အခန်း (၂၉၈)
Vol. 26 Ch. 298
လောရှောင်ချွမ်က အားမရှိသည့်လေသံနှင့်ဆိုလိုက်ပါသည်။
“ကျုပ် ခင်ဗျားကို ပြောလိုက်လို့ရှိရင် ကျုပ် ချက်ချင်းသေသွားလိမ့်မယ်”
“ဟမ့် မေးခွန်းတစ်ခု၊ အဖြေမရတာက သုံးခု ဒါကိုများ မင်းကငါ့ကို မင်းနဲ့ပူးပေါင်းချင်တယ်ပေါ့လေ။ မင်းကအကျိုးတော့လိုချင်တယ်။ ဒါပေမဲ့ ဘာမှပြန်မပေးနိုင်ဘူးပေါ့”
လီချန်ချင်းက လှောင်ပြောင်လိုက်ပါ၏။
“မင်းမှာ အရှက်မရှိဘူးလား”
“ ဟူး”
လောရှောင်ချွမ်က သက်ပြင်းကို လေးပင်စွာချလိုက်ပါ၏။ သူက အတော်လေးကို အကြပ်ရိုက်နေခဲ့ပါသည်။
“လုချောင်းချောင်း သူမက ဘယ်သူလဲ”
လီချန်ချင်းက မေးလိုက်ပါ၏။
“အဲ့ဒါကိုတော့ ခင်ဗျားပြောပြနိုင်တယ်မလား။ အစ်ကိုလီသာ တကယ်သိချင်ရင်တော့ ကျုပ်ပြောပြပါ့မယ်ဗျာ” ဤတစ်ကြိမ်တွင်တော့ လောရှောင်ချွမ်က မငြင်းဆန်ခဲ့ပါ။
“လုချောင်းချောင်းကလဲ ကစားသမားတစ်ယောက်ပဲ။ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အစီအစဥ်တွေက စွမ်းအားကြီးပါတယ်။ ထာဝရရှင်သန်ခြင်းဂိုဏ်းကို ထိန်းချုပ်ပြီး ကစားကွက်ချနေတဲ့လူကလည်း အရမ်း စွမ်းအားကြီးတယ်။ အဲ့လောက်စွမ်းအားကြီးတဲ့လူတောင်မှ လုချောင်းချောင်းရဲ့လက်ထဲမှာ ကျားစေ့တစ်စေ့စာလောက်ပဲရှိတယ်”
လောရှောင်ချွမ်က အထင်ကြီးသည့်လေသံနှင့် ပြောလိုက်ပါ၏။ ထိုစကားကို ကြားလိုက်သော လီချန်ချင်းမှာ မိုးကြိုးပစ်လိုက်သလို တောင့်တင်းသွားခဲ့ပါသည်။။
ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့နောက်ကွယ်က လက်မည်းကြီးက လုချောင်းချောင်းရဲ့ကျားစေ့တစ်စေ့တဲ့လား။ သူမက အခုမှ ဆယ်ကျော်သက်ပဲရှိသေးတာလေ။ ဘယ်လိုဖြစ်ပြီး သူမက စွမ်းအားကြီးနေရတာတုန်း။ အရေးကြီးတာက ဘယ်လိုဖြစ်ပြီးသူမက အဲ့လောက်အကွက်ချပြီး ပါးနပ်နေရတာလဲ။
နောက်တစ်နေ့ နံနက်ခင်း…
အရှေ့အရပ်မှ အစောဆုံးနေက ထိုးထွက်လာခဲ့ပါပြီ။ အိပ်ယာပေါ်တွင် လီဟမ်ရှန်းမှာ တင်ပလ္လင်ခွေထိုင်နေပါ၏။ သူ၏အသက်ရှူသံမှာ တည်ငြိမ်နေခဲ့ပါ၏။ သူ၏ဒဏ်ရာများမှာလဲ အပြည့်အဝကုသခဲ့ပြီးပါပြီ။
နေလအင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်၏ စွမ်းအားကြောင့် အလွန်ပြင်းထန်သောဒဏ်ရာများပင်လျှင် သုံးရက်အတွင်းပျောက်ကင်းသွားခဲ့ပါ၏။ သူ၏နတ်ခန္ဓာက နောက်ထပ်အဆင့်လေးတစ်ဆင့်ကိုချိုးဖျက်သွားနိုငင်ပါက သူ၏ပြန်လည်တင်ပြသည့်နှုန်းမှာ ပိုလျင်မြန်လာမည်ဟု လီဟမ်ရှန်းက တွက်ဆမိပါသည်။ ယနေ့က သူတို့တုရှန်းမြို့သို့ပြန်ရမည့်နေ့ဖြစ်ပါသည်။ သူ၏ဒဏ်ရာများမှာ သက်သာလာပြီးပြီနောက် မနေ့ကတုန်းက ဟွမ်တိုင်ရှန်းအား သူမ၏ အသက်ကိုကယ်တင်ပေးသောကြောင့် အရသာရှိသော့ အစားအစာများစွာကို ချက်ပြုတ်ကျွေးမွေးခဲ့ပါသည်။ ယနေမှာတော့ သူတို့က အတူတူပြန်ကြတော့မည် ဖြစ်၏။
တံခါးဝသို့ထွက်သောအခါတွင် လုချောင်းချောင်းမှာ အိပ်ယာမှနိုးပြီးနောက် သစ်ပင်တစ်ပင်အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရပါ၏။ သူမ၏အကြည့်များမှာ အဝေးကိုမျှော်ကြည့်နေခဲ့ပါသည်။
“ ညီမလေးလု မင်္ဂလာနံနက်ခင်းပါ”
လီဟမ်ရှန်းက အနားသို့ကပ်ပြီးနောက် လုချောင်းချောင်း၏ ခန္ဓာကိုယ်လေးကို ခြေအဆုံးခေါင်းအဆုံးကြည့်ကာ ရှုစားလိုက်ပါ၏။ သူ၏ညီမလေးလုမှာ နတ်သမီးလေးက ကမ္ဘာပေါ်သို့ဆင်းသက်လာသည့်အလားပင် လှပနေခဲ့ပါသည်။
ဟိုတစ်ရက်ညတုန်းက သူတို့နှစ်ယောက်အတူတူ အိပ်စက်ပြီးသည့်နောက်တွင် သူက လုချောင်းချောင်း၏ ခန္ဓာကိုယ်လေးကို ပို၍ပင်မြတ်နိုးလာခဲ့ပါတော့သည်။ လုချောင်းချောင်းက အမှန်အကန်ကို လှပလွန်းပါသည်။
“အစ်ကိုလီ မင်္ဂလာနံနက်ခင်းပါ” လုချောင်းချောင်းကလဲ နောက်သို့လှည့်ကြည့်ပြီးနောက် တစ်ချက်ပြုံးပြီး လီဟမ်ရှန်းကို နှုတ်ဆက်လိုက်ပါ၏။
“ ဒီနေ့ငါတို့သွားကြမယ်။ တုရှန်းမြို့ကိုရောက်ဖို့အတွက်ကတော့ ခရီးအဝေးကြီးသွားရဖို့များတယ်။ အပြန်လမ်းမှာ အစ်ကိုက အစ်ကိုရဲ့လက်နက်ကိုရှာဖို့လိုသေးတယ်။ ညီမလေးလု အကိုတို့ စောစောသွားတာ ပိုကောင်းမယ်ထင်တယ်”
တူးရှန်းမြို့ကနေ နှစ်ရက်အဝေးရောက်နေပြီးနောက် လီဟမ်ရှန်းမှာ အနည်းငယ်စိတ်ဖိစီးနေခဲ့ပါသည်။ စစ်ဆေးရေးမှူးရုံး၌ မည်ကဲ့သို့သော အဖြစ်အပျက်များ ဖြစ်နေမည်ကို လီဟမ်ရှန်းက စိုးရိမ်နေခဲ့ပါ၏။
ထို့အပြင် ဦးလေးရှုနှင့် ကျန်သောသူများအားလုံးက သူပြန်မရောက်လာသေးသောကြောင့် စိုးရိမ်နေကြမည်ဖြစ်သည်။
သူ၏ပျောက်ကွယ်မှုက မူအိမ်တော်နှင် ဟွာအိမ်တော် မိသားစုများကိုလည်း ထိတ်လန့်နေမည် ဖြစ်ပါသည်။ သူ ကိုင်တွယ်ရမည့်အရာများစွာက ရှိနေခဲ့ပါ၏။ ထို့ကြောင့် သူက အလျင်အမြန်ပင် ပြန်ချင်နေပြီဖြစ်၏။
“ကောင်းပြီလေ အစ်ကိုလီ။ အစ်ကိုလီရဲ့ဒဏ်ရာတွေ သက်သာသွားပြီလား”လုချောင်းချောင်းက လီဟမ်ရှန်း၏ အနားသို့တိုးကပ်ကာ လီဟမ်ရှန်း၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်၏။
တဆက်တည်းပင် လီဟမ်ရှန်း၏ အင်္ကျီဝတ်ရုံများကို ပြန့်သွားအောင် လက်နှင့်ဖြန့်ပေးနေခဲ့ပါသည်။
“ စိတ်မပူပါနဲ့ ညီမလေး။ ဒဏ်ရာတွေ အကုန်လုံးက သက်သာသွားပါပြီ” လီဟမ်ရှန်းက ခေါင်းငြိမ့်ပြလိုက်၏။ ဟာ မင်းတို့တွေနိုးတာအစောကြီးပါပဲလား။ ဟွမ်တိုင်ရှန်၏အသံက ထိုအခိုက်တွင် ထွက်ပေါ်လာခဲ့ပါသည်။ ဟွမ်တိုင်ရှန်က အပြင်သို့ထွက်လာပါသည်။
“ ဦးလေးဟွမ် ကျွန်တော်တို့ ဒီနေ့ စောစောသွားမှရမယ်ဗျ” လီဟမ်ရှန်းက ဟွမ်တိုင်ရှန်းကိုပြောလိုက်ပါ၏။
“တုရှန်းမြို့ကိုပြန်ဖို့အတွက် ခရီးက ဝေးလွန်းအားကြီးတယ်လေဗျာ”
“ ငါသိပါတယ်ကွာ” ဟွမ်တိုင်ရှန်က ခေါင်းငြိမ့်ပါ၏။
“ အစ်ကိုလီ ကျွန်မပစ္စည်းသွားသိမ်းလိုက်အုန်းမယ်နော် ခဏလောက်စောင့်ပါဦး။”
“ ညီမလေး အကူအညီလိုသေးလား” လီဟမ်ရှန်းက အမြန်မေးလိုက်ပါသည်။
“မလိုဘူး။ မလိုဘူး အစ်ကိုလီ။ ညီမ အခုပဲပြန်ထွက်လာခဲ့မယ်နော်”
လုချောင်းချောင်းက အနည်းငယ်ပြုံးကာ အတွင်းသို့ ဝင်သွားခဲ့ပါသည်။
လီဟမ်ရှန်းက အိမ်အပြင်မှ လုချောင်းချောင်းပြန်ထွက်လာမည်ကိုစောင့်နေရင်းဟွမ်တိုင်ရှန်နှင့် စကားပြောနေခဲ့ပါသည်။ တစ်ခဏကြာပြီးသောအခါ လုချောင်းချောင်းကအပြင်သို့ထွက်လာခဲ့ပါ၏။
“အစ်ကိုလီ ကျွန်မအဆင်သင့်ပဲ”
လုချောင်းချောင်းကတည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။ လီဟမ်ရှန်းက အနောက်သို့လှည့်ကြည့်လိုက်ရာ လုချောင်းချောင်းက အဝတ်အစားအသစ်လဲလှယ်ရသည်ကို မြင်ရသောကြောင့် အနည်းငယ်အံ့သြသွားခဲ့ပါ၏။
လုချောင်းချောင်းက သွေးအရောင်ကဲ့သို့ ရဲရဲနီနေသော အဝတ်အစားကို ဝတ်ဆင်ထားပါသည်။ သူမ၏ပုံစံမှာ အနည်းငယ်ညှို့ငင်သောဟန်ပန်သို့ပြောင်းလဲနေခဲ့ပါသည်။ နဂိုမူလတုန်းက သာမန်လုချောင်းချောင်း၏ ပုံစံနှင့်အနည်းငယ် ကွဲပြားနေ၏။
လီဟမ်ရှန်းက ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့ဩသွားပြီးနောက် မသိလိုက် မသိဘာသာဖြင့် မေးလိုက်ပါ၏။
“ညီမလေးလု ဘယ်တုန်းကတည်းက အင်္ကျီ လဲလိုက်တာလဲ”
“အကို ကြိုက်လား။ လုချောင်းချောင်းက အပြုံးတစ်ခုနဲ့ ပေးလိုက်ပါ၏။
“ ညီမလေးနဲ့ဆိုရင် ဘယ်အဝတ်အစားမဆို လှပါတယ်ကွာ။ လီဟမ်ရှန်း ကခေါင်းညိတ်ပြလိုက်၏”
သို့သော် ထိုအခိုက် သူ၏ စိတ်နှလုံးမှာရုတ်တရက်ကြီး လေးလံသွားခဲ့ပါသည်။
လီဟမ်ရှန်း၏ ခေါင်းထဲတွင် ရုတ်တရက်ဆန်စွာ ဖြတ်ခနဲ အတွေးစတစ်ခု ပေါ်လာခဲ့ပါ၏။
ထိုအတွေးစမှာ သူ စစ်ဆေးရေးမှူး ရုံး၌ ရှိစဉ်က ကြောင်လေးတစ်ကောင် ယူလာပေးခဲ့သော သတင်းအချက်အလက်ပေါ်တွင် ရေးထားသော စာသားများဖြစ်ပါ၏။
ထိုစာမှာ ‘လုချောင်းချောင်းက အဝတ်အစား အနီရောင် ဝတ်ထားတယ်ဆိုရင် ဘာမှ မပြောဘဲ ထွက်သာပြေး။ လွတ်အောင်ပြေးတော့’ ဟု ရေးသားထားပါ၏
‘ဒုတ်၊ ဒုတ်’
ထိုအတွေးဝင်လာသည်နှင့် လီဟမ်ရှန်း၏ တစ်ကိုယ်လုံးတွင် နမိတ်မကောင်းသော ခံစားချက်များ ရောက်လာခဲ့တော့၏။
‘ဒုတ် ဒုတ်’
သူ၏ ရင်မှာ တဒုတ်ဒုတ်နှင့် ခုန်လာပါတော့သည်။
တဖြေးဖြေးနဲ့ သူ၏ ခံစားချက်မှာ ဆိုးရွားလာခဲ့ပါသည်။ ခံစားရသော နမိတ်မကောင်းသည့်ခံစားချက်မှာ ပို၍ ခံစားလာရပါ၏။
“ဒုတ် ဒုတ်၊ ဒုတ်ဒုတ်၊ ဒုတ်ဒုတ်”
သင်သိပါသလား… လူတစ်ယောက်က သေခါနီး ဆိုရင် မသိစိတ်က တစ်ခုခု မှားယွင်းနေတယ် ပြေးဆိုပြီး တော့ အသိပေးတဲ့စကားကို ကြားရတတ်တယ်တဲ့ ..
ဘာတွေဖြစ်နေလဲဆိုတာကို လီဟမ်ရှန်းက မခန့်မှန်းနိုင်စဉ်မှာပင် သူ၏နောက်တွင် ရပ်နေသော ဟွမ်တိုင်ရှန်က လီဟမ်ရှန်းကို လှမ်းဖက်လိုက်ပါ၏။ လှမ်းဖက်လိုက်သည့် အင်အားမှာ ကြီးမားလှပြီး သူ့အား ရုန်းကန်၍ မရအောင်ပင် ဖြစ်သွားစေခဲ့ပါသည်။
ထိုအဖြစ်ကြောင့်လီဟမ်ရှန်းက အံ့ဩသွားပြီး အော်လိုက်ပါသည်။
“ ဦးလေးဟွမ် ဘာတွေ လုပ်နေတာလဲဗျ” သို့သော် မည်သည့် အဖြေမှ မကြားရပါချေ။ ဟွမ်တိုင်ရှန်မှာ မူလပုံစံမှ ပြောင်းလဲ သွားခဲ့ပါသည်။ သူ၏မျက်နှာမှာ တွန့်လိန် ကောက်ကွေးလာပြီး ရက်စက်ကြမ်းကြုတ်သည့် တစ်ခြားသော အရာတစ်ခုသို့ ပြောင်းလဲ သွားခဲ့ပါသည်။
အရိုးများအက်ကွဲသည့်အသံများ စွာကြားပြီးနောက်တွင် ဟွမ်တိုင်ရှန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မြောက်မြားစွာသော သစ်ကိုင်းများ ထွက်လာခဲ့၏။ အသက်ရှုရှိုက်ချိန် နှစ်ကြိမ်မျှအကြာတွင်ဟွမ်တိုင်ရှန် က အနက်ရောင်ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွား၏ လီဟမ်ရှန်းက သူ့တစ်ကိုယ်လုံးက သစ်ပင်အောက်တွင် နစ်မြုပ်နေသည်ကို ခံစားလိုက်ရပါသည်။ သူက ရုန်းကန်လေလေ သူ့ကိုဖမ်းချုပ်ထားသော သစ်ကိုင်းများက ပို၍ တင်းကြပ်လာ၏။
“သစ်ပင်နတ်ဆိုး”။
ဟွမ်တိုင်ရှန်က သစ်ပင်နတ်ဆိုးက လူသားအသွင်သဏ္ဌန်ဟန်ဆောင်ထားသည်အရာဟုမထင်ထားခဲ့ပါချေ။ လီဟမ်ရှန်း လုချောင်းချောင်းအားကြည့်လိုက်ရာ လုချောင်းချောင်းကလည်း လီဟမ်ရှန်းအား အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ကြည့်နေခဲ့ပါ၏။
“ ဘာလို့လဲ” လုချောင်းချောင်းက သူအား အခုလိုမျိုး လုပ်ကြံမည်ဟု မထင်ထားခဲ့ပါချေ။
“ဘာလို့လဲလို့မေးတယ်ဟုတ်လား” လုချောင်းချောင်း၏ လေသံမှာ မူလကထက် ပိုမို၍ တည်ငြိမ်အေးစက်လာခဲ့ပါသည်။ သူမက လီဟမ်ရှန်းနားသို့ ဖြေးညင်းစွာဖြင့် တိုးကပ်လာခဲ့၏။
သူမ၏မျက်ဝန်းများမှာ သူရင်းနှီးနေသော လုချောင်းချောင်း၏ မျက်ဝန်းများနှင့် မတူတော့ပါချေ။ အနည်းငယ် မရင်းနှီးသည့်ပုံစံနှင့် ရှုပ်ထွေးနေသည့် အလားပင်ဖြစ်၏။
“ဘာလို့ ထာဝရ ရှင်သန်ခြင်းဂိုဏ်းကို ဝင်လိုက်တာလဲ။ ပြီးတော့ ဂိုဏ်းကနေထွက်ပြေးပြီးတာတောင်မှ ငါ့ကို သတ်ချင်နေသေးတာလား”
လီဟမ်ရှန်းက အသေအလဲကို သိချင်နေခဲ့ပါသည်။
“အစ်ကိုလီ ကျွန်မကို အပြစ်မတင်ပါနဲ့” လုချောင်းချောင်းက ခေါင်းခါလိုက်သည်။
“ ကျွန်မက ဂိုဏ်းကို ဝင်ခဲ့တယ်ဆိုတာက သူတို့ရဲ့အရင်းအမြစ်တွေကို အသုံးပြုပြီး ဂိတ်တံခါးကို ရှာဖို့အတွက်ပဲ။ အခုကျွန်မ ဂိတ်တံခါးကို ရှာတွေ့သွားပြီ။ အစ်ကိုလီ ဆီက သော့ကို ကျွန်မလိုတယ်။ မဟုတ်ရင် ကျွန်မရဲ့နှစ်ပေါင်းများစွာ စီစဉ်ထားတဲ့ အစီအစဉ်တွေအကုန်လုံးက ပျက်စီးသွားလိမ့်မယ်”
“ နှစ်ပေါင်းများစွာ ဟုတ်လား” လီဟမ်ရှန်းက မျက်မှောင်ကျုံ့လိုက်၏။
“ဒါပေမဲ့ မင်းက အခုမှ ငယ်ငယ်လေးပဲရှိသေးတာလေ။ မင်းကို တစ်ယောက်ယောက်ဝင်ပူးထားတာလား” လီဟမ်ရှန်းတွေးနိုင်သည်မှာ ထိုဖြေရှင်းချက် တစ်ခုသာဖြစ်ပါ၏။
“ တစ်စုံတစ်ဦးကသာလုချောင်းချောင်းကို ဝင်ပူးထားတာမဟုတ်လျှင် လုချောင်းချောင်းက ဘယ်လိုလုပ်အဲလောက်ပြောင်းလဲသွားရမှာလဲ။ ပြီးတော့ မင်းရဲ့ မှတ်ဉာဏ် ပျောက်ဆုံးတာ အဲဒါတွေအကုန်လုံးက ဟန်ဆောင်နေတာတွေချည်းပဲလား။ အဟက် …မင်းက ငါ့ကိုတောင် အရူးလုပ်နိုင်တာပဲ။ ငါလုံးဝကိုအရူးဖြစ်သွားတယ်”
လီဟမ်ရှန်းက လုချောင်းချောင်းအား ရှုပ်ထွေးနေသော ခံစားချက်ဖြင့်ကြည့်ကာ ပြောလိုက်၏။ လုချောင်းချောင်း၏ သရုပ်ဆောင်နိုင်စွမ်း စကေးကို သူအခုမှသာ သိလိုက်ရပါသည်။
မိန်းမတိုင်းကအဲလိုမျိုးပဲ လှည့်စားတတ်တာပဲလား။
“ ကျွန်မက အစ်ကို့ကို လှည့်စားခဲ့တာမဟုတ်ဘူး။ အစ်ကို့ကို ကျွန်မ တွေ့လိုက်တဲ့အချိန်က တည်းကပဲ ကျွန်မရဲ့ မှတ်ဉာဏ်တွေကို လျို့ဝှက်နည်းလမ်းတစ်ခုသုံးပြီးတော့ ပိတ်ဆို့ပစ်လိုက်တာပဲ။ အဲဒါကြောင့်မို့ ကုန်ဆုံးခဲ့တဲ့ ရက်အတောအတွင်းမှာ အစ်ကိုလီနဲ့ အတူတူ အချိန်ဖြုန်းခဲ့တဲ့ ကျွန်မက၊ ကျွန်မပြောခဲ့တာတွေက အားလုံးက လိမ်နေတာတွေမဟုတ်ဘူး။ ကျွန်မ တစ်ကယ်ဘာမှ မမှတ်မိတာပါ။ ကျွန်မ ပါးစပ်က ထွက်လာသမျှ စကားလုံးတိုင်းက အမှန်တရားတွေ ။ ပြီးတော့ ကျွန်မ မှတ်ဉာဏ်ပျောက်နေတယ်ဆိုတာကလည်း တစ်ကယ့် အမှန်တရားပဲ။ ကျွန်မ အစ်ကို့ကို ချစ်တယ်ဆိုတာလည်း အမှန်တရား။ ပြီးတော့ ကျွန်မ အစ်ကို့နဲ့တွေ့ရင် ရှက်နေတယ်ဆိုတာလည်း အမှန်တရား ပဲ”
လုချောင်းချောင်းက ခပ်တိုးတိုးပြောလိုက်ပါသည်။
“ ကျွန်မ အခု မမျှော်လင့်ထားခဲ့တာက မှတ်ဉာဏ် ပျောက်နေတဲ့ ကျွန်မက ကျွန်မရဲ့အပျိုစင်ဘဝကို အစ်ကို့ကို ပေးလိုက်မယ်ဆိုတာကိုပဲ”
လုချောင်းချောင်းက သူမ၏ မှတ်ဉာဏ်များပြန်ရောက်လာသည့်အခါတွင် သူမ၏ ခန္ဓာကိုယ်အပြောင်းအလဲများ ကို သတိထားမိခဲ့ပါ၏။
သူမကိုယ်တိုင်ပင်လျှင် သူမ၏ တစ်ကယ့် စိတ်နှလုံးသားအရင်း အမြစ်က လီဟမ်ရှန်းကို မြတ်မြတ်နိုးနိုးချစ်နေသည်ကို မမျှော်လင့် ထားခဲ့မိပါချေ။ သူမက အပျိုစင် ဘဝကိုပင် လီဟမ်ရှန်းအား ပေးခဲ့သည် မဟုတ်ပါလား။
“မှတ်ဉာဏ်တွေကို ပိတ်ဆို့ထားတယ်ပေါ့လေ ဟုတ်လား။ အဟက်..။ ဘာလို့လဲ။ ငါတို့တွေ့တဲ့အချိန်မှာ ငါက သေလုမြောပါးဒဏ်ရာ ရနေပြီးသားလေ။ မင်းငါ့ကို သတ်ချင်ရင် အဲကတည်းက သတ်လို့ရတာပဲ မဟုတ်ဘူးလား” လီဟမ်ရှန်းက တည်ငြိမ်စွာဖြင့်မေးလိုက်ပါသည်။
“ အစ်ကိုက ဒဏ်ရာရထားခဲ့တယ်လေဟု လုချောင်းချောင်းက ပြောလိုက်သည်။ အစ်ကို့ရဲ့နတ်ခန္ဓာကလည်း တော်တော်ကြီးကို ပျက်ဆီးနေပြီ။ အစ်ကို့ကို အဲဒီအချိန်မှာသတ်လိုက်တာက အစ်ကို့ရဲ့သော့ကို ထိခိုက်သွားစေနိုင်တယ်။ အဲဒါကြောင့် ကျွန်မက အဲဒီရဲ့ စွန့်စားမှုကို မယူရဲခဲ့တာပဲ။ ဒါကြောင့်ကျွန်မက မှတ်ဉာဏ် ပျောက်ဆုံးချင်ယောင်ဆောင်ပြီးတော့ အစ်ကို တစ်ခုခု သတိထားမိသွားမှာကို ရှောင်လွှဲခဲ့တာပဲ”
“ အထူးသဖြင့် အစ်ကို့ရဲ့ ဂျူနီယာ ညီမလေးလုက အစ်ကို့အဖေကို ကျွန်မရဲ့ အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို လှမ်းအသိပေးခဲ့တယ်လေ။ အဲဒီတော့အစ်ကို့အဖေက အစ်ကို့ကို တစ်နည်းနည်းနဲ့တော့ သတိပေးမှာပဲမဟုတ်ဘူးလား။ ဒီအခြေအနေမှာ အစ်ကိုကမထွက်ပြေးသွားဖို့အတွက် ကျွန်မကပဲ ကိုယ့်မှတ်ဉာဏ် ကို ပိတ်ဆို့ပြီးတော့ လှည့်စားတဲ့ နည်းလမ်းကို သုံးလိုက်ရတာပဲ”
“အစ်ကိုလီ ညီမတောင်းပန်ပါတယ်။ လုချောင်းချောင်းက ဝန်ခံလိုက်ပါသည်”
“ အဟက်” လီဟမ်ရှန်းကအားရပါးရရယ်မောပြီး သူ၏ ဦးခေါင်းကို ခါရမ်းလိုက်ပါသည်။
“ ငါအယုံကြည်ရဆုံးလူကနေ နှစ်ခါတိတိအလိမ်ခံရမဲ့ နေ့ကို ရောက်လာမယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူးကွာ။ ငါမေးတဲ့မေးခွန်းကို အခုထက်ထိမဖြေသေးဘူးနော်။ မင်းက ဂျူနီယာညီမလေး လုကို ဝင်ပူးထားတာလား။ ဘယ်တုန်းက ဝင်ပူးထားတာလဲ။ ပြီးတော့ ဘယ်သူလဲ”
လီဟမ်ရှန်းက လုချောင်းချောင်းကို ထွင်းဖောက်လုမတတ်ကြည့်ရင်း မေးခွန်းများစွာကို မေးလိုက်ပါသည်။
“ကျွန်မ…” လုချောင်းချောင်းက တစ်ခဏ ကြာအောင်တုန့်ဆိုင်းနေခဲ့ပါသည်။
“ကျွန်မက အစ်ကို့ရဲ့ဂျူနီယာညီမလေးလုပါပဲ။ ဒါပေမဲ့ အပြည့်အဝတော့မဟုတ်ဘူး။ အခု အစ်ကို့ကို စကားပြောနေတဲ့လူက ညီမရဲ့အရင်ဘဝက လူပါ”
လုချောင်းချောင်းက ခဏ တွေးပြီးနောက် ပြောလိုက်ပါသည်။
လီဟမ်ရှန်းက
“အရင်ဘဝ ဟုတ်လား” အံ့ဩသင့်သွား၏ ။
သူဘာကို ပြောတာလဲ။
“ သုံးသက်ပန်း ဆိုတာကို အစ်ကိုကြားဘူးလား”ဟု လုချောင်းချောင်းက မေးလိုက်၏။
“သုံးသက်ပန်း ဟုတ်လား” လီဟမ်ရှန်း၏သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားခဲ့ပါသည်။
“ဒဏ္ဍာရီလာ သုံးသက်ပန်းကို ပြောတာလား။ ကောလဟာလ တွေမှာပြောတာကတော့ သုံးသက်ပန်းကို စားသုံးလိုက်ရင် လူတစ်ယောက် က သုံးဘဝ တိတိ မှတ်ဉာဏ်တွေ မပျောက်ဘဲ ဝင်စားနိုင်တယ်လို့ပြောတယ်။ ဒီဘဝမှာ အဲဒီလူက ဒုတိယပန်းကို စားသုံးလိုက်လို့ရှိရင် မသေမျိုးဖြစ်သွားနိုင်တယ်လို့လဲ ပြောကြတယ်။”
“ တစ်ကယ်လို့ ဒုတိယဘဝမှာ ဒုတိယပန်းကို မစားသုံးနိုင်ရင် တတိယဘဝ ရောက်ပီးသွားရင် အဲဒီလူက လောကြီးကနေ လုံးဝ ပျောက်ကွယ်သွားမယ်တဲ့ ။ ဒါတွေ အကုန်လုံးက ဒဏ္ဍာရီ မဟုတ်ဘူးလား”
“ အဲဒါက ဒဏ္ဍာရီမဟုတ်ဘူးအစ်ကို။ သုံးသက်ပန်းက တစ်ကယ်ပဲရှိလား။ သုံးသက်ပန်းကို စားခဲ့တာလည်း ကျွန်မ တစ်ယောက်ထဲမဟုတ်ဘူး” လုချောင်းချောင်းက လီဟမ်ရှန်းအား ကျောပေးလိုက်၏။ အဝေးကို ငေးမောရင်းနဲ့
“လုချောင်းချောင်းဆိုတာက ကျွန်မရဲ့ ဒုတိယ ဘဝပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ပထမဘဝက တော့ အကွက်ချစီစဉ်ခံရပြီးနောက် အဖြူအနက် တားမြစ်နယ်မြေမှာ ကျွန်မ သေဆုံးခဲ့ရတယ်။ ကျွန်မသေခင်မှာ ကျွန်မက ကျွန်မရဲ့ မှတ်ဉာဏ်တွေ အကုန်လုံးကို ချိတ်ပိတ်လိုက်တယ်။ ပြီးတော့ လုချောင်းချောင်းဘဝ ရောက်တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်ပဲ ကြီးပြင်းလာတယ်။ ကျွန်မ အသက်ဆယ့်ငါးနှစ် ရောက်တဲ့အခါမှာ တော့ ချိတ်ပိတ်ထားတဲ့ ကျွန်မရဲ့ မှတ်ဉာဏ်တွေ အကုန်လုံးက နိုးထလာခဲ့တယ်”
“ ကျွန်မရဲ့ အရင်ဘဝတည်းကိုက ထာဝရရှင်သန်းခြင်းဂိုဏ်းနဲ့ အဆက်အသွယ်ရှိခဲ့ပြီးသား။ ထာဝရ ရှင်သန်ခြင်းဂိုဏ်းမှာ သုံးသက်ပန်းနဲ့ ပတ်သက်ပြီးမှတ်ထားတဲ့ အချက်အလက်တွေ အများကြီးပဲ အစ်ကိုလီ။ ကျွန်မ လုပ်စရာတွေ များကြီးရှိတယ်။ ကျွန်မက သုံးသက်ပန်းကို ရှာတယ်ဆိုတာက မသေမျိုး ဖြစ်ချင်လို့မဟုတ်ဘူး။ ကျွန်မရဲ့ အတိတ်ဘဝနဲ့ လက်ရှိဘဝကို လဲလှယ်ပစ်ချင်လို့ပဲ”
“ ဒါပေမဲ့ ကျွန်မရဲ့ လက်ရှိဘဝနဲ့ အတိတ်ဘဝ ကိုလဲလှယ်ဖို့အတွက် အောင်မြင်တယ်ဆိုလို့ရှိရင် ကျွန်မ အစ်ကိုလီကို ပြန်ပြီးတော့ အသက်သွင်း ပေးနိုင်တယ်။ အစ်ကိုလီရဲ့ ဝိဉာဉ်ကို အခုယူတယ်ဆိုတာက ခဏ ချေးတယ်ဆိုတဲ့သဘောပါ။ စိတ်မပူပါနဲ့။ အစ်ကိုလီကို ကျွန်မ အသက်ပြန်သွင်းပေးပါမယ်”
လုချောင်းချောင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး
“ကျွန်မပြောတာကို အစ်ကိုလီနားလည်မယ်လို့ မျှော်လင့်ပါတယ်”
သူက ပုံပြင်တစ်ပုဒ်နားထောင်နေရသည်ဟု လီဟမ်ရှန်းက ခံစားလိုက်ရပါသည်။
အတိတ်ဘဝနဲ့ လက်ရှိဘဝကို လဲလှယ်တယ်တဲ့လား။ လီဟမ်ရှန်းမှာ အတော်လေး အံ့ဩနေခဲ့၏။
“မင်းက အခုဘဝရဲ့ လုချောင်းချောင်းကို သတ်ပြီးတော့ မင်းရဲ့အရင်ဘဝကို ပြန်သွားချင်တယ်ပေါ့လေ။ မင်းရူးနေပြီလား။ ဂျူနီယာညီမလေးလုရဲ့ ကံတရားကို မင်းဘယ်လိုမျိုးဆုံးဖြတ်လိုက်တာလဲ။ အတိတ်ဘဝက မင်းက သေသွားပြီလေ။ အဲ့တော့ သေတဲ့သူက သေတဲ့အတိုင်းပဲ နေသင့်တာပေါ့”
“မင်းမှာ လက်စားချေစရာ ကြီးကြီးမားမား ရှိနေတယ် ဆိုရင်တောင်မှ သူမက ပြန်ပြီးမွေးဖွားလာပြီပဲ။ ဒီဘဝက ခန္ဓာကိုယ်နဲ့ လက်စားချေလေ။ မင်းရန်သူက ဘယ်သူလဲ။ ငါမင်းကို ကူညီပေးမယ်။ အတိတ်ဘဝက စွမ်းအားတွေကို မှီခိုပြီးတော့ အသုံးပြုနေရအောင် ရန်သူက ဘယ်လောက်အင်အားကြီးနေတာမိုလို့လဲ”
လီဟမ်ရှန်းက ဒေါသတစ်ကြီးနဲ့ အော်ဟစ်လိုက်ပါသည်။ အစ်ကို့ကို အားကိုးရမယ်ဟုတ်လား။ လုချောင်းချောင်းက ခေါင်းခါလိုက်ပါ ၏။
“သူရဲ့ စွမ်းအားတွေက အစ်ကိုရော ညီမရော နှစ်ယောက်လုံး ပေါင်းတိုက်လို့ရှိရင်တောင် နိုင်မှာမဟုတ်ဘူး။ ဒါကို ကျွန်မ သေချာသိပြီးသား။ အဲ့ဒါကြောင့်မို့လို့ သုံးသက်ပန်းကို အသုံးပြုပြီး တော့ အတိတ်နဲ့ ပစ္စုပ္ပန်ဘဝတွေကို လဲပြီးမှပဲ ညီမ အခြားနည်းလမ်းတစ်ခုကို ရှာလို့ရမှာ။ ပြီးတော့ ညီမအခုသုံးတဲ့ အတိတ်နဲ့ ပစ္စုပ္ပန်လဲတဲ့နည်းလမ်းကို ဘယ်သူမှအရင်တုန်းက မသုံးဖူးခဲ့သေးဘူး။ အဲ့ဒါကြောင့်မို့လို့ အရမ်းကို အန္တရာယ် များတယ်။ ညီမရဲ့ လက်ရှိဘဝရဲ့ ပါရမီက အရင်ဘဝထက် သာတယ်ဆိုလို့ရှိရင် အဲ့လိုမျိူးအန္တရာယ် များတဲ့နည်းလမ်းကို ညီမ သုံးစရာမလိုဘူး။ ဒါပေမယ့် လုချောင်းချောင်းရဲ့ ပါရမီက အရမ်းကိုနိမ့်ကျလွန်းအားကြီးတယ်။ အစ်ကို့ရဲ့ ပါရမီလည်း တူတူပဲလေ။ အရမ်းနိမ့်ကျတယ်။”
“အစ်ကိုလီ ကျွန်မက အတိတ်ဘဝက လူဆိုပေမယ့် အစ်ကိုလီအပေါ်ထားတဲ့ လုချောင်းချောင်းရဲ့ ခံစားချက်တွေက ညီမအပေါ်မှာအရမ်းသက်ရောက်မှုရှိပါတယ်။ ကျွန်မတို့နှစ်ယောက်က မှတ်ဉာဏ်အတူတူ ခံစားချက်အတူတူ နဲ့ ရှိနေတာပါ။”
“ အဲ့ဒါကြောင့်မို့လို့ လုချောင်းချောင်းအတွက် အစ်ကိုက အရေးပါသလိုမျိုး ကျွန်မ အတွက်လည်း အစ်ကိုက အရေးပါပါတယ်။ ကျွန်မက အနာဂတ်မှာ အစ်ကို့ကို ပြန်ပြီး အသက်သွင်းမယ်ဆိုတဲ့အတိုင်း ဒီစကားက စကားလုံးသက် သက်မဟုတ်ပါဘူး” လုချောင်းချောင်းက ဖြောင်းဖျနေသည့် လေသံဖြင့် လီဟမ်ရှန်းအားပြောလိုက်ပါသည်။
“ မရဘူး။ မင်း ဂျူနီယာညီမလေးလုကို သတ်လို့မရဘူး။ မင်းက လက်ရှိဘဝနဲ့ အတိတ်ဘဝကို ပြောင်းလိုက်မယ်ဆိုလို့ရှိရင် ဂျူနီယာညီမလေး လုက ဘယ်တော့မှ ပြန်ပြီးနိုးထနိုင်မှာ မဟုတ်ဘူးမလား။ လီဟမ်ရှန်းက ရှိသမျှအားကို အကုန်သုံးကာ ရုန်’ကန်ရင်း အော်ဟစ်လိုက်ပါ၏။ သို့သော် သစ်ပင်မိစ္ဆာက လီဟမ်ရှန်း
ကို တင်းမာစွာဖြင့် ထိန်းချုပ်ထားပါ၏။
“ ကျွန်မရဲ့ ဝိဉာဉ်နဲ့ သူမရဲ့ ဝိဉာဉ်က တစ်ခုတည်းအဖြစ်ပြီးပြည့်စုံအောင်ပေါင်း စပ်ထားပြီးတော့ ကျွန်မတို့နှစ်ယောက်က တစ်ယောက်တည်း ဖြစ်လာပြီ”
လုချောင်းချောင်းက ရှင်းပြပါ၏။ သူမက ဒီမှာရှိသလို ကျွန်မကလည်း ဒီမှာ ရှိနေပါတယ်။
“အစ်ကိုလီကို တောင်းပန်ပါတယ်နော်။ ကျွန်မတောင်းပန်ပါတယ်။ အစ်ကို လီကို တောင်းပန်တာကလွဲပြီး ကျွန်မဘာမှ မလုပ်ပေးနိုင် တော့ပါဘူး”
ထိုသို့ပြောပြီးနောက်တွင် လုချောင်းချောင်းက သူမ၏ လက်ကို ဆန့်တန်းလိုက်ပါ၏။
ချက်ချင်းပင်လျှင် ခပ်လှမ်းလှမ်းတွင်ရှိသော ရေကန်နက်ကြီးထဲမှ ဓားရှည် တစ်လက်မှာ ပျံသန်းထွက်ပေါ်လာခဲ့ပါ၏။ ထိုဓားမှာ ရှည်မြောကာ သေးသွယ်လှပါ၏။ ဓားထဲတွင် ရှိသော စွမ်းအားမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ဓားသွားမှာ ကောင်းကင်နှင့် မြေကြီးအား ခုတ်ပိုင်းထွက် တော့မည့် ထက်ရှမှုများနှင့် အပြည့်ဖြစ်နေပါသည်။ ထိုဓားမှာ လုချောင်းချောင်း၏ လက်ထဲသို့ ပျံသန်းသွားခဲ့ပါ၏။ ဓားသွား ထက်တွင် အစိမ်းရောင်ကနုတ်များကို ထုသွင်းထားပါသည်။
လုချောင်းချောင်း၏ အရှိန်အဝါကို အာရုံခံမိသည်နှင့် ဓားမှာ ပျော်ရွှင်သောကြောင့် တုန်ရီကာ ဓားအော်သံတစ်သံပြုလုပ်ခဲ့ပါ၏။
ဓားအော်သံမှာ ငွေခေါင်းလောင်းလေးများ တီးခတ်နေသည့် အလား သာယာနာပျော်ဖွယ်ကောင်းလှပါ၏။ ထိုဓားမှာ အမှန်တကယ်ကို နတ်ဘုရားအဆင့်တွင်ရှိသော လက်နက်တစ်ခု ဖြစ်ပါသည်။ ထိုဓားကိုမြင်သည်နှင့် လီဟမ်ရှန်းက မှင်သက် သွားခဲ့ပါ၏။ ထိုဓားအားသူက ကောင်းကောင်းမှတ်မိပါသည်။
ထို့နောက် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုချောင်း ချောင်းကိုကြည့်ပြီး လီဟမ်ရှန်း၏ စိတ်ထဲ၌ အမည်တစ်ခု ထွက်ပေါ်လာခဲ့ပါ၏။
နတ်ဘုရားလက်နက်၏ အဆင့်လေးလက်နက် ကောင်းကင်နတ်သမီးဓားသွား…
လူမသတ်ခင်မှာ သူမက အမြဲတမ်း အနီရောင်ဝတ်စုံကို ဝတ်တယ်။ သမိုင်းတစ်လျှောက်လုံးမှာ တစ်ဦးတည်းသော အမျိုးသမီးဓား အင်မော်တယ်
လူသားမျိုးနွယ်ရဲ့သူတော်စင်လေးပါးထဲက တစ်ပါး။
ကောင်းကင်နတ်သမီးဓားအင်မော်တယ် လီရွှမ်းရှီ။
ဒဏ္ဍာရီတွေထဲမှာ ပြောတာကတော့ လူသားမျိုးနွယ်ရဲ့ သူတော်စင်လေးပါးက အဖြူအနက် တားမြစ်နယ်မြေထဲကို ဝင်သွားပြီးတော့ လောကကြီးရဲ့ အကြီးမားဆုံးသော လျှို့ဝှက် ချက်ကို သွားရှာကြတယ်။ ဒါပေမယ့် တားမြစ်နယ်မြေထဲမှာ သူတော်စင်သုံးပါးက ဆုံးပါးသွားခဲ့ပြီးတော့ အခုလက်ရှိ စန်းယွမ်နယ်မြေသခင် ကျန်းထျန်းယွမ်တစ်ယောက်ပဲ အသက်ရှင် လျက်ပြန်ထွက်နိုင်ခဲ့တယ်။
သေဆုံးသွားတဲ့အထဲမှာ ကောင်းကင် နတ်သမီးဓားအင်မော်တယ်က တစ်ယောက်အပါ အဝင်ဖြစ်တယ်။
“ မင်းက…” လီဟမ်ရှန်းက စကားဆုံးအောင် မပြော နိုင်ခင်မှာပင် ကောင်းကင်နတ်သမီးဓားမှာ လီဟမ်ရှန်း၏ နှလုံးသားသို့ ထိုးဖောက်သွားခဲ့ပါတော့၏။
(သင်ခန်းစာ - ကိုယ်တွဲမယ့်/ယူမယ့် မိန်းကလေးကို သေချာသတိပြု ရွေးချယ်ပါ)