← Chapters

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်စတင်ခြင်း

Vol. 49 Ch. 726

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်စတင်ခြင်း

Vol. 49 Ch. 726

ဆူဇီမိုတို့ အုပ်စုသည် နှင်းပုံတောင်ကြား၏ နန်းတော်ဆီသို့ ပြန်ရောက်လာကြလေသည်။

လမ်းတစ်လျှောက်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မင်းကျန် တွေ့ကြုံခံစားခဲ့ရသည်များကို သူက အကြမ်းဖျင်း နားလည်သဘော‌ပေါက် လာလေသည်။

ဆူဇီမို မျှော်လင့်ထားသည့် အတိုင်းပင် သူတို့ ခွဲခွာခဲ့ရသော်လည်း မင်းကျန်၏ ကျင့်ကြံမှုအခြေခံက ခိုင်မာပြီး သူ၏ခွန်အားက ပြင်းထန်သိပ်သည်းလေသည်။ သူက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာ သူ၏ တိုက်ပွဲ အတွေ့အကြုံ မရှိမှုကို ဖြည့်တင်းနိုင်ခဲ့လေသည်။ သူသည် များစွာသော ကြမ်းကြုတ်တောကောင်များနှင့် ရှေးဟောင်းသက်ရှိများကို လမ်းတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရသော်လည်း သူက မထိမခိုက် ခရီးဆက်နိုင်ခဲ့လေသည်။

မင်းကျန်သည် ရိုးရှင်းသော သင်္ကန်းဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး လူစုလူဝေးကို ဝေးဝေးကနေ ရှောင်ကာ ဗုဒ္ဓဂါထာမန္တန်များကိုသာ ရွတ်ဖတ်နေခဲ့လေသည်။ သူက မည်သည့်စိတ်ဆန္ဒမှမရှိပဲ တည်ငြိမ်အေးချမ်းသော တစ်စုံတစ်ယောက် ဖြစ်လေသည်။

ပုံမှန်အားဖြင့်တော့ အကြောင်းပြချက် မည်မည်ရရမရှိပဲ ကျင့်ကြံသူအများစုက သူ့ကို တိုက်ခိုက်ကြမည် မဟုတ်ပေ။

ဤအချိန်အတောအတွင်း ကျင့်ကြံသူအများစုက အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ကို အသားယူ အမြတ်ထုတ်နေသည်ကို သူကမြင်ခဲ့ရပြီး ဒီတိုင်းဖြတ်လျှောက်မသွားနိုင်ခဲ့ပေ။ ထို့ကြောင့်ပင် သူကစတင်၍ တိုက်ခိုက်ခဲ့ပြီး မိစ္ဆာဂိုဏ်းများမှ တစ်စုံတစ်ယောက်ကို ဒဏ်ရာရှိစေခဲ့လေသည်။

မင်းကျန်၏ဖော်ပြချက်အရ မည်သူမည်ဝါဖြစ်သည်ကို ဆူဇီမိုက အကြမ်းဖျင်း ခန့်မှန်းမိလိုက်လေသည်။

ထိုမိစ္ဆာဂိုဏ်မှ ကျင့်ကြံသူသည် အညတရတစ်ယောက် မဟုတ်ပေ။ သူသာ မမှားဘူးဆိုလျှင် အဲ့ဒါသည် မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းမှ တိမ်လွှာမိုးစက်ဂိုဏ်း၏ မိစ္ဆာအမွေခံ ရှန်ကွမ်ယု ဖြစ်နိုင်လေသည်။

ရှန်ကွမ်ယုက သူနှင့် အသိအကျွမ်းဟောင်း တစ်ယောက်ဟုလည်း သတ်မှတ်လို့ ရလေသည်။

လူသားဧကရာဇာ်နန်းတော်အောက်တွင် ဆူဇီမို၏ လက်ချက်ဖြင့် ရှန်ကွမ်ယုသည် သေလုနီးပါး ဖြစ်ခဲ့ရပြီး ပြင်းထန်သော ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။

နှစ်၂၀ကြာပြီးနောက် သူက ရှေးဟောင်းတိုက်ပွဲမြေသို့ တစ်ဖန် ပြန်ဝင်ရောက်လာပြီဆိုတော့….

တိမ်လွှာမိုးစက်ဂိုဏ်းသည် မူလဇစ်မြစ်တာအိုကို အလေးပေးပြီး သူတို့က ယောကျ်ားသော မိန်းမသော ခွဲခြားခြင်း သိပ်မရှိကြချေ။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ကန့်သတ်ချုပ်နှောင်ထားခြင်း မရှိပဲ သူတို့က စိတ်ရှိသလို ကာမဆက်ဆံမှုများကို ပြုမူကာ ယင်နှင့်ယန်ကို ပေါင်းစပ်ကြလေသည်။

ကံဆိုးစွာနှင့်ပင် ရှန်ကွမ်ယုသည် မင်းကျန်နဲ့မှ သွားတိုးခဲ့ရလေသည်။

မင်းကျန်သည် သန့်စင်သော နှလုံးသားရှိပြီး သူ၏နေ့ရက်များကို သုတ္တန်များ ရွတ်ဖတ်သရစ္ဈာယ်ခြင်းနှင့် ဗုဒ္ဓနှင့်ဇင်ကို လေ့လာခြင်းဖြင့်သာ အချိန် ကုန်ခဲ့လေသည်။ သူ၏ စိတ်ကရှင်းလင်းနေပြီး သူ၏ နှလုံးသားက အပြစ်ဆိုစရာ မရှိပေ။

နတ်ဆိုးမကျိ နှင့် မြေခွေးလေးက တစ်ပြိုင်ထဲ လှုပ်ရှားကြမည်ဆိုလျှင်တောင် သူတို့က မင်းကျန်၏ နှလုံးသားကို ကိုင်လှုပ်နိုင်ဖို့ ခက်ခဲလေသည်။ တိမ်လွှာမိုးစက်ဂိုဏ်းကိုတော့ ပြောနေစရာပင် မလိုပေ။

သိပ်မကြာမီ မင်းကျန်က သီယင်းနှင့် ဆုံတွေ့ခဲ့လေသည်။

သူတို့နှစ်ယောက်သည် ယခင်က နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေမှာကတည်းက ပဋိပက္ခဖြစ်ခဲ့ကြပြီး ပုံမှန်အားဖြင့် သီယင်းက သူ့ကို ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ပေ။

မင်းကျန်သည် သီယင်းနှင့်ယှဉ်လျှင် အတွေ့အကြုံ နုနယ်လွန်းလေသည်။

သူသည် သူ၏ရွှေအမြုတေနယ်မြေကို မထုတ်ဖော်နိုင်ခင်မှာပင် အရှင်လတ်လတ် အဖမ်းခံခဲ့ရလေသည်။

“နောက်၂လကြာပြီးရင် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲကစတော့မယ် ကောင်းကောင်းအနားယူပြီးတော့ မင်းရဲ့ဒဏ်ရာတွေကို ပျောက်အောင် အရင်ကုသလိုက်ဉီး”

ဆူဇီမိုသည် မင်းကျန်ကို နေရာချထားပေးပြီးနောက် ထွက်လာခဲ့လေသည်။ သူ၏အကြည့်က ခပ်လှမ်းလှမ်းရှိ တင်းကျပ်စွာပိတ်ထားသော ကျင့်ကြံရေးအခန်းတစ်ခုကို ကြည့်ပြီး စိုးရိမ်ပူပန်သော အမူအရာဖြင့် သက်ပြင်းချလိုက်လေသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရှောင်းနင်သည် အခန်းအောင်းနေခဲ့ပြီး ကိုယ်အလေးချိန်များ လျော့သွားခဲ့သော်လည်း သူမက အပြင်သို့ထွက်လာဖို့ကို ငြင်းဆန်ခဲ့လေသည်။

သူမကို ဘယ်လိုနှစ်သိမ့်ရလဲဆိုတာ ဆူဇီမိုလည်း မသိတော့ပေ။

ပတ်သတ်ဆက်နွယ်မှုများက နက်ရှိုင်းလေလေ သူတို့ကဖြတ်တောက်ဖို့ရာ ခက်ခဲလေလေ ဖြစ်ပေသည်။

သူတို့က အတင်းအကြပ် ဖြတ်တောက်ခံရပြီဆိုလျှင် ခံစားရသော နာကျင်မှုက ပိုမိုပြင်းထန်လေသည်။

အခြားမည်သူမှ ရှောင်းနင်ကို မကူညီပေးနိုင်ပေ သူမကိုယ်သူမသာ မှီခိုရပေမည်။

ဒါ့အပြင် ထိုအချိန်အတောအတွင်း ဆူဇီမိုသည် ဖိအားများစွာကိုလဲ ရင်ဆိုင်နေရလေသည်။

အဲ့ဒါက သီယင်းအတွက်ကြောင့်သာလျှင် မဟုတ်ပေ။

အသင်္ချေနယ်မြေ မြို့တော်ထဲတွင် ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများက သူ့အပေါ်ကို ရန်လိုစိတ်ရှိနေကြလေသည်။

မိုးကြိုးလေပြေနန်းတော်ကလည်း ခရမ်းရောင် မိုးကြိုးကျမ်းကို ရယူချင်နေပြီး သူတို့ကသူ့ကို ဒီတိုင်းလွှတ်ပေးထားမည် မဟုတ်ပေ။

သူသည်မြို့ထဲသို့ ဝင်ရောက်လာစဉ်က မိုးကြိုးလေပြေနန်းတော်၊ ရှင်းသန့်လေပြေဘုရားကျောင်းနှင့် မိုးခရမ်းပြာကောင်းကင်ဂိုဏ်းတို့က သူ့ကို အကဲစမ်းခဲ့ကြပြီးနောက် မည်သည့်အရာမှ ဖြစ်ပျက်မလာတော့ပေ။

ထိပ်သီးဂိုဏ်းကြီးများက ကိစ္စများကို ဒီတိုင်းအလွယ်တကူ လက်လွှတ်လိုက်မည်မဟုတ်ကြောင်း ဆူဇီမို ယုံကြည်ထားလေသည်။

အသင်္ချေနယ်မြေ မြို့တော်ထဲတွင် နိုးထဝိညာဉ်သည် သူတို့၏ စွမ်းအားများကို လွတ်လပ်စွာသုံး၍ တိုက်ခိုက်နိုင်လေသည်။

ပြောရမည်ဆိုလျှင် ကိစ္စများမှာ အလှည့်အပြောင်း များစွာက ပေါ်ထွက်လာလေသည်။

အဲ့ဒါတွေတင် မကသေးပေ။

ဆူဇီမို၏စိတ်ထဲမှာ အခြားသော တစ်စုံတစ်ရာကလည်း ရှိနေသေးလေသည်။

နန်းကြည်၏ ဘယ်ဆီဘယ်ဝယ်ပင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် နန်းကြည်၏ နောက်ခံက ပို၍ကြောက်စရာကောင်းသော အဖွဲ့အစည်းဖြစ်သည့် နတ်ဘုရားမျိုးနွယ် နှင့်ပင် ပတ်သတ် နေသေးလေသည်။

နတ်ဘုရားမျိုးနွယ် ဟူသော အသံကိုကြားရချိန်တွင် ပကတိအရှင်လောရွှယ်၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှာ နတ်ဘုရားမျိုးနွယ် ပေါ်ပေါက်လာရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ။

အဲ့ဒီ့မှာ ညဝိညာဉ်လဲ ပါနေသေးလေသည်။

ညဝိညာဉ်သည် သူ၏အစစ် အမှန်ပုံစံကို လုံးဝ ထုတ်မပြခဲ့ပေ။

ထောင်ဝူနှင့် တိုက်ခိုက်စဉ်မှာတောင် သူ၏ အစစ်အမှန် ပုံစံကို လုံးဝ ထုတ်မပြခဲ့ပေ။

သူက ထောင်ဝူနှင့် တိုက်ခိုက်စဉ်မှာတောင် သူ၏ လူသားသွင်ပြင်နှင့်သာ တိုက်ခိုက်ခဲ့လေသည်။

တစ်ဖက်မှာတော့ ညဝိညာဉ်သည် သူ၏ အစစ်အမှန် ပုံစံကို ပြောင်းလဲခြင်း မရှိပဲနဲ့တောင် ထောင်ဝူကို သတ်ဖြတ်နိုင်သောကြောင့်ဟု ကောက်ချက်ချနိုင်လေသည်။

တစ်ဖက်မှာတော့ ညဝိညာဉ်က အဲ့ဒါနှင့် ပတ်သတ်၍ ထိန်ချန်ထားသည်ဟုလည်း အဓိပ္ပာယ်ရလေသည်။

ထိုကိစ္စနှင့် ပတ်သတ်၍ ဆူဇီမိုကို အတွေးများစေသော အရိပ်လက္ခဏာ များစွာကလည်း ရှိနေလေသည်။

ညဝိညာဉ်က ဘာကို စိုးရိမ်နေတာလဲ။

သူက သူ၏ အစစ်အမှန် ပုံစံသို့ ပြောင်းလဲလိုက်လျှင် အကြီးအကျယ် ပြဿနာ တတ်မှာလား။

ထိုသို့များစွာသော အကြောင်းအရာများက ဆူဇီမို၏ စိတ်နှလုံးထဲမှာ ဖိအားများစွာကို သက်ရောက်လာစေလေသည်။

ညဝိညာဉ်က ထောင်ဝူကို သတ်ဖြတ်ပြီးနောက် အသင်္ချေနယ်မြေ မြို့တော်က ပြန်လည်တည်ငြိမ် အေးချမ်းသွားခဲ့လေသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မြို့တော်အတွင်းရှိ လေထုက ပို၍ တင်းကျပ်ဖိနှိပ်လာပြီး မွန်းကြပ်ဖွယ်ရာပင် ကောင်းလာလေသည်။ အဲ့ဒါက မုန်တိုင်းမလာခင် တည်ငြိမ်နေခြင်းနှင့် တူလေသည်။

မုန်တိုင်းတစ်ခုက တိုက်ခိုက် လာပေတော့မည်။

နောက်ထပ်၁၅ရက်တာက ကုန်ဆုံးသွားခဲ့လေသည်။

နောက်ဆုံးမှာတော့ အသင်္ချေနယ်မြေ မြို့တော်၏ တည်ငြိမ်မှုကို ချိုးဖြတ်မည့် သတင်းတစ်ခုက ရောက်ရှိလာခဲ့လေသည်။

နောက်သုံးရက်ကြာလျှင် ရွှေအမြုတေ အဆင့်သတ်မှတ်ချက်၏ တိုက်ပွဲက စတင်ပေတော့မည်။

မူလသတ်မှတ်ထားသည့် အချိန်နှင့် နှိုင်းစာလျှင် အဲ့ဒါက ၁လတိတိ ရှေ့သို့ တိုးခဲ့လေသည်။

များစွာသော ကျင့်ကြံသူများသည် ထိုအကြောင်းကို ဆွေးနွေးခဲ့ကြသော်လည်း မည်သူမှ အကြောင်းအရင်းကို မသိခဲ့ကြပေ။

၃ ရက်နေပြီးနောက် မနက်ခင်းတွင်…

အာရုံတက်ချိန်၌ မြို့တော်ထဲမှ ပုံရိပ်များစွာသည် အသင်္ချေနယ်မြေ တောင်ထွတ်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားကြလေသည်။

အဲ့ဒါက နှစ် ၁၀၀ ပြည့်မှ တစ်ကြိမ်သာ ကျင်းပသော မဟာအခမ်းအနားပွဲတစ်ခု ဖြစ်လေသည်။ အဲဒီ့မှာ ပါဝင်ကြခြင်း မရှိဘူးဆိုလျှင်တောင် မည်သူကမှ အဲ့ဒါကို လက်လွှတ်ခံကြမည် မဟုတ်ပေ။

ဆူဇီမိုနှင့် တခြားသူများကလည်း နှင်းပုံတောင်ကြား၏ နန်တော်မှာ စုဝေးလိုက်ကြပြီး ထွက်ခွါဖို့ပြင်ဆင် လိုက်ကြလေသည်။

ကျင့်ကြံရေးအခန်း တစ်ခန်း၏ တံခါးနှစ်ချပ်က ကျွီကနဲ မည်၍ ပွင့်သွားလေသည်။

လူတိုင်းက အသံထွက်ပေါ်ရာဆီသို့ လှည့်ကြည့်လိုက်ကြလေသည်။

မမျှော်လင့် ထားစွာနှင့်ပင် ရှောင်းနင်ကလည်း ထွက်လာခဲ့လေသည်။

ဤအချိန်အတောအတွင်း သူမသည် ကျင့်ကြံရေးအခန်းထဲကနေ ပထမဆုံးအကြိမ် ထွက်လာတာ ဖြစ်ပေသည်။

သူမ၏မျက်နှာက ဖြူလျော့နေပြီး သူမ၏ ပါးနှစ်ဖက်နှင့် ခန္ဓာကိုယ်ကလည်း အနည်းငယ် ချောင်ကျသွားလေသည်။

သူမသည် ဒီနေ့မှာတော့ တစ်စုံတစ်ရာကို လက်လွှတ်လိုက်ပုံရပြီး သူမ၏မျက်လုံးများက ပိုမိုအသက်ဝင်၍ ပိုမိုတောက်ပ နေလေသည်။

“ရှောင်းနင်”

ဆူဇီမိုက သူမကို ထိတ်လန့်သွားမှာ ဆိုးသည့်အလား နူးညံ့ညင်သာစွာ ခေါ်လိုက်လေသည်။

ရှောင်းနင်က ညင်သာစွာ ပြုံးပြလိုက်၏။

“အကို ကျွန်မ အဆင်ပြေပါတယ်”

ရှောင်းနင်၏ အပြုံးကို မြင်ရသောအခါ ဆူဇီမိုသည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်လေသည်။

“မမ ရှောင်းနင် မမ အဆင်ပြေသွားတာ ကောင်းလိုက်တာ ဒီရက်ထဲမှာ ကျွန်မတို့ အကုန်လုံးက စိတ်ပူနေကြတာ”

မြေခွေးလေးက ရှေ့သို့လျှောက်လာပြီး ရှောင်းနင်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်လေသည်။

ဖက်တီးလေး လန့်ယို ကျီချန်းရှန်နှင့် တခြားလူများကလည်း စိတ်သက်သာရာရသွားပြီး သူတို့၏ မျက်လုံးအကြည့်များနှင့် အားပေးလိုက်ကြလေသည်။

ရှောင်းနင်၏မျက်လုံးများက အနည်းငယ် နီမြန်းနေပြီး သူမက လူတိုင်းကို ဦးညွတ်လိုက်လေသည်။ “ဒီအချိန် အတောအတွင်း အားလုံးကို ကျွန်မက စိတ်ပူပန် စေခဲ့မိပြီ”

“မင်းက အဲ့ဒါကို ကျော်ဖြတ်နိုင်သ၍ ကျန်တဲ့ဟာတွေ အကုန်လုံးက အဆင်ပြေပါတယ်”

ကျိချန်းရှန်က နွေးထွေးစွာဖြင့် ပြောလိုက်လေသည်။

“အတိတ်ကာလက အဲ့ဒီ့လူတွေက ထွက်ခွါသွားခဲ့ကြပြီးပြီ လက်ရှိ မင်းရဲ့အနားမှာ ရှိနေတဲ့လူတွေကိုပဲ ချစ်ခင် ကြင်နာလိုက်ပါ အဲ့ဒါမှ မင်းမှာ နောက်ထပ် နောင်တ ထပ်မရှိတော့မှာ”

ပြောရမည်ဆိုလျှင် ဆူဇီမိုနှင့်ရှောင်းနင်ကြားက မောင်နှမ ဆက်ဆံရေးသည် လူတိုင်းကို အားကျစေရသော တစ်စုံတစ်ရာ ဖြစ်လေသည်။ သူတို့ ကျင့်ကြံမှု၏ ဤအဆင့်သို့ အရောက်တွင် သူတို့၏ ဆွေမျိုးအများစုက အချိန်အတန်ကြာကတည်းက ထွက်ခွါသွားခဲ့ကြပြီဖြစ်ပြီး သူတို့က မော်တယ်အချုပ်အနှောင်များအားလုံးနီးပါးကို ဖြတ်တောက်ခဲ့ကြပြီးလေပြီ။

ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံခြင်းလောကတွင် မောင်နှမနှစ်ယောက်ကြားဆံရေးက အရမ်းကို ရှားပါးသော တစ်စုံတစ်ရာ ဖြစ်လေသည်။

“သွားကြရအောင် ဒီနေ့ အတိတ်ကာလက လူတွေ လျှောက်ခဲ့တဲ့လမ်းကို ငါတို့ ဆက်ပြီးလျှောက်ကြတာပေါ့.. ဒီကမ္ဘာပေါ်က ပါရမီရှင်တွေကို ငါတို့ သွားပြီးတော့ အကဲဖြတ်ကြည့်လိုက်ရအောင်”

ရှောင်းနင်က အဆင်ပြေသည်ကို မြင်ပြီးနောက် ဆူဇီမို၏ စိတ်ဝိညာဉ်က အမြင့်ဆုံးမှာ ရှိနေလေသည်။ သူက လက်ဝေ့ရမ်းပြပြီး လူတိုင်းကို ဦးဆောင်ကာ နှင်းပုံတောင်ကြားကနေ အသင်္ချေနယ်မြေ တောင်ထွတ်ဆီသို့ ထွက်ခွါလိုက်လေသည်။ အသင်္ချေနယ်မြေ တောင်ထွတ်က ပေပေါင်း တစ်သိန်းရှစ်ထောင်မြင့်မားပြီး ၎င်း၏တောင်ထွတ်က တိမ်လွှာများကြားထဲသို့ ရောက်နေလေသည်။ မျက်စိဖြင့် ကြည့်လျှင်တောင် တောင်ထိပ်ဖျားကို မြင်နိုင်ဖို့ခက်ခဲလေသည်။

တောင်တန်းက ရှေးကျပြီး ခန်းနားထည်ဝါသော အော်ရာတစ်မျိုးကို ထုတ်ပေးနေလေသည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတွင် ၎င်းက များစွာသော ပြိုင်စံရှားများ ပေါ်ထွက်လာခြင်း ကျရှုံးခြင်းများကို မြင်တွေ့ခဲ့ရပြီး သမိုင်းတစ်ခုကို မှတ်တမ်းတင် ရေးထိုးထားခဲ့လေသည်။

ထိုတောင်ကြီးနှင့်ယှဉ်လျှင် မည်သည့်ကျင့်ကြံသူမဆို သိမ်ငယ်သွားသည်ဟု ခံစားသွားရစေနိုင်လေသည်။ ကျင့်ကြံသူများ၏ များပြားသိပ်သည်းလှသော လူအုပ်ကြီးသည် လေထဲမှာ စုဝေးလာကြပြီး အသင်္ချေနယ်မြေ တောင်ထွတ်ဆီသို့ ချီတက်သွားကြလေသည်။ ဒီတစ်ခေါက် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက ခါတိုင်းနှင့်မတူ အကြိတ်အနယ် ရှိလာလေသည်။

အင်မော်တယ်ဂိုဏ်း၉ဂိုဏ်းတွင် ဆူဇီမို ဖျက်ဆီးချေမှုန်းခဲ့သော ဖန်သားနန်းတော်ကလွှဲလျှင် အခြားသော အဖွဲ့အစည်း ၄ ခုမှ ပြိုင်စံရှားများက ရောက်ရှိလာခဲ့ကြလေသည်။

သူတို့၏ သွင်ပြင်များက ရှေးကျခြင်း၊ တင့်တယ်ခြင်း၊ ကျက်သရေရှိခြင်း၊ အေးစက်ခြင်းနှင့် သာမန်ကာလျှံကာဖြစ်ခြင်း စသည်ဖြင့် အသီးသီး ရှိနေကြလေသည်။

မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းတွင်တော့ ဆူဇီမို သတ်ဖြတ်ခဲ့သော လျှို့ဝှက်မရဏဂိုဏ်းမှ မိစ္ဆာအမွေခံသူကလွဲလျှင် အခြားသော ပြိုင်စံရှားခြောက်ယောက်က ရောက်လာကြလေသည်။

သူတို့က ကြောက်မက်ဖွယ်ရာကောင်းခြင်း၊ သတ်လိုဖြတ်လိုစိတ်ရှိခြင်း၊ ညှို့ယူဖမ်းစားခြင်း သို့မဟုတ် ဆိုးယုတ်ခြင်း စသော သွင်ပြင်လက္ခဏာများ ရှိနေကြလေသည်။

ဗုဒ္ဓကျောင်းတော်ခြောက်ကျောင်းတွင်တော့.. ဒီပင်္ကရာကျောင်းတော်မှ ပြိုင်စံရှားကလွဲလျှင် အခြားသော ပြိုင်စံရှားငါးယောက်က ရှိကြလေသည်။

သူတို့က ဂုဏ်ကျက်သရေရှိခြင်း၊ မြင့်မြတ်ခြင်း၊ သန့်စင်ခြင်း သို့မဟုတ် ဗုဒ္ဓရောင်ခြည်ဖြင့် တောက်ပခြင်း စသော သွင်ပြင်များကို ပိုင်ဆိုင်ထားကြလေသည်။

All Chapters