← Chapters

အခန်း (၂၉၇)

Vol. 26 Ch. 297

အခန်း (၂၉၇)

Vol. 26 Ch. 297

“ပြန်သွားလိုက်စမ်း”

လောရှောင်ချွမ်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ပါသည်။ ချက်ချင်းပင် ဓားခုနစ်လက်မှာ ဓားသေတ္တာထဲသို့ ပြင်ဝင်သွားခဲ့ပါ၏။ ထို့နောက်တွင် ဓားသေတ္တာမှာ နေရာတွင်ပင် ပိတ်သွားခဲ့ပါသည်။ ထို့နောက်တွင် အချိန်နှင့် နေရာလွတ်များသည်လည်း ရပ်တန့်နေရာမှ ချက်ချင်းပုံမှန်အတိုင်း ဖြစ်သွားခဲ့ပါ၏။ 

လောရှောင်ချွမ်က ပြုံးလိုက်ပြီးပြောလိုက်ပါသည်။

“အစ်ကိုချန်ချင်း ကျွန်တော်ကိုတိုက်ခိုက်ဖို့အတွက် မလုပ်ပါနဲ့အုန်းဗျာ။ ကျုပ်က ဒီမှာ အေးအေးဆေးဆေးထိုင်ပြီးတော အစ်ကိုနဲ့အတူတူ လက်ဖက်ရည်ကြမ်းသာက်ချင်တာပါဗျာ။”

“ အခုလိုမျိုး တိတ်ဆိတ်နေပြီးတော့ ငြိမ်းချမ်းနေတဲ့ပတ်ဝန်းကျင်ကို တိုက်ခိုက်ပြီးတော့ မဖျက်ဆီးချင်ပါနဲ့ဗျာ။ကျွန်တော့်ကို ရန်လိုနေစရာလဲ မလိုပါဘူး။  လာပါဗျ။ ထိုင်ပါဦး။ အစ်ကိုသိချင်တာတွေကို ကျွန်တော်ပြောပြပါ့မယ်”

“ ဘယ်လိုမျိုးဟာလဲ” လီချန်ချင်းက မျက်မှောင်ကျုံ့ကာမေးလိုက်ပါ၏။

“အစ်ကိုနဲ့ပတ်သက်ပြီးတော့ အစ်ကိုအကြောင်းကို ပြောပြမယ်လေ” လောရှောင်ချွမ်က လီချန်ချင်းအား ကြည့်ကာပြောလိုက်ပါ၏။

“နှစ်ပေါင်း ၅၀ ကြာတိုင်းမှာ စန်းယွမ်တိုက်ကြီးက စန်းယွမ်နယ်မြေသခင် အသစ်တစ်ယောက်ကို ရွေးတယ်ဆိုတာသိလား။ စန်းယွမ်တိုက်ကြီးမှာ ရှိတဲ့ လူသားမျိုးနွယ်ရော တစ္ဆေမျိုးနွယ်ရောက အဲ့ဒီနေရာကို အကုန်လုံးက မျက်စိကျနေတယ်ဗျ။ အစ်ကို ချန်ချင်းက ကစားပွဲထဲမှာပိတ်မိနေတာ တော်တော်လေးကို ကြာပြီဗျာ”

“ ကျွန်တော်က အစ်ကိုချန်ချင်းကို ကျွန်တော်ရဲ့ကစားကွက်ထဲကို ဝင်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။  အစ်ကိုက တစ်ခြားလူတစ်ယောက်ရဲ့ အသုံးချတာကို ခံခဲ့ရတာ တော်တော်လေးကိုကြာပြီဗျ”

“တစ်ခြားလူ ဟုတ်လား။”လီချန်ချင်းက မျက်မှောင်ကျုံ့လိုက်၏။

“ဘယ်သူလဲ”

“ ကျွန်တော် မသိဘူး” လောရှောင်ချွမ်က သူ၏ဦးခေါင်းကို ခါယမ်းလိုက်ပါသည်။

“အစ်ကို ချန်ချင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကံကြမ္မာရဲ့နှောင်ကြိုးတွေကို အများကြီးတွေ့ရတယ်။ ပြီးတော့ ကောင်းကင်ကို ဆန့်ကျင်ပြီးတော့ ကံကြမ္မာကိုပြောင်းလဲတဲ့ အမှတ်အသားတွေလည်း တွေ့ရတယ်ဗျာ။ ဒါပေမဲ့ အဲ့ဟာတွေကို ကျွန်တော်က သေချာကြည့်ခွင့်မရဘူး”

“ အဲ့ဟာတွေကို သေချာကြည့်ပြီးတော့ အဖြေရှာဖို့အတွက်က ကျုပ်မှာ အဲ့လောက်စွမ်းအင်တွေမရှိသေးဘူး။ လူတစ်ဦးတစ်ယောက်မှာ အဲ့လိုမျိုးကြည့်နိုင်ဖို့အတွက်က ထူးခြားဆန်းကြယ်တဲ့စွမ်းအားတွေရှိဖို့လိုတယ်ဗျ။ ထူးခြားဆန်းကြယ်တဲ့စွမ်းအားမရှိဘဲနှင့် သူတို့ရဲ့ ကျင့်ကြံခြင်းကို အသုံးပြုပြီးတော့ ကံကြမ္မာရဲ့ လျှို့ဝှက်ချက်တွေကို ကြည့်ဖို့အတွက်က လူနည်းနည်းပဲရှိတယ်ဗျ”

“ အစ်ကိုချန်ချင်းရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ကံကြမ္မာနှောင်ကြိုးတွေ၊ ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့အမှတ်အသားတွေ၊ သဲလွန်စတွေကို ကြည့်နိုင်ဖို့အတွက်ကြတော့ ထူးခြားဆန်းကြယ်တဲ့စွမ်းအားတွေရှိတဲ့ လူတွေမှပဲ လုပ်နိုင်မယ်လို့ကျုပ်ကထင်တယ်”

“  အို ထူးခြားဆန်းကြယ်တဲ့စွမ်းအား ဟုတ်လား” လီချန်ချင်းက နားထောင်နေရင်းနှင့် ရှုပ်ထွေးသွားခဲ့ပါသည်။

“ဥပမာပြောရလို့ရှိရင် မျက်လုံးကျင့်စဉ်     ထူးခြားဆန်းကြယ်တဲ့ မျက်လုံးကျင့်စဉ်ကို ကျင့်ထားတဲ့လူတွေပေါ့ဗျ” လောရှောင်ချွမ်က လီချန်ချင်းအား ကြည့်ကာပြောလိုက်ပါ၏။

“အစ်ကိုချန်ချင်းရဲ့ ကံတရားက သေခြင်းတရားအငွေ့အသက်တွေနဲ့ ဖုံးလွှမ်းနေတယ်။  အခုအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် ဒီကစားပွဲရဲ့အဆုံးသတ်မှာ အစ်ကို ချန်ချင်းက နယ်ရုပ်တစ်ရုပ်ဖြစ်ပြီးတော့ သေဆုံးသွားဖို့အတွက် အလားအလာအရမ်းများတယ်”

“ နိုး နိုး မဟုတ်သေးဘူး။ အလားအလာများတာ မဟုတ်ဘူး။ အစ်ကိုချန်ချင်းက ဒီကစားပွဲကြီးအဆုံးမှာ သေကိုသေမယ့်လူပဲ”

  လီချန်ချင်းကတိတ်ဆိတ်စွာ နားထောင်နေခဲ့ပါ၏။

လောရှောင်ချွမ်ပြောသောစကားများမှာ ဗေဒင်ဆရာက ဗေဒင်မေးသူအား ခြောက်လှန့်နေသည့် ခြောက်လုံး လှန့်လုံးများနှင့်တူလှသည်ဟု လီချန်ချင်းက ရုတ်တရတ်တွေးတောမိသွားခဲ့ပါ၏။

“ဒါဆိုလို့ရှိရင် ငါကသွေးစွန်းနေတဲ့ကံကြမ္မာနဲ့ အဆုံးသတ်မယ်ဆိုတဲ့သဘောလား။ ဂိုဏ်းခေါင်းဆောင် လောက ကျုပ်အတွက်အဖြေတစ်ခုကိုရှာနိုင်ပေးမှာလား”

လီချန်ချင်းက လှောင်ပြောင်သည့်လေသံနှင့်ပြောလိုက်ပါ၏။

“အဟက် လောရှောင်ချွမ်က ရယ်မောလိုက်ပါသည်။ ထို့နောက်သူကဦးခေါင်းကိုခါယမ်းလိုက်ပြီး အစ်ကိုချန်ချင်းက သိပ်မယုံသေးဘူးပဲ။ ဒါပေမဲ့ အဲ့ဒါကတော့ လက်ခံလို့ရပါတယ်ဗျာ”

“ အစ်ကို ချန်ချင်း ကျုပ်ကို ယုံ ယုံ မယုံ ယုံ အစ်ကိုချန်ချင်းကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့အတွက် ကျုပ်က ပြောပြမှရမယ်ဗျ။ အစ်ကို ချန်ချင်းကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကျွန်တော် ကမ်းလှမ်းနိုင်တဲ့အရာက တစ်ခုပဲရှိတယ်။ အဲဒါက အစ်ကိုချန်ချင်း အခုပိတ်မိနေတဲ့ ကစားပွဲထဲကနေနုတ်ထွက်ပြီးတော့ ကျုပ်နဲ့အတူတူ ကျုပ်ရဲ့ကစားပွဲထဲကို ဝင်ခဲ့ပါ။ ကျုပ်နဲ့အတူတူ ဒီနယ်ရုပ်ဘဝကနေပြီးတော့ ကစားသမားဘဝကိုပဲ အတူတူလျှောက်လှမ်းကြတာပေါ့”

“ အဲဒါဆိုလို့ရှိရင် ခင်ဗျားက ကျုပ်ကို ခင်ဗျားဘက်ကို ပါအောင်လို့ဆွဲဆောင်နေတာပေါ့ ဟုတ်လား”

လီချန်ချင်းကနားလည်သွားခဲ့ပါသည်။ လောရှောင်ချွမ်၏ ရည်ရွယ်ချက်ကို လီချန်ချင်းက တိတိကျကျနားမလည်သေးခင်က လောရှောင်ချွမ်က သူ့အား သူ့ဘက်ကိုပါစေချင်မှန်းရိပ်မိပါ၏။ 

“ လောကကြီးကအရမ်းကို ကျယ်ပြောလွန်းပါတယ်ဗျာ။ သက်ရှိတိုင်းက နယ်ရုပ်တွေကြီးပဲ။ နယ်ရုပ်ဘဝကနေ၊ ကျားစေ့ဘဝကနေလွတ်မြောက်ဖို့ကတော့ တစ်ခုတည်းသော လွတ်မြောက်လမ်းကတော့ ကိုယ်တိုင်က ကစားသမားဖြစ်လာဖို့ပဲ” လောရှောင်ချွမ်က တည်ငြိမ်စွာဖြင့်ပြောလိုက်ပါသည်။

“ဒါပေမယ့် ကစားပွဲတွေက ဟိုးအရင်နှစ်ပေါင်းများစွာကနေ စတင်ခဲ့ပြီးပြီးဗျ။ ဥပမာပြောရရင် ထာဝရရှင်သန်ခြင်းဂိုဏ်းပေါ့။ သူတို့က နှစ်ရာနဲ့ချီကြာအောင် အစီအစဉ်တခု ချထားပေမယ့် အကိုချန်ချင်းကြောင့် သူတို့အစီအစဉ်ကြီး ကျဆုံးသွားခဲ့တယ်လေ”

“ အဲဒီအစီအစဉ်ကြီး ပျက်ဆီးသွားတာတောင်မှ ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ တခြား တခြားသောအစီအစဉ်တွေမှ အများကြီးကျန်သေးတယ်။ ပြောရမယ်ဆိုလို့ရှိရင် ထာဝရရှင်သန်ခြင်းဂိုဏ်းနောက်ကွယ်မှာရှိတဲ့လူက အရမ်း အရမ်းကို စွမ်းအားကြီးတယ်ဆိုတာပဲ။ ပြီးတော့ နောက်ထပ်တစ်ယောက် ကျန်းထျန်းယွမ် သူက လက်ရှိ စန်းယွမ်နယ်မြေရဲ့ အရှင်သခင်ပဲ။ သူက နယ်မြေအရှင်သခင်ဖြစ်လာပြီးနောက်ပိုင်းမှာ နယ်မြေအရှင်သခင်ရာထူးကနေ ဆင်းပေးဖို့အတွက် ငြင်းဆိုခဲ့တယ်။ နှစ်တော်တော်ကြာပြီ။ သူက အခုနယ်မြေအရှင်သခင်ရာထူးကနေပြီးတော့ စန်းယွမ်တံဆိပ်တုံးကို ထိန်းချုပ်နေတာလဲကြာပြီ။ သူ့မှာလဲ သူ့ရဲ့ကိုယ်ပိုင်ကစားပွဲသက်သက်ရှိပြီးသား။ သူ့ရဲ့ကိုယ်ပိုင်ကောက်ချက်ချမှုတွေလဲ ရှိပြီးသား။ ဒါပေမဲ့ တစ္ဆေမျိုးနွယ်ဝင်ဖြစ်တဲ့ လူအိုကြီးတွေ စွမ်အားရှင်အိုကြီးတွေက စပြီး ပြဿနာတွေစရှာခဲ့ပြီ”

“ သူတို့ကလည်း စန်းယွမ်နယ်မြေရဲ့ အရှင်သခင်ဆိုတဲ့ ဂုဏ်ပုဒ်၊ ရာထူးနဲ့ စွမ်းအားကို လိုချင်နေကြတယ်။ အဲဒီလူတွေကို ဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။  အစ်ကိုက ကစားသမားဖြစ်ချင်တယ်ဆိုရင်တောင်မှ အစ်ကိုမှာ ကစားလို့ရတဲ့အခွင့်အရေးက ကုန်ဆုံးသွားပြီ”

“ အဲ့ဒီအခွင့်အရေးကိုလည်း လက်လွှတ်လိုက်ရပြီ။  အဲဒါကြောင့်မို့လို့ ကျုပ်နဲ့အတူတူပူးပေါင်းမှပဲ အစ်ကိုက အဲ့ဒီလူကို တိုက်ခိုက်ဖို့အတွက်အခွင့်အရေးရှိတယ်။ အစ်ကိုက အစ်ကိုသားဖြစ်တဲ့ လီဟမ်ရှန်းရဲ့ကောင်းကင်ကချမှတ်ပေးတဲ့ ကံကြမ္မာကိုပြောင်းလဲပေးနိုင်ခဲ့ပေမဲ့ ကိုယ့်အတွက်ကိုယ်တော့ ပြောင်းလဲဖို့အတွက် အရမ်းခက်ခဲတယ်။ ဟုတ်တယ်မလား”

လောရှောင်ချွမ်က စိတ်အားတက်ကြွသည့်လေသံနှင့် ပြောလိုက်ပါ၏။

“ခင်ဗျား ဘာလိုချင်တာလဲ။ ကျုပ်အရမ်းသိချင်တယ်ဗျာ။ ခင်ဗျား ဘာကို တကယ်လိုချင်တာလဲ” လီချန်ချင်းက မေးလိုက်၏။

“ကံတရားကို ပြန်ပြီးရေးလို့ရလားဆိုတာကိုပဲ ကျုပ်ကသိချင်တာပါဗျာ” လောရှောင်ချွမ်က လေးနက်က အတွေးတွင်နစ်မြောနေသည့်ဟန်နှင့် ပြောလိုက်ပါ၏။

“တစ်ချိန်တုန်းက ကျုပ်က ကံတရားကို အရမ်းယုံကြည်ခဲ့တာ။ လူတိုင်းရဲ့ကံတရားက မွေးဖွားလာပြီးကတည်းက ရေးသားပြီးသားဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ကံတရားရဲ့အလိုကို ဆန့်ကျင်ပြီးဘာမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ အဲ့လိုအထင်က လီဟမ်ရှန်းကို စတွေ့တဲ့နေ့မှာပဲ ကျုပ်က ပြောင်းလဲသွားတယ်”

“ လီဟမ်ရှန်းကို စတွေ့တဲ့အချိန်မှာပဲ ကျုပ်ရဲ့ကံတရားက သာမန်အတိုင်း သွားနေရာကနေ အနည်းငယ် တွန့်ခါသွားခဲ့တယ်။ အဲ့ဒါကြောင့်မလို့ ကံတရားကို ပြန်ပြီးရေးနိုင်မလားဆိုတာကို ကျုပ်က ကြိုးစားကြည့်ချင်တာ။ လူသားတွေက ကောင်းကင်ဘုံကိုတက်လှမ်းနိုင်တယ်ဆိုတဲ့အဆိုကို အတည်ပြုချင်တာ”

လောရှောင်ချွမ်၏ရင်ဘတ်မှာ စိတ်ခံစားချက်များကြောင့် မြင့်တက်လာခဲ့ပါသည်။

“ ပျင်းဖို့ကောင်းလိုက်တာ” လောရှောင်ချွမ်၏ အကြောင်းပြချက်မှာ လွန်စွာတုံးအကာ ပျင်းရိဖွယ်ကောင်းသည်ဟု လီချန်ချင်းကတွေးမိပါသည်။ 

“ ဟား ဟား ဟား” မမျှော်လင့် စွာပဲ လောရှောင်ချွမ်က သူ၏မှတ်ချက်အားဒေါသမထွက်ခဲ့ပါချေ။ ထိုအစား သူကအားရပါးရ ရယ်မောခဲ့ပါ၏။

“ အစ်ကိုက ကျွန်တော်ရဲ့ ရည်မှန်းချက်ကို ပျင်းဖို့ကောင်းတယ်လို့ ထင်ရင်ထင်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်အတွက်ကတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်။ အဲ့လိုမှ မဟုတ်လို့ရှိရင်ကံကြမ္မာက ချမှတ်ပေးထားတဲ့လမ်းကြောင်းအတိုင်းကို ဘဝသေဆုံးတဲ့အထိ လျှောက်လှမ်းနေရတာ ပိုပြီးပျင်းဖို့ကောင်းတယ် မဟုတ်လား”

“ကျုပ်သာ ကံကြမ္မာကိုမမြင်နိုင်ဘူးဆိုရင် ကျုပ်က အဲ့တာနဲ့ ပတ်သက်ပြီး အရေးတယူလုပ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်ကကံတရားကို မြင်ထားပြီးသားသူဖြစ်တဲ့ အတွက်ကြောင့်မို့ ကျုပ်ကြိုးစားကြည့်ချင်တာဗျ ကြိုးစားကြည့်ချင်တာ”

“ အစ်ကို ချန်ချင်း ကျုပ်နဲ့ပူးပေါင်းတာ ဘာများ ထူးဆန်းလို့လဲဗျာ။ အစ်ကိုက အခုကတည်းကိုက ကျားစေ့တစ်စေ့ဖြစ်နေပြီပဲ မဟုတ်ဘူးလားဗျာ။ ဘယ်သူ့ရဲ့ကစားကွက်ပေါ်ဖြစ်ဖြစ် ကျားစေ့ဘဝရောက်မှာပဲလေ။ အစ်ကိုက တခြားသူတေ အသုံးချတဲ့ဟာ တခြားသူတေရဲ့တွက်ချက်မှုအပေါ်မှာ သူတို့ ကြိုးဆွဲတဲ့အတိုင်းလိုက်ကနေတာလား။ ကျုပ်နဲ့အတူတူပူးပေါင်းပြီးတော့ ကြိုးဆွဲကတာတွေအဝေး ကံကြမ္မာကိုဆန့်ကျင်တာ မကောင်းဘူးလား” လောရှောင်ချွမ်က ထပ်မံ၍အကြံပြုလိုက်ပါ၏။

“ ကဲ ဒါဆိုရင် ပြောပေါ့။ ငါက ဘယ်သူရဲ့ကစားကွက်ထဲရောက်နေတာလဲ” လီချန်ချင်းက တည်ငြိမ်စွာ မေးလိုက်ပါ၏။

“ကျုပ် မသိဘူး” လောရှောင်ချွမ်က ခေါင်းခါလိုက်ပါ၏။

“အဲ့တာဆိုလို့ရှိရင် ခင်ဗျားက လေကြီးနေတာပေါ့လေ” လီချန်ချင်းက မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်ပါ၏။

“အဲ့တာဆိုလို့ရှိရင် အနည်းဆုံးတော့ ကျုပ်ဇနီးကဘယ်သူဖြစ်လဲဆိုတာပြော”

ခင်ဗျားပြောနိုင်လို့ရှိရင် ကျုပ်ခင်ဗျားနဲ့ပူးပေါင်းဖို့ စဥ်းစားပေးမယ်။ လီချန်ချင်းက ထပ်မံ၍ မေးလိုက်ပြန်၏။

“ကျုပ်…မမြင်နိုင်ဘူး”

All Chapters