← Chapters

အခန်း (၂၉၀)

Vol. 26 Ch. 290

အခန်း (၂၉၀)

Vol. 26 Ch. 290

ရုတ်တရက် ခရမ်းမိုးကြိုးက သူ့ကျောပေါ်တွင်ရှိနေသောလီဟမ်ရှန်းအား အသည်းအသန်ခါချလိုက်ပါတော့သည်။ ထိုကဲ့သို့သော ခရမ်းမိုးကြိုး၏ မူမမှန်သော အပြုအမူကို မမျှော်လင့်ထားသော လီဟမ်ရှန်းမှာ ကျောပေါ်မှ ပြုတ်ကျသွားခဲ့ပါ၏။ 

ဒါပေမဲ့လီဟမ်ရှန်းက ပြုတ်မကျခင် လေထဲမှာပင်လျှင် သူ၏လက်ထဲမှ အင်မော်တယ်ပုံဖော်ခြင်းလှံအား မျက်နှာဖုံးစွပ်လူထံသို့ ပစ်ခတ်လိုက်ပါသည်။ လှံတံမှာ ညကောင်းကင်ယံသို့ဖြတ်သန်းသွားခဲ့၏။ မျက်နှာဖုံးစွပ်လူမှာ ထွက်မပြေးနိုင်ခင်မှာပင် သူ့အနောက်၏လေတိုးသံကိုပင် ကြားလိုက်ရပါသည်။ လှံတံလာသည်ကို သိသောကြောင့်သူကချက်ချင်းပင်ရှောင်ရှားလိုက်ပါ၏။ အင်မော်တယ်ပုံဖော်ခြင်းလှံမှာ သူ၏နံဘေးမှဖြတ်ပြီး အရှေ့ခပ်လှမ်းလှမ်းတွင်ထိုးစိုက်သွားခဲ့ပါ၏။ လှံတံမှာမျက်နှာဖုံးစွပ်လူ၏ လမ်းကြောင်းကိုပိတ်ဆို့ထားခဲ့ပါ၏။

မျက်နှာဖုံးစွပ်လူမှာ လှံတံပိတ်ဆို့သွားသည့်နေရာမှ မသွားဘဲ ပတ်၍သွားရန်အတွက်ပြင်ဆင်လိုက်ပါ၏။ သို့သော်ထိုအခိုက်မှာပဲ မိုးခြိမ်းသံသဲ့သဲ့ကို ကြားလိုက်ပြီးနောက်တွင် လီဟမ်ရှန်း၏ ပုံရိပ်မှာ အင်မော်တယ်အရှင်သခင်၏ လှံတံထိပ်တွင် မတ်တပ်ရပ်လျက်ပေါ်လာခဲ့ပါသည်။ လီဟမ်ရှန်းက မျက်နှာဖုံးစွပ်လူကိုကြည့်လိုက်ပါ၏။

“ မင်းမလွတ်ပါဘူး။ မင်းကတစ္ဆေမျိုးနွယ်လည်းမဟုတ်ဘဲနဲ့ ဘာလို့တစ္ဆေမျိုးနွယ်ကိုလွတ်ဖို့အတွက် ကူညီပေးနေတာလဲ” မျက်နှာဖုံးစွပ်လူက ဘာမှပြန်မပြောပါချေ။ သူက သတိကြီးကြီးထားပြီးနောက် လီဟမ်ရှန်းအား စိုက်ကြည့်နေခဲ့ပါသည်။

“ဘာမဟုတ်တဲ့ ပြန်လည်မွေးဖွားခြင်းအဆင့်မှာရှိတဲ့ တစ္ဆေမျိုးနွယ်ကို မူလအဆင့်ကျင့်ကြံသူ လူသားမျိုးနွယ်တစ်ယောက်က ကူညီပေးနေတယ်ပေါ့လေ။ ဒီတစ္ဆေမျိုးနွယ်ဝင်က ဘာတွေများ ထူးခြားနေလို့လဲ”

လီဟမ်ရှန်းက နောက်တစ်ကြိမ်ထပ်မေးလိုက်ပါသည်။ ထိုအချိန်ထိ မျက်နှာဖုံးစွပ်လူမှာ စကားလုံးဝမပြောခဲ့ပါချေ။

“မင်းစကားမပြောဘူးဆိုလို့ရှိရင် ငါမင်းကိုပြောအောင်လုပ်မှာပဲ”

လီဟမ်ရှန်းက ခြေတစ်ချက်ဆောင့်လိုက်ပြီး အင်မော်တယ်ပုံဖော်ခြင်းလှံမှာ တောင်နံရံကို တစ်စစီအက်ကွဲသွားခဲ့ပါသည်။

အက်ကွဲသွားသောကျောက်တုံးကျောက်စများက မျက်နှာဖုံးစွပ်လူထံသို့ တိုးဝင်သွားခဲ့ပါသည်။ မျက်နှာဖုံးစွပ်လူက လက်ကိုမြှောက်လိုက်၏။ သူ၏လက်ဝါးရိုက်ချက်ကသူ့ထံသို့လွင့်လာသော ကျောက်အပိုင်းအစများကို အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။

လီဟမ်ရှန်း၏တိုက်ခိုက်မှုမှာ ပို၍ပင် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့ပါ၏။ သူက အင်မော်တယ်အရှင်သခင်လှံသိုင်းကို  မခြွင်းမချန်ထုတ်သုံးလိုက်ခဲ့ပါ၏။ လှံချက်တိုင်းက သေစေနိုင်လောက်သော အနေအထားကို ပေးစွမ်းနေခဲ့၏။

သူ့အထံမှထွက်ပေါ်နေသောစွမ်းအားမှာ လွန်စွာများပြားကာ ကြောက်မက်ဖွယ်ကောင်းပါ သူ့အထံမှထွက်ပေါ်နေသောစွမ်းအားမှာ လွန်စွာများပြားကာ ကြောက်မက်ဖွယ်ကောင်းပါသည်။ မျက်နှာဖုံးစွပ်လူမှာလဲ စွမ်းအားပြင်းထန်သောရိုက်ချက်များကိုအသုံးပြုပြီး လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင်လှံသိုင်းကို ပြန်လည်တုန့်ပြန်ခဲ့ပါသည်။ အင်မော်တယ် အရှင်သခင်လှံသိုင်း၏ စွမ်းအားမှာ ကြောက်ခမန်းလိလိဖြစ်သော်လည်း မူလအဆင့်ကျင့်ကြံသူနှင့် ယှဉ်တိုက်ရသည့်အခါတွင်တော့ သိပ်၍ထူးခြား၍မနေပါတော့ချေ။ သို့သော်အင်မော်တယ် အရှင်သခင်လှံသိုင်း၏ ပေါက်ကွဲနိုင်သောစွမ်းအားမှာ မျက်နှာဖုံးစွပ်လူက ထိပ်တိုက်ရင်ဆိုင်ကာ မတိုက်ခိုက်ရဲ ဖြစ်နေခဲ့ပါ၏။ သူတို့နှစ်ဦး၏တိုက်ခိုက်မှုမှာ မြေကမ္ဘာကိုတုန်လှုပ်ပြီး ကောင်းကင်ကိုပင်အက်ကွဲသွားမတတ်ဖြစ်နေပါသည်။

အဖမ်းခံထားရသော တစ္ဆေမျိုးနွယ်ဝင်မှာ ကြောက်ရွံ့မှုကြောင့် သူ၏နေရာမှပင် မရွေ့လျားနိုင်တော့ပါချေ။ လီဟမ်ရှန်းကို ပဟေဠိဖြစ်စေသောအရာမှာ သူ့အားတိုက်ခိုက်နေသော မျက်နှာဖုံးစွပ်လူသည် သူ့ကိုသတ်ဖြတ်လိုခြင်းမရှိဖြစ်နေခဲ့ပေ။ သူကပြန်လည်တိုက်ခိုက်သော်လည်း သေစေနိုင်သောတိုက်ကွက်များ မထုတ်သုံးခဲ့ပါချေ။ ထိုသူက သူ၏ အင်မော်တယ် အရှင်သခင်လှံသိုင်းကိုသာ ခုခံရုံမျှသာ ခုခံနေခဲ့ပါ၏။

ထိုအခိုက်တွင် လီဟမ်ရှန်း၊ မျက်နှာဖုံးစွပ်လူနှင့် သူ၏ဖမ်းဆီးခံထားရသော တစ္ဆေမျိုးနွယ်ဝင်တို့မှာ တစ်နေရာသို့လှည့်ကြည့်လိုက်ပါ၏။ အဘယ်ကြောင့်ဆိုသော် ပုံရိပ်တစ်ခုမှာ ညအမှောင်ကို ထိုးခွဲကာပေါ်လာခဲ့သောကြောင့်ပင်ဖြစ်သည်။

ထိုပုံရိပ်က တစ္ဆေမျိုးနွယ်ဝင်၏ လည်ဂုတ်ကိုဆွဲကာ ကိုယ်ဖော့သိုင်းအသုံးပြုပြီး ချက်ချင်းထွက်ပြေးသွားခဲ့ပါသည်။ ထိုပုံရိပ်က လီဟမ်ရှန်းတို့နှစ်ဦးတိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ ကြားမှတစ္ဆေမျိုးနွယ်ဝင်ကို အချောင်ဝင်နှိုက်သွားခြင်းဖြစ်ပါ၏။ ထိုဖြစ်ရပ်ကြောင့် မျက်နှာဖုံးစွပ်လူကို အလွန်အမင်းအံ့ဩသွားစေခဲ့ပါသည်။

ထို့ကြောင့်မျက်နှာဖုံးစွပ်လူက လီဟမ်ရှန်းနှင့် တိုက်ခိုက်ခြင်းကို လက်လျော့လိုက်ပြီးနောက် တစ္ဆေမျိုးနွယ်ကိုဖမ်းခေါ်သွားသော နောက်ထပ်ဆန်းကြယ်သော သူတစ်ဦး၏ နောက်သို့ကမန်းကတမ်းပြေးလိုက်သွားခဲ့ပါသည်။

“မင်းဘယ်ကိုပြေးချင်တာလဲကွ။ လီဟမ်ရှန်းက မျက်နှာဖုံးစွပ်လူကို အလွတ်မပေးလိုပါချေ။ သူ၏အတွင်းအားများမှာ တဟုန်ထိုးနှင့် ထိုးတက်လာခဲ့ပါသည်။ နောက်ထပ် အင်မော်တယ် အရှင်သခင်လှံသိုင်းတစ်ချက် ထုတ်လွှတ်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့ပါ၏။ သို့သော်ထိုအခိုက်မှာပင် မျက်နှာဖုံးစွပ်လူမှာ လေထဲမှ အနောက်သို့လှည့်ကာ လီဟမ်ရှန်းကိုကြည့်လိုက်ပါ၏။ သူက လက်ဝါးရိုက်ချက်တစ်ချက်ကိုဆန်းကြယ်စွာ ပြုလုပ်ပြီး လီဟမ်ရှန်းကို ရိုက်ခတ်လိုက်ပါ၏။ လက်ဝါးရိုက်ချက်၏ စွမ်းအားမှာ မပြင်းထန်လှပေ။

သို့သော် ထိုလက်ဝါးရိုက်ချက်ကျဆင်းလာသည်နှင့်အမျှ  လီဟမ်ရှန်းမှာ နေရာတွင် မရွေ့လျားနိုင်တော့ပဲနှင့် ချုပ်နှောင်ခြင်းကိုခံလိုက်ရပါတော့သည်။ လီဟမ်ရှန်း၏တစ်ကိုယ်လုံးကို သံချိန်းကြိုးများက တုပ်နှောင်ထားသကဲ့သို့ဖြစ်နေခဲ့ပါ၏။

ထို့နောက်တွင် မျက်နှာဖုံးစွပ်လူက လီဟမ်ရှန်း၏ဗိုက်အား တစ်ချက်ဆောင့်ကန်လိုက်ပါသည်။ လီဟမ်ရှန်းမှာ အကန်ခံလိုက်ရသောအရှိန်ကြောင့် အဝေးသို့လွင့်ထွက်သွားခဲ့ပါသည်။ လီဟမ်ရှန်းမှာ တောင်စောင်းတစ်လျှောက်၌လိမ့်ကာ ပြုတ်ကျသွားခဲ့ပါ၏။ သူက သစ်ပင်တစ်ပင်နှင့် ဝင်တိုက်ပြီးသောအခါမှသာ ရပ်တန့်သွားခဲ့ပါသည်။ ကံကောင်းတာက မျက်နှာဖုံးစွပ်လူက ခြေကန်ချက်ကိုအသုံးပြုရာတွင် အစွမ်းကုန်မသုံးထားခဲ့သောကြောင့်ပင်ဖြစ်၏။

မဟုတ်လျှင် လီဟမ်ရှန်းမှာ ခြေကန်ချက်နှင့်ပင် အသက်ထွက်သွားနိုင်ပါသည်။

“ စည်းတံဆိပ်ငါးချက် ဒီလူက စည်းတံဆိပ်ငါးချက်ကိုသုံးသွားတာပဲ”

လီဟမ်ရှန်းက မတ်တပ်ထရပ်လိုက်ပြီး သူ၏အကြည့်များမှာ ရေခဲတစ်မျှအေးစက်သွားခဲ့ပါ၏။

“အစ်ကိုသုံး ခင်ဗျားပဲ၊ လတ်စသတ်တော့ ခင်ဗျားပဲ”

လီဟမ်ရှန်းမှာ ခရမ်းမိုးကြိုးကို ရပ်တန့်သွားအောင် လေချွန်သံကြားလိုက်သည်နှင့် ထိုမျက်နှာဖုံးစွပ်လူမှာ သူ၏စီနီယာအစ်ကိုဖြစ်ကြောင်းကို သိသင့်ခဲ့ပါသည်။ သို့သော် အခြေအနေများမှာ လျင်မြန်လွန်းလှသောကြောင့် ထိုအချင်းအရာကို သူသတိမပြုခဲ့မိခြင်းဖြစ်၏။

ကျိုးကျွင်းက ရှေးဟောင်းတောင်အိုတောင်တန်းဂိုဏ်းမှ ထွက်ပြေးသွားစဉ်အခါတုန်းက ပြန်လည်မွေးဖွားခြင်းအဆင့်ပင်ရှိပါသေး၏။ ယခုလိုမူလအဆင့်သို့ ထိုးဖြတ်တက်ရောက်နိုင်မည်ဟု သူကလုံးဝ မထင်ထားခဲ့မိပါ။ ဖြစ်နိုင်တာက ကျိုးကျွင်းကရှေးဟောင်းတောင်အိုတောင်တန်းဂိုဏ်းမှာ ရှိစဉ်ကတည်းက မူလအဆင့်ကို ချိုးဖြတ်တက်နိုင်သည်ဖြစ်သည်။

သူက သူ၏ကျင့်ကြံမှုကိုတမင်တကာပင် ဖိနှိပ်ထားခဲ့ပုံရ၏။ ကျိုးကျွင်းသာ မူလအဆင့်ကိုတက်သွားခဲ့ပါက ဂိုဏ်းက သူ့အား တစ်နေရာရာတွင် စစ်ဆေးရေးမှူးလုပ်ခိုင်းမည်ဖြစ်ပါသည်။ ထိုသို့လုပ်ခိုင်းပါက သူက ဂိုဏ်းနှင့် အဆက်အသွယ်ပြတ်သွားပြီး လီဟမ်ရှန်း၏ အချက်အလက်များကို လုချောင်းချောင်းထံသို့ပေးပို့နိုင်တော့မည် မဟုတ်ပါချေ။

ထို့ကြောင့် သူ၏ကျင့်ကြံမှုများအား တမင်တကာဖိနှိပ်ကာ ထိန်းသိမ်းထားခြင်းပဲဖြစ်၏။ ကျိုးကျွင်း၏ထွက်ပေါ်လာခြင်းက ထာဝရရှင်သန်ခြင်းဂိုဏ်းက စတင်၍လှုပ်ရှားပြီဟူသော သဘောကိုသက်ဆောင်ပါသည်။

ဒါပေမဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းက သာမန် ပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေမျိုးနွယ်တစ်ဦးကို လူသားမျိုးနွယ်ထဲသို့ ဘာလို့မှောင်ခိုနဲ့ ပို့ချင်တာလဲ။ ပြီးတော့နောက်ထပ်ထူးဆန်းတာက အခု တစ္ဆေမျိုးနွယ်ကိုလုသွားတဲ့ နောက်ထပ်လူတစ်ယောက်ကရော ဘယ်သူလဲ။

ထိုအတွေးများစွာနှင့်အတူ လီဟမ်ရှန်းက သူတို့နောက်ကိုလိုက်ပြီးတော့ ကြည့်ရှုရန်အတွက်ဟန်ပြင်လိုက်ပါသည်။ မိုးကြိုးအလျင်ကျင့်စဉ်ကို အသုံးပြုပြီးနောက်တွင် လီဟမ်ရှန်း က မိုးကြိုးသွားတစ်ခုကဲ့သို့ ထိုသူနှစ်ဦး၏နောက်သို့လိုက်သွားခဲ့ပါသည်။ သူက ထိုသူနှစ်ဦးကိုမမီတော့မည်ကို အနည်းငယ်စိုးရိမ်ခဲ့ပါသည်။ သို့သော် သူ့ကို အံ့ဩသွားစေသည်မှာ ထိုသူနှစ်ဦးမှာတောင်စောင်းတစ်ခုတွင် တိုက်ခိုက်နေကြပြီဖြစ်သည်။

နှစ်ဦးစလုံးမှာ မူလအဆင့်ကျင့်ကြံသူများဖြစ်ပြီး အပြင်းအထန်ကိုတိုက်ခိုက်နေခဲ့ကြပါသည်။ ယခုအသစ်ရောက်ရှိလာသောသူမှာ တစ္ဆေမျိုးနွယ်ဝင်ဖြစ်သည်ကို လီဟမ်ရှန်းက သိလိုက်ရပါ၏

“ဘန်း….”

လက်သီးလက်ဝါးရိုက်ချက်များ ထုတ်သုံးလိုက်ပြီးနောက်တွင် နှစ်ယောက်စလုံးက အနောက်သို့ပြန်လည်ဆုတ်သွားခဲ့ကြပါ၏။ သူတို့နှစ်ဦး၏ခွန်အားမှာ အညီအမျှကို သူမသာ ကိုယ်မသာပင် ဖြစ်နေခဲ့၏။ ကျိုးကျွင်းကလဲ အဲဒီနေရာတွင် ရပ်နေခဲ့ပါသည်။ အသစ်ရောက်လာသော တစ္ဆေမျိုးနွယ်မှာ ကျောက်တုံးပဲ့တစ်လုံး၏ထိပ်တွင် ရပ်တန့်နေခဲ့၏။

လရောင်အောက်တွင်  အသစ်ရောက်ရှိလာသောသူ၏မျက်နှာကို သူကောင်းကောင်းမြင်လိုက်ပါ၏။ ထိုမျက်နှာမှာ သူရင်းနှီးနေပြီးသောမျက်နှာတစ်ခုလည်းဖြစ်ပါသည်။ ရောက်လာသောသူမှာ အမျိုးသမီးတစ်ဦးဖြစ်၏။

“ယင်တန်မျှော်စင်က စုန့်ယင်နျန်း” လီဟမ်ရှန်းက သူမကိုချက်ချင်းပင်မှတ်မိသွားပါတော့သည်။ တစ်ချိန်တုန်းက လုချောင်းချောင်းကိုဖမ်းဆီးခေါ်ရန်အတွက် သူမက ရှေးဟောင်းတောင်အိုတောင်တန်းဂိုဏ်းသို့ ရောက်ရှိလာခဲ့ဖူးသည်မဟုတ်ပါလား။

သူတို့အားလုံးဖမ်းဆီးလိုသော တစ္ဆေမျိုးနွယ်မှာမူ ဖြူဖပ်ဖြူလျော်မျက်နှာနှင့် တဆတ်ဆတ်တုန်ယင်ကာ ကြောက်ရွံ့နေခဲ့ပါသည်။

“ ဟန်ရွှမ်း နင်ငါနဲ့အတူတူ ပြန်လိုက်တာကောင်းမယ်နော်။ ငါသာနင့်အတွက် တောင်းပန်ပေးမယ်ဆိုလို့ရှိရင် နင်အသတ်ခံရမှာမဟုတ်ဘူး။ မဟုတ်လို့ ငါသာ မတောင်းပန်ပေးဘူးဆိုရင် ယင်တန်မျှော်စင်က နင့်ကိုဘာလုပ်လိမ့်မယ်ဆိုတာကို နင်သိတယ် မဟုတ်လား”

စုန့်ယင်နျန်းက တစ္ဆေမျိုးနွယ်ဝင်အား ပြုံးကာပြောလိုက်ပါသည်။ ဟန်ရွှမ်းဟုခေါ်သော တစ္ဆေမျိုးနွယ်ဝင်သည် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ယင်နေခဲ့ပါ၏။ ယင်တန်မျှော်စင်၏ ရက်စက်မှုများကိုသူတွေးမိပြီးနောက် ပို၍ပင်ကြောက်ရွံ့သွားခဲ့ပါသည်။

“ ဘာမှစိတ်မပူနဲ့။ ငါတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းက မင်းကိုကာကွယ်ပေးမယ်ဆိုလို့ရှိရင် မင်းကဘာပြဿနာမှ တက်စရာမလိုဘူး။ ဘယ်သူ့မှကို ကြောက်စရာမလိုဘူး။။ယင်တန်မျှော်စင်က ဘာမှစိုးရိမ်ဖို့လိုအပ်တာမျိုး မဟုတ်ဘူး။  အခုလောလောဆယ်မှာ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်ကြီးတစ်ခုလုံးတောင် ပြိုလဲတော့မယ့်ဥစ္စာ သူတို့က မင်းကိုဘာလုပ်နိုင်မှာမလို့လဲ။”

ကျိုးကျွင်းက အပြုံးတစ်ခုဖြင့် ပြောလိုက်ပါ၏။

အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်၏ ပြိုလဲတော့မည့်သတင်းကို ကြားလိုက်ပြီးနောက် လီဟမ်ရှန်းက တော်တော်ကြီးကို အံ့ဩသွားခဲ့၏။

ဖြစ်နိုင်တာက ထာဝရရှင်သန်ခြင်းဂိုဏ်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတာများလား။ သူ့ရဲ့ ဂျူနီယာညီမလေးလုကရော အခြေအနေဘယ်လိုများရှိမလဲ မသိဘူး။

“ထွက်လာခဲ့စမ်း” စုန့်ယင်နျန်းက လီဟမ်ရှန်း၏တည်ရှိမှုကို အာရုံခံပြီးနောက်တွင် အော်ဟစ်ကာပြောလိုက်ပါ၏။ ကျိုးကျွင်းကလည်း တစ်ချက်ကြည့်ပြီးနောက် ပြုံးလိုက်၏။

“ညီ၄ ထွက်ခဲ့တော့။ ငါတို့မင်းကို တွေ့ပြီးပြီကွ” သူရှိနေသည်ကို သူတို့တွေက သိသွားပြီဖြစ်သောကြောင့် လီဟမ်ရှန်းကလည်း ဆက်လက်၍ပုန်းအောင်းမနေတော့ဘဲ ဖြည်းညင်းစွာထွက်လာခဲ့ပါ၏။

သူ၏အကြည့်မှာ ကျိုးကျွင်းထံသို့ ရောက်သွားပြီးနောက်မေးလိုက်ပါသည်။

“အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်က ကျဆုံးတော့မယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ”

“ ရှင်းရှင်းလေးပဲလေ။ ငါတို့ထာဝရရှင်သန်ခြင်းဂိုဏ်းက လှုပ်ရှားမှုတစ်ခုလုပ်လိုက်တယ်။ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်ကြီးက လုံးဝပျက်ဆီးသွားပြီ”

ကျိုးကျွင်းက ပုခုံးတွန့်ကာပြောလိုက်၏။

“ဂျူနီယာညီမလေးလုကရော”

  လီဟမ်ရှန်း၏ အဓိကသိလိုသောအချက်မှာ ထိုအရာသာဖြစ်သည်။

“မင်းကလည်း လုချောင်းချောင်းကို ရှာနေတာပဲလား”

စုန့်ယင်နျန်းက လီဟမ်ရှန်းကို ကြည့်ကာပြောလိုက်၏။ ထို့နောက်တွင် တစ်ခဏမျှ တုန့်ဆိုင်းသွားပြီးနောက်တွင် မသေချာသောအမူအရာနှင့်ပြောလိုက်ပါသည်။

“ငါနင့်ကိုမှတ်မိတယ်။ နင်က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ အပြင်မှာတုန်းက လုချောင်းချောင်းကို ကာကွယ်ပေးတဲ့ကောင်လေး မဟုတ်လား”

“ အဲ့တာဘာဖြစ်လဲ”

လီဟမ်ရှန်းက စုန့်ယင်နျန်းကိုကြည့်ကာပြောလိုက်၏။

“အခုလောလောဆယ်ငါက ကျန်းကောစံအိမ်ရဲ့ စစ်ဆေးရေးမှူးဖြစ်နေပြီ။ ယင်တန်မျှော်စင်က မြွေဖြူလမ်းမှာလာပြီးတော့ပေါ်လာပြီဆိုတာနဲ့ ငါ့ရဲ့တာဝန်က မင်းတို့တွေကို သတ်ဖြတ်ဖို့ပဲ”

“ ဒါပေမဲ့ မင်းလိုချင်နေတဲ့ ဒီတစ္ဆေမျိုးနွယ်ဝင်က ဘယ်သူလဲဆိုတာကိုတော့ ငါသိဖို့လိုတယ်”

လီဟမ်ရှန်း၏ အကြည့်က ဟန်ရွှမ်းထံသို့ ရောက်သွားခဲ့ပါသည်။ သာမန်ဘာမှမဟုတ်သော ပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေမျိုးနွယ်လေးက ထာဝရရှင်သန်ခြင်းဂိုဏ်းရော ယင်တန်မျှော်စင်ရော နှစ်ခုလုံးရဲ့ အာရုံကိုဆွဲဆောင်နိုင်တယ် မဟုတ်ပါ့လား။

ဘာတွေဖြစ်နေတာလဲ။

“အဲတာကနင့် ကိစ္စမဟုတ်ဘူး” စုန့်ယင်နျန်းကလည်း မျက်မှောင်ကျုံ့ကာပြောလိုက်ပါ၏။

“နင်နဲ့ မဆိုင်သလိုနေ နင်ကိုယ့်နေရာကိုယ်ပြန်လိုက်တော့။ လုချောင်းချောင်းရဲ့ကိစ္စက နင့်ကိစ္စမဟုတ်ဘူး။ နင်ကသူ့ကို ဂျူနီယာညီမလေးလုလို့သာခေါ်နေပေမယ့် သူမက ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်ဖြစ်နေတာကိုရော နင်သတိထားမိရဲ့လား”

“ သူမက ထာဝရရှင်သန်ခြင်းဂိုဏ်းကဖြစ်တော့ရော ဘာဖြစ်တုန်း။ ယင်တန်မျှော်စင်က  နေရာတကာဝင်ရှုပ်နေတာပဲ။ မရှက်ဘူးလား” ကျိုးကျွင်းက ဝင်ရောက်ပြောလိုက်ပါသည်။

“ထာဝရရှင်သန်ခြင်းဂိုဏ်းက တော်တော်ကြီးကို ကောင်းနေပါ့လား”

စုန့်ယင်နျန်းက ရယ်မောလိုက်ပါ၏။

“ လုချောင်းချောင်းက နင်တို့ထဲကတစ်ယောက်လို့ နင်တို့ပြောတာနော်။ ဒါပေမဲ့ အခု သူက ထာဝရရှင်သန်ခြင်းဂိုဏ်းကို သစ္စာဖောက်သွားပြီ မဟုတ်ဘူးလား။ ရှေးဟောင်းတောင်အိုတောင်တန်းက ထာဝရရှင်သန်ခြင်းက အခု အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်အင်အားစုကြီးသုံးခုက ကလေးမလေးတစ်ယောက်လှည့်စားတာကိုခံလိုက်ရတယ်။ အဲ့တာကို မင်းတို့က ဂုဏ်ယူနေတာလား”

“ ခင်ဗျားသောက်ပေါက်ကိုပိတ်ထားလိုက်” ကျိုးကျွင်းက ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပါသည်။

“ နေဦး။ နေဦး။ နေဦး။”

လီဟမ်ရှန်းက နားမလည်စွာဖြင့် ဝင်ပြောလိုက်သည်။     

“လုချောင်းချောင်းက ထာဝရရှင်သန်ခြင်းဂိုဏ်းကို သစ္စာဖောက်သွားတယ်။ ဟုတ်လား။ ဘာတွေဖြစ်နေတာတုန်း။”

“ နင်မသိသေးဘူးလား” စုန့်ယင်နျန်းက ရယ်မောလိုက်ပါသည်။

“ထာဝရရှင်သန်ခြင်းဂိုဏ်းက ချီရှန်းအမိန့်ပြားကို လိုချင်နေတာကြာပြီလေ။ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်ကို သူတို့တိုက်ခိုက်တယ်ဆိုတာက အတွင်းကနေပြီး လုချောင်းချောင်းက ကူညီပေးနေလို့ပဲ”

“ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော် လုံးဝသတိမထားမိလိုက်တဲ့အချိန်မှာ ရုတ်တရတ်တိုက်ခိုက်လိုက်တဲ့အခါကျတော့ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်က ကြီးကြီးမားမားကို ဆုံးရှုံးနေခဲ့ရပြီလေ။ နိုင်ငံတစ်ခုလုံးက အပြင်းအထန်ကို ဆုံးရှုံးပြီးတော့ ကပ်ဘေးတစ်ခုလိုမျိုးကြုံတွေ့နေရတယ်”

“ ဒါပေမဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းက လုချောင်းချောင်းကိုခေါ်တော့မယ့်အချိန်မှာပဲ လုချောင်းချောင်းက ချီရှန်းအမိန့်ပြားကိုယူပြီးတော့ ပျောက်ကွယ်သွားတာကိုပဲ သူတို့သိလိုက်ရတယ်လေ”

“ မဟုတ်သေးဘူး။ မဟုတ်သေးဘူး” လီဟမ်ရှန်းက ပြောလိုက်၏။

“ဂျူနီယာညီမလေးလုက ချီရှန်းအမိန့်ပြားကိုမတော်တဆ သန့်စင်မိလိုက်တဲ့အချိန်မှာ တစ္ဆေမျိုးနွယ်ဝင်တွေအကုန်လုံးက ချီရှန်းအမိန့်ပြားကို အာရုံခံမိကြတယ်လေ။ အခု သူမဘယ်ရောက်သွားလဲဆိုတာကို တစ္ဆေမျိုးနွယ်ဝင်တွေကို မသိဘူးဆိုတာဖြစ်မှ မဖြစ်နိုင်တာ”

“ ဘာလို့လဲဆိုတော့ လုချောင်းချောင်းက ချီရှန်းအမိန့်ပြားနဲ့ သူမနဲ့ဆက်သွယ်မှုကို ပိတ်ဆို့နိုင်တဲ့နည်းလမ်းတစ်ခုကို ရှာတွေ့သွားလို့ပဲ” ကျိုးကျွင်းက မျက်မှောင်ကျုံ့လိုက်ပါ၏။

“ဒါကထာဝရရှင်သန်ခြင်းဂိုဏ်းအတွက်ပါ ပြဿနာတက်နေတာ။ လုချောင်းချောင်းက  ချီရှန်းအမိန့်ပြားကိုယူပြီးတော့ ပျောက်ကွယ်သွားတယ်။ အခု တစ္ဆေမျိုးနွယ်ဝင်တွေအကုန်လုံးက လုချန်းချန်းကို လိုက်ရှာနေပေမယ့် ဘယ်သူမှ သူမကို ရှာမတွေ့ကြဘူး”

အချိန်တစ်ခဏကြာသည်အထိ လီဟမ်ရှန်းက  အံ့ဩနေခဲ့ပါ၏။

လုချောင်းချောင်းကဘာလုပ်ဖို့ကြိုးစားနေတာလဲ။

“ ပြီးတော့ ဒီလူက?”

လီဟမ်ရှန်းက ဟန်ရွှမ်းကိုကြည့်ကာ မေးလိုက်ပါ၏။

ဒီတစ္ဆေမျိုးနွယ်ဝင်ရဲ့ အဓိကဇာတ်ရုပ်က ဘာများဖြစ်မလဲဆိုတာကို သူက သိချင်နေခဲ့ပါသည်။

“ကလေး မင်းက စကားတွေအရမ်းများလွန်းတယ်နော်။ မေးခွန်းတွေလည်းအရမ်းများတယ်။ ထွက်သွားရင် ထွက်သွား မထွက်သွားရင်တော့  အသေခံလိုက်တော့” စုန့်ယင်နျန်း၏ သတ်ဖြတ်လိုစိတ်မှာ ကြီးမားနေခဲ့ပါ၏။

“ဒါဆိုလည်းကြိုးစားကြည့်လေ” ဒီတစ္ဆေမျိုးနွယ်ဝင်က ဘာပဲလုပ်ဖို့ကြိုးစားနေပါစေ ထိုအရာက လုချောင်းချောင်းနှင့်သက်ဆိုင်နေသည်ကို လီဟမ်ရှန်းက သိပါ၏။

သူက အင်မော်တယ် ပုံဖော်ခြင်းလှံကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ တိုက်ခိုက်ရန်အတွက်ပြင်ဆင်လိုက်ပါသည်။ တိုက်ပွဲမှာရှောင်လွှဲ၍ မရသောကြောင့် ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်သည်။

“ညီ၄ ဘယ်လိုပဲဖြစ်ပါစေ မင်းနဲ့ငါနဲ့ကြားကရန်ငြိုးတွေကို ခဏမေ့ပြီးတော့ ဒီမိန်းမကိုသတ်ရအောင်။ ဘယ်လိုလဲ “ ကျိုးကျွင်းက တက်ကြွနေသောလေသံဖြင့် ပြောလိုက်ပါ၏။

“အစ်ကိုသုံး ဒါကကောင်းတဲ့အကြံပဲနော်။ ကျွန်တော်တို့နှစ်ယောက်ကဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတူညီအစ်ကိုတွေပဲ မဟုတ်လား” လီဟမ်ရှန်းကလည်း     ကျိုးကျွင်းကိုကြည့်ရင်းနှင့်ပင် မြေခွေးတစ်ကောင်လိုမျိုး ပြုံးလိုက်ပါသည်။

ဘယ်လိုပဲ သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးမရှိပါစေ  စုန့်ယင်နျန်းကို အရင်ဆုံး ဖြေရှင်းခြင်းက အဓိကကျပေ၏။

“ပြန်လည်မွေးဖွားခြင်းအဆင့်နှောင်းပိုင်းလေးကများ စကားကြီးစကားကျယ်တွေပြောရဲသေးတယ်”

စုန့်ယင်နျန်းက လီဟမ်ရှန်းကိုကြည့်ပြီး ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပါ၏။ ချင်ချင်းပင်သူမ၏ ပုံရိပ်မှာ အနက်ရောင်လေပွေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် လီဟမ်ရှန်းထံသို့ ပြေးဝင်လာခဲ့ပါသည်။ 

လီဟမ်ရှန်းကလည်း ဂရုမစိုက်ဘဲ မနေခဲ့ပါ။ စုန့်ယင်နျန်း၏ သတ်ဖြတ်လိုစိတ်မှာ တပွက်ပွက်ဆူပြီး သူမ၏ခွန်အားမှာလည်း အနည်းဆုံးတော့ ကျိုးကျွင်းလောက်တော့ သန်မာလှပေသည်။ ထို့ကြောင့် လီဟမ်ရှန်းက မိုးကြိုးအလျင်ကျင့်စဉ်ကို ထုတ်သုံးလိုက်ပြီးနောက်သတွင် ကျိုးကျွင်းထံသို့ ဦးတည်သွားလိုက်ပါ၏။

သူမနိုင်နိုင်ပါက အင်အားစုတစ်ဖက်ဖက်ကို ဒုက္ခရောက်အောင်တော့ သူက ကြံစည်မှာဖြစ်၏။ အရင်ဆုံး သူက ထိုပြဿနာကို ကျိုးကျွင်းထံသို့ဦးတည်လိုက်သည်။ ထို့နောက် သူ၏နောက်ထပ်လှုပ်ရှားမှုကို ကြံရွယ်မည်ဖြစ်၏။

“ညီ၄ရာ မင်းက တော်တော်လေးကို အကျင့်ယုတ်တဲ့အကောင်ပဲ”

ကျိုးကျွင်း လီဟမ်ရှန်း၏ အစီအစဉ်ကိုတစ်ခါတည်း ထိုးဖောက်မြင်နေခဲ့ပါသည်။

“ အစ်ကိုသုံး ခင်ဗျားပဲပြောတော့ ကျုပ်ကိုကာကွယ်ပေးမယ်ဆို။ အခုလောလောဆယ်တော့ အဲမှာ အန္တရာယ်များတဲ့ရန်သူလာပြီ။”

“အားနည်းတဲ့ဂျူနီယာညီ၄ကိုကာကွယ်ပေးရမှာက စီနီယာအစ်ကိုရဲ့အလုပ်ပဲ မဟုတ်ဘူးလားဗျ။”

All Chapters