပါစေ၊ သူ ဒီလိုအခြေအနေမျိုး မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကြုံတွေ့ရမှာပင်....

နတ်ဆိုးသခင်က .... “ဒီနေ့ညထွက်ရအောင်..... ရှန်းရှန်တုံးထျန်း ထွက်ခွာသွားခဲ့ပြီ..... သူတို့ကို နိုင်ငံရပ်ခြားမှာ အမဲလိုက်နိုင်ပြီး တစ်ချိန်တည်းမှာ ပိုအားကောင်းလာမှာပါ....”

ကျန်းလော့က ခေါင်းညိတ်လိုက်ပြီး .....“ကျွန်တော့်ရဲ့ ကိုးယောက်မြောက်ညီငယ်ကို မေ့ထားလို့မဖြစ်ဘူး ...နောက်တစ်ခါပြန်တွေ့ရင် သူ့ထက် နယ်ပယ်မြင့်နေရမယ်... "

နတ်ဆိုးသခင်က... "ငါ့ရဲ့ကျင့်စဉ်ကြောင့် ငါတို့နှစ်ဦးသည် သမုဒ္ဒရာကို သေချာပေါက် ကျော်ဖြတ်နိုင်မယ်..... တစ်နေ့မှာ တာအိုဘိုးဘေးကို စိန်ခေါ်ပြီး ကောင်းကင်အောက်က နံပါတ်တစ်ရဲ့ ခွန်အားကို စမ်းသပ်နိုင်မှာပါ...."

ကျန်းလော့က စိတ်လှုပ်ရှားစွာ ပြုံးပြသည်။ သူသည် ကျန်းချန်ရှန်းကို သဘောကျသော်လည်း တိုက်ခိုက်ကြည့်ချင်သည်။

ကမ္ဘာပေါ်မှာ ဘယ်သိုင်းပညာရှင်က နံပါတ်တစ် မဖြစ်ချင်ဘဲနေမလဲ....

သို့သော်လည်း စကြဝဠာနယ်ပယ်ကို ကျော်ဖြတ်ရန် နှစ်မည်မျှကြာမည်ကို သူမသိခဲ့ပေ။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က တည်းခိုခန်းထဲသို့ ဝင်လာခဲ့သည်။

ဒီလူက မိုးကာအင်္ကျီဝတ်ထားသည်။ မိုးကာအင်္ကျီကို ချွတ်လိုက်ပြီး မုတ်ဆိတ်မွေးတွေနဲ့ ပြည့်နေတဲ့ မျက်နှာကို ဖော်ထုတ်လိုက်သည်။ တည်းခိုခန်းရှိလူတိုင်းကို ငေးကြည့်ရင်း သူ၏အကြည့်များသည် နတ်ဆိုးသခင်ထံ ရောက်သွားခဲ့သည်။ သူသည် နတ်ဆိုးသခင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ခွေးခြေပေါ် ခြေတစ်ထောက်တစ်ဖက်တင်ပြီး....

“ခင်ဗျားက နတ်ဆိုးသခင်လား....” ဟု ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

All Chapters