← Chapters

အခန်း (၂၉၉)

Vol. 26 Ch. 299

အခန်း (၂၉၉)

Vol. 26 Ch. 299

လီဟမ်ရှန်း၏ နေလ အင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်နှင့်ပင် သူက နတ်ဘုရားအဆင့်လက်နက်ဖြစ်သော ကောင်းကင်နတ်ဘုရားဓားချက်ကို မခုခံနိုင်ခဲ့ပါချေ။

သူ၏နှလုံးသားအား  ထက်မြသောဓားဖြင့် အဆက်မပြတ်ထိုးစိုက်နေသည်ကိုသာ လီဟမ်ရှန်းက ကူကယ်ရာမဲ့စွာဖြင့်ခံစားနေရပါသည်။ လီဟမ်ရှန်းက သူ၏မျက်နှာကိုမော့ကာ သူ၏မျက်နှာချင်းဆိုင်တွင်ရှိသော လုချောင်းချောင်းကို စိုက်ကြည့်လိုက်ပါသည်။ လက်ရှိအချိန်တွင် သူ၏နာကျင်မှုမှာ နှလုံးသားကို ဓားဖြင့်ထိုးဖောက်ခံရသောကြောင့် နာကျင်မှုမျိုးမဟုတ်ဘဲ သူ့အားအချစ်ရဆုံးသော အမျိုးသမီးက လုပ်ရက်လှသောကြောင့် နာကျင်ရခြင်းဖြစ်ပါသည်။

လီဟမ်ရှန်း၏ အကြည့်ကိုမြင်သော လုချောင်းချောင်းကလည်း အကြည့်ကိုမရင်ဆိုင်ရဲသောကြောင့် သူမ၏မျက်ဝန်းများကို မှိတ်လိုက်ပါ၏။ သို့သော် သူမ၏မျက်ဝန်းထောင့်များမှ မျက်ရည်များမှာ အဆက်မပြတ်စီးဆင်းကျဆင်းနေခဲ့ပါ၏။

သူမက ယခုတွင် လီရွှမ်းရှီ ဖြစ်သွားသော်လည်း လုချောင်းချောင်း၏မှတ်ဥာဏ်များနှင့် ခံစားချက်များမှာ သူမ၏စိတ်နှလုံးသားထဲတွင်ရှိနေခဲ့ပါ၏။သူမ၏နှလုံးသားထဲတွင်ရှိနေခဲ့ပါ၏။ ဓားချက်မှာလီဟမ်ရှန်း၏ နှလုံးသားကိုထိုးဖောက်နေသော်လည်း သူမ၏နှလုံးသားကိုယ် သူမကပြန်လည်ထိုးဖောက်နေသည့် ခံစားချက်နှင့် တူညီလှပါသည်။

“ကျွန်မတောင်းပန်ပါတယ်။တစ်နေ့နေ့မှာ ကျွန်မက အစ်ကိုကို ပြန်ပြီးတော့အသက်ပြန်သွင်းပေးပါ့မယ်။ အဲ့အချိန်ကျလို့ရှိရင် အစ်ကိုကျွန်မကို သတ်ပဲ သတ်သတ် အသက်ပဲ ချမ်းသာပေး ချမ်းသာပေး အစ်ကိုစိတ်ကြိုက်ဆုံးဖြတ်ပါ”

ထိုသို့ပြောပြီးနောက်တွင် လုချောင်းချောင်းက လီဟမ်ရှန်း၏နှလုံးသားတွင်ထိုးနေသော ဓားချက်ကို ပြန်ဆွဲထုတ်လိုက်ပါ၏။ သွေးများမှာ လီဟမ်ရှန်း၏ ရင်ဘတ်မှရော ပါးစပ်မှပါ ထွက်ပေါ်လာခဲ့၏။ လီဟမ်ရှန်း၏ အသိမှာ တဖြေးဖြေးနှင့် ဝေဝါးလာခဲ့ပါသည်။ သူ၏ ခန္ဓာကိုယ်မှာလဲ အားနည်းလာခဲ့၏။

“ငါသေတော့မှာလား” ထိုအတွေးမှာ လီဟမ်ရှန်း၏ ခေါင်းထဲမှာ ပေါ်လာခဲ့ပါ၏။

သူ့အား သတ်ဖြတ်သူမှာ သူအချစ်ဆုံးသူကသတ်ဖြတ်ခြင်းဖြစ်သည်။ ဘယ်လောက်တောင် ဇာတ်လမ်းဆန်လိုက်သည်လဲ။

သူ၏ ၁၀ နှစ်ကျော်သက်တမ်းမှာ ထိုကဲ့သို့ကုန်ဆုံးသွားရမည်ကို သူလုံးဝမထင်ထားခဲ့မိပါ။ သူက မိခင်ဖြစ်သူကို လုံးဝမမြင်ဘူးခဲ့ပါချေ။ ဖခင်ဖြစ်သူကိုလည်း ကျေးဇူးပြန်မဆပ်ရသေးပါချေ။ သူ၏ အသိစိတ်မှာ တဖြေးဖြေးလွင့်ပါးနေသည့်အခိုက်တွင် လီဟမ်ရှန်းက အေးစက်မှုနှင့် အထီးကျန်မှု လုံးဝကိုမှောင်မိုက်သွားသော အမှောင်ထုကြီးကိုသာ ခံစားလိုက်ရပါ၏။

သေဆုံးခြင်းဆိုတဲ့ ခံစားချက်က ဒီလိုတဲ့လား။ ထိုအတွေးမှာ သူ၏နောက်ဆုံးအတွေးပဲဖြစ်ပါသည်။

လီဟမ်ရှန်း၏ အသက်ရှူသံများ ရပ်တန့်သွားခဲ့ပါ၏။ လီဟမ်ရှန်းက အသက်ရှူရပ်သွားပြီး လုံးဝသေဆုံးသွားပြီဟု လုချောင်းချောင်းကသိလိုက်ရပါ၏။

သူမက အသက်ပြင်းပြင်းရှူလိုက်ပါသည်။ မျက်ရည်များမှာ လဲ သူမ၏ မျက်ဝန်းများမှ အဆက်မပြတ်ကိုကျဆင်းနေခဲ့၏။

“ငါကဘာလို့ငိုနေရတာလဲ..”

လုချောင်းချောင်းက အံကြိတ်ပြီးနောက် အသားကုန်အော်ဟစ်လိုက်ပါ၏။ ထိုဝမ်းနည်းမှုမှာ သူမ၏နှလုံးသား၏အတွင်းပိုင်းမှလာသော ဝမ်းနည်းမှုပင်ဖြစ်ပါသည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် သူမရှိစဥ်ကတည်းက လီရွှမ်းရှီမှာ နိုးထနေပြီဖြစ်၏။ သို့သော်  ယခုဘဝတွင်ရှိသော လုချောင်းချောင်းက သူမကို အဆက်မပြတ်ဖိနှိပ်ထားခဲ့ပါ၏။ ထို့ကြောင့် သူမက လုံးဝကို မလွတ်မြောက်နိုင်ခဲ့ပါ။ ယခု လီဟမ်ရှန်းက သူမ၏အရှေ့တွင် သေဆုံးသွားသည်ကိုမြင်သောကြောင့် သူမကဝမ်းမနည်းဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။ အထူးသဖြင့် အချစ်ရဆုံးသောသူကို သတ်ပစ်လိုက်သောသူမှာ သူမကိုယ်တိုင်ပင် မဟုတ်ပါ့လား။ 

လုချောင်းချောင်းက အဖြူရောင်ပုလင်းလေးတစ်လုံးကို ထုတ်လိုက်ပြီးနောက်တွင် ထူးခြားဆန်းကြယ်သော မန္တာန်များကို ရွတ်ဆိုလိုက်ပါ၏။ နောက်တစ်ခဏအကြာတွင် ထိုအဖြူရောင်ပုလင်းလေးက လေထဲတွင် လွင့်မြောသွားပါ၏။ လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှ သေဆုံးခြင်းအရှိန်အဝါများသည် စတင်၍ ထွက်ပေါ်လာခဲ့သည်။

ထိုသေဆုံးခြင်းအရှိန်အဝါများက လူသားတစ်ဦး၏ ပုံသဏ္ဍာန်အဖြစ်သို့ဖွဲ့စည်းသွားခဲ့ပါသည်။ လုချောင်းချောင်းက ထိုသေဆုံးမှုအရှိန်အဝါများအား လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှ အတင်းအကြပ်ဆုပ်ယူလိုက်ပြီး အဖြူရောင်ပုလင်းလေးထဲသို့ ထည့်ကာ ချိတ်ပိတ်လိုက်ပါ၏။

တစ်ချိန်ထဲမှာပင် လီဟမ်ရှန်းကိုချုပ်နှောင်ထားသော သစ်ပင်မိစ္ဆာကလည်း နဂိုမူလအရွယ်အစားသို့ ပြန်လည်ဖြစ်သွားပါသည်။ သူက လီဟမ်ရှန်းကို ချုပ်နှောင်ထားခြင်းမှ ဖြေလျော့ပေးလိုက်၏။ လီဟမ်ရှန်း၏အလောင်းကောင်မှာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားပါသည်။ လုချောင်းချောင်းက လီဟမ်ရှန်း၏ အလောင်းကို စိုက်ကြည့်နေခဲ့၏။

အချိန်အကြာကြီး သူမကတိတ်ဆိတ်ပြီးနောက်တွင် လက်ဝါးချက်တစ်ချက်ကို ရိုက်ထုတ်လိုက်ပါသည်။ ထိုလက်ဝါးချက်၏အောက်တွင် မြေပြင်က တွင်းတစ်တွင်းသို့ ဖြစ်သွားခဲ့ပါ၏။ လုချောင်းချောင်းက လီဟမ်ရှန်း၏ အလောင်းကိုထိုတွင်းထဲသို့ ထည့်ကာမြှုပ်နှံလိုက်၏။

“အစ်ကိုလီ ကောင်းကောင်းအနားယူပါ။ လုချောင်းချောင်းက သူမ၏ခါးတွင်ချိတ်ဆွဲထားသော ပစ္စည်းလေးတစ်ခုကိုထုတ်လိုက်ပါ၏” ထိုအရာမှာ ချီရှန်းအမိန့်ပြားပင် ဖြစ်ပါ၏။

“ ဒါကို အစ်ကိုက ကျွန်မကို ပထမဦးဆုံးအနေနဲ့ ပေးခဲ့တဲ့အရာပဲ။ အဲ့တာကို ကျွန်မအစား အစ်ကိုနဲ့အတူတူထည့်ပြီး မြှုပ်ပေးလိုက်မယ်။ အစ်ကို့အနားမှာ ကျွန်မအဖော်ပြုပေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့” ထိုသို့ပြောပြီးနောက်တွင် ချီရှန်းအမိန့်ပြားကို လုချောင်းချောင်းက လီဟမ်ရှန်း၏ဝတ်ရုံ၌ထည့်ပေးလိုက်ပါ၏။ ထို့နောက်တွင် သစ်ပင်မိစ္ဆာက လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို မြေများဖြင့်ဖုံးကာ မြှုပ်နှံလိုက်ပါ၏။

လီဟမ်ရှန်းမှာ မြေမြှုပ်ခံလိုက်ရပြီဖြစ်သည်။

“သွားရအောင်”

လုချောင်းချောင်းက သစ်ပင်မိစ္ဆာကို ပြောလိုက်သည်။ သစ်ပင်မိစ္ဆာက ခေါင်းငြိမ့်ပြီးနောက်တွင် ဟွမ်တိုင်ရှန်၏အသွင်အပြင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပါသည်။ ထို့နောက်သူတို့နှစ်ဦးမှာ တဲအိမ်လေးမှ ထွက်ခွာသွားခဲ့၏။

အထီးကျန်နေသော တဲအိမ်လေးတစ်အိမ်

တဲအိမ်ထဲမှာတော့ လောလောလတ်လတ်မြှုပ်နှံထားသော အလောင်းကောင်တစ်ကောင်

‘လီဟမ်ရှန်းနှင့် လုချောင်းချောင်း တို့ ဤနေရာသို့ရောက်ခဲ့သည်’ ဟူသော စာသားများကလည်း တောင်စောင်းထက်၌ တည်ရှိနေခဲ့၏။

အရာအားလုံးမှာ ဟာသတစ်ခုအလားပင်ဖြစ်၏။ လောကဇာတ်ဆရာက လီဟမ်ရှန်းအား ပျက်ရယ်ပြုနေသည့်ဟန် ဖြစ်ပါသည်။

လုချောင်းချောင်းနှင့် သစ်ပင်မိစ္ဆာတို့ တောင်ကြားထဲမှ ထွက်သွားသည့်အခိုက်တွင် တောင်ကြား၏အပြင်ဘက်တွင် လူများစွာက သူတို့အားစောင့်ဆိုင်းနေသည်ကို လုချောင်းချောင်းက မြင်လိုက်ပါ၏။

ကျွမ်းကျင်သူများမှာ အယောက် သုံးဆယ်ခန့်ရှိပါသည်။ သူတို့အားလုံးမှာ တောင်ကြားကို ဝန်းရံထားကြ၏။ မူလအဆင့်တွင်ရှိသော သိုင်းပညာရှင်လေးယောက် နှစ်ယောက်က မူလအဆင့်နှောင်းပိုင်းတွင်ရှိ၏။ တစ်ယောက်က မူလအဆင့်အထွတ်အထိပ်တွင် ရှိပါသည်။ ကျန်သောသူများမှာ ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိ၏။

ထိုကဲ့သို့သော သိုင်းပညာရှင်များကိုမြင်သည့်အခါတွင် လုချောင်းချောင်းက သူမ၏မျက်ဝန်းများကိုကျဥ်းမြောင်းကာ တစ်ချက်ပြုံးလိုက်၏။ ထို့နောက်မှာ ပြောလိုက်သည်။

“နင်တို့တွေက ငါ့ကိုရှာတွေ့တာ သိပ်မြန်တာပဲ”

“ မှန်တာပေါ့။ မှန်တာပေါ့။ မင်းက ဒီလိုမျိုးလုပ်လိမ့်မယ်လို့ ငါတို့မထင်ထားဘူးလေ”

လုချောင်းချောင်း ၏အနောက်တွင်ရှိသော သစ်ပင်မိစ္ဆာက အရှေ့သို့တိုးပြီး လုချောင်းချောင်းအား ကာကွယ်ပေးလိုက်ပါသည်။

“လုချောင်းချောင်း”

အဆင့်မြင့်ဆရာသခင်တစ်ဦးက လုချောင်းချောင်းကိုကြည့်ပြီးပြောလိုက်၏။

“ ဂိုဏ်းကို သစ္စာဖောက်လို့ရှိရင် ဘယ်လိုကြုံရမလဲဆိုတာကို နင်သိသင့်တယ်”

“ ငါသိတာပေါ့” လုချောင်းချောင်းကပြောလိုက်၏။ ထိုအဆင့်မြင့်ဆရာသခင်အား စိုက်ကြည့်ရင်းနဲ့ တစ်ချက်ပြုံးလိုက်ပါသည်။

“ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ငါသေချာသိတာပေါ့။ ဒါပေမဲ့ ငါ့ကိုလာပြီးဖမ်းတဲ့လူက ဘာမှမဟုတ်တဲ့ မူလအဆင့်ပဲရှိတဲ့ ပိုးကောင်လေးတစ်ကောင်ဖြစ်နေမယ်လို့ မထင်ထားဘူး။ လတ်စသတ်တော့ ရှောင်မိသားစုရဲ့  အကြီးအကဲ ရှောင်ကျီက ကိုယ်တိုင်လာပြီး ငါ့ကိုဖမ်းတာပဲ။ ဂုဏ်ယူမိပါတယ်။ ဂုဏ်ယူမိပါတယ်”

“ ရွဲ့နေတာတွေ တော်တော့။ ချီရှန်းအမိန့်ပြားကို ချက်ချင်းပေးစမ်း။ အဲ့ဒါဆိုလို့ရှိရင် နင့်အလောင်းကိုငါ အကောင်းအတိုင်းချန်ထားပေးမယ်။”

ရှောင်ကျီဝုက အေးစက်စွာဖြင့်ပြောလိုက်ပါသည်။

“ ပြီးတော့ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်မှာ နင်ရှာတွေ့သမျှ အချက်အလက်တွေ အကုန်လုံးပါပေး။ အခုလောက်ဆိုလို့ရှိရင် နင်ကဂိတ်တံခါးကို ရှာတွေ့လောက်ပြီပေါ့။ ငါ့ကို အကုန်လုံး ပြောပြစမ်း”

“ ငါသာနင့်ကို ထာဝရရှင်သန်ခြင်းဂိုဏ်းကို ခေါ်သွားလိုက်လို့ရှိရင် နင်သေချင်တယ်ဆိုရင်တောင် သေရမှာ မဟုတ်ဘူးနော်”

“ ရှောင်ကျီဝု…”

လုချောင်းချောင်းက တစ်ချက်ပြောလိုက်၏။

“ချီရှန်းအမိန့်ပြားက ငါနဲ့အတူတူမရှိတော့ဘူး။ ငါပျောက်သွားပြီ။ နင်မယုံဘူးဆိုလို့ရှိရင်တော့ နင်ရှာလိုက်လို့ရတယ်။ သစ်ပင်တွေကြား တောင်စောင်းကြား ဒါမှမဟုတ်ရှိရင် မြစ်ကြမ်းပြင်အောက်မှာ ရှိရင်ရှိမှာပေါ့”

“ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်မှာ ငါဘာရှာတွေ့ခဲ့လဲဆိုတာတော့ နင့်သောက်လုပ်မဟုတ်ဘူး။ ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါ့အတွက်အသုံးချစရာ ကျားစေ့သက်သက်ပဲ။ နင်ကများ ငါ့ကိုအမိန့်ပေးရဲသေးတယ်။ ဘယ်လောက်တောင်သတ္တိရှိနေတာလဲ”

“ကြည့်ရသလောက်တော့ နင်ကသေချင်နေတာပဲ”

ရှောင်ကျီဝုက လုချောင်းချောင်းအား ငုံ့ကြည့်လိုက်၏။ ထို့နောက်တွင် မျက်မှောင်ကျုံ့ကာပြောလိုက်၏။

“နင်ကဘာတွေကို ယုံကြည်ပြီးတော့ အခုလောက်ထိသတ္တိရှိနေလဲဆိုတာကို ငါမသိဘူး။ နင့်ဘေးနားမှာရှိတဲ့ သစ်ပင်မိစ္ဆာကို အားကိုးပြီးတော့ နင်က အခုထက်ထိအာကျယ်နေတာလား”

“ ငါဘာကို ယုံကြည်နေလဲဆိုတာ နင်သိစရာမလိုပါဘူး။ မယုံဘူးဆိုလို့ရှိရင် နင်စမ်းကြည့်လို့ရတယ်” လုချောင်းချောင်းမှာ လုံးဝကို အကြောက်တရားကင်းမဲ့နေပါသည်။

“အဲ့တာဆိုရင် ငါကလည်း အရမ်းကို သိချင်လာပြီ” ရှောင်ကျီဝု၏ အမူအရာမှာ သတ်ဖြတ်လိုစိတ်နှင့် တင်းမာနေပါသည်။ သူ၏ မသိစိတ်က သူ့ကို တဖွဖွပြောနေသည်မှာ အခြေအနေများမှာ ယခုလောက် မရိုးရှင်းပါဟူ၍ဖြစ်သည်။

သို့သော် သူအပြန်ပြန်အလှန်လှန်သုံးသပ်ကြည့်ပြီးနောက်ပင်လျှင် လုချောင်းချောင်းက ဘယ်အရာကိုအားကိုးပြီးတော့ သူ့အားမကြောက်မရွံ့ဖြစ်နေလဲဆိုတာကို ရှာမတွေ့ခဲ့ပါချေ။

ပတ်ပတ်လည်တွင် ပုန်းအောင်းနေသော မည်သည့်ကျွမ်းကျင်သူမျှကိုလည်း အာရုံခံမမိပါ။

“ သူ့ကို ဖမ်းစမ်း” ရှောင်ကျီဝုက အမိန့်ပေးလိုက်၏။

“အမိန့်အတိုင်းပါ”

ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မြောက်မြားစွာသော သိုင်းပညာရှင်များ အားလုံးသည် ချက်ချင်းပင် လုချောင်းချောင်းထံသို့ပြေးသွားကြ၏။

All Chapters