← Chapters

သဘာဝနှင့် တစ်သားတည်းကျခြင်း

Vol. 49 Ch. 734

သဘာဝနှင့် တစ်သားတည်းကျခြင်း

Vol. 49 Ch. 734

အသင်္ချေနယ်မြေတောင်ထွတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးသည် ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့၏ သွေးများက ဆူပွက်လာကြလေသည်။

အဲ့ဒါက များစွာသော ရှေးဟောင်းအမြုတေနယ်မြေများအကြားရိုက်ခတ်မှုကို မြင်တွေ့နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်လေသည်။

ကျင့်ကြံရေးလောကတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူပေါင်း သန်းနှင့်ချီပြီးရှိသော်လည်း သူတို့ထဲမှ အယောက်တစ်သိန်းကသာလျှင် အသင်္ချေနယ်မြေမြို့တော်သို့ ရောက်ရှိလာပြီး အဲ့တာကို မြင်တွေ့ခွင့်ရဖို့ အခွင့်အရေးရှိလေသည်။

"ဟိုမှာကြည့်စမ်း.... အဲ့တာက ငါတို့ ပုံသဏ္ဍာန်မဲ့ကျောင်းတော်ရဲ့ အမွေအနှစ်ရှေးဟောင်း အမြုတေနယ်မြေ မဟာဗောဓိအရိပ်ဘဲ... စီနီယာအစ်ကိုယုံယန်က အဲ့ဒီမဟာဗောဓိအရိပ်နဲ့ဆို ပထမအုပ်စုကို သေချာပေါက်လိုက်မှီလိမ့်မယ်..."

"စီနီယာအမလင်းကလည်း သူ့ရဲ့ရွှေအမြုတေနယ်မြေက်ို ထုတ်ဖော်လိုက်ပြီဟေ့...."

နှင်းပုံတောင်ကြားရှိ လင်းဟန်၏ ဘေးပတ်လည်ရှိ အပူချိန်က ထိုးဆင်းလာလေသည်။ သန့်စင်၍ ကြည်လင်နေသော နှင်းပွင့်နှင်းချက်များက ကောင်းကင်ထက်ကနေ တစ်ခုပြီးတစ်ခု ကျဆင်းလာလေသည်။

ထိုနှင်းပွင့်နှင်းချက်များက အားနည်းသည်ဟု ထင်ရသော်လည်း သူတို့တစ်ခုချင်းစီတိုင်းက ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။

ရှေးဟောင်းအမြုတေနယ်မြေ အရပ်ရှစ်မျက်နှာ နှင်းမုန်တိုင်း...

သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်ပြီးနောက် ဒုတိယအုပ်စု၏ ကျင့်ကြံသူများအပေါ်ရှိ ဖိအားက သိသိသာသာ လျော့ကျသွားလေသည်။ သူတို့၏ အမြန်နှုန်းကလည်း တဖြည်းဖြည်းတိုးတက်လာလေသည်။

သို့သော်လည်း တိမ်စိုင်များပေါ်ရှိ နိုးထဝိညာဥ် ၁၇ ယောက်ကတော့ ကိစ္စများကို ရှင်းရှင်းလင်းလင်း သိထားလေသည်။ ဒုတိယအုပ်စု၏ ပြိုင်စံရှားများသည် ရှေးဟောင်းအမြုတေနယ်မြေများကို ထုတ်ဖော်လိုက်ကြသော်လည်း သူတို့က ပထမအုပ်စု၏ လူရှစ်ယောက်ကို လိုက်မီနိုင်ဖို့ အတော်လေး ခက်ခဲနေသေးသည်။

သူတို့၏ ရွှေအမြုတေနယ်မြေစွမ်းအားများကို အသုံးပြုခြင်းနှင့်အတူ ထိုပြိုင်စံရှားများက ကျောက်လှေခါးထစ် တော်တော်များများကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်သည်မှာ အမှန်ပင်ဖြစ်လေသည်။

သို့သော်လည်း တောင်ထွတ်နှင့် နီးကပ်လာလေ ဖိအားကလည်း ပိုမိုသိပ်သည်း ပြင်းထန်လာလေလေဖြစ်သည်။

သိပ်မကြာမှီ ဒုတိယအုပ်စုရှိ ပြိုင်စံရှားများသည် တစ်ဖန်ပြန်၍ နှေးကွေးသွားကြလေသည်။

ဒါ့အပြင် ပထမအုပ်စု၏ လူရှစ်ယောက်က သူတို့ရွှေအမြုတေနယ်မြေများကို ယခုထိ မထုတ်ဖော်ရသေးပေ။

ထိုလူရှစ်ယောက်က သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်လိုက်သည်နှင့် သူတို့နှင့် ဒုတိယအုပ်စုရှိ ကျင့်ကြံသူများကြား ကွာဟချက်က တစ်ဖန်ပြန်၍ ကြီးမားလာပေလိမ့်မည်။

"မြင့်တက်စမ်း..."

မိုးခရမ်းပြာကောင်းကင်ဂိုဏ်းမှ ဝူဖုန့်က အော်ဟစ်လိုက်ပြီး သူ၏ ရွှေအမြုတေနယ်မြေကို အကန့်အသတ်ထိ လှည့်ပတ်လိုက်လေသည်။ သူ၏ မျက်နှာကို သွေးနီရောင် အလင်းက လွှမ်းခြုံလာပြီး အဲ့တာက တဖြည်းဖြည်း ခရမ်းရောင်အဖြစ် ပြောင်းလဲသွားလေသည်။

နောက်ခဏ၌ သူ၏မျက်နှာကို ခရမ်းရောင် အလင်းတောက်တောက်က ဖုံးကွယ်သွားလေသည်။

ရုတ်တရက်ဆိုသလို....

အရှေ့ဘက်ကနေ ခရမ်းရောင်ချီတစ်ခုက မျောလွင့်လာပြီး ဝူဖုန့်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။

သူ့နောက်မှာတော့ ဆံပင်ဖြူ မုဆိတ်ဖြူနှင့် အကြီး အကဲတစ်ယောက် နွားရိုင်းတစ်ကောင်ကို စီးနင်းနေသည့်ပုံရိပ်က ခပ်ရေးရေးပေါ်လာလေသည်။ သူ၏ပုံစံက ဝေဝါးနေသော်လည်း ထုတ်လွှတ်လိုက်သော စွမ်းအားကတော့ အကန့်အသတ်မဲ့လေသည်။

ရှေးဟောင်းအမြူတေနယ်မြေ 'အရှေ့ဘက်ခရမ်း ရောင်ချီ'.....

ခရမ်းရောင်ချီက အထွတ်အမြတ်ချီတစ်ခုဖြစ်ပြီး အဲ့ဒါက မနှိုင်းယှဥ်သာအောင် မြင့်မြတ်လေသည်။

ဝူဖုန့်၏အော်ရာက သူ၏အမြန်နှုန်းနှင်အတူ ပေါက်ကွဲထွက်လာပြီး ပထမအုပ်စုဆီသို့ ပြေးတက်သွားလေသည်။

"ဟန့်....."

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ပြိုင်စံရှား၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျတ်ကနဲ​ပေါ်သွားပြီး သူက အော်ဟစ်လိုက်ကာ နောက်မှာ ကျန်ရစ်လိုစိတ်မရှိပေ။

အကန့်အသတ်မဲ့သော ဆိုးယုတ်ချီများက သူ့ဘေးပတ်လည်မှာ ဖြန့်ကျက်လာပြီး တဝုန်းဝုန်းထလာလေသည်။ နောက်ခဏ၌ ထိုဆိုးယုတ်ချီများက ဧရာမ တံစဥ်ရှည်ကြီးတစ်လက်သို့ ပြောင်းလဲသွားလေသည်။

တံစဥ်ရှည်က မင်ကဲ့သို့ နက်မှောင်နေပြီး အသက်အားလုံးကို နှုတ်ယူနိုင်သော ငရဲဘုံကိုးခု၏ အနက်ပိုင်းမှ ကြောက်စရာကောင်းသည့် လက်နက်တစ်ခုနဲ့ ဆင်တူနေလေသည်။

ရှေးဟောင်းအမြုတေနယ်မြေ 'ဆိုးယုတ်မြေကမ္ဘာ သေမင်းတံစဥ်'

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ပြိုင်စံရှားက ရှေ့သို့ လက်ညိုးညွှန်လိုက်လေသည်။

ဧရာမ ဆိုးယုတ်မြေကမ္ဘာ ငရဲတံစဥ်က လေဟာနယ်ကို နှစ်ပိုင်း ပိုင်းဖြတ်ချင်သည့်အလား လေထဲမှာ နက်မှောင်နေသော စက်ဝန်းသဏ္ဍာန်တစ်ခုကို လှီးဖြတ်လိုက်လေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ပြိုင်စံရှားသည် ဆုတ်ဖြဲသွားသော ထိုစက်ဝန်းနှင့်အတူ ရှေ့သို့ လှမ်းတက်သွားလေသည်။

"အောမီထော်ဖော်..."

ပညာဉာဏ်အလင်းကျောင်းတော်မှ ပြိုင်စံရှားသည် ဗုဒ္ဓဂါထာမန္တာန်တစ်ခုကို ရွတ်ဆို၍ သူ၏မျက်လုံးများက ပညာဉာဏ်အလင်းဖြင့် တောက်ပလာလေသည်။ သူက တစ်မူထူးခြားသော ဓမ္မချိတ်စည်းတစ်ခုကို လက်နှစ်ဖက်ဖြင့် ဆင့်ခေါ်၍ အမြုတေနယ်မြေ စွမ်းအားများက သူ့ဘေးပတ်လည်မှာ ရုန်းကြွလာလေသည်။

တဖြည်းဖြည်းနှင့် လျှို့ဝှက်ဆန်းကြယ်သော ရောင်ခြည်စက်ဝန်းများသည် သူ့နောက်မှာ စတင်၍ ပေါ် လာပြီး အပြစ်ကင်းစင်သော မြင့်မြတ်သည့် အလင်းရောင်က ဖြာထွက်လာလေသည်။

အဲ့တာက သက်ရှိအားလုံးကို သန့်စင်ပေးချင်သည့်အလား ကမ္ဘာပေါ်သို့ ဖြန့်ကျက်၍ လင်းလက်တောက်ပလာလေသည်။

ရှေးဟောင်းအမြုတေနယ်မြေ 'အကန့်အသတ်မဲ့ ဗုဒ္ဓအလင်း'

ဤအဆင့်ထိရောက်ရှိလာသော ပြိုင်စံရှားများ အားလုံးသည် မာန်မာနကြီးမားကြလေသည်။

သူတို့အားလုံးက ရှေ့သို့သာ တက်လှမ်းချင်ကြပြီး မည်သူကမှ မည်သူ၏ အ​နောက်မှာ ကျန်ရစ် မနေလိုကြပေ။

သို့သော်လည်း ပထမအုပ်စုရှိ ရှစ်ယောက်ကတော့ ရှေ့ကနေ ဦးဆောင်နေကြဆဲဖြစ်လေသည်။

တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းသည် တောင်ထွတ်စီသို့ နီးကပ်လာလေလေ ဒုတိယအုပ်စုရှိ ဖက်တီးလေး ၊ နတ်ဆိုးမကျိ ၊ လင်းဟန်နှင့် အခြားသူများ၏ အမြန်နှုန်းက လျော့ကျလာလေဖြစ်ပြီး ပင်ပန်းနွမ်းနယ်သည့် အရိပ်လက္ခဏာများ ပြလာကြလေသည်။

သိပ်မကြာမီ ဒုတိယအုပ်စုရှိ ကျင့်ကြံသူများအားလုံးသည် သူတို့၏ အကန့်အသတ်သို့ ရောက်ရှိလာကြလေသည်။

သူတို့သည် တစ်ကွဲတစ်ပြားစီ ပြန့်ကျဲနေကြပြီး သူတို့သည် မတူညီသော ကျောက်လှေခါးထစ်များတွင် ရပ်ကာ ရှေ့သို့ ဆက်မတက်နိုင်ကြတော့ပေ။

"ဟေး... ဟိုမှာမြန်မြန်ကြည့်စမ်း... တူညီတဲ့ ကျောက်လှေခါးတစ်ခုတည်းမှာ ပြိုင်စံရှားနှစ်ယောက် စုနေကြပြီ"

"အမှန်ဘဲ... ကြည့်ရတာတော့ ကနဦးတိုက်ပွဲပီးရင် အကြိတ်အနယ်တိုက်ပွဲ တစ်ခုကို ကြည့်ရတော့မယ်ထင်တယ်..."

၇၈ မြောက် ကျောက်လှေခါးထစ်တွင် လူနှစ်​ယောက်ရှိနေကြလေသည်။

သူတို့ထဲမှတစ်ယောက်က နတ်ဆိုးမကျိဖြစ်ပြီး အခြားတစ်ယောက်ကတော့ ရှင်းသန့်လေပြည်ဘုရားကျောင်းမှ သွမ်ချင်းဖျင် ဖြစ်လေသည်။

သူတို့နှစ်ယောက်လုံးက မောဟိုက်နေကြပြီး ပင်ပန်းနွမ်းနယ်နေပုံရလေသည်။

သွမ်ချင်းဖျင်အကြည့်က နတ်ဆိုးမကျိ၏ ခန္ဓာကိုယ်ပေါ်တွင် စုန်ချည်ဆန်ချည်ဖြတ်သွားပြီး သူက နတ်ဆိုးဆန်ဆန် ပြုံးလိုက်လေသည်။

"မိစ္ဆာအပျိုစင်... နင်က ငါနဲ့မှလာဆုံရတာ ကံဆိုးတာဘဲ..."

"အဲ့လိုလား..."

နတ်ဆိုးမကျိက တခစ်ခစ် ရယ်မောလိုက်၏။

"အဲ့လိုဆိုရင်တော့... တာအိုရောင်းရင်းက နောက်ကျရင် ညင်ညင်သာသာ ကိုင်တွယ်ပေးပါနော်...."

"မပူနဲ့..."

သွမ်ချင်းဖျင်က တဏှာရာဂ တက်မက်စွာဖြင့် ပြန်ပြောလိုက်လေသည်။

"ငါက မင်းကို သေချာပေါက် ညင်ညင်သာသာ ကိုင်တွယ်မှာပါ..."

သွမ်ချင်းဖျင်၏အသံက ညုတုတုနှင့် သူက ငြို့ငင်ဖမ်းစားခံရသည့်အလား သူ့အမူအရာက ယစ်မူးနေသော်လည်း သူ့မျက်လုံးအနက်ပိုင်းထဲတွင် အေးစက်စက်အလင်းက တောက်ပနေလေသည်။

ဒုတိယအုပ်စုထဲတွင် နောက်ထပ်လူနှစ်ယောက်ကလည်း တူညီသော ကျောက်လှေခါးထစ်မှာ ရပ်နေကြပြန်လေသည်။

သူတို့ထဲမှတစ်ယောက်ကတော့ ဖက်တီးလေးဖြစ်ပြီး တစ်ယောက်ကတော့ ပုံရိပ်ယောင်မိစ္ဆကျင့်ထုံးဂိုဏ်းမှ ချင်လီဖြစ်လေသည်။

သူတို့နှစ်ယောက်စလုံးက အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

ချင်လီက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်လေသည်။ သူက သူ့လက်တစ်ဖက်ကို သူ၏ လည် ပင်းပေါ်မှာ လှီးဖြတ်သည့်သဏ္ဍာန်လုပ်ပြလိုက်ပြီး သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို လုံးဝဖုံးကွယ်မထားပေ။

ဖက်တီးလေးက နှုတ်ခမ်းဆူပြီး အပေါ်သို့သာ မော့ကြည့်နေလေသည်။

တစ်ကယ်တော့ သူ့မှာ ခွန်အားတစ်ချို့ ကျန်ရှိနေသေးလေသည်။ သို့သော်လည်း သူက နောက်ထပ်လှေခါးထစ်ကို တက်လှမ်းနိုင်ဖို့ ယုံကြည်ချက်သိပ်မရှိတော့ပေ။

ဒါ့အပြင် ပညာဉာဏ်အလင်းကျောင်းတော်မှ ပြိုင်စံရှားသည် နောက်ထပ်ကျောက်လှေခါးထစ်တွင် ရပ်နေလေသည်။

သူက အပေါ်ကိုဆက်တက်ရင်း ကျရှုံးသွားပြီး အသင်္ချေနယ်မြေတောင်ထွတ်၏ စွမ်းအားဖြင့် အပြင်းအထန် ဒဏ်ရာရရှိသွားမယ်ဆိုရင် အဲ့တာက အရမ်းကို ရှက်စရာကောင်းလှပေသည်။

ဖက်တီးလေးသည် ခဏမျှစဥ်းစားပြီးနောက် ဆက်မတက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

"စိတ်ဝင်စားစရာဘဲ ငါတို့က အနည်းဆုံးတော့ ပြိုင်စံရှားတွေကြားက တိုက်ပွဲနှစ်ပွဲကို မြင်တွေ့ရတော့မယ်..."

"အမှန်ဘဲ... ပြိုင်စံရှားတွေကြားကတိုက်ပွဲက သွေး သံရဲရဲနဲ့ ပြင်းထန်ကြလိမ့်မယ်..."

"ငါကြားတာတော့ အရင်က အဆင့်သတ်မှတ်ချက် တိုက်ပွဲတွေမှာ ပြိုင်စံရှားတွေက သွေးလွှမ်းတိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ကြတယ်တဲ့... သူတို့ထဲက တစ်ယောက်က နေရာမှတင် သေသွားမယ်ဆိုရင် အဲ့တာက သိပ်ပြီး ထူးဆန်းနေတဲ့အရာတော့ မဟုတ်ဘူး..."

"အဲ့တာက သဘာဝကျပါတယ်... ပြိုင်စံရှားတွေအကုန်လုံးက မာန်မာနကြီးကြတယ်... ဘယ်သူကမှ တစ်ဖက်လူကို ဦးမညွတ်ချင်ကြဘူး ၊ သူတို့က အသေအကြေတိုက်ခိုက်ကြမယ်ဆိုရင် အဲ့တာက ပုံမှန်ဘဲ... အထူးသဖြင့် သူတို့ရဲ့ဂိုဏ်းတွေက အစကတည်းက ရန်ငြိုးရန်စ ရှိနေမယ်ဆိုရင်ပေါ့"

စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် အကြိတ်အနယ် ဆွေးနွေးလိုက်ကြလေသည်။

သူတို့အားလုံးက အဆင့်သတ်မှတ်ချက် တိုက်ပွဲများကို ပို၍မြင်တွေ့ ချင်ကြသည်မှာ သဘာဝကျလေသည်။

"ဒုတိယအုပ်စုရဲ့ ပြိုင်စံရှားတွေရဲ့နေရာတွေက မြဲလုနီးပါး ဖြစ်နေပြီ ၊ အဲ့ဒီမှာ သူတို့ရဲ့အဆင့်သတ်မှတ်ချက်က သိပ်ပြီး များများစားစား ပြောင်းလဲမှာမဟုတ်ဘူး..."

"ဟုတ်တယ်... အဲ့ဒီရလဒ်က အခြေခံအားဖြင့်တော့ ဆုံးဖြတ်ပြီးသွားပြီ..."

"အာ...."

ရုတ်တရက် တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်ပြီး အသင်္ချေနယ်မြေတောင်ထွတ်၏ တစ်နေရာသို့ တုန်လှုပ်စွာဖြင့် လက်ညိုးထိုးလိုက်လေသည်။

"ဟေး... မြန်မြန်ကြည့်စမ်း.. အဲ့ဒီမှာ တစ်ယောက် ယောက်ရှိနေတယ်..."

"အဲ့တာက... ဆူဇီမိုဘဲ..."

လူတိုင်း၏အာရုံသည် ပထမအုပ်စုရှိ လူရှစ်ယောက်နှင့် ဒုတိယအုပ်စုရှိ မရေမတွက်နိုင်သော အမြုတေနယ်မြေများပေါ်တွင် ကျရောက်နေကြလေသည်။ သူတို့က အောက်တွင် အချိန်ယူ၍ ကျန်ရစ်ခဲ့သော ဆူဇီမိုကို မေ့လုနီးပါး ဖြစ်ခဲ့ကြလေသည်။

"တစ်ခုခုတော့ လွဲနေပြီ... သူ့ကြည့်ရတာ အရင်ကထက် ပိုမြန်လာသလိုဘဲ..."

"ဟုတ်တယ်ဟ... သူကတော်တော်လေးကို ပိုမြန်လာတာဘဲ"

"ဘယ်လိုဖြစ်နိုင်မှာလဲ..."

ပုံမှန်အားဖြင့်တော့ ကျင့်ကြံသူများသည် တောင်ထွတ်စီသို့ နီးကပ်လာတာနဲ့အမျှ သူတို့တွေ့ကြုံရမည့် ဖိအားကလည်း ပို၍တိုးလာမည်ဖြစ်သည်။ ဤသို့ဖြင့် သူတို့၏ အမြန်နှုန်းက တဖြည်းဖြည်းနှင့် လျော့ကျသွားရမည် ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမို၏ အမြန်နှုန်းက ဘာ့ကြောင့်ပိုမြန်လာသည်ကို လက်ရှိကျင့်ကြံသူများ တစ်ယောက်မှ မစဥ်းစားနိုင်ကြပေ။ သူက တောင်ထွတ်ဆီမှ ဖိအားကို လုံးဝမခံစားရသည့်အလားပင်။

ထိုကျင့်ကြံသူများမသိကြသည်မှာ ဆူဇိမိုသည် ယခုအခါ ပြီးပြည့်စုံသော ရွှေအမြုတအဆင့်သို့ ရောက်ရှိပြီးနေလေပြီ။

သူ၏အမြုတေအပေါ် သူ၏နားလည်သဘောပေါက်ခြင်းက နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

သူသည် အသင်္ချေနယ်မြေ​တောင်ထွတ်ပေါ်ရှိ ရှေးဟောင်းအမြုတေနယ်များကနေ ချန်ထားရစ်ခဲ့သော အမှတ်အသားများနှင့် အော်ရာအများစုကို နားလည်သဘောပေါက်ခဲ့ပြီး အဲ့ဒီမှာ သိပ်ပြီး များများစားစား မကျန်ရှိတော့ပေ။

ဒါ့အပြင် ရှေ့သို့တက်လှမ်းလာလေလေ သူ၏ နားလည်သဘောပေါက်မှု အမြန်နှုန်းကလည်း တိုးလာလေလေဖြစ်လေသည်။

အချိန်တိုခဏအတွင်း သူသည် အမြုတေနယ်မြေများကနေ ချန်ထားရစ်ခဲ့သော အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းတာအိုများ၏ လျှို့ဝှက်နက်နဲမှုနှင့် ဆန်းကြယ်မှုတို့ကို တွေ့ကြုံခံစားခဲ့ရလေသည်။

ဆူဇီမို၏ ဘေးပတ်လည်ရှိ အော်ရာက ပိုပိုပြီး သန့်စင်လာလေသည်။

သူက သဘာဝနှင့် ပဲ့တင်ထပ်ပြီး တစ်သားတည်းကျသည့်အဆင့်သို့ ကူးပြောင်းတော့မည့် အလားပင်။

"ဟမ်....."

ဆူဇီမို၏ ပြောင်းလဲမှုကို အာရုံခံမိလိုက်ပြီး တိမ်စိုင်များပေါ်ရှိ နိုးထဝိညာဥ် ၁၇ ယောက်က ရင်ထဲမှာ ထိတ်သွားကြလေသည်။ သူတို့၏ မျက်လုံးများက မယုံကြည်န်ိုင်မှုများဖြင့် ဝင်းလက်တောက်ပလာကြလေသည်။

All Chapters