ဓားတာအိုဖန်တီးခြင်း.... ကောင်းကင်မှဆင်းသက်လာသော နတ်မြှား......
Vol. 10 Ch. 149
နတ်ဆိုးသခင်က သေရည်ငှဲ့နေရင်း..." မင်းကရော..."ဟုမေးလိုက်သည်။
မိုးကာအင်္ကျီဝတ်ထားတဲ့ အမျိုးသားက ပြုံးပြီး.... “ခင်ဗျားက ထူးခြားတဲ့ ကျင့်စဉ် ဖန်တီးခဲ့တယ်လို့ ကြားတယ်...ကျုပ်တို့ ကျွန်းသခင်က ခင်ဗျားကိုစိတ်ဝင်စားနေတယ်.... ကျုပ်နဲ့ လိုက်ခဲ့ပါ...ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ...."
ကျန်းလော့က အေးစက်သောအကြည့်ဖြင့် အရက်ခွက်ကို ဆောင့်ချလိုက်သည်။
နတ်ဆိုးသခင်က... "မင်းဘယ်ကျွန်းကလာတာလဲ"
မိုးကာအင်္ကျီဝတ်ထားသည့် အမျိုးသားက..... “ရေပေါ်ကျွန်းကို သမုဒ္ဒရာထဲမှာ နှစ်ပေါင်း ၄၀၀၀ လောက်ကတည်းက တည်ထောင်ထားတာ.... ဒီကျွန်းမှာ ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ထက်မက ရှိတယ်...ဒါကြောင့် ကျုပ်တို့ရဲ့ သိုင်းပညာအခြေခံက ခိုင်မာတယ်...ခင်ဗျားသာ ရေပေါ်ကျွန်းနဲ့ပူးပေါင်းပြီး ခင်ဗျားရဲ့ကျင့်စဉ်နဲ့ ပံ့ပိုးပေးဖို့ ဆန္ဒရှိနေသရွေ ခင်ဗျားရဲ့ခွန်အားကို မြှင့်တင်ပေးပြီး ကောင်းကင်နယ်ပယ်ကို တတ်နိုင်သမျှ အမြန်ဆုံးရောက်အောင် ကူညီပေးမှာပါ......”
နတ်ဆိုးသခင်က.... "ငါ့မှာ ငြင်းခွင့်မရှိဘူးမလား..."
မိုးကာအင်္ကျီဝတ်ထားတဲ့ အမျိုးသားက ပြုံးပြီး.... “မငြင်းတာ အကောင်းဆုံးပဲ”
ကျန်းလော့ တစ်ခုခုလွဲနေပြီဆိုတာ သိသည်။ ရေပေါ်ကျွန်းက အားကောင်းပြီး သမုဒ္ဒရာထဲမှာ တည်ရှိသည်။
သူသည် ရှန်းရှန်တုံးထျန်း ပျက်စီးခြင်းအကြောင်းကို အကြောင်းပြချက်နှစ်ခုကြောင့် နတ်ဆိုးသခင်အား မပြောခဲ့ပေ။ ပထမအကြောင်းရင်းမှာ ကျန်းချန်ရှန်း ကို ကတိပေးခဲ့သောကြောင့်ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ သူသည် တိုက်ကြီးကို စွန့်ခွာပြီး သမုဒ္ဒရာထဲမှ သိုင်းပညာရှင်တို့၏ ခွန်အားကို စုပ်ယူရန် အခွင့်အရေးကို ရယူလိုသောကြောင့် ဖြစ်သည်။
သို့သော် သူတို့သည် သမုဒ္ဒရာသို့ မထွက်မီတွင် သမုဒ္ဒရာအတွင်းရှိ အဓိက အင်အားစုများ၏ ပစ်မှတ်ဖြစ်နေချေပြီ...
နတ်ဆိုးသခင်က ကျန်းလော့ကိုကြည့်ကာ "တပည့်လေး အဆင်သင့်ဖြစ်ပြီလား?"
ကျန်းလော့.... "ဘာလို့ ပြင်ဆင်နေမှာလဲ..."
ဝုန်းးးးးး
စစ်မှန်သောချီပေါက်ကွဲပြီး တည်းခိုခန်းတစ်ခုလုံး ပျက်စီးသွားသည်။ ဖုန်မှုန့်များ နေရာတိုင်းသို့ ပျံ့သွားကာ ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
ညဉ့်နက်ပိုင်း...အိပ်မက်ထဲတွင်....
ကျန်းချန်ရှန်းနှင့်မုလင်းလော့တို့ ရေကန်ဘေးတွင် ထိုင်နေကြသည်။ မုလင်းလော့ သည် မနက်ဖြန်တွင် သူတော်စင်စံအိမ် ပြိုင်ပွဲတွင်ပါဝင်မည်ဖြစ်ပြီး၊ သူမ ဆရာ၏တပည့်ရင်းများလည်း ပါဝင်မည်ဖြစ်သည်။
“ကျွန်မအပါအဝင် ဆရာ့ဖက်က တပည့်လေးယောက်ရှိတယ်... သူတို့ထဲက နှစ်ယောက်က ရွှေခန္ဓာနယ်ပယ်မှာ ရှိတာမို့ဒီခရီးကလုံခြုံမှာပါ....”
မုလင်းလော့သည် သူတော်စင်စံအိမ် ပြိုင်ပွဲအကြောင်းကို
စတင်မိတ်ဆက်ခဲ့သည်။
တပည့် ၁၀၀၀၀ လောက် ပါဝင်မည်ဟု သိရသည်။ သူတို့အထဲမှာ အညံ့ဆုံးက နတ်ဘုရားနယ်ပယ် ခွန်အား ရှိပြီး အသန်မာဆုံး တပည့်က စကြဝဠာ နယ်ပယ်ပင်....
ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
သူတော်စင်စံအိမ်က အမှန်တကယ်ပင် အစွမ်းထက်ပါသည်။
မုလင်းလော့၏ အဆိုအရ သူတော်စင်စံအိမ်သည် ရှေးဟောင်းဘုရားတိုက်ကြီးတစ်ခုလုံးထက် ပိုမိုခိုင်မာသည်။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားတိုက်ကြီး တွင်သာတည်ရှိပြီး ရှေးဟောင်းနတ်ဘုရားတိုက်ကြီး ၏ ကံကြမ္မာမင်းဆက်မှ ထိန်းချုပ်ထားခြင်းမရှိပေ။
အနီးနားရှိ တိုက်ကြီးများမှ ပါရမီရှင်များစွာသည်လည်း သူတော်စင်စံအိမ်တွင် ပါဝင်လာမည်ဖြစ်သည်။
သူတော်စင်စံအိမ် ပြိုင်ပွဲသည် အောက်ဖော်ပြပါသူများကို ကန့်သတ်ထားသည်။
ကောင်းကင်နယ်ပယ်ပညာရှင်များ ပါဝင်ရန် ဆန္ဒအလျောက် စာရင်းသွင်းရန် လိုအပ်ပါသည်။
ထို့ကြောင့်၊ ၎င်းသည် သူတော်စင်စံအိမ် ၏ ခွန်အားကို ကိုယ်စားပြုခြင်းမဟုတ်ပေ။
စမ်းသပ်မှု၏ ပထမအကျော့သည် တစ်လကြာမည်ဖြစ်ပြီး နတ်ဆိုးများကို အမဲလိုက်ခြင်း ဖြစ်သည်။ အကြီးအကဲများသည် နောက်တစ်ဆင့်တက်ရန် ထိပ်တန်းကျောင်းသားတစ်ရာကို ရွေးချယ်မည်ဖြစ်သည်။
“အကြီးအကဲတွေက ညီမတို့ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုစစ်ဆေးမယ်ဆိုတာတော့ မသိရသေးဘူး...စီနီယာတွေနဲ့ ဆရာ့ကို မေးပေမယ့် သူတို့က မပြောဘူး.... သူတို့က ညီမကို ကောင်းကောင်းစွမ်းဆောင်ဖို့ပဲ ပြောခဲ့တယ်” ဟု မုလင်းလော့က ကူကယ်ရာမဲ့ပြောသည်။
ကျန်းချန်ရှန်းက ပြုံးပြီး....
“အကြီးအကဲတွေမှာ ပထမစမ်းသပ်မှုကို စောင့်ကြည့်နိုင်တဲ့ ရတနာမျိုး ရှိကောင်းရှိနိုင်တယ်....မင်းရဲ့ဆရာ ဘာမှပြန်မပြောရတဲ့အကြောင်းရင်းက မင်းစိတ်မသက်မသာခံစားရပြီး မင်းရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေမှာ စိုးရိမ်လို့ပါ....”
မုလင်းလော့က ဒါဟာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။ သူမ လာမည့် သူတော်စင်စံအိမ် ပြိုင်ပွဲကို စောင့်မျှော်နေပါသည်။
သူမကြားဖူးတဲ့ ပါရမီရှင်တွေအကြောင်း စပြီးပြောဖြစ်ခဲ့သည်။
ကျန်းချန်ရှန်း ဂရုတစိုက် နားထောင်ပြီး အလွန်ဝေးကွာသောအရပ်မှ အခြား သိုင်းပညာလောကကို နားလည်လာသည်။
နောက်နေ့မနက်.....
ကျန်းချန်ရှန်း တရားထိုင်နေပြီး ခြံဝင်းထဲမှာ ပိုင်ချီက သစ်သားဓားကို ပါးစပ်ကိုက်ပြီး လေ့ကျင့်နေသည်။
နတ်ဆိုးဝံပုလွေတစ်ကောင် ပါးစပ်ထဲ၌ ဓားတစ်ချောင်းကိုက်ကာ ဓားရေးလေ့ကျင့်နေသည်က အလွန်ရယ်စရာကောင်းသည်။ သို့သော်လည်း ဤနတ်ဆိုးသားရဲ၏ဓားလှုပ်ရှားမှုက အလွန်ချောမွေ့ပြီး ကွဲပြားသောအလှတရားများပင်ရှိကြောင်း သူဝန်ခံခဲ့သည်။ ဘေးမှာ လဲလျောင်းနေသော ဟွမ်းထျန်းနဲ့ဟေးထျန်းတို့ ထိတ်လန့်တကြား မျက်လုံးပြူးသွားကြသည်။
ဓားနတ်ဘုရားက တံမြက်စည်းလှည်းနေရင်း စိတ်ထဲတွင်....ဒီကောင်က ဓားတာအို ထူးချွန်သူလား ဟုတွေးနေသည်။
ဒါက အဓိပ္ပာယ်မရှိဘူး!
ဓားနတ်ဘုရားအနေဖြင့် ဓားကိုင်ထားတဲ့ နတ်ဆိုးတစ်ကောင်ကို တစ်ခါမှ မတွေ့ဖူးပေ။ ပိုင်ချီက သူ့နားလည်မှုကို ဖြိုခွဲလိုက်ပြီး တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ မျှော်လင့်ချက်တစ်ခု မွေးဖွားလာခဲ့သည
သူသည် ဓားလမ်းစဉ်သစ်တစ်ခုကို ဖန်တီးနေသည်ဟု ခံစားမိသည်။
မွန်းတည့်ချိန်တွင်....
ကျန်းချန်ရှန်း မြေဝိညာဉ်သစ်ပင်၏ အကိုင်းအခက်တစ်ခုပေါ်တွင် ရပ်နေသည်။ သူသည် အကန့်အသတ်မဲ့အမြင်အာရုံကို အသက်သွင်းခဲ့ပြီး သူ၏အတွေ့အကြုံဖြင့် တတ်နိုင်သမျှ မြန်မြန်တွန်းပို့ခဲ့သည်။ ခဏအကြာတွင် ရှေးဟောင်းဘုရားတိုက်ကြီးကို မြင်လိုက်ရသည်။
ရှေးခေတ်ဘုရားတိုက်ကြီးသည် အမှန်တကယ်ပင် ကျယ်ပြောလှပြီး အဆုံးမဲမြင့်မားသော တောင်တန်းများရှိသည်။ လမ်းတစ်လျှောက်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်များစွာ ပျံဝဲနေပြီး နတ်ဆိုးငှက်ကြီးများက ၎င်းတို့၏အတောင်ပံများကို ခတ်နေသည်ကို သူတွေ့လိုက်ရသည်။ မြို့တွေကိုလည်း မြင်ရသည်။ သူမြင်သောမြို့တိုင်းသည် အလင်းရောင် မှိန်ပျပျ ထွန်းလင်းလျက်ရှိပြီး ကံတရားကြောင့် ဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ခုဖြစ်သည်။
သူသည် မုလင်းလော့၏ လူဝင်စားအမှတ်အသားကို အာရုံခံပြီး သူမကို အမြန်ရှာတွေ့ခဲ့သည်။
အကန့်အသတ်မရှိနက်နဲသောတောင်တန်းတွင်......
မုလင်းလော့နှင့်ဆရာတူတပည့်သုံးယောက် ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရပ်နေသည်။ မနီးမဝေးတွင် ရှေးဟောင်းကျောက်တံခါးတစ်ခုရှိသည်။ ၎င်းသည် သူတော်စင်စံအိမ်၏ နေရာကူးပြောင်းရေးအစီအရင် ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားတပည့်များကို ဆယ်မိုင်အကွာအဝေးအတွင်း မြင်နိုင်သော်လည်း အရေအတွက် များစွာရှိနေသည်။
မုလင်းလော့နှင့် အခြားသူများသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ချက်ချင်းပင် ရှေ့သို့မရွေ့သွားပေ။
အဖြူရောင် ၀တ်ဆင်ထားသော မုလင်းလော့သည် တစ်ဖက်တွင် ရပ်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ သူမဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။
သူမရဲ့ နဖူးမှာ အဆင်တန်ဆာတစ်ခုကို ၀တ်ဆင်ထားတာကြောင့် သူမရဲ့ အသားအရေကို ပိုလှစေသည်။ သူမ၏ ရှည်လျားသော ဆံပင်များကို ချည်နှောင်ထားပြီး အနက်ရောင် ရေတံခွန်ကဲ့သို့ နောက်ကျောပေါ်ဖြာကျနေသည်။ သူမကိုကြည့်ရတာ အရမ်းလှတာကြောင့် သူမဘေးနားက တပည့်နှစ်ယောက်ပင် မှေးမှိန်နေသည်။
ယောကျ်ားတပည့်တစ်ယောက်က သူ့အနားကို လှမ်းလာပြီး.... " ဂျုနီယာညီမ.... စိတ်မပူပါနဲ့....အစ်ကိုတို့ တိမ်ကျီးကန်းအဖွဲ့က ပတ်ဝန်းကျင်ကို စစ်တမ်းကောက်ယူပြီးမှ လှုပ်ရှားကြမှာပါ.... လွယ်လွယ်နဲ့ စွန့်စားမှာမဟုတ်ဘူး။ယ....”
သူ့နာမည်က နန်ကုန်းတိ ဖြစ်ပြီး သူကတော့ မုလင်းလော့ရဲ့စီနီယာအစ်ကိုဖြစ်သည်။ သူသည် ရွှေခန္ဓာနယ်ပယ်ဖြစ်သည်။
မုလင်းလော့က သူ့ကို မကြည့်ဘဲ... " စိတ်မပူပါဘူး.... တိုက်ပွဲဝင်ဖို့ မစောင့်နိုင်တော့တာပါ....."
နန်ကုန်းတိက မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
"ဟုတ်ပါ့.. ဂျူနီယာညီအစ်မမုရဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေနဲ့တိုက်ခိုက်ရမှာကို ကြောက်နေမှာမဟုတ်ဘူး....”
အခြားသော အမျိုးသမီး တပည့်နှစ်ယောက်လည်း လမ်းလျှောက်လာရင်း သူတို့လေးယောက်က နတ်ဆိုးတောအုပ်အကြောင်း အချက်အလက်ကို စတင်ဆွေးနွေးကြသည်။
ကျန်းချန်ရှန်းသည် အခင်းဖြစ်ပွားရာနေရာကို ကြည့်ရှုခဲ့သည်။ သူဘာမှ မကြားနိုင်ပေမယ့် မုလင်းလော့က အခုအချိန်အထိ အန္တရာယ်ရှိမနေပေ။
မုလင်းလော့အပေါ် နန်ကုန်းတိရဲ့ သဘောထားက ပြောပလောက်စရာမဟုတ်ပေ။ ချောမောလှပသော အမျိုးသမီးသည် အမျိုးကောင်းသားတစ်ဦးအတွက် လိုက်ဖက်သော အဖော်မွန်ဖြစ်သည်။ မုလင်းလော့ကသာ စိတ်မပါသရွေ့ အဆင်ပြေသည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးသည် တိကျသောအကွာအဝေးကို ထိန်းသိမ်းထားပြီး နန်ကုန်းတိ၏ လုပ်ရပ်များက စည်းကျော်ခြင်းမျိုးမရှိပေ။ ထုံးစံအတိုင်း ကျန်းချန်ရှန်း သူ့ကို ပစ်မှတ်ထားစရာမလိုပေ။
ကျန်းချန်ရှန်း၏အမြင်လမ်းကြောင်းသည် မုလင်းလော့နှငိ့အတူ စတင်ရွေ့လျားလာသည်။ သူသည် နတ်ဆိုးသားရဲတစ်ကောင်ကို ရှာဖွေရန် အဆင်သင့်ဖြစ်နေပြီး ၎င်းကို အဝေးကပင် အောင်မြင်စွာ သတ်နိုင်မလားဟု စမ်းကြည့်ချင်နေသည်။
အလေ့အကျင့်လိုအပ်ခဲ့ပေသည်။ ဤနည်းဖြင့်သာ မုလင်းလော့ကို ကာကွယ်နိုင်မည်ဟု ယုံကြည်စိတ်ချနိုင်သည်။
မကြာခင်မှာပဲ ကျန်းချန်ရှန်းက အစွမ်းထက်တဲ့ နတ်ဆိုးတစ်ကောင်ကို တွေ့ရှိခဲ့သည်။အဝါရောင်ဝတ်ထားတဲ့ လူကို တိုက်ခိုက်နေတဲ့ ဝံပုလွေနဲ့တူတဲ့ ဧရာမ နတ်ဆိုးကြီးတစ်ကောင်ပင်....
အဝါရောင်ဝတ်ထားသော အမျိုးသားသည် ၎င်းနှင့် မယှဉ်နိုင်တော့ဘဲ ထိတ်လန့်တကြား ထွက်ပြေးသွားကာ ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။
"ကလေးလေး မင်းကံကောင်းလိုက်တာ.."
ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန့်ကုန်းကိုထုတ်ပြီး ချိန်ရွယ်လိုက်သည်။
ဓားသိုင်းကို လေ့ကျင့်နေသော ပိုင်ချီက ဘေးကို မကြည့်ဘဲ မနေနိုင်ပေ။ ဓားနတ်ဘုရားကလည်း ကျန်းချန်ရှန်းကို ကြည့်နေသည်။
သူတို့ တိတ်တဆိတ် ပဟေဋ္ဌိဖြစ်ခဲ့ကြသည်။ တာအိုဘိုးဘေး ဘယ်သူကို ပစ်မလို့လဲ...
လင်းဟောက်ထျန်း ထိတ်လန့်တုန်လှုပ်စွာဖြင့် တောထဲသို့ ပြေးဝင်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံး နာကျင်နေပေမယ့် အဲဒီအကောင်က သူ့နောက်ကို ဆက်လိုက်နေတုန်းပဲ.....
လင်းဟောက်ထျန်းသည် သူတော်စင်စံအိမ် ပြိုင်ပွဲစတင်သည်နှင့် နတ်ဆိုးများကို အရူးအမူးရှာဖွေခဲ့သည်။ အလွန်အစွမ်းထက်သော ရွှေခန္ဓာနယ်ပယ် နတ်ဆိုးတစ်ကောင်နှင့် တွေ့မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် နတ်လက်နက်ကို ထုတ်လိုက်သည့်အခိုက်တွင်၊ ဝံပုလွေသားရဲက ၎င်းကို မျိုချလိုက်လေသည်။
ဒီလိုအခြေအနေမျိုးကို သူပထမဆုံးအကြိမ် ကြုံတွေ့ခြင်းပင်...
လင်းဟောက်ထျန်း မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်မီ အကြိမ်အနည်းငယ် လျှင်မြန်စွာ လှိမ့်သွားသည်။
တောအုပ်ကြီးကို နတ်ဆိုးဝံပုလွေက စိတ်ကြိုက်ဖျက်စီးနေပြှး နေရာအနှံ့ ဖုန်မှုန့်တွေ လွင့်ပျံသွားခဲ့သည်။ ဤနတ်ဆိုးဝံပုလွေသည် ၎င်း၏တစ်ကိုယ်လုံးတွင် အနက်ရောင်အမွေးများရှိပြီး ၎င်း၏နဖူးတွင် ဓါးနှင့်ဆင်တူသော ချွန်ထက်သောဦးချိုတစ်ခုရှိသည်။
အင်အားကြီးသောရန်သူနှင့်ရင်ဆိုင်သောအခါ လင်းဟောက်ထျန်း ၏နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုက ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ရဲ့ အစစ်အမှန်ချီ ပေါက်ကွဲသွားတော့ သူ့မျက်လုံးကနေ သွေးတွေစီးကျလာသည်။ လောင်မြိုက်နေသောချီဓာတ်များ သူ့ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားပြီး အဝါရောင် ၀တ်ရုံများ လွင့်ပျံသွားသည်။
"သေလို့မဖြစ်ဘူး...... ငါ့မိသားစုအတွက် လက်စားချေရဉီးမယ်......"
လင်းဟောက်ထျန်းသည် ညာလက်ဖဝါးကို မြှောက်ကာ နောက်ဆုံးအကြိမ် တိုက်ပွဲဝင်ရန် ပြင်ဆင်သည်။
ထိုအချိန်တွင် ကြောက်စရာကောင်းသော ဖိအားတစ်ခု ကျဆင်းလာပြီး သစ်တောတစ်ခုလုံး ပြိုကျသွားသည်။ မြေပြင်ပေါ်တွင် ဒူးထောက်နေစဉ် လင်းဟောက်ထျန်း ၏ခြေထောက်များကို ကွေးထားစဉ် မြေပြင်ပေါ်တွင် တွားသွားခဲ့ရသည်။
သူ ထိတ်လန့်စွာ မော့ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။
ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ကြီးမားသော ဝံပုလွေနက်ကြီးဆီ ကျဆင်းလာသည်။ ဝံပုလွေနက်ကြီး၏ ဟိန်းဟောက်သံနှင့်အတူ လင်းဟောက်ထျန်း လွင့်ထွက်သွားသည်။ သူသည် သစ်ပင်ပင်စည်ကို မထိမီ တလမ်းလုံး လှိမ့်သွားကာ သူ၏ အတွင်းအင်္ဂါများကို နာကျင်စေသည်။ သူ့ခန္ဓာကိုယ်ထဲက နာကျင်မှုတွေကို လျစ်လျူရှုပြီး အံ့အားသင့်စွာနဲ့ ရှေ့ကို လှမ်းကြည့်လိုက်သည်။
"အဲဒါဘာလဲ.. .."
တခဏအကြာတွင် ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ဧရာမ ဝံပုလွေကြီး အသားပုံအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
တစ်ခုခုကို တွေးပြီး အလျင်စလို မတ်တပ်ထရပ်လိုက်သည်။ အသွေးအသား အစုအပုံများကြားတွင် သူ၏နတ်လက်နက်ကို တွေ့ရှိခဲ့သည်။၎င်း၏မျက်နှာပြင်ပေါ်တွင် ခရမ်းရောင်ပုံစံများရေးထွင်းထားသော ဓားတိုတစ်လက်ဖြစ်သည်။
သူသည် နတ်ဆိုးဝံပုလွေ၏ အလောင်းနားမှ အမြန်ထွက်သွားသည်။ သူ့ကို ကယ်တင်ခဲ့သူကို ရှာကြည့်သော်လည်း မတွေ့ခဲ့ရပေ။
ခဏအကြာတွင် တပည့်အများအပြား အရပ်ရပ်မှ ပြေးလာကြသည်။ ရွှေရောင်အလင်းတန်းကို မြင်သောအခါ အများစုက စူးစမ်းလိုစိတ်ရှိကြသည်ကို တွေ့ရသည်။
မုလင်းလော့၊ နန်ကုန်းတိနှင့် ကျန်သူများပင် လာခဲ့ကြသည်။
ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန့်ကုန်း ကို ချလိုက်ပြီး ကျေနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ မြေဝိညာဉ်သစ်ပင်၏ အကိုင်းအခက်များ ယိမ်းယိုင်နေသေးသည်။
ထိုမြှားဖြင့် တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ မြှားသည် အသက်ရှုဆယ်ချက်စာမပြည့်ခင် ၎င်း၏ ရည်ရွယ်ထားသော ပန်းတိုင်သို့ ရောက်ရှိမည်ကို သိရှိခဲ့သည်။ ထို့အပြင် ၎င်းသည် ဦးတည်ရာသို့ ရောက်သောအခါ ဆင်းသက်သည့် အနေအထားကို ရွှေ့နိုင် တိကျစွာ ထိမှန်မည်ဖြစ်သည်။
ဖြစ်နိုင်ပါ့မလား။.....
ဒါက အင်မော်တယ်တာအိုနဲ့ သိုင်းပညာရဲ့ ကွာခြားချက်ပါပင်...အင်မော်တယ် တာအိုသည် ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သော အဓိပ္ပာယ် ပါဝင်သည်။ သာမာန်လူတွေ ကိုယ်ပိုင်ဥာဏ်နဲ့ မဆုံးဖြတ်နိုင်ပေ။သိုင်းပညာကတော့ ရုပ်ခန္ဓာကြံ့ခိုင်မှာသက်သက်ပင်......
ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန့်ကုန်း ကို ဖယ်လိုက်ပြီး ခြံဝင်းထဲသို့ ဆင်းသက်လိုက်သည်။
ပိုင်ချီ ရောက်လာပြီး...... "ဒီမြှား ဘာလို့ ပျောက်သွားတာလဲ"
ယခင်ကနှင့်မတူဘဲ၊ အလင်းတန်းတစ်ခုထွက်သာထွက်လာသဖြင့် ကျန်းချန်ရှန်း မအောင်မြင်ဘူးလို့ သူမ ထင်ခဲ့သည်။
ကျန်းချန်ရှန်းက “ အဲဒါကို စမ်းကြည့်တာပါ.... ရန်သူမရှိဘူး”
သူက ပိုင်ချီကို ကြည့်လိုက်သည်။ဒီဝံပုလွေက အခု ပိုကြည့်ကောင်းလာတယ်.... ပိုင်ချီမှာ နှင်းလိုဖြူတဲ့အမွေးတွေရှိပြီး ဝံပုလွေနက်ထက် ပိုလှတယ်.....
ပိုင်ချီက သူ့စကားတွေကို သံသယမရှိခဲ့ပေ။ သူမသည် သစ်သားဓားကို ပါးစပ်နှင့် နောက်တစ်ကြိမ် ကိုက်လိုက်ပြီး လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရန် လှည့်ကြည့်လိုက်သည်။
ဓားနတ်ဘုရားက အဲဒါကို သိပ်ပြီး မစဉ်းစားနေပေ။ လွန်ခဲ့သောနှစ်ဝက်စစ်ပွဲအပြီးတွင် အချိန်တိုအတွင်းမည်သူမဆို တကျန်းကို ကျူးကျော်ရန်မဖြစ်နိုင်ပေ။
ကျန်းချန်ရှန်း၏ စမ်းသပ်မှု အောင်မြင်ခဲ့ပြီး စိတ်လက်ကြည်သာစွာ တရားထိုင်နေလေတော့သည်။