← Chapters

အခန်း (၂၉၅)

Vol. 26 Ch. 295

အခန်း (၂၉၅)

Vol. 26 Ch. 295

"ပြီးသွားပြီ" လုချောင်းချောင်းက သူမ၏ နာမည်ကို သေသေ‌ချာချာလေး ရေးသားလိုက်ပါ၏။ ထို့နောက်တွင် အနောက်သို့လှည့်ပြီး လီဟမ်ရှန်းထံသို့ ပြုံးပြလိုက်ပါ၏။ သူမကမေးလိုက်ပါသည်။

"ညီမအခုရေးထားတာ မှန်ရောမှန်ရဲ့လားအကို။"

"အင်း၊မှန်တယ်"လီဟမ်ရှန်းကထိုလူအမည်ကိုကြည့်ရင်းနှင့် သူ၏ အကြည့်များမှာ တဖြည်းဖြည်းနှင့်ပျော့ပျောင်းသွားပါ၏။

-‘လီဟမ်ရှန်းနှင့် လုချောင်းချောင်းက ဤနေရာသို့ရောက်ခဲ့ပါ၏’ -

"ပြန်ကြရအောင်။"

လီဟမ်ရှန်းက ဦးဆောင်ပြီးတော့ ထွက်လာခဲ့၏ ။ သူကလုချောင်းချောင်း၏ လက်ကလေးကို ဆွဲကိုင်လိုက်ပါသည်။သူမ၏ လက်ကလေးမှာ နူးညံ့ပြီး အရိုးများကင်းမဲ့နေသည့် အလားပင် ကိုင်ရသည်မှာ လွန်စွာ ချောမွေ့နေပြီး သက်တောင့်သက်သာဖြစ်လှပါ၏။ သူမ၏ လက်ကလေးကို ကိုင်ထားရခြင်းက လီဟမ်ရှန်းအတွက် ငြိမ်းချမ်းမှုပင် ခံစားရစေပါသည်။

သူက ယခုအချိန်လေး ကိုရပ်တန့်ပြီး အမြဲတမ်းခံစားလိုလေပါ၏။ ထိုခံစားချက်မှာ လီဟမ်ရှန်းက လောကကြီးတခုလုံးကိုအပိုင်စားရသကဲ့သို့ ဖြစ်နေခဲ့ပါသည်။ ယခုလက်ရှိအခြေအနေမှာ သူ၏အိမ်မက်ထဲတွင် အကြိမ်ကြိမ် မက်ခဲ့ရသောအခြေအနေဖြစ်ပါသည်။ ယခုတွင်တော့ ထိုအိမ်မက်က အမှန်တကယ်ဖြစ်လာခဲ့၏။

လုချောင်းချောင်းကလဲ သူမ၏ လက်ချောင်းလေးများကိုလှုပ်ကာ လီဟမ်ရှန်း၏ လက်ချောင်းများကြားထဲသို့ ထိုးသွင်းလိုက်ပါသည်။ သူမ၏ လီဟမ်ရှန်းကို ကြည့်နေသောမျက်ဝန်းများမှာ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပြီး အနည်းငယ် ရင်ခုန်နေသော အမူအရာကို တွေ့မြင်ရမည် ဖြစ်ပါ၏။

သူတို့နှစ်ဦးကလက်ချင်းချိတ်တွဲကာ တောလမ်းလေးထဲသို့ လျှောက်လာခဲ့ပါ၏။ လုချောင်းချောင်း၏ ရင်ခုန်နေသော အမူအရာကို အာရုံခံမိသောကြောင့် လီဟမ်ရှန်းက သူမ၏ လက်ကလေးကို ဖြည်းညင်းစွာ ဖျစ်ညစ်လိုက်ပြီး မေးလိုက်ပါ၏။

"ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။" လုချောင်းချောင်းက တခဏကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်ပါသည်။ 

"အစ်ကိုလီ၊ ညီမအိမ်မပြန်ချင်ဘူး။ အစ်ကိုလီရဲ့ နံဘေးမှာပဲ အမြဲနေလို့ရမလားဟင်။"

"ဘာလို့အိမ်မပြန်ချင်ရတာလဲ"လီဟမ်ရှန်းက သိလိုစွာဖြင့်မေးလိုက်၏။

လုချောင်းချောင်းက သူမ၏ နှုတ်ခမ်းလေးများကို တခဏ ဖွင့်ဟလိုက်ပြီးနောက်ပြောလိုက်၏။

"ကျွန်မက ကျွန်မမိသားစုတွေကိုမမှတ်မိဘူး။သူတို့က ကျွန်မအတွက် သူစိမ်းတွေလိုပဲမဟုတ်လား။ကျွန်မက အစ်ကိုလီရဲ့ ဘေးနားမှာပဲ တစ်ဘဝလုံးနေချင်တယ်။"

လီဟမ်ရှန်းက နားလည်သွားပါ၏။လုချောင်းချောင်းက သူမ၏မှတ်ဉာဏ်များ ပျောက်ဆုံးနေသောကြောင့် သူမ၏ မိသားစုများကို မှတ်မိမည် မဟုတ်ပါချေ။

လုချောင်းချောင်းအတွက်တော့ သူမ၏ မိသားစုဆိုသည်မှာ လုံးဝ သူစိမ်းပြင်ပြင်သာ ဖြစ်ပါ၏။ 

"ကောင်းပြီလေ ညီမလိုချင်တာတွေအကုန်လုံးဖြစ်‌စေရမယ်။ ညီအိမ်မပြန်ချင်ဘူးဆိုလို့ရှိရင် အကို့အနားမှာပဲနေပေါ့။"

လီဟမ်ရှန်းက အပြုံးတခုနှင့် ပြောလိုက်၏။ 

"ညီမက အကို့ဘေးနားမှာကြိုက်သလောက်နေလို့ရတယ်။" 

လုချောင်းချောင်း၏ တောက်ပနေသောမျက်ဝန်းကြီးများသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားခဲ့ပါ၏။ 

“အစ်ကိုလီ၊ကျွန်မကို အစ်ကိုလီ လက်ထပ်မလား” လုချောင်းချောင်းက ငြင်သာစွာဖြင့်မေးလိုက်ပါ၏။

သူမ၏ အသံမှာ ခြင်တစ်ကောင်ကဲ့သို့ တိုးညင်းလှပါ၏။

လီဟမ်ရှန်းက ကျင့်ကြံမှု မြင့်မားသောကြောင့် သူမ၏အသံကို ကောင်းစွာကြားလိုက်ခဲ့ပါသည်။ သူကသာ ကျင့်ကြံမှုမရှိသည့် သာမန်လူဖြစ်လျှင် သူမ ပြောလိုက်သည့် စကားကို လုံးဝကြားလိုက်မည် မဟုတ်ပါချေ။ 

"ညီမကသာ အကို့ကို လက်ထပ်ချင်တယ်ဆိုရင်… ဒါပေါ့ ။ အကိုက ညီမကို လက်ထပ်မှာပဲ။" 

လီဟမ်ရှန်းက စိတ်တက်ကြွစွာဖြင့် ပြောလိုက်ပါ၏။

"ညီမ ဆန္ဒရှိပါတယ်။" လုချောင်းချောင်းက တိုးညင်းစွာဖြင့် ပြောလိုက်ပါ၏။ 

"အာ့တာဆိုလို့ရှိရင် အကိုက ညီမကို လက်ထပ်မယ်။" လီဟမ်ရှန်းကလည်း ခိုင်မာစွာဖြင့် ကြေညာလိုက်ပါ၏။

"ကျုပ် လီဟမ်ရှန်းက လုချောင်းချောင်းကို ကျုပ်ရဲ့ဇနီးအဖြစ် ကောင်းကင်နှင့်မြေကြီးကို သက်သေတိုင်တည်ပြီးတော့ သစ္စာပြုပါတယ်။ကျုပ်က လုချောင်းချောင်းကို ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးမှာ အမြဲတစေချစ်မြတ်နိုးပါမယ်လို့ သစ္စာထပ်ပြုပါတယ်။

ကျုပ်ကဒီသစ္စာကို ဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့ "

လီဟမ်ရှန်းက သူ၏ သစ္စာကို ဆက်လက်၍မရွတ်ဆိုနိုင်ခင်မှာပင် လုချောင်းချောင်း၏ နှုတ်ခမ်းလေးများမှာ သူ၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်ပါ၏။ 

လုချောင်းချောင်းက လီဟမ်ရှန်းကို မြေပြင်ပေါ်သို့ လှဲချလိုက်ပါသည်။ အနမ်းတချက်နဲ့ပဲ လီဟမ်ရှန်းမှာ နွေးထွေးမှု ရေအိုင်ကြီးထဲသို့ ကျဆင်းသွားသကဲဘသို့ ခံစားလိုက်ရပါ၏။ ထိုညတွင် ကောင်းကင်ကြီးမှာ သူတို့၏စောင်အဖြစ် ကမ္ဘာမြေကြီးမှာ သူတို့၏ အိပ်ရာအဖြစ် ကြယ်တာရာများမှာမူ သူတို့၏ ချစ်ခြင်းတရားကို စောင့်ကြည့်ကြသော သက်သေများအဖြစ် တည်ရှိသွားခဲ့ကြပါသည်။

တစ်နေ့မှာ သူ၏ ချစ်မြတ်နိုးလှသော ညီမလေးလုကို ပိုင်ဆိုင်ရမည်ဟု လီဟမ်ရှန်း လုံးဝကို မထင်ထားခဲ့မိပါချေ။

သို့သော် ယနေ့ညကတော့ ဤကဲ့သို့ အခြေအနေများတွင် သူကလုချောင်းချောင်းကို ပိုင်ဆိုင်ခဲ့ရပြီ မဟုတ်ပါလား။

အရုဏ်တက်ပါပြီ။

ကျီ့ဝူမြို့တွင်ရှိနေသော လီချန်ချင်းမှာမူ ဂနာမငြိမ်ဖြစ်နေခဲ့ပါ၏။ သားဖြစ်သူ လီဟမ်ရှန်း၏ သတင်းကို မကြားသည်မှာ နှစ်ရက်တိတိကြားခဲ့ပြီ။ ကျန်းဝမ်လျို၏ ငှက်များတိရစ္ဆာန်လေးများကို လွှတ်ကာ စုံစမ်းသည့်တိုင် မည့်သည့် သတင်းမှ မကြားခဲ့ရပါချေ။ လီဟမ်ရှန်းမှာ လေထုထဲကလုံးဝကို ပျောက်ကွယ်သွားမည့်အလားပင် ဖြစ်နေခဲ့ပါ၏။

အရုဏ်တက်သည့်အချိန်တွင် လီချန်ချင်းက ကျန်းဝမ်လျိုထံမှ သတင်းများကို စောင့်စားခြင်းမှ ရပ်တန့်လိုက်ပါတော့သည်။ သူက ကျန်းကောစံအိမ်သို့ ကိုယ်တိုင်သွားရန်အတွက် ဆုံးဖြတ်ချက် ချလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့နှလုံးသားထဲ၌ မကောင်းသော ခံစားချက်များ တဖြည်းဖြည်းနှင့်ပင် တိုးလာသောကြောင့်ပင်ဖြစ်၏။

ကြီးကြီးမားမားမားတစ်စုံတစ်ခုက ဖြစ်လာတော့မည်ဟု သူ၏ နှလုံးသားနှင့် သွေးများက အော်ဟစ်နေသည့် အလားပင်ဖြစ်နေခဲ့ပါသည်။ ထိုခံစားချက်မှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ကြီးမားလားခဲ့ပါ၏။

လီချန်ချင်း၏ မျက်ဝန်းများမှာ ရွှေရောင်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာပြီး နဂါးနိုင်လက်ဝါး၏ နဂါးအရှိန်အဝါများကိုပင် မထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေခဲ့ပါတော့သည်။ ထိုကဲ့သို့သော အခြေအနေဖြစ်နေသောကြောင့် လီချမ်ချင်းက ကျန်းဝမ်လျိုထံမှ သတင်းစကားကိုမစောင့်တော့ဘဲ ကိုယ်တိုင်ထွက်သွားရန်အတွက် ပြင်ဆင်နေခဲ့ခြင်းလည်း ဖြစ်ပါ၏။ 

"နည်းနည်းတော့စောင့်ပါအုန်းလား။ ကျုပ်လွှတ်ထားတဲ့အကောင်လေးတွေက တချို့ကောင်‌တွေပြန်မလာသေးဘူးလေ။" ကျန်းဝမ်လျိုက လျင်မြန်စွာပြောလိုက်ပါ၏။ လီချန်ချင်း၏ မျက်နှာမှာ စိတ်ဖိစီးမှုများနေသော ပုံစံဖြစ်နေသောကြောင့် သူကလည်း စိုးရိမ်နေခဲ့ပါ၏။ 

"လူကြီးမင်း ချန်ချင်း၊ ကျွန်တော်လည်းထွက်ပြီးတော့ ရှာပေးပါ့မယ်။ " ကျန်းဖုကွမ်းကလည်းနံဘေးမှ ပြောလိုက်ပါ၏။ 

"မလိုဘူး။ မင်းတို့နှစ်ယောက် ဒီမှာပဲ နေခဲ့ကြ။ငါ့သားကို ငါကိုယ်တိုင်ထွက်ရှာမယ်။"

လီချန်ချင်းက ပြောလိုက်ပါ၏။သူ၏ စိတ်ထဲ၌ ဆုံးဖြတ်ချက်ချပြီးနောက် ဖေးကို လှမ်းခေါ်လိုက်ပါ၏။ သေရည်ဆိုင်၏ ထောင့်နံဘေးတွင်အိပ်နေ‌သော ဖေးမှာ ခွေးလေးအဖြစ်မှာ ရွှေလင်းယုန်သားရဲကြီးအဖြစ်သို့ ချက်ချင်းပြောင်းလဲလိုက်ပါ၏။ လီချန်ချင်းက ရွှေလင်းယုန်သားရဲကြီး၏ ကျောပေါ်သို့တက်ပြီးနောက် ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပါသည်။ ထိုဖြစ်ရပ်ကို မြင်လိုက်ရသောကျန်းဝမ်လျိုမှာ ကြက်သေသေသွားပါ၏။ 

"ဟ သေရည်ဆိုင်ထောင့်မှာ အိပ်နေ‌တဲ့ခွေးပေါက်လေးက လက်စသတ်တော့ ရွှေလင်းယုန်သားရဲကြီးပါ့လား။ ငါဘယ်လိုလူတွေနဲ့ ပတ်သတ်မိနေတာပါလိမ့်။" ကျန်းဖုကွမ်းမှာမူ ထိုမြင်ကွင်းကို မအံ့ဩပါချေ။ သူက လီချန်ချင်းအမိန့်ပေးခဲ့သည့်အတိုင်း သေရည်ဆိုင်ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ပြင်ဆင်နေခဲ့ပါ၏။

ကျီ့ဝူမြို့နှင့် ကျန်းကောစံအိမ်၏ ကြားတွင် ကြီးမားရှည်လျားလှသော မြစ်ကြီးတစ်စင်းက ဖြတ်သန်းစီးဆင်းနေခဲ့ပါ၏။ လီချန်ချင်းက‌ ရွှေလင်းယုန်သားရဲကြီး စီးနင်းပြီးနောက် ကျန်းကောစံအိမ်၏ နယ်နိမိတ်အတွင်းသို့ တမဟုတ်ချင်း ဝင်လာခဲ့ပါ၏။

လေးဆယ့်ငါးမိနစ်အတွင်းမှာပင် လီချန်ချင်းက မြွေဖြူလမ်းကြောင်းသို့ရောက်လာခဲ့ပါ၏။ လီချန်ချင်း၏ နတ်ဘုရားဝိဉာဉ်မှာ ပျံ့နှံ့သွားပြီးနောက်တွင် သူ့သား၏ အရိပ်အယောင်ကို စတင်၍ ရှာဖွေပါတော့သည်။ တု့ရှမ်းမြို့မှ စတင်ကာ မြို့ပြင် ထို့နောက် တောတောင်များအထိပါ သူ၏ နတ်ဘုရားဝိဉာဉ်က ဖုံးလွှမ်းသွားခဲ့ပါ၏။ သို့သော် လီချန်ချင်း၏ အားကြီးလှသော နတ်ဘုရားဝိဉာဉ်စွမ်းအားနှင့်ပင်လျှင် လီဟမ်ရှန်းကို လုံးဝ ရှာမတွေ့ခဲ့ပါချေ။

နေ့တဝက်ခန့်ရှာပြီးသောအခါတွင် တောင်တစ်တောင်၏ တောင်ခြေ၌ ခရမ်းမိုးကြိုး စိတ်ဝိဉာဉ်မြင်းကို လီချန်ချင်းက အာရုံခံလိုက်ပါ၏။ ခရမ်းမိုးကြိုးမှာ သူ့သား၏ မြင်းဖြစ်ပါသည်။ ယန်မိသားစုကိုလာလည်စဉ်အခါတုန်းက လီချန်ချင်းက ထိုမြင်းကို မြင်ခဲ့ဖူးပါ၏။ လီချန်ချင်းက ခရမ်းမိုးကြိုး၏ နံဘေးတွင်ဆင်းသက်လိုက်ပါ၏။ ခရမ်းမိုးကြိုးက တောင်ခြေတွင် မြက်စားရင်း လီဟမ်ရှန်းပြန်လာမည်ကိုသာ စောင့်စားနေခဲ့ပါသည်။

လီချန်ချင်းက တောင်တက်လမ်းကို တချက်မျှော်ကြည့်လိုက်ပြီးနောက်တွင် အချိန်မဖြုန်းဘဲ တောင်တက်လမ်းကို ပြေးတက်သွားခဲ့ပါ၏။ တောင်ထိပ်တွင်တော့ တိုက်ပွဲဖြစ်ထားသော လက္ခဏာများကို တွေ့လိုက်ရပါသည်။ မြေပြင်မှာ ချိုင့်နက်ကြီးများဖြစ်နေပြီး ပတ်ဝန်းကျင်တွင်ရှိသော ကျောက်တုံးများမှာလည်း အစိတ်အစိတ်အမွှာမွှာ ပြိုလဲကွဲနေပါ၏။ ထိုခြေရာလက်ရာများကို ကြည့်ပြီးနောက်တွင် ဤနေရာ၌ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ခဲ့သည် ဟု ခန့်မှန်းနိုင်မည်ဖြစ်ပါသည်။ ဤနေရာကို ဘယ်သူတွေကတိုက်ခိုက်ခဲ့တယ်ဆိုတာကို လီချန်ချင်းကမသိသည့်တိုင် လီဟမ်ရှန်းကတော့ ထိုတိုက်ပွဲတွင် ပါဝင်နေမည်ကိုတော့ သိနေခဲ့ပါ၏။အခင်းဖြစ်ရာနေရာကို ရှာဖွေကြည့်ပြီးနောက်တွင် လီချန်ချင်းက မည်သည့်သက်သေနှင့် သဲလွန်စများကို ရှာမတွေ့ပါချေ။

"ဖေး၊ မင်းဒီမှာ ရှိတဲ့ သဲလွန်စနဲ့အနံ့တွေကို မင်းခံနိုင်လား။" လီချန်ချင်းက နံဘေးတွင်ရှိသော ဖေးကိုမေးလိုက်ပါ၏။ ဖေးကသူ့ကိုတချက်ကြည့်ပြီး ခေါင်းခါပြလိုက်ပါ၏။ 

"ကျုပ်က ခွေးပုံသဏ္ဍာန်ပြောင်းနိုင်တယ်ဆိုပေမဲ့ ကျုပ်က တကယ့်ခွေးမဟုတ်ဘူးလေ။အဲ့ဒီတော့ ဘယ်လိုလုပ်ပြီး အနံ့ခံနိုင်မှာလဲ။ "

"အသုံးမကျတဲ့ကောင်။" လီချန်ချင်းက မကျေနပ်စွာဖြင့် ရေရွတ်လိုက်ပါ၏။ 

ဖေးကနံဘေးမှ ဒေါသထွက်စွာဖြင့် လီချန်ချင်းအားကြည့်လိုက်ပါ၏။ သို့သော် လီချန်ချင်း၏ စိတ်အခြေအနေမှာ ပုံမှန်နှင့်မတူဘဲ လွန်စွာ ဆိုးရွားနေသည်ကိုမြင်သောကြောင့် ဘာမှမပြောဘဲ တိတ်တဆိတ်နေကာ အဆူခံလိုက်ပါ၏။

လက်ရှိအချိန်တွင်တော့ လီချန်ချင်းက ချောက်ကမ်းပါးအထက်တွင် ရောက်နေပြီ ဖြစ်၏။ သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ နေ့ခင်းဘက်ဖြစ်နေသည့်တိုင် အောက်ဘက်မှာ မှောင်မဲပြီး မည်သည့်အရာကိုမှ မမြင်ရပါချေ။ အောက်ဘက်မှာတောါ အဆုံးမရှိသော တွင်းနက်ကြီးအလားပင် ဖြစ်နေခဲ့၏။ 

"ဖေး၊ ငါတို့အောက်ဆင်းရအောင်။" လီချန်ချင်းက ဖေးကို ညွှန်ကြားလိုက်ပါ၏။

ဖေးကခပ်မြန်မြန်ပဲပြေးသွားလိုက်ပြီး လီချန်ချင်းကို သယ်ဆောင်ကာ ချောက်ကမ်းပါးနက်ထဲသို့ ခုန်ချသွားခဲ့ပါ၏။ ချောက်မှာ တော်တော်လေးကို နက်ပါသည်။

နောက်ဆုံး၌ သူတို့က ချောက်၏အောက်ခြေသို့ရောက်လာခဲ့၏။ ချောက်၏အောက်ခြေကိုရောက်လာရန်အတွက် အချိန်တော်တော်လေးကို ပေးလိုက်ရပါသည်။ အောက်သို့ရောက်လာသည့်အခါတွင် အောက်၌ မြစ်ကြီးတခုက စီးဆင်းနေသည်ကို လီချန်ချင်းက သိလိုက်ရပါ၏။

မြစ်ကလျင်မြန်စွာစီးဆင်းနေပြီး မြစ်ရေစီးသံများမှာ တောင်ပတ်ပတ်လည်ကို ရိုက်ခတ်ပြီးကျယ်လောင်နေခဲ့ပါ၏။ လီချန်ချင်းက မြစ်ရေစီးသံအတိုင်း သူ၏ နတ်ဘုရားဝိဉာဉ်အား ထုတ်လွှတ်ကာ အာရုံခံလိုက်သော်လည်း မည်သည့်အရာကိုမှ မတွေပါချေ။ သူက လီဟမ်ရှန်း၏ အရိပ်အယောင်ကို ဆက်လက်၍အာရုံခံပါ၏။ 

သို့သော် သူ၏နတ်ဘုရားဝိဉာဉ်က မြစ်ကမ်းနံဘေးသို့ ဆန့်လိုက်သည့်အခါတွင်တော့ လီချန်ချင်းက လန့်ဖြတ်သွားပါ၏။ သူ၏ အတွေးတချက်နှင့်အတူ အရိုးခြောက်တစ်ခု မြစ်ရေထဲမှ ပျံသန်းထွက်လာခဲ့ပါ၏။ 

"ဟာ လန့်လိုက်တာကွာ။" လီချန်ချင်းက အရိုးခြောက်ကိုကြည့်ပြီးနောက်တွင် မြစ်ရေထဲသို့ ပစ်ချလိုက်ပါ၏။ စစချင်းတော့ ထိုလူပုံသဏ္ဍာန်အရိုးခြောက်မှာ ရေနစ်နေသော သားဖြစ်သူဟု သူကထင်လိုက်ပါ၏။ သို့‌သော် ထပ်တွေးကြည့်သောအခါ သူကထိုဖြစ်ရပ်မျိုးမဖြစ်နိုင်ပါချေ။

သူ့သားက သေသွားမည်ဆိုရင်တောင်မှ အရိုးခြောက်အဖြစ်သို့ ချက်ချင်း‌ပြောင်းလဲမသွားနိုင်ဘူးလေ မဟုတ်ဘူးလား။ နောက်တခု ထပ်ပြောရမယ်ဆိုလို့ရှိရင်တော့ သူ့ရဲ့သားမှာ သူပေးထားတဲ့ပန်းချီရတနာလဲ ရှိပါသေးသည်။ သူ့သားသေသွားတာနဲ့ လီချန်ချင်းက ချက်ချင်းကို အာရုံခံမိမည် ဖြစ်၏။ မြစ်ရေစီးကြောင်းအတိုင်း သူတို့နှစ်ဦးမှာ ဆက်လက်၍ရှာဖွေနေရင်းနှင့် တစ်ခဏကြာသော် လီချန်ချင်း၏ မျက်ခုံးမျုးမှာ တွန့်ကွေးသွားခဲ့ပါ၏။ သူက တစ်စုံတစ်ခုကို ရှာတွေ့ခဲ့ပါပြီ။

"တောက်" သူ၏ လက်ဖျောက်တစ်ချက်အတီးတွင် မြစ်ပြင်ကျယ်ထဲမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ရှည်လျားသော လှံတံတစ်ခုသည် မြစ်ရေထဲမှ မိုးကောင်းကင်ပေါ်သို့ ထိုးထွက်လာခဲ့ပါ၏။

လှံတံမှာ လီချန်ချင်း၏ လက်ထဲ၌ ငြိမ်ကျကာသက်ဆင်းသွားပါသည်။ အင်မော်တယ် ပုံဖော်ခြင်းလှံပါလား။ သူ့လက်ထဲတွင် ရှိသော လှံကို မြင်သည်နှင့် လီချန်ချင်းက ထိုလှံမှာ လီဟမ်ရှမ်း၏ လက်နက်ဖြစ်ကြောင်းကို ချက်ချင်းသိသွားခဲ့ပါ၏။ 

လှံတံဒီမှာ ရှိပြီဆိုတာနဲ့ သူ့သားက ဤနေရာနှင့်မနီးမဝေးတွင် ရှိရပေမည်။

လီချန်ချင်း၏ နတ်ဘုရားဝိဉာဉ်မှာ ဆက်လက်၍ လွှမ်းခြုံသွားခဲ့ပါ၏။ ထိုအခိုက်တွင် ရုတ်တရက် သူ၏ နတ်ဘုရားဝိဉာဉ်မှာ အရှေ့သို့ ဆက်တိုး၍မရတော့သည်ကို လီချန်ချင်းက သိလိုက်ရပါ၏။ တစ်စုံတစ်ခုက သူ့ကို တားမြစ်နေပါလား။ 

"အစ်ကိုချန်ချင်း၊ အပေါ်ကိုတက်လာပါအုန်း။ ကျုပ်နဲ့တူတူခဏလောက်ထိုင်ပါအုန်း။"ထိုအခိုက်တွင် အသံတစ်ခုက မိုးကောင်ကင်ထက်၌ ပေါ်လာခဲ့၏။ ထိုအသံက ကျက်သရေရှိပြီး နူးညံ့ချိုသာလှပါသည်။လီချန်ချင်းက အပေါ်ကိုမော့ကြည့်လိုက်ရာ တောင်ထိပ်တခု၌ သူ့အားပြုံးကာ လက်ပြနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ပါသည်။

All Chapters