← Chapters

ညတွင်းချင်း ကျော်ကြားလာပေတော့မည်

Vol. 49 Ch. 731

ညတွင်းချင်း ကျော်ကြားလာပေတော့မည်

Vol. 49 Ch. 731

လူသားမျိုးနွယ်အပေါ် သစ္စာဖောက်ခြင်း ဆိုသည်က အညှာအတာမဲ့သော စွပ်စွဲချက် တစ်ခု ဖြစ်လေသည်။

ကိုယ်တော်ယင်လူက ညင်သာစွာ သက်ပြင်းချလိုက်၏။

အဲ့ဒါက သူ စိုးရိမ် ပူပန်နေသည့် အရာလည်း ဖြစ်လေသည်။

စောစောက သူသာထွက်ရပ်ခဲ့လျှင် သူသည်လည်း တူညီသော စွပ်စွဲချက်ကို လက်ခံ ရရှိ နိုင်လေသည်။

သူ သို့မဟုတ် ဒီပင်္ကရာ ကျောင်းတော်သည် ထိုကဲ့သို့သော စွပ်စွဲချက်မျိုးကို လက်မခံနိုင်ပေ။

သို့သော်လည်း ပကတိအရှင် ယွီကျွင်းက အမူအရာ ကင်းမဲ့နေပြီး အခြားသော ပကတိအရှင်များ၏ ဖိအားပေးမှုနှင့် မေးခွန်းထုတ်မှုတွင် သူက ဣန္ဒြေရနေ လေသည်။

ပဟေဠိနန်းတော်က တစ်မူထူးခြားသော ဂုဏ်အဆင့်အတန်း ရှိပြီး အင်မော်တယ် ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်း များ၏ ပူးပေါင်းကြံစည်ခြင်းတွင် မကျရောက်နိုင်သော ဂုဏ်အဆင့်အတန်းကို ပိုင်ဆိုင်ထားလေသည်။

“သူက သားရဲဆိုတာကို ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ သိတာလဲ” ပကတိအရှင် ယွီကျွင်းက ပြန်လည်မေးလိုက်လေသည်။

“သူ့မှာ အတွင်းအမြုတေ တစ်ခုရှိတယ် စောစောက သူအဲ့ဒါကို လှည့်ပတ်လိုက်တုန်းက သားရဲချီကတောင် ဖြန့်ကျက် ထွက်ပေါ်လာသေးတယ်.. သူက သားရဲတစ်ကောင် မဟုတ်ရင် တခြား ဘာရှိရဦးမှာလဲ” ပကတိအရှင် ထျန်မင်းက အေးစက်စွာ ပြောဆိုလိုက်လေသည်။

ဟမ့်….

ပကတိအရှင် ယွီကျွင်းက တစ်ဖန် ထပ်မေးလိုက်၏

“သူ့မှာ ရွှေအမြုတေ တစ်ခုရှိတယ် သူအဲ့ဒါကို ဖြန့်ကျက်လိုက်တုန်းက စိတ်ဝိညာဉ်ချီ တွေကတောင် ဖြန့်ကျက်ထွက်ပေါ်လာသေးတယ် သူ့မှာက နှစ်ထပ်ကွမ်း အမြုတေနယ်မြေလဲ ရှိနေသေးတယ် သူက ကျင့်ကြံသူ တစ်ယောက်မဟုတ်ရင် တခြား ဘာဖြစ်ရဦးမှာလဲ။

“ခင်ဗျား…..”

ပကတိအရှင် ထျန်မင်းက ပြောစရာစကား မဲ့သွားလေသည်။

ကိုယ်တော်ဝေဖူက ခနမျှစဉ်းစားပြီးနောက် ပြောလိုက်လေသည်။

“ကျုပ်တို့ မသေချာဘူး ဆိုရင် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် သူ့ရဲ့ တိုက်ခိုက်ခွင့်ကို အရင်ဆုံး ပယ်ဖျက်ထားရအောင်”

“အင်း .… အဲ့ဒါလည်း အလုပ်ဖြစ်တယ်”

ပကတိအရှင်ပေတူက ‌ ခေါင်းညိတ်ပြလိုက်၏။

ထိုနေရာအ‌ရောက်တွင် ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်လေသည်။

ပကတိအရှင် ယွီကျွင်းက ယိမ်းယိုင်ခြင်း မရှိသည်ကို နားလည်လိုက်ပြီးနောက် ထိုသူများက ဒုတိယ ရွေးချယ်မှု အနေနှင့် သူ့ကို ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ကနေ ပါဝင် ယှဉ်ပြိုင်ခွင့်ကို ပယ်ချချင် ကြလေသည်။

ပကတိအရှင် ယွီကျွင်းက ထူးမခြားနား ပုံစံဖြင့် ပြောလိုက်လေသည်။

“အဲ့လို လုပ်စရာလည်း မလိုဘူး.. ဒီကောင်လေးက လူသားလား သားရဲလားဆိုတာကို ဘယ်သူမှ သေချာမပြောနိုင်မှတော့ ကျုပ်တို့က အသင်္ချေနယ်မြေ တောင်ထွတ်ကိုပဲ ဆုံးဖြတ်ပေးခိုင်း ရတာပေါ့”

“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

ပကတိအရှင် ဟွင်ယီက မျက်မှောင်ကြုတ်လိုက်၏။

ပကတိအရှင် ယွီကျွင်းက အသင်္ချေနယ်မြေ တောင်ထွတ်ကို လက်ညိုးထိုးပြလိုက်လေသည်။

“ဒီတောင်ထွတ်က နတ်မိမယ် လင်းလုံရဲ့ ဓမ္မစွမ်းအားတွေနဲ့ စိမ့်ဝင် ပြည့်လျှံနေပြီးတော့ ထာဝရ တည်မြဲနေခဲ့တယ်.. တခြားမျိုးနွယ်က တစ်စုံတစ်ယောက်ကသာ အသင်္ချေနယ်မြေ တောင်ထွတ်ကို တက်ရောက်ဖို့ ကြိုးစားတယ် ဆိုရင် အဲ့ဒါက နတ်မိမယ် လင်းလုံရဲ့ အမိန့်အာဏာကို စိန်ခေါ်လိုက်တာပဲ.. သူတို့က သေချာပေါက် အညှာအတာမဲ့စွာ သတ်ဖြတ်ခံရလိမ့်မယ်”

“သူက လူသားတစ်ယောက်ဆိုရင် အသင်္ချေနယ်မြေ တောင်ထွတ်ပေါ်ကို ဆက်လက် တက်ရောက်ခွင့် သေချာပေါက် ရရှိလိမ့်မယ်.. သူက သားရဲတစ်ကောင်သာဆိုရင် နတ်မိမယ် လင်းလုံ ချန်ထားခဲ့တဲ့ ဓမ္မစွမ်းအားတွေရဲ့ သတ်ဖြတ်ခြင်းကို သူက သေချာပေါက် ခံရလိမ့်မယ်.. အဲ့အခါကျရင် သူက ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး”

သူ့စကားများက ကြမ်းတမ်းပုံရသော်လည်း ပကတိအရှင်ယွီကျွင်းက သူ့ကို ကူညီပေးနေခြင်းဖြစ်ကြောင်း ဆူဇီမို ပြောနိုင်လေသည်။

အခြားသော ပကတိအရှင်များက ထပ်မံ၍ စောဒက တက်ကြမည်ဆိုလျှင် ပကတိအရှင်ယွီကျွင်း သို့မဟုတ် ပဟေဠိ နန်းတော်ကို စိန်ခေါ်နေခြင်းပင် မဟုတ်တော့ပဲ နတ်မိမယ် လင်းလုံကိုပါ စိန်ခေါ်နေခြင်း ဖြစ်မည်ဟု သူက သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။

မှန်ပေသည်။

ပကတိအရှင် ဟွင်ယီက နှာတစ်ချက် မှုတ်လိုက်၏။

ပကတိအရှင်ထျန်မင်းနှင့် အခြားသူများ၏ အမူအရာက သုန်မှုန်လာပြီး သူတို့သည် အကြည့်ချင်း ဖလှယ်ကာ ဆက်လက်၍ မပြောဆို ကြတော့ပေ။

နိုးထဝိညာဉ်များအကြား တစ်ခဏကြာ ပဋိပက္ခက သိပ်သည်း ပြင်းထန်ပြီး အောက်ဖက်ရှိ ရွှေအမြုတေများသည် ထိတ်လန့်တကြား စောင့်ကြည့်၍ ချွေးစေးများပင် ထွက်လာကြလေသည်။

မမျော်လင့်စွာပဲ အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများမှ ပူးပေါင်း ကြံစည်ခဲ့သော အကြပ်အတည်း ပြဿနာသည် ဆူဇီမိုကို သတ်ဖြတ်လုနီးပါး ဖြစ်စေခဲ့သော်လည်း ပကတိအရှင် ယွီကျွင်းထံမှ စကားလုံး အနည်းငယ်မျှနှင့် အရာရာတိုင်းက ဖြေရှင်းပြီးသား ဖြစ်သွားလေသည်။

ဆူဇီမိုသည် စိတ်သက်သာရာ ရသွားပြီး သူ့မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်ကလည်း ပျက်ပြယ် လာလေသည်။

“အသင်္ချေနယ်မြေ တောင်ထွတ်ပေါ်ကို တက်ရောက်ချင်တယ်ဆိုရင် မင်းသတိထားရလိမ့်မယ်.. ဘာပဲဖြစ်ဖြစ် မင်းရဲ့ အတွင်းအမြုတေ စွမ်းအားကို သုံးလို့ မရဘူး.. ဘယ်သားရဲချီကိုမှ ထုတ်ဖော်လို့လည်း မရဘူး.. တစ်ချက်မှားသွားတာနဲ့ အသင်္ချေနယ်မြေ တောင်ထွတ်က မင်းကို သေချာပေါက် သတ်ဖြတ်လိမ့်မယ်”

ရုတ်တရက် ထိုစကားလုံးများက ဆူဇီမို၏စိတ်ထဲမှာ ပေါ်လာလေသည်။

ပကတိအရှင် ယွီကျွင်းက သူ၏ စိတ်ဝိညာဉ် အသိစိတ်ကို သုံးပြီး ဆူဇီမိုကို စေတနာကောင်းနှင့် သတိပေးနေခြင်း ဖြစ်လေသည်။ အပြင်လူများက အဲ့ဒါကို ကြားရလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက ပကတိအရှင် ယွီကျွင်းကို ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

စောစောက ပကတိအရှင် ယွီကျွင်းသာ ရှေ့ထွက်မရပ်ဘူး ဆိုလျှင် သူက တိုက်ခိုက်ပြီးနေလောက်လေပြီ။

“ကျေးဇူးတင်ပါတယ်”

သူက သူ့ဘေးရှိ လင်းရွှမ်ကျီ ကိုကြည့်ပြီး ကျေးဇူးတင်ကြောင်း တိုးတိုး တိတ်တိတ် ပြောလိုက်လေသည်။

ပကတိအရှင် ယွီကျွင်းက သူနှင့်ဆိုလျှင် သူစိမ်းတစ်ယောက်သာ ဖြစ်လေသည်။ ပဟေဠိနန်းတော်တွင် သူနှင့် ပတ်သတ်ဆက်နွယ်မှု ရှိသည်မှာ လင်းရွှမ်ကျီ သာလျှင် ဖြစ်လေသည်။

ပကတိအရှင် ယွီကျွင်းက သူ့ကို ကူညီပေးရခြင်းမှာ သေချာပေါက် လင်းရွှမ်ကျီကြောင့် ဖြစ်ရမည်ဟု ဆူဇီမို သိထားလေသည်။

သူမျှော်လင့်ထားသည့် အတိုင်း မဟုတ်ပဲ လင်းရွမ်ကျီက ခေါင်းခါပြလိုက်လေသည်။

“အဲ့ဒါက ငါ့ကြောင့် မဟုတ်ဘူး.. မင်းမမေ့လိုက်နဲ့ မင်းကို လူသားဧကရာဇ်နန်းတော်က အသိအမှတိပြုထားတယ်.. အဲ့ဒီ့ တစ်ချက်ထဲနဲ့တင် ပဟေဠိနန်းတော်က မင်းကို သေချာပေါက် ကူညီပေးလိမ့်မယ်”

ရုတ်တရတ် ဆူဇီမိုက နားလည်သဘောပေါက် သွားလေသည်။

လူသားဧကရာဇ်က နတ်မိမယ်လင်းလုံ၏ တာအိုကြင်ဖော် ဖြစ်လေသည်။

လူသားဧကရာဇ်နန်းတော်၏ အသိအမှတ်ပြုခြင်းက ပဟေဠိနန်းတော်၏ အသိအမှတ်ပြုခြင်းနှင့် တူညီလေသည်။

ကံတရားက အလွန်ဆန်းကြယ်ပြီး လျို့ဝှက်နက်နဲစွာဖြင့် အလုပ် လုပ်နေလေသည်။

“အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက် အတွက် ရွှေအမြုတေတွေရဲ့ ကနဦး ဖယ်ရှားခြင်း တိုက်ပွဲကို တရားဝင် စတင်စေ”

ရုတ်တရတ် ပကတိအရှင် ယွီကျင်း၏ အသံက တစ်ဖန် ထွက်ပေါ်လာပြီး အသင်္ချေနယ်မြေမြို့တော်၏ တစ်ထောင့် တစ်နေရာ မကျန် ပဲ့တင်ထပ်သွား လေသည်။

လူအုပ်ကြီးက စတင်၍ အုန်းအုန်းကျက်ကျက် ဖြစ်လာကြလေသည်။

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် ပါဝင်ယှဉ်ပြိုင်မည့် ကျင့်ကြံသူများက သေချာပေါက် ပို၍ စိတ်လှုပ်ရှားလာ ကြလေသည်။ ဘေးကနေ စောင့်ကြည့်မည့် ကျင့်ကြံသူများတောင်မှ သူတို့၏ စိတ်ဝိညာဉ်နှင့် ခံစားချက်များက မြင့်တက်လာကြလေသည်။

ဒီတစ်ခေါက် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်က တစ်မူထူးခြားစွာဖြင့် အကြိတ်အနယ် ရှိနေလေသည်။

ယနေ့မှာတော့ ထောင်ပေါင်းများစွာသော ရွှေအမြုတေနယ်မြေ များသည် ပြင်းထန်စွာဖြင့် ရိုက်ခတ်ကြပေတော့မည်။

ရှေးဟောင်းခေတ်က ပျောက်ဆုံးနေသော အမြုတေနယ်မြေ များစွာသည် ပြန်ပေါ်လာပြီး အာကာတစ်ခွင်ကို လင်းထိန်စေကာ တစ်ခုနှင့်တစ်ခု အဆက်မပြတ် ရိုက်ခတ်ကြပေတော့မည်။

အဲ့ဒါက ဘယ်လောက်တောင် ခမ်းနား ကြီးကျယ်လိုက် မလဲ။

ကျင့်ကြံသူများအတွက်တော့ အဲ့ဒါက သူတို့ တစ်သက်မှာ တစ်ခါသာ မြင်တွေ့ရမည့် မဟာအခမ်းအနား ပွဲတော်တစ်ခု ဖြစ်လေသည်။

ဒီနေ့မှာတော့ အကြီးမားဆုံး အလားအလာများနှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ ကြောက်စရာ အကောင်းဆုံးနှင့် ပါရမီ အရှိဆုံး လူများသာ ရွေးချယ်ခံရပေလိမ့်မည်။

ဤလူများက နောင်အနာဂတ်တွင် တာအိုအရှင်ဟူသော ဘွဲ့ကိုရရှိနိုင်ပြီး စွမ်းအားကြီး ပုဂ္ဂိုလ်များပင် ဖြစ်လာနိုင်ကြလေသည်။ သူတို့ထဲမှ အချို့ဆိုလျှင် နောင်အနာဂါတ်တွင် ဧကရာဇ်များ ဖြစ်လာမည်ဟုပင် ရည်ညွှန်းပြောဆိုလို့ ရလေသည်။

“ဟီး…ဟီး..ဟီး…ဟီး….”

အဆူရာဂိုဏ်းမှ ရန်ထူက တစ္ဆေသရဲ တစ်ကောင်လို ရယ်မောလိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

“ရောက်လာတဲ့ ပြိုင်စံရှားတွေက ဘယ်လောက်တောင် သန်မာလဲဆိုတာ ကြည့်ရသေးတာပေါ့”

ချလွမ်….ချလွမ်…..

ဟန်ချိုးယွီ၏ ဘေးပတ်လည်မှ ဓါးသံများက တချွင်ချွင် တချွမ်ချွမ် ထွက်ပေါ်လာလေသည်။

“ဒီလိုမျိုး မဟာ အခမ်းအနား ပွဲတွေကို ငါကြိုက်တယ် တိုက်ခိုက် လိုက်ကြတာပေါ့” ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့သည် တောက်လောင်နေသော တိုက်ခိုက်လိုစိတ်ဖြင့် သူ့နှုတ်ခမ်းကို သပ်လိုက်လေသည်။

“အော်မီတော်ဖော်…. ကျုပ်လည်းဒီကို ရောက်လာပြီ”

စိန့်ကျောင်းတော်မှ ကိုယ်တော် ကြွယ်ရှန်းက ဗုဒ္ဓဂါထာ မန္တန်များကို ရွတ်ဆို၍ အသင်္ချေနယ်မြေ တောင်ထွတ်ဆီသို့ ဖျတ်ကနဲ ပြေးသွားလေသည်။

ကိုယ်တော် ကျန့်ခုံး၊ တူကူကျန့်၊ ရှုချန်၊ သွမ့်ချင်းဖျင်၊ ဝူဖုန့်နှင့် အခြား လူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် လှုပ်ရှားလိုက် ကြလေသည်။

သီယင်းက ဆူဇီမိုကို စိုက်ကြည့်ပြီး အေးစက်စွာ သရော်ပြုံး၍ လှစ်ခနဲဆို ပျောက်ကွယ်သွားလေသည်။

ကျိချန်းရှန်က ပြောလိုက်၏။

“ငါတို့လည်း သွားကြရအောင်”

“ဟုတ်ပြီလေ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူတို့ အုပ်စုတွင် လင်းရွှမ်ကျီသည် ပဟေဠိနန်းတော်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက် တိုက်ပွဲတွင် ဝင်ပါလိမ့်မည် မဟုတ်ပေ။

ရှစ်ကျန့်သည် ရုပ်သေးဂိုဏ်း၏ အမွေခံတပည့် ဖြစ်သော်လည်း သူ၏ အစွမ်းအစက သူ၏ ရုပ်သေးများတွင်သာ လုံးလုံးလျားလျား မှီခိုထားပြီး သူ့မှာ ကိုယ်ပိုင် ရွှေအမြုတေနယ်မြေ တစ်ခုပင် မရှိချေ။ ထိုသို့ဖြင့် သူကလည်း ပါဝင်ယှဉ်ပြိုင် လိမ့်မည် မဟုတ်ပေ။

ရှောင်းနင်နှင့် လမ့်ရိုသည် ယန်ဆေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ အမွေခံ တပည့်များဖြစ်ကြလေသည်။ သူတို့ နှစ်ယောက်လုံးက ရွှေအမြုတေနယ်မြေများကို ကျင့်ကြံထားသော်လည်း သူတို့သည် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် နေရာတစ်နေရာ မရနိုင်ဘူးဆိုတာ သူတို့ကိုယ်သူတို့ သိထားသည့်အတွက် ဘေးကနေသာ စောင့်ကြည့်ကြမည် ဖြစ်လေသည်။

မင်းကျန်၊ ကျိချန်းရှန်နှင့် ဖက်တီးလေးတို့ကသာ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် ပါဝင်ဖို့ ကျန်ရှိကြလေသည်။

ဟာ…

လေထဲတွင် ထိုသည်ကို သတိထားမိသောအခါ ကိုယ်တော် ယွမ်ခုံးက အနည်းငယ် အံ့အားသင့်သွားပြီး ရယ်မောလိုက်လေသည်။

“ကိုယ်တော်ယင်လူ ခင်ဗျားရွှေးချယ်ထားတဲ့ အံ့ဩစရာ ကောင်းတဲ့ တပည့်လေးက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ကို တက်ရောက်ဖို့ ကြိုးစားတော့မယ်ထင်တယ်.. စိတ်ဝင်စားစရာပဲ”

ကိုယ်တော် ဝေဖူကလည်း ထူးမခြားနားအမူအရာဖြင့် မှတ်ချက်ပြုလိုက်လေသည်။

“သူက တွေ့ကရာ ရွှေအမြုတေနယ်မြေ တစ်ခုကို ကျင့်ကြံထားပြီး သူ့ကိုယ်သူ အမြုတေနယ်မြေ အဆင့် သတ်မှတ်ချက်အတွက် တိုက်နိုင်မယ်လို့ ထင်နေတာလား.. တကယ်တော့ သူက သူ့ကိုယ်သူ အရူးလုပ်နေတာပဲ”

“ကျုပ်အထင်တော့ သူက ဒုတိယမြောက် လှေကားထစ်ထက် ပိုပြီးတော့ တက်နိုင်မှာ မဟုတ်လောက်ဘူး” ကိုယ်တော် ယွမ်ခုံးက ပြောလိုက်လေသည်။ နိုးထဝိညာဉ်များသည် ရယ်မော၍ ပြပွဲကို ကြည့်ရဖို့ စောင့်နေကြလေသည်။

ကိုယ်တော်ယင်လူက အရေးလုပ်မနေပဲ သူတို့၏ လှောင်ပြောင်ရယ်မောခြင်း များတွင် အကျပ်ရိုက်မနေပေ။

သူက မင်းကျန်ကိုသာ ပြုံးစစနှင့်ကြည့်ပြီး ညွှန်ကြားလိုက်လေသည်။

“ဘာဖိအားမှ ခံစားနေစရာ မလိုဘူး.. မင်းတတ်နိုင်တာကိုသာ အကောင်းဆုံးလုပ်.. မင်းက ကျရှုံးခဲ့တယ်ဆိုရင်တောင်မှ အဆင်ပြေတယ်.. အဆင့်သတ်မှတ်ချက် တစ်ခုက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး”

“ဟုတ်ကဲ့”

မင်းကျန်က ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက မသိမသာပြုံး၍ ခေါင်းကို ခါလိုက်လေသည်။

မင်းကျန်၏ ခွန်အားနှင့် ပတ်သတ်၍ တခြားလူတိုင်းထက် သူက ရှင်းရှင်းလင်းလင်း ပိုသိလေသည်။

ကိုယ်တော်ယွမ်ခုံးသည် မင်းကျန်က နောင်အနာဂတ်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၌ နာမည်တစ်ခုရအောင် သူ့ကိုယ်သူ ဘယ်လိုလုပ်မလဲ စောင့်ကြည့်ချင်သည်ဟု ပြောခဲ့လေသည်။

နောက်အနာဂတ်အထိ စောင့်နေစရာ မလိုပေ ယခု ဒီနေရာမှာပဲ အဲ့ဒါက ဖြစ်ပျက်လာပေတော့မည်။

သာမာန်ဟုသာ ထင်ရသော ဦးပဉ္ဇင်းလေးမင်းကျန်သည် ကမ္ဘာကြီးကို တုန်လှုပ်စေပြီး ညတွင်းချင်း ကျော်ကြားလာပေတော့မည်။

All Chapters