အခန်း (၃၀၁)
Vol. 26 Ch. 301
တုရှမ်းမြို့တွင်တော့ လီဟမ်ရှန်းပျောက်ဆုံးနေသည်မှာ သုံးရက်တိတိရှိပြီဖြစ်သည်။ ထိုသုံးရက်အတွင်းမှာ စစ်ဆေးရေးမှူးရုံးက အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါ၏။ ဝူစန်းထောင် နှင့် ရှု့ခွေမှာ ရဲမက်များကို စုစည်းပြီး လီဟမ်ရှန်း ရှိမည့် နေရာအနှံ့ကို လိုက်ရှာခဲ့ကြပါ၏။ သို့သော်သူတို့က မည်သည့် သဲလွန်စမှ မတွေ့ပါချေ။ လင်းချီကျိုးကလည်းနေရာအနှံ့လိုက်ရှာခဲ့ပါသည်။
ရမ်ဝမ်ဟို၊သူကအိုမင်းနေသည့်တိုင် ရဲမက်များကိုဦးဆောင်လျှက် ထိုလူအိုကြီးက သုံးရက်တိတိအနားမယူဘဲ လီဟမ်ရှန်းအား ရှာဖွေခဲ့ပါသည်။ လီဟမ်ရှန်းက လေထဲတွင် လုံးဝပျောက်ကွယ်သွားသည့် အလားဖြစ်နေပြီး သဲလွန်စဟူ၍ ရှာလို့ကို မတွေ့တော့ပါချေ။ စစ်ဆေးရေးမှူးရုံးမှာ လုံးဝကို ထိတ်လန့်ကြောက်ရွံ့နေသည့် အခြေအနေသို့ ဖြစ်နေခဲ့ပါ၏။ လီဟမ်ရှန်းသာ ပြန်မလာပါက သူတို့က မြွေဖြူလမ်းကြောင်း၏ အခြေအနေမှာ ကောင်းမွန်ရာမှ ချက်ချင်းအဆိုးဘက်သို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။
မူ့အိမ်တော်၊ဟွာအိမ်တော်နှင့် တောက်ဟီအိမ်တော်တို့မှာကတော့ လီဟမ်ရှန်း ပျောက်ကွယ်သွားသော သတင်းကြားသောကြောင့် လွန်မင်းစွာပျော်ရွှင်နေခဲ့ကြပါ၏။
လီဟမ်ရှန်းရှိစဉ်ကာလတုန်းက သူက အိမ်တော်သုံးခုလုံးကို ဆန့်ကျင်ခဲ့သူ မဟုတ်ပါလား။လီဟမ်ရှန်းမရှိတော့သည်နှင့် သူတို့က လုပ်ချင်သည်များကို မည်သည့်အကျိုးဆက်မှ ကြည့်ရန်မလိုပဲ အားရပါရလုပ်နိုင်မည် မဟုတ်ပါလား။
ထိုညမှာပင် မူ့အိမ်တော်က လူကုန်ကူးမှုများကို လင်းချီကျိုးက ရှာတွေ့ခဲ့ပါ၏။ ထို့ကြောင့် သုက ရဲမက်များကို ဦးဆောင်ပြီး ဖမ်းဆီးရန် ပြင်ခဲ့ပါသည်။ သို့သော် မမျှော်လင့်ထားသည်က ယနေ့တွင် လူကုန်ကူးမှုကို ဦးဆောင်သည်က မူ့အိမ်တော်က မူ့စမ်းကိုယ်တိုင် ဦးဆောင်နေပါ၏။ မူ့စမ်းက များစွာသော ပညာရှင်များကို ဦးဆောင်ကာ စစ်ဆေးရေးမှူးရုံးက ရဲမက်များနှင့်တိုက်ခိုက်ပါတော့သည်။
အဆုံးသတ်တွင်တော့ လင်းချီကျိုး၏ ညီနောင်သုံးဦးမှာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါသည်။တစ်ဦးမှာ သေဆုံးခဲ့ရပြီး လင်းချီကျိုးကိုယ်တိုင်ပင်လျှင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပါသည်။
ညသန်းခေါင်တွင် တုရှမ်းမြို့၏ လမ်းမများမှာ တိတ်ဆိတ်နေခဲ့ပါသည်။ စစ်ဆေးရေးမှူးရုံး၌ ယခုလိုမျုးမတော်တဆမှု ဖြစ်သွားသောကြောင့် သာမန်ပြည်သူများပင်လျှင် အပြင်သို့မထွက်ရဲကြပါတော့ချေ။
အရှေ့ဘက်လမ်းတွင် တိုက်ခိုက်သံများကို ကြားရမည်ဖြစ်၏။ ထိုတိုက်ခိုက်မှုများကို ကြားရသောအခါ သာမန်ပြည်သူများက တုရှမ်းမြို့က သာယာနေသောအခြေအနေမှ ပြန်လည် ရှုပ်ထွေးကာ ပရမ်းပတာအခြေအနေသို့ ပြနရောက်တော့မည်ကို လူတိုင်းကတွေးနေမိကြပါ၏။
လင်းချီကျိုးက သူ့၏ ရင်ဘတ်ရှေ့တွင် ကြီးမားလှသော ပုဆိန်ကြီးကို ကိုင်ထားပါ၏။ ထိုပုဆိန်ကြီးအား မူ့စမ်းက အဆက်မပြတ် လက်သီးနှင့် ထိုးနေခဲ့ပါသည်။
တိုက်ပွဲဝင်ပုဆိန်မှာ မူ့စမ်း၏ လက်သီးချက်များကြောင့် ပိန်ရှုံ့မတတ်ဖြစ်နေပါသည်။ မူ့စမ်း၏ လက်သီးချက်များမှာ ပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းတွင်ရှိသော ခွန်အားက လင်းချီကျိုးလိုမျိုးလူက ခံနိုင်သည့် အခြေအနေမျိုးမဟုတ်ပါချေ။
လင်းချီကျိုးက မနိုင်တော့မှန်းသိသောကြောင့် ထွက်ပြေးရန်ကြံလိုက်ပါ၏။ သို့သော် မူ့စမ်းကလည်း နောက်က ထပ်ကြပ်မကွာလိုက်ခဲ့ပါ၏။
" လင်းချီကျိုးမင်းပြေးလို့မလွတ်ပါဘူးကွာ။အတိတ်တုန်းက ငါတိုရဲ့မူ့အိမ်တော်ရဲ့လက်အောက်မှာ မင်းမသေခဲ့ဘူး။မင်းသာ အကြောက်လွန်ပြီးတော့ ခွေးတစ်ကောင်လို ဆက်ပုန်းနေမယ်ဆိုလို့ရှိရင်
နောက်ထပ်နှစ်နှစ်လောက်
မင်းအသက်ရှင်ရင်ရှင်အုန်းမှာ။ မင်းကမကြောက်မရွံ့နဲ့ပြန်လာရဲသေးတယ်။အဲ့တော့ ငါကမင်းကို ငရဲကို ကိုယ်တိုင်ပို့ပေးလိုက်မယ်။"
မူ့စမ်းက နောက်မှ လိုက်ရင်းနှင့်ပြောလိုက်ပါ၏။ မူ့စမ်း၏ ခြေထောက်အောက်တွင်ရှိသော မူလအဆင့်၏အတွင်းအားအဆီအနှစ်များသည် အဆက်မပြတ်လွှမ်းမိုးကာ လှိုင်းထန်သကဲ့သို့ ဖြစ်နေပါ၏။
မူ့စမ်း၏ ခွန်အားမှာ လင်းချီကျိုးက နှိုင်းယှဉ်နိုင်သော အရာမျိုးမဟုတ်ပါချေ။ သူ၏ တစ်ကိုယ်လုံးလည်း ကိုက်ခဲနာကျင်နေသည်ကို လင်းချီကျိုးက ခံစားလိုက်ရပါ၏။ သူကသတ်ဖြတ်လိုစိတ်အပြည့်နှင့် မူ့စမ်းအားကြည့်လိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် မူ့အိမ်တော်မှ မူ့စမ်းကြောင့်ပင်လျှင် သူ၏ညီနော်ငများက ဆိုးရွားလွန်းသော ကံတရားနှင့်ကြုံတွေ့ကာ သေဆုံးခဲ့ရသောကြောင့်ဖြစ်၏။
ကံဆိုးစွာနှင့် မူ့စမ်းကို ယခုတွေ့သည့် အခိုက်တွင်၌ လက်စားချေရန်အတွက် သူ့တွင် လုံလောက်သော ခွန်အားရှိမနေခဲ့ပါချေ။ လက်စားချေဖို့နေနေသာသာ သူက မူ့စမ်းကအရုပ်တရုပ်လို ကစားခြင်းကို ခံနေရပါ၏။ မူ့စမ်း၏ လက်ထဲတွင် သူက ကြွက်တစ်ကောင်လို ဖြစ်နေပါပြီ။
"မူ့စမ်း၊ငါသာတစ္ဆေသရဲဖြစ်မယ်ဆိုရင်တောင်မှ မင်းကို ငါအလွတ်မပေးဘူး။"
လင်းချီကျိုးက သွေးတလုတ်အန်ပြီးနောက်တွင် အော်ဟစ်လိုက်ပါ၏။ သူက ပြေးနေခြင်းမှ ရပ်တန့်လိုက်ပြီးနောက်တွင် တိုက်ပွဲဝင်ပုဆိန်ကို လေထဲသို့ မြှောက်တင်လိုက်၏။
သူ့မျက်လုံးများမှာ ရက်စက်ကြမ်းတမ်းနေ၏။ သူ၏ အတွင်းအားများမှာလည်းပေါက်ကွဲထွက်ပေါက်လာသည်။ သူက မူ့စမ်းအား အသေတိုက်ရန်အတွက် ပြင်ဆင်နေပြီးသားပါ၏။
"ချချင်တယ်ပေါ့လေ။ ဟီးဟီးကောင်းတယ်။မင်းလိုမျိုးကြွက်က မရုန်းကန်ဘူးဆိုလို့ရှိရင် ငါက ဘယ်လိုလုပ်ပြီး ပျော်ရမှာလဲ။ "
မူ့စမ်းက လှောင် ပြောင်လိုက်ပါ၏။
နောက်တခဏတွင် သူ၏ ဝတ်ရုံမှာလည်းလေထဲတွင် လွင့်ပျံသွားပါ၏။သူက တစ္ဆေတကောင်လိုမျိုး လင်းချီကျိုး၏ရှေ့တွင် ပေါ်ပေါက်လာခဲ့ပါ၏။ လက်သီးချက်တချက် ပစ်ကြွေးလိုက်သည်။ ထိုလက်သီးချက်မှာ ဆူနာမီမုန်တိုင်းကို ဖြစ်စေမည့်အလားပင် အင်အားပြင်းထန်လှပါ၏။ လက်သီးချက်မရောက်ခင် လေတိုက်ခိုက်မှုကို ခံစားရသည့်အခိုက်မှာပင် လင်းချီကျိုးက လက်သီးချက်ကျလာလျှင် သူက သေဆုံးတော့မည်ကို ကောင်းကောင်းခံစားနေရပါ၏။
ပြင်းထန်လှသော အင်အားက ဆင်းသက်လာခဲ့ပါ၏။လင်းချီကျိုးက ထိုအရာကို သူမတောင့်ခံနိုင်ဘူးဆိုတာကို ပို၍သေချာလာခဲ့ပါ၏။
ထိုအခိုက်မှာပင် ကောင်းကင်ထက်မှ ဓါးအလင်းတခုဆင်းသက်လာခဲ့ပါ၏။ ထိုဓါးအလင်းက ကန့်လန့်ကာပုံသဏ္ဍာန် ဓါးချီများစွာဖြင့် ဖွဲ့စည်းထားပြီး မူ့စမ်း၏ လက်သီးချက်ကို ကာကွယ်လိုက်ပါ၏။ ဓါးအလင်းက လမ်းမကို တဝက် ခွဲထုတ်လိုက်ပါသည်။ ထိုကဲ့သို့ စွမ်းအားပြင်းထန်ပြီး လှပသော ဓါးစွမ်းအားကား မူ့စမ်း၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့ပါ၏။
ထို့ကြောင့် သူက အလျင်အမြန်ပင် နောက်ဆုတ်လိုက်ပါသည်။ လင်းချီကျိုးကလည်း အံ့ဩသွားခဲ့ပါ၏ ။
သူ့အား မည်သူက ကယ်ခဲ့သနည်း။
လင်းချီကျိုးက မတ်တပ်မရပ်န်ိုင်ပဲ တုန်ရီစွာဖြင့် မြေကြီးပေါ်တွင် ပစ်ထိုင်ချလိုက်ပါ၏။ သူမော့ကြည့်လာသည့်အခါတွင် ကိုယ်ကာယတောင့်တင်းသော လူကသူ့ကိုကျောပေးထားပြီး သူရှေ့တွင် ရပ်ကာ ကာကွယ်နေသည်ကို တွေ့လိုက်ရ၏။
ထိုဗလတောင့်တောင့်နှင့်လူက ကြီးမားလှသော ဓါးကြီးတခုကို ကိုင်ဆောင်ထားပါသည်။ ထိုသူ၏ ပုံစံမှာ လွှမ်းမိုးနိုင်စွမ်း ရှိ၏။
သူက ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားပြီးနောက် သူ့၏ မူလအဆင့်စွမ်းအားများမှာ လေထုထဲတွင် တလူလူနှင့် လွင့်နေပါသည်။ ထိုသူ၏ မူလအဆင့်စွမ်းအားများမှာ မူ့စမ်းထပ် အဆပေါင်းများစွာ အင်အားကြီးမားလှပါ၏။ ဒါပေမဲ့ လင်းချီကျိုးက မည်မျှပင် စဉ်းစားပါစေ ထိုသူအား မမှတ်မိပါချေ။
သူကဘယ်သူလဲ…
ဒီလိုမျိုးသိုင်းကျွမ်းကျင်သူက တုရှမ်းမြို့မှာ ရှိတာလား။
“ခင်ဗျားက စစ်ဆေးရေးမှူးရုံးကလား။” ထိုဗလတောင့်တောင့်နှင့် လူက လင်းချီကျိုးကို မေးလိုက်ပါ၏။
“ဟုတ်တယ်” လင်းချီကျိုးကခေါင်းညိတ်လိုက်၏။
“ကျုပ်က စစ်ဆေးရေးမှူးရုံးက နတ်ဘုရားဖမ်းဆီးသူပဲ။”
“ဒါဆိုရင်ကောင်းပြီလေ။” ဗလတောင့်တောင့်နှင့် လူက ဆက်ပြော၏။
“ခင်ဗျားဘယ်သူလဲ” မူ့စမ်းကအော်ဟစ်လိုက်၏။
ထိုဗလတောင့်တောင့်နှင့်လူကိုကြည့်သော သူ၏ အကြည့်များသည် သတိထားမှုများနှင့် ပြည့်နှက်နေပါ၏။
“ဝမ်ကွေ့ဖန်း” ထိုဗလတောင့်တောင့်နှင့်လူက ပြန်ကာ သူ၏အမည်အရင်းကိုအလေးမထားစွာနှင့်ပြောပြလိုက်ပါ၏။
“ဝမ်ကွေ့ဖန်း၊” ထိုနာမည်ကိုကြားသော မူ့စမ်းက ပဟေဠိဖြစ်နေသော အမူအရာဖြစ်နေခဲ့ပါ၏။
တခဏကြာမှသာ သူက အံ့ဩတကြီးနှင့် အော်လိုက်ပါ၏။
“ခင်ဗျားက ဝမ်ကွေ့ဖန်းပေါ့လေ။”
“ကျန်းရွှမ်တာအိုစစ်ဆေးရေးမှူးရုံးက နတ်ဘုရားဖမ်းဆီးသူ ဝမ်ကွေ့ဖန်း အာ့တာကျုပ်ပဲ။”
ဝမ်ကွေ့ဖန်းက ရိုးရိုးသားသားပြောလိုက်၏။
“ကျန်းရွှမ်တာအိုရုံးက တခြားနယ်မြေအထိပါ ရောက်လာပြီပေါ့လေ ဟင်၊ကျုပ်တို့ရဲ့ မြွေဖြူလမ်းကြောင်းမှာ ရှိတဲ့ကိစ္စတွေပါ ဝင်ပါစွတ်ဖက်နေပြီပေါ့ ဟုတ်လား။” မူ့စမ်းက အံကြိတ်ကာပြောလိုက်၏။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ အခုဖြစ်တဲ့ပြသာနာက ကျန်းရွှမ်တာအိုစစ်ဆေးရေးမှူးရုံးနဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်ကို စစ်ဆေးရေးမှူးကိုယ်တိုင်က လွှတ်လိုက်တာပဲ။ ကျုပ်ကအကြောင်းရင်းအတိကျကို မမေးခဲ့ဘူး။ဒါပေမဲ့ ခင်ဗျားသာ စစ်ဆေးရေးမှူးရုံးကလူတွေကို အန္တရာယ်ပေးချင်တယ်ဆိုလို့ရှိရင် ခင်ဗျားလုပ်နိုင်မှာမဟုတ်ဘူး။
ဘာလို့လဲဆိုတော့ စစ်ဆေးရေးမှူးရုံးက လူတွေက လောလောဆယ် ကျုပ်ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်။ခင်ဗျားသူတို့ကို ထိချင်တယ်ဆိုရင်တော့ ကျုပ်ဓါးကို အရင်ကျော်နိုင်မှရမယ်” ဝမ်ကွေ့ဖန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သူ၏ လက်ထဲတွင်ရှိသော ဓါးပြားအကြီးကြီးကို ပေါ့ပေါးစွာဖြင့် ကောက်မလိုက်ပါ၏။
"မင်း.." မူ့စမ်းက ဒေါသအလွန်ကြီးနေသော်လည်း နောက်ထပ်စကားတစ်ခွန်းမှ ထပ်မဆိုရဲတော့ပါချေ။
ဝမ်ကွေ့ဖန်းနှင့် တိုက်ခိုက်မည်ဆိုပါက သူက ခွေးတစ်ကောင်လိုမျိုးရှုံးနိမ့်မည်ကို သူသိနေပါ၏။
သူကလင်းချီကျိုးကို ယခုအချိန်တွင်မသတ်နိုင်လျှင် လီဟမ်ရှမ်းပြန်လာပါက ပြသာနာအကြီးကြီး တက်ပြီဖြစ်သည်။ အနောက်တွင်ရှိနေသော လင်းချီကျိုးကလည်း အံ့ဩတကြီးဖြစ်နေပါ၏။
သူမှတ်မိတာက မမှားဘူးဆိုလျှင် ကျန်းရွှမ်တာအိုနယ်မြေသည် မဟာယွမ်မင်းဆက်၏ တပည့်များက စောင့်ကြပ်နေသော နယ်မြေဖြစ်ပါသည်။ဘယ်လိုဖြစ်ပြီး မဟာယွမ်မင်းဆက်ကလူတွေက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနယ်မြေကို လာပြီးတော့ ကာကွယ်နေရတာလဲ။
ဖြစ်နိုင်တာက လီဟမ်ရှမ်းက မဟာယွမ်မင်းဆက်ကလူတွေနဲ့များ သိကျွမ်းနေလို့လား။ လင်းချီကျိုးက ထိုအရာတခုကိုသာ ခန့်မှန်းနိုင်ပါ၏။
"လင်းချီကျိုး၊ဒီနေ့မင်းကံကောင်းသွားတယ်မှတ်ပါ။ငါ့ကိုစောင့်နေ။မူ့အိမ်တော်ကမင်းရဲ့အသက်ကိုအနှေးနဲ့အမြန်ယူတော့မှာပါကွာ"မူ့စမ်းကအခဲမကြေသော မျက်နှာထားနှင့် ထိုစကားများကို ချန်ခဲ့ပြီးနောက် ခပ်မြန်မြန်ပင် ထွက်ပြေးသွားပါတော့သည်။
"အကြီးအကဲဝမ်၊ ကျွန်တော်တို့ သူ့ကို လွတ်ပေးလိုက်မလို့လား။"လင်းချီကျိုးက ရုတ်တရက်မေးလိုက်ပါ၏။ ဝမ်ကွေ့ဖန်းက လင်းချီကျိုးကိုကြည့်ပြီးနောက် ပြောလိုက်ပါသည်။
"လီဟမ်ရှမ်း အဝေးကိုရောက်နေတဲ့အချိန်မှာ စစ်ဆေးရေးမှူးရုံးကလူတွေအန္တရာယ်မဖြစ်ဖို့အတွက် လုပ်ပေးရမှာ ကျုပ်တာဝန်ပဲ။ မြွေဖြူလမ်းမှာရှိတဲ့ ခင်ဗျားတို့ရဲ့ ရှုပ်ထွေးမှုတွေပြသာနာတွေကို ဖြေရှင်းဖို့က ကျုပ်တာဝန်မဟုတ်ဘူးလေ။
တကယ်လို့ကျုပ်သာဝင်ဖြေရှင်းလိုက်တယ်ဆိုလို့ရှိရင် မဟာ
ယွမ်မင်းဆက်က မြောက်ပိုင်းအေးခဲနိုငိငံတော်ရဲ့ဧကရာဇ်ကို ဘယ်လိုမျိုးပြန်ပြီး ဖြေရှင်းချက်ပေးရမှာလဲ။ မူ့အိမ်တော်နဲ့ ပတ်သတ်တဲ့ပြသာနာတွေကိုတော့ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဖြေရှင်းဖို့ လိုမယ်လို့ထင်တယ်ဗျ့။ "
ထိုသို့ပြောပြီးနောက်တွင် ဝမ်ကွေ့ဖန်းက တစ္ဆေတကောင်လိုမျိုး ပျောက်ကွယ်သွားခဲ့ပါ၏။
ထိုအခိုက်မှာပင် တုရှမ်းမြို့၏ မြို့တံခါးတွင် ရှိသော မြို့စောင့်တပ်က အမှောင်ရိပ်ထဲမှ တစ်စုံတစ်ခုက မြို့တံခါးသို့ ချဉ်းကပ်လာသည်ကို တွေ့မြင်လိုက်ရပါတော့၏။