← Chapters

စစ်မှန်သော နဂါးဘုရားကျောင်း.........

Vol. 10 Ch. 150

စစ်မှန်သော နဂါးဘုရားကျောင်း.........

Vol. 10 Ch. 150

ကျန်းချန်ရှန်းသည် မုလင်းလော့ ကို ရံဖန်ရံခါ အချိန်ပေးပြီး ကြည့်သော်လည်း သူမကို အချိန်တိုင်း ဂရုမစိုက်နိုင်ပေ။ မုလင်းလော့သည် အလွန်ကံကောင်းခဲ့ပြီး ကံဆိုးခြင်းကို ကံကြမ္မာအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။

သူ၏မြှားသည် သူတော်စင်စံအိမ်၏ အကြီးအကဲများကို ထိတ်လန့်စေသည်ကို သူမသိပေ။

ပြိုင်ပွဲကျင်းပသည့် လေ့ကျင့်ရေးကွင်းသည် သူတော်စင်စံအိမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ရွှေရောင်အလင်းတန်း မည်သည့်နေရာမှ ထွက်လာသည်ကို နားမလည်နိုင်ပေ။

ပြင်းထန်စွာ ဒဏ်ရာရနေသော တပည့်ကို ကယ်တင်ရန် ထိုရွှေရောင်အလင်းတန်းကြီး ရှိနေသည်မှာ ထင်ရှားသည်။

ဤတပည့်က ထင်သလောက်မရိုးရှင်းပေ။

ဤသို့ဖြင့် လင်းဟောက်ထျန်းသည် သူတော်စင်စံအိမ် အကြီးအကဲများ၏ အာရုံစိုက်မှု ဖြစ်လာခဲ့သည်။

ရက်အတော်ကြာပြီးနောက်....

ကျန်းချန်ရှန်း တရားထိုင်နေတုန်း ဧည့်သည်ရောက်လာခဲ့သည်။

ဓားနတ်ဘုရားက ဧည့်သည်ကို မော့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ရောက်လာသူမှာ ကျန်းချန်ရှန်းကို နတ်ဆိုးစုစည်းခြင်းပုလဲ ပေးခဲ့သော ဘုန်းကြီဖြစ်သည်။ သူသည် မျက်နှာဖုံးတစ်ဝက်ကို ၀တ်ထားကာ ယခင်ကဲ့သို့ ကြောက်စရာကောင်းသည့်ပုံမပေါ်တော့ပေ။

ဘုန်းကြီးလည်း ဓားနတ်ဘုရားကို သတိထားမိပြီး ထိတ်လန့်သွားသည်။

စကြဝဠာနယ်ပယ်......

နှစ်ယောက်လုံး အံ့သြနေကြသည်။

အထူးသဖြင့် ဓားနတ်ဘုရားပင်.....

သူ့ဘဝတွင် စကြဝဠာနယ်ပယ် ကျွမ်းကျင်သူ သိပ်မတွေ့ဖူးခဲ့ပေ။ ဒါ​ပေမယ့်​ တာအိုဘိုးဘေး​ နောက်​လိုက်​လာ​တော့ စကြဝဠာ​နယ်ပယ်ပညာရှင်များ ပေါပေါများများတွေ့နေရသည်။ သူသည် မြင့်မားသောနယ်ပယ်မှ သိုင်းပညာရှင်များစွာကိုပင် မြင်ဖူးသည်။

လူတွေက ပိုမြင့်တဲ့ အမြင့်ကိုရောက်ဖို့ ကြိုးစားခဲ့ရတာ အမှန်ပါပဲ.....

ဘုန်းကြီးက ကျန်းချန်ရှန်းထံသို့လာပြီး ဦးညွှတ်ကာ....“ တာအိုဘိုးဘေး...ကိုယ်တော်ပြောခဲ့သလို နက်နဲတဲ့ တောင်တန်းတွေထဲမှာ ထိုင်နေမယ့်အစား တကျန်းအတွက် နောက်ထပ် သန့်ရှင်းတဲ့နယ်မြေတစ်ခု အဘယ်ကြောင့် မဖွင့်နိုင်ရမှာလဲ.... တကျန်းက ကိုယ်တော့်ကို ကာကွယ်ပေးတာ အလကားဖြစ်မှာမဟုတ်ဘူး..... ရှီပြည်နယ်မှာ ဂိုဏ်းတစ်ခုတည်ထောင်ချင်ပါတယ်..."

ကျန်းချန်ရှန်းက သူဘာကိုဆိုလိုသည်ကို နားလည်ပြီး ဧကရာဇ်ရွှမ်ထျန်းထံ ချက်ချင်း အသံပို့လွှတ်ပေးလိုက်လေသည်။

“ နန်းတော်တံခါးရှေ့မှာ သွားစောင့်..... ဧကရာဇ်က လူချင်းခေါ်တွေ့လိမ့်မယ်...."

သူသည် စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် ကောင်းမွန်စွာ ဆက်ဆံရပေမည်။

ဘုန်းကြီးက အလျင်စလို ကျေးဇူးတင်စကားဆိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဟွမ်းထျန်းနှင့်ဟေးထျန်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်သက်သာရာရသွားသည်။

ပိုင်ချီက.... "သူက ဘယ်သူလဲ"

ကျန်းချန်ရှန်းက မျက်လုံးမှိတ်ပြီး ....

“နိုင်ငံရပ်ခြားက စကြဝဠာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပဲ”

ပိုင်ချီ၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။

ဘုန်းကြီး နန်းတော်သို့ရောက်သောအခါတွင် ဝတ်ဖြူတော်အစောင့်တစ်ဦးက သူ့ကိုကြိုတင်စောင့်နေသည်။ တကျန်းတွင် တာအိုဘိုးဘေး၏ မြင့်မြတ်သောအဆင့်အတန်းနှင့် ပတ်သက်၍ တိတ်တဆိတ် ချီးကျူးနေမိသည်။

စာကြည့်ဆောင်၌.....

ဧကရာဇ်ရွှမ်ထျန်းက သူ့လက်ထဲက လျှို့ဝှက်စာအုပ်ကို ချလိုက်ပြီး ဘုန်းတော်ကြီးကို ကြည့်လိုက်သည်။

"သင့်နာမည်ဘယ်လိုခေါ်လဲ?"

"ကိုယ်တော်က ကျာရဲ ပါ.... မင်္ဂလာပါ အရှင်မင်းကြီး......"

“ကိုယ်တော်ရဲ့ နောက်ခံအကြောင်း မသိသေးလို့ ပြောပြပါ.... ဘာပဲဖြစ်ဖြစ် ပံ့ပိုးပေးမယ်ဆိုတာ စိတ်ချပါ..... ဒါပေမယ့် ရိုးသားရင်တော့ အကောင်းဆုံးပေါ့... "

ဧကရာဇ်ရွှမ်ထျန်းက ရယ်မောလိုက်သည်။ အသက်ဆယ့်လေးနှစ်တွင် သူသည် ဧကရာဇ်မင်းမြတ်၏ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ လူသားဧကရာဇ်ခွန်အားကြောင့်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အထူးသဖြင့် သူ၏မျက်ခုံးမွှေးကြားတွင် ဒေါင်လိုက်မွေးရာပါအမှတ်အသားနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ၏အကြည့်များသည် အလွန်ဖိနှိပ်နိုင်စွမ်းရှိသည်။

ဘုန်းကြီးက သူ့နောက်ခံအကြောင်း အမှန်အတိုင်း ပြောပြပြီး ဧကရာဇ်က အာရုံစိုက် နားထောင်သည်။

အဲဒီနောက်မှာတော့ ဧကရာဇ်က.... “သမုဒ္ဒရာထဲက သိုင်းလောကက ဒီတိုက်ကြီးထက် အဆပေါင်းများစွာ အားကောင်းတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် အငြင်းပွားမှုတွေက ဒီလောက်အန္တရာယ်များမယ်လို့ မမျှော်လင့်ထားဘူး....ကိုယ်တော် အတွက် မြေနေရာတချို့ကို ခွဲဝေပေးမယ်... ပထမအသုတ်ဖြစ်ဖို့အတွက် ထက်မြက်တဲ့ ကိုယ်ခံပညာရှင်အုပ်စုကို ရွေးမယ်...အဲ့အခါကျရင်ရှီပြည်နယ်က သိုင်းပညာ ဂိုဏ်းပေါင်းစုံက ကိုယ်တော်ရဲ့ဂိုဏ်းကို လည်ပတ်ခိုင်းပြီး နာမည်ကျော်ကြားစေမယ်.... ကိုယ်တော်ရဲ့ ဂိုဏ်းကို နဂါးဘုရားကျောင်းလို့ခေါ်တွင်စေမယ်.....”

နဂါးဘုရားကျောင်း…

ကျာရဲက.. .." အရှင်မင်းကြီးရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်..... အဲဒီနာမည်ကို သုံးနိုင်ပါတယ်....."

ကျာရဲ မသွားခင် သူတို့နှစ်ယောက် စကားစမြည်ပြောဖြစ်ကြသည် ။

ဧကရာဇ်ရွှမ်ထျန်းက ပြုံးလိုက်ပြီး

"စကြဝဠာ နယ်ပယ်..."

တောက်ပသော လသည် ကောင်းကင်၌ ထွန်းလင်း၍ လရောင်သည် ရေကဲ့သို့ စီးဆင်းနေသည်။

.........................

တောထဲတွင် မုလင်းလော့က မီးပုံဘေးမှာ မိန်းကလေးနှစ်​ယောက်နှင့်အတူ ထိုင်နေသည်။ နန်ကုန်းတိ သူမကို အဝေးမှကြည့်နေပြီး သူ့နောက်တွင် အခြားတပည့်များ စခန်းချနေသည်။ လင်းဟောက်ထျန်းသည် ပေတစ်ထောင်အကွာ သစ်ပင်အောက်၌ တစ်ယောက်တည်း တရားထိုင်နေသည်။

နန်ကုန်းတိသည် မုလင်းလော့၏ ဆန့်ကျင်ဘက်တွင် ထိုင်ကာ.....

" ဟိုဟိုဒီဒီမေးပြီးပြီ....ဒါပေမယ့် သူတို့အားလုံး မျက်ခုံးနက် နတ်ဆိုးဘုရင်ကို ပစ်မှတ်ထားနေကြတယ်...ဒီနတ်ဆိုးဘုရင်ကို သတ်နိူင်ရင် အကြီးအကဲတွေ သဘောကျမှာမို့ လက်လွတ်မခံချင်ကြမှာမဟုတ်ဘူး..ဒါ့အပြင် နတ်ဆိုးဘုရင်တွေ

ကိုယ်တိုင်ကလည်း ရတနာတွေနဲ့ ပြည့်နေတာ.....”

အစွမ်းထက်သော နတ်ဆိုးများ၏ ရှေ့တွင်သာ ၎င်းတို့၏ သာလွန်သော ခွန်အားကို ပြသနိုင်မည်ဖြစ်သည်။

"လူတွေအများကြီးနဲ့ဆိုတော့ လွယ်မှာမဟုတ်ဘူး...."

“ရွေးချယ်စရာ မရှိဘူး.... မိုင်တစ်ထောင်အတွင်းမှာ နတ်ဆိုးဘုရင်တစ်ပါးပဲရှိတယ်.....”

နန်ကုန်းတိက မုလင်းလော့ကိုကြည့်ပြီး

“ဂျုနီယာညီမ... နင်ဘယ်လိုထင်လဲ? ဆရာ ငါတို့ကို မင်းကို ဂရုစိုက်ဖို့ တောင်းဆိုထားတယ်... ရုန်းရင်းဆန်ခတ်ဖြစ်ရင် အလွန်အန္တရာယ်များတယ်... မြောက်ဘက်ကိုသွားပြီး အခြားနတ်ဆိုးဘုရင်တွေကိုရှာနိုင်တယ်...”

တပည့်နှစ်ယောက်ကလည်း မုလင်းလော့ကို ကြည့်သည်။ မသင့်တော်ဘူးလို့ မထင်ခဲ့ကြပေ။ မုလင်းလော့၏ အရည်အချင်းများကြောင့် သူတို့ ထိတ်လန့်သွားပြီး စိတ်ရင်းမှန်ဖြင့် ယုံကြည်ခဲ့ကြသည်။ မုလင်းလော့သည် တစ်နှစ်ပတ်လုံး သီးသန့်နေထိုင်သောလည်း အခြားသူများကို ကြင်နာတတ်သူဖြစ်သည်။ သူတို့သည် ထိုကဲ့သို့သော ညီမကို အထင်ကြီးလေးစားကြသည်။

မုလင်းလော့က မျက်လုံးဖွင့်ပြီး..... “သွားကြည့်ရအောင်။ နတ်ဆိုးဘုရင်ဘယ်လောက်စွမ်းလဲ မမြင်ဖူးသေးဘူး.... နတ်ဆိုးဘုရင်က ညီမတို့လေးယောက် အနိုင်ယူနိုင်တဲ အရာမဟုတ်ရင် မြောက်ဘက်ကိုသွားတာ အန္တရယ်ပိုများတယ်.... တိုက်ပွဲကို ကြည့်ပြီး သူတို့ရဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူတာ ပိုကောင်းမယ်ထင်တယ်....”

စီနီယာအစ်မနှစ်ယောက်က သဘောတူကြသည်။

သူတို့ညီမငယ်က သာမန်မဟုတ်ပေ။ သူမသည် အရည်အချင်းရှိသော်လည်း လွန်လွန်ကဲကဲမဟုတ်ပေ။

နန်ကုန်းတိက ပြုံးပြီး.... “ဒါဆို မနက်ဖြန်မနက် သွားကြည့်ရအောင်.... ”

မုလင်းလော့ ရုတ်တရက် အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။ သူမ တစ်ချက်ကြည့်လိုက်တော့ လင်းဟောက်ထျန်းက သူ့ကို အဝေးကနေ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ဒါကိုမြင်တော့ သူမက ခေါင်းညိတ်နှုတ်ဆက်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။

လင်းဟောက်ထျန်းသည် မုလင်းလော့ကို စေ့စေ့စပ်စပ်ကြည့်ကာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

မုလင်းလော့ကို မြင်တိုင်း သူ့မှာ ခံစားချက်တွေ ရောထွေးနေရသည်။

သူသည် ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သော်လည်း မုလင်းလော့ကို ငယ်စဉ်ကပင် ရှုံးနိမ့်ခဲ့ရပြီး အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်။ ထိုအချိန်တွင် သူ့ထက်သာလွန်သူ အမြဲရှိနေကြောင်း သူသဘောပေါက်ခဲ့သည်။

သူတော်စင်စံအိမ်သို့ဝင်ရောက်ပြီးနောက် မုလင်းလော့သည် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ သူတော်စင်စံအိမ်မှာတောင် သူမဟာ နံပါတ်တစ် ပါရမီရှင်ဖြစ်သည်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကွာဟချက်ကို မချုံ့နိုင်ခဲ့ပေ။

"ငါကြိုးစားနေသရွေ့ သူမကို အနှေးနဲ့အမြန် ကျော်လွန်နိုင်လိမ့်မယ်"

လင်းဟောက်ထျန်းက ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဓာတ်ဖြင့် တွေးလိုက်သည်။ မုလင်းလော့လိုအေးစက်သော

အလှကို သူ မကြိုက်ပေ။ သူသည် သူ၏ဝမ်းကွဲအစ်မလို သွက်လက်ပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးကို နှစ်သက်သည်။

“အင်း......”

ဝမ်းကွဲအစ်မအကြောင်း အတွေးက သူ့နှလုံးသားကို နာကျင်စေသည်။

အခြားသော အမျိုးသမီး တပည့်များနှင့် ပေါင်းသင်းနေသည့် ထိုလူယုတ်မာကို မြင်ဖူးသော်လည်း သူ့ဝမ်းကွဲကို မည်သို့ပင် ပြောစေကာမူ ယုံမည်မဟုတ်ပေ။ အခုချိန်မှာတော့ သူတို့ရဲ့ ရန်ပွဲကြောင့် သူ့ဝမ်းကွဲကို မတွေ့ရတာ တစ်နှစ်ကြာခဲ့ပြီ......

ငယ်ငယ်ကတည်းက သူ့အပေါ်ထားခဲ့တဲ့ ခံစားချက်တွေက ခွဲခြားရခက်သည်။ သူမကို သဘောကျတာကလွဲရင် ပိုစိတ်ပူနေသည်။ သူ့ဝမ်းကွဲအစ်မ လှည့်စားခံရမှာကို ပို၍ စိတ်ပူသည်။

ဒီဒုက္ခတွေ ပြေပျောက်ဖို့အတွက် လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူကြုံတွေ့ခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေရောင်အလင်းတန်းကို တွေးကြည့်လိုက်သည်။

ထိုရွှေရောင်အလင်းတန်းပိုင်ရှင်ကို မတွေ့ခဲ့ရဘဲ အခြားတပည့်များလည်း လိုက်ရှာနေကြသည်။

အဲဒါ ဘာကို ဆိုလိုတာလဲ.....

တဖက်လူက သူ့ကို ကယ်တင်ဖို့မဟုတ်ဘဲ နတ်ဆိုးသားရဲတွေကြောင့် အဲ့မှာရှိနေတာလား.......

သူ့မိသားစု ဖျက်ဆီးခံရပြီးကတည်းက လင်းဟောက်ထျန် ကျေးဇူးတင်တရားကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။

သူ့ဆရာတောင်မှ သူ့အရည်အချင်းကိုသာ စိတ်ဝင်စားသည်။

“နောင်မှာ သူနဲ့တွေ့ရင် ကျေးဇူးဆပ်ရမယ်....”

လင်းဟောက်ထျန်းက သူ့ဒဏ်ရာတွေကို ကုစားဖို့ သူ့ရဲ့အစစ်အမှန်ချီကို ဖြန့်ကျက်ရင်း တွေးလိုက်သည်။

မုလင်းလော့သည် သူမ၏ အိပ်မက်ထဲသို့ ဝင်ရောက်ခဲ့ပြီး ကျန်းချန်ရှန်းနှင့် တွေ့ဆုံခဲ့သည်။

“မနက်ဖြန် ငါတို့ နတ်ဆိုးဘုရင်နဲ့ ရင်ဆိုင်ရမယ်..... သူတို့ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မသိသေးဘူး။ နတ်ဆိုးဘုရင်ဖြစ်လာတဲ့ နတ်ဆိုးတစ်ကောင်က စကြဝဠာနယ်ပယ်ကို ရောက်ဖို့ အလားအလာ အရမ်းကောင်းတယ်လို့ ကကြားပါတယ်”

ကျန်းချန်ရှန်း က သူမခေါင်းကို ပွတ်သပ်ပြီး ပြုံးကာ ...."မင်းက စကြာဝဠာနယ်ပယ် နတ်ဆိုးသားရဲကိုစိန်ခေါ်ရဲတဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ပဲ...."

"ဒါက ညီမတစ်ယောက်တည်း မဟုတ်ပါဘူး....တခြားတပည့်တွေလည်း ရှိတယ်.... သူတော်စင်စံအိမ်ရဲ့ တပည့်တွေမှာ အစွမ်းထက်တဲ့ နတ်လက်နက်တွေရှိတယ်.... တခါတရံတွင်၊ သူတို့က နယ်ပယ်ကျော်ပြီး တိုက်ခိုက်နိုင်တယ်...နတ်ဆိုးသားရဲတွေမှာက နတ်လက်နက် အကူအညီ မရှိဘူး...ဏနတ်ဆိုးဘုရင်တစ်ပါးက စကြဝဠာနယ်ပယ်မှာ ရှိနေရင်တောင် ရွှေခန္ဓာနယ်ပယ်နဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေကို ဒါဇင်နဲ့ချီပြီးရင်ဆိုင်ရရင် ရှင်သန်ဖို့ခက်ခဲမှာပဲလေ....."

သူတော်စင်စံအိမ်၏ နောက်ခံက ထူးခြားသည်။ထို့ကြောင့် ၎င်းတို့၏ တပည့်များသည် တူညီသော အဆင့်တွင် ထူးထူးခြားခြား တိုက်ခိုက်ရန် ခွန်အား ရှိမည်မှာ သေချာပါသည်။

ကျန်းချန်ရှန်းက... "စိတ်မပူပါနဲ့ မင်းရဲ့ အရည်အချင်းကို ပြသလိုက်ပါ.... အန္တရာယ်ရှိလျှင် ငါမင်းကို ကယ်တင်မယ်.... ဒါပေမယ့် မင်းကို ငါကယ်ခဲ့တာ ဘယ်သူ့ကိုမှ မပြောနဲ့...."

ဒါကိုကြားတော့ မုလင်းလော့က ... "အစ်ကိုချန်ရှန်း.. ရှေးဟောင်းဘုရားတိုက်ကြီးကို ရောက်ပြီလား?"

“မဟုတ်ဘူး ငါအခု မင်းနဲ့ ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းမှာ ရှိနေပေမယ့် ဒါတောင် မင်းကို ကယ်နိုင်ပါသေးတယ်..."

မုလင်းလော့ ထိုစကားကိုကြားလိုက်သောအခါ သူမ၏ နှလုံးသားထဲတွင် အံ့သြဖွယ်ကောင်းသည့် အံ့သြမှုများ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

“ လိမ်နေတာ ...ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက်အစွန်းကနေ ညီမကို ဘယ်လိုကယ်တင်မလဲ..... ဘယ်သိုင်းပညာက ဒီလောက်အကွာအဝေးကိုဖြတ်ကျော်နိုင်မှာလဲ.....”

ကျန်းချန်ရှန်းက.... "မင်းငါ့ကိုမယုံရင် မေ့လိုက်ပါ... ဒါကလည်း ကောင်းပါတယ်.... အလေးအနက်ထားပြီး စိတ်ရှုပ်နေစရာမလိုဘူး...."

မုလင်းလော့က ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက် အိပ်မက်မဆုံးခင် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့သည်။ မုလင်းလော့သည် တောထဲမှာရှိနေဆဲဖြစ်ပြီး အိပ်မက်ထဲတွင် အကြာကြီးမနေနိုင်တော့ပေ။ တစ်နေ့ကို မိနစ်အနည်းငယ်လောက် စကားပြောရုံနဲ့ လုံလောက်သည်။

သူတို့ မကြာခဏ စကားစမြည်ပြောရတဲ့ အကြောင်းရင်းကတော့ သူမဟာ သူတော်စင်စံအိမ် ပြိုင်ပွဲမှာ ပါဝင်နေတာကြောင့်ပင်... မဟုတ်ရင် တစ်လမှာ တစ်ကြိမ်သာ တွေ့နိုင်ကြသည်။

မနက်ခင်း နေရောင်က တောင်တန်းတွေပေါ်မှာ ထွန်းလင်းဖြာကျနေသည်။

သိုင်းပညာရှင်များ တောထဲမှ တယောက်ပြီး တယောက် ပြေးလာပြီး လေထဲတွင် လျှောက်သွားကြပြီး တူညီတဲ့ ဦးတည်ရာကို ပျံသန်းခဲ့ကြသည်။

မုလင်းလော့၊ နန်ကုန်းတိနှင့် အခြားသူများလည်း အလားတူပင်ဖြစ်သည်။ သူတို့သည် လာမည့်တိုက်ပွဲအတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

လင်းဟောက်ထျန်းလည်း သူတို့နှင့်အတူ ပျံသန်းနေသည်ကို မုလင်းလော့ မြင်သောအခါ ခေါင်းယမ်းလိုက်မိသည်။

ဒီကောင်က တကယ်ကို သေလမ်းရှာချင်နေတာပဲ.......

သူဒဏ်ရာရသွားသော်လည်း နတ်ဆိုးဘုရင်ကို တိုက်ခိုက်ရန် သတ္တိရှိသေးသည်။

ဤစွန့်စားရဲသည့်စိတ်ဓာတ်ကို သူမ နားမလည်နိုင်ခဲ့ပေ။ လင်းဟောက်ထျန်းရဲ့ အရည်အချင်းက မဆိုးလှပေ။ သူ့မှာ သူတော်စင်စံအိမ်ရဲ့ အရင်းအမြစ်တွေ ရှိရက်နဲ့ သူဘာလို့ အရာအားလုံးအတွက် ပြိုင်ရမှာလဲ......

သူတော်စင်စံအိမ်မှ တပည့်တစ်ရာကျော်သည် တူညီသောဦးတည်ချက်အတိုင်း ပျံသန်းနေကြသည်။

အချိန်တွေတဖြည်းဖြည်းကုန်သွားပြီး မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ အံ့ဖွယ်ကံကြမ္မာ ကုန်သည်ကြီးများအသင်းမှ ကျန့်ယင်းက ကျန်းချန်ရှန်းထံသို့ လာရောက်လည်ပတ်ခဲ့သည်။

"တာအိုဘိုးဘေး.... ကျန်းလော့က တကျန်းတော်ဝင်မိသားစုထဲကလား...." ဟု ကျန့်ယင်း သေသေချာချာမေးနေသည်။

ကျန်းချန်ရှန်းက မျက်လုံးဖွင့်ပြီး....

“ဟုတ်တယ်၊ သူက ဧကရာဇ်ယန်ကျူံးရဲ့အမြွှာညီအကို ဘာဖြစ်လို့လဲ..?"

ကျန့်ယင်းက... " ရေပေါ်ကျွန်းက နတ်ဆိုးသခင်နဲ့ ကျန်းလော့ကို လိုက်ဖမ်းနေတာကို အံ့ဖွယ်ကံကြမ္မာကုန်သည်ကြီးများအသင်းက သိလိုက်ရတယ်.....ဧကရာဇ်က ရေပေါ်ကျွန်းကို ငြင်းပယ်လိုက်တာမို့ တကျန်းကို လက်တုံ့ပြန်မှာ စိုးရိမ်လို့ သူတို့ကို စောင့်ကြည့်နေခဲ့တယ်... ရေပေါ်ကျွန်းက နတ်ဆိုးသခင်ကို လိုက်ဖမ်းဖို့​ ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုတောင် စေလွှတ်ခဲ့တယ်.... အကြောင်းပြချက်က နတ်ဆိုးသခင်နဲ့ ကျန်းလော့တို့က ရေပေါ်ကျွန်းရဲ့ စကြဝဠာနယ်ပယ်တစ်ယောက်ကို အတူလက်တွဲပြီးသတ်ခဲ့လို့.... ဒီအကြောင်းကြောင့် ရေပေါ်ကျွန်းက ဒေါသဖြစ်ပြီး ကျွန်းသခင်က သူတို့ကို သတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့တယ်....”

ရေပေါ်ကျွန်း......

ကျန်းချန်ရှန်း၏ မျက်လုံးများထဲမှ ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကျန့်ယင်းက ဒေါသဖြစ်နေပြီထင်ပြီး... " စိတ်ချပါ... အံဖွယ်ကံကြမ္မာကုန်သည်အသင်းက ကျန်းလော့ကိုတွေ့ရင်.... သူ့ကို လွတ်မြောက်အောင် ကူညီပေးပြီး တကျန်းကို အမြန်ဆုံးပြန်ပို့ပေးမှာပါ”

"စေတနာထားတဲ့အတွက် အံ့သြဖွယ်ကံကြမ္မာကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ပါတယ်...."

တကယ်တော့ ကျန်းချန်ရှန်း စိတ်ဆိုးမနေဘဲ အဲ့အစား နောက်ထပ် ရှင်သန်ခြင်းဆုလာဘ်တွေ လာနေပြီဟု မြင်ပုံရသည်။

All Chapters