← Chapters

မင်းတွေးကြံနေတဲ့အရာက မင်းရဲ့သွင်ပြင်ပဲ

Vol. 49 Ch. 728

မင်းတွေးကြံနေတဲ့အရာက မင်းရဲ့သွင်ပြင်ပဲ

Vol. 49 Ch. 728

ပကတိအရှင် ယွီကျွင်း၏အသံကထွက်ပေါ်လာလေသည်။ အဲ့ဒါက ရှင်းမပြတတ်သော ဖိအားတစ်ခုကို ပိုင်ဆိုင်ထားပုံရပြီး အသင်္ချေနယ်မြေတောင်ထွတ်ပတ်လည်တွင် စုဝေးနေကြသော ကျင့်ကြံသူတစ်သိန်းကျော်ကျော်က သိပ်မကြာခင် ငြိမ်သက်တိတ်ဆိတ် သွားကြလေသည်။

"အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် တိုက်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေကို နှစ်ပိုင်းခွဲခြားထားတယ်... အဲ့ဒါကတော့ ကနဦး ရှုံးထွက်တိုက်ပွဲနဲ့ နောက်ဆုံးအဆင့်သတ်မှတ်ချက် တ်ိုက်ပွဲဘဲ ၊ အသေးစိတ်အချက် အလက်တွေကိုတော့ ကျုပ်အကျယ်တဝင့် ရှင်းပြနေမှာမဟုတ်တော့ဘူး"

အသင်္ချေနယ်မြေမြို့တော်သို့ ရောက်ရှိလာသော ကျင့်ကြံသူအများစုသည် အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ ပြိုင်စံရှားများ ဖြစ်ကြလေသည်။ သူတို့က ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများဆိုလျှင်တောင် စောစောကတင် ယေဘုယျ စည်းမျဥ်းစည်းကမ်းများကို မေးမြန်းစုံစမ်းပြီးသွားကြလေပြီ။

ပကတိအရှင် ယွီကျွင်းက လေးနက်စွာပြောလိုက်လေသည်။

"ကျုပ်... အချက်တစ်ချက်ကိုဘဲ အလေးပေးပြီး ပြောချင်တယ်... နတ်မိမယ်လင်းလုံက အတိတ်ကာလတုန်းက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို တည်ထောင်ခဲ့တယ်ဆိုတာ သူမရဲ့စိတ်ဆန္ဒက လူသားတွေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် မဟုတ်ဘူး ၊ မင်းတို့အကုန်လုံး အဲ့ဒီတစ်ချက်ကို မှတ်ထားရလိမ့်မယ်..."

တစ်ကယ်လည်း အမြုတေနယ်မြေတောင်ထွတ်သို့ တက်ရောက်ခြင်းပုံစံတွင် မလိုအပ်သော သွေးချောင်းစီးတိုက်ပွဲများနှင့် ဒဏ်ရာရစေမှုများကို ရှောင်ရှားထားလေသည်။

အဲ့ဒါက နတ်မိမယ်လင်းလုံ၏ လိမ္မာပါးနပ်မှုပင် ဖြစ်လေသည်။ ဖရိုဖရဲရှေးဟောင်းခေတ်တုန်းက ပြိုင်စံ ရှားတစ်ယောက် ကျဆုံးသွားခြင်းသည် လူသားမျိုးနွယ်၏ ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်လေသည်။

ပကတိအရှင် ယွီကျွင်းက ထိုစကားကို ပြောသောအခါ သူ၏အကြည့်က ဆူဇီမိုနှင့် သီယင်းအပေါ်သို့ ဖြတ်သန်းသွားခဲ့လေသည်။ သူ၏ စိတ်ဆန္ဒက ရှင်းလင်းလေသည်။

သီယင်းက အေးစက်စက်လှောင်ပြုံး၍ နှာခေါင်းရှုံ့လိုက်လေသည်။

သူ့ရင်ထဲမှတော့ ပကတိအရှင်ယွီကျွင်းက ဆူဇီမိုကို သူနှင့်အတူ တစ်တန်းတည်းထား၍ ပြောဖို့ပင် မထိုက်တန်ဟု မှတ်ယူထားလေသည်။

နောက်ထပ်တိမ်စိုင်တစ်ခုပေါ်တွင် ကစဥ့်ကလျားအမြုတေဂိုဏ်းမှ ပကတိအရှင်ဟွင်ယီက ရယ်​မောလိုက်လေသည်။

"တာအိုရောင်းရင်း ယွီကျွင်း... ခင်ဗျားပြောပုံအရဆို နတ်မိမယ်လင်းလုံက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို လူသားတွေအတွက် တည်ထောင်ခဲ့တာဘဲ... ဒါပေမယ့်လို့...."

သူကခဏမျှ ရပ်တန့်လိုက်ပြီး သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

"အဲ့ဒီမှာ ကြည့်ရတာတော့... ကျုပ်တို့လူသားကျင့်ကြံသူတွေရဲ့ကြားမှာ သာရဲတစ်ကောင်ရောနှောနေတဲ့ပုံဘဲ..."

အောက်ဖက်မှာ သားရဲတောကောင်များစွာရှိလေသည်။ ဒါပေမယ့် သူတို့အများစုက ပြိုင်စံရှားများ၏ စိတ်ဝိညာဥ်တောကောင် အစီးအနင်းများဖြစ်ကြပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ပါဝင်ယှဥ်ပြိုင်ကြမည်မဟုတ်ပေ။ ပကတိအရှင် ဟွင်ယီက မည်သူ့ကို သားရဲတောကောင်ဟု ရည်ညွှန်းနေကြောင်း သိသာထင်ရှားလေသည်။

သူကစကားများစွာ မပြောခဲ့သော်လည်း အောက်ဖက်ရှိကျင့်ကြံသူများသည် အဓိပ္ပါယ်ကို ရှင်းရှင်လင်းလင်း သိလိုက်ကြလေသည်။

လူတိုင်း၏ အကြည့်များစွာက ဆူဇီမိုပေါ်သို့ ချက်ချင်း ကျရောက်သွားလေသည်။

သူ့အပေါ်ရှိ ဖိအားက သိပ်သည်းပြင်းထန်လာလေသည်။

မိုးကြိုးလေပြည်နန်းတော်မှ ထျ​န်မင်းကလည်း အေးစက်စွာဖြင့်ပြောလိုက်လေသည်။

"တာအိုရောင်းရင်းယွီကျွင်း ဘယ်တုန်းကများ အမြု တေနယ်မြေအဆင့်သတ်မှတ်ချက်မှာ တောကောင်တစ်ကောင်က ပါဝင်ယှဥ်ပြိုင်ခွင့်ရသွားတာလဲ..."

"အောမီထော်ဖော်..."

စိန်ကျောင်းတော်မှ ကိုယ်တော်ဝေဖူက ဂါထာတစ်ပုဒ်ကို ရွတ်ဆိုကာ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

"အဲ့ဒါကသာ အမှန်ဆိုရင် ​ကျုပ်တို့က အမြုတေနယ်မြေအဆင့် သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ အဲ့ဒီသားရဲတောကောင်ကို ပါဝင်ယှဥ်ပြိုင်ခွင့် မပေးသင့်ဘူး..."

လွန်ခဲ့သည့်အနှစ် ၂၀ က စိန်ကျောင်းတော်မှ ကိုယ်တော်ကြွယ်ချမ်းသည် ဆူဇီမိုကို ရှုံးနိမ့်ခဲ့လေသည်။ သူတို့ကြားမှာ ရန်ငြိုးရန်စတစ်ခုက ရှိနေခဲ့လေသည်။

ခရမ်းရောင်မိုးကြိုးကျမ်းက ဆူဇီမို၏ လက်ထဲမှာ ရှိနေပြီး မိုးကြိုးလေပြည်နန်းတော်မှ ရှုချန်ကလည်း အသက်ခံရလုနီးပါး ဖြစ်ခဲ့လေသည်။ ထို့ကြောင့် မိုးကြိုးလေပြည်နန်းတော်ကလည်း ဆူဇီမိုကို ဒီတိုင်း လွှတ်ထားလိမ့်မည် မဟုတ်ပေ။

ယခု အင်မော်တယ်ဂိုဏ်းများဖြစ်သော ကစဥ့်ကလျားအမြုတေနှင့် မိုးကြိုးလေပြည်နန်းတော်က သူတို့၏ စိတ်ဆန္ဒများကို ဖုံးကွယ်မထားကြသောအခါ စိန်ကျောင်းတော်ကလည်း အခွင့်အရေးကို အမိအရဖမ်း၍ ဝင်ပါလာလေသည်။

ဆူဇီမိုက မျက်မှောင်ကို အနည်းငယ်ကြုတ်ထားလိုက်၏။

သူ့ခန္ဓာကိုယ်အကြောင်းကို သူကအခြားလူများထက် ပို၍ ရှင်းရှင်းလင်းလင်း သိပေသည်။

သူက လူသားတစ်ယောက်သာ ဖြစ်လေသည်။

သို့ပါသော်လည်း သူက အန္တိမသားရဲနတ်ဆိုး ကျင့်စဥ်ကို ကျင့်ကြံခဲ့သောကြောင့် ရင်အုပ်ထဲမှာ အတွင်းအမြုတေတစ်ခု ရှိနေလေသည်။

သူကအဲ့ဒါကို ရှင်းပြနိုင်စရာ အကြောင်းမရှိပေ။

ယခင်က တျဲယွဲ့သည် ထွက်ခွာမသွားခင် ဆူဇီမိုကို အန္တိမသားရဲနတ်ဆိုးကျင့်စဥ်အား ဆက်လက်မကျင့်ကြံစေလိုခဲ့ပေ။ အနာဂတ်တွင် ယခုကဲ့သို့ ဖြစ်ပျက်လာမည်ကို သူမက တွေးဆမိခဲ့သောကြောင့် ဖြစ်လေသည်။

ပကတိအရှင်လောရွှယ်က မျက်မှောင်ကြုတ်လိုက်လေသည်။

သူမက ဆူဇီမိုကို ကူညီပေးချင်မိလေသည်။ သို့သော်လည်း အဲ့ဒါကို သူမက ရှင်းပြဖို့ သို့မဟုတ် သက်သေပြဖို့ နည်းလမ်းမရှိပေ။ အဲ့ဒီမှာ သူမတတ်နိုင်တာ ဘာမှမရှိပေ။

ဖက်တီးလေးနှင့် အခြားသူများကလည်း စိတ်ထဲမှာ ထိတ်လန့်သွားကြလေသည်။

သို့သော်လည်း သူတို့က ဤကိစ္စမှာ စကားဝင်ပြောဖို့ပင် အဆင့်မမီပေ။

"တစ်ကယ်တော့ အဲ့ဒါက... ရိုးရှင်းပါတယ်"

ကောင်းကင်ဇင်ယော်ဂိုဏ်းမှ ပကတိအရှင်ပေတူက ညင်သာစွာ ပြုံး၍ ထူးမခြားနားအမူအရာဖြင့် ပြောလိုက်လေသည်။

"သားရဲတစ်ကောင်က ကျင့်ကြံသူတွေကြားထဲမှာ စိမ့်ဝင်ရောနှောနေမှတော့ ကျုပ်တို့အားလုံးလုပ်ဖို့က သူ့ကိုသတ်ပြီး ကိစ္စအားလုံး ပြေလည်သွားအောင် ဖြေရှင်းလိုက်ဖို့ဘဲမလား..."

သူကစိတ်အေးလက်အေး လေသံဖြင့် ပြောနေသော်လည်း သူ၏စကားက ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။

ဖက်တီးလေးနှင့် အခြားသူများသည် ရင်ထဲမှာ ထိတ်သွားကြလေသည်။

ထိုအချိန်၌ သူတို့နောက်ဆုံး နားလည်လိုက်သည်မှာ အသင်္ချေနယ်မြေမြို့တော်ရှိ ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် ဆူဇီမိုကို အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာ ပါဝင်ယှဥ်ပြိုင်ခွင့် မပေးချင်ရုံမျှသာမဟုတ်ပင်။

သူတို့အားလုံးက သူ့အသက်ကို လိုချင်နေကြလေသည်။

"ကောင်းကင်ဘုံက သတ္တဝါတွေအားလုံးကို ချစ်မြတ်နိုးပါတယ်... တာအိုရောင်းရင်းတို့ ခင်ဗျားတို့ရဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတွေက နက်ရှိုင်းလွန်းနေကြပြီ..."

လှိုဏ်ခေါင်းကျောင်းတော်မှ ကိုယ်တော်ယွမ်ခုန်းက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

"ဗုဒ္ဓက သတ္တဝါ အားလုံးအပေါ် မေတ္တာအကြင်နာ ထားခဲ့တယ်... ကျုပ်က အကြံတစ်ခုလောက် ပြုပါရစေ"

နောက်ဆုံးမှာတော့ နိုးထဝိညာဥ်တစ်ယောက်က ဆူဇီမိုဘက်ကနေ ပြောပေးလာလေပြီ။

ဖက်တီးလေးနှင့် အခြားသူများက တက်ကြွသွားကြလေသည်။ ဆူဇီမိုကတော့ အမူအရာကင်းမဲ့နေလေသည်။

ထိုကိုယ်တော်၏ မျက်လုံးထဲတွင် သနားချစ်ခင်မှုတစ်စုံတစ်ရာကိုမှ သူမခံစားမိပေ။

ကိုယ်တော်ယွမ်ခုန်းက ဆက်ပြောလိုက်လေသည်။

သတ္တဝါတွေအားလုံးက အတူတူပါဘဲ... ဒကာဆူက သားရဲတစ်ကောင်ဆိုရင်တောင်မှ သူ့အသက်ကို ယူစရာအကြောင်းမရှိဘူး... နောက်ပြီး သူက လမ်းမှားကို သွေဖယ်သွားရုံဘဲရှိတာ သူကသတိသံဝေဂရပြီး သူ့ရဲ့သားသတ်ဓါးကို လွှတ်ချလိုက်မယ်ဆိုရင် သူက သမာသမတ်ကျတဲ့ လမ်းကြောင်းပေါ်က်ု ပြန်ရောက်လာဖို့ အခွင့်အရေးရှိသေးတယ်....."

မိုးကြိုးလေပြည်နန်းတော်မှ ပကတိအရှင် ထျန်မင်းက ပြုံးစစဖြင့် မေးလိုက်လေသည်။

"ကိုယ်တော်... အဲ့ဒါဆိုရင် သူက ဘယ်လိုလုပ်သတိသံဝေဂရပြီး သားသတ်ဓါးကို ဘယ်လိုလွှတ်ချရမှာလဲ..."

"ဒကာဆူ လုပ်ဖို့လိုတာက သူ့ရဲ့ခန္ဓာကိုယ်ထဲက အတွင်းအမြုတေကို ဖယ်ရှားပစ်ဖို့ဘဲ... အဲ့ဒါက အလုပ်ဖြစ်လိမ့်မယ်..."

ကိုယ်တော် ယွမ်ခုန်းက ပြုံးစစဖြင့်​ ပြောလိုက်လေသည်။

ထိုသည်ကို ကြားသောအခါ ဖက်တီးလေးနှင့် အခြားသူများသည် တုန်လှုပ်သွားကြလေသည်။

စဥ်းလဲကောက်ကျစ်ခြင်း....

ကိုယ်တော်ယွမ်ခုန်းသည် သူက ဆူဇီမိုအတွက် ပြောပေးနေသည်ဟု ထင်ရသော်လည်း သူကပိုလို့တောင် အငြိုးအတေးကြီး၍ ရက်စက်ကြမ်းကြုတ်သေးလေသည်။

အတွင်းအမြုတေကို ဖယ်ရှားခြင်းက သူ့ကို သေချာပေါက် အပြင်းအထန် ဒဏ်ရာရစေပေလိမ့်မည်။

အဲ့ဒီအခါ သူက အမြုတေနယ်မြေအဆင့်သတ်မှတ်မှာ တိုက်ခိုက်ဖို့ မစွမ်းနိုင်ရုံသာမက သူ့မှာ ရန်သူများက ပတ်ချာလည်ဝိုင်းနေပြီး သူ၏ ပိုင်ဆိုင်မှုများကိုလည်း လုယူချင်နေကြသောကြောင့် သူဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာလဲ။

"ဟီးဟီး..."

ပဒေသရာဇ်နန်းတော်မှ ပကတိအရှင် ချူယွီက လှောင်ရယ်၍ ပြောလိုက်လေသည်။

"ဘယ်လောက်တောင် သူတော်ကောင်းယောင် ဆောင်လိုက်ကြသလဲ..."

ဆူဇီမို၏အကြည့်က ရေခဲလိုအေးစက်လာပြီး သူကဘာမှ မပြောပေ။

သူ့နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်က သူ၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေခဲ့လေပြီ။

သူတို့က သူ၏အတွင်းအမြုတေကို တူးထုတ်ချင်ကြသည်ဆိုလျှင် အဲ့ဒါက မဖြစ်နိုင်ပေ။

ဖက်တီးလေးနှင့် အခြားသူများသည် ဒေါသထွက်သွားကြပြီး စိတ်ထဲကနေ ကျိန်ဆဲနေကြလေသည်။ သို့သော်လည်း မည်သူကမှ စကားတစ်ခွန်းမှ မပြောရဲကြပေ။

မည်သို့ပင်ဆိုစေ သူတို့က နိုးထဝိညာဥ်များနှင့် ရင်ဆိုင် နေရခြင်းဖြစ်လေသည်။

အသင်္ချေနယ်မြေမြို့တော်ထဲတွင် နိုးထဝိညာဥ်များက သတ်ဖြတ်စွမ်းအား အမြင့်ဆုံးဖြစ်လေသည်။

"ကိုယ်တော်... ခင်ဗျားပြောတာ မှားနေတယ်..."

ရုတ်တရက် လူအုပ်ကြီးထဲမှ အသံတစ်သံက ထွက်ပေါ်လာလေသည်။

အဲ့ဒါက ရေတွင်းထဲသို့ပစ်ချလိုက်သော ကျောက်တုံးတစ်တုံးလို ဝဲကယက်ထသွားလေသည်။

အောက်မှာရှိသောလူများသည် ရွှေအမြုတေများသာ ဖြစ်ကြလေသည်။

ဘယ်ရွှေအမြုတေကများ နိုးထဝိညာဥ်တစ်​ယောက်ရဲ့စကားကို ခွန်းတုံ့ပြန်ရဲတာပါလိမ့်။

လူတိုင်းသည် အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်ကြလေသည်။

ဆူဇီမို၏ နောင်ကနေ ငယ်ရွယ်သော ဦးပဉ္ဇင်းတစ်ပါးက လျှောက်လှမ်းထွက်လာလေသည်။

သူကတော့ မင်းကျန်ပင်ဖြစ်လေသည်။

ဖက်တီးလေးနှင့် အခြားသူများသည် ပါးစပ်အဟောင်းသားနှင့် မျက်လုံးပြူးကြည့်နေကြလေသည်။

သူတို့က မကျေမနပ်ဖြစ်ကြသော်လည်း စိတ်ထဲကနေသာ ကျိန်ဆဲနိုင်ကြလေသည်။

သို့သော်လည်း မင်းကျန်ကတော့ အားလုံး၏ ရှေ့မှောက်မှာပင် ကိုယ်တော်ယွမ်ခုန်းကို ခွန်းတုံ့ပြန်ဖို့ ထွက်လာခဲ့လေသည်။

တစ်ကယ်တမ်းမှာတော့ ဖက်တီးလေးနှင်အခြားသူများသည် မင်းကျန်နှင့် သိပ်ပြီးတော့ မသိကြပေ။

မင်းကျန်သည် သူ၏နေ့ရက်များကို နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေတွင်သာ ကုန်ဆုံးခဲ့ပြီး လောကီဘုံနှင့် ဝေးဝေးမှာနေကာ သန့်စင်သော နှလုံးသားရှိလေသည်။

သူ့အတွက်တော့ မှန်သည်ကမှန်သည် မှားသည်က မှားသည်သာ ဖြစ်လေသည်။

တစ်ဖက်လူ၏ ဂုဏ်ပုဒ် ၊ ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းက အရေးမကြီးပေ။

နိုးထဝိညာဥ်ဖြစ်စေ မူလနတ္ထိအဆင့်ဖြစ်စေ သို့မဟုတ် မဟာယာနအဆင့်ဆိုလျှင်တောင် မင်းကျန်က သူတို့၏ အမှားကို ထောက်ပြမှာ ဖြစ်လေသည်။

"ကိုယ်တော်... ခင်ဗျားက ဇီမိုရဲ့ အတွင်းအမြုတေကို ဖယ်ထုတ်ပစ်ချင်တယ်ဆိုရင် အဲ့ဒါက သနားညှာတာမှု မရှိရုံတင်မကတော့ဘူး အဲ့ဒါက ရက်စက်ကြမ်းကြုတ်တာဘဲ..."

မင်းကျန်က လေးနက်စွာ ပြောလိုက်လေသည်။

"သားသတ်ဓါးကို ချပြီးရင် မင်းကဗုဒ္ဓတစ်ပါး ချက်ချင်းဖြစ်လာနိုင်တယ်... အဲ့ဒီဆိုရိုးစကားရဲ့ အဓိပ္ပါယ်က သူတို့ရဲ့ လက်ထဲက သားသတ်ဓားကိုတင် ပြေတာမဟုတ်ဘူး သူတို့ရဲ့ နှလုံးသားထဲက သားသတ်ဓါးလည်းပါတယ်..."

"ဒါပေမယ့်... ကိုယ်တော် ခင်ဗျားရဲ့ အကြံပြုချက်က တစ်ဖက်လူရဲ့ သားသတ်ဓါးကို ချခိုင်းတာမဟုတ်တော့ဘူး... အဲ့ဒါက သူကိုင်ထားတဲ့ ဓါးနဲ့ သူ့လက်ကို ပြန်ဖြတ်ခိုင်းတာနဲ့တူတယ်..."

"ခင်ဗျားက အဲ့ဒီအကြံပြုချက်ကို ပြောလိုက်တဲ့အခါ ခင်ဗျားရဲ့ စိတ်နှလုံးသားထဲက သားသတ်ဓါးက ခင်ဗျားရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပြီ..."

"ခင်ဗျားက အဲ့ဒါကို မျက်စိနဲ့ကြည့်လို့ မြင်ချင်မှ မြင်ရလိမ့်မယ်... ဒါပေမယ့်လို့ စောစောက ခင်ဗျားရဲ့ အသွင်အပြင်က အရမ်းကို ကြမ်းကြုတ်ခက်ထန်ပြီးတော့ ဆိုးယုတ်တစ္ဆေတစ်ကောင်လို ကြောက်မက်ဖွယ်ရာကောင်းနေတယ်... ဗုဒ္ဓဘာသာမှာဆိုရင် ခင်ဗျားစိတ်ရဲ့ အတွေးအကြံက ခင်ဗျားရဲ့ သွင်ပြင်ဘဲလို့ ယူဆထားတယ်... ကိုယ်တော် ခင်ဗျားက မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့ပြီ..."

ဆူဇီမိုသည် စိတ်ထဲကနေ တိတ်တဆိတ် တုန်လှုပ်၍ အထင်ကြီးသွားလေသည်။

စကားတစ်လုံးစီက ပြီးပြည့်စုံနေပြီး အမှားများကို တိတိကျကျ ထောက်ပြထားလေသည်။

ထိုစကားလုံးများက ထက်ရှသောဓါးများနှင့်တူပြီး ကိုယ်တော်ယွမ်ခုန်း၏ တာအိုနှလုံးသားကို ထိုးစိုက်သွားလေသည်။

ဆူဇီမိုကို မပြောနှင့် လက်ရှိနိုးထဝိညာဥ်များတောင်မှ တိတ်တဆိတ်အထင်ကြီး၍ အောက်ဖက်တွင်ရှိသော မင်းကျန်ကို စိတ်ဝင်တစားကြည့်လိုက်ကြလေသည်။

All Chapters