← Chapters

ဒီပင်္ကရာကျောင်းတော်သို့ ဝင်ရောက်ခြင်း

Vol. 49 Ch. 730

ဒီပင်္ကရာကျောင်းတော်သို့ ဝင်ရောက်ခြင်း

Vol. 49 Ch. 730

ကိုယ်တော်ယွမ်ခုံးက မျက်စိမျက်နှာ ပျက်ယွင်းလာလေသည်။

တိမ်လွှာများပေါ်တွင် စိန်ကျောင်းတော်မှ ကိုယ်တော်ဝေဖူက ထူးမခြားနား အမူအရာဖြင့် မေးလိုက်လေသည်။

“ကိုယ်တော်ယင်လူ… ခင်ဗျားတို့ ဒီပင်္ကရာကျောင်းတော်က ခင်ဗျားတို့ကျောင်းတော်ရဲ့ အမွေအနှစ်ကို ခံယူပြီးတော့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ပါဝင်ယှဉ်ပြိုင်မယ့်လူ ဒီနှစ်တွေတောက်လျှောက် တစ်ယောက်မှ ပေါ်မလာပါလား… ခင်ဗျားတို့က တကယ့်အရှက်ရစရာပဲ… ဒါတောင် ခင်ဗျားက အသင်္ချေနယ်မြေမြို့တော်ကို ဘာလာလုပ်တာလဲ”

“ကျုပ်က ဒီနေရာကို တပည့်တစ်ယောက်ရွေးချယ်ဖို့ ရောက်လာတာပဲ”

ကိုယ်တော်ယင်လူက ညင်သာစွာပြုံး၍ ပြောလိုက်လေသည်။

အသင်္ချေနယ်မြေမြို့တော်ထဲတွင်.. ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ရှိကြပြီး သူတို့ထဲမှ ကြယ်စင်ကဲ့သို့ တောက်ပလာသူများကို အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများက သူတို့ထံ ဝင်ရောက်ဖို့ ဖိတ်ခေါ်ကြလေသည်။

သို့သော်လည်း… ဗုဒ္ဓကျောင်းတော်များက တပည့်လက်ခံချင်လျှင်တော့ အဲဒါက ခက်ခဲလေသည်။ အကြောင်းမှာ သူတို့၏ လိုအပ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများက အလွန်တရာတင်းကျပ်သောကြောင့် ဖြစ်လေသည်။

အစကတည်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဗုဒ္ဓဝါဒီကို ကျင့်ကြံသောလူက အနည်းအကျဉ်းသာ ရှိသောကြောင့်ဖြစ်လေသည်။

အမျိုးမျိုးသော အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်၍ ဤနေရာထိ ရောက်ရှိလာနိုင်သော ဗုဒ္ဓဝါဒီကျင့်ကြံသူများဆိုလျှင် ပိုလို့တောင် နည်းပါးသေးလေသည်။

ထိုသို့ရောက်ရှိလာသူ အားလုံးနီးပါးကလည်း ဗုဒ္ဓကျောင်းတော် ၆ကျောင်း သို့မဟုတ် အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းမှ ဖြစ်ကြလေသည်။

“ဟီး..ဟီး.. ဟီး..ဟီး”

ကိုယ်တော်ယွမ်ခုံးက လှောင်ရယ်လိုက်လေသည်။

“ဒီပင်္ကရာကျောင်းတော်က ဒီနေရာကို တပည့်တစ်ယောက်ရွေးချယ်ဖို့ ရောက်လာတာလား… ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ… ဘယ်သူကများ ခင်ဗျားတို့ ဂိုဏ်းဆီကို ဝင်ရောက်မှာလဲ”

ဆူဇီမိုက တွေဝေသွားလေသည်။

မည်သို့ပင်ဆိုစေ ဒီပင်္ကရာကျောင်းတော်သည် ဗုဒ္ဓကျောင်းတော် ၆ကျောင်းမှ တစ်ကျောင်းဖြစ်လေသည်။ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းအနေနှင့် သူတို့ဂိုဏ်းကို ဤကမ္ဘာပေါ်ရှိ ဗုဒ္ဓကျင့်ကြံသူများအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုအဖြစ် သတ်မှတ်လို့ရလေသည်။ ဒါဆို သူတို့ဂိုဏ်းကို ဘာ့ကြောင့် ဘယ်သူကမှ မဝင်ရောက်ချင်ကြရတာလဲ။

နတ်ဆိုးမ ကျိက ရှင်းပြလိုက်လေသည်။

“ဒီပင်္ကရာကျောင်းတော်ရဲ့ ကျင့်ကြံရေး နည်းစနစ်တွေနဲ့ လျှို့ဝှက်ပညာရပ်တွေက နားလည်သဘောပေါက်ဖို့နေရာမှာ ခက်ခဲတယ်လို့ နာမည်ကြီးကြတယ်… ဉာဏ်ကောင်းတဲ့ ဗုဒ္ဓကျင့်ကြံသူအချို့က ဒီပင်္ကရာကျောင်းတော်ကို ဝင်ရောက်ခဲ့ကြပေမဲ့လို့ သူတို့ရဲ့ဘဝက အောင်မြင်မှု တစ်ခုတလေမှ မရဘဲ အဆုံးသတ်ခဲ့ကြရတာ များတယ်”

“ဒီပင်္ကရာကျောင်းတော်က တပည့်တပန်း နည်းနည်းပါးပါးပဲ ရှိပြီးတော့ သူတို့က တသီးတခြားစီ သီးသန့်နေထိုင်တတ်ကြတယ်။ သူတို့ထဲက ကိုယ်တော်အများစုက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ရဲ့ရှေ့မှာ အစိမ်းရောင်မီးအိမ်တစ်ခုတည်းနဲ့ နေ့စဉ်နဲ့အမျှ တရားထိုင်ပြီး အချိန်ကုန်ဆုံးရတယ်။ အဲဒါက သာမန်လူတွေ တောင့်မခံနိုင်တဲ့ တစ်စုံတစ်ရာပဲ”

ရုတ်တရက် ဆူဇီမိုက နားလည်သွားလေသည်။

ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာရော…၊ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာရော… ဒီပင်္ကရာကျောင်းတော်မှ အမွေခံတပည့်များ ပေါ်ထွက်မလာခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

အဲဒါက အရေးကြီးဆုံး အကြောင်းပြချက်တစ်ခု ဖြစ်ဖို့များလေသည်။

“တကယ်တော့…”

နတ်ဆိုးမ ကျိက ဆက်ပြောလိုက်လေသည်။

“ဒီပင်္ကရာကျောင်းတော်ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေက လျှို့ဝှက်နက်နဲပြီး သူတို့ကို ကျင့်ကြံနိုင်ဖို့က မဖြစ်နိုင်သလောက်ဆိုပေမဲ့လို့ တစ်ယောက်ယောက်က သူတို့ရဲ့ အမွေအနှစ်ကို ရရှိသွားပြီဆိုလျှင်လည်း သူတို့က အရမ်းကို စွမ်းအားကြီးလာကြလိမ့်မယ်… အဲဒါက အပိုချဲ့ကားပြောတာတော့ မဟုတ်ဘူး… သူတို့က ဗုဒ္ဓကျောင်းတော်အားလုံးရဲ့ အထွတ်အထိပ်အဆင့်ထိ ရောက်လာကြလိမ့်မယ်”

ကိုယ်တော်ယွမ်ခုန်း၏ လှောင်ပြောင်စကားတွင် ကိုယ်တော်ယင်လူက အကြပ်တွေ့မသွားဘဲ သူ၏လက်ချောင်းများကို ချိုး၍ ရယ်မောလိုက်လေသည်။

“ကျုပ်က.. ပြိုင်ပွဲဝင်တစ်ယောက်ကိုတောင် ရွေးချယ်ပြီးသွားပြီ… မိတ်ဆွေလေး… မင်းသာ စိတ်မရှိဘူးဆိုလို့ရှိရင် မင်းရဲ့ အနာဂတ်ကျင့်ကြံမှုအတွက် ငါတို့ရဲ့ ဒီပင်္ကရာကျောင်းတော်ကို ဝင်ရောက်လို့ရတယ်”

ကိုယ်တော်ယင်လူက မင်းကျန့်ကို လက်ညိုးထိုး၍ ပြောလိုက်ခြင်းဖြစ်လေသည်။

ကိုယ်တော်ယွမ်ခုန်းက လှောင်ပြောင်ရယ်မောလိုက်လေသည်။

“ဒီကိုယ်တော်လေးက လျှာစောင်းထက်ပြီးတော့ စကားပြောပဲကောင်းတာ… သူက ဘယ်လောက်ထိ သန်မာမှာမို့လို့လဲ… သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နေရာတစ်နေရာတောင် ရနိုင်ပါ့မလား”

“သူ့ရဲ့အစွမ်းအစနဲ့ ခွန်အားက သိပ်ပြီးတော့ အရေးမကြီးဘူး”

ကိုယ်တော်ယင်လူက ခေါင်းခါလိုက်လေသည်။

“သူ့ရဲ့ ဉာဏ်ပညာနဲ့ ဗုဒ္ဓဝါဒရဲ့ သင်ကြားမှုတွေအပေါ် ထိုးထွင်းသိမြင်နားလည်ခြင်းကတင် လုံလောက်နေပြီ.. နောက်ပြီးတော့ စကားပြောကောင်းတယ်ဆိုတာကလည်း သိပ်ဆိုးတဲ့အရာတော့ မဟုတ်ဘူးလေ”

“ဒဏ္ဍာရီအရဆို… ဗုဒ္ဓက တရားဟောနေစဉ်မှာ သူ့ပါးစပ်ကနေ ပဒုမ္မာကြာပန်းတွေ ထွက်ကျလာတယ်… ပြောရမယ်ဆို ကောင်းကင်က ပန်းမိုးတွေ ရွာပြီးတော့ ကြမ်းပြင်မှာ ရွှေရောင်ကြာပန်းပွင့်ချပ်တွေနဲ့ ပြည့်နေတယ်… လေထဲမှာလည်း မရေမတွက်နိုင်တဲ့ ဗုဒ္ဓတွေက ပေါ်လာကြသေးတယ်မလား”

“ဒီ ပါးစပ်ညစ်ညမ်းတဲ့ကောင်လေးက ဘယ်လိုလုပ် ဗုဒ္ဓနဲ့ နှိုင်းယှဉ်လို့ ရမှာလဲ… ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ… နောက် ရေရှည်မှာဆို ဒီပင်္ကရာကျောင်းတော်ရဲ့ အမွေအနှစ်က ပျက်စီးဆုံးရှုံးတော့မှာပဲ”

ကိုယ်တော်ဝေဖူက ခေါင်းခါလိုက်လေသည်။

အခြားသော ကျင့်ကြံသူများကလည်း လှောင်ပြောင်သရော်လိုသော အမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။

သူတို့၏ အထင်အမြင်အရ မင်းကျန့်က စကားပြောကောင်းပြီး ဗုဒ္ဓဝါဒ၏ သင်ကြားမှုများအပေါ် ထိုးထွင်းသိမြင်နားလည်မှု နက်ရှိုင်းသော်လည်း အဲဒါက ဘာများသုံးလို့ရမှာလဲ။

သူက သူ့ပါးစပ်ကို မှီခိုအားထားပြီး သူ၏ပြိုင်ဘက်ကို နှိမ်နင်းနိုင်မှာ မဟုတ်ပေ။

ဒီနေ့ ဒီအချိန်ထိတော့ နတ်ဆိုးများနှင့် မိစ္ဆာများကို နှိမ်နင်းဖို့အတွက် စီးပိုးခြယ်လှယ်နိုင်သော အစွမ်းအစများကို လိုအပ်လေသည်။

လူအုပ်ကြီးထဲတွင် မျက်မှောင်ကြုတ်လိုက်သော တစ်ဦးတည်းသောသူမှာ သီယင်းသာလျှင် ဖြစ်လေသည်။

အခြားသူများက မင်းကျန့်၏နောက်ခံကို မသိသော်လည်း သူက သိလေသည်။

“မိတ်ဆွေလေး… မင်းက ဆန္ဒရှိရဲ့လား”

ကိုယ်တော်ယင်လူက အပြင်လူများ၏အကြည့်များကို အရေးလုပ်မနေဘဲ မင်းကျန့်ကိုသာကြည့်၍ ပြုံးစစဖြင့် မေးလိုက်လေသည်။

မင်းကျန့်က အနည်းငယ် ငေးငိုင်သွားပြီး ဘေးဘက်ရှိ ဆူဇီမိုကို အလိုလိုလှည့်ကြည့်လိုက်လေသည်။

ဆူဇီမိုက ခဏမျှ တွေးဆပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

ဒီပင်္ကရာကျောင်းတော်၏ ကျင့်ကြံရေးပတ်ဝန်းကျင်က တစ်နည်းတစ်ဖုံ ပျင်းစရာကောင်းနေသော်လည်း အဲဒါက မင်းကျန့်အတွက် ပြောလောက်စရာ မဟုတ်ပေ။

မင်းကျန့်သည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတောင် လိုက်လျောညီထွေစွာ နေတတ်ခဲ့လျှင် ဒီပင်္ကရာကျောင်းတော်၏ ကျင့်ကြံရေးပတ်ဝန်းကျင်ကို သူ၏အိမ်အဖြစ် ခံစားရဖို့ မခဲယဉ်းပေ။

မင်းကျန့်အတွက်တော့ ဒီပင်္ကရာကျောင်းတော်၏ လျှို့ဝှက်နက်နဲခက်ခဲသော ကျင့်ကြံရေးနည်းစနစ်များကို နားလည်သဘောပေါက်နိုင်ဖို့ကလည်း သိပ်ပြီးတော့ ပြဿနာရှိမည် မဟုတ်ပေ။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူလေ့လာခဲ့သမျှသည် ရှေးဟောင်းကျမ်းစာများနှင့် တာမင်းနှင့်ဖာဟွားကျောင်းတော်မှ အစစ်အမှန် သုတ္တန်ကျမ်းစာများ ဖြစ်လေသည်။

သူ၏ အခြေခံအုတ်မြစ်က အခြားသောဗုဒ္ဓကျင့်ကြံသူများ နှိုင်းယှဉ်၍ မရနိုင်သော တစ်စုံတစ်ရာဖြစ်လေသည်။

ဒါ့အပြင် မင်းကျန့်သည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ လျှို့ဝှက်ဆန်းကြယ်သော ဘုန်းကြီးအို၏ လမ်းညွှန်ပြသမှုကိုလည်း ခံယူထားသေးလေသည်။

တကယ်တော့… ပို၍အရေးကြီးဆုံးမှာ မင်းကျန့်အပေါ် ကိုယ်တော်ယင်လူ၏ စိတ်နေသဘောထားဖြစ်လေသည်။

စောစောက အခြေအနေတွင်… ကိုယ်တော်ယွမ်ခုံးက ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်နေတာ သိသာသော်လည်း အခြားသော ဗုဒ္ဓကျောင်းတော် ၄ ကျောင်းက လျစ်လျူရှုထားခဲ့လေသည်။ သို့သော်လည်း.. ဒီပင်္ကရာကျောင်းတော်မှ ကိုယ်တော်ယင်လူကတော့ လှုပ်ရှားတိုက်ခိုက်ခဲ့လေသည်။

မင်းကျန့်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ခေါင်းညိတ်ပြကာ ကိုယ်တော်ယင်လူကို ဦးညွတ်လိုက်လေသည်။

“ကျုပ်ကတော့ မင်းကျန့်ပါ… ကျုပ်က စီနီယာရဲ့ အကြင်နာမေတ္တာကို ခံယူပါတယ်… ကျုပ်က ဒီပင်္ကရာကျောင်းတော်ကို ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်”

“ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ်”

ကိုယ်တော်ယင်လူက စိတ်ကျေနပ်စွာဖြင့် သုံးကြိမ်ရွတ်ဆိုလိုက်လေသည်။

ပကတိအရှင် ယွီကျွင်းက ခေါင်းကို အနည်းငယ် မော့လိုက်လေသည်။

“ဂုဏ်ယူပါတယ် တာအိုရောင်းရင်း… ဒီမှာလာပြီးတော့ ထိုင်ပါဦး”

သူက သူ့လက်ကို ညင်သာစွာမြှောက်လိုက်သောအခါ သူ့ဝတ်ရုံစမှ မြူခိုးမျှင်တစ်စက ပျံသန်းသွားလေသည်။ အဲဒါက ကိုယ်တော်ယင်လူ၏ရှေ့မှာ ရပ်တန့်သွားပြီးနောက် ဖြူဖွေးသန့်စင်သော တိမ်စိုင်တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

ကိုယ်တော်ယွမ်ခုံးက လှောင်ပြောင်သရော်လိုက်လေသည်။

“အဲဒီ မင်းကျန့်လို့ခေါ်တဲ့ ကိုယ်တော်လေးက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ နောင်အနာဂတ်မှာ သူ့ကိုယ်သူ ဘယ်လိုမျိုး နာမည်ရအောင်လုပ်မလဲ ကြည့်ရသေးတာပေါ့”

“ဖြောင်း… ဖြောင်း”

ရုတ်တရက် ပကတိအရှင်ဟွင်ယီက လက်ခုပ်တီးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“အားလုံးပဲ… အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က စတင်တော့မယ်… ကျုပ်တို့ အရင်ဆုံး ဒီသားရဲကို ကိုင်တွယ်ဖြေရှင်းကြတာပေါ့”

“အေး.. ဟုတ်တယ်”

မိုးကြိုးလေပြေနန်းတော်မှ ပကတိအရှင်ထျန်မင်းကလည်း အေးစက်စွာ ပြောလိုက်လေသည်။

“ကျုပ်တို့ ဒီကောင်လေးကို အရင်သတ်လိုက်ကြတာပေါ့… ပြီးတော့မှ တခြားအရာတွေကို ဆက်ပြောကြတာပေါ့”

“အမှန်ပဲ”

ကောင်းကင်စင်ရော်ဂိုဏ်း ၊ ရှင်းသန့်လေပြေဘုရားကျောင်း ၊ လှိုဏ်ခေါင်းကျောင်းတော် ၊ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းနှင့် အခြားသော အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများမှ ပကတိအရှင်များကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြလေသည်။

မိစ္ဆာဂိုဏ်းများမှ ပကတိအရှင်နှစ်ယောက်ကတော့ တိတ်ဆိတ်နေလေသည်။

သူတို့နှစ်ယောက်စလုံးသည် အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများမှ ပကတိအရှင်များ၏ အပြုအမူနှင့် ဘက်မတူသော်လည်း ဆူဇီမိုအတွက်နှင့် သူတို့က လူတိုင်းကို ဆန့်ကျင်နေမှာ မဟုတ်ပေ။

ကိုယ်တော်ယင်လူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။

အဲဒါက သူမတတ်နိုင်သော ကိစ္စတစ်ခုလည်း ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ… ဆူဇီမိုက လူသားတစ်ယောက်လား… သားရဲတစ်ကောင်လားဆိုတာကို သူပင်လျှင် မသေချာပေ။

ဆူဇီမိုက သူ့ကိုယ်သူ လူသားတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်လျှင်တော့ သူက အသက်ရှင်သန်ခွင့် ရကောင်းရနိုင်လေသည်။

ထိုသို့မဟုတ်လျှင်တော့ ဤအကြပ်အတည်းပြဿနာကနေ သူက ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။

ဆူဇီမို၏အကြည့်က အေးစက်လာပြီး သူ၏လက်ဝါးက သူ၏သိုလှောင်အိတ်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားလေသည်။

‘အရမ်းကာရော မလုပ်နဲ့’

ရုတ်တရက်.. ဆူဇီမို၏စိတ်ထဲတွင် အသံတစ်သံက ထွက်ပေါ်လာလေသည်။

လင်းရွှမ်ကျီက မသိလိုက်မသိဘာသာနှင့်ပင် သူ့ဘေးသို့ ရောက်ရှိလာလေသည်။

“ဒါက အရပ်ထဲက ဇာတ်စင်မဟုတ်ဘူး… ဒါက အသင်္ချေနယ်မြေမြို့တော်.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က ပဟေဠိနန်းတော်ကနေ ဧည့်ခံကျင်းပပေးတာ… ဆုံးဖြတ်ချက်က အပြင်လူတွေ ချလို့ရတဲ့အရာ မဟုတ်ဘူး”

လင်းရွှမ်ကျီက သူ့ခေါင်းကို ညင်သာစွာ ခါပြ၍ ဆူဇီမိုကို အကြည့်ဖြင့် တားဆီးလိုက်လေသည်။

ထိုအချိန်မှာပင် ပကတိအရှင် ယွီကျွင်းက သူ၏ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ခင်ဗျားတို့က သားရဲတောကောင်တွေကို သတ်ချင်တာ ဆိုလို့ရှိရင်လည်း… ဒီအောက်မှာ ဒီလောက်များပြားတဲ့ စိတ်ဝိညာဉ်သားကောင်တွေရှိနေတာ… ခင်ဗျားတို့ ဆင်းပြီးလိုက်ဖမ်းကြပါလား”

ပကတိအရှင်လောရွှယ်က လေးနက်စွာ သက်ပြင်းချလိုက်၏။ လက်ရှိအခြေအနေ အကြပ်အတည်းကနေ ကယ်တင်ပေးနိုင်မည့်သူမှာ ပဟေဠိနန်းတော်မှ ပကတိအရှင်ယွီကျွင်းသာလျှင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ပကတိအရှင်ဟွင်ယီနှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်ကြလေသည်။

ပဟေဠိနန်းတော်က ဆူဇီမိုဘက်ကနေ ရပ်တည်လာပြီဆိုလျှင်တော့ ကိစ္စများက ကိုင်တွယ်ဖို့ ပြဿနာရှိလာလေပြီ။

တစ်ဖက်မှာတော့ အဲဒါက ပဟေဠိနန်းတော်၏ တစ်မူထူးခြားသော ဂုဏ်အဆင့်အတန်းကြောင့် ဖြစ်လေသည်။

အခြားတစ်ဖက်မှာတော့ အဲဒါက ပကတိအရှင် ယွီကျွင်းကိုယ်တိုင်ကြောင့်ပင် ဖြစ်လေသည်။

ပဟေဠိနန်းတော်မှ ကျင့်ကြံသူများသည် ကျင့်ကြံရေးလောကမှ ပဋိပက္ခများ ၊ အတိုက်အခိုက်များတွင် ဝင်ပါလေ့မရှိသော်လည်း မည်သူကမှ သူတို့ကို အထင်မသေးရဲပေ။

“အဲဒါက ဘယ်လိုလုပ် ချိန်ထိုးနှိုင်းယှဉ်လို့ ရမှာလဲ”

ပကတိအရှင် ယွမ်ခုံးက လေးနက်စွာ ပြောလိုက်လေသည်။

“ဒီအောက်မှာရှိတဲ့ သားရဲတွေက ကျုပ်တို့တပည့်တပန်းတွေ ပြုစုပျိုးထောင်ထားတဲ့ စိတ်ဝိညာဉ်တောကောင်တွေပဲ… သူတို့က အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ကိုယ်တိုင်ဝင်ပါကြမှာ မဟုတ်ဘူး”

“အမှန်ပဲ… ဒီကောင်လေးက သားရဲတစ်ကောင်ဖြစ်နေတာတောင် သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ပါဝင်ယှဉ်ပြိုင်ချင်နေတယ်… အဲဒါက သူက လူသားတွေရဲ့ ရတနာကို လုယက်ချင်နေတာပဲ… အဲဒီအချက်တစ်ချက်ကတင် သူ့ကိုသတ်ဖို့ လုံလောက်နေပြီ”

မိုးကြိုးလေပြေနန်းတော်မှ ပကတိအရှင် ထျန်မင်းက သတ်လိုဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်လေသည်။

ပကတိအရှင် ဟွမ်ယီကလည်း တောက်ပသော အကြည့်နှင့်အတူ အော်ဟစ်လိုက်လေသည်။

“ပကတိအရှင် ယွီကျွင်း… ခင်ဗျားက နေ့ခင်းကြောင်တောင်မှာတောင် သားရဲတစ်ကောင်ဘက်က ရပ်တည်ချင်နေတာလား… ခင်ဗျားက လူသားမျိုးနွယ်ကို ဆန့်ကျင်တော့မှာလား… ခင်ဗျားက ကျုပ်တို့မျိုးနွယ်ကို သစ္စာဖောက်ပြီးတော့ ပဟေဠိနန်းတော်ရဲ့ အပြစ်သားတစ်ယောက်အဖြစ် ခံယူတော့မှာလား”

****

All Chapters