← Chapters

အခန်း (၂၉၄)

Vol. 26 Ch. 294

အခန်း (၂၉၄)

Vol. 26 Ch. 294

“သူမကအပြင်ထွက်ပြီးတော့ ဆေးပင်တွေကို သွားနုတ်နေတာ။ ပြီးတော့ မင်းကို သူမကပြန်သယ်လာခဲ့တာပဲ”

သတ်လတ်ပိုင်းလူကြီးက လီဟမ်ရှန်းကို အပြုံးတစ်ခုနှင့် ရှင်းပြလိုက်ပါ၏။

“တုအာ? တုအာကဘယ်သူလဲ။ လီဟမ်ရှန်းက အနည်းငယ် အံ့ဩသွားခဲ့၏။  ထိုအခိုက်မှာပင် လွန်စွာရင်းနှီးသော အသံက အပြင်မှ ထွက်ပေါ်လာ၏။

“ဖေဖေ သမီးပြန်လာပြီ”

ထိုစကားလုံးများပြောပြီးနောက်တွင် ပုံရိပ်လေးတစ်ခုမှာ အတွင်းသို့ ဝင်လာခဲ့၏။

ဝင်လာသောသူကို မြင်သောအခါ လီဟမ်ရှန်းမှာ ငုတ်တုပ်မေ့သွားခဲ့၏။

“ညီမလေးလု” လီဟမ်ရှန်းက သူမကို မြင်သောအခါ ဝမ်းသာစွာအော်ဟစ်လိုက်၏။ သူမက လုချောင်းချောင်းပင် မဟုတ်ပါလား။ အမျိုးသမီးလေးက လီဟမ်ရှန်းကို မြင်သောအခါ တစ်ချက်ပြုံးပြီးပြောလိုက်ပါ၏။

“ ရှင်နိုးပြီလား။ ရှင်က ခုနတုန်းက တော်တော်လေးကို ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာလေ။ ရှင်တောင်ပေါ်ကနေ  ပြုတ်ကျတာလား။ ကျွန်မကြည့်တာကတော့ ရှင်က နံရိုးတွေလဲ ကျိုးနေတယ်”

“ ညီမလေးလု မင်းမဟုတ်လား”

လီဟမ်ရှန်းက မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်ပါ၏။

“ညီမလေးလု” “ညီမလေးလု” ကဘယ်သူလဲ။ အမျိုးသမီးလေးသည် သက်လတ်ပိုင်အရွယ် လူကြီးအား မေးလိုက်ပါသည်။

“ ဖေဖေ သူက ပြုတ်ကျပြီးတော့ရူးများရူးသွားတာလား”

“ အာ..”

သက်လတ်ပိုင်အရွယ်လူကြီးက ပြောစရာစကားပျောက်ရှသွားခဲ့ပါသည်။

“လူငယ်လေး မင်းသူ့ကို သိလား”

“ညီမလေးလု ငါ့ကို မမှတ်မိဘူးလား”

လီဟမ်ရှန်းက တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားလိုက်ရပါသည်။သူ့အရှေ့တွင်ရှိသော သူမှာ လုချောင်းချောင်းအစစ်ပင်ဖြစ်သည်။လုချောင်းချောင်းက ယခုအချိန်တွင်ပင်လျင် မူလအဆင့်သို့ ရောက်ရှိနေပြီး ကျင့်ကြံမှုစွမ်းအားလဲ ရှိနေပါ၏။

သူမထွက်သွားပြီးသည့်အချိန်မှ စ၍ ယခုအချိန်အထိ အချိန်ကာလကို ထောက်ရှုရသော် လုချောင်းချောင်းသည် မူလအဆင့်သို့ရောက်ရှိနေသင့်ပါသည်။ ဒါပေမဲ့ သူမက ဘာလို့သူ့ကို မမှတ်မိရတာလဲ။

“ တုအာရေ့ အစားအသောက်လေးတွေသွားလုပ်လိုက်ပါအုံးကွယ်” လူကြီးက ညွှန်ကြားလိုက်၏။

“ ကောင်းပါပြီဖေဖေ”

အမျိုးသမီးလေးက ပဟေဋ္ဌိ ဖြစ်နေသောအမူအရာဖြင့် လီဟမ်ရှန်းကို တစ်ချက်ကြည့်ပြီးနောက်ထွက်သွားခဲ့ပါသည်။

သက်လတ်ပိုင် အရွယ်လူကြီးက ထိုင်လိုက်ပြီး လီဟမ်ရှန်းကို မေးလိုက်ပါ၏။

“ မင်းသူ့ကို သိလား”

“ ကျုပ်သိတယ်”

လီဟမ်ရှန်းက သေချာစွာ ပြောလိုက်၏။

“လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက ငါ တောအုပ်ထဲက အပြန်မှာ သူမကို ရှာတွေ့ခဲ့တာပဲ။ သူမတစ်ကိုယ်လုံး မှာလည်း သွေးတွေနဲ့ဖုံးလွှမ်းပြီးတော့ ဒဏ်ရာကြီးကြီးမားမားရထားတယ်။

“ ငါ သူကို ပြန်ခေါ်လာပြီးနောက် ပြုစုပေးထားတာ။ သူနိုးလာတဲ့ အချိန်ကြတော့ သူက မှတ်ဉာဏ်တွေပျောက်ဆုံးနေပြီ”

လူကြီးက သက်ပြင်းတစ်ချက် ချလိုက်ပါ၏။

“ငါ့ရဲ့သမီးလေးကလည်း သိပ်မကြာခင်တုန်းကပဲ သေဆုံးသွားခဲ့တာလေ။ အဲဒါကြောင့်မို့ သူမကို ငါက သူ့အဖေဖြစ်တယ်ဆိုတာကို ပြောပြီးတော့ ငါ့သမီးလေးနာမည်ဖြစ်တဲ့ ဟွမ်တုအာ ဆိုတဲ့ နာမည်လေး ပေးထားခဲ့တာ။”

“ မင်းသူ့ကို သိတယ်ဆိုလို့ရှိရင်တော့ သိပ်ကောင်းတာပေါ့ကွာ။ မင်းသူမရဲ့ မိသားစုကို သိမှာပေါ့နော်”

လူကြီးက မျှော်လင့်နေသည့် လေသံနှင့် ပြောလိုက်ပါ၏။

“သူအတိတ်မေ့နေတာလား” လီဟမ်ရှန်းက ထိုအခြေအနေကို လက်ခံရန်အတွက် ခက်ခဲနေခဲ့ပါသည်။

သူမက ဘယ်လိုဖြစ်ပြီးတော့ အတိတ်မေ့နိုင်ရမှာလဲ။ လွန်ခဲ့တဲ့ ဆယ်ရက်ကဟုတ်လား။

အဲဒီအချိန်တုန်းက တစ္ဆေမျိုးနွယ်တွေ အကုန်လုံး သောင်းကျန်းနေတဲ့ အချိန်ပဲ ဖြစ်မယ်။

“ ကျုပ်သူရဲ့ မိသားစုကိုသိတယ်ဗျာ”

လီဟမ်ရှန်းက ခေါင်းညိတ်လိုက်ပါ၏။

“ကောင်းတာပေါ့ကွာ” လူကြီးက ရိုးသားစွာပြုံးရင်း ပြောလိုက်ပါသည်။

“တုအာကို ငါနဲ့အတူတူ နေခိုင်းစေချင်ပေမဲ့ ဒါပေမဲ့ သူက ငါ့ရဲ့ တစ်ကယ့် သမီးမဟုတ်ဘူးလေ။ သူမရဲ့ မိသားစုကလည်း သူမပျောက်သွား တဲ့အတွက်ကြောင့်မို့လို့ အရမ်းကို စိတ်ပူနေကြမှာပဲ”

လီဟမ်ရှန်းက ဘာဆက်ပြောရမှန်းမသိ ဖြစ်နေပါချေ။ အဘယ့်ကြောင့်ဆိုသော လုချောင်းချောင်း၏ သရုပ်မှန်မှာ တော်တော်လေးကို ရှုပ်ထွေးနေသောကြောင့် ပင်ဖြစ်၏။

လုချောင်းချောင်းကို ဘယ်လိုမျိုးသတ်မှတ်ရမလဲဆိုတာကို လီဟမ်ရှန်းကိုယ်တိုင်ပင် မသိပါချေ။

သူမ၏ မိသားစုတွေကဘယ်သူတွေလဲ။ လု မိသားစုလား။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း လား ဒါမှ မဟုတ် ထာဝရရှင်သန်ခြင်းဂိုဏ်းလား။ ထိုအရာများအားလုံးက မှန်ကန်သည့် အခြေအနေမျိုးရှိမနေခဲ့ပါချေ။

သူကရော သူမရဲ့မိသားစုလား။ ထိုလူကြီး၏ အမည်မှာ ဟွမ်တိုင်ရှန်း ဟုခေါ်သည်။ ထိုလူကြီးက တောတောင်ထဲတွင်နေသော မုဆိုး ဖြစ်ပါ၏။

လီဟမ်ရှန်းက ရက်နည်းနည်းကြာတဲ့အထိ ဟွမ်တိုင်ရှန်းနှင့် အတူတူနေ၍ ကိုယ်ကို ပြန်လည် ကုသရန်အတွက် တွေးထားခဲ့ပါသည်။ ဟွမ်တိုင်ရှန်းကလည်း လုချောင်းချောင်းကို အရာအားလုံးကို ပြောပြခဲ့ပါ၏။

သူက သူမရဲ့ အဖေအရင်းမဟုတ်သည့် အကြောင်းလဲ ပါဝင်ခဲ့ပါသည်။ ထိုအကြောင်းများကို ကြားပြီးနောက်တွင် လုချောင်းချောင်းက အံ့ဩသွားခဲ့ပါ၏။ ပြီးတော့ လီဟမ်ရှန်းကို သူမကရင်းနှီးသည့်ခံစားချက်ကို ထူးဆန်းစွာ ရနေသည်ဟု ဝန်ခံ ပြောပြခဲ့ပါသည်။ နောက်ပိုင်းတွင်တော့ သူမ၏အတိတ်အကြောင်းကို ပြောပြရန်အ တွက် လီဟမ်ရှန်းကို အမြဲတမ်းပူဆာနေခဲ့ပါသည်။

လီဟမ်ရှန်းက ဘာပြောရမှန်းမသိ ဖြစ်နေသော်လည်း လုမိသားစုနဲ့ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းတုန်းက အကြောင်းကို ဖြေးဖြေးချင်းပြန်လည်ပြောပြနေခဲ့ပါသည်။

ညသို့ရောက်လာပြီ။

ကောင်းကင်ထက်ရှိကြယ်များ၏ ရောင်ပြန်ကို မြစ်ပြင်ထက်တွင် တွေ့ရမည်ဖြစ်သည်။

တောင်စောင်းလေးတစ်ခုပေါ်တွင် လီဟမ်ရှန်းနှင့် လုချောင်းချောင်းက ကောင်းကင်ရှိကြယ်များကို တူတူထိုင်ရင်းကြည့်နေခဲ့ကြပါ၏။ သူနှင့် လုချောင်းချောင်းက အခုလိုမျိုး ကြယ်ထိုင်ကြည့်ခဲ့သည်မှာ အတိတ်တုန်း ကသာရှိခဲ့ပြီး ထိုအချိန်ကာလများမှာလည်း လွန်စွာကြာမြင့်ခဲ့သည်ဖြစ်၏။

“ အကိုက တစ်ကယ်ပဲ ကျွန်မရဲ့ စီနီယာအကိုလား”

လုချောင်းချောင်းက လီဟမ်ရှန်း၏နံဘေးတွင် လဲလျောင်းလိုက်ပြီး ရေရွက်လိုက်ပါသည်။

“ ကျွန်မတို့နှစ်ယောက် အခုလိုမျိုးပဲ ကြယ်ကောင်းကင်ကြီးကို အတူတူ ကြည့်ကြလေ့ရှိလား”

“ အမြဲတမ်းတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေတော့ ကြည့်ကြပါတယ်” လီဟမ်ရှန်းက လည်း ပြုံးရင်းနဲ့ ပြောလိုက်ပါ၏။

“ကျွန်မက ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းတပည့် တစ်ဦး ဖြစ်နေမယ်လို့ လုံးဝကို မထင်မထားခဲ့မိပါဘူး။ ဒါပေမဲ့ စီနီယာ အကိုနဲ့တွေ့တာကတော့ ကျွန်မတို့ရဲ့ကံကြမ္မာပဲ ဖြစ်မယ်ထင်တယ်” လုချောင်းချောင်းကလည်း ပြုံးရင်းပြောလိုက်ပါသည်။

“ဟုတ်တယ်။ ကံတရားကသိပ်ကို ဆန်းကြယ်တာပဲ” လီဟမ်ရှန်းကလည်း ပြန်ဖြေလိုက်၏။

“ငါကနည်းနည်းတော့ နေလို့ကောင်းသွားပြီ။ မနက်ဖန်ကျရင် ပြန်သွားရမယ်။ ငါမင်းကို တူးရှမြို့ကို ခေါ်သွားမယ်။ မင်းက စစ်ဆေးရေးမှူးရုံးမှာ ငါနဲ့ ခဏလောက်တော့နေပေါ့။ ပြီးကျမှ ငါတို့ဘာဆက်လုပ်ကြမလဲဆိုတာကို  ဆုံးဖြတ်ကျတာပေါ့။ ဟုတ်ပြီလား”

“ မနက်ဖြန်ကျရင်သွားတော့မလား” လုချောင်းချောင်း၏ မျက်လုံးထဲတွင် ငြင်းဆန်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပါ၏။

“ ဦးလေးဟွမ်က ကျွန်မရဲ့ တစ်ကယ့်အဖေအရင်း မဟုတ်ဘူးဆိုတာကို သိပေမဲ့လည်း ခုရက်တွေအတွင်းမှာ ဦးလေးက ကျွန်မကို သေချာလေး ဂရုစိုက်ပေးခဲ့တယ်။ ကျွန်မကလည်း ဦးလေးကို အရမ်းကို တွယ်တာနေမိပြီ။ မနက်ဖြန်သွားတော့မယ်ဆိုလို့ရှိရင်တော့ သူနဲ့အတူတူ ရက်ကြာကြာလေးဆက်နေချင်သေးတယ်။ သူ့ကို အရသာရှိတဲ့အစားအသောက်တွေအများကြီး ချက်ကျွေးပြီးမှပဲ သွားချင်တယ်”

“ အဲ့လိုလည်း ရပါတယ်”

လီဟမ်ရှန်းက ခေါင်းညိတ်လိုက်ပါ၏။

“စီနီယာ အစ်ကိုလီ” လုချောင်းချောင်းက ရုတ်တရတ်မေးလိုက်၏။

“အတိတ်တုန်းကလည်း အစ်ကိုက ညီမကို အခုလိုပဲ အလိုလိုက်တာလား။ ညီမ ဘာပြောပြော အစ်ကိုက ခေါင်းကြီးပဲ ညိတ်ပြီးတော့ နားထောင်ခဲ့တာလား” လုချောင်းချောင်းက ရုတ်တရတ်ပြုံးပြီးမေးလိုက်ပါ၏။

“ ညီမက မမှတ်မိဘူးလား”လီဟမ်ရှန်းက ရှက်သွေးဖြာသောမျက်နှာကြီးဖြင့်ပြောလိုက်ပါသည်။

“ဟီး ဟီး ဟီး ကျွန်မကိုပြော ကျွန်မကိုပြော “လုချောင်းချောင်းက ရယ်မောလိုက်၏။ သူမက မြက်ခင်းပြင်ပေါ်၌ လှိမ့်ပြီး လီဟမ်ရှန်း၏ကိုယ်ပေါ်သို့ တွယ်တက်လိုက်ပါသည်။ သူတို့နှစ်ဦး၏မျက်ဝန်းများမှာ ထိပ်တိုက်တွေ့ဆုံသွား၏။ လီဟမ်ရှန်းက ရင်တဒိန်းဒိန်းခုန်လာခဲ့ပါသည်။

သူနဲ့ လုချောင်းချောင်းက ဘယ်တုန်းကတည်းက အခုလောက် နီးကပ်သွားတာလဲ။ တစ်ယောက်ရဲ့အသက်ရှူသံ ကို တစ်ယောက်ကခံစားနေရပါသည်။ ၏

“အား”

လုချောင်းချောင်းက ရုတ်တရတ်အော်လိုက်ပါ၏။ သူက လီဟမ်ရှန်း၏ ခန္ဓာကိုယ်၏အပေါ်မှ ကမန်းကတန်းထကာပြောလိုက်၏။

“ စီနီယာအစ်ကိုလီနာသွားသေးလား။ စီနီယာအစ်ကိုလီက ဒဏ်ရာတွေရထားတာကို ကျွန်မက မေ့သွားတယ်”

“ မဟုတ်ဘူး။ မဟုတ်ဘူး။ အဆင်ပြေတယ်။ အဆင်ပြေတယ်။ ငါရဲ့ဒဏ်ရာတွေက ပျောက်ခါနီးပါပြီ”

လီဟမ်ရှန်းကအလျင်အမြန်ပြောလိုက်ပါ၏။

“ ဒါပေမဲ့ စီနီယာ အစ်ကိုလီ အစ်ကိုကပြန်ကောင်းတာ တော်တော်မြန်တယ်နော်။ မနက်ဖန်ပြီးသွားလို့ရှိရင် လုံးဝ လူကောင်းတစ်ယောက်လို ဖြစ်သွားလိမ့်မယ်ထင်တယ်”

လုချောင်းချောင်းက စိတ်ဝင်တစားနဲ့ မေးလိုက်ပါ၏။

“ဟုတ်တယ်” လီဟမ်ရှန်းလည်း သူက ရက်နည်းနည်းကြာတာနဲ့ လုံးဝအကောင်းအတိုင်းပဲ ပြန်ဖြစ်သွားမယ်ဆိုတာကို ခံစားမိပါ၏။ သူက လုံးဝကို လူကောင်းဖြစ်သွားရင် လီဟမ်ရှန်းက သူ၏ အင်မော်တယ် ပုံဖော်ခြင်းလှံကို ပြန်ရှာမည်ဟု တွေးထားပါသည်။ လှံမှာ မြစ်ထဲ၌ ရှိနေမည်ဟု ခံစားမိ၏။

တစ်ချိန်ထဲမှာပင် ကျိုးကျွင်းက သူ့အား မသတ်ခဲ့သည်ကို ပထမဦးဆုံးအကြိမ်အဖြစ် လီဟမ်ရှန်းကကျေးဇူးတင်မိပါသည်။

သူက ကျိုးကျွင်းကို ကျေးဇူးတင်သည်မှာ လုချောင်းချောင်းနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ရသောကြောင့်ဖြစ်၏။ လုချောင်းချောင်းက သူမ၏ မှတ်ဉာဏ်များကို မေ့သွားသော်လည်း သူက ကျေးဇူးတင်ပါသေး၏။

ယခုလိုမျိုး သူမ၏ မှတ်ဉာဏ်များ မေ့လျော့သွားခြင်းသည် ကံကောင်းခြင်းတစ်ခုကို လီဟမ်ရှန်းက ခံစားမိပါသည်။

သူမက အနည်းဆုံးတော့ထာဝရရှင်သန်ခြင်းဂိုဏ်းက အဖြစ်အပျက်များကို မေ့နေသည်မဟုတ်ပါလား။

“နောက်ကျနေပြီ စီနီယာ အစ်ကို။ ကျွန်မတို့ပြန်ရအောင်” လုချောင်းချောင်းက လီဟမ်ရှန်းကိုပြောလိုက်ပါ၏။

“အစ်ကိုက အခုထက်ထိ ဒဏ်ရာရထားတာဆိုတော့ ကောင်းကောင်းနားဖို့လိုသေးတယ်” လီဟမ်ရှန်းကလည်း လုချောင်းချောင်း၏ စကားကို နားထောင်ပြီး မြက်ခင်းပြင်ပေါ်မှ ထလိုက်ပါ၏။ သူက လုချောင်းချောင်း၏ နောက်သို့လိုက်ကာ ပြန်အိပ်ရန်အတွက် ဟန်ပြင်လိုက်၏။

လုချောင်းချောင်း၏ ကျောပြင်ကို ကြည့်ရင်းနဲ့ လီဟမ်ရှန်းက လမ်းလျှောက်နေရာမှ ရပ်လိုက်ပါ၏။

အတွေးတစ်ခုက သူ့ခေါင်းထဲသို့ ရောက်လာခဲ့ပါ၏။ ထိုအတွေးမှာ စစ်ဆေးရေးမှူးရုံး၌ သူရှိခဲ့စဉ် အခါတုန်းက ရခဲ့သော သတင်းအပိုင်းအစလေးတစ်ခု ဖြစ်ပါသည်။

လုချောင်းချောင်းက ကျန်းကောစံအိမ်ရဲ့ နယ်ပယ်အတွင်းမှာ ပေါ်လာခဲ့လို့ရှိရင် သူမကို မယုံပါနှင့်။

ထိုစကားသံကို ရုတ်တရက်ကြားလိုက်မိပြီး လီဟမ်ရှန်းက ကြက်သီးထသွားခဲ့ပါ၏။ လုချောင်းချောင်းက တစ်ကယ်ပဲ ဒီနေရာမှာ ပေါ်လာတယ်။ ဒါဆိုရင် သူမပြောတဲ့ စကားတွေကို ငါယုံလို့မဖြစ်ဘူးလား။

“စီနီယာ အစ်ကို ဘာလို့ရပ်နေတာလဲ” လုချောင်းချောင်းက နောက်သို့ ပဟေဋ္ဌိ ဖြစ်နေသော အမူအရာနဲ့ လှည့်ကြည့်ကာ မေးလိုက်ပါ၏။

“ ဟာ.ဟုတ်သားပဲ။ ညီမလေးလု”

လီဟမ်ရှန်းက ရုတ်တစ်ရတ် ကျောက်တုံးတစ်တုံးကို ကောက်ပြီးနောက် အပြုံးနဲ့ပြောလိုက်၏။

“ ဒီနေရာကို ငါတို့ပြန်မလာတော့ဘူးဆိုမှတော့ ဒီမှာ ငါတို့ရဲ့ နာမည်လေးတွေ ချရေးထားခဲ့ရအောင်”

ထိုသို့ပြောပြီးနောက် လီဟမ်ရှန်းက ကျောက်တောင်နံရံ ၏ နံရံအရှေ့သို့သွားကာ သူ၏ နာမည်ကို ရေးလိုက်ပါ၏။ ထို့နောက် သူက လုချောင်းချောင်းကို ကြည့်ကာ ပြောလိုက်ပါ၏။

“ညီမလေးလု ညီမလေးလဲ ညီမလေးနာမည်ကို ရေးသင့်တယ်နော်။ငါတို့နှစ်ယောက် အတူ ဒီကို ရောက်ခဲ့တယ်ဆိုတာကို သက်သေပြလို့ရတာပေါ့”

ထိုစကားကို ကြားသော် လုချောင်းချောင်းက တစ်ချက်ရယ်လိုက်ပါ၏။

“ စီနီယာအစ်ကို စီနီယာအစ်ကို က တစ်ကယ်ပဲ ကလေးဆန်တာပဲ”

ဒါပေမဲ့ သူမက ပြုံးလိုက်၏။ ပြုံးပြီး လီဟမ်ရှန်း၏အနားသို့လာ၏။

ထိုနောက်လီဟမ်ရှန်း၏လက်ထဲမှကျောက်တုံးကိုဆွဲယူကာ ကျောက်နံရံ၌ သူမ၏ အမည်ကို ရေးလိုက်ပါ၏။

လုချောင်းချောင်း..

ထိုစာလုံးများကို မြင်ပြီးသောအခါမှ သက်ပြင်းမောကြီးကို မှုတ်ထုတ်နိုင်ခဲ့ပါ၏။

“ညီမလေး ညီမလေးနာမည်ရဲ့ လုကို စာလုံးပေါင်းတာက သမင်ဆိုတဲ့ လုဆိုတဲ့စာလုံးနဲ့ပေါင်းရတာ”

ထိုစကားကို ကြားသောအခါ လုချောင်းချောင်းများ၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့ပါ၏။

“သမင်ကို ပေါင်းတဲ့ လုဆိုတဲ့ စာလုံးနဲ့ပေါင်းရတာလား။ ဟင် မျိုးရိုးနာမည်ကလည်း ထူးဆန်းလိုက်တာ။ ကျွန်မက မြေကြီးဆိုတဲ့ စာလုံးကို ပေါင်းတဲ့ လု နဲ့ ပေါင်းတယ်လို့မှတ်တာ”

သူမက ရေးထားသော သူမ၏အမည်ကို ချက်ချင်း ဖျက်လိုက်ပြီး စာလုံးပေါင်းကို မှန်ကန်စွာဖြင့် ပြန်ပြင်ရေးလိုက်ပါသည်။

လီဟမ်ရှန်းက အခုမှသာ စိတ်သက်သာရာ ရသွားပါ၏။ လီဟမ်ရှန်းက သူမ၏အမည်အရင်းကို ပြောပြခဲ့သော်လည်း စာလုံးပေါင်း ကို မပြောပြခဲ့ပါချေ။

လူတော်တော်များများက လုဟူသော အမည်ကို စစချင်း ကြားလိုက်ပါက မြေကြီးကို ပေါင်းသော လုစာလုံးဖြင့်သာ ပေါင်းလိမ့်မည်သာဖြစ်၏။

သူမကသာ မှန်ကန်သော စာလုံးပေါင်းနဲ့ ရေးမိသည်ဆိုပါက လုချောင်းချောင်းက မှတ်ဉာဏ်ပျောက်ဆုံးချင်ယောင် ဟန်ဆောင်နေသည်မှာ မလွဲဧကန်သာဖြစ်ပါသည်။ 

All Chapters