← Chapters

အခန်း (၂၉၁)

Vol. 26 Ch. 291

အခန်း (၂၉၁)

Vol. 26 Ch. 291

“မင်းကအားနည်းတဲ့လူပေါ့လေ။ ထွီ မင်းက အစ်မနှစ်ရဲ့ စိတ်ဝိဉာဉ်ကြက်တွေကို စားသောက်နေပြီးတော့

ဘယ်လိုများ အားနည်းရမှာတုန်း” ကျိုးကျွင်းက သည်းမခံနိုင်ဘဲနှင့် ပြန်ပက်လိုက်ပါသည်။

သို့သော်ထိုအခိုက်မှာပင်အနက်ရောင်လေပွေက ဝင်ရောက်တိုက်ခတ်လာပါ၏။ အနက်ရောင်လေပွေထဲမှာ

စုန့်ယင်နျန်းမှာထွက်ပေါ်လာခဲ့ပြီး လီဟမ်ရှန်းနှင့် ကျိုးကျွင်းအားတိုက်ရိုက်တိုက်ခိုက်လိုက်ပါသည်။

ကောင်းကင်ကြီးတစ်ခုလုံးတွင် တစ္ဆေစွမ်းအားများမှာ ဖုံးလွှမ်းနေခဲ့ပါ၏။ ကြောက်မက်ဖွယ်ကောင်းသော

ဖိအားတစ်ရပ်မှာ လွင့်ပျံလာ၏။ ကျိုးကျွင်း၏ခန္ဓာကိုယ်မှာ မီးတောက်များလွှမ်းခြုံနေသည့်အလားဖြစ်ခဲ့ပြီး

မီးတောက်များ၏အလင်းရောင်က မျက်လုံးအမြင်များကိုပင်ဝေဝါးသွားစေခဲ့ပါ၏။ သူ၏

ထုတ်လွှတ်လိုက်သောလက်သီးမှာမီးစွမ်းအားများပါဝင်နေခဲ့ပါ၏။

လက်သီးတစ်ချက်ထိုးလိုက်ခြင်းတွင်

လေထုမှာလောင်ကျွမ်းသွားခဲ့၏။ သူတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုတွင် မူလအဆင့်စွမ်းအားများက

အရှိန်အဟုန်ပြင်းစွာဖြင့်ရင်ဆိုင်နေကြပါသည်။ စွမ်းအားများမှာ လွန်စွာမှကို အံ့ဩဖို့ကောင်းလှပြီး

တိုက်ပွဲအရှိန်အဝါမှာ အရပ်မျက်နှာ အနှံ့သို့ပျံ့နှံ့သွားခဲ့ပါ၏။ တိုက်ပွဲကြောင့်မြေပြင်မှာလည်း

တုန်ခါနေခဲ့ပါသည်။

ကျိုးကျွင်းနှင့် စုန့်ယင်နျန်း၏ တိုက်ခိုက်မှုမှာ အညီအမျှဖြစ်နေခဲ့ပါ၏။ သို့သော်

စုန့်ယင်နျန်းကအနောက်သို့လှည့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မိုးခြိမ်းသံသဲ့သဲ့ကိုကြားလိုက်ရပါ၏။

ထိုမိုးခြိမ်းသံ၏နောက်ကွယ်၌ စွမ်းအားတစ်ရပ်မှာ အရှိန်အဟုန်နှင့် တိုးတက်လာပြီး သူမအား

ငါးမန်းတစ်ကောင်ကဲ့သို့ပင် အနောက်မှ တိုက်ခိုက်လိုက်ပါ၏။

“ငါ့ကိုချောင်းတိုက်ချင်နေတယ်ပေါ့လေ”

စုန့်ယင်နျန်း၏ ပုံရိပ်လေးမှာ ဘေးဘက်သို့ချက်ချင်းရွေ့သွားပြီး အနက်ရောင်လေပြေအဖြစ်သို့ပြန်လည်ပြောင်းလဲသွားခဲ့ပါသည်။

စုန့်ယင်နျန်းရှောင်လိုက်သည့် အချိန်မှာပင် လီဟမ်ရှန်း၏ လှံတံမှာ

စုန့်ယင်နျန်းရှိခဲ့သောနေရာကို ထိုးဖောက်သွားခဲ့ပါ၏။ သို့သော် သူက မည်သည့်အရာမျှထိုးမသွားမိဘဲ

လေထုကိုသာ ထိုးမိသွားခဲ့ပါသည်။

သူမကအရမ်းမြန်လွန်းတယ်။ သူ၏မိုးကြိုးအလျင် ရွေ့လျားသိုင်းမှာ

စုန့်ယင်နျန်းအား ချောင်းတိုက်ရာ၌ ကျရှုံးသွားလိမ့်မည်ဟု လီဟမ်ရှန်းက မထင်ခဲ့မိပါချေ။ သူမ၏ ခွန်အားမှာ

သာမန်မူလအဆင့် ကျင့်ကြံသူများထက် များစွာသာလွန်နေခဲ့ပါ၏။

နောက်တစ်ခဏတွင် စုန့်ယင်နျန်းက

လီဟမ်ရှန်း၏နံဘေး၌ပေါ်လာခဲ့ပြီး လီဟမ်ရှန်း၏ အင်မော်တယ် ပုံဖော်ခြင်းလှံအားပြေးလုလိုက်ပါသည်။

သူမ၏

ကျန်သောလက်တစ်ဖက်က လီဟမ်ရှန်းအား လက်ဝါးတစ်ချက် ရိုက်ထည့်လိုက်ပါ၏။ သူမ၏တိုက်ခိုက်မှု

ရုတ်တရက်ရောက်ရှိလာသောလေမုန်တိုင်းအလား ဖြစ်နေပြီးလီဟမ်ရှန်းက သူ့တစ်ကိုယ်လုံးကို

ဧရာမလှိုင်းလုံးကြီးတစ်ခုက ဖုံးလွှမ်းသွားသကဲ့သို့ ခံစားခဲ့ရပါသည်။

“ကမ္ဘာဦးစွမ်းအား”

လီဟမ်ရှန်းက ချက်ချင်းပင် သူ၏ ကမ္ဘာဦးစွမ်းအားကို ထုတ်သုံးလိုက်ပါ၏။ သူမ၏လက်ဝါးချက်မှာ လီဟမ်ရှန်း၏

ကမ္ဘာဦးစွမ်းအားနှင့်တိုက်မိပြီးနောက် ချက်ချင်းကို ပြိုလဲသွားခဲ့ပါသည်။ သို့သော် လက်ဝါးချက်၏အရှိန်က

လီဟမ်ရှန်းကိုလည်း အဝေးသို့လွှင့်ထွက်သွားစေခဲ့ပါသည်။ သူမ၏သာမန်အတိုင်း

ရိုက်ခတ်လိုက်သောလက်ဝါးချက်မှာ လီဟမ်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးများအားလုံးကို

ဆူပွက်စေသွားခဲ့ပါသည်။ သူက သွေးထွက်လုပင် အန်လုမတတ်ပင်ခံစားလိုက်ရပါ၏။ ဒါပေမဲ့

သူကစိတ်ကိုချက်ချင်းပင် ကြိုးစားလျော့ချလိုက်ပါသည်။ တစ်ခဏအချိန်ပေးပြီနောက်တွင်

သူ၏အသက်ရှုသံများမှာ ပြန်လည်၍တည်ငြိမ်သွားခဲ့ပါ၏။

“ပြန်လည်မွေးဖွားခြင်းအဆင့်ပဲရှိသေးတာတောင်မှာ နင့်ရဲ့ခန္ဓာကိုယ်ကအရမ်းကို သန်မာလွန်းတာပဲ။

နင့်ရဲ့သွေးက သိပ်ကိုအရသာရှိမှာပဲ” လီဟမ်ရှန်းကို ကြည့်နေသော စုန့်ယင်နျန်း၏မျက်လုံးအကြည့်များသည်

အရောင်တောက်ပသွားခဲ့ပါ၏။

“ရှေးဟောင်းတောင်အိုတောင်တန်းဂိုဏ်းကို ငါတို့လာခဲ့တုန်းက

အဲ့ဒီအချိန်တုန်းက ငါက ကောင်မလေးကိုပဲအာရုံစိုက်နေခဲ့မိတာ။ နင်ကို ငါတို့က သတိမပြုခဲ့မိဘူးပဲ။

တော်တော်လေးကိုအရသာရှိတဲ့ယောကျ်ားပဲ”

“နင်လိုအိုကြီးအိုမ အသက်ကြီးနဲ့ငါရဲ့ဂျူနီယာညီ၄ကို

လာပြီးတော့ ငမ်းငမ်းတက်လိုချင်နေတယ်။ နင်မရှက်ဘူးလား”

ကျိုးကျွင်းကအေးစက်စွာဖြင့်ပြောလိုက်ပါ၏။

“စိတ်မပူပါနဲ့။ ငါကနင့်ကိုပါလိုချင်သေးတာပါ” စုန့်ယင်နျန်း၏မျက်လုံးများမှာ

သွေးဆာနေသောအရိပ်ယောင်များပြည့်နှက်လာခဲ့ပါ၏။ သူမ၏လျှာက နှုတ်ခမ်းကိုတစ်ချက်သပ်လိုက်ပါသည်။

ထိုအပြုအမူကိုမြင်သော လီဟမ်ရှန်းရော ကျိုးကျွင်းမှာ ကျောရိုးထဲသို့ပင် စိမ့်တက်သွားခဲ့ပါတော့သည်။

နောက်တစ်ခဏတွင် သူတို့သုံးဉီးမှာ ထပ်မံ၍တိုက်ခိုက်လိုက်ကြပြန်၏။ လီဟမ်ရှန်းနှင့် ကျိုးကျွင်းက

ပူးပေါင်းပြီး စုန့်ယင်နျန်းကို တိုက်ခိုက်ခဲ့ကြပါသည်။

သူတို့နှစ်ဉီးပေါင်းတိုက်တာတောင်မှ စုန့်ယင်နျန်းက

အားနည်းချက်ကို လုံးဝမပြသပါချေ။ သူမက နှစ်ယောက်တစ်ယောက်တိုက်တာကိုပင်

အေးအေးဆေးဆေးရှိနေခဲ့ပါ၏။ အင်မော်တယ် အရှင်သခင်လှံသိုင်းက တော်တော်လေးကို

စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဒီလှံသိုင်းကို အခုမှ ပထမဉီးဆုံးအကြိမ် ငါမြင်ဖူးတာ။ ဒါပေမဲ့ တော်တော်ကြီးကို

စွမ်းအားပြင်းထန်တာပဲ။

လီဟမ်ရှန်း၏ လှံချက်များမှာ တစ်ချက်ထက်တစ်ချက် ပိုမိုပြင်းထန်လာသည်ကို

စုန့်ယင်နျန်းက သတိပြုမိပါသည်။ အထူးသဖြင့် လှံချက် ၁၀ချက်နောက်ပိုင်းတွင်

ထုတ်ဖော်လာသောအင်အားမှာ သူမကိုယ်တိုင်ပင်လျှင် အလေးအနက်ထားလာရပါ၏။

ကျိုးကျွင်းကလည်း

ယခုမှ မူလအဆင့်သို့ ချိုးဖြတ်ခဲ့သည့်တိုင် သူ၏ခွန်အားမှာလည်း မသေးငယ်လှပါချေ။ သူက

စုန့်ယင်နျန်းအားအပေါ်စီးမှ မတိုက်ခိုက်နိုင်သည့်တိုင် လီဟမ်ရှန်းနှင့်ပေါင်း၍တိုက်ခြင်းဖြင့် စုန့်ယင်နျန်းအား

ဖိအားတစ်ချက်ကိုပေးစေနိုင်ခဲ့ပါ၏။

ယခုအချိန်၌ ကျိုးကျွင်းက ရုတ်တရတ်လက်ဝါးချက်တစ်ချက်

 ရိုက်လွှတ်လိုက်ပါသည်။ ထိုလက်ဝါးချက်၌ အင်အားများစွာမပါသော်လည်း

ချုပ်နှောင်သောစွမ်းအားပါဝင်နေခဲ့ပါ၏။

“ရပ်တန့်လိုက်စမ်း”

ချက်ချင်းပင်လျှင်

ဆန်းကြယ်သောစွမ်းအားတစ်ရပ်မှာ စုန့်ယင်နျန်းအား ချုပ်နှောင်လိုက်ပါသည်။

သူမ၏မျက်နှာပေါ်ရှိ

အပြုံးမှာလည်းအေးခဲသွားခဲ့ပါ၏။

“စည်းတံဆိပ်ငါးချက်သိုင်းပညာ”

သူမက ကျိုးကျွင်းထက် သန်မာသည့်တိုင်

သူ၏စည်းတံဆိပ်ငါးချက်သိုင်းပညာမှာ သူမကို အသက်ရှုရှိုက်စာ တစ်ကြိမ်စာလောက်တော့ချုပ်နှောင်ထားခဲ့ပါ၏။ ကျိုးကျွင်းနှင့် တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုပါက

သူ၏စည်းတံဆိပ်ငါးချက်မှာ

စုန့်ယင်နျန်းအား ကြီးကြီးမားမားထိခိုက်စေမည် မဟုတ်ပါချေ။ သို့သော် သူ့ဘက်တွင် လီဟမ်ရှန်းရှိနေခဲ့ပါ၏။

သူတို့နှစ်ဉီး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ အံ့ဩသင့်ဖွယ်ကောင်းကာ အတွဲအဖက် ညီလှပါသည်။

လီဟမ်ရှန်း၏

အင်မော်တယ် အရှင်သခင်လှံသိုင်း ၁၃ ချက်မြောက်မှာလည်း ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးတော့မည့်အလား

ပြင်းထန်သောပေါက်ကွဲအားနှင့်အတူ စုန့်ယင်နျန်းထံသို့ ဉီးတည်ကာ ထိုးသွင်းလိုက်ပါသည်။

ထိုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးမှာ အရာအားလုံးကို

ထိုးဖောက်နိုင်တော့မည့်အလားပင်ဖြစ်၏။ စုန့်ယင်နျန်းက အန္တရာယ်ကို ရင်ဆိုင်လိုက်ရပါသည်။

လီဟမ်ရှန်း၏

လှံသွားမှာ သူမ၏ရင်ဝသို့ ရောက်ရှိလာခဲ့ပါပြီ။ သူမသာ မကာကွယ်နိုင်ပါက ထိုလှံချက်က သူမကို

ထိုးဖောက်သွားမည်ဖြစ်၏။

“ဟင့်” နှာမှုတ်သံတစ်ချက်နှင့်အတူ စုန့်ယင်နျန်းက တစ္ဆေစွမ်းအားကိုအသုံးပြုပြီး

တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်ပါ၏။

လွန်စွာကြီးမားလှသောအရိပ်ကြီးတစ်ခုသည် သူမ၏နောက်တွင်

ရုတ်တရတ်ထွက်ပေါ်လာခဲ့ပါသည်။ ထိုအရိပ်ကြီးမှာ တောင်ငယ်လေးတစ်လုံးလောက်ပင် ကြီးမားလှပါ၏။

အနီးကပ်ကြည့်မည်ဆိုပါက ထိုအရာမှာ ဧရာမပင့်ကူကြီးတစ်ကောင်ဖြစ်ပါသည်။

ပင့်ကူ၏ခြေထောက်မှာ

လီဟမ်ရှန်း၏လှံသွားကို ကာကွယ်လိုက်ပါသည်။ လီဟမ်ရှန်း၏လှံသွားမှာ ချော်ထွက်သွားပြီး စုန့်ယင်နျန်း၏

ပုခုံးကိုသာ ထိုးဖောက်သွားခဲ့ပါသည်။

သူမကအနောက်သို့ ခုန်ကာ ဆုတ်လိုက်ပါသည်။ သူမ၏

ဒဏ်ရာရနေသော ပုခုံးကိုကိုင်ရင်း သူမ၏မျက်လုံးများမှာလည်း သတ်ဖြတ်လိုသော အရှိန်အဝါများတလူလူနှင့်

ထွက်ပေါ်နေခဲ့ပါသည်။

သူမ၏ နောက်တွင်ရှိသော ဧရာမပင့်ကူကြီးမှာလည်း အသံကုန်ဟစ်ကြွေးလိုက်ပါ၏။

ထိုပင့်ကူကြီးမှာ ကျိုးကျွင်းနှင့် လီဟမ်ရှန်းတို့အား တစ်လုပ်တည်းနှင့် မြိုချလိုသည့်သဘောရှိပါသည်။

“ဒါကြီးက ဘာကောင်ကြီးတုန်း”

ထိုမကောင်းဆိုးဝါးကြီးကို မြင်ပြီးနောက်တွင် လီဟမ်ရှန်းမှာ

ထိတ်လန့်သွားခဲ့တော့ပါ၏။

“ တစ္ဆေဝိဉာဥ် ၁၀ မျိုးထိန်းချုပ်နည်း အတတ်”

“ယင်တန်မျှော်စင်ရဲ့

လျှို့ဝှက်သိုင်းကြမ်းထဲက တစ်ခုပဲ” ကျိုးကျွင်းက မအံ့ဩပါချေ။ သူ၏အမူအရာမှာ လေးနက်လာပြီးနောက်

သူကဆက်ပြောလိုက်ပါ၏။

“အဲ့ဒီသိုင်းပညာက သေဆုံးသွားတဲ့သားရဲတွေရဲ့ ဝိဉာဉ်ကိုဆင့်ခေါ်ပြီးတော့

ခိုင်းစေလို့ရတယ်တဲ့။ ဒါပေမဲ့ ဒီသိုင်းပညာကို အခုမှ ပထမဉီးဆုံးငါမြင်ဖူးတာပဲ။ ထူးဆန်းလှတဲ့သိုင်းကျင့်စဉ်ပဲ”

လီဟမ်ရှန်းက ခေါင်းငြိမ့်လိုက်ပါ၏။

“အမှန်ပဲ။ အရမ်းကို ယုတ်မာရက်စက်လွန်းတယ်။” ကျိုးကျွင်းကလည်း

သဘောတူ၏။

သို့သော် သူတို့နှစ်ဉီးပြောနေသောစကားမှာ စုန့်ယင်နျန်းအား ဆက်ဆက်ခါအောင်

နာသွားစေခဲ့ပါ၏။

“နင်တို့ ရှေးဟောင်းတောင်အိုတောင်တန်းဂိုဏ်းက တပည့်နှစ်ယောက် နင်တို့မှာ

သောက်ရှက်မရှိဘူးလား။ ဟင် ငါကပဲ ယုတ်မာတယ်ရှိရသေးတယ်။ နင်တို့ရဲ့

စည်းတံဆိပ်ငါးချက်သိုင်းပညာကရော မယုတ်မာဘူးလား ဟမ်။”

“ လူတွေကို ထိန်းချုပ်တယ်။ လှုပ်ရှားမှုတွေကို

ပိတ်ပင်တယ်။ အတွင်းအားကိုလည်း ပိတ်ပင်တယ်။ နင်တို့ ဂိုဏ်းတစ်ဂိုဏ်းလုံးကိုက လူယုတ်မာဂိုဏ်း”

“အောင်မာ နင့်ကို ငါတို့က လူယုတ်မာမလို့ခေါ်တာကို နင်ကမကျေနပ်ဘူးပေါ့လေ။ နင့်နောက်မှာရှိတဲ့

အကောင်ကြီးကို နင်ပြန်ကြည့်ဉီး။ နင့်လို ရုပ်ချောချောနဲ့အမျိုးသမီးလေးက ကြောက်ဖို့ကောင်းတဲ့

ဧရာမပင့်ကူမိစ္ဆာကြီးကိုများ ဆင့်ခေါ်ထားသေးတယ်။ နင်မရွံဘူးလား ဟမ်။”

“ဒီလိုမျိုးဟာတွေက

နင်တို့ယင်တန်မျှော်စင်က လူတွေလုပ်နေကြပဲလား။ တိရိစ္ဆာန်တွေကိုဆင့်ခေါ်ပြီး လိင်ဆက်ဆံရတာကိုက နင်တို့က

အရမ်းကြိုက်တဲ့ အရသာပေါ့လေ။ ဟုတ်လား” ကျိုးကျွင်းကလည်း ပြန်လည်၍ကျိန်ဆဲလိုက်ပါသည်။

“ နင့်ပါးစပ်ကိုပိတ်ထား။ ငါတို့ယင်တန်မျှော်စင်ရဲ့ ကျင့်စဉ်တွေက နင့်ကိုဘာလုပ်နေလို့လဲ။ နင်တို့

ရှေးဟောင်းတောင်အိုတောင်တန်းဂိုဏ်းကရော ဘယ်လောက်တောင်မှန်ကန်နေလို့လဲ။ နင်တို့တွေက

လူရှေ့မှာတော့ သူတော်ကောင်းယောင်ဆောင်ပြီးတော့ လူနောက်ကွယ် အမှောင်ရိပ်ထဲမှာ

ဘယ်လောက်တောင်မှ ညစ်ပတ်တဲ့အလုပ်တွေ နင်တို့လုပ်နေကြတာလဲ။ နင်တို့ကိုယ် နင်တို့သိမှာပေါ့။”

“နင်ကများ ငါ့ကိုလူယုတ်မာမလို့ခေါ်သေးတယ်။ နင်တို့နို့နံ့မစင်သေးတဲ့ကလေး နှစ်ကောင်ကများ

နင်တို့အခုညသန်းခေါင်ကြီးမှာ ဒီလိုမျိုးအဝတ်အစားတွေ၊ မျက်နှာဖုံးတွေ ဝတ်ပြီးတော့ မရှက်ကြဘူးလားဟင်။ လူတွေနင်တို့ကို

မြင်မှာ မရှက်ကြဘူးလားဟင်။ ဒီမျက်နှာဖုံးတကားကားနဲ့”

“လူယုတ်မာမ လူယုတ်မာမ ယင်တန်မျှော်စင်က

လူယုတ်မာမ အပျက်မ။ ရှေးဟောင်းတောင်အိုတောင်တန်းဂိုဏ်းကိုလာတုန်းက ငါမသိလိုက်လို့။

မဟုတ်လို့ရှိရင် နင့်ကိုငါ ဒူးထောက်ပြီးတော့ ငါ့ကိုဒယ်ဒီလို့ခေါ်အောင် ငါလုပ်ပစ်ပလိုက်မှာ”

နံဘေးတွင်

ရပ်နေသောလီဟမ်ရှန်းမှာ ကျိုးကျွင်းနှင့် စုန့်ယင်နျန်းတို့က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်

ကျိန်ဆဲနေသည်ကို အူကြောင်ကြောင်နဲ့သာကြည့်နေပါတော့သည်။ မူလအဆင့်ကျင့်ကြံသူနှစ်ဉီးမှာ

ငါးစိမ်းသည်များကဲ့သို့ အော်ဟစ်ကာဆဲဆိုနေခဲ့ကြ၏။ သူတို့နှစ်ဉီးထံမှ ထွက်သွားသောတံတွေးများမှာလည်း

နေရာအနှံ့သို့ ပြန့်ကျဲကာစင်သွားပါတော့သည်။

တစ္ဆေမျိုးနွယ်ဝင်ဖြစ်သော ဟန်ရွှမ်းပင်လျှင် ယခုအချိန်၌

အူကြောင်ကြောင်ဖြစ်နေခဲ့ပါသည်။ ဒါတွေက သူတို့နှစ်ယောက်က ဘာကြောင့်အဲ့ဒီလိုလုပ်နေကြတာလဲ။

သူတို့နှစ်ဉီးမှာ အချိန်တော်တော်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက်

အပြန်အလှန်ဆဲဆိုနေခဲ့ကြပါသည်။

ကျိုးကျွင်းကတော့ တုန်လှုပ်ခြင်းမရှိပေ။ သို့သော် စုန့်ယင်နျန်းမှာတော့

သူမ၏မျက်နှာပင်လျှင် ခရမ်းရောင်သို့သမ်းကာအမောတကောဖြစ်နေခဲ့ပါပြီ။

သူမသည်ဒေါသမှာလည်းလွန်စွာထွက်နေပြီး ကျိုးကျွင်းအား အရှင်လတ်လတ်ဝါးစားချင်စိတ်

ပေါက်နေသည့်အကြည့်နှင့် ကြည့်နေခဲ့ပါ၏။

“ငါနင့်ကိုဒီလောက်ထိဆဲတာကြာနေပြီ။ ဒါတောင်

နင်ကစိတ်မတိုဘူးလား”

စုန့်ယင်နျန်းက သူမကသေလောက်အောင်ဒေါသထွက်နေပေမယ့် ကျိုးကျွင်းက

ဒေါသမထွက်ဘဲ အေးအေးဆေးဆေးနေကာ စပ်ဖြဲဖြဲမျက်နှာ ဖြစ်နေသောကြောင့် မနေနိုင်ဘဲ မေးလိုက်ပါ၏။

“ငါကဘာလို့ဒေါသထွက်ရမှာလဲ။ ငါက ရှေးဟောင်းတောင်အိုတောင်တန်းဂိုဏ်းရဲ့ တပည့်မှမဟုတ်တာ”

ကျိုးကျွင်းက ရင်ကော့ကာဂုဏ်ယူစွာဖြင့်ကြေညာလိုက်၏။ စုန့်ယင်နျန်းက တစ်ခဏတော့စွံ့အသွားပါ၏။

“ဟ… ဟုတ်သားပဲဟ။ ဒီသောက်ကလေးက ထာဝရရှင်သန်ခြင်းဂိုဏ်းကပဲ”

သို့ပေမဲ့ ထိုအခိုက်မှာပင် စုန့်ယင်နျန်းက

ချက်ချင်းပင်လျှင် ဟန်ရွှမ်း၏အနားသို့ တိုးကပ်သွားပါ၏။ သူတို့သုံးဉီးတိုက်ခိုက်နေခြင်းမှာ

တစ်ဉီးကိုတစ်ဉီးသတ်ဖြတ်လိုစိတ်နှင့် တိုင်ခိုက်ခြင်းမဟုတ်ပါချေ။ သူတို့က ဟန်ရွှမ်းအားလိုချင်သောကြောင့်

လုနေခြင်းပင်ဖြစ်ပါ၏။

စုန့်ယင်နျန်းက သူ့အား လာရောက်ဖမ်းဆီးမည်ဟု ဟန်ရွှမ်းက မမျှော်လင့်မိပါချေ။

“ ဟာ သူ့ကိုဖမ်းမယ်မကြံနဲ့”

ထိုကဲ့သို့သောလှုပ်ရှားမှုမျိုးကို ကျိုးကျွင်းက ကြိုတင်၍ မျှော်လင့်ခဲ့ပြီးသားဖြစ်၏။

သူက ထိုအရာကို သတိထားနေပြီးသားဖြစ်ပါသည်။ ထို့ကြောင့် စုန့်ယင်နျန်းက စတင်၍လှုပ်ရှားလိုက်သည်နှင့်

သူကလည်း ကမန်းကတန်းလှုပ်ရှားလိုက်ပါ၏။

“အားရား”

ဟစ်ကြွေးသံတစ်ခုနှင့်အတူ စုန့်ယင်နျန်းတွင်ရှိသော

ဧရာမပင့်ကူကြီးက သူ၏ရှည်လျားသောခြေထောက်များကိုအသုံးပြုကာ ကျိုးကျွင်းထံသို့ ပြေးလာခဲ့ပါ၏။

ကျိုးကျွင်း၏လက်ဖဝါးမှာ မီးတောက်များတွင်လွှမ်းခြုံသွားပြီးနောက်တွင် သူ၏လက်ကိုမြှောက်လိုက်ပါ၏။

သူ၏လက်ထဲမှ မီးတောက်များသည် မီးတောက်မြွေများအဖြစ် ပြောင်းလဲသွားပြီးနောက်

ပင့်ကူကြီး၏ရှည်လျားသောလက်များကိုတွယ်တက်သွားခဲ့ပါ၏။

ထို့နောက်တွင် စုန့်ယင်နျန်း၏

လည်ပင်းအနောက်မှ စုန့်ယင်နျန်းအားပေါက်သတ်ရန်အတွက်ကြိုးပမ်းလိုက်ပါသည်။

စုန့်ယင်နျန်းက

ဟန်ရွှမ်းအားလှမ်းဆွဲတော့မည့်အချိန်မှာပင် မိုးခြိမ်းသံတစ်သံထွက်ပေါ်လာခဲ့ပြန်၏။ ထို့နောက်တွင်

လီဟမ်ရှန်း၏ အင်မော်တယ် အရှင်သခင်လှံမှာရုတ်တရတ်ရောက်ရှိလာခဲ့ပါသည်။ စုန့်ယင်နျန်းက

မျက်မှောင်ကျုံ့လိုက်ပါ၏။

လီဟမ်ရှန်း၏ အင်မော်တယ် အရှင်သခင်လှံချက်ကို ရင်ဆိုင်ရပြီးနောက်တွင် သူမက

ထိပ်တိုက်မရင်ဆိုင်ရဲတော့ပါချေ။ ထိုအစားလှံတံ၏ လက်ကိုင်ကိုသာ လှမ်းရိုက်လိုက်ပါ၏။

သူမ၏လက်ဖဝါးမှာ တောင်ကြီးတစ်တောင်ကဲ့သို့ပင် လေးလံလှပါသည်။ သို့သော်

လီဟမ်ရှန်း၏ရုပ်ခန္ဓာကိုယ်က နေနဲ့လတို့၏အလင်းရောင် ထွန်းတောက်လာသည့်အချိန်တွင်

လီဟမ်ရှန်း၏ခွန်အားမှာ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပါသည်။ လီဟမ်ရှန်းက နောက်ထပ်လှံချက်

များစွာကိုထပ်မံ၍ ထုတ်လွှတ်လိုက်ပါ၏။ ထိုလှံချက်များကြောင့် စုန့်ယင်နျန်းကလည်း

မတတ်နိုင်တော့ဘဲနောက်သို့ ဆုတ်လိုက်ရပါတော့သည်။ သူမက ဧရာမပင့်ကူကြီးကိုထိန်းချုပ်ပြီးနောက်

ကျိူးကျွင်းရော လီဟမ်ရှန်း နှစ်ယောက်လုံးကိုပါ တိုက်ခိုက်လိုက်ပါသည်။ ထိုအခိုက်တွင် ကျိုးကျွင်းက

သူမအား ဘာကြောင့်ကျိန်ဆဲခဲ့သည်ဆိုတာကို စုန့်ယင်နျန်းက သဘောပေါက်သွားခဲ့ပါ၏။

လီဟမ်ရှန်း၏ အင်မော်တယ် အရှင်သခင်လှံသိုင်းမှာ အချိန်ကြာကြာအသုံးပြုနိုင်စွမ်း မရှိပါချေ။

All Chapters