အခန်း (၂၉၂)
Vol. 26 Ch. 292
သူကလှံချက်ကို ထုတ်သုံးပြီးနောက်တွင် တစ်ခဏကြာအောင်အနားယူဖို့လိုအပ်ပါသည်။ ထို့ကြောင့် ကျိုးကျွင်းက လီဟမ်ရှန်း အနားယူနိုင်ရန်အတွက် တမင် ကျိန်ဆဲကာ အချိန်ကို ဆွဲထားပေးခြင်းဖြစ်ပါသည်။
“ သောက်ကလေး နင်က ငါ့ကို ကစားသွားတယ်ပေါ့လေ” စုန့်ယင်နျန်းက အလွန်ကို စိတ်တိုသွားခဲ့၏။ သူမ၏နောက်တွင်ရှိသော ဧရာမပင့်ကူကြီးက ရှေ့သို့ တက်လာပြီး ကျိုးကျွင်းအား ပြင်းထန်ရက်စက်လှသော အနေအထားနဲ့ တိုက်ခိုက်လာ၏။ ကျိုးကျွင်းက ရုတ်တရက် သတိလွတ်သွားခဲ့ပါသည်။
“ရပ်တန့်စမ်း” ကျိုးကျွင်းက စည်းတံဆိပ်ငါးချက် သိုင်းကွက်ကို ထပ်မံ၍ သုံးရန်ကြိုးပမ်းလိုက်ပါ၏။သို့သော် သူ၏လက်ဝါးချက်ရိုက် ခတ်လိုက်သည့်အခါတွင် စုန့်ယင်နျန်းက ရှောင်ရှားလိုက်ပါ၏။ သူမ၏ လက်ဝါးချက်က လေကဲ့သို့လွင့်မျောနေပြီး ဧရာမ ပင့်ကူကြီး၏ တိုက်ခိုက်မှုပါအပါအဝင် ပေါင်းစပ်လိုက်သည့်အခါတွင် ကျိုးကျွင်းကနောက်သို့ ဆုတ်ပေးလိုက်ရပါသည်။
တစ်ချိန်တည်းမှာပင် ပင့်ကူကြီး၏ ခြေထောက်က လီဟမ်ရှန်းကို ပိတ်ဆို့ထားပြီး လီဟမ်ရှန်းကို ဝင်မကူနိုင်ရန်အတွက် တားမြစ်လိုက်ပါ၏။ မူလအဆင့်ခြင်းတူတာတောင်မှာ စုန့်ယင်နျန်းက ဤမျှလောက်ကိုင်တွယ်ရ ခက်မည်ဟု လီဟမ်ရှန်းက မမျှော်လင့်ခဲ့ပါချေ။
“ရွှီ…..”
ထိုအခိုက်တွင် ပင့်ကူကြီး၏ ဝမ်းဗိုက်မှာ ပင့်ကူမျှင်များစွာ ထွက်လာခဲ့ပါ၏။ ထိုပင့်ကူမျှင်များမှာ ကောင်းကင်ကို ဖြတ်သန်းပြီး ရေတံခွန်ကဲ့သို့ ကျဆင်းလာခဲ့၏။ ကျိုးကျွင်းက ရှောင်ရှားရန်အတွက် ကြိုးစားလိုက်ပါသည်။ သို့သော် အချို့သော ပင့်ကူမျှင်များမှာ မြေအောက်မှ ထိုးထွက်လာပြီးနောက် ကျိုးကျွင်း၏ ခြေသလုံးကို ရစ်ပတ်သွားပါ၏။
“မကောင်းတော့ဘူး” ကျိုးကျွင်း၏ အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားခဲ့ပါသည်။ သူက တုန့်ပြန်ရန် ဟန်မပြင်နိုင်ခင်မှာပင် အခြားသော ပင့်ကူမျှင်များကလဲ ထွက်ပေါ်လာခဲ့၏။ ထိုပင့်ကူမျှင်များက ကျိုးကျွင်း၏ ခါး၊ ခြေထောက်၊ လက်များကို ရစ်ပတ်သွား၏။
တစ်ဖြေးဖြေးနဲ့ သူ၏လည်ပင်းကိုပင်ရောက်လာခဲ့သည်။ ချက်ချင်းပင်လျှင် ကျိုးကျွင်းမှာ ပင့်ကူမျှင်များ၏ ရစ်ပတ်နှောင်ဖွဲ့ ခြင်းကို ခံလိုက်ရပါ၏။ သူက လုံးဝကို မလှုပ်ရှားနိုင်တော့ပါချေ။
“အကိုသုံး”
လီဟမ်ရှန်း၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရ၏။ ကျိုးကျွင်းက ထိုကဲ့သို့သော ချုပ်နှောင်ခြင်းခံရမည်ဟု မထင်ခဲ့ပါချေ။ သေလိုက်တော့။ စုန့်ယင်နျန်းကလည်းထိုကဲ့သို့သော အခွင့်အရေးကို လုံးဝအလွတ်မပေးခဲ့ပါချေ။
သူမ၏ ပုံရိပ်မှာကျိုးကျွင်းထံသို့ ပြေးထွက်သွားခဲ့၏။ သူမ၏ လက်ဖဝါးမှာ ကျိုးကျွင်း၏ ဦးခေါင်းကို ဦးတည်ထားခဲ့ပါသည်။ ထိုလက်ဖဝါးသာ ကျဆင်းသွားပါက ကျိုးကျွင်း၏ ခေါင်းမှာ ဖရဲသီးကွဲသလိုမျိုး ကွဲထွက်သွားမည်ဖြစ်ပါသည်။ ကျိုးကျွင်းက စုန့်ယင်နျန်း သူ့ထံသို့လာနေသည်ကို ကြောက်ရွံ့ တုန်လှုပ်သော မျက်လုံးများဖြင့်သာ စောင့်ကြည့်နေခဲ့ပါ၏။
ထိုအခိုက်တွင် စုန့်ယင်နျန်း၏ ခန္ဓာကိုယ်မှာ တစ်ချက်တုန်ဟီသွားခဲ့ပါသည်။ လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို သူမက အာရုံခံလိုက်မိပါ၏။
“ ဟင်”
စုန့်ယင်နျန်းက အနောက်သို့လှည့်ပြီး ကောင်းကင်သို့မော့ကြည့်လိုက်၏။ သူတွေ့လိုက်သည်မှာ ကောင်းကင်ထက်မှာ နေနှင့်လက လီဟမ်ရှန်းကို ဝန်းရံလျက် ကျဆင်းလာသည်ကို တွေ့လိုက်ရပါသည်။ လီဟမ်ရှန်း၏ သွေးမျိုးဆက်မှာ နိုးထလာခဲ့ပါသည်။
လွန်စွာကြောက်မက်ဖွယ်ကောင်းသောအင်အားများပါဝင်သည့်အလင်းတန်းသည်စုန့်ယင်နျန်းအား လွှမ်းခြုံသွားခဲ့၏။ အန္တာရယ်များလှသောအရှိန်အဝါတစ်ခုသည် ကောင်းကင်မှကျဆင်းလာပြီးသူမက လီဟမ်ရှန်း၏ လက်ဖဝါးနှစ်ဖက်အတွင်းသို့ရောက်ရှိနေသည်ဟု ခံစားလိုက်ရပါသည်။
နေနဲ့လတို့၏အလင်းရောင်အား ဖုန်းလွှမ်းသွားပြီးနောက်တွင်လီဟမ်ရှန်းက နေနဲ့လတို့၏ ခမ်နားခြင်းသိုင်းကွက်ကိုထုတ်သုံးလိုက်ပါ၏။ထိုသိုင်းကွက်ကြောင့် စုန့်ယင်နျန်းက သူမ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်စေလာနိုင်လောက်သည်အထိခံစားလိုက်ရပါ၏။
“ငါ့အတွက် ကွဲအက်လိုက်စမ်း”
စုန့်ယင်နျန်းက အသံနက်ကြီးနဲ့ကြုံးဝါးလိုက်သည်။သူမ၏ တစ္ဆေစွမ်းအားများကလဲ ကောင်းကင်ကိုပင် လှုပ်ကိုင်တော့မတတ် ထွက်ပေါ်လာခဲ့၏။
သူမ၏နောက်တွင်ရှိသော ဧရာမ ပင့်ကူကြီးကလည်း သန်မာလှသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပါ၏။ မိစ္ဆာသားရဲနဲ့အမျိုးသမီးတို့၏ပူးပေါင်းသောအရှိန်အဝါက လီဟမ်ရှန်း၏နေနဲ့လ၏အလင်းရောင်ကို ကြိုးစားပြီးအန်တုနေခဲ့ပါသည်။
လီဟမ်ရှန်းက သွေးတစ်ပွတ်အန်လိုက်ရပါ၏။ စုန့်ယင်နျန်းမှာ တစ္ဆေဝံပုလွေနဲ့ကွားခြားလှပါသည်။ သူမက ယင်တန်မျှော်စင်၏ လက်ရွေးစင်သိုင်းသမားထဲမှ တစ်ယောက်ဖြစ်ပါ၏။
သူမ၏ကျင့်ကြံမှုမှာ သာမန်မူလအဆင့်ကျင့်ကြံသူများထက် ခွန်အားအရာမှာ သာလှပါ၏။သူမက မူလအဆင့်ပြီးပြည့်စုံခြင်းအဆင့်ကို ခြေလှမ်းတစ်ဝက်လောက်ပဲ ရောက်ကောင်းရောက်နိုင်လောက်သည်ဖြစ်၏။
လီဟမ်ရှန်းက သူမကိုတားဆီးရန်အတွက်သူ၏ခွန်အားမှာ မလုံလောက်သေးကြောင်းကို ခံစားလိုက်ရပါသည်။
အခုတော့ လေးနဲ့မြှားကလဲ တင်ထားပြီးပြီဖြစ်၏။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် လီဟမ်ရှန်းက ထိုစွမ်းအားကိုထုတ်သုံးလိုက်ပြီဖြစ်၍ ဆက်လက်၍အသုံးပြုနိုင်ရန်သာတတ်နိုင်ပါတော့၏။
ကျိုးကျွင်းသေတော့မည်ဖြစ်သောကြောင့် လီဟမ်ရှန်းမှာ ရွေးချယ်စရာမရှိဘဲ သူ့အားထိခိုက်မည်မှန်းသိသိရဲ့နဲ့ ထိုစွမ်းအားကိုထုတ်သုံးလိုက်ရပါ၏။ လီဟမ်ရှန်းက သူ၏ လက်ဖဝါးနှစ်ဖက်ကိုပူးကပ် လိုက်၏။
နေနဲ့လတို့၏ အလင်းတန်းများမှာလဲ ချက်ချင်းကိုတစ်စစီကွဲအက်သွားပါသည်။ စုန့်ယင်နျန်းနှင့် ဧရာမပင့်ကူကြီးကလဲအရှေ့သို့တိုးကာ တိုက်ခိုက်လိုက်ပါ၏။သူတို့နှစ်ဦးမှာလဲ လီဟမ်ရှန်း၏အလင်းတန်းကြောင့် ကြေမွသွားခဲ့ရ၏။
နေနဲ့လတို့၏ခမ်းနားခြင်းသိုင်းကွက်တွင် စုန့်ယင်နျန်း မှာတော်တော်လေးကိုခံစားလိုက်ရပါသည်။ သူမ၏မျက်နှာမှာလဲ ဖြူဖျော့သွားပြီး သွေးကို တစ်ပွတ်ပီးတစ်ပွတ် အန်နေခဲ့ရပါ၏။
သူမ၏အနောက်တွင်ရှိသော ပင့်ကူအနက်ကြီးမှာ တစ်စစီပျောက်ကွယ်သွားခဲ့၏။စုန့်ယင်နျန်းမှာ မြေပြင်ပေါ်သို့ပစ်လဲသွားခဲ့ပါသည်။
သူမ၏မျက်ဝန်းများမှာ မယုံကြည်နိုင်သောအမူအရာများနဲ့ ပြည့်နှက်နေခဲ့၏။လီဟမ်ရှန်းလိုမျိုး ဘာမဟုတ်တဲ့ ပြန်လည်မွေးဖွားခြင်းအဆင့်က သူမအားသေလုမျောပါး ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တယ်တဲ့လား။
“ဒါက နတ်ခန္ဓာပဲ” စုန့်ယင်နျန်းက လီဟမ်ရှန်းအားကြည့်ကာ အလန့်တကြားနဲ့ပြောလိုက်ပါ၏။
“နင်ကတစ်ကယ်ကြီး နတ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်ပေါ့လေ”
“ငါလုံးဝကို မထင်ထားခဲ့မိတာပဲ”
လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှာလဲ တဆတ်ဆတ်တုန်ရီနေခဲ့ပါ၏။ သူ၏သွေးမျိုးဆက်မှာဆက်လက်၍ ဖိနှိပ်မထားနိုင်တော့ပါချေ။သို့သော်သူက ကြိုးစားကာ မတ်တပ်ရပ်နေပါသေး၏။
အင်မော်တယ် ပုံဖော်ခြင်းလှံကို ထောက်ရင်း အားပြုကာလျှောက်ရင်း အသက်လုရှု ကာပြောလိုက်ပါ၏။
“နင် မမှန်းထားတာတွေကအများကြီးရှိတယ်။ ငါ့လက်ထဲမှာသေရမယ်လို့လဲ နင်မမျှော်မှန်းထားဘူးမလား။”
“အဟက်” စုန့်ယင်နျန်းအား လှောင်ပြောင်လိုက်ပါ၏။
“ငါက အရမ်းကိုအတွင်းဒဏ်ရာတွေရနေတယ်ဆိုပေမဲ့ နင်ကငါ့ကိုသတ်နိုင်မယ်ထင်လို့လား။ ဟာသပဲမဟုတ်ဘူးလား။နင်ကလမ်းဆုံးကိုရောက်နေပြီပဲလေ။ ဟိုတစ်ယောက်ကလဲငါ့ရဲ့ ပင့်ကူမျှင်တွေနဲ့ ဖမ်းချုပ်ခြင်းကိုခံထားရတယ်။ အဲဒါတောင်မှ နင်ကငါ့ကိုသတ်နိုင်မယ်လို့ထင်နေတာလား”
စုန့်ယင်နျန်းကကြိုးစားပြီးတော့ထပ်ရပ်လိုက်ပါ၏။သို့သော်သူမက ဒူးကွေးကာ ထပ်ရပ်ရုံပဲရှိသေးသည် သူမ၏မျက်နှာမှာ ချက်ချင်းကို သွေးစုပ်သလို ဖြူဖျော့ပီး နောက်ထပ်သွေးတစ်လုတ်ထပ်အန်လိုက်ရပါ၏။
သူမ၏အတွင်းအင်္ဂါများမှာနာကျင်မှုကြောင့်တစ်ဆတ်ဆတ် တုန်ရီနေသည့်အပြင် အတွင်းမှ မီးတောက်တစ်ခုလောင်မြိုက်နေသည့်အလားပင် သူမ၏အတွင်းအင်္ဂါများမှာ တစ်စစီကိုစုတ်ပြတ်သတ်နေပြီဖြစ်သည်။
လီဟမ်ရှန်းက ဤတကြိမ်၌ သူမအားပြင်းပြင်းထန်ထန် ဒါဏ်ရာရအောင်လုပ်နိုင်ခဲ့ပါသည်။
“စိတ်တိုစရာပဲ” စုန့်ယင်နျန်းက လီဟမ်ရှန်းကိုတစ်ချက်လှည့်ကြည့်လိုက်၏။ ထို့နောက်တွင် ဟန်ရွှမ်းအား မုန်းတီးသောအကြည့်ဖြင့်ကြည့်လိုက်ပါ၏။
“ဒါကိုငါမှတ်ထားမယ်”
ထိုသို့ပြောပြီးနောက် စုန့်ယင်နျန်းက ဆက်လက်၍မနေတော့ဘဲ အနက်ရောင်လေပွေအဖြစ်သို့ပြောင်းလဲပြီးနောက် နေရာမှပျောက်ကွယ်ကာထွက်ပြေးသွားခဲ့ပါတော့သည်။
စုန့်ယင်နျန်း ထွက်ပြေးသွားသောကြောင့် လီဟမ်ရှန်းအနည်းငယ် စိတ်လျော့လိုက်ပါ၏။ နေနဲ့လ၏ ခမ်းနားခြင်းသိုင်းကွက်ကို ထုတ်သုံးပြီးနောက်တွင် လီဟမ်ရှန်းက လည်းတန်ပြန်သက်ရောက်မှုကိုခံစားနေရပါ၏။
စုန့်ယင်နျန်း၏စွမ်းအားမှာ လွန်စွာများပြားကာ ကြီးမားလှသောကြောင့် သူထုတ်လွှတ်လိုက်သော နေနဲ့လ၏ခမ်းနားမှုသိုင်းကွက်မှာ ကျိုးပျက်လုမတတ်ပင်ဖြစ်ခဲ့ပါ၏။
ထို့ကြောင့်လီဟမ်ရှန်းက သာမာန်အချိန်ထက်ပင် ပို၍အားနည်းနေခဲ့ပါ၏။
“ညီ၄ မင်းသုံးလိုက်တဲ့သိုင်းကွက်ကတော်တော်လေးကိုမိုက်တယ်ကွာ။စွမ်းအားကြီးလွန်းတယ်”
မုန့်ဖက်ထုပ်တစ်ခုလိုမျိုး ထုပ်ခံထားရသော ကျိုးကျွင်းက တက်ကြွနေသောလေသံဖြင့် လီဟမ်ရှန်းကို ချီးကျူးလိုက်ပါသည်။သို့သော် လီဟမ်ရှန်းက ဘာမျှမပြောပါချေ။သူက ဟန်ရွှမ်းကိုသာ ကြည့်လိုက်၏။
“ငါမင်းကိုလောလောဆယ်မသတ်နိုင်သေးဘူး။မင်းကံကောင်းနေတယ်မှတ်ပါ” လီဟမ်ရှန်းက ကျိုးကျွင်းအား လျစ်လျူရှုပြီးနောက်ဟန်ရွှမ်း၏အနားသို့တိုးလိုက်ပါသည်။
ဟန်ရွှမ်းက တံတွေးကိုသာ ကြောက်ရွံ့တစ်ကြီးမြိုချလိုက်၏။ ယခုလိုအခြေအနေမျိုးဖြစ်လာမည်ဟု သူလုံးဝထင်မထားခဲ့ပါ။ ယင်တန်မျှော်စင်နှင့် ထာဝရရှင်သန်ခြင်းဂိုဏ်းက သူ့အားဝိုင်းလုနေကြသော်လဲ နောက်ဆုံးတွင်လီဟမ်ရှန်း၏လက်ထဲမှာအဆုံးသတ်ရတော့မယ်တဲ့လား။
လီဟမ်ရှန်းက ပြန်လည်မွေးဖွားခြင်းအဆင့်မှာပဲရှိသေးသည်လေ။
“ ပေါက်ကရတွေ တွေးမယ်မကြံနဲ့။ ငါ ဒဏ်ရာရနေတယ်ဆိုပေမဲ့ မင်းလိုမျိုး ပြန်လည်မွေးဖွားခြင်း အဆင့်လောက်ကောင်ကိုတော့ အသာလေးသတ်နိုင်တယ်”
“ ကျုပ်သိပါတယ်။ ကျုပ်သိပါတယ်” ဟန်ရှန်းက လျင်မြန်စွာသဘော တူလိုက်ပါသည်။ လီဟမ်ရှန်းက စုန့်ယင်နျန်းကိုပင် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့သောကြောင့် သူက လီဟမ်ရှန်း၏ အမိန့်ကို မနာခံဘဲ မနေဝင့်ပါချေ။
“ငါနဲ့တူတူ စစ်ဆေးရေးမှုရုံးကို ပြန်လိုက်ခဲ့တော့။ မင်းသိသမျှအရာအားလုံးကို ဝန်ခံလိုက် အဲဒါဆိုလို့ရှိရင် မင်းအသက်ကို ငါ စိတ်ကြည်လို့ရှိရင်ချမ်းသာပေးမယ်”
ဟန်ရွှမ်းတွင် မည်ကဲ့သို့ လျို့ဝှက်ချက်များရှိသည်ကို လီဟမ်ရှန်းက သိလိုနေခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထာဝရရှင်သန်ခြင်းဂိုဏ်းကို ယင်တန်မျှော်စင်ကပါ ဟန်ရွှမ်းအား အသည်အသန်လိုချင်နေကြသည်မဟုတ်ပါလား။
ဖြစ်နိုင်တာက ဟန်ရွှမ်းက လုချောင်းချောင်းနဲ့ အဆက်အသွယ်တစ်ခုခုတော့ရှိရမည်လေ။
“ညီ၄ ဟန်ရွှမ်းက ငါတို့ထာဝရရှင်သန်ခြင်းဂိုဏ်း အတွက် အရမ်းကိုအရေးပါတယ်။ သူ့ကိုခေါ်သွားဖို့အတွက်ငါခွင့်မပြုနိုင်ဘူး”
ထိုအခိုက်တွင် ကျိုးကျွင်း
၏အသံသည် လီဟမ်ရှန်း၏နောက်မှ ထွက်ပေါ်လာခဲ့ပါသည်။
“အကို့မှာရွေးချယ်စရာရှိလို့လား” လီဟမ်ရှန်းက ကျိုးကျွင်းကို လှည့်ကြည့်လိုက်ပါသည်။ ကျိုးကျွင်းက အခုထက်ထိ မုန့်ဖတ်ထုပ်လိုပင် အချည်အနှောင်ခံထားရပါ၏။ သူ၏ပါးစပ်တစ်ခုသာ လွတ်လပ်စွာဖြင့်ပြောနိုင်ခဲ့ပါသည်။
“ဟီးဟီး…..။ ညီ၄ မတွေ့ရတာကြာပြီ။ မတွေ့ရတာကြာတော့ မင်းရဲ့အကျင့်စရိုက်တော်တော်များများ ပြောင်းလဲသွားတာကို ငါခံစားမိပါတယ်”
ကျိုးကျွင်း၏အသံမှာ ရယ်မောနေသည့် အသံဖြစ်ပါ၏။
“အပြင်ဘက်ကိုထွက်ပြီးတော့ အပြင်လောက၏အတွေ့အကြုံရသွားတာက လူတစ်ယောက်ကို တော်တော်ကြီးပြောင်းလဲစေတာပဲ။ ကျန်းကောစံအိမ်က မင်းကို အများကြီးပြောင်းလဲသွားစေတာပဲ။ ဒါပေမဲ့ကံဆိုးတာက မင်းကို လုံးဝမပြောင်းလဲသွားနိုင်တာ တစ်ခုရှိတယ်။ မင်းက အရမ်းကို တရားမျှတမှုကိုလိုလားပြီး သစ္စာတရားကြီးမားတဲ့သူဖြစ်နေတာပဲ”
“ အဲ့ဒါကောင်းပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကို သစ္စာရှိမလဲဆိုတာကို မင်းရွေးချယ်ရလိမ့်မယ်” ကျိုးကျွင်း၏ အသံမှာ တဖြေးဖြေးနှင့် နူးညံ့လာခဲ့ပါ၏။
“ဘာမဟုတ်တဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်နေတာက တစ်ချိန်ကျလို့ရှိရင် မင်းရဲ့အသက်ကို နုတ်ယူသွားစေနိုင်တယ်” ကျိုးကျွင်း ပြောသမျှအရာအားလုံးကို လီဟမ်ရှန်းက လျစ်လျှူရှုလိုက်ပါသ ည်။ ထို့နောက်တွင် သူက ဟန်ရွှမ်း၏ လက်ကိုလှမ်းဆွဲလိုက်ပါသည်။ ဒါပေမဲ့ အဲဒီအချိန်မှာပင် လီဟမ်ရှန်းက သူ၏ နောက်တွင် မီးတောက်များ တောက်လောင်လာသည်ကို ရုတ်တရက်ခံစားလိုက်ရပါ၏။ လီဟမ်ရှန်းက ကမန်းကတန်း လှည့်ကြည့်လိုက်ရာ
ကျိုးကျွင်း၏လက်ထဲ၌ စာလိပ်တစ်ခုကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ပါ၏။ ထိုစာလိပ်မှ မီးတောက်များထွက်ပေါ်လာပြီး ပင့်ကူမျှင်များအားလုံးကို လောင်ကျွမ်းသွားပါတော့သည်။ လီဟမ်ရှန်းက မျက်မှောင်ကျုံ့လိုက်၏။ ကျိုးကျွင်းမှာ ပန်းချီရတနာ ရှိနေတာလား။ အဲ့ပန်းချီရတနာက သူ့ကိုချုပ်နှောင်ထားတဲ့ ပင့်ကူမျှင်တွေအားလုံးကို လောင်ကျွမ်းနိုင်စွမ်းလည်းရှိတယ်။
“ဟီးဟီး…..” ကျိုးကျွင်းက ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး
“ညီ၄ တွေ့တယ်မလား။ မင်းနောက်ထပ်ထပ်ပြီးတော့ လှည့်စားခံလိုက်ရပြီ”
“ ခင်ဗျား တမင်လုပ်တာမဟုတ်လား” လီဟမ်ရှန်းက ကျိုးကျွင်းအား ထွင်းဖောက်လုမတက် ကြည့်လိုက်ပါသည်။
“အနည်းနဲ့အများပေါ့ကွာ” ကျိုးကျွင်းက ပခုံးတစ်ဖက်တွန့်လိုက်၏။
“ သိပ်မကြာခင်တုန်းက ငါက သတင်းတွေရထားတယ်ကွ။ အဲ့သတင်းထဲမှာ ကျန်းကောစံအိမ်အတွင်းမှာရှိတဲ့ မင်းရဲ့ လှုပ်ရှားမှုအကြောင်းလဲပါတာပေါ့။ မင်းက တစ္ဆေဝံပုလွေလို့ခေါ်တဲ့ မူလအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်လိုက်တယ်ဆို။ ပြီးတော့သတ်တာကလည်း သိုင်းတစ်ကွက်ထဲကိုသုံးပြီး သတ်သွားတာတဲ့။ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှာကတည်းကိုက မင်းက နတ်ခန္ဓာတစ်ခုနိုးထနေတယ်လို့ ငါ သံသယတော့ရှိတယ်”
ကျိုးကျွင်းက လီဟမ်ရှန်းကို ကြည့်လိုက်တယ်။
“ ဒါပေမဲ့ နတ်ခန္ဓာရဲ့စွမ်းအားကို အသုံးပြုပြီးတော့ မူလအဆင့်တစ်ဦးကို သတ်တာက မင်းမှာ တန်ပြန်သက်ရောက်မှုတွေတော့ခံရမှာပဲ”
“သေချာတာတစ်ခုကတော့ မင်းအဲ့လိုမျိုး တိုက်ကွက်ကို ခဏခဏ အသုံးပြုနိုင်မှာမဟုတ်ဘူးလေ။ အဲ့လိုမျိုးတိုက်ကွက်ကို မင်းအချိန်တိုင်း အသုံးပြုနိုင်မယ်ဆိုလို့ရှိရင်တော့ ကောင်းကင်ကို ဆန့်ကျင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်နေပြီပေါ့။ အဲဒီတော့ မင်းက အဲ့ဒီတိုက်ကွက်ကို မထုတ်ထုတ်အောင်တော့ ငါက လှည့်စားမှရတော့မှာပေါ့လေ။ အဲ့ဒါမှပဲ မင်းက အဲ့တိုက်ကွက်ကို ငါ့အပေါ်ထုတ်မသုံးမှာလေ”
“ကံဆိုးတာပဲ ကံဆိုးတာပဲ။ ငါထင်တာတွေက တကယ်မှန်နေတာပဲ” ကျိုးကျွင်းက သက်ပြင်းတစ်ချက်ချလိုက်၏။
“မင်းက အခုထက်ထိ မင်းရဲ့အကြီးမားဆုံးအားနည်းချက်ကို မပြင်ဆင်ရသေးဘူးဘဲ”