မုန်တိုင်း
Vol. 49 Ch. 721
"ဟား..ဟားဟား..ဟားး"
ထိုသည်ကိုကြည့်ပြီး မျောက်က မအောင့်အည်းနိုင်တော့ဘဲ သူ၏ဗိုက်ကိုလက်ဖြင့်ဖိနှိပ်ကာ ဟားတိုက်ရယ်မောလိုက်လေသည်။
"အသက်သုံးရှိုက်စာဘဲလား..."
"ငါထင်တာတော့ သူက အထဲကိုရောက်ရောက်ချင်း ပြန်ထွက်လာတာဘဲ..."
"ရွှေခြင်္သေ့... မင်းကအဲ့လောက်တောင် မြန်တာလား..."
မျောက်နှင့်အခြားသူများ၏ လှောင်ပြောင်ရယ်မောသံများကို ကြားလိုက်ရချိန်မှာတော့ သူက အရူးလုပ်ခံလိုက်ရပြီဖြစ်ကြောင်း ရွှေခြင်္သေ့သည် နောက်ဆုံးနားလည်သွားပြီး သူတို့ကို အလွန်တရာ ခါးသက်စွာဖြင့် စိုက်ကြည့်လိုက်လေသည်။
သို့သော်လည်း ထိုကိစ္စကိုတောင်းဆိုခဲ့သည်မှာ သူကိုယ်တိုင်ပင် ဖြစ်ပြီး အခြားဘယ်သူ့ကိုမှ အပြစ်သွားတင်လို့မရပေ။
ရွှေခြင်္သေ့၏မျက်လုံးများထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင်များက ရှိနေသေးပြီး သူက ညဝိညာဥ်၏ နောက်ကျောကို ငေးကြည့်လိုက်လေသည်။
ဤလူက အရမ်းကိုကြောက်စရာကောင်းလွန်းလှလေသည်။
စောစောက ကျင့်ကြံရေးအခန်းထဲမှာတုန်းက ညဝိညာဥ်က တစ်ချီအတွင်း သူ့ကို ဖိနှိမ်ခဲ့လေသည်။
ဒါ့အပြင် သူတို့က သွေးသောက်ညီကိုများသာ မဟုတ်ကြဘူးဆိုလျှင် သူကဤသံတံခါးကြားမှာ ညပ်နေသော အေးစက်စက်အလောင်းတစ်လောင်း ဖြစ်နေပြီဆိုတာကို ရွှေခြင်္သေ့ ကောင်းကောင်းနား လည်ထားလေသည်။
အဲ့ဒါက ဘယ်လိုလုပ်ကလေးဖြစ်မှာလဲ။ သူက နတ်ဆိုးဘဲ...။
ရွှေခြင်္သေ့က အော်ငိုချင်မိလေသည်။
"ညိဝိညာဥ်လေး... နှစ် ၂၀ ကြာပြီးတဲ့နောက် နင်ကပိုပြီးတော့ အစွမ်းထက်လာတာဘဲ"
ချင်ချင်က ပြုံးနေလေသည်။
"နင် မွေးခါစတုန်းကဆို နင်က... လက်တစ်ဝါးစာ အရွယ်လောက်ဘဲရှိတာ ၊ နင့်ပုံစံက ကြမ်းကြုတ်တဲ့ပုံပေါ်ပေမယ့်လည်း ဆော့ကစားရတာတော့ အတော်လေးပျော်ဖို့ကောင်းတာဘဲ..."
ညဝိညာဥ်ကို နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရှက်ရွံ့ဟန်ဖြင့် ပြုံးနေလေသည်။
ချင်ချင်က သူ့ကို လောဆော်လိုက်၏။
"ဟေး.... နင့်ပုံစံကို မြန်မြန်ပြောင်းကြည့်စမ်းပါ... နင်ဘာတွေများပြောင်းလဲသွားသလဲ ငါကြည့်ချင်လို့"
"အမှန်ဘဲ... ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် မင်းဘယ်လို ပုံစံမျိုး ဖြစ်နေမလဲ ငါသိချင်လိုက်တာ..."
စိတ်ဝိညာဥ်ကျားက ထပ်ပြောလိုက်လေသည်။
"အရင်တုန်းကဆို အစ်ကိုကြီးက မင်းရဲ့နောက်ခံကို သိရဖို့အတွက် ရှေးဟောင်းစာအုပ်တွေကို မွှေနှောက်ပြီးတော့ ဖတ်ရှုခဲ့ရတာ... ဒါပေမယ့် သူက ဘာကိုမှ သဲလွန်စမရှာနိုင်ခဲ့ဘူး"
မျောက်ကလည်း တစ်နည်းတစ်ဖုံ မျှော်လင့်စွာဖြင့် ညဝိညာဥ်ကို ကြည့်နေပြီး သူ၏အစစ်အမှန်ပုံစံကို မြင်ရဖို့ စောင့်ဆိုင်းနေပုံပင်။
ညဝိညာဥ်က တွေဝေတုံ့ဆိုင်းသော အမူအရာဖြင့် သူ့ခေါင်းကို အနည်းငယ် ငုံ့ထားလေသည်။ သူ့စိတ်ထဲမှာ လွန်ဆွဲ၍ နာကျင်နေပုံရလေသည်။
ဆူဇီမိုက ရင်တစ်ချက် ထိတ်သွားပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"အဲ့ဒီမှာ ဘာမှကြည့်လောက်စရာမရှိဘူး... သူက သူငယ်ငယ်တုန်းကနဲ့ သိပ်ကွာတာမဟုတ်ဘူး ၊ မင်းတို့ ဘာမဟုတ်တာအတွက် ဘာလို့အဲ့လောက်ထိ တက်ကြွနေကြတာလဲ..."
တစ်ကယ်တော့ နဂါးဥကို စားသုံးပြီးနောက် ညဝိညာဥ်က အတော်လေး ဖွံ့ဖြိုးကြီးထွားလာခဲ့လေသည်။
ယခုဆို နှစ် ၂၀ ကြာပြီးတဲ့အခါ ညဝိညာဥ်က ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ ဆူဇီမိုတောင် မတွေးတတ်တော့ပေ။
သို့သော်လည်း ညဝိညာဥ်၏ တွေဝေနေသော ပုံစံကို ဆူဇီမိုမြင်သောအခါ သူ့မှာလည်း သူ့အခက်အခဲ သေချာပေါက်ရှိရမည်ဖြစ်ကြောင်း သူနားလည်လိုက်လေသည်။ သူက သူ့အတွက် ကိစ္စများကို အကျပ်တွေ့အောင် မလုပ်ချင်ပေ။
ညဝိညာဥ်က ဆူဇီမို၏ သဘောထားကို နားလည်လိုက်ပြီး ကျေးဇူးတင်စွာဖြင့် သူ့ကိုကြည့်လိုက်လေသည်။
ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြိးနောက် ဆူဇီမိုက စကားလမ်းကြောင်းပြောင်းကာ ပြုံး၍ ပြောလိုက်လေသည်။
"အားလုံးဘဲ... ဒီနေ့ ရှေးဟောင်းတိုက်ပွဲမြေမှာ ငါတို့အုပ်စု အခုလိုမျိုး ဆုံတွေ့ရတယ်ဆိုတာ တစ်ကယ့်ရှားရှားပါးပါးဘဲ... ငါတို့ သောက်ကြရင် မကောင်းဘူးလား..."
ကျင့်ကြံရေး လမ်းခရီးက ရှည်လျားပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက အကန့်အသတ်မဲ့လေသည်။ လူတိုင်းမှာ သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများ ရှိကြလေသည်။
နှစ် ၂၀ ကိုမပြောနှင့် လူတစ်ချို့က တစ်ခါနှုတ်ဆက်ပြီးလျှင် ဘယ်တော့မှ ပြန်မတွေ့နိုင်ကြတော့သည်လည်း ရှိလေသည်။
ယခု သူတို့က ပြန်လည်ဆုံစည်းကြသောအခါ သူတို့၏ ရင်ထဲမှာ ဝမ်းသာပျော်ရွှင်မှုများက ဖော်မပြတတ်အောင်ပေ။
"အဲ့ဒါ အမှန်ဘဲ... အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက နောက်ထပ်သုံးလတောင် လိုသေးတယ်... အခုက အစောကြီးရှိသေးမှတော့ ငါတိုဒီည မူးတဲ့အထိသောက်ကြတာပေါ့"
ကျိချန်းရှန်က ပေါင်းရသင်းရလွယ်ကူသူ တစ်ယောက်ဖြစ်ပြီး အလွယ်တကူပင် သဘောတူလိုက်လေသည်။
"အဲ့ဒါ... ဝိုင်သောက်ကြမှာလား..."
မျောက်က သူ့နှုတ်ခမ်းကို သပ်ပြီး သူ့မျက်လုံးများက ဝင်းလက်လာလေသည်။
. . .
တစ်ခဏအတွင်း တစ်လတာက ကုန်ဆုံးသွားလေသည်။
အသင်္ချေနယ်မြေမြို့တော်ထဲတွင် ကျင့်ကြံသူများသည် ပိုပို၍စုဝေးလာကြလေသည်။
အမျိုးမျိုးသော ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ နာမည်ကြီး ပြိုင်စံရှားများ အားလုံးနီးပါးကလည်း အသင်္ချေနယ်မြေမြို့တော်သို့ ရောက်ရှိလာကြလေသည်။
မရေမတွက်နိုင်သော သူရဲကောင်းများ စုစည်းလာခြင်းနှင့်အတူ မုန်တိုင်းတစ်ခုကလည်း ဖြစ်ပေါ်လာပေတော့မည်။ ပြိုင်စံရှားတစ်ယောက်ရောက်လာတိုင်း မြို့က လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားလေသည်။
ဤအချိန်တောတွင်း ဆူဇီမိုသည် နှင်းပုံတောင်ကြား၏ ကြီးမားသော နန်းတော်ကြီးအတွင်းမှာသာ ရှိနေပြီး လုံးဝမထွက်ပါပေ။ သို့သော်လည်း သတင်းများကတော့ သူ့ထံသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာလေသည်။ ဓါးဂိုဏ်းမှ ပြိုင်စံရှား ဟန်ချိုးယွီကလည်း အသင်္ချေနယ်မြေမြို့တော်သို့ ရောက်ရှိလာခဲ့လေသည်။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလူသားဧကရာဇ်နန်းတော်အောက်တွင် ထိပ်သီးဂိုဏ်းကြီးအသီးသီးမှ အရိုက် အရာဆက်ခံသူများစွာသည် ဆူဇီမိနှင့် တိုက်ခိုက်ခဲ့ကြလေသည်။ သူတို့ထဲမှာ အချို့က သေဆုံးခဲ့ကြပြီး တစ်ချို့ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြလေသည်။
အဲ့ဒီမှာ သေသွားတဲ့သူတွေအကြောင်းကိုတော့ ထပ်ပြီး ပြောစရာမလိုတော့ပေ။
အရိုက်အရာဆက်ခံသူတစ်ချို့က အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပြီး လုံးဝ နလန်ပြန်ထူမလာနိုင်တော့ပေ။ အချို့ကတော့ ကြီးမားသောရိုက်ချက်မှ မျှော်လင့်ချက်များ ပျက်သုန်းသွားပြီး သာမန်အညတရများထက် ပိုမလာကြတော့ပေ။
တစ်ကယ်တော့ ကပ်ဘေးကိုဖြတ်ကျော်ပြီးနောက် လုံးဝအသွင်ပြောင်းလဲကာ ပြန်လည်မွေးဖွားလာသော လူအချို့လည်း ရှိကြပေသည်။
ဟန်ချိုးယွီကတော့ သူတို့ထဲမှ တစ်ယောက်ဖြစ်လေသည်။ သူတစ်ယောက်ထဲသာလျှင်မဟုတ် ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့နှင့် စိန်ကျောင်းတော်မှ ကိုယ်တော်ကြွယ်ချမ်းတို့ကလည်း အသင်္ချေနယ်မြေမြို့တော်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး အုံးအုံးကျက်ကျက်ဖြစ်သွားစေလေသည်။
သူတို့သုံးယောက်သည် အတိတ်ကာလတုန်းကတော့ ထင်ရှားပေါ်လွင်ဆုံး ပြိုင်စံရှားများ ဖြစ်ခဲ့ကြလေသည်။
တစ်ကယ်တမ်းမှာလည်း လူသားဧကရာဇ်နန်းတော်အောက်က တိုက်ပွဲ၌ သူတို့သုံးယောက်က ဆူဇီမိုကို အတော်လေး ဖိအားပေးနိုင်ခဲ့လေသည်။
သူတို့ကို ပြိုင်စံရှားလို့ ခေါ်ကြတာ မထူးဆန်းကြတော့ဘူးဘဲ..
နှင်းပုံတောင်းကြား၏ နန်းတော်အတွင်းမှာ ဆူဇီမိုသည် တီးတိုးရေရွတ်၍ သူ၏ လက်ချောင်းထိပ်ကလေးများကို ပွတ်ချေလိုက်သောအခါ သူတို့သုံးယောက်အကြောင်း သတင်းများပါရှိသော စိတ်ဝိညာဥ်စက္ကူကြိုးကြာက ဖုန်မှုန့်များအဖြစ်သို့ ကြေမွသွားလေသည်။
ယခင်က ဆူဇီမိုအနိုင်ယူခဲ့သော ပြိုင်စံရှား များစွာရှိပြီး သူတို့သုံးယောက်ကတော့ တစ်ဖန်ပြန်လည်ဦးမော့လာကြသူများ ဖြစ်လေသည်။
စိတ်ဝိညာဥ်ကြိုးကြာထဲတွင် သတင်းအချက်အလက်များကို ရှင်းလင်းစွာ ဖော်ပြထားလေသည်။
လွန်ခဲ့သည့် နှစ်၂၀ က သူတို့သုံးယောက်သည် လူသားဧကရာဇ်နန်းတော်အောက် တိုက်ပွဲမှ ရိုက်ချက်ပြင်းပြင်းရခဲ့လေသည်။
တစ်ခါတစ်ရံမှာ ကောင်းချီးမင်္ဂလာက ရုပ်ဖျက်၍ ရောက်လာတတ်လေသည်။ သူတို့သည် အဆင့်ချိုးဖြတ်ပြီးနောက် မရေမတွက်နိုင်သော အခွင့်အလမ်း များကို ရရှိခဲ့ကြလေသည်။ ယခုအခါ သူတို့သည် သူတို့ဂိုဏ်းများ၏ အမွေအနှစ် အမြုတေနယ်မြေများကို ကျင့်ကြံပြီး သူတို့ဂိုဏ်းအသီးသီးတွင် နံပါတ်တစ် ရွှေအမြုတေများ တစ်ဖန်ဖြစ်လာကြလေသည်။
ဤအချိန်အတောအတွင်း ဆူဇီမိုနှင့် မရင်းနှီးသော ပြိုင်စံရှား အချို့၏သတင်းများလည်း ရောက်ရှိလာခဲ့လေသည်။
ဥပမာ... အဆူရာဂိုဏ်းမှ မိစ္ဆာအမွေခံ ရန်ထူဖြစ်လေသည်။
ပြောကြသည်မှာ လက်ရှိအဆူရာ ယန်ပေးချန်ပြီးလျှင် သူက အဆူရာဂိုဏ်းတွင် ပေါ်ထွက်လာခဲ့သော ကြောက်စရာအကောင်းဆုံး အရိုက်အရာဆက်ခံသူတစ်ယောက် ဖြစ်လေသည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်သို့အရောက်တွင် သူ့အသက်က အသက်တစ်ရာစွန်းစွန်းသာ ရှိသေးပြီး.သူ့လက်များကတော့ မရေမတွက်နိုင်သော အသက်ပေါင်းများစွာ၏ သွေးများဖြင့် စွန်းထင်းနေခဲ့ပြီးလေပြီ။
ဟန်ချိုးယွီ ၊ ဖန်းယွဲ့နှင့် ကိုယ်တော်ကြွယ်ချမ်းတို့အပြင် ရန်ထူကလည်း အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးဆယ်နေရာအတွက် သန်မာသော ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လေသည်။
နောက်တစ်ယောက်ကတော့ လှိုဏ်ခေါင်းကျောင်းတော်မှ ကိုယ်တော်ကျန့်ခုံးဖြစ်လေသည်။ လှိုဏ်ခေါင်းကျောင်းတော်မှ ဤအရိုက်အရာ ဆက်ခံသူက ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်းအဆင့် ရှေးဟောင်းအမြုတေနယ်မြေဖြစ်သော ဘုံခုနှစ်ဆင့် စေတီကို ကျင့်ကြံထားလေသည်။ စေတီများက ဗုဒ္ဓဝါဒီတွင် အထွတ်အမြတ် အဆောက်အဦဖြစ်လေသည်။
ဗုဒ္ဓကျောင်းတော်များတွင် ဘုံခှနှစ်ဆင့်စေတီက အမြင့်ဆုံးအဆင့် ဖြစ်လေသည်။
ရှေးဟောင်းခေတ်မှ စ၍ လှိုဏ်ခေါင်းကျောင်းတော်တွင် ဘုံခြောက်ဆင့်စေတီကို ကျင့်ကြံနိုင်သော ကျင့်ကြံသူများကတောင် အတော်လေး ရှားပါးလေသည်။ ဘုံခုနှစ်ဆင့်စေတီကို ကျင့်ကြံနိုင်သော သူကတော့ ရံဖန်ရံခါမှသာ ပေါ်ထွက်လာတတ်လေသည်။
နောက်ဆုံးမှာတော့ ထိုသို့ကျင့်ကြံနိုင်သူများသည် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး ထိုခေတ်မျိုးဆက်၏ မည်ကာမတ္တ တပည့်များဖြစ်ခဲ့ကြလေသည်။
ယခုအခါ ကိုယ်တော်ကျန့်ခုံးသည် ဘုံခုနှစ်ဆင့်စေတီနှင့်အတူ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့် သူ၏ ရည်ရွယ်ချက်က ဒီ့ထက်ပိုပြီး မရှင်းလင်းနိုင်တော့ပေ။
တစ်ကယ်တော့ ဘုံခုနှစ်ဆင့်စေတီက သန်မာသည်ဆိုသော်လည်း အဲ့ဒါက လူသားဧကရာဇ်၏ အမွေအနှစ်အမြုတေနယ်မြေ ကစင်ကလျားသမုဒ္ဒရာနှင့် နှိုင်းယှဥ်လျှင် နိမ့်ကျနေသေးကြောင်း လူတိုင်းသိထားကြလေသည်။
နန်းတော်၏အထက်တွင် ပကတိအရှင် လောရွှယ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။
"ဒီတစ်ကြိမ် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် အတွက် တိုက်ပွဲက အရမ်းကို ပြင်းထန်လာတော့မှာဘဲ... ဒီ့အရင်ကဆို ရှေးဟောင်းအမြုတေနယ်မြေတွေက အမြဲတမ်းဘဲ ထိပ်ဆုံးနေရာကို ရယူခဲ့ကြတယ် ၊ ဒီတစ်ခါမှာတော့ ကိစ္စတွေက မတူတော့ဘူးထင်ပါတယ်..."
ရန်ထူ၏ အလောင်းတောင်တန်း သွေးပင်လယ်နှင့် ကိုယ်တော်ကျန့်ခုံး၏ ဘုံခုနှစ်ဆင့်စေတီတို့က ထို့အထဲတွင် ပါဝင်လေသည်။
"ပြောရမယ်ဆိုရင် ဒီဘက်ခေတ်မှာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းအမြုတေနယ်မြေ တော်တော်များများက ပြန်ပေါ်လာကြတယ်... ရှေးဟောင်းခေတ်မှာတောင် ဒီလိုအဖြစ်အပျက်မျိုးက ရှားရှားပါးပါးဘဲ..."
ပကတိအရှင်လောရွှယ်က တွေးတွေးဆဆနှင့် လေးနက်စွာ ပြောလိုက်လေသည်။
"နင်... ကောင်းကောင်းဂရုစိုက်မှရလိမ့်မယ် ၊ မဆင်မခြင်နဲ့ သီယင်းကို တစ်စွတ်ထိုးသွားပြီးတော့ ပြိုင်မနေနဲ့..."
ဆူဇီမိုက တည်ငြိမ်သော အမူအရာရှိနေပြီး သူမကို ခွန်းတုံ့မပြန်ပေ။
ဘာဘဲပြောပြော သီယင်း၏ ဂုဏ်သတင်းက အမြင့်ဆုံးမှာ ရှိနေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့လေပြီ။
လွန်ခဲ့သည့်နှစ်တစ်ရာ သူ့အသက်သုံးဆယ်ကျော်တုန်းမှာပင် သီယင်းသည် အမျိုးမျိုးသော ပြိုင်စံရှားများကို လွှမ်းမိုးချယ်လှယ်စွာ ဖိနှိပ်ခဲ့ပြီး ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို ရယူထားခဲ့လေသည်။
များစွာသော ကျင့်ကြံသူများ၏ မျက်လုံးထဲမှာတော့ ဆူဇီမိုသည် လျှင်မြန်စွာ မြင့်တက်လာပြီး မဟာတိုက်ပွဲအချို့နှင့်အတူ မကြာသေးခင်နှစ်များတွင် သူ၏ဂုဏ်သတင်းက တစ်ဟုန်ထိုး တတ်လာခဲ့သော်လည်း သူက သီယင်းနှင့် ယှဥ်လျှင်တော့ အနည်းငယ် နိမ့်ကျနေသေးလေသည်။
ထိုအချိန်မှာ ပုံရိပ်တစ်ခုက အထဲသို့ အပြေးအလွှားဝင်ရောက်လာလေသည်။
ကျိချန်းရှန်သည် နန်းတော်ထဲသို့ ဝင်ရောက်လာပြီး အနည်းငယ်မောဟိုက်နေပုံရကာ သုန်မှုန်နေသော အမူအရာဖြင့် ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
"သီယင်းတော့.. ရောက်လာပြီ"
ချက်ချင်းပင် နန်းတော်ထဲတွင် တိတ်တဆိတ်ဖြင့် ကျင့်ကြံနေကြသော ကျင့်ကြံသူများအားလုံးသည် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြ၏။
အဲ့ဒါက မည်သူမျှ လျစ်လျူမရှုနိုင်သော အမည်နာမတစ်ခုဖြစ်လေသည်။
အသင်္ချေနယ်မြေမြို့တော်တွင် အုံးအုံးကျက်ကျက်များက ဖြစ်လာပေတော့မည်။