အခန်း (၃၀၃)
Vol. 26 Ch. 303
သူယုံကြည်ရသော လူများထဲတွင် ကျန်းဖုကွမ်းက ပထမကို ချိတ်ဆွဲထားပါ၏။ ကျန်းဖုကွမ်းက သွေးအရိပ်ဂိုဏ်းက ထွက်လာပြီးနောက်ပိုင်းတွင် သူက လီချန်ချင်းနှင့် အတူတူ နေထိုင်နေခြင်းဖြစ်ပါသည်။
ထိုသူက လီချန်ချင်း၏ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ဝင်ရောက်နိုင်ခြေအများဆုံးသူလဲဖြစ်ပါသည်။ ထိုသူ၏ လုပ်ကြံဿတ်ဖြတ်နိုင်သည့်စွမ်းအားမှာ လွန်စွာ စွမ်းအားကြီးမားလှပြီး အဆင့်မြင့်ဆရာသခင်တပါးကိုပင် အလွယ်တကူ လုပ်ကြံသတ်ဖြတ်နိုင်သည်။ ထိုကဲ့သို့သောသူမျိုးမှာ အမှန်တကယ်ကို အသုံးဝင်မည် ဖြစ်ပါသည်။ သူက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို တကယ်ကို ကူညီနိုင်မည့်သူ ဖြစ်၏။
ဒုတိယယုံကြည်ရတဲ့လူကတော့ လီချန်ချင်းက စိတ်ထဲ၌ ရှိနေပြီးသားဖြစ်ပါသည်။ သူ၏သိုလှောင််လက်စွပ်ထဲမှ သစ်သားအပိုင်းအစ တစ်စကို ဆွဲထုတ်လိုက်ပါ၏။ ထို့နောက်တွင် သူက ပန်းပုထုရန်အတွက် သူ၏ တူ၊ ဆောက်နှင့် ဓားများကိုထုတ်ယူလိုက်ပါသည်။ ထို့နောက်တွင် ပန်းပုထုရန်အတွက်စတင်၍ ပြင်ဆင်လိုက်ပါ၏။
သူက ကျန်းဖုကွမ်းအား သူ၏အင်အားစု လက်အောက်သို့ သွတ်သွင်းချင်ပါက ပါးစပ်ကနေပြီးတော့ ကတိပေးခြင်းထက် လက်ဆောင်တစ်ခုပေးခြင်းက ပိုပြီးသင့်တော်သည် မဟုတ်ပါ့လား။ မနက်မှ ညနေထိတိုင်အောင် လီချန်ချင်းက ဂရုတစိုက်နှင့် ပန်းပုထုနေခဲ့ပါသည်။
“ဒေါက် ဒေါက် လူကြီးမင်း ညစာစားဖို့အချိန်ရောက်လာပြီ။ လူကြီးမင်း ဒီနေ့တစ်နေကုန် ဘာမှ မစားရသေးဘူးလေ”
ကျန်းဖုကွမ်းကတံခါးကိုခေါက်လိုက်ပါသည်။ သူပြောလိုက်သည့်အချိန်မှာပင် တံခါးကအလိုလိုပွင့်သွားခဲ့၏။ ထိုဖြစ်ရပ်ကြောင့် ကျန်းဖုကွမ်းက လန့်ဖျန့်သွားပါသည်။ ထို့နောက်တွင် သူကလီချန်ချင်း၏အသံကို အတွင်းမှကြားလိုက်ပါ၏။
“ဖူကွမ် အထဲကို ဝင်ခဲ့ပါဦး” ကျန်းဖုကွမ်းက အတွင်းသို့ ဝင်လိုက်သောအခါတွင် ကြမ်းပြင်အနှံ့ သစ်သားအပိုင်းအစများပျံ့ကျဲနေသည်ကို သူသိလိုက်ရပါသည်။ အခန်းမှာ ရှုပ်ပွနေပါ၏
လီချန်ချင်းက အနည်းငယ် အားနည်းနေသည့်ပုံစံဖြင့် ထိုင်ခုံတစ်လုံးတွင်ထိုင်နေပါသည်။
“လူကြီးမင်း အဆင်ပြေရဲ့လား” ကျန်းဖုကွမ်းက သတိထားပြီးမေးလိုက်ပါ၏။
“ကျုပ် အဆင်ပြေတယ်”လီချန်ချင်းက ကျန်းဖုကွမ်းအား ကြည့်ကာပြောလိုက်၏။
“ကျုပ်မှာ ခင်ဗျားကို အရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ခုမေးဖို့ရှိတယ်။ပြီးတော့ ခင်ဗျားရဲ့ အမြင်ကိုလဲ ကျုပ်ကြားချင်တယ်ဗျ”
“ ကျုပ်ကို ကျေးဇူးပြုပြီးတော့ပြောပါ လူကြီးမင်း” ကျန်းဖုကွမ်းကလဲ တည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။ လီချန်ချင်း၏ လေသံထဲမှ လေးနက်မှုကိုခံစားရသောကြောင့် သူကလဲ တည်ကြည်စွာဖြင့်ပြောလိုက်ပါသည်။
“စန်းယွမ်တိုက်ကြီးက အခုအချိန်ကစပြီးတော့ အေးဆေးတော့မှာ မဟုတ်ဘူး။ အရှုပ်အထွေးတွေများလာပြီ။ ဒီနေရာမှာ အသက်ရှင်သန်နိုင်ဖို့အတွက် လူတစ်ယောက်က ဘက်ကိုရွေးရတော့မယ်။ ဒါပေမဲ့ငါ လီချန်ချင်းက တခြားလူတွေအတွက်အလုပ်လုပ်ပေးတာ မကြိုက်ဘူး။ ဝါသနာလဲမပါဘူး”
လီချန်ချင်းက တစ်ခဏမျှရပ်တန့်လိုက်ပြီး ကျန်းဖုကွမ်းကိုကြည့်လိုက် သူကဆက်လက်၍ပြောလိုက်ပါ၏။
“ ကျုပ်ပြောတာကို ခင်ဗျားနားလည်လား” ကျန်းဖုကွမ်းက တစ်ခဏမျှတိတ်သွားပြီးနောက် ခေါင်းငြိမ့်ပါ၏
“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကိုငါတည်ထောင်ခဲ့တာပဲ။ ဒါပေမဲ့ သူက အရမ်းကိုအားနည်းလွန်းတယ်။ စန်းယွမ်တိုက်ကြီးရဲ့ အခုနောက်ပိုင်းလှုပ်ရှားမှုတွေရဲ့အောက်မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဆက်လက်ပြီးတည်ရှိနိုင်ပါ့မလားဆိုတာကို ငါမသေချာဘူး”
“ အာ့ကြောင့်မို့ ငါမင်းကိုမေးချင်တယ် ဖူကွမ်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ အင်အားစုထဲကို မင်းဝင်လိုလား။ ငါမင်းရဲ့အကူအညီကိုလိုတယ်” လီချန်ချင်းက မေးလိုက်ပါ၏။
ထိုစကားကိုကြားပြီးသည့်နောက်တွင် ကျန်းဖုကွမ်းက ချက်ချင်းကြီး သဘောမတူပါချေ။ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက်တွင် ကျန်းဖုကွမ်းက ခေါင်းခါပြီးပြောလိုက်၏။
“ လူကြီးမင်း ချန်ချင်း ကျုပ်က သွေးအရိပ်ဂိုဏ်းကနေ ထွက်လာတယ်ဆိုတာက သတ်ဖြတ်ရတဲ့ဘဝကို ကျုပ်အရမ်း စိတ်ကုန်လာလို့ပဲ။ အာ့ကြောင့်မို့ ကျုပ်က ဘယ်အင်အားစုကိုမှ မဝင်ချင်ဘူး။ ကျုပ်ဖြစ်ချင်တာက ကျုပ်သမီးလေးနဲ့အတူတူ သာမန်ဘဝလေး ရိုးရှင်းတဲ့ဘဝလေးမှာပဲ နေချင်တာ”
“ ငါ နားလည်ပါတယ်”
ကျန်းဖုကွမ်းက ငြင်းဆန်မည်ဟု လီချန်ချင်းက လုံးဝမထင်ထားခဲ့မိပါ။
“ကျုပ်က လူကြီးမင်းချန်ချင်းရဲ့အနားမှာနေတယ်ဆိုတာက လူကြီးမင်းချန်ချင်းကို အကြွေးပြန်ဆပ်နေတာပါ”
ကျန်းဖုကွမ်းက ရင်ထဲကပါသောလေသံနှင့်ပြောလိုက်ပါသည်။
“သွေးအရိပ်ဂိုဏ်းကနေ ကျုပ် ယောင်ယောင်နှင့်အတူထွက်လာပြီးနောက်ပိုင်းမှာ လမ်းတစ်လျှောက်လုံးမှာတိုက်ပွဲတွေအများကြီးကိုကြုံတွေ့ခဲ့ရတယ်။
အခက်အခဲတွေအများကြီးကိုလည်း ကြုံတွေ့ခဲ့ရတယ်။ ယောင်ယောင်ကလဲ ကျုပ်နဲ့အတူတူ ကြမ်းတမ်းမှုတွေ ခက်ခဲမှုတွေ တွေ့ခဲ့ရတာ။ ကျုပ်တို့ကဗိုက်အရမ်းဆာပြီးတော့စားသောက်စရာဘာမျှ မရှိဘူး။”
“ ကျုပ်ရဲ့သတ်ဖြတ်နိုင်တဲ့စွမ်းအားကိုအသုံးပြုပြီးတော့ တစ်ခြားလူတွေစီကနေပြီးတော့ မလုယက်ချင်ဘူးဗျာ။အဲလိုမျိုးနည်းနဲ့ ရလာတဲ့အစားအသောက်တွေကို ယောင်ယောင့်ကိုကျုပ် မကျွေးချင်ဘူး။ နောက်ပိုင်းမှာ ကျုပ်တို့ ချန်ထင်မြို့ကိုရောက်လာခဲ့တယ်။အဲဒီအချိန်မှာ ယောင်ယောင်က ဗိုက်အရမ်းဆာပြီးနောက် ပေါက်စီတွေကို ခိုးမယ်လို့ကျုပ်မထင်ထားခဲ့မိဘူးလေ။အဲဒီအချိန်တုန်းက ကျုပ်က တစ်ကယ်ကို ပြောစရာစကားမရှိတော့ဘူးဗျာ။အဲလိုမျိုးအခက်အခဲတွေဖြစ်နေတဲ့အချိန်မှာ ကျုပ်တို့ကို ကယ်ခဲ့တာက လူကြီးမင်း ချန်ချင်းပဲလေ”
“အဲဒီနေ့တုန်းက လူကြီးမင်းချန်ချင်းက ယောင်ယောင့်ကို ပေါက်စီ တစ်ဆယ့်နှစ်လုံးပေးခဲ့တယ်။အဲဒီနောက်ပိုင်းမှာ ကျုပ်က လူကြီးမင်းချန်ချင်းနေတဲ့နေရာကိုရှာတွေ့ခဲ့တယ်။ပြီးတော့ ယန်မိသားစုအိမ်တော်မှာ လူကြီးမင်းချန်ချင်းနဲ့တူတူနေပြီးတော့ လူကြီးမင်းချန်ချင်းရဲ့ခြံဝန်းကို သန့်ရှင်းရေးလုပ်ပေးခဲ့တယ်”
“တစ်ကယ်တော့ကျုပ်က လူကြီးမင်းချန်ချင်းရဲ့ ကြင်နာမှုကို ပြန်သိတတ်ချင်တာပါ။ လူကြီးမင်းချန်ချင်းပေးခဲ့တဲ့ ပေါက်စီ တစ်ဆယ့်နှစ်လုံးရဲ့ ကြင်နာမှုကိုပေးဆပ်ချင်တာပါ။အဲကတည်းက ကျုပ်က ဆုံးဖြတ်ချက် ချခဲ့တယ်။လူကြီးမင်းချန်ချင်းရဲ့ကြင်နာမှုကို ပေးဆပ်တဲ့အနေနဲ့ လူကြီးမင်းချန်ချင်းအတွက် လူဆယ့်နှစ်ယောက်ကို သတ်ပေးမယ်လို့ကျုပ်ကတွေးခဲ့တယ်”
“ကျုပ်ရဲ့ကျေးဇူးဆပ်ပြီးသွားလို့ရှိရင် ကျုပ်က ယောင်ယောင့်ကို ခေါ်ပြီးတော့တိတ်ဆိတ်တဲ့နေရာလေးမှာ တိတ်ဆိတ်တဲ့ ဘဝလေးနဲ့ပဲနေတော့မယ်။စန်းယွယ်တိုက်ကြီးမှာ ဖြစ်နေတဲ့ကိစ္စရပ်များဟာ ကျုပ်နဲ့မသက်ဆိုင်တော့ဘူးဗျာ။ဟိုင်မိသားစုရဲ့ ဟိုင်စုန့်ထောင်၊ အမည်ပျက်စာရင်းက မူလအဆင့် ဆရာနှစ်ယောက် ပြီးတော့ ဆုမိသားစုက အဆင့်မြင့်ဆရာသခင် တစ်ယောက် သူတို့အားလုံးကို ကျုပ်ကသတ်ခဲ့တာ”
“လက်ရှိမှာ ကျုပ်က လူကြီးမင်းအတွက်လူ လေးယောက်သတ်ခဲ့ပြီးသွားပြီ။အဲဒါတောင်မှ လူရှစ်ယောက်ကို သတ်ပေးဖို့ကျန်နေသေးတယ်။အဲဒီလူရှစ်ယောက်ကို သတ်ဖြတ်ပြီးသွားလို့ရှိရင် ကျုပ်က လူကြီးမင်းကိုနှုတ်ဆက်ပြီးတော့ ကိုယ့်လမ်းကို သွားတော့မှာပဲ”
ကျန်းဖုကွမ်းက လွန်စွာရိုသေစွာဖြင့်ပြောလိုက်ပါ၏။ကျုပ်ကို ခွင့်လွှတ်ပေးပါ လူကြီးမင်းခင်ဗျား။ကျန်းဖုကွမ်း၏ စကားကိုကြာပြီးသောအခါ လီချန်ချင်းက တိတ်ဆိတ်သွားခဲ့ပါ၏။ကျန်းဖုကွမ်းက သူ့ကို ထိုကဲ့သို့သောအတွေးနဲ့နောက်ကလိုက်နေသည်ဟု သူလုံးဝမထင်ထားခဲ့ပါချေ။
ထိုပေါက်စီများ၏ အကြွေးကိုပြန်ပေးဆပ်လိုသည်ဟုသူမထင်ခဲ့မိပါ။ ဒါပေမဲ့ လူတိုင်းမှာတော့ သူတို့ယုံကြည်ရာကိုယ်စီ ရှိကြသည်မဟုတ်ပါလား။
လီချန်ချင်းက တစ်ခြားတစ်စုံတစ်ဦးကို သူတို့မလုပ်လိုသော အရာအတွက်အတင်းအကျပ် တိုက်တွန်းကာ လုပ်ခိုင်းမည်မဟုတ်ပါချေ။
“အဲဒါလဲအဆင်ပြေပါတယ်”
လီချန်ချင်း၏အကြည့်ကဖျော့တော့သွားခဲ့ပါသည်။ သူကတစ်ချက်ပြုံးလိုက်သည်။
“အမှန်တစ်ကယ်ပြောရမယ်ဆိုလို့ရှိရင် အဲဒီ ကြင်နာမှုအတွက်ပေးဆပ်စရာမလိုပါဘူး။ အဲဒါကပေါက်စီလေးပါပဲ။မင်း ယောင်ယောင့်ကိုခေါ်ပြီးတော့ တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပြီး ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်ဆိုရင် ဒါကသိပ်ကိုကောင်းတာပဲ။ အခုကတည်းကသွားလို့ရပါတယ်”
“ကျုပ်က အဲဒီကြင်နာမှုကို ပြန်ပေးဆပ်မှကိုရမယ်။ဒါ ကျုပ်ရဲ့စည်းမျဉ်းစည်းကမ်းပဲ
“ပြီးတော့ လူကြီးမင်းကိုအန္တာရာယ်ပြုမဲ့ အဲဒီနှစ်ယောက်ကို အသိမပေးဘဲ သတ်ဖြတ်လိုက်တဲ့အတွက်ကြောင့်မို့ခွင့်လွှတ်ပါ။ အဲဒီလူတွေက လူကြီးမင်းအတွက် လုံးဝခြိမ်းခြောက်မှုမဟုတ်ဘူးဆိုတာသိပါတယ်။ အဲဒီလူတွေကို ကျုပ်ကစိတ်မရှည်ဘဲ ကိုယ့် သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချပြီးလုပ်ခဲ့မိတာပါ”
ကျန်းဖုကွမ်းက ဒူးတစ်ဖက်ထောက်ပြီး လီချန်ချင်းအားတောင်းပန်လိုက်ပါ၏။
“အော်...အဲလိုပြောစရာမလိုပါဘူး။လီချန်ချင်းက ခေါင်းကိုခါလိုက်ပါသည်။ မင်းကငါ့ကို တစ်ကယ်ကူညီပေးခဲ့တာပဲ။ ဆု မိသားစုရဲ့ အဆင့်မြင့်ဆရာသခင်က မင်းလက်ထဲမှာသေသွားတယ်ဆိုတာ ငါမထင်ထားလိုက်မိဘူး”
“အဲဒီအချိန်တုန်းက ကျုပ်က ယန်မိသားစုအိမ်မှာ မရှိနေတာ။ ယန်မိသားစုအိမ်မှာ ကျုပ်မရှိတဲ့အချိန် သူတို့ ရောက်လာလို့ရှိရင် ယန်မိသားစုဝင် တွေအကုန်လုံးက သေရင်သေသွားရနိုင်တယ်”
“မင်းလုပ်ခဲ့တာ ကောင်းပါတယ်။ အဲဒါကြောင့်မို့လို့ ဒူးမထောက်ပါနဲ့။ထပါ ထပါ”
“ကျေးဇူးတင်ပါတယ် လူကြီးမင်း”
ကျန်းဖုကွမ်းက မတ်တပ်ထရပ်လိုက်ပါသည်။
“မင်းရဲ့ရွေးချယ်မှုကို ငါက လေးစားပါတယ်”
လီချန်ချင်းက အနည်းငယ်မျှနောင်တရ နေခဲ့ပါ၏။ သို့သော် လူတိုင်းက သူတို့ဘဝအတွက်ဆုံးဖြတ်ချက်ကိုယ်စီရှိသည်မဟုတ်ပါလား။
“ကျန်ရှိနေသေးတဲ့ ကြင်နာမှုကိုကျေးဇူးဆပ်ဖို့အတွက် ကျုပ်ကို ခွင့်ပြုပေးပါဦး”
ကျန်းဖုကွမ်းက ရင်ထဲမှ လာသောလေသံဖြင့်ပြောလိုက်၏။
“ကောင်းပြီလေ”လီချန်ချင်းက ခေါင်းညိတ်လိုက်ပါသည်။
“ငါ့မှာတစ်ကယ်ကို ဖြေရှင်းစရာတွေပေါ်လာရင် မင်းကိုပြောပါ့မယ်။ ပြီးတော့ ဒါကို ယူလိုက်”
လီချန်ချင်းကတစ်နေကုန်သူလုပ်ထားသော ပန်းပုအား ကျန်းဖုကွမ်းအား ပေးလိုက်ပါ၏။
ကျန်းဖုကွမ်းက လီချန်ချင်းပေးလိုက်သော အရာကိုကြည့်ပြီး အံဩသွားခဲ့ပါသည်။ထိုအရာမှာ ဗုဒ္ဓ မီးအိမ်တစ်ခုဖြစ်ပြီး သစ်သားမှ ပန်းပုထုထားခြင်းဖြစ်ပါသည်။
ပန်းပုထုထားသူမှာ လီချန်ချင်းဖြစ်ကြောင်းကို လက်ရာကိုကြည့်လိုက်သည်နှင့် ကျန်းဖုကွမ်းက တန်းသိပါ၏။ လီချန်ချင်း၏လက်ရာမှာ လွန်စွာလက်ရာမြောက်သည်။
ဗုဒ္ဓ မီးအိမ်၏ မီးတောက်များပင်လျင် အရုပ်နှင့်မတူဘဲ အသက်ဝင်နေသကဲ့သို့ဖြစ်နေခဲ့ပါသည်။ကျန်းဖုကွမ်း၏လက်ထဲသို့ ထိုပန်းပုရောက်သွားသည်နှင့် ကျန်းဖုကွမ်း၏ အမူအရာမှာချက်ချင်းကိုပြောင်းလဲသွားခဲ့ပါသည်။အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲရှိ ပန်းပုရုပ်ထုမှာ ရတနာတစ်ခုဖြစ်သည်ကို ကျန်းဖုကွမ်းက သိလိုက်ရ၍ဖြစ်သည်။
“ပန်းချီရတနာပဲ”
ကျန်းဖုကွမ်းက အလန့်တကြားအော်လိုပါပါ၏။
“ဟုတ်တယ်အဲဒါ မင်းအတွက်ပဲ”
လီချန်ချင်းကပြောလိုက်၏။
“ဒီဗုဒ္ဓ မီးအိမ်ကမင်းအတွက်ပဲ။ ပြီးတော့ မင်းရဲ့စွမ်းအားတွေနဲ့ပိုပြီးတော့သင့်တော်တယ်” လီချန်ချင်းက လက်တစ်ဖက်ဝှေ့လိုက်ပြီးနောက် ကျန်းဖုကွမ်း၏ လက်ထဲတွင်ရှိသော ဗုဒ္ဓမီးအိမ်ကို ကောင်းကင်ထက်သို့ပျံသန်းသွားစေခဲ့၏။
ဗုဒ္ဓမီးအိမ်မှာ ကောင်းကင်ထက်သို့ပျံသန်းသွားပြီးနောက်တွင် ပျောက်ကွယ်သွားခဲ့သည်။နောက်တစ်ခေါက်တွင်ကျိဝူ မြို့ကြီးတစ်ခုလုံးမှာ ကြီးကြီးမားမားပြောင်းလဲသွားခဲ့ပါတော့သည်။
ရုတ်တရက် လောကကြီးတစ်ခုလုံးမှာ နေ့မှ ညအဖြစ်သို့ပြောင်းလဲသွားပြီး ကျိဝူမြို့ကြီးတစ်ခုလုံးမှာ မှောင်မိုက်သွားပါ၏။
ထိုအရာမှာ ဗုဒ္ဓမီးအိမ်ရတနာမှ ပြုလုပ်လိုက်ခြင်းဖြစ်ပါသည်။ကျိဝူမြို့တွင်ရှိသောသူများက ကောင်းကင်ကို အလန့်တကြားဖြင့်မော့ကြည့်လိုက်ကြပါ၏။
လက်ရှိအခြေအနေမှာ နေ့ခင်းကြောင်တောင်ကြီးဖြစ်နေတာတောင်မှ ဘယ်လိုဖြစ်ပြီးတော့ည သန်းခေါင်လိုမျိုးမှောင်မဲသွားရတာလဲ။
ကျန်းဖုကွမ်းမှာလည်းထိုမြင်ကွင်းကြောင့် အံ့ဩသင့်သွားခဲ့ပါ၏။
ဒီရတနာက တစ်ကယ်ကိုစွမ်းအားကြီးတာပဲ။ ကျန်းဖုကွမ်းက ဘာစကားပြောရမှန်းကို မသိဖြစ်နေပါသည်။ ထိုရတနာမှာ သူနှင့်လုံးဝကိုအတိအကျ လိုက်ဖက်ညီနေပါတော့သည်။
သူ၏စွမ်းအားမှာ အရိပ်ထဲတွင် ပုန်းအောင်းနိုင်ခြင်းဖြစ်ပါ၏။သူ၏စွမ်းအားကိုနားလည်သောရန်သူက သူကိုတိုက်ခိုက်မည်ဆိုလျှင် နေ့ဘက်မှာ တိုက်ခိုက်မည်ဖြစ်သည်။နေ့ဘက်မှာဆိုလျင်သူ၏စွမ်းအားကလုံးဝကို အသုံးမဝင်လုနီးပါးဖြစ်နေခဲ့ပါ၏။
တစ်ဖက်သူအား လုပ်ကြံသတ်ဖြတ်ရန် တော်တော်ကြီးကိုခက်ခဲပါလိမ့်မည်။နေ့ခင်းဘက်တွင် အရိပ်က အကန့်အသတ်နဲ့ရှိသောကြောင့် သူ့ကိုပင်တစ်ဖက်လူက သတ်ဖြတ်သွားနိုင်သည်မဟုတ်ပါလား။မသတ်ဖြတ်နိုင်ရင်တောင်မှ သူက သေလုမြောပါးဒဏ်ရာရသွားနိုင်၏။
ဒါပေမဲ့ ထိုရတနာနှင့်ဆိုလျှင် လောကကြီးတစ်ခုလုံးကို အမှောင်ထုဖြစ်အောင်လုပ်ဆောင်နိုင်ပြီး သူ့အတွက် အားသာချက်ကြီးကြီးမားမားပင်ဖြစ်၏။လောကကြီးတစ်ခုလုံးအမှောင်ထုဖြစ်သွားလျင် သူ၏နယ်မြေပင်မဟုတ်ပါလား။
သူ့ကိုအမှောင်ထုထဲတွင်လိုက်ရှာရန်မှာ မဖြစ်နိုင်လုနီးပါးပင်ဖြစ်၏။ထိုကဲ့သို့သောရတနာမှာ သူနှင့်တိုင်း၍ ကွက်တိပင် လုပ်ထားသကဲ့သို့ဖြစ်၏။
“ဝှစ် ...”
ကောင်းကင်မှာ ချက်ချင်းပင်ပြန်လင်းလာခဲ့ပါ၏။ဗုဒ္ဓမီးအိမ်မှာ လီချန်ချင်း၏လက်ထဲသို့ပြန်လည်ဆင်းသက်လာခဲ့ပါ၏။လီချန်ချင်းက ကျန်းဖုကွမ်းအား ကမ်းပေးလျက်ပြောလိုက်ပါသည်။
“ဒီရတနာ နဲ့ဆိုလျင်မင်းရဲ့ ခွန်အားက နောက်တစ်ဆင့်ကို ခုန်တက်သွားပြီပဲ”
“ဒါပေမဲ့ လူကြီးမင်း ဒီလိုတန်ဖိုးကြီးရတနာကို ကျုပ် ကျုပ် …”
ကျန်းဖုကွမ်းက ခပ်မြန်မြန်ပင် ငြင်းဆန်လိုက်ပါ၏။ ထိုပန်းချီရတနာ၏ တန်ဖိုးကို ကျန်းဖုကွမ်းက နားလည်ခဲ့ပါ၏။ ထိုရတနာမှာ မြို့တစ်မြို့နဲ့ပင်တန်သည်ဟုဆိုရပါ၏။သာမန်ပန်းချီရတနာတစ်ခုပင်လျှင် လွန်စွာဈေးကြီးလှပေသည်။လီချန်ချင်းလိုမျိုး စွမ်းအားကြီးမားတဲ့သူကိုယ်တိုင်ထုလုပ်ထားသည့် စွမ်းအားကြီးရတနာက တန်ဖိုးမဖြတ်နိုင်လောက်အောင်ဖြစ်သောကြောင့်
ကျန်းဖုကွမ်းက လုံးဝ လက်မခံနိုင်ခဲ့ပါ။ကျန်းဖုကွမ်း၏ တုန့်ဆိုင်းနေမှုကိုနားလည်သော လီချန်ချင်းကလဲ ရိုးရှင်းစွာ ပြောလိုက်ပါ၏။
“အခုလောလောဆယ်တော့ မင်းလိုလိမ့်မယ်။တစ်နေ့ကျရင် မင်းရဲ့တာဝန်ကို မင်းပြီးဆုံးသွားရင်တော့ မင်းထွက်သွားရင် ဒီပန်းချီရတနာကို မင်းထားခဲ့လိုက်လေ”
“ကောင်းပါပြီဗျာ။ လီချန်ချင်းက ထိုကဲ့သို့ပြောလိုက်ပြီးနောက်ပိုင်းတွင်တော့ ကျန်းဖုကွမ်းက ဆက်လက်၍မငြင်းဆန်တော့ပါချေ”
သူက လီချန်ချင်း၏လက်အောက်တွင် ကျန်ရှိနေသော အချိန်ကာလအတွင်း အလုပ်လုပ်ရမည်ဆိုပါက သူကြုံတွေ့ရမည့် ရန်သူများမှာလည်း ရိုးရှင်းမည်မဟုတ်ပါချေ။
သူက ဤရတနာကို မဖြစ်မနေလိုအပ်လာမည်ဖြစ်ပါ၏။ ထိုရတနာနှင့်ဆိုလျင် သူ၏ လုပ်ကြံသတ်ဖြတ်မှုမှာ အောင်မြင်နိုင်ချေပိုများလာမည်ဖြစ်ပါသည်။
ထို့အပြင်ကျန်းဖုကွမ်းက ထိုရတနာကို လွန်စွာ ကြိုက်နှစ်သက်လှပါ၏။
“လူကြီးမင်း ဒီပန်းချီရတနာရဲ့နာမည်ကို ဘယ်လိုခေါ်လဲဗျ”
ကျန်းဖုကွမ်းက ဗုဒ္ဓမီးအိမ်၏ ရတနာအမည်ကိုသိလိုပါ၏။
“နာမည်လား” လီချန်ချင်းက အနည်းငယ် ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါသည်။
သူ၏ပန်းချီရတနာများမှာ တစ်ခြားသော ရတနာများနှင့်ကွာခြားလှပါ၏။ အခြားသောပန်းချီရတနာများမှာ ပန်းချီကားချပ် ပါဝင်ပါသည်
ဒါပေမဲ့သူ့ဟာက တော့သစ်သားရုပ်ထုမဟုတ်ပါလား။၎င်းတို့ကို ပန်းပုရတနာဟုခေါ်ခြင်းကပို၍သင့်တော်ပါ၏။ဒါပေမဲ့ ထိုနာမည်ကြီးက နည်းနည်းတော့ ခေါ်ရခက်နေပါသည်။
နာမည်နဲ့ပတ်သက်တာကတော့ လီချန်ချင်း မတွေးရသေးပါ။
ဗုဒ္ဓမီးအိမ်မှာ ဘုန်းကြီးကျောင်းများ၏ခေါင်မိုးနံရံတွင် ချိတ်ဆွဲ လေ့ရှိသောမီးအိမ်ကို သူက ပုံတူကူးကာ ထုလုပ်လိုက်ခြင်းဖြစ်ပါသည်။
“သူ့ကို မီးအိမ်အောက်က အမှောင်ထု” လို့ပဲခေါ်လိုက်ကြတာပေါ့။
လီချန်ချင်းက ပုံမှန်သံဖြင့်ပြောလိုက်၏။
“မီးအိမ်အောက်ကအမှောင်ထု?”
ကျန်းဖုကွမ်း၏နှုတ်ခမ်းများမှာတွန့်ကွေးသွားပါ၏။
ဒီနာမည်ကြီးက အရမ်းကို သာမန်ဆန်နေတယ် မဟုတ်ဘူးလား။
“ကောင်းလိုက်တဲ့နာမည်ပဲဗျာ”
ကျန်းဖုကွမ်းက ဟန်ဆောင် ကာ ချီးမွန်းလိုက်ပါ၏။
ကျိဝူမြို့၏ သာမန်လူများသည်ကောင်းကင်ကြီးမှာ မှောင်နေရာမှ ပြန်လင်းသွားသည်ကိုတွေ့လိုက်ရသောကြောင့်လွန်စွာ အံ့ဩသင့်သွားခဲ့ပါ၏။
“ရုတ်တရက် ဘာတွေဖြစ်ကုန်တာတုန်း”
လုံဟောင်ချန်းပင်လျှင် ကောင်းကင်ကိုကြည့်ပြီးနောက်ထူးဆန်းသောအမူအရာဖြစ်နေခဲ့ပါ၏။
“ခုလေးတင်ဖြစ်သွားတဲ့ဟာကြီးက ဘာကြီးတုန်း”
မြွေဖြူလမ်းကြောင်းတွင်တော့ လီဟမ်ရှန်း၏သေဆုံးမှုက မြို့တစ်မြို့လုံးသို့ပျံ့နှံ့သွားခဲ့ပါသည်။နေရာအနှံ့ အုတ်အော်သောင်းနင်းများလဲဖြစ်နေခဲ့ပါ၏။ယခုအချိန်တွင်တော့ ဝူစန်းထောင်က လီဟမ်ရှန်း ၏သေဆုံးမှုကိုလက်ခံလိုက်ပြီဖြစ်ပါ၏။
လင်းချီကျိုးမှာမူ ဒေါသူပုန်ထနေပြီးနောက် လီဟမ်ရှန်းအတွက် လက်စားချေပေးမည်ဟု တွေးလိုက်ပါ၏။
စစ်ဆေးရေးမှုးရုံး၏အဓိကခန်းမတွင် အခေါင်းတစ်ခေါင်းမှာ ပြင်ဆင်ထားပါသည်။
ထိုအခေါင်းထဲတွင်တော့ လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှာ လဲလျောင်းနေခဲ့ပါ၏။ လီဟမ်ရှန်း၏သေဆုံးမှုကိုကြားသော တူးရှန်းမြို့၏ မြို့သူမြို့သားများက စစ်ဆေးရေးမှူး ရုံးသို့လာပြီး လီဟမ်ရှန်း၏ နာရေးကိုပို့ဆောင်ပေးကြပါ၏။မြွေဖြူလမ်းကြောင်း၏ စစ်ဆေးရေးမှူးရုံးကို ယာယီကာကွယ်ပေးရမည်ဖြစ်သော ဝမ်ကွမ်ဖန်း ပင်လျှင် လီဟမ်ရှန်း၏သေဆုံးမှုကိုကြားပြီးနောက်တွင် ထိတ်လန့်သွားခဲ့ပါ၏။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက တပည့်တစ်ဦးက မြွေဖြူလမ်းတွင်သေဆုံးသွားတယ်တဲ့လား။ ဒီပြဿနာကတော့ လွယ်လွယ်နဲ့ပြီးတော့မှာမဟုတ်ဘူး။
စစ်ဆေးရေးမှူးရုံးတစ်ရုံးလုံးက အဖြူရောင် ဝတ်စုံများဝတ်ဆင်ထား၏။ ရမ်ဝမ်းဟိုက သက်ပြင်းဖျော့ဖျော့ကို ချလိုက်ပါသည်။သူကလွန်စွာအသက်ကြီးနေပြီဖြစ်၏။ ယခု လိုမျိုးနောက်ထပ်ငယ်ရွယ်သော စစ်ဆေးရေးမှူးတစ်ဦး သူ့ထက်အရင် သေဆုံးသွားမည်ကိုမမျှော်လင့်ထားခဲ့မိပါချေ။
ထိုသတင်းပျံ့သွားသည့်အခါတွင် ဟွာအိမ်တော်နှင့်မူအိမ်တော် တို့ကတော့ လွန်စွာပျော်ရွှင်နေသည်ဖြစ်၏။
သူတို့ကလီဟမ်ရှန်းကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုအဖြေရှာမရဖြစ်နေစဉ် မှာပင် လီဟမ်ရှန်းက သေသွားပြီမဟုတ်ပါလား။ဒါကသူတို့အတွက် သတင်းကြီးပင်ဖြစ်ပါသည်။ အနာဂတ်မှာ မြွေဖြူလမ်းက သူတို့၏အုပ်ချုပ်မှုအောက်ကို ပြန်လည်ရောက်ရှိပြီဖြစ်သည်။
ဝမ်ကွေ့ဖန်း ထွက်သွားသည်နှင့်သူတို့က စစ်ဆေးရေးမှူးရုံးကို လုံးဝ ဖျက်စီးမည် ဟု ဟန်ပြင်နေကြပါသည်။ စစ်ဆေးရေးမှူးရုံးကို တစ်ချိန်တုန်းကလိုမျိုး ရုပ်သေးရုပ်ဖြစ်အောင်သူတို့က အသုံးချတော့မည်ဖြစ်၏။နောက်ရောက်လာမည့် စစ်ဆေးရေးမှူးက လီဟမ်ရှန်း လိုမျိုးစွမ်းအားကြီးမားပြီး ခေါင်းမာမည်ဟု မထင်ထားခဲ့ပါချေ။
နောက်ရောက်လာမဲ့စစ်ဆေးရေးမှူးက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ဟွာအိမ်တော်နဲ့ မူအိမ်တော်ကို ဆန့်ကျင်လို့ရှိရင် လီဟမ်ရှန်းလိုမျိုးဘဝ ရောက်သွားမယ်ဆိုတာကို ကောင်းကောင်းငါတို့သတိပေးရမယ်။
မူအိမ်တော်ကမူစန်းက ထိုအချိန်တုန်းကတော့ အရမ်းကိုပျော်ရွှင်ပြီး ကျေနပ်နေခဲ့ပါသည်။
စာစဉ် ၂၆ ပြီး…